ဒုက္ခသည် စခန်းများတွင် ကေအိုင်အေ အဖွဲ့ဝင်အဖြစ် သတ်မှတ်ကာ ဖမ်းဆီး


ကေအိုင်အေ ဒုက္ခသည်စခန်း တခုကိုတွေ့ ရစဉ်

ရန်ကုန်၊ မေ ၃၁

တစ်နှစ်ပြည့်တော့မည် ဖြစ်သည့် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသော ဒုက္ခသည်များတွင် အမျိုးသားများကို ကေအိုင်အေ တပ်ဖွဲ့ဝင် သို့မဟုတ် သတင်းပေး အဖြစ် သတ်မှတ်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း အဆိုပါဒုက္ခသည် စခန်းများမှ တာဝန်ခံများက The Voice Weekly သို့ ပြောကြားသည်။

မြစ်ကြီးနားမြို့ တောင်ဘက် ဂျာမိုင်ကောင်း ကျေးရွာရှိ ဒုက္ခသည် စခန်းတွင် မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ဦးမနန်ဒူး အမည်ရှိ တာလောကြီး ကျေးရွာမှ တိမ်းရှောင် ခိုလှုံလာသူ တစ်ဦးကို ကေအိုင်အေ နှင့် နီးစပ်သူအဖြစ် သတ်မှတ်ကာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီး ကျော်စိုးလင်းနှင့် အဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း ယင်းစခန်း တာဝန်ခံ ဦးတူးဂျာက ပြောကြားသည်။

ယင်းကဲ့သို့ ဖမ်းဆီးခြင်းများကို ဗန်းမော်နှင့် မိုးမောက် မြို့နယ်တို့ရှိ ဒုက္ခသည် စခန်းများတွင်လည်း ကြုံတွေ့နေ ရကြောင်း ယင်းစခန်းများရှိ တာဝန်ရှိသူများက ပြောဆိုသည်။

ဒုက္ခသည် စခန်းများတွင် ဝင်ရောက် ဖမ်းဆီးသည့် အတွက် ဒုက္ခရောက်၍ လာရောက်ကြသူများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်ပြီး မလုံခြုံဟု ထင်မှတ်ကာ ပြန်လည် ထွက်ခွာနိုင်သည့် အနေအထားများ ရှိနေကြောင်း ယင်းစခန်းများမှ တာဝန်ရှိသူတို့က တူညီစွာ ပြောဆိုကြသည်။

မြစ်ကြီးနားမြို့ရှိ အမည်မဖော်လိုသော ရဲအရာရှိ တစ်ဦးကမူ “ဒီလို ဖမ်းဆီးတာတွေက စစ်တပ်က ကိုင်တာပါ။ ကျွန်တော်တို့က တိုက်ရိုက် ဖမ်းတာမျိုး မရှိပါဘူး” ဟု The Voice Weekly သို့ ပြောကြားသည်။
The Voice Weekly
ဒုက္ခသည် စခန်းများတွင် ကေအိုင်အေ အဖွဲ့ဝင်အဖြစ် သတ်မှတ်ကာ ဖမ်းဆီး ဒုက္ခသည် စခန်းများတွင် ကေအိုင်အေ အဖွဲ့ဝင်အဖြစ် သတ်မှတ်ကာ ဖမ်းဆီး Reviewed by သစ်ထူးလွင် on 07:36 Rating: 5

19 comments:

Anonymous said...

ဟုတ်ပါတယ်။ရှိတတ်ကြပါတယ်။ဘာပဲဖြစ်ဖြစ် အသက်နဲ့ရင်းနေရတာဆိုတော့လည်း ဖမ်းဆီးသင့်က ဖမ်းသင့်ပါတယ်။မဟုတ်မှပြန်လွှတ်ပေါ့။

မောင်ဆင်ကြီး said...

တရားဥပဒေ စိုးမိုးရေး ဘယ်နား မှာလဲဗျာ...ပြည်သူဆိုတာ လူတကာ အထူးသဖြင့် လက်နက်ကိုင် တွေကို ကြောက်ရမယ့် လူတန်းစား များ လား လို့ မေးလိုက်ချင်တယ် ကချင်ဒေသ အမြန်ငြိမ်းချမ်းပါ စေ .............

saijet said...

လက်ရှိကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစပွဲအားလုံးကိုသုံးသပ်ကြည့်
လိုက်မယ်ဆိုရင် KIA ကကချင်လူထုရဲ့ထောက်ခံမှုကိုရရှိပြီး သိန်းစိန်အစိုးရရဲ့လုပ်ရပ်တွေကကချင်ပြည်နယ်ကချင်လူထုအတွက်အကြမ်း
ဖက်လုပ်ရပ်တွေသာများနေပါတယ်။ကချင်ပြည်နယ်နယ်စပ်တလျှောက်၊KIAဌာနချုပ်လိုင်ဇာမှာတောင်ဗမာတိုင်းရင်းသားတွေကချင်လူမျိုးတွေနဲ့ ပျော်ရွင်စွာလုပ်ကိုင်စား နေကြတာတွေ့ရပါတယ်။ကချင်ပြည်နယ်နေရာအနှံ့ဗုဒ္ဓဘာဘုန်းတော်ကြီးကျောင်းတွေရှိပါတယ်။KIAကဘာသာတရားကို စော်ကားဖျက်ဆီးတာမရှိပါဘူး။ ဗမာစစ်တပ်ကသာခ၇စ်ယာန်ဘုရားကျောင်းမီးရှို့ဖျက်ဆီးပြီး ဘာသာရေးဆရာတွေကိုနှိပ်စက်ညှင်းပန်း တာမရေတွက်နိုင်အာင်ရှိခဲ့ပြီ။ ဗမာစစ်တပ်ရဲ့လုပ်ရပ်ကကချင်လူထုကိုမြန်မာနိုင်ငံကဝေးကွာသွားအောင် တွန်းပို့နေပါတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင်ဗမာစစ်တပ်ကလိုင်စင်ရအ
ကြမ်းဖက်အုပ်စုသာဖြစ်ပါတယ်။

Mandalay man said...

ဒါကတော့မှန်တယ်လို့ ထင်ပါတယ်၊ဘာလို့ လဲဆိုတော့ဒီလိုမျိုးဆိုတာဖြစ်နိုင်လို့ ပါပဲ၊

anawmar said...

ဘယ်သူအမှား ဘယ်သူအမှန် အငြင်းပွားမနေဘဲ ကချင်မြေ ငြိမ်းချမ်းစေဖို့ အတွက်ပဲ ဝိုင်းပြီးဆုတောင်းပေးရအောင်ပါ။ အစိုးရကို လွှတ်တော်ကို ဝိုင်းပြီး တွန်းအားပေးတောင်းဆို ကြရအောင်ပါ။

WTN said...

Mandalay man နဲ့ saijet ပြော တာ အ မှန် ပါ ။
saijet said...
လက်ရှိကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစပွဲအားလုံးကိုသုံးသပ်ကြည့်
လိုက်မယ်ဆိုရင် KIA ကကချင်လူထုရဲ့ထောက်ခံမှုကိုရရှိပြီး သိန်းစိန်အစိုးရရဲ့လုပ်ရပ်တွေကကချင်ပြည်နယ်ကချင်လူထုအတွက်အကြမ်း
ဖက်လုပ်ရပ်တွေသာများနေပါတယ်။ကချင်ပြည်နယ်နယ်စပ်တလျှောက်၊KIAဌာနချုပ်လိုင်ဇာမှာတောင်ဗမာတိုင်းရင်းသားတွေကချင်လူမျိုးတွေနဲ့ ပျော်ရွင်စွာလုပ်ကိုင်စား နေကြတာတွေ့ရပါတယ်။ကချင်ပြည်နယ်နေရာအနှံ့ဗုဒ္ဓဘာဘုန်းတော်ကြီးကျောင်းတွေရှိပါတယ်။KIAကဘာသာတရားကို စော်ကားဖျက်ဆီးတာမရှိပါဘူး။ ဗမာစစ်တပ်ကသာခ၇စ်ယာန်ဘုရားကျောင်းမီးရှို့ဖျက်ဆီးပြီး ဘာသာရေးဆရာတွေကိုနှိပ်စက်ညှင်းပန်း တာမရေတွက်နိုင်အာင်ရှိခဲ့ပြီ။ ဗမာစစ်တပ်ရဲ့လုပ်ရပ်ကကချင်လူထုကိုမြန်မာနိုင်ငံကဝေးကွာသွားအောင် တွန်းပို့နေပါတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင်ဗမာစစ်တပ်ကလိုင်စင်ရအ
ကြမ်းဖက်အုပ်စုသာဖြစ်ပါတယ်။
June 2, 2012 11:55 AM

Mandalay man said... ဒါကတော့မှန်တယ်လို့ ထင်ပါတယ်၊ဘာလို့ လဲဆိုတော့ဒီလိုမျိုးဆိုတာဖြစ်နိုင်လို့ ပါပဲ၊
June 2, 2012 12:43 PM

Theodo said...

မင်းတို.ပဲစစ်ဖြစ်နေတယ်လို.သတ်မှတ်ထားတယ်ဆို...သူပုန်မှာဂျိုမပါဝူး။
စစ်တိုက်နေတာ ထုတ်ဆီးတိုးတန်းကစားနေတာမဟုတ်ဖူး။မျှမျှတတလေးပြော
ကြပါကွာ။မင်းတို.ဗမာစစ်တပ်ကသတင်းပေးလို.သိထားတဲ့သူကိုဆိုမင်းတို.
ဆိုဒ်ကဆိုရင်ဘယ်လိုလုပ်မှာပဲ???

realism said...

saijet ဘာတွေလာရွှီးနေတာလဲ......

koko said...

ပြည်သူဆိုတာ ရဲဘော်ပြာ တွေပါ (ရဲဘော်ပြာ = ရဲဘော်မြင်ရင်ပြာနေအောင်ကြောက်ရတဲ့သူ)

koko said...

ပြည်သူဆိုတာ ရဲဘော်ပြာတွေပါ (ရဲဘော်မြင်ရင်ပြာနေအောင်ကြောက်ရတဲ့ ရဲဘော်ပြာတွေပါ)

mayhtat said...

ခုခေတ်ကသူပုန်လည်းရဲ...
ဓါးပြလည်းရဲ..
လုစားလည်းရဲ..
လုပ်စားလည်းရဲ..ဂွင်ဆင်တာလည်းရဲ...
မင်းပြောင်းမှရဲအလုပ်ဖြစ်..
ခေတ်ကရဲခေတ်ဖြစ်နေတာ

mayhtat said...

ဖြစ်သမျှအကောင်းကြီးသာမှတ်လိုက်ပါ

လရိပ်ချို said...

လူတိုင်းက ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါ
ဇစ်မြစ်ကိုမသိပဲ အရမ်းမဝေဖန်သင့်ပါဘူး ..
ဖြစ်သင့်တာက တိုင်းပြည်အေးချမ်းဘို့ပါ
အဲ့အတွက် ဒို့တွေအားလုံး ၀ိုင်းဝန်းဆုတောင်းကြမယ် ..
တပ်မတော် (အဖွဲ့အစည်းအားလုံး) ရဲ့အကြီးအကဲတွေကို
ဒို့တွေရဲ့တူညီတဲ့ဆန္ဒတွေ သိအောင်လုပ်ပေးမယ် ..
နိုင်ငံတော်အစိုးရကို လိုအပ်တဲ့ / ဖြစ်သင့်ဖြစ်ထိုက်တဲ့အကြံတွေ
ပြုမယ် .. မကောင်းဘူးလား

လရိပ်ချို said...

လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပါ လေ
ဇစ်မြစ်ကိုမသိပဲ အရမ်းဝေဖန်လို့ မသင့်ပါဘူး ..
ဘာပဲဖြစ်ဖြစ် .. လိုရင်းက တိုင်းပြည်ငြိမ်းချမ်းဘို့မဟုတ်လား ..
ဒီတော့ တိုင်းပြည်ငြိမ်းချမ်းအောင်လဲ ဆုတောင်းကြမယ်
တပ်မတော် ( အဖွဲ့အစည်းအားလုံး) ရဲ့အကြီးအကဲတွေကိုလည်း
ပြည်သူတွေရဲ့ ဆန္ဒကို သိအောင်လုပ်မယ် .. နိုင်ငံတော်အစိုးရ
ကိုလည်း ၀ိုင်းဝန်းတိုက်တွန်းတင်ပြကြမယ်ဆိုရင် ..
ပိုပြီးသင့်လျော်မယ် ထင်တယ်နော်

Anonymous said...

အပေါ်ကသူငယ်ချင်း စိတ်ရှည်ပါ သူပုန်တွေမဟုတ်ဖူး ယုံကြည်ချက်ကြောက် တိုက်နေကြတာ ကိုယ်နိုင်ငံသားအချင်းချင်းဘယ်သူကသတ်ချင်မှာလဲ အဖြေက စနစ်ကြောင့်ပါ

pyaponthu said...

ပြည်တွင်းစစ်ပွဲဆိုတာအာဏာလုပွဲဘဲ။ကချင်နဲ့အစိုးရတိုက်ပွဲဖြစ်တယ်။ကချင်ပြည်သူအရင်ဒုက္ခရောက်တယ်။လက်ရှိအစိုးရကအာဏာရတယ်။ကချင်ခေါင်းဆောင်ကလည်းအာဏာလိုချင်တယ်။ကြားထဲကပြည်သူဒုက္ခအမှန်ရောက်တယ်။ကချင်ပြည်ကောင်းစားရေးမအော်ပါနဲ့ကချင်လူကြီးတွေတရုတ်ပြည်မှာကောင်းစားနေတယ်။ကချင်ပြည်သူတွေကြားထဲကဒုက္ခရောက်တယ်။

white said...

တောကကိုကျော်ပြေတာမှန်တယ်

white said...

ko ko မှားနေပီထင်တယ် တခုခုဆိုတပ်ကလူက ဘ၀နဲ့ရင်းပြီးအရေးယူခံရတာ

Unknown said...

မြန်မာ့သွေးစစ်စစ် ဘယ်သူက ကိုယ့်အလုပ်ကိုလုပ်နေတာလဲ။ စစ်တပ်လား။ စစ်တပ် က စစ်တိုက်ရမှာ သိတယ်လေ ။ တရုတ်နဲ့ ထိုင်း ကို သာတိုက်ခိုင် လိုက်တော့ ။ ကြာပြီငြိမ်းချမ်းနေတာ စစ်တပ်က သွားတိုက်လို့ ကို ပြည်တွင်း စစ် ဖြစ်ရတာ ။ ဘယ်ဒေသ ကြည့်ကြည့် ။ စစ်တပ်က ပြည်သူ့တွေအသက်အိုးအိမ်ကို စောင့်ရှောက်တဲ့ အလုပ်လုပ်တယ်။ တိုင်းရင်းသားကို တိုင်းရင်းသားလို့ မြင်ပြီး ပြည်သူလို့ မမြင်တာလဲ စစ်တပ်ပဲ ။ စစ်တပ်က အစောင့်လျှောက်ခံ ပြည်သူဆိုတာ ဘယ်သူတွေလဲ မေးလိုက်ချင်တယ်။

Powered by Blogger.