အက်ဆစ်ငွေ့ရှူရှိုက်နေရတဲ့ကံကုန်းရွာ



သတ္ထုတွင်းဝန်ကြီးဌာနက တူးဖော်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီးက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသခံ ပြည်သူတွေဟာ သူတို့သားသမီးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်လာနေကြပါတယ်။ အထူးသဖြင့် ကံကုန်းရွာ အနောက်ပိုင်းမှာ စီမံကိန်းအတွင်းအသုံးပြုဖို့ ( ဦးပိုင် ) မိုးကြိုးဆာလဖြူရစ် အက်ဆစ်စက်ရုံကို တည်ဆောက်ထားတာကြောင့် အဲဒီစက်ရုံနဲ့ အလွန်နီးတဲ့ ကံကုန်း အထက်တန်းကျောင်းခွဲက ကျောင်းသားကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာနေတာပါ။ ဒါ့အပြင် အက်ဆစ်စက်ရုံကထွက်ရှိလာတဲ့ ညစ်ညမ်းရည်တွေဟာ လယ်ယာမြေထဲကိုစိမ့်ဝင်နေတာကြောင့် မြေဆီလွှာတွေပျက်ဆီးကုန်သလို စိုက်ပျိုးလို့မရတော့ပဲ ဖြစ်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

Burma VJ Media Network
အက်ဆစ်ငွေ့ရှူရှိုက်နေရတဲ့ကံကုန်းရွာ အက်ဆစ်ငွေ့ရှူရှိုက်နေရတဲ့ကံကုန်းရွာ Reviewed by သစ်ထူးလွင် on 11:52 Rating: 5

No comments:

Powered by Blogger.