GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ

ဂျီအက်စ်အမ်တယ်လီ ဖုန်းများကို မေ ၇ ရက်မှစတင်၍ အင်တာနက်လိုင်းများသုံးစွဲခွင့် ပြန် လည်ချပေး တော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

 ယင်းကဲ့သို့ အင်တာနက်လိုင်း များချထားပေးရာတွင် ယခင် ကျပ် ၁၅ သိန်းတန်ဂျီအက်စ်အမ်တယ်လီ ဖုန်းများ အပါအဝင် တန်ဖိုးနည်း ဂျီအက်စ်အမ်တယ်လီဖုန်းများအား လုံးကို အင်တာနက်သုံးစွဲခွင့်လိုင်း များချထားပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ် သို့အတည်ပြုပြောကြားသည်။

''ဂျီအက်စ်အမ်တွေအားလုံးကို အင်တာနက်လိုင်းတွေပြန်ချပေးတော့ မှာပါ''ဟုမြန်မာ့ဆက်သွယ်ရေး မိုဘိုင်း တယ်လီဖုန်းဌာနမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ယခင်ကရပ်နားထားသည် ဂျီ အက်စ်အမ်တယ်လီဖုန်းများအင်တာ နက်လျှောက်ထားခွင့်ကို ခေတ္တ ရပ် နားထား ရာမှ ယခုအခါပြန်လည် သုံးစွဲခွင့်ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ အင်တာနက်လိုင်းများသုံးစွဲခွင့် လျှောက်ထား ရာတွင် လျှောက်ထား သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် လျှောက်ထားမည့် တယ်လီဖုန်း မှန်ကန်ကြောင်း အထောက်အထားများ ဖြင့်ပူးတွဲလျှောက်ထားရမည်ဖြစ် ကြောင်းသိရ သည်။

''အခုဂျီအက်စ်အမ်တွေ တယ် လီဖုန်းတွေ အင်တာနက် လျှောက် ထား ရင် ကျပ် ၁၀၀၀၀ သွင်းရုံနဲ့ လျှောက်ထားနိုင်ပါပြီ''ဟုယင်းက ဆက်လက်ပြော ကြားသည်။ အင်တာနက်သုံးစွဲခနှုန်းထား များမှာ ဂျီအက်စ်အမ် တယ်လီဖုန်း များတွင် (GSM 2.75G) (EDGE)) တစ်မိနစ်လျင် ၂ကျပ်၊ WCDMA  3G ဖုန်းများ သုံးစွဲခနှုန်းထားများမှာ တစ်မိနစ်လျင် ၄ကျပ်နှင့် CDMA 800 (EVDO) ဖုန်းများတွင် သုံးစွဲခနှုန်းထားမှာ တစ် မိနစ် လျင် ၄ကျပ်နှုန်းဖြင့် ကောက် ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်း ကဲ့သို့လျှောက်ထားမှု များကိုမြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများ တွင်လျှောက်ထားနိုင်မည့်အပြင် မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (ရွှေဂုံတိုင်) ၊အလုံအိတ်ချိန်းဝန်း  (ဗဟိုရ်စည်မှတ်တိုင် အနီး) နှင့် မြန်မာ့ဆက်သွယ်ရေး (ပန်းဆိုးတန်း) ရုံးတို့တွင် လျှောက်ထား  နိုင်ကြောင်း  သိရသည်။

ရန်ကုန်တိုင်းမ်
GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ Reviewed by သစ်ထူးလွင် on 17:02 Rating: 5

28 comments:

minsoeaung said...

ဝမ်းသာလိုက်တာဗျာ။
gsn တွေကိုတစ်မိနစ် ၂ ကျပ်လုပ်သလိုအားလုံး အတူတူ
ဖြစ်အောင်သတ်မှတ်လိုက်ရင်ပိုကောင်းမယ်နော်။
တခြားဖုန်းတွေကအရေအတွက်နည်းပါတယ်။
ကျေးဇူးတင်ပါသ်။ည

Anonymous said...

ကိုသစ်ထူးလွင်ရေ ကျွန်တော်တို့ မန်းလေးမှာတော့ ဖုန်းတွေအားလုံးမပွင့်သေးဘူးဗျာ။09402547 ဖုန်းတွေက မပွင့်သေးဘူးဗျ
ပွင့်တဲ့ဖုန်းတွေလဲ ပွင့်နေတယ် ဘယ်လိုဖြစ်နေလဲကို မသိပါဘူး။ဘယ်သူ့ကိုမေးရမလဲ ကိုမသိဘူး ဆက်သွယ်ရေးကိုမေးတော့လဲဆိုင်ကိုမေးပါတဲ့ ဆိုင်ကိုမေးတော့လဲ ဆက်သွယ်ရေးကိုမေးပါတဲ့။ကိုသစ်ထူးလွင်ဖြစ်နိုင်ရင်မေးပေးပါ့လားဗျာ။

thatonthar said...

နယ်တွေးရောပါလား

ဖိုးတောက် said...

အလကားပေးသုံးရင် ဘယ်လောက်များကောင်းလိုက်မလဲနော်...
ဖုန်းရှိတဲ့လူတွေအတွက်ပြောတာပါ...

Anonymous said...

သောက်ပြောတွေပါကွာ စောင့်လည်းကြည့်ကြပါအုံး
အလုပ်ဖြစ်မဖြစ်ဆိုတာ ဖုန်းဆက်တာတောင်
"ဟယ်လို ကြားရလား ဟယ်လို အေး ပြော ဟယ်လို "
အဲဒါနဲတင် ပိုက်ဆံစားသွားတာ ဟုတ်တိပတ်တိ ဘာမှမပြောလိုက်ရဘူး
ဘေးချင်းယှဉ်ပြီး ဖုန်းစမ်းကြည့်တာ ဆက်သွယ်မှု့အပြင်ရောက်လို့ရောက်
အခု အင်တာနက်တဲ့ ယောင်တောင်တောင် ဝါးတားတားတွေ

linnlinnhtay said...

တစ်သောင်းပေးပြီး အင်တာနက်လျှောက်မည့်သူများအတွက်
၁) စနစ်ပြင်ဆင်ခ အတွက် ပိုက်ဆံထပ်မံတောင်းခံလျှင်စိတ်မဆိုးရန်
၂) အင်တာနက်သုံးရာတွင် လိုင်းကျမှုများဖြစ်ပေါ်ပါက စိတ်မတိုရန်
၃) လိုင်းမကောင်းသော်လည်း prepaid card မှငွေဖြတ်ယူခြင်းအား ဒါနပြုခြင်း ဟုမှတ်ယူရန်
၎) ရံဖန်ရံခါ connection ကောင်းလျှင် တစ်ဖက်လူသို့ မှာကြားမည့်စကား( သို့ ) တင်လိုသော comment များ ကြိုတင်ရှိနေရန်

အားသာချက်များ
၁) အိမ်ရှင်မများ ချက်တင်သုံးလျှင် sign in လုပ်ပြီး connecting ဖြစ်နေလျှင် ဟင်းလေး၊ ငါးမျိုး ချက်နိုင်ခြင်း
၂) အဖေ၊ အမေတို့လက်ထက်က စာတစ်စောင်ပို့လိုလျှင် လေး၊ ငါးရက်ခန့်ကြာသော်လည်း GSM များအင်တာနက်သုံး၍ရပြီဖြစ်သဖြင့် နံနက် စာပို့ထားလျှင် ညနေ (သို့) ည ဖတ်နိုင်ခြင်း
၃) နိုင်ငံတကာတွင် (ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ) GSM ဖုံးအင်တာနက် သုံး၍ရသည်ဟု ပြောဆိုနိုင်ခြင်း
မှတ်ချက်*** နယ်မြို့များအတွက် ငွေပေး၍၀ယ်ယူထားသည်မှန်သော်လည်း ဒီတစ်ကြိမ်စမ်းသပ်မှု တွင်မပါဝင်သေးသဖြင့် ၀မ်းမြောက်ကြပါကုန်လော့။

mon lay said...

ကောင်းလှချည်လားဗျာ အဲလိုဖြစ်နေရမှာပေါ့

moe said...

GSMကြတော့၂ကျပ် WCDMAနဲ့CDMA800ကြတော့၎ကျပ် ဘာကွာသွားလို့လဲ

hoh said...

အင်း (၁)လုံး (၁)သောင်း။ အလုံး(၁)သန်းဆို သန်း(၁)သောင်း။
ဒါတောင် သုံးစွဲခမပါသေး။ ရှာကြဖွေကြပေါ့ ဖုန်းသုံးစွဲသူတွေ။
ကော်နရှင်ကောင်းမကောင်းမသိ။ ပိုက်ဆံလေးတွေတော့ ထပ်ပေးလိုက်ကြအုံးပေါ့။

myo kyaw said...

ကိုသစ်ရေ
အင်တာနက်က ဖုန်းလိုင်းမိတဲ့ နေရာတိုင်းမှာ သုံးရလို့ရမလား..ဒါမဟုတ် Wi-fi ရှိတဲ့နေရာမှာမ သုံးလို့ရမှာလားဗျ...တချက်လောက် ဖြေကြားပေးပအုံး.....

thet said...

မယုံတဝက်၊ယုံတဝက် ယုံရခက်ြ­ကီးပါ
တစ်သောင်းတော့ရင်းလိုက်ဦးပေါ့

kyaw kyaw said...

imm taw taw kg mel internet connection :P ?

cthuaung said...

အားလုံးကိုအတူတူဖြစ်စေချင်ပါတယ်

cthuaung said...

အတူတူဖြစ်စေချင်ပါတယ်ပြောလို့ ရရင်ပေါ့

cthuaung said...

အားလုံးကိုအတူတူဖြစ်စေချင်ပါတယ်ခင်ဗျ

ksho said...

ပိာုပာာလဲလျှောက် ဒီပာာလဲလျှောက် ကြာရင်မင်းတို့ခေါင်းပေါ်တက်လျှောက်ခံရမယ်

cherish said...

အဲဒီ့ ဆသရ (ဆောက်သရမ်း) တွေကပေးတော့မှာပေါ့။ ဒါမှ ပုဂ္ဂလိက ကို second operator level မချပေးခင်မှာ အားရပါးရခိုးကြအုံးမှာလေ။ ဟိုနေ့က တသောင်းတန်ကဒ်တစ်ကဒ် ၀ယ်ပြီး code ရိုက်ထည့်လိုက်တော့ your balance is 9600 တဲ့ ဘယ်သူ့ကို တိုင်လို့ ဘယ်သူက အရေးယူပေးမှာလဲ။ message နှစ်စောင်ပို့ပြီး balance စစ်လိုက်တော့ ၁၀၀ နှုတ်သွားတယ်လေ။ သိထားတာက message တစ်စောင်ပို့ခ ၂၅ ကျပ်လေ။ တချို့ကပြောတော့ စာလုံးရေများသွားရင် ၅၀ ယူတယ်တဲ့။ official announcement ထွက်လားဆိုတော့လဲ သေချာတော့ မသိဘူးတဲ့။ ဘာတွေလဲကွာ SMS က ကြေနန်းပို့တာမှ မဟုတ်တာ။ စာလုံးရေပေါ်မှာ ဈေးနှုန်းကွာစရာကို အကြောင်းမရှိဘူး။ ဘာတွေမှန်းကိုမသိတော့ဘူး။ သိတဲ့သူ၊ နားလည်တဲ့သူ၊ သက်ဆိုင်တဲ့သူတွေ ရှင်းပြကြပါအုံး။

KOSAICOS said...

အင်းပြောမယ့်သာပြောတာဗျ ကျနော် 73 အခုအချိန်ထိ အင်တာနက်သုံးလို့အဆင်မပြေသေးဘူးဗျ ဌာနကို ဖုန်းဆက်လိုက်တာ ဌာန ဖုန်းမှားနေတယ်ပဲပြောတယ်ဗျာ
ပိုက်ဆံကတော့ 30000 သွင်းလိုက်ရတယ် ဘာမှ ကို မထူးလာတာ ဘာတာဝန်ယူဖြေရှင်းမှုမှလဲမရှိတော့ဘူး တကယ်တမ်းဆို အင်တာနက်ဆို တာ ဖုန်းလိုင်းဌားတာနဲ့ တစ်ခါတည်း ပါရမှာ အခုက ပြန်လျှောက်နေရတယ်ဆိုတော့ အခြေနေက မလန်းဘူးဖြစ်နေတယ်။

Anonymous said...

ကိုမင်းစိုးအောင် သိပ်လည်းဝမ်းသာ မစောပါနဲ့ဦးဗျာ.. တစ်မိနစ် ၂ ကျပ် ဆိုပေမယ့်၊ သူတို့က သုံးစွဲတာကို ဒေါင်းတဲ့ ပမာဏနဲ့ မကောက်ပဲ အချိန်နဲ့ ကောက်တဲ့အတွက် စီဒီအမ်အေဖုန်းက ဒေါင်းလို့ပြီးနေတဲ့အချိန်မှာ ဂျီအစ်အမ်က စပိဒ်နှေးတဲ့အတွက် မပြီးသေးဘဲ အချိန်သုံးစလောက် ပိုကြာပါတယ်။ အဲဒီတော့ စီဒီအမ်အေက ၄ ကျပ်မှာ ဂျီဖုန်းက ၆ကျပ်လောက် ကျနေပါပြီ။ အစိုးဆုံးက ဖုန်းအများစုက ကွန်နက်ရှင်ကို အော်တိုသွားသွား ချိတ်တာပါပဲ။ အသုံးပြုသည် ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ဖုန်းက အင်တာနက်သွားချိတ်နေတာနဲ့ ခင်ဗျား အသုံးပြုခ ကျနေပြီ၊ ကိုယ်တိုင်တောင် မသိလိုက်ပဲ အိပ်ထဲကငွေတွေ သူခိုးက ၀င်ခိုးသွားပြီ၊ တကယ်တမ်း ဖြစ်ရမှာက အသုံးပြုတဲ့ ပမာဏအပေါ်မှာ ကျသင့်ငွေ ကောက်ခံရမှာပါ။ အဲဒါက စနစ်အမှန်ပါ။ အခုတော့ သူတို့ရဲ့ အင်တာနက်စပိဒ်ကို အသားကုန် နှေးအောင်လုပ်ထားပြီး ကျသင့်ငွေကို အချိန်နဲ့တွက်ပြီး ကောက်ခံတာဟာ နှစ်ပေါက်တစ်ပေါက် နားလှည့်ပါးရိုက်တာပါ။ ရိုးသားမှု၊ စေတနာ လုံးဝမရှိတာ ရှင်းပါတယ်။ ပြည်သူတွေကို အသိပညာ၊ ဗဟုသုတ နည်းအောင် စနစ်တကျ လုပ်ခဲ့တယ်။ ဒါမှ သူတို့လုပ်ချင်တာလုပ်၊ ညာချင်တာ ညာလို့ရမယ်လေ။ ပြည်သူကတော့ ခံပေါ့.... ရင်နာတယ်။

Anonymous said...

ကိုမင်းစိုးအောင် သိပ်လည်းဝမ်းသာ မစောပါနဲ့ဦးဗျာ.. တစ်မိနစ် ၂ ကျပ် ဆိုပေမယ့်၊ သူတို့က သုံးစွဲတာကို ဒေါင်းတဲ့ ပမာဏနဲ့ မကောက်ပဲ အချိန်နဲ့ ကောက်တဲ့အတွက် စီဒီအမ်အေဖုန်းက ဒေါင်းလို့ပြီးနေတဲ့အချိန်မှာ ဂျီအစ်အမ်က စပိဒ်နှေးတဲ့အတွက် မပြီးသေးဘဲ အချိန်သုံးစလောက် ပိုကြာပါတယ်။ အဲဒီတော့ စီဒီအမ်အေက ၄ ကျပ်မှာ ဂျီဖုန်းက ၆ကျပ်လောက် ကျနေပါပြီ။ အစိုးဆုံးက ဖုန်းအများစုက ကွန်နက်ရှင်ကို အော်တိုသွားသွား ချိတ်တာပါပဲ။ အသုံးပြုသည် ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ဖုန်းက အင်တာနက်သွားချိတ်နေတာနဲ့ ခင်ဗျား အသုံးပြုခ ကျနေပြီ၊ ကိုယ်တိုင်တောင် မသိလိုက်ပဲ အိပ်ထဲကငွေတွေ သူခိုးက ၀င်ခိုးသွားပြီ၊ တကယ်တမ်း ဖြစ်ရမှာက အသုံးပြုတဲ့ ပမာဏအပေါ်မှာ ကျသင့်ငွေ ကောက်ခံရမှာပါ။ အဲဒါက စနစ်အမှန်ပါ။ အခုတော့ သူတို့ရဲ့ အင်တာနက်စပိဒ်ကို အသားကုန် နှေးအောင်လုပ်ထားပြီး ကျသင့်ငွေကို အချိန်နဲ့တွက်ပြီး ကောက်ခံတာဟာ နှစ်ပေါက်တစ်ပေါက် နားလှည့်ပါးရိုက်တာပါ။ ရိုးသားမှု၊ စေတနာ လုံးဝမရှိတာ ရှင်းပါတယ်။ ပြည်သူတွေကို အသိပညာ၊ ဗဟုသုတ နည်းအောင် စနစ်တကျ လုပ်ခဲ့တယ်။ ဒါမှ သူတို့လုပ်ချင်တာလုပ်၊ ညာချင်တာ ညာလို့ရမယ်လေ။ ပြည်သူကတော့ ခံပေါ့.... ရင်နာတယ်။

မောင့်ပန်းသဇင် said...

အရမ်းကောင်းပါတယ် .. ကျေးဇူးကြီးမားလှပါတယ် ခင်ဗျာ..ဘယ်လိုပဲ ဖြစ်ဖြစ်သုံးခွင့်ရ ပြီဆိုတော့ ၀မ်းသာရမှာပေါ့

Myo Thaw said...

အင်တာနက်ဝန်ဆောင်မှုအတွက် ...ငွေဖြည့်ကဒ်ကနေနုတ်ယူတဲ့ စနစ်နဲ့သွားရင် ပိုအဆင်မပြေနိုင်ဘူးလားလို့ ... အခုချိန်အထိကို မြန်မာဆက်သွယ်ရဲ့ အိုင်တီယာကို ခန့်မှန်းလို့မရဘူး ..

ကိုကြီးကျော် said...

တစ်မိနစ် ဘယ်လောက်ဆိုပြီး မယူပဲ လစဉ်ကြေးနဲ့ ယူပေးရင်ပိုကောင်းမယ်။

minnwe said...

ဖုန်းတောင်အဆင်မပြေသေးတာအင်တာနက်လုပ်ပြန်ပြီ
ပြည်သူတွေကအဆမတန်စားထားမ၀သေးဘူးဘား
ဆက်သွယ်ရေး-နို့ ဆီဘူးနှစ်လုံးတပ်တာတောင်အဆက်အသွယ်ကောင်း
အုံးမယ်သုံးစားလို့ မရတဲ့ဆက်သွယ်ရေး

မောင်မောင် said...

linnlinnhtay


ပြောထားတာလေးသဘောကြတယ်

ဟဲလိုကြားလား..linnlinn
ကြားရင်ကြာတဲ့အကြောင်း ပြန်ပြောပြပါ..မကြားရင်လည်း မကြားတဲ့အကြောင်း ပြန်ပြောပါ...ဟားဟား ဗမာပြည်ကို ဖုန်းဆက်ရင် အဒီလို..အဒီလို..မောင်မောင်(ကိုရီးယား)

fortuneleader said...

မှတ်ချက်။ စိတ်တိုတတ်လျှင်၊နှလုံးရောဂါရှိလျှင်၊သွေးတိုးရှိသူများအင်တာနက်သုံးခြင်းသီးခံပါ။ connection စောင့်ရင်းအသက်ထွက်သွားမှာစိုးလို့ပါ။

ကောင်းစေချင်သူ said...

ဒီဖက်။ ။ဟဲလို...ဟဲလို..မကြားရဘူးလား...ခွီးမှပဲ
ဟိုဖက်။ ။ဟလို ဟလို..ဘယ်ကလဲမသိဘူး ဘာမှလဲမပြောဘူး...
ဒီဖက်။ ။ဂရင်း ဂရင်း..ဂရစ်အစ်အစ်..ဂရစ်ဂရစ်အစ်...ဟင်းးးးးသေ
ချာပါတယ်ခေါ်ရဦးမှာမဟုတ်ဘူး..ပြန်ခေါ်မှ
ဒီဖက်။ ။ဂရင်း...ဂရင်းး အင်းအသံအတော် ကောင်းသားပဲရမှာပါ..
ဟိုဖက်။ ။ဟလို...ဟလို..နည်းနည်းကျယ်ကျယ်ပြောပါလား
ဘာမှကိုမကြားရဘူး......
ဒီဖက်။ ။ ငါကကြားရတယ်ဟ..မင်းမကြားရဘူးလား...ခွီးမှပဲ..
ငါ....တယ်.....ငါ*&^%$%^&ဖုန်းပေါက်ခွဲလိုက်ရ...
ဒီဖက်+ဟိုဖက်။ ။ အေး..လိုင်းကောင်းသွားပြီဟအက်ခိုးသံတွေ
ပါနေတယ်နေကောင်းလား...အလုပ် တွေရော
အဆင်ပြေလား..ငါတို့နိုင်ငံကြီးရော
တော်တော်ကောင်းလာ.ပြီလား.လား.....
...တီတီတီ....တောက်....ကုန်သွားပြီ...ဟင်းးးး

Anonymous said...

7.5.12တွင်73နှင့်စသောဖုန်းကိုအင်တာနက်၁၀၀၀၀ကျပ်ဖြင့်လျှောက်ထားလို့ရသည်ကိုကြေငြာထားလို့8.5.12ရက်တွင်အလုံအိတ်ချိန်းရုံးကိုသွားလျှောက်ရာလိုင်းပိတ်သွားပါပြီတဲ့ဘယ်လိုလဲဆသရရေ?ဘယ်သူကိုအဖေခေါရမလဲ

Powered by Blogger.