ကေအိုင်အေနှင့် ဝန်ကြီး ဦးအောင်မင်း ဒုတိယ အကြိမ် တွေ့ဆုံ

ဓါတ်ပုံ-KNG
ရန်ကုန်၊ ဇွန် ၂

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အသစ် ဖွဲ့စည်းပြီးနောက် ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့ ဇွန်လ ၁ ရက် နေ့တွင် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများ ထံမှ သိရှိရသည်။

"ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ နှစ်ဖက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ပါဝင်တဲ့ အဖွဲ့ ဒီနေ့ နေ့လယ်က ဗန်းမော်မြို့ကို ရောက်တယ်။ နောက်ပြီး ညနေပိုင်းလောက်မှာ နယ်စပ်ဘက်ကို ဆက်ထွက်သွားတယ်" ဟု ဗန်းမော်မြို့ခံများက ဆိုသည်။

အဆိုပါ ဒုတိယ အကြိမ်မြောက် အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မိုင်ဂျာယမ်တွင် ကျင်းပမည် ဖြစ်ပြီး ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်ချက် အရ သိရသည်။

မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်သော ကေအိုင်အေ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ အသစ်ဖွဲ့စည်းပြီး နောက်ပိုင်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။

ကေအိုင်အေမှာ အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ ၁၇ နှစ် ကျော်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု ဒုတိယ အကြိမ်မြောက် တွေ့ဆုံခြင်းမှာ ၁၀ ရက်တာ ကာလအတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ရာ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်စေရေး အတွက် မျှော်လင့်ချက်ကောင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

The Voice Weekly
ကေအိုင်အေနှင့် ဝန်ကြီး ဦးအောင်မင်း ဒုတိယ အကြိမ် တွေ့ဆုံ ကေအိုင်အေနှင့် ဝန်ကြီး ဦးအောင်မင်း ဒုတိယ အကြိမ် တွေ့ဆုံ Reviewed by သစ်ထူးလွင် on 00:18 Rating: 5

13 comments:

anawmar said...

တွေ့ရုံတွေ့မနေ ကြပါနဲ့။ စစ်ပွဲတွေကို ရပ်တန့် ပေးကြပါ။

naythuya said...

နှစ်ဖက်လုံး အမြန်ပြေလည်ပြီး ဒေသခံပြည်သူတွေနဲ့တကွ ပြည်သူပြည်သား
အားလုံးပြည့်စုံအေးချမ်းမှုအမြန်ရနိုင်ပါစေ..

shingyi said...

လုပ်ကြပါနှစ်ဘက်တပ်လဲကျနေကြပြီ။တောင်းဆိုမှု၊လိုက်လျောမှုတွေောက်ာငြာပေးကြပါပြည်သူတွေသိသင့်ပါတယ်။

မောင် said...

လက်မကလည်း သူနေရာနဲ့သူ အရေးပါသလို
အခြားလက်ချောင်းလေးတွေကလည်း သူနေရာနဲ့သူအသုံးဝင်ပါတယ်။

လက်ချောင်းတခုခုမှာ အနာဖြစ်ရင်တော့ အကောင်းဆုံး အမြန်ဆုံး ပျောက်ကင်းအောင်လုပ်ရမှာပါ။

ကုစားလို့မှ မရရင်တော့ အခြားလက်ချောင်းတွေ အနာရောဂါကူးမလာခင် ပိုဆိုးမလာအောင် ဖြတ်သင့်ရင် ဖြတ်ထုတ်လိုက်ရမှာ...။

ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ကောင်းအောင်ကုပေးကြပါဗျာ။
အင်္ဂါစုံတဲ့လက်နဲ့ ဒီမိုကရေစီ နိုင်ငံ့ သမိုင်းကိုရေးချင်တယ်ဆို
ငြိမ်းချမ်းကြပါဗျာ။

လင်းယုန် said...

ဝန်ကြီးဦးအောင်မင်းခင်ဗျား

ယခု ၀န်ကြီးထမ်းဆောင်နေသော တာဝန်များကို
အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲလုပ်ဆောင်ပါက အမြန်ဆုံး
အကောင်အထည်ပေါ်ပြီး မြန်မြန် အောင်မြင်ပါလိမ့်မည်

အမေ စကားတစ်ခွန်ပြောတာနဲ့ ကျန်တဲ့သူ စကားအခွန်း100
ပြောတာ မတူလို့ပါ
အမေ့စကားကို တစ်တိုင်းတစ်ပြည်လုံးက တိုင်းရင်းသားအားလုံးက
မြေ၀ယ်မကျ နားထောင်နေကြတာ တကမ္ဘာလုံးကတောင် သိနေပါပြီ

သို့ဖြစ်ပါသဖြင့်
ဝန်ကြီး ယခုထမ်းဆောင်နေသော တာဝန်ဝတ္တရားများကို
အမေစုနှင့် ပူးတွဲ ထမ်းဆောင်စေချင်ပါသည်

saijet said...

(ကေအိုင်အေမှာ အစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ ၁၇ နှစ် ကျော်ကြာ အပစ်အခတ် ရပ်စဲထားရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။)

KIA နဲ့ ဗမာစစ်တပ်ကြားတင်းမာမှုကိုတာပိန်ေ၇အားလျှပ်စစ်ကြောင့်ပါလို့ စာရေးသူကို လွယ်လွယ် နဲ့မသုံးသပ်စေလိုပါ။ တာပိန်ေ၇အားလျှပ်စစ် က KIA နဲ့ ဗမာစစ် တပ်အတွက် အဓိကကျသော စီးပွားရေး၊မဟာဗျှုဟာကျသော နေရာလည်းမဟုတ်ပါ။ အဓိကပြဿနာက ရင်ဘတ်ထဲက ယုံကြည်မှုကင်းမဲ့ခြင်း၊အထင်သေးလေးစားမှုမရှိခြင်း၊လူမျိုးကြီးဝါဒကိန်းအောင်းနေခြင်း.....။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုရင် အင်အားကြီသူပေါ် မူတည်ပါတယ်၊ အင်အားငယ်သူကတော့ အတိတ်ကအကြိမ်ကြိမ်ခံ ခဲ့ရဖူးသောအင်အားကြီးသူ၏လှည့်ဖျားမှုကိုသတိနဲ့စောင့်ကြည့် နေမှာသေချာတယ်။နိုင်ငံတော်သမ္မတရဲ့ အမိန့်ကိုတောင်နာခံမှုမရှိတဲ့ စစ်တပ်ကို တိုင်းရင်းသားတွေအနေနဲ့မျက်စိမိတ် ယုံကြည်ဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါ။

MYO MYINT said...

ဒီနေရာမှာစစ်တပ်ကိုချည်းအပြစ်တင်ချင်နေလို့မရဘူး၊ကေအိုင်အိုလူကြီးတွေထဲကစစ်ဘုရင်ဝါဒကိုမစွန့်လွှတ်နိုင်တဲ့သူတွေရဲ့အမြင်မကျယ်မှုကိုလည်းထည့်တွက်သင့်တယ်၊ကျီးကဘုတ်ရိုသေမှဘုတ်ကလည်းကျီးကိုရိုသေမှာပေါ့၊ဒေါ်အောင်ဆန်းစုကြည်ပြောရင်ငြိမ်းချမ်းရေးရမယ်ဆိုတဲ့စကားကလည်းသိတ်ကလေးဆန်လွန်းတယ်၊ဒေါ်အောင်ဆန်းစုကြည်ကနဂိုရ်ထဲကဒီအဖွဲ့အစည်းတွေနဲ့အဆက်အသွယ်ရှိပြီးသားဘဲ၊မရလို့ဒါမှမဟုတ်မပြောချင်လို့မပြောတာနေမှာပေါ့၊အဓိကငါမှငါဆိုတဲ့အစွဲတွေနဲ့ငါ့လူမျိုး၊ငါ့ပြည်နယ်ဆိုတဲ့အစွဲတွေနဲနဲလျော့သင့်နေပြီ၊ကျွန်တော်လည်းကိုယ့်ပြည်နယ်ကိုယ်သူများတွေလိုတိုးတက်ငြိမ်းချမ်းစေချင်တာဘဲ၊ဒါပေမဲ့လိုအပ်ရင်စစ်တိုက်ပြီးငြိမ်းချမ်းရေးရအောင်လုပ်ရမယ်ဆိုတာကိုလည်းလက်ခံတယ်၊စစ်ဆိုတာနိုင်ငံရေးအရမပြေလည်လို့ပေါ်ပေါက်လာတာဒါကိုစစ်တိုက်ရင်းညှိနှိုင်းယူသင့်ယူရမယ်၊ဘယ်လိုဘဲငြိမ်းချမ်းငြိမ်းချမ်းပြည်သူတွေမနစ်နာစေဘဲငြိမ်းချမ်းရေးအမြန်ရအောင်ဝိုင်းဝန်းအားပေးစေချင်ပါတယ်၊ကေအိုင်အိုကလည်းပြည်သူကလက်မခံတာသိရင်ငြိမ်းချမ်းရေးလမ်းပေါ်ပြန်ရောက်လာမယ်လို့ယုံကြည်ပါတယ်။

shar lay said...

ငြိမ်းချမ်းရေးရအောင် အမြန်ဆုံး လုပ်သင့်ပါပြီ။ ဗန်းမော်နဲ့ ၁၂ မိုင် (ဗန်းမော်-နမ့်ခမ်း)လမ်းပေါ်က မန်စီမြို့မှာ ၂၉.၅.၂၀၁၂နေ့က KIA နဲ့တပ်မတော် ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲံ့ပြီး SB ရုံးလည်း ဗုံးဖောက်ခွဲခံရတယ်လို့ သိ၇ှိရပါတယ်။နယ်မြေခံ လူထုလည်း မသွားရဲ မလာရဲ ဖြစ်နေပါပြီ။

ခန့်ဇော် said...

အားလုံးကိုအကောင်းဆုံးတွေဖြစ်စေချင်တယ်ဗျာ....ကြားထဲကဟိုပြေးဒီပြေး ဖြစ်နေတဲ့ကချင်တိုင်းရင်းသားတွေကသနားစရာကောင်းလွန်းလို့ပါ..........ကျွန်တော်တို့တစ်တွေကတစ်မြေထဲနေတဲ့ညီရင်းအကိုတွေပါဗျာ...ခံစားချက်နဲ့မကျေလည်မှုတွေကိုလက်နက်တွေနဲ့ဖြေရှင်းကြမဲ့အစားအတူလက်တွဲပြီးပြသနာတွေကိုဖြေရှင်းကြရအောင်လား..ညီအကိုတို့ရာ....

nandar said...

လင်းယုန်ပြောတာထောက်ခံတယ်။ အမေစုဝင်ဖြေရှင်းရင်ပြေလည်နိုင်တယ်။ ဒါပေမဲ့ သမတကြီး အမေစုကိုနေရာမပေးတာခက်တယ်။ အမေစုကခုချိန်မာ ပြည်သူ့လွန်တော်ကိုယ်စလှယ်ဆိုတော့ နေရာတကာမှာအရင်ကလွတ်တော်ပြင်ပလိုပြောချင်တိုင်းပြောလို့မရနိုင်တော့ပါ။ သို့ဖြစ်ပါသောကြောင့်သမတအနေနဲ့ အမေစုကိုပါဝင်ဆွေးနွေးနိုင်အောင် ငြိမ်းချမ်းရေး အဖွဲ့မှာနေရာပေးသင့်တယ်။ဒါ့အပြင် ကတိတည်ဖို့ လည်းလိုတယ်။ ဆွေးနွေးတဲ့လူကဆွေးနွေးပြီး ကတိမတည်ရင်အလကားပဲ။ ၀န်ကြီးတွေလွတ်နေလို့ကတော့ ပိုးသာကုန် မောင်ပုံဆောင်းမတတ်ဖြစ်နေမှာပါ။ ထာဝရငြိမ်းချမ်းရေးဆိုတာဘယ်လိုငြိမ်းချမ်းရေးမျိုးလည်းဆိုတာကိုကောင်းကောင်းမဖြေနိုင်တဲ့ဝန်ကြီးတွေဆွေးနွေးနေသမျှဘာမှဖြစ်လာမည်မထင်ပါ။

Chit San Maung said...

ပြည်တွင်းစစ် ရပ်ဆဲပါစေ....။
တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းရေးရရှိပါစေ....။
လက်နက်ကိုင် စစ်သွေးကြွစနစ်များ ချုပ်ငြိမ်းပါစေ.....။

Anonymous said...

လက်နက်ကိုင်ပြီးအခွင့်ရေးတောင်းလို့ရစတမ်းဆို ဒို့လဲလုပ်မယ်

shar lay said...

အမြန်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ကြပါစေ။

Powered by Blogger.