မြန်မာပြည်သည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံနှင့် သဟဇာတဖြစ်သည့် နိုင်ငံသာ ဖြစ်သင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဆယ်စုနှစ် နှစ်ခုကျော်နေအိမ်တွင် အကျယ်ချုပ်ခံရပြီးနောက်
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲများကို
ဝေဖန်ပြောကြားလိုက်သည်။

တရုတ်နှင့် အမေရိကန် တို့သည် မြန်မာပြည်ကို
စစ်တလင်းအနေနှင့် သဘောထားပြီး မဟာဗျူဟာ အပြိုင်အဆိုင် သြဇာလွှမ်းမိုးရန်
ကြိုးစားနေကြပုံကို လည်းသူကသတိပေးခဲ့သည်။ တက်ရောက်လာသော
ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏
ပိုမိုကောင်းမွန်သောအနေအထားအတွက် လေးလေးနက်နက် စဉ်းစားပေးကြရန်အတွက်လည်း
တိုက်တွန်းလိုက်သည်။

အာဏာရှင် အုပ်ချုပ်ရေးနှစ်(၅၀)အဆုံးတွင်
နိုင်ငံ၏အနာဂတ်ကို သတိထားသင့်ကြောင်းလည်း သူကပြောကြားခဲ့သည်။
နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုအချို့ ပြေလျော့သွားပြီးနောက်
နိုင်ငံခြားကုမ္ပဏီများသည် သဘာဝ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအား
အလွန်အမင်း အာရုံစိုက်နေကြသည်။ သို့သော်
ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှပ်နှံမှု မြောက်များစွာ ရောက်လာခြင်းကို
သူစိုးရိမ်ကြောင်း မြန်မာနိုင်ငံတွင် ခြေကုပ်ရရန် နိုင်ငံတကာ
ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာပြီး နိုင်ငံ၏ လူ့မလိုင်တစ်စု
ကောင်းကျိုးအတွက်သာ ဖြစ်သွားနိုင်ကြောင်းပြောကြားခဲ့သည်။
“ရင်းနှီးမြှပ်နှံမှုတွေကြောင့် အဂတိလိုက်စားမှုတွေ ပိုဖြစ်လာတာကို
ကျွန်မတို့ မလိုချင်ဘူး။ ရင်းနှီးမြှပ်နှံမှုကြောင့် လူတန်းစား
မညီမျှမှုကို ပိုမဖြစ်လာစေချင်ဘူး။ ရင်းနှီးမြှပ်နှံမှုတွေကြောင့်
အခွင့်ထူးခံလူတန်းစားတွေပိုများလာတာမလိုချင်ဘူး” ဟုသူကပြောကြားခဲ့သည်။
သဘာဝသယံဇာတ ကြွယ်ဝသော်လည်း ဆင်းရဲသည့် မြန်မာနိုင်ငံသည် သမိုင်းစဉ်အရ
တရုတ်အစိုးရနှင့် ရင်းနှီးခဲ့သည်။ သို့သော် အမေရိကန်အစိုးရက စီးပွားရေး
ပိတ်ဆို့မှုများကို လျှော့ချကာ မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးအောင်
ပေါင်းသင်းလာသည်။

“ကျွန်မအနေနှင့် မြန်မာနိုင်ငံကို အမေရိကန်နှင့် တရုတ်ရဲ့
စစ်မြေပြင်အနေနှင့် မမြင်ရဖို့ အမြဲသတိထားနေမိတယ်။”
ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို သူကပြောကြားခဲ့သည်။

“ဒီလိုမဖြစ်သင့်ဘူး။ ဒီနိုင်ငံကြီး ၂ နိုင်ငံနှင့် သဟဇာတ ဖြစ်တဲ့
နိုင်ငံပဲ ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့သည်။
“လျှပ်စစ်ပြတ်တောက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်ကနေ မကြာခင်က ကျွန်မ
ထွက်ခွာလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဘန်ကောက်မှာ
မြင်ရတဲ့မြင်ကွင်းမျိုး ရန်ကုန်မှာ အခု မြင်ရတာနဲ့ မခြားပါဘူး”

စနေနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းသို့သွား၍
မြန်မာစစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံကာ တနင်္ဂနွေနေ့တွင်
မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။ ထို့နောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့တွင်
နိုင်ငံတကာ အလုပ်သမား သမဂ္ဂ ညီလာခံတွင်မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေးနိုင်ငံ အော်စလို
မြို့တွင် မိန့်ခွန်းပြောကြားခြင်းများပြုလုပ်၍ နိုဗယ်ဆုကို လက်ခံရယူမည်
ဖြစ်သည်။ ထို့နောက် ဗြိတိန်သို့ သွား၍ မိသားစုနှင့် တွေ့ဆုံပြီး
လန်ဒန်ပါလီမန်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

Ref : AFP
Popular Myanmar News Journal
မြန်မာပြည်သည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံနှင့် သဟဇာတဖြစ်သည့် နိုင်ငံသာ ဖြစ်သင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား မြန်မာပြည်သည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံနှင့် သဟဇာတဖြစ်သည့် နိုင်ငံသာ ဖြစ်သင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား Reviewed by သစ်ထူးလွင် on 07:25 Rating: 5

11 comments:

အမေ့ကို ချစ်တဲ့ သမီး said...

“ကျွန်မအနေနှင့် မြန်မာနိုင်ငံကို အမေရိကန်နှင့် တရုတ်ရဲ့
စစ်မြေပြင်အနေနှင့် မမြင်ရဖို့ အမြဲသတိထားနေမိတယ်။”
ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို သူကပြောကြားခဲ့သည်။

“ဒီလိုမဖြစ်သင့်ဘူး။ ဒီနိုင်ငံကြီး ၂ နိုင်ငံနှင့် သဟဇာတ ဖြစ်တဲ့
နိုင်ငံပဲ ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့သည်။
“လျှပ်စစ်ပြတ်တောက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်ကနေ မကြာခင်က ကျွန်မ
ထွက်ခွာလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဘန်ကောက်မှာ
မြင်ရတဲ့မြင်ကွင်းမျိုး ရန်ကုန်မှာ အခု မြင်ရတာနဲ့ မခြားပါဘူး”

တို့ခေတ် said...

“ရင်းနှီးမြှပ်နှံမှုတွေကြောင့် အဂတိလိုက်စားမှုတွေ ပိုဖြစ်လာတာကို
ကျွန်မတို့ မလိုချင်ဘူး။ ရင်းနှီးမြှပ်နှံမှုကြောင့် လူတန်းစား
မညီမျှမှုကို ပိုမဖြစ်လာစေချင်ဘူး။ ရင်းနှီးမြှပ်နှံမှုတွေကြောင့်
အခွင့်ထူးခံလူတန်းစားတွေပိုများလာတာမလိုချင်ဘူး”

Unknown said...

အနှစ်သာရ ပြည့်ဝတယ်ဗျာ။ အမေ ကျန်းမာစွာနဲ့ မိမိပြည်သူတွေရဲ့ ဘဝ လုံခြုံမှု့နဲ့ မြှင့်တင်မှု့ တွေပေးနိုင်ပါစေ။.......့

Human Right said...

အမေ . . . . လောလောဆယ်အနေအထားအရတော့ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားလို့ရပါတယ် . . . ဒါပေမယ့် တရုတ်တွေကိုတော့ ကျွန်တော်တို့အနေနဲ့ တော်တော့်ကို ဂရုစိုက်ထားရလိမ့်မယ်လို့ ထင်တာပါပဲဗျာ. . . . တကယ်တော့ စစ်တလင်းပြင်ဆိုတာထက်ကို သူတို့တွေ(တရုတ်တွေ)က မြန်မာနိုင်ငံအပေါ်ကို ဆိုးဆိုးရွားရွားပိုမိုပြုမူချင်နေကြတာမို့ အမေ့အနေနဲ့ မြန်မာပြည်သူပြည်သားတွေ အားလုံးအတွက် အရင်ဆုံး ကူညီပေးသင့်တယ်လို့ ရင်မှထင်ဟပ်မိပါတယ်ဗျာ . . . (မှတ်ချက် . .မြန်မာမှန်ရင် တရုတ်ကိုသိပ်ကြည့်မရကြဘူး)
အမေ့ရဲ့ သား

minsoeaung said...

သိတိည်းကျစ်လစ်ပြီးအနှစ်ပြည့်ဝတဲ့စကားလုံးတွေပြောင်
သမြောက်စွာပြောတတ်သောအမေ
မိခင်စိတ်အပြည့်နဲ့အပင်ပန်းခံကြိုးစားလုပ်ဆောင်ပေးမှုများ
ကမြန်မာနိုင်ငံတော်ကြီးနဲ့ပြည်သူ့ဘဝအတွက်ဖြစ်လို့
ကျေးဇူးများစွာတင်ပါသည်။ပြည်သူများလည်းအမေနဲ့အတူရှေ့သို့လို့သာ

minsoeaung said...

မိသားစုဘဝလေးကိုဖြည့်ဆီးလိုက်ပါအုံးအမေ။၆၇ နှစ်မွေး
နေ့ပွိဲလုပ်ပြီးအမြန်ပြန်ခဲ့ပါေ်နော်။
ပလွှတ်တော်တက်ဘို့ရှိပါသေးတယ်အမေ။
သန်း ၆၀ အတွက်ရှင်သန်ရန်အမေကျန်းမာပါစေ။

genius said...

မှန်ပါတယ် ၊ ဒါပေမယ်. မြန်မာ.ဒီမိုကရေစီ ဆီသွားတဲ.လမ်းကြောင်း ကို နှစ်ပေါင်းများစွာ နှောင်.နှေး အောင် တရုတ်က လုပ်ခဲ.တာကြောင်.
မြန်မာနိုင်ငံရဲ. ပြန်လည်ထူထောင်ရေး မှာ .... ကူညီဖို. တရုတ်မှာအများကြီးတာဝန်ရှိပါတယ် ၊ ဒီလိုမှမဟုတ်ရင် ဒီမိုကရေစီရေးအားပေးကူညီခဲ.တဲ. U.S လိုနိုင်ငံမျိုး နဲ.တန်းတူ မဆက်ဆံသင်.ပါ ။

ဇင်မွန် said...

shingyi said...

အလုပ်၊လုပ်ငန်း၇ဘို့ငွေပေး၇တဲ့စနစ်ပျောက်စေချင်တယ်။လမ်းလုပ်ငန်းတွေ၊ဆောက်လုပ်ေ၇းတွေ။စစ်အစိုး၇မိသားစုတွေလဲတော်ပါတော့။၇ှယ်၇ာယူအလုပ်ပေးတာတော်တော့။သိပ်မပြောချင်ပါ။

Unknown said...

မနာလိုစိတ်တွေဘေးဖယ်ပြီးအမှန်အတိုင်းမြင်နိုင်ကြပါစေ။

MYO MYINT said...

ဒေါ်စုပြောသလိုဘဲမြန်မာပြည်စစ်တလင်းမဖြစ်စေချင်ဘူးဆိုရင်အမေရိကန်အလိုကျဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပြီးကိုကိုးကျွန်းထိုးအပ်မဲ့ဒေါ်စုတို့ရဲ့အကြံအစည်ကိုလည်းလက်လျှော့သင့်ပါပြီလို့အကြံပေးချင်ပါတယ်။

Powered by Blogger.