နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွန်ချုပ်အဆင့်ရာထူးများအပြောင်းအလဲ ဖြစ်နိုင်

ဧပြီ၁ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွှန်ချုပ်အဆင့်ရာထူးများ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းတွင် သတင်းဖြစ်ပေါ်လျှက်ရှိသည်ကို ကြားသိရသည်။

ကြားဖြတ် ရွေးကောက်ပွဲ ရှုံးနိမ့်မှုတွင် ၀န်ထမ်းများအား မစည်းရုံးနိုင်ခြင်းကြောင့် ရှုံးနိမ့်ရခြင်း ဖြစ်သည်ဟု ယူဆ၍ ၀န်ထမ်းများကို စည်းရုံးနိုင်ခြင်းမရှိသော ညွန်ချုပ်အဆင့် လည်ပယ်တူများကို ဖြုတ်ချသည်အထိပင် ဆောင်ရွက်လိမ့်မည်ဟု သုံးသပ်ပြောဆိုနေကြပြီး စဉ်းစားသုံးသပ်နေသည့် သဘောရှိကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းမှ သိရသည်။
Hot News
နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွန်ချုပ်အဆင့်ရာထူးများအပြောင်းအလဲ ဖြစ်နိုင် နေပြည်တော်မဲဆန္ဒနယ်များတွင် USDP ရှုံးနိမ့်မှုကြောင့် ညွန်ချုပ်အဆင့်ရာထူးများအပြောင်းအလဲ ဖြစ်နိုင် Reviewed by သစ်ထူးလွင် on 05:34 Rating: 5

28 comments:

Tri Asian Taste said...

လုပ်သင့်တာကြာပြီ အရည်အချင်းမရှိ၊ ကိုယ်ကျိုသမားများနေရင် ဘယ်အဖွဲ့အစည်းမှ မအောင်မြင်ဘူး။ ဖြုတ်သူတွေကိုယ်တိုင်က အရည်းအချင်းရှိအောင်လုပ်၊ အများပြည်သူတွေအတွက် အလုပ်များများလုပ်ပေါ့။ ဒါဆိုရင်ပြန်ကောင်းလာလိမ့်မယ်။

Toe Toe said...

မစည်းရုံးနိုင်လို့ဖြုတ်တာမဖြစ်နိုင်ဘူး သူတို့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကိုဝန်ထမ်း
တွေမနှစ်သက်လိုပြည်ခိုင်ဖြိုးရှုံးတာကိုအထက်ကခုမှနားလည်သွားပုံရပါတယ်။
သူတို့အရောင်ပြောင်းတွေကိုယ်ကြိုးဘဲလုပ်၊တပ်အချင်းချင်းဘဲနေရာတွေပေး၊အစိုးရသစ်တက်လာတဲ့အထိအရှိန်ကမကုန်ဒို့ဘဘတွေပြန်တက်တာဘဲဆိုပြီးအကျင့်ကပိုဆိုးလာတယ်။တစ်ချို့အရပ်သားဝန်ကြီးတက်တဲ့ဌာနတစ်ခုဆိုအောက်က
တပ်ထွက်လူကြီးအားလုံးစုပြီးဆန့်ကျင်တာကိုကြားရတယ်။ခုတော့ဘာမှမတတ်နိုင်
လို့မလုပ်မရှုပ်နဲ့ဝေလေလေလုပ်ပြီးလိုက်နေတယ်ကြားတယ်။အဲဒီဌာနတော့ဘယ်
တိုးတက်မလဲ။ဒါမျိုးတွေကဌာနအားလုံးမှာရှိနေတာ။မွဲပြီပေါ့။၂၀၁၅လဲရှုံးမှာမြင်သေး
တပ်အရပ်မခွဲဘဲလူမှန်နေရာမှန်တော်သူအမြန်ပေး၊နောက်မကျသေးပေါ့ဗျာ။

kaungkin said...

ပြည်ခိုင်ဖြိုးမရတာနဲ့ ညွှန်ချုပ်တွေလဲလှယ်တာ ဘာမှမဆိုင်၊ လက်ပံသားဓါးနဲ့ချိုင်သလိုဖြစ်နေမှာပေါ့။ ညွှန်ချုပ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေပဲ။ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆို...။ သူတို့မှာ ဘယ်ပါတီကိုမဲထည့်ပါလို့ စည်းရုံးပိုင်ခွင့်မရှိဘူး။ စနစ်ဟောင်းက အမူအကျင့်ဆိုးတွေကို ၀န်ထမ်းတွေကြားမှာလည်း သေသေချာချာတော်လှန်တိုက်ထုတ်ကြဖို့
လိုအပ်နေပါပြီ။ ၀န်ထမ်းတွေကြားမှာ ဒီမိုကရေစီဟာ ခုထိမှုန်ဝါးဝါးပါပဲ။

kaungkin said...

ပြည်ခိုင်ဖြိုးမရတာနဲ့ ညွှန်ချုပ်တွေလဲလှယ်တာ ဘာမှမဆိုင်၊ လက်ပံသားဓါးနဲ့ချိုင်သလိုဖြစ်နေမှာပေါ့။ ညွှန်ချုပ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေပဲ။ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆို...။ သူတို့မှာ ဘယ်ပါတီကိုမဲထည့်ပါလို့ စည်းရုံးပိုင်ခွင့်မရှိဘူး။ စနစ်ဟောင်းက အမူအကျင့်ဆိုးတွေကို ၀န်ထမ်းတွေကြားမှာလည်း သေသေချာချာတော်လှန်တိုက်ထုတ်ကြဖို့
လိုအပ်နေပါပြီ။ ၀န်ထမ်းတွေကြားမှာ ဒီမိုကရေစီဟာ ခုထိမှုန်ဝါးဝါးပါပဲ။

u kyawkyaw said...

ကြံ့ဖွတ်ကတော့ ၂၀၁၅မှာသွားရမှာဘဲ၊ဘယ်လိုလုပ်လုပ်ဆင်းရ မှာဘဲ၊၀န်ထမ်းတွေကလဲစားပြီးနားမလည်တဲ့ကောင်တွေဆိုတော့ဘာမှသုံးမရပါ၊သူတို့ကြောင့်တိုင်းပြည်ဆင်းရဲမွဲတေ၊နိုင်ငံတကာမှာအောက်တန်းကျနေတာ။ဒါကြောင့်ကြံ့ဖွတ်လဲဘာမှမတတ်နိုင်ဘူး နေ၀င်းခေတ်၊ သန်းရွှေခေတ်က၀န်းထမ်းတွေပါလဲရမယ်၊

မြန်မာခေတ်ပြောင်းတော်လှန်ရေး said...

ကြံ့ဖွတ်ထဲကလူတွေမှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတာမရှိဘူး။ စစ်အရေခွံလည်းတွေရဲ့ အကျိုးစီးပွားသက်သက်အတွက် လူဆိုးလူမိုက်တွေနဲ့ တိုင်းပြည်ကိုအခွံနွှာစားမယ့် လူအများစုနဲ့ ဖွဲ့ စည်းထားတာသာဖြစ်ပါတယ်။ ဘာနိုင်ငံေ၇းမူဝါဒမှမရှိပါ။ ရာထူးယူမယ် ပိုက်ဆံတောင်းမယ် လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်မယ်ဆိုတဲ့မသတီစရာ လူ့ ဗာလတွေပါ။ မြန်မြန်ကျဆုံးကြပါစေ။

မြန်မာခေတ်ပြောင်းတော်လှန်ရေး said...

ကြံ့ဖွတ်ထဲကလူတွေမှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတာမရှိဘူး။ စစ်အရေခွံလည်းတွေရဲ့ အကျိုးစီးပွားသက်သက်အတွက် လူဆိုးလူမိုက်တွေနဲ့ တိုင်းပြည်ကိုအခွံနွှာစားမယ့် လူအများစုနဲ့ ဖွဲ့ စည်းထားတာသာဖြစ်ပါတယ်။ ဘာနိုင်ငံေ၇းမူဝါဒမှမရှိပါ။ ရာထူးယူမယ် ပိုက်ဆံတောင်းမယ် လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်မယ်ဆိုတဲ့မသတီစရာ လူ့ ဗာလတွေပါ။ မြန်မြန်ကျဆုံးကြပါစေ။

ကိုကို said...

လွတ်လွတ်လပ်လပ်မဲဆန္ဒပေးလို့ရတယ်ဆိုလို့ပေးခဲ့တာပဲ.
ညွန်ချုပ်နဲ့ရောဘာဆိုင်လို့လဲ.လူတစ်ဦးချင်းစီရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်
ကိုဝင်ကိုင်တွယ်လို့မှမရတာ.ဒီပုံစံအတိုင်းလုပ် ၂၀၁၅ကျရင်ပိုဆိုးလိမ့်မယ်.
ဖွတ်တွေရေ..

ခင်မျိုးချစ် said...

နေပါဦး - အတော်ကြီးကို မရှင်းလို့မေးပါရစေ။ ၀န်ထမ်းဆိုတာ နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး ညွှန်ချုပ်အဆင့်အထိ မိမိပညာအရည်အချင်း လုပ်သက်များ ကျွမ်းကျင်မှုများအလိုက် ရာထူးအဆင့်ဆင့်တက်လာတဲ့သူတွေများပါတယ် (စစ်ဗိုလ်လူ ထွက်တွေရှိသော်လည်းပေါ့) ၀န်ကြီး ဒုဝန်ကြီးတွေသာ သမ္မတ ကနေတိုက်ရိုက်ခန့်လိုက်တဲ့ မိုးပေါ်က ကျလာသူတွေလို့ ထင်ပါတယ်။ ၀န်ထမ်းသည် ပါတီနိုင်ငံရေး နဲ့ကင်းရှင်းရမယ် မည်သည့်ပါတီဝင်မှမဖြစ်စေရဆိုတာရှိ တယ်မဟုတ်လား။ အခု ရွေးကောက်ပွဲ ရှုံးတာ နိုင်တာနဲ့ ညွှန်ချုပ်တွေနဲ့ ဘာဆိုင်လို့လည်း။ ညွှန်ချုပ်က မိမိဝန်ထမ်း တွေကို ပါတီအတွက်မဲဆွယ်ပေးရမယ်လို့ ဆိုလိုချင်တာလား ... အားလုံးရှုပ်ကုန်ပြီ

zmt said...

ဆန္ဒ မဲအရသာ တကယ်ပေးရင် ဘယ်သူမှကျန်မှာမဟုတ်ဘူး

Anonymous said...

ဘာမှ တော့ မဆိုင်ဘူး....
ဒါပေမယ့်.... ညွှန်ချုပ်တွေရဲ့ လုပ်ရပ်တွေကတော့...
အောကြောလန်ကြပါသည်...

tapaungthi said...

ဖွတ်မရ ဓါးမဆုံးတော့မယ် အဟဲ..။

mg gyi said...

ဝန်ကြီးအဆင့်ကောပြောင်းလဲဖို့မရှိဘူးလား

မမမေ said...

သေချာတာကကြီးနိုင်ငယ်ညှင်းအုပ်ချုပ်ခဲ.လို.ပေါ...

ZORRO said...

မှန်ပါတယ်။ တိုင်းပြည်ကိုဖျက်ဆီးနေတာ အဓိကအဆင့်မှာ ပါတာ အဲဒီညွှန်ချုပ်တွေဖြစ်ပါတယ်။ အထက်ဖားအောက်ဖိနဲ့ ရတဲ့တံစိုးလက်ဆောင်တွေယူ၊ လက်အောက်ငယ်သားကိုမညှာတာတဲ့လူတွေများပါတယ်။ အားလုံးမပါပါ။တော်တော်များများတော့ပါတယ်။ တာဝန်ခံပါ။ အရေးယူရင်လဲသူတို့ကိုအေ၇းယူသင့်တယ်။ အထက်နဲ့အောက်ခြေအဓိက ထိတွေ့ရတာသူတို့ပါ .၀န်ထမ်းကိုဘယ်လိုကိုင်တွယ်ရမယ်သူတို့မသိရင်၊ အဲဒီနေရာမယူသင့်/မပေးသင့်ပါ။ They r the main key stick holder. များဖြစ်ပါတယ်။

Min Lu said...

နိုင်ငံရေးပါတီတစ်ခုရဲ့အနိုင်အရှုံးနဲ့နိုင်ငံဝန်ထမ်းတစ်ဦးရဲ့ အလုပ်တာဝန် ဘယ်
လိုသက်ဆိုင်ပါသလဲ။

minsoeaung said...

လူကောင်းလူတော်တွေပြုတ်တာတော့မကြိုက်ဘူးဗျာ။
မဲရှုံးတာက အခြေအနေတစ်ခုကြောင့်ပါ။
အပြောင်းအလဲကိုလိုလားမှုကြောင့်ပါ။usdp ကြောင့်မဲရှုံး
တာပါ ။မှမသိဘဲ နီးစပ်ရာထူးရထားတဲ့သူတွေကြောင့်
ဖြစ်ရတာ။ဝန်ထမ်းတွေနဲ့ မဆိုင်ဘူး။မရမ်းပါနဲ့။

ဇာမဏီ said...

ဖြူတ်သင့်တဲ့ လူတွေက အများကြီးဗျ ။ ထိပ်ပိုင်းကစပီး ဖြူတ်ရမှာ။
အကောင်းဆုံးကတော့ ၂၀၁၅ ပီးရင် အဖွဲ့အစည်းကို ဖျက်သိမ်း
လိုက်တာ အကောင်းဆုံးပါဘဲ ။

Wai Yan Hpone said...

ဘာတုန်းဟ “ညွန်ချုပ်အဆင့် လည်ပယ်တူ” ဆိုတာ...???

ဒီမိုအောင် said...

နေပြည်တော်တွင်ဝန်ထမ်းတွေအများဆုံးရှိပါလျက်နှင့်ယှဉ်ပြိုင်သည့်မဲဆန္ဒနယ်လေးနေရာစလုံးရှံးခဲ့ရသည့်အတွက်ဝန်ကြီးများအားလုံးစိတ်ဆိုးဒေါသထွက်နေကြလျက်ရှိရာစက်မှုဝန်ကြီးဆိုသူကတော့ ၀န်ထမ်းများအားခေါ်ယူ၍ပြောကြားရာတွင် ” ခွေးတွေတောင်မှ အစားကျွေးတဲ့သခင်အပေါ်မှာသစ္စာစောင့်သိကြတယ်” ဆိုပြီးဝန်ထမ်းတွေကို ခွေးနဲ့နှိုင်းသွားကြောင်းသိရပါတယ်။

a said...

မစည်းရုံးနိုင်ခြင်းကြောင့်ဆိုတော့နိုင်ငံဝန်ထမ်းတွေကစည်းရုံးပိုင်ခွင့်ရှိလို့လား၊မင်းတို့လုပ်လိုက်ရင်ရှက်စရာချည့်ပဲ၊တော်တော်ပြောင်တာပဲ။(ညွှန်ချုပ်တွေကလျှို့ဝှက်ကြံ့ဖွတ်ပါတီဝင်တွေလား)

Jackceter Berry said...

သနားပါတယ် ဘာကြောင့်ရှုံး လဲခုထိ မသိရှာကြသေးဘူး။ ဟိုအပြစ်ရှာ ဒီအပြစ်ရှာနဲ့။

Guest said...

ပြောင်းလိုက်လဲ ဒီလူတွေပါပဲကွာ။အတူတူ နဲ့ အနူနူတွေပါပဲ။

Khonu said...

2010 ရွေးကောက်ပွဲတုံးက usdpအပြတ်အသတ်အနိုင်ရတယ်ဆိုတာ ဒီညွန်ချူပ်တွေရဲ့ ပယောဂလည်းမကင်းဘူး ဒါပေမဲ့ သူတို့လည်းအထက်အမိန့်ကိုမလွန်ဆန်ရဲကြပြန်ဘူး။၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကျတော့ သန့်ရှင်းမျှတမှူလေးရှိလာတော့ usdpအပြတ်အသတ်ရှုူံးတာပေါ့။ရွေးကောက်ပွဲကိုသန့်ရှင်းမျှတအောင်သာလုပ်ကြည့်။ဒီကောင်တွေဘယ်နည်းနဲ့မှ့ မဲ မရနိုင်ဘူး။

Unknown said...

ညွှန်ချုပ်တွေဦးဆောင်ညွှန်ကြားရေးမှူးတွေ၊ညွှန်ကြားရေးမှူးအဆင့်ထိ(ဝန်ကြီးဌာနအားလုံး) ၉ဝ % ဟာစစ်တပ်ကလူဝတ်
လဲလွှတ်လိုက်တဲ့သူချည်းပဲ၊။ဝန်ကြီးတွေလာဘ်ယူနိုင်အောင်စီစဉ်ပေးနေတာသူ
တို့ပဲ။အဲဒီကောင်တွေကိုယ်ကျိုးရှာပြီးလက်အောက်ကိုမကြည့်လို့ဝန်ထမ်းတွေက
ပါသူတို့ကိုမဲမပေးတာ။ဝန်ကြီးတွေထက်အရင်ညွှန်ချုပ်တွေကိုဖြုတ်ပစ်သင့်တာ
အမှန်ဘဲ။ပြီးရင်မဟုတ်တာလုပ်တဲ့(လာဘ်စားခြင်း၊မယားငယ်ယူခြင်း၊မော်ဒယ်လေးများကို သိန်းထောင်ချီပေးခြင်း၊သစ်ပါမစ်ပေးခြင်း၊အိမ်ဆောက်ပေးခြင်း) ဝန်ကြီးတွေအားလုံးဖြုတ်ပစ်သင့်ပါကြောင်း

waiphyonaing said...

ဝတ်မှာအမြဲ ငရဲမှာအပ တဲ့
ညွှန်မှူ ညွှန်ချုပ်ဆိုတဲ့လူတွေဟာ
ပြည်သူကို သူတို့ဝန်ထမ်းဘဝတလျှောက်
ဒုက္ခပေးလာသူများတယ်။
သူတို့လုပ်ခဲ့တဲ့ကံအတိုင်းအကျိုးပေးတာပါ။

ကောင်းစေချင်သူ said...

အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်ရှိ ဗဟိုစက်ပစည်းစာရင်းအင်း ဦးစီးဌာနရှိ ညွှန်ချုပ်နှင့် ဒုညွှန်ချုပ်အား အမြန်ဆုံး ပြောင်းရွှေ့သင့်ပါသည်။ အခြားဦးစီးဌာနများမှ ညွှန်ချုပ်များပြောင်းရွှေ့ပြိးဖြစ်ပါသည် ဥပမာ DICA,PAPRD,NAD စသည်ဖြင့်...............................

Min Min Zaw said...

u kyawkyaw said...

ကြံ့ဖွတ်ကတော့ ၂၀၁၅မှာသွားရမှာဘဲ၊ဘယ်လိုလုပ်လုပ်ဆင်းရ မှာဘဲ၊၀န်ထမ်းတွေကလဲစားပြီးနားမလည်တဲ့ကောင်တွေဆိုတော့ဘာမှသုံးမရပါ၊သူတို့ကြောင့်တိုင်းပြည်ဆင်းရဲမွဲတေ၊နိုင်ငံတကာမှာအောက်တန်းကျနေတာ။ဒါကြောင့်ကြံ့ဖွတ်လဲဘာမှမတတ်နိုင်ဘူး နေ၀င်းခေတ်၊ သန်းရွှေခေတ်က၀န်းထမ်းတွေပါလဲရမယ်.....
I Reply: စကားဆိုတာကြည့်ပြောရပါတယ်။ ကိုယ့်စကားကို ကိုယ်တာဝန်ယူနိုင်ပါရဲ့လားလို့မေးချင်ပါတယ်။ မယူနိုင်ရင်တော့ မပြောပါနဲ့။ ၀န်ထမ်းတွေဆိုပြီး ၀ါးလုံးရှည်နဲ့မရမ်းပါနဲ့။ ၀န်ထမ်းဘ၀ကို ထဲထဲဝင်ဝင်လေ့လာကြည့်ပြီးမှပြောပါ။ အင်တာနက်ပေါ်မှာ လူအထင်ကြီးအောင် ပြောလိုက်တာပါဆိုရင်တော့ ကိုယ့်အဆင့်အတန်းကို ကိုယ့်ဘာသာဖော်ပြတာပဲလို့မှတ်ယူလိုက်ပါမယ်။

Powered by Blogger.