ကိုးတန်းကျောင်းသူတစ်ဦး အဆိပ်သောက် သတ်သေခဲ့မှု

ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး
မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ ။
မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ
ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့်
မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်
ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူ
အသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။
သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့် အတွက် ၂၀၁၂-ခု
မေလ(၄)ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော
ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့်
လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့်
ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း (ယခင် ရယက ဥက္ကဋ္ဌဟောင်း)
ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို
အတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ
၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအား
ရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့်
အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအား
အမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။

သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍
နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။
နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်
ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။
အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင်
အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟု
လူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍
ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း
တစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။

ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကို
ကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု
ကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့်သည့်တိုင်
အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှ
အရေးယူဆောင်ရွက်ခြင်း တရားလိုအား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက်
သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက်အများယူ၍ အမှုကို
သေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။

နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ်
ပြောဆိုနေသော်လည်း အောက်ခြေ ၀န်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်း
လာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံးဝ မပြောင်းသေးကြောင်း ဤဖြစ်စဉ်က
မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်
တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့်
အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

မိခင် ဒေါ်နွဲ့ရီဝင်း ကိုယ်စား ကိုမြင့်ကို
ဆက်သွယ်ရန်ဖုန်း ၀၉၄၇၁၃၄၀၀၃

မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
အမှုမှန် ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါရန်...

ကိုဇော (မုံရွာ) မှ သတင်းပေးပို့ ထားတာဖြစ်ပါတယ်။

Myanmar News  Now
ကိုးတန်းကျောင်းသူတစ်ဦး အဆိပ်သောက် သတ်သေခဲ့မှု ကိုးတန်းကျောင်းသူတစ်ဦး အဆိပ်သောက် သတ်သေခဲ့မှု Reviewed by သစ်ထူးလွင် on 10:37 Rating: 5

13 comments:

Unknown said...

မဆဲတော့ပါဘူး ဆုတောင်းတိုင်းသာဖြစ်မယ်ဆိုရင် အဲဒီမိသားစုကို ဒမြတိုက်ချင်တယ်

Unknown said...

အဲ့ဒါကြောင့်ပြောတာ ပြု ပြင် ပြောင်းလဲ ရေး တကယ် လုပ်မယ်ဆို
တရား မျှတ မှု တကယ် ရှိေ စချင် တယ် ဆို ရင် နှစ် ၁၂၀ လောက် တော့ ကြာ မယ်

Unknown said...

သမ္မတကြီး ၏ ပြု ပြင် ပြောင်းလဲ ရေး
ဒေါ် စု ၏ တရား ဥပ ဒေ ရေး ကြိုးပမ်း ချက် များေ ကြာင့်
မြန် မာ နိုင် ငံသည် လာ မည့် နှစ် ၁၂၀ တွင် တရားမျှ တမှု လုံး ဝ
ရှိ တော့ မည် ယခု ကဲ့သို့ မတရား တဘက် သတ်ကိစ္စ များ ပေါ် ပေါက်
လာ မည် မဟုတ်

အဲဗါးအံကျော် said...

အကျင့်ပျက်ချစားလောက်ကိုက်စိတ်
ဓါတ်ကိုပြုပြင်သင့်ပါပြီအထက်လူကြီး
ဘယ်လိုပြုပြင်ပြောင်းလဲနေပေမဲ့လည်း
အောက်ခြေခြစားနေတဲ့သူတွေကိုဖေါ်
ထုတ်အရေးယူပြီးပြည်သူတွေရဲ့ယုံကြည်
အားကိုးမူကိုဆေါင်ရွက်တော့မှာပါသို့ သော်
လည်းမကြာမီမျှော်

qq said...

နှစ်၁၂၀ ချို အဲ့ကယေးမ ဘယ် ယောက် နေ လောက် ယဲ ဟင်

Unknown said...

ဘာမှမပြောပလောက်တဲ့ဓနရှင်ပေါက်စကတောင်
ကားတစ်စင်းလောက်နဲ့ ဒီရာဇ၀တ်မှုကိုပျောက်နိုင်
ရင် မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်က ရှက်စရာ ရွံစရာဖြစ်နေပြီ။

Unknown said...

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ လဒ်မစားလောက်ဘူး ထင်တာပဲ။ ဒါပေမဲ့ ကားတစ်စီးကုန်တဲ့အထိဆိုတော့ .....

Unknown said...

ရဲတွေဘာလုပ်နေလဲမသိဘူး

Unknown said...

ဒီမိုကရေစီဆိုတာဘာကိုပြောင်းလဲနာလို့ မေးလိုက်ချင်တယ် တရားမျှတမှုဆိုတာရောဘယ်မှာလဲစာနာစိတ်ကိုမရှိကြပါဘူး

Unknown said...

လာတ်ပေးလာတ်ယူ တို့ချစ်သူ လို့တော့ကျနော်ထင်မိပါတယ် မြန်မာပြည်မှာ ရှိရှိသမျှဝန်ထမ်းအားလုံး ဒီလိုတွေကြီးပါပဲ
တိုက်ဆိုင်မှုရှိလို့ အကြောင်းအရာတခုကို ရောပြီးဖော်ပြပါရစေ အဖြစ်မှန်ပါ (25,8,2009)ကဖြစ်ခဲ့တာပါ ဧရာဝတီတိုင်း ငပုတောမြို့နယ်
ခရင်ဝါးချေင်းအုပ်စု ဂျမ်းကပ်ကျေးရွာမှာ ဖြစ်တာပါ
ဖြစ်ပုံကတော့ ရယက ဥက္ကဌ ဦးအင်စွမ်းရဲ့ တူဖြစ်သူ ဝင်းရွှေ
က တရက် ( p.c.o )ဖုန်းနဲ့ပက်သက်ပြီး ဦးမျီုးဝင်း ဆဲဆိုခဲ့ပါတယ် အဲဒီလိုဆဲဆိုမှု့ကို ဦးမျီုးဝင်း တူဖြစ်သူ ရဲထွန်း မှမကျေနပ် ၍ပြန်လည်ဆဲဆိုခဲ့ပါတယ် အဲ့ဒီလိုနဲ့ရွှာမှာရှိတဲ့ လူကြီးတွေကပြန်ဖျံဖျေပေးတဲ့အတွက်
မနက်ပိုင်းမှာ အေးသွားပါတယ် ညနေ ( 4:30 )လောက်မှာ ဝင်းရွှေ နဲ့ ညီဖြစ်သူ အင်းဝက် (ခ)ကျော်စိုးနိုင် မျိုးမင်းထွန်း
တို့ သုံးယောက်ပေါင်း၍ဦးမျိုးဝင်းရဲ့ ညီဝမ်းကွဲတော်စပ်သူ
ဦးမောင်ဝင်းအား လှံဖြစ် သုံးယောက်ဝိုင်းထိုးခဲ့ပါတယ်
အဲ့ဒီအချိန်မှာ ဦးမောင်ဝင်မှာ ပုသိမ်ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ခဲ့ရပါတယ် အဲ့ဒီအမှုကို ငပုတောမြို့ မတရားရုံးမှ မတရားစစ်ပါတယ် မတရားရုံးကအဖြေကတော့ ထိုးတဲ့လူ သုံးနှစ်ဆို အထိုးခံရတဲ့ လူက တနှစ်လို့ ပြောပြီး နှစ်ဖက်က ပိုက်ဆံစား
ပြီး ဦးမောင်ဝင်း ဘက်ကိုကျေအေးခိုင်းပါတယ်
တရားဥပဒေဟာ ကောင်းတဲ့ပြည်သူအတွက်ပါ မတရားဥပဒေဟာ ပိုက်ဆံချမ်းသာတဲ့ ပြည်သူအတွက်လား
လို့တောင်ကျနော် ထင်မိပါတယ်

Unknown said...

ကျနော်တို့ မြန်မာနှိင်ငံတော်ကြီး မတရားဥပဒေ ပပြောက်ပြီး
တရားဥပဒေစိုးမိုးပါစေ

Unknown said...

မြန်မာနိုင်ငံမှာလဘ်စားမှုကဘယ်တော့မှမပျောက်ဘူး

မင်းချစ်သူ said...

အတော်မတရားတဲ့ သူတွေဘဲကွာ ဝတ်လည်မယ်

Powered by Blogger.