မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည်

Yangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှအလုပ်သမားများအခြခံ လစာတိုးပေးရန် မရမ်းကုန်းမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမား  ဥပဒစေစ်ဆေးရေး ဦးစီးဌာနညွှန်ကြားရေးမှူးရုံးရှေ့သို့သွား ရောက်ကာတောင်း  ဆိုမှုများ ဆက်လက် လုပ်ဆောင်  မည်ကြောင်း သိရသည်။

emp-strike2.jpg
အဆိုပါ အလုပ်သမားများ သည်မေ၂ဝရက်မှစတင်ကာအလုပ်ရှင်ထံ အချက်၁၃ချက်ကို  တောင်းဆိုကာစက်ရုံဝန်းအပြင် တွင်ထိုင် သပိတ်ဖြင့် တောင်းဆိုမှု များရာ  အလုပ်ရှင်ဘက်မှ  အရေးကြီးသော အခြခံ လစာနည်းပါးခြင်း   ကိုညှိနှိုင်း ရန်၊အ ချိန်ပိုလုပ်အားခ ထိုက်တန်စွာ ရရှိရန်နှင့် အောက်​ခြေအလုပ်သမားများ  ကိုပါဆုကြေး တိုးပေးရန်အချက်များ ကိုလိုက် လျောခြင်း  မရှိသည့်အတွက်ရန်ကုန်သို့ချီ   တက်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။


emp-strike4.jpgYangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှ ထုတ်ပြန်ကြေညာချက်

မြောင်းတကာရှိစက်ရုံမှမရမ်း ကုန်းရှိအလုပ်သမားရုံထံယနေ့နေ့လည်၁ နာရီတွင်လမ်းလျှောက်ချီတက်လာမည်ဟုသိ ရသည်။
emp-strike3.jpgYangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှ ထုတ်ပြန်ကြေညာချက်

‘‘အခြေခံ လာစာကိုညှိနှိုင်းမပေးတဲ့အတွက်  ရန်ကုန်ကိုချီတက်ဖို့ဆုံး ဖြတ်လိုက်တာပါ။  အခုချီတက်လာဖို့အ တွက်တပ်တွေ ကိုခွဲနေပါတယ်။ လမ်းမှာ အာဏာပိုင်​တွေတား  ခဲ့ရင်တားတဲ့​နေရာမှာ ဘဲတောင်းဆိုမှုတွေ ဆက် လုပ်သွားမှာ  ပါ​ရွှေညဝါ ဆရာတော်ကြီးက ကျွန်တော်တို့  ကိုနိုင်ငံတော်ကိုမထိခိုက်ဖို့ မိန့်ပါတယ်။နိုင် ငံတော်ဆိုတာ ကျွန်တော်တို့ အတွက်မိဘပါ။ ကျွန်တော်တို့ အလုပ်သမားတွကေ လည်းနိုင်ငံတော်  ကိုထိခိုက်အောင်မလုပ်  ပါဘူး။ အခုတောင်း  ဆိုတာက ကျွန်တော်တို့ ရသင့်တဲ့ ကိုယ်ပိုင်အခွင့်အရေးကိုတောင်း တာပါ’’ ဟုရန်ကုန်သရဖူစတီး  အလုပ်သမား များအဖွဲ့မှ  ကိုနော်အောင်က  ပြောသည်။
ရေးသားသူ - အေးမြမြထွန်း-ရန်ကုန်တိုင်းမ်
မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည် မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည် Reviewed by သစ်ထူးလွင် on 16:41 Rating: 5

12 comments:

pretty said...

အားပေးပါတယ် ။ ပန်းတိုင်ရောက်တဲ့ အထိ တိုက်ပွဲဝင်ပါ။ မှော်ဘီ ကနေ ရန်ကုန် အထိဆိုတော့ အရမ်းပင်ပန်းမှာပဲ ...
အားလုံး ကိုယ်ချင်းစာနိုင်ကြပါစေ....

sean said...

အော် ဗိုလ်မှုးကြီး ဟောင်း ခင်မောင်မြင့် တဲ့ ...(ကုမ္ပဏီ အကြံပေး တဲ့)
အို့ ဟို ဒါကြောင့် ဒီလောက် လစာလေးနဲ့ မစာနာ မကြင် တာကိုး...
လက်မှတ်ကတော့ ညွှန်ကြားချက်အရ တှဲို့လ်မှုးကြီးခင်မောင်မြင့်(ငြိမ်း) က၊စ မြင့်ဆွေတဲ့ ....

Anonymous said...

တရုပ်တွေကိုချ

shein said...

ကဲ ဇာတ်လမ်းကတော့စပြီး -- လတ်မှတ်ထိုးထားတာက ဗိုလ်ဗှူးကြီးဆိုပါလားဟ အဘတို့ရဲ့စေတနာဆိုတာတွေကို အနှစ် ၂၀ ကျော် လက်တွေ့ဖြတ်သန်းလာရတာဆိုတော့ အဘတို့စက်ရုံကအလုပ်သမားတွေကို ပေးတဲ့ထောက်ပံ့ကြေးဆိုတာတွေဟာ နာမည်တပ်လို့ရပြီးတကယ်ခရီးမရောက်တဲ့ဖြစ်စဉ်တွေပဲဖြစ်မယ်လို့ အခုလက်ရှိအလုပ်သမားတွေရဲ့သပိတ်မှောက်မှုနဲ့အရင်ဖြတ်သန်းခဲ့တဲ့ အနှစ်၂၀ကျာ်အတွေ့အကြုံတွေက ပြောပြနေတယ်

မန်းလေးသား said...

company ရဲ့ အကြံပေးက ဗိုလ်မှူးကြီးခင်မောင်မြင့် ( ငြိမ်း ) ဆိုပြီးလက်မှတ်ထိုးထားတယ်နော်.... အဲဒါဘာသဘောလဲဗျာ...ခြိမ်းခြောက်တာလား.... ကျွန်တော်သိတဲ့ တပ်စည်းကမ်းတစ်ခုက မိမိရဲ့ တာဝန်ချိန်မဟုတ်ပဲ ပြည်သူတွေကြားသွားလာတဲ့အခါ စစ်တပ်ယူနီဖောင်းတောင်ဝတ်လို့မရပါဘူး....... တစ်ခါက ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက် ကျောင်းကအပြန် တပ်ထိန်းကတွေ့လို့ သူဒဏ်ရိုက်ခံရပါလေရောလားဗျာ.... သူကစစ်တပ်ယူနီဖောင်းနဲ့ပါ... သူငယ်ချင်းပြောတာက အဲလိုမှလက်ဘ်မထိုးရင် သူတပ်ကိုပြန်တဲ့အခါကျ အချုပ်ကျခံရမယ်လို့ပြောပါတယ် ( အပစ်ပေးတဲ့သဘောပေါ့ )... အခုကျတော့ ဦးခင်မောင်မြင့်က တပ်ကနေထွက်တာတောင် ရာထူးကိုဖော်ပြနေတယ်ဆိုတော့က.... အင်းစဉ်းစားစရာတော့ဖြစ်လာပြီ... သိတဲ့သူများရှိရင်လဲ ပြောပြကြပါဦးဗျာ.. ဘာကြောင့် အဲလိုပြီးခဲ့တဲ့ရာထူးကြီးကိုတပ်ထားရတာလဲဆိုတာ....

တာရာ said...

အောင်မြင်ပါစေ

Fighter said...

တပ်ထွက်လာတဲ့လူတွေက သူတို့ရဲရာထူးလေးတွေကို ငါဘာကောင်ကွဆိုတဲ့သဘောနဲ့ အမြဲထုတ်ဖေါ်ပြသတတ်ကြတယ်။
ကြောက်ကြမလားလို့ပေါ့ဗျာ။

Aung said...

အင်္ဂလိပ် အစိုးရတုန်းက တော့ ချောက်ကနေ၊ ခု မြန်မာအစိုးရကြတော့ မှော်ဘီကနေ၊ တခုမှ မကောင်းပါလား......

Nay Nwaye said...

ဘယ်လိုဘဲဖြစ်ဖြစ် ကြားထဲကအလုပ်သမားတွေ အလုပ်ပြုတ်မှာတော့စိုးရိမ်တယ်ဗျာ.. ဒီအခြေနေနဲ့ဆိုရင် သူတို့အတွက် နောက်အလုပ်တစ်ခုရဖို့က တော်တော်ခက်ခဲမယ်ဗျ။ သူတို့နောက်မှာ မိသားစုတွေရှိသေးတယ်လေ။ အဆိုးဆုံးအခြေနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်ဗျ။

Nay Nwaye said...

ဘယ်လိုဘဲဖြစ်ဖြစ် ကြားထဲကအလုပ်သမားတွေ အလုပ်ပြုတ်မှာတော့စိုးရိမ်တယ်ဗျာ.. ဒီအခြေနေနဲ့ဆိုရင် သူတို့အတွက် နောက်အလုပ်တစ်ခုရဖို့က တော်တော်ခက်ခဲမယ်ဗျ။ သူတို့နောက်မှာ မိသားစုတွေရှိသေးတယ်လေ။ အဆိုးဆုံးအခြေနေအတွက် ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်ဗျ။

glider said...

အလုပ်သမားတွေနဲ့ ပတ်သတ်သောဆောင်ရွက်မှု့ တွေက တကယ်တော့ company ရည်ရှည်တည်မြဲဖို့ ပါ။organization skills မြင့်မားလာရန်ဖြစ်ပါတယ်၊company တော်တော်များများလည်း လုပ်လေ့လုပ်ထ ရှိကြပါတယ်၊အခြေခံလုပ်အားခနဲ့ ၊ကူညီထောက်ပံ တာနဲ့ 
သီးသန့်စီပါ။ရောမချပါနဲ့လို့ဗိုလ်မှုးကြီး ခင်မောင်မြင့် (ငြိမ်း)ကို ပြောပြချင်ပါတယ်။

mamamay said...

အားလုံးအလျှော.အတင်းလေးနဲ.ညှိကြပါ၊
အလုပ်သမားတွေဘ၀ကလည်း..အလုပ်ရှင်
ကိုအားကိုးနေကြရတာပါ၊ကျွန်းကိုင်းမှီ-ကိုင်း
ကွန်းမှီမို....အပြန်အလှန်စာနာစိတ်လေးထားကြပါ၊

Powered by Blogger.