AT garment factory အထည်ချုပ်လုပ်သားများ ဆန္ဒဖော်ထုတ်

ရွှေပေါက်ကံစက်မှုဇုန်နှင့် မင်္ဂလာဒုံ စက်မှုဇုန်ကြား ရန်ကုန်စက်မှုဇုန် အမှတ်(၁၈) ဗိုလ်တေဇလမ်းရှိ AT garment factory အထည်ချုပ် လုပ်သားများသည် ယနေ့ ဇွန်(၆) ရက် နံနက်(၇)နာရီခန့် မှ စ၍ လုပ်ခလစာငွေနည်းပါးမှုအား တိုးမြှင့်ပေးရန်အတွက် လုပ်ငန်းခွင်မ၀င်ဘဲ စုံရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသည် အောက်ခြေအဆင့် ၀န်ထမ်းများ၏ လုပ်ခ လစာနည်းပါးနေသည့်အတွက် အထက်ပိုင်းအဆင့် ၀န်ထမ်းများကပါ ၄င်းတို့နှင့် အတူ ပူးပေါင်း တောင်းဆိုပေးခြင်းဖြစ်သည်။
ယင်းစက်ရုံ၏ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး လုပ်ခလစာမှာ အချိန်ပိုကြေးနှင့် ရက်မှန်ကြေးအပါအ၀င် ကျပ်(၂)သောင်း ၀န်းကျင်ခန့်သာရှိကြောင်း သိရသည်။ ယင်းဆန္ဒဖော်ထုတ်မှုအတွက် နံနက်(၉)နာ၇ီခန့်မှ စ၍ စက်ရုံတာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်ခေါင်းဆောင် (၂၅)ဦးတို့ တွေ့ဆုံ၍ အခြေခံ လုပ်ခလစာအား ကျပ်(၃)သောင်း တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ နေ့လည် ၁နာ၇ီ၃၀ခန့်တွင် ကုမ္ပဏီဘက်မှ ကျပ်(၁)သောင်းခွဲသာ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့သည်။
သိုသော် ၄င်းပမာဏအား အလုပ်သမားများ၏ ဆန္ဒတောင်းခံခဲ့ရာ လက် ခံခြင်းမရှိကြပဲ အနည်းဆုံး ကျပ်(၂)သောင်း တိုးမြှင့်ပေးမှ ကျေနပ်နိုင် မည်ဟု ဆုံးဖြတ်ကြ၍ လက်ရှိတွင် ဒုတိယအဆင် ထပ်မံ ညှိနှိုင်းဆွေးနွေ မှု ပြုလုပ်လျက် ရှိသည်။

ညွန့်ဝင်း

Popular Myanmar News Journal
အလုပ်သမားဆန္ဒပြမှုတခုအားတွေ့ ရစဉ်

AT garment factory အထည်ချုပ်လုပ်သားများ ဆန္ဒဖော်ထုတ် AT garment factory အထည်ချုပ်လုပ်သားများ ဆန္ဒဖော်ထုတ် Reviewed by သစ်ထူးလွင် on 15:34 Rating: 5

No comments:

Powered by Blogger.