သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ


ဓါတ်ပုံ-မြန်မာအင်ဒီပဲန်ဒင့်

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးဟာ နိုင်ငံရေးမူဝါဒဆိုင်ရာဘာသာရပ်တွေကို ရက်တိုသင်တန်းအဖြစ် ဆစ်ဒနီ တက္ကသိုလ်တစ်ခုမှာ တက်ရောက်လေ့လာနေကြကြောင်း

လေ့လာရေးခရီးစဉ်မှာပါဝင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အာအက်အေ ကို ပြောပါတယ်။

ဒေါ်စန္ဒာမင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဦးဇေယျသော်တို့ လည်း ဒီခရီးစဉ်မှာလိုက်ပါလာပြီး သီတင်းပတ် တစ်ပတ်ကျော် ကြာမြင့်မယ်လို့ဆိုပါတယ်။

ဒီလေ့လာရေးခရီးစဉ်ကို သြစတြေးလျ လေဘာပါတီက ဖိတ်ကြား
ဆောင်ရွက်ပေးခဲ့တာပါ။

အခုခရီးစဉ်ဟာ NLDလွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ပထမဆုံးအကြိမ် ပြည်ပ သင်တန်း တွေကို တရားဝင် တက်ရောက်လေ့လာတာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်ကို သွားရောက်လေ့လာမှာ ဖြစ်သလို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

လာမယ့်စနေနေ့မှာတော့ သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဆန်ဒနီမြို့မှာ
တွေ့ဆုံဆွေးနွေးပွဲ စီစဉ်ထားတယ်လို့ ဒေါ်စန္ဒာမင်းက
ပြောပါတယ်။

By: RFA Burmese
သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ Reviewed by သစ်ထူးလွင် on 09:01 Rating: 5

7 comments:

mad dog said...

အလွန်ကောင်းပါတယ် ။ လွှတ်တော် အမတ်ဆိုတာ အခုလို ပြည်ပ အတွေ့အကြုံတွေ သင်တန်းတွေ ဗဟုသုတတွေ အများကြီး လိုပါတယ် ။ ဖွတ်တွေ အတွက် ကတော့ င၇ဲပြည် အတွေ့အကြုံပဲ လို တော့တယ်။

Unknown said...

ကျနော်က နိုင်ငံရေးသမားတော့မဟုတ်ပါဘူး...။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံရေးကိုတော့ စိတ်ဝင်စားပါတယ်...။
တိုင်းပြည်ကို ကောင်းကျိုးပြုမဲ့ အမေစုရဲ့ NLDမျိုးဆက်သစ်တွေကိုတော့ ယုံကြည်ပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မြန်မာလူမျိုးတွေရှေ့တန်းရောက်ဖို့ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားလို့ပါပဲ...။

thawzin said...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို မြန်မာဝတ်စုံတွေဝတ်ပြီး လေ့လာမှုတွေ လုပ်စေချင်ပါတယ်.... သူ့နေရာနဲ့သူလို့ဆိုပေမဲ့ အနောက်တိုင်းဝတ်စုံထက် မြန်မာဝတ်စုံက ပိုပြီးကြက်သရေရှိတယ်လို့ထင်တယ် နောက်ပြီး NLD ဆိုတာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ရပ်လို့မြင်လို့ပါ.... ကျွန်တော့ရဲ ထင်မြင်ယူဆချက် သက်သက်ပါ.... အစွန်းရောက်သလိုဖြစ်ရင် တောင်းပန်ပါတယ်......

supergunner said...

ကြံခိုင်ရေးကိုလည်း...ဖိတ်ခေါ်ပါတယ်ဗျ.. ဘာတဲ့.. မျောက်ကိုရီးယားရဲ့ မီးပုံးပျံ
လွတ်ပွဲတို့ .. သူယုတ်ပြည့်သူသမ္မတနိုင်ငံရဲ့  တစ်ပါတီအနှစ် ၅၀ ဆိုလား ၁၀၀ ဆိုလား အခန်းနားတို့ လေ.. ဟဲဟဲ

BaNyar said...

ကြိုးစားထား...ကိုလင်းလင်း နဲ့ ကိုဖေယျာသော် တို့ရေ
ဒေါ်စန္ဒာလဲ...နှစ်ဆနော်..အားကိုးတယ်ဗျာ...

sean said...

ကောင်းတာပေါ့.. သူတို့ အပါအဝင် ၈၈ကျောင်းသားအဖွဲ့ ပါ နိုင်ငံခြား လေ့လာရေး ခရီး သွားသင့်ပါတယ်... ထောင်ထဲ မှာ အချိန်တွေ အများကြီးကုန်ခဲ့ရတာ မြန်မာ၊ ကမ္ဘာ့ အခြေအနေတွေ သိသင့်တယ်..
၈၈တွေကတော့ ပြည်တွင်း မှာစလေ့လာနေပြီ.. ဇာဂနာတောင် မြန်မာပြည် ပြန်ရောက်ရင် ပိုရင့်ကျက်သွားလိမ့်မယ်..ဗန်ကောက်အခြေအနေ လက်တွေ့မြင်လိုက်ရတော့ ရှော့ဖြစ်သွားတယ်တဲ့..ကြံ့ဖွံ့တွေကော သွားသင့်ပါတယ် ဖိတ်သင့်တယ် တရုတ်ပြည်ဘဲ သူတို့ရောက်ဘူးကြတာမို့ တရုတ်ကို ဘဲ အထင်ကြီးနေရှာတယ်...
အောက်စဖို့ မှာနေလာခဲ့တဲ့ အမေစု တောင် နိုင်ငံခြားခရီးသွားဖြစ်ရင် ၂၄နှစ်တာကာလ သူများတွေ ပြောင်းလဲတိုးတက်သွားတာ ကို အလေးအနက်အသိအမှတ်ပြုသွားလိမ့်မယ်...
လက်တွေ့မြင် သိ ခံစားမှ ပို သိနားလည်ပါတယ်...

ကိုသစ်ရဲ့ ပရိတ်သတ် said...

နိုင်ငံမှာ ကြိုးစာတဲ့လူတွေ ချောင်ထဲ ရောက်နေတာကိုက မဟုတ်တာ။
အကျဉ်ထောင်ထဲ ရောက်တဲ့သူတွေကရောက်၊ တိုင်းတပါးကို သွားအလုပ်လုပ်နေရတဲ့လူတွေက အလုပ်လုပ်နဲ့ ဘယ်ကလာ တိုင်းပြည်တိုးတက်မှာလဲ။
ခုလို ကိုလင်းလင်း၊ကိုဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်း တို့လို နိုင်ငံအတွက် လုပ်ဆောင်နေတာက ကျနော်တို့ရဲ့ သမိုင်းသစ်စာမျက်နှာ တရပ်ပါပဲ။
ကြိုးစားကြပါဗျာ။ ကျနော်တို့ခေတ်မှာ မြန်မာနိုင်ငံလေး အဖတ်ဆယ်လို့ ရတဲ့ အဖြစ်မျိုးလေး မြင်ချင်လို့ပါ။

Powered by Blogger.