မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ

ချင်းမိုင်(မဇ္စျိမ) ။        ။ မြန်မာ ပြည်သူအများက ကန့်ကွက်ခြင်းခံရသည့် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍
ဒေသခံများအား တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI မှ စည်းရုံးပြောကြားချက် ဗီဒီယို မှတ်တမ်းတခုကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က မြန်မာဘာသာသို့ ပြန်ဆိုကာ တနင်္လာနေ့က ဖြန့်ချိလိုက်သည်။

ဧပြီလ ၁၈ ရက်နေ့က အောင်မြင်သာ ကျေးရွာရှိ ဒေသခံအချို့နှင့် CPI ကုမ္ပဏီ တွေ့ဆုံမှု ဗီဒီယိုမှတ်တမ်းမှ CPI အရာရှိ LU Qizhou တရုတ်ဘာသာဖြင့် ပြောဆိုမှုကို မြန်မာဘာသာ ပြန်ဆိုပေးထားခြင်း ဖြစ်သည်။

“မြစ်ဆုံစီမံကိန်း ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီရွာမှာ အကျိုးအရရှိဆုံးပေါ့။ ဒီ မြန်မာနိုင်ငံဟာ အကျိုးအရရှိဆုံးနိုင်ငံ
ဖြစ်လာမယ်ဗျ။ အခုကျနော်တို့ စီမံကိန်း ဆိုင်းငံ့တဲ့အတွက် အစစအရာရာ အဆင်မပြေဘူး ဖြစ်လာတယ်။ နောက်ပိုင်း ဒီစီမံကိန်း ပြန်စမယ်။ အကုန်လုံး ကောင်းကောင်းမွန်မွန်ဖြစ်လာမယ်။ စီမံကိန်း အကောင်အထည် ဖော်တဲ့အချိန် ဒီရွာထဲမှာ ရှိတဲ့ ရွာသားတွေရော အကုန်လုံး Site ထဲ ဝင်သွားလို့ ရပါတယ်။ ပြီးရင် လူဦးရေ နှစ်သောင်းကျော်ကျော် က ဘေးနားမှာ ဆိုင်ဖွင့်လို့ ရပါတယ်။ စီမံကိန်းထဲမှာ စီးပွားရေးလုပ်လို့ ရတယ်။ နောက်ပိုင်း ဒီစီမံကိန်းပြီးရင် စက်ရုံထဲမှာ အလုပ်လုပ်လို့ ရမယ်” ဟု LU Qizhou ၏ အပြောကို စကားပြန်က ဘာသာပြန်ပေးထားသည်။

ထို့ပြင် “မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးဟာ လုံးဝစိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်”ဟု CPI အရာရှိက ထပ်မံ ပြောဆိုသွားသည်။

စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်္ဘာလအတွင်း သမ္မတ အမိန့်ဖြင့် ၂၀၁၅ ခုနှစ်အထိ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ LU Qizhou က ဘရာဇီးနိုင်ငံ၏ အနောက်တောင်ဘက်ရှိ အီတိုင်ပု-Itaipu ရေကာတာ စီမံကိန်းအား သူသွားရောက်လေ့လာပြီး ပြန်လာခဲ့ကြောင်းနှင့် အဆိုပါ စီမံကိန်း မစတင်မီ စီမံကိန်းအနီး အလွန်ဆင်းရဲသည့် လူဦးရေ တသောင်းမှာ ရေကာတာ ဆောက်ပြီးနောက် ဘရာဇီးနိုင်ငံတွင် အချမ်းသာဆုံးမြို့တမြို့ ဖြစ်လာခဲ့ကြောင်း လက်ရှိ လူဦးရေ သုံးသိန်းထိ တိုးလာသည်ဟု စကားပြန်မှတဆင့် ပြောဆိုထားသည်။

စီမံကိန်းကြီး ပြီးဆုံးပါက လူနေမှုအဆင့် မြင့်မားလာကာ မြစ်ဆုံ၏ အထက်ပိုင်း ရေကန်ကြီး ဖြစ်လာကာ ယခင်ထက် ရှုခင်းပိုမိုလှပကာ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုရောက်ရှိလာနိုင်မည်ဟု သူက ပြောဆိုခဲ့သည်ဟု ဗီဒီယိုမှတ်တမ်းအရ သိရသည်။

အောင်မြင်သာကျေးရွာမှ ဒေသခံတဦးကလည်း “စီမံကိန်းကို ပြန်ဆောက်မယ်ဆိုရင် မင်းတို့အတွက် တိုးတက်လမ်း အများကြီးရှိတယ်ဆိုပြီး စည်းရုံးသွားတယ်။ မင်းတို့ အပေါ်မှာပဲ မူတည်တယ်။ မင်းတို့ စကားတချက်ဆိုရင် ကျနော်တို့ ဆက်ဆောက်သွားလို့ ရတယ်။ မင်းတို့ စဉ်းစားကြပါ”ဟု မစ္စတာ LU Qizhou ၏ စကားကို ပြန်ပြောပြသည်။

အဆိုပါ CPI နှင့် ဒေသခံတွေ့ဆုံပွဲ ဗီဒီယိုမှတ်တမ်းအား ဖြန့်ချိရခြင်းမှာ CPI အနေဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းအား ဆက်လက် လုပ်ဆောင်သွားရန် ရည်ရွယ်ချက် ရှိနေသေးသည်ကို သိရှိကြစေရန် ဖြစ်သည်ဟု KDNG မှ ဒုတိယ တာဝန်ခံ ဆားဂျီ က ပြောသည်။

“အစိုးရက ရပ်ဆိုင်းထားပေမယ့် သူတို့က ထပ်လုပ်ချင်တဲ့ ဆန္ဒရှိနေတယ်ဆိုတာကို အများသိအောင် ထုတ်ပြန်ရတာပဲ။ CPI က ရေကာတာကို လုပ်ချင်နေတယ်။ ဒေသခံ ရွာသားတွေက CPI လုပ်တာကို လက်ခံတယ်ဆိုပြီး လိမ်ညာပြီးတော့ စည်းရုံးနေတာ”ဟု မဇ္ဈိမကို ပြောသည်။

မြစ်ဆုံစီမံကိန်းရှိ တန်ဖဲကျေးရွာအနားရှိ တန်ဖဲချောင်းတံတားကိုမူ ဆက်လက် ဆောက်လုပ်နေဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ CPI ရုံးတွင် ဝန်ထမ်းများ ရှိနေသေးပြီး စက်ပစ္စည်းများ ရှိနေသေးကြောင်း သူက ဆက်ပြောသည်။

မေလ ၅ ရက်နေ့ကလည်း တရုတ်စီးပွားရေး ရင်းနှီးမြှုပ်နှံရေးအဖွဲ့တခုမှ တရုတ် အမျိုးသမီးတဦးကလည်း
အောင်မြင်သာမှ ရပ်မိရပ်ဖ ငါးဦးကို ခေါ်ယူ၍ မြစ်ဆုံအား မည်သည့်အတွက်ကြောင့် ကန့်ကွက်သည်ဆိုသည့်
မေးခွန်းများအား မေးမြန်းခဲ့သည်ဟု ဆိုသည်။

CPI တာဝန်ရှိသူက အောင်မြင်သာ ရွာသားများအား တနှစ်စာ ဆန်ထောက်ပံ့မည်ဟု ပြောဆိုထားသော်လည်း ယနေ့ထိ
ထောက်ပံ့ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

KDNG သည် တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်ပြီး မြစ်ဆုံ စီမံကိန်းကြောင့် သဘောဝ ပတ်ဝန်းကျင် ထိခိုက်သဖြင့် စီမံကိန်း ရပ်ဆိုင်းရေးကို တောင်းဆိုနေသော အဖွဲ့တခု ဖြစ်သည်။

 ဖနိဒါ - ချင်းမိုင်(မဇ္စျိမ)
မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ Reviewed by သစ်ထူးလွင် on 09:09 Rating: 5

53 comments:

Killer said...

အစိုးရလူကြီးတွေက တရုပ်ကိုအထင်ကြီးတာတွေရပ်သင့်ပါပြီ... မြန်မာ့အမွေအနှစ်တွေ အကုန်ဖြိုးပြီး ဂုတ်သွေးစုတ်မဲ့အကောင်တွေပါ... တရုပ်အစိုးရက လိုချင်တာရှိရင် ၀န်ကြီးတွေကို လတ်ထိုးပြီးယူသွားတာတော့ ကို့လူမျိုးအဆင့်အတန်း နိမ့်ပါးတာကိုဖော်ပြတာပဲ..

zmt said...

ုလုပ်ပြန်ပီးလား သေတော့မှာပဲ

ပန်းလေး said...

လာပြန်ပီကွာ........ခုချိန်ထိ..လုပ်ချင်နေကြတုန်းပဲလာ...စောက်တရုတ်တွေ..စေတနာကိုမရှိဘူး....ဒီနိုင်ငံထဲကအမြန်ဆုံးမောင်းလို့ရရင်ကောင်းမယ်

အဘ said...

စောက်ရူးတွေဒီလောက်ကောင်းနေရင်မင်းတို့တရုတ်ပြည်မှာချောင်းတွေမြောင်းတွေပါမကျန်ရေကာတာလိုက်ဆောက်လိုက်ပေါ့ကွာ..ဆောက်ဖို့မရိုတော့ရင်မင်းတို့ဟိုးဒင်းကထွက်တဲ့ရေအတွက်လည်းဆောက်လိုက်ပေါ့စောက်ရှက်မရှိစောက်တရုတ်တွေ....

zzmyoe said...

အရှက်မရှိတဲ့တရုတ်ရေ နောင်နှစ်ပေါင်းများစွာကြာတိုင်အောင် စဉ်းစားမနေပါနဲ့။ နိုင်ငံတကာမှာလည်း မင်းတို့ကချဉ်ဖတ်၊မင်းတို့နိုင်ငံမှာ ကြိုက် သလိုလုပ်၊မြန်မာပြည် မြစ်ဆုံကိုတော့မစဉ်းစားနဲ့၊တစ်ထွာတစ်မိုက်ဥာဏ် နဲ့၊တိုင်းပြည်ရဲ့ကိုယ်သယံဇာတတွေဟာ တစ်ဦးတစ်ယောက်မပိုင်ပါဘူး၊နိုင်ငံသားတွေပိုင်တာပါ၊မင်းတို့တရုတ် တွေဟာစီး ပွားရေးနဲ့ပတ်သက်လို့ကတော့နိုင်ငံတကာမှာလဲကြည့်ဖိလစ်ပိုင်၊ဗီယက်နမ်၊ဂျပန်၊တောင်ကိုရီးယားနိုင်ငံတွေနဲ့ပြသနာပေါင်းမနည်းဘူး၊ဒါကြောင့် ကိုယ်ကျိုးသာ ကြည့်တတ်သောတရုတ်တို့ကိုကျွန်တော်တို့အားလုံး( ဦးတင်အောင်မြင့်ဦး၊ဦးဇော်မင်း၊ဦးကျော်ဆန်း၊ဦးအောင်သောင်းတို့မပါ)ဘာပဲလုပ်လုပ်စောင့်ကြည့်၊လေ့လာ၊ဆန်းစစ်၊တိုင်ပင်ပြီးမှ လုပ်ပါလို့ပြောချင်ပါတယ်။

bk said...

နေစမ်းပါတရုတ်ကြီးရာ!!!!

mad dog said...

ဒီတခါ တ၇ုပ်တွေကို အပြုတ် ဆော် ဟေ့

အရုပ်လေး said...

ဘာသဘောလဲ....သူတို့ကဒေသခံတွေနားယောင်ပြီးလက်ခံရင်......ဘယ်သူ့ဘယ်သူတွေဘာပြောပြောဂရုမစိုက်ပဲ....ဆက်လုပ်မယ်ဆိုတဲ့သဘောလား....
တော်တော်လူပါးဝတဲ့တရုတ်တွေ.....

Unknown said...

သူတို့ရည်ရွယ်ချက်က မရိုးသားဘူး၊
အလုံးစုံဝါးမျိုရေး စီမံချက်တွေထဲက စီမံကိန်းတခုပဲ၊
လျှပ်စစ်တခုထဲမဟုတ်ဘူး, သစ်နဲ့ မြေအောက်သယံဇာတတွေ ထွက်သမျှ အကုန်ယူတယ်၊
အဆိုးဆုံးက Rare earth element ပဲ။

မြတ်နိုး said...

သူတို့ပြောတဲ့အထဲမှာ မြန်မာတွေ သူဌေး(ပိုင်ရှင်)ဖြစ်မယ်ဆိုတာလုံးဝမပါဘူး။

စီမံကိန်း အကောင်အထည် ဖော်တဲ့အချိန် ဒီရွာထဲမှာ ရှိတဲ့ ရွာသားတွေရော အကုန်လုံး Site ထဲ ဝင်သွားလို့ ရပါတယ်။ ပြီးရင် လူဦးရေ နှစ်သောင်းကျော်ကျော် က ဘေးနားမှာ ဆိုင်ဖွင့်လို့ ရပါတယ်။ စီမံကိန်းထဲမှာ စီးပွားရေးလုပ်လို့ ရတယ်။ နောက်ပိုင်း ဒီစီမံကိန်းပြီးရင် စက်ရုံထဲမှာ အလုပ်လုပ်လို့ ရမယ်
တဲ့
မြန်မာ့မြေမှာလာပြီး ဒင်းတို့က သူဌေဒလုပ်
မြန်မာတွေကို အလုပ်သမား(ကျွန်)လုပ်ခိုင်းမယ်တဲ့
ဘယ်တော့မှမရဘူးဟေ့


ငါလည်းတရုတ်လူမျိုးပဲ။ ဒါပေမယ့် မြန်မာပြည်မှာမွေးပြီးမြန်မာ့ရေကိုသောက်တော့
ငါက တရုတ်လူမျိုးပြမန်မာနိုင်ငံသားတယောက်
ဒါကြောင့် ငါ့ နိုင်ငံကိုချစ်တယ
ဘယ်တော့မှ မြစ်ဆုံကိစ္စ လက်မခံဘူးကွ

junethitsar said...

တော်တော်ခွေးပါးဝတဲ့တရုတ်တွေ.....ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လုံးဝ ကန့်ကွက်ရမယ်။

Unknown said...

အရမ်းအကျိုးရှိတဲ့ကိစ္စဆိုရင် မြစ်ဝါမြစ်မှာ ပဲ နေရာရှာပြီး လုပ်လိုက်ပါနော်။ သူများအတွက်ဘာလို့ လိုက်လုပ်နေဦးမှာလဲ။

junethitsar said...

တော်တော်ခွေးပါးဝတဲ့ တရုတ်တွေ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကန့်ကွက်ရမယ်။

tanaka said...

ဟေ့!မြန်မာလူမျိုးကိုမင်းတို့တရုတ်တွေလျော့တွက်ထားရင်မှားမယ်။
အရင်စစ်အစိုးရရဲ့နိုင်ငံရေးစနစ်ညံ့ဖျင်းမူ့တွေကြောင့်ပြည်သူတွေ
ဟာစစ်အစိုးရဘာလုပ်လုပ်ခါးစည်းခံခဲ့ရပေမဲ့အခုလိုဒီမိုကရေစနစ်
တည်ထောင်ပြီးသွားပြီဆိုရင်မြန်မာလူမျိုးဟာမင်းတို့တရုတ်တွေလောက်ကတော့စိတ်ဓာတ်ရော၊အရည်အချင်းပါမင်းတို့ထက်သာတ
ယ်ဆိုတာသေသေချာချာမှတ်ထား။ဘာလဲကွဗွီဒီယိုလေးတခွေလောက်နဲ့တို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကိုလာမစော်ကားနဲ့။မင်းတို့လောက်တော့ပျင်းတယ်။

tanaka said...

ဟေ့!မြန်မာလူမျိုးကိုမင်းတို့တရုတ်တွေလျော့တွက်ထားရင်မှားမယ်။
အရင်စစ်အစိုးရရဲ့နိုင်ငံရေးစနစ်ညံ့ဖျင်းမူ့တွေကြောင့်ပြည်သူတွေ
ဟာစစ်အစိုးရဘာလုပ်လုပ်ခါးစည်းခံခဲ့ရပေမဲ့အခုလိုဒီမိုကရေစနစ်
တည်ထောင်ပြီးသွားပြီဆိုရင်မြန်မာလူမျိုးဟာမင်းတို့တရုတ်တွေလောက်ကတော့စိတ်ဓာတ်ရော၊အရည်အချင်းပါမင်းတို့ထက်သာတ
ယ်ဆိုတာသေသေချာချာမှတ်ထား။ဘာလဲကွဗွီဒီယိုလေးတခွေလောက်နဲ့တို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကိုလာမစော်ကားနဲ့။မင်းတို့လောက်တော့ပျင်းတယ်။

Techniques for NGO and LNGO said...

ဘာဘဲပြောပြောလက်မခံ၊ နားမယောင်လိုက်ပါနဲ့။ စီးပွားရေး သမားဆိုတာ သူ့တို့အကျိုးဘဲ ကြည့်တဲ့သူတွေများပါတယ်။ ဧရာဝတီမြစ်ကို မှီခိုအားထားနေတဲ့ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေအတွက်လည်းကြည့်ပေးပါနော်။ သမိုင်းရှိခဲ့တဲ့ အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့ စကားကိုမမေ့ကြပါနဲ့နော်။ တရုတ်မိုလို့ နှစ်ရုတ်ဆို တစ်ကမ္ဘာ လုံးမလွယ်ဘူးနော့်။

win said...

အခုလိုမက်လုံး တွေထုတ်သုံးလေ မရိုးသားလေပဲ
သူများအားနည်းချက်ကို ဖော်ကောင်လုပ်ပြီး
အကောင်လိုက် ပေါ်စားနေဦးမယ်
ဝက်မျိုးတွေဆိုတာမမေ့ပါနဲ့။

junethitsar said...

comment ရေးလို့မရဘူးဖြစ်နေတယ်။ကူညီပေးကြပါဦး။

machitya said...

မြန်မာပြည်က ထွက်သမျှရွှေတွေ ကို တူးဖို့ လောဘတက်နေတဲ့  တရုတ်တွေ ကို မြန်မာ့ အဆီ အနှစ်တွေ ကို ဘာကြောင့် ထပ်ပေးရမှာလဲ...
ပထမတကြိမ်လဲ ရွှေတွေ ကို တန်နဲ့  ချီအောင်တူးပြီး သူတို့  လူမသိသူမသိ ယူသွားပြီးပြီ အခုတခါလဲ ထပ်ရဖို့  ကလိမ်ကကျစ်ကျပြန်ပြီ...
အားလုံးဝိုင်းရှုံ့ ချကြပါဗျာ ...ကျွန်တော် လဲ ဘယ်လိုနည်းနဲ့  မှ ကို့ မြန်မာ့ အမွေအနှစ် ကို အဆုံးအရှုံးမခံနိုင်ဘူး...တရုတ်တွေ လူလည်ကျသမျှ မြန်မာပဲ ခံနေရတယ်...

Myo1 said...

CPI ရေ....အရှက်တရား နဲ့  အသိတရား တော့ရှိဖို့ လိုပြီ ။ မင်းတို့ နဲ့ မြန်မာပြည်နဲ့ မတန်ပါ...

maythu said...

အဲဒီ လောက်ကောင်းနေရင်သူတို.နိုင်ငံမှာဆောက်ပါတော့လား။တော်တော်စေတနာဆိုးတဲ့ဟာတွေ။

နားမလည် ပါးမလည် said...

တမျိုးသားလုံး စည်းလုံးရ်ျတိုက်ဖျက်ရမည့် စီမံကိန်း ကမ္ဘာကြီးတည်ရှိနေသရွှေ့ ဧရာဝတီ ရှင်သန်နေရမည် မည့်သည့် လူမျိုးမှ ဧရာဝတီကို မထိရ တစ်လက်မမျှ ဧရာဝတီကို မကျူးကျော်ရ
ပြည်သူအပေါင်းတို့ရဲ့ တချက်လွှတ်အမိန့်

Anonymous said...

KDNG က မြစ်ဆုံကိစ္စကို ရပ်တန့်ဖို့တောင်းဆိုနေတဲ့အဖွဲ့ဆို..... ဘာဖြစ်လို့ တရုတ်ရဲ့ ဗွီဒီယိုကို ဘာသာပြန်ပေးရတာလဲ

အောင်စန်းဝင်း said...

လာမည့်နှစ်ပေါင်း အကန့်အသတ်မရှိ ၄င်းစီမံကိန်းကို ကန့်ကွက်တယ်။ အကျိုးမရှိပဲ ဒီလိုမစည်းရုံးပါဘူး။ သူတို့အတွက် ဘယ်လောက်ကျန်မလဲတွေးကြည့်ပေါ့။

junethitsar said...

commentရေးလို့မရဘူးဖြစ်နေတယ်။ ဘယ်လိုရေးရမလဲ ပြောပေးကြပါဦး။

Mr Bee said...

ကျွန်တော်လဲ မြန်မာပြည်ဖွား တရုတ် လူမျိုးတစ်ယောက်ပါ။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာဘဲ ကြီးပြင်းခဲ.တာပါ။ မြန်မာပြည်က ရဲ. အသက်သွေးကြောဖြစ်တဲ. ဧရာဝတီကိုတော့ အဖြတ်အစီးမခံ နိုင်ဘူး။ မြန်မာပြည်ကို ချစ်သော ညီအကိုများ မြစ်စုံကိစ္စကို အပြီးတိုင် ရပ်သွားအောင် ဝိုင်းပြီးကြိုးစားရအောင်။ မြစ်စုံ က ရွာသားတွေကို တရုတ်စုတ် တရုတ်ပျက် တွေ က စည်းရုံးရေး ဆင်းနေတယ်။ အခုလည်း လုပ်ငန်းတွေလုပ်နေဆဲလို.ကြားပါတယ်။ မြန်မာပြည်ကိုချစ်သောညီအကိုများ အားလုံးဝိုင်းပြီး ကာကွယ်ကြရအောင်။

ဖိုးတောက် said...

ဟဟ..သနားစရာကောင်းလိုက်တာ...
ဒါကြီးကိုတော်တော်လိုချင်နေကြတာကိုး...မင်းတို့ချမ်းသာဖို့ ငါတို့ရေချိုမြစ်ကို မစတေးကြပါနဲ့... ကချင်တို့လည်း နားမယောင်ကြပါနဲ့.. အနာဂတ်အတွက်မကောင်းဘူး.. သူတို့တရုတ်နိုင်ငံဆီက ယန်စီမြစ်ကြီးကို နမူနာယူကြပါ... မသိရင် ဆရာဦးထွန်းလွင်ကို တိုက်ရိုက်ဆက်သွယ်ပြီးမေးကြပါ.. မြန်မာအတွက် ဘာကောင်းကျိုးရှိလဲဆိုတာ... အရေးကြီးတယ်... နိုင်ငံနဲ့လူမျိုးအတွက်..

အောင်ညီနောင် said...

တရုတ်တွေ အေးအေးဆေးဆေးလေး ပြောနေတုန်း ဗမာ့ပြည်ကနေ ပြန်ကြကွာ . . .မင်းတို့ လုပ်ချင်တိုင်လုပ်နေရအောင် ငါတို့ဗမာ ခေါင်းဆောင်တွေက အသိဥာဏ် မရှိတဲ့ ငတုံ ငအ ငထူး ငဒူး တွေ မဟုတ်ဘူးကွ

pyi chit thu said...

ရေကာတာပြိုရင် မြစ်ကြီးနားမှာအမြင့်မီတာ ၂၀၀ ၊မန္တလေး မှာ မီတာ ၁၀၀, ရန်ကုန်မှာ မီတာ ၅၀, ရေကြီးမယ်။ မြန်မာပြည်ဖျက်ချင်ရင် ရေကာတာကိုပစ်လိုက်ရုံပဲ။

cherish said...

movie file ပါတွဲတင်ပေးလေ ကိုသစ်ရဲ့။ သတင်းတစ်ခုရဲ့ မူရင်း အရင်းအမြစ်ပါဖော်ပြနိုင်မှ ဖြစ်နိုင်၊ မဖြစ်နိုင် သုံးသပ်ရတာ ပိုအဆင်ပြေမှာလေ။

mystic bamar said...

လုပ်သင့်သည်မှာ ဤရေကာတာကြောင့် ဖြစ်လာမည့် ရေရှည် ကောင်းကျိုး၊ ဆိုးကျိုးကို တသီးပုဂ္ဂလအဖွဲ့အစည်း တခုမှ (ဥပမာ ERI ကဲ့သို့) ၂၀၁၅ မတိုင်မှီ စံနစ်တကျ သုသေတန လုပ်ပြီး ဒေသခံများနှင့်တကွ ပြည်သူပြည်သား အားလုံးအား တင်ပြရမည်။ တိုင်းသူပြည်သားများ နှင့် နိုင်ငံတော်အတွက် ရေရှည်မှာ အကျိုးမဲ့ပါက၊ အများ ဆန္ဒအရ လွှတ်တော်တွင် အတည်ပြု၍၊ ဤစီမံကိန်းကို လုံးဝဖျက်သိမ်း ပြီး CPI ကိုလည်း၊ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာခိုင်းလိုက်ပါ။ CPI မှ တရားတဘောင် တိုင်တန်းမည်ဆိုပါကလည်း၊ ဤစီမံကိန်းကို ကိုယ့်သဘောနှင့်ကိုယ် လက်မှတ်ထိုး ထားတဲ့ လူပုဂ္ဂိုလ်များ တာဝန်ယူ၍ တရားရင်ဆိုင်ရန်သာရှိသည်။ ပြတ်သားဖို့ လိုပါသည်။ ရင်းနှီးမြှတ်နှံသူ သည် သူ့အတွက် အကျိုးမရှိလျှင် လာရောက်ရင်းနှီးမည် မဟုတ်။ သူ အသာစီးရ မှ သာ လျှင်အလုပ် လုပ်မည်၊ ရင်းနှီးမြှတ်နှံခြင်းသည် "ပရဟိတ" အလုပ် မဟုတ်ကြောင်း ကျွန်ပ်တို့ မြန်မာနို်င်ငံသား များ သတိချပ် ပါ။

patrioticburmese said...

ခွေးမသား တယုက်တွေ စောက်ကျင့်ကိုက။ ဒါကြောင့်နိုင်ငံတကာ မှာချဉ်ဖတ် ဖြစ်နေတာ။ ကိုယ်များ အကြိုးအမြတ်ရမယ်ဆို လိုကတော့ ဇတ်တူသား တောင်စားဖို့ ဝန်လေးတဲ ကောင်တွေမဟုတ်ဘူး။

ZAWAUNG said...

လုံးဝလက်မခံပါနဲ့ဗျို့ဒီကောင်တွေမြန်မာတွေကို ဂုတ်သွေးစုပ်နေတာ..
အဲဒီရေကာတာက မြန်မာအတွက် ဘာအကျိုးမှမပါဘူး..
ဒီကောင်တွေက မြန်မာမြေမှာဆည်ဆောက်မီးထုတ်ပြီး မြန်မာကိုပြန်ရောင်း
စားမယ့် ဟာ..
ရခိုင်ပြည်နယ် လေးမြို့ချောင်းမှာလည်း ဆည်ဆောက်မီးထုတ်ပေးမယ်ဆိုပြီး
အကြောင်းပြချက်နဲ့ ရွှေတူးနေတာ ၂နှစ်ရှိပြီ..
အခုထိ ဘာဆည်မှမဆောက်သေးသလို ဘယ်ဒေသခံတွေကိုမှလည်း
အဲဒီနယ်မြေထဲဝင်ခွင့်မပေးပါဘူး..
မြစ်ဆုံဆည်လည်းအဲလိုဖြစ်သွားမယ်..
ဒီကောင်တွေကစစ်တပ်ကို ပစ်ဆံမဆိုစလောက်ပေးပြီး ထင်ရာတွေလျောက်
လုပ်နေတာ..မြန်မာတွေသယံဇာတတွေကုန်နေပြီနော်..
သတိထားကြလေ့..

hoh said...

ဒီ xxက်တရုတ်တွေကို တော်တော်လူပါးဝတယ်။ မက်လုံးတွေပေးပြီး ထင်ရာလုပ်နေတာ။ KIA ကလည်း ကိုယ့်တိုင်းရင်းသားတွေကိုပဲ ဒုက္ခပေးနေတာ။ ကချင်ပြည်နယ်မှာ ဒီတရုတ်အကောင်တွေ တစ်ယောက်မှနေလို့မရအောင် ဆော်ပါ့လား။ သမ္မတကြီးကကော ဒီကောင်တွေ လုံးဝရှိမနေနိုင်အောင် မလုပ်နိုင်ဘူးလား။ လ၀ကဥပဒေအရ ဆိုပြီး ဒိတ်လွန်အောင် နေတဲ့သူတွေ၊ ဘာဗီဇာမှမရှိတဲ့သူတွေ အများကြီးရှိနေမှာ မြင်ယောင်မိတယ်။ ကိုယ့်တိုင်းရင်းသားတွေကတောင် KIA တို့၊ စစ်တပ်တို့ မကြောက်ရဘဲ ဒီကောင်တွေကို ကြောက်နေရအုံးမယ်။ ပြောရင်းရင်နာတယ်။ မြစ်ဆုံစီမံကိန်းကိုလုံးဝ(လုံးဝ) ကန့်ကွက်တယ်။ ကမ္ဘာတည်နေသရွေ့ ကန့်ကွက်တယ်။ နိုင်ငံကိုချစ်တဲ့သူ၊ ဧရာဝတီကိုချစ်တဲ့သူအားလုံးလည်း ဒီအတိုင်းပဲဆိုတော xxxxxမသား တရုတ်တွေ မှတ်ထားလိုက်ဟေ့။

Pyinnyadepa said...

တယုတါနဲ့တော့မဆက်ဆံတာကောင်းမယ်။

ကျော်ကိုဦး said...

အင်း ဟုတ်တယ် ကိုမြတ်နိုး...
ကိုမြတ်နိုးကတော့တရုတ်လူမျိုးဖြစ်သော်လည်း
မြန်မာနိုင်ငံကို ချစ်တဲ့စိတ်ရှိတာ ကျွန်တော်ဝမ်းသာစွာ
ကြိုဆိုပါတယ်ဗျ။ အဲဒီ စီမံကိန်း ဟာ မြန်မာပြည်သူတွေတိုင်း ငြင်းဆန်တဲ့ စီမံကိန်းဖြစ်ပါတယ်။ဒါအပြင်မြန်မာပြည်ထဲမှာနေတဲ့သူတိုင်း ငြင်းဆန်သင့်တယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်သူတွေရဲ့ အသက်သွေးကြောမို့ပါ.......ဒီစီမံကိန်းကို လက်ခံတဲ့ သေနာကောင် ..အ၀ီစိ ဂျိုးကပ်ပါစေဗျာ.............

Anonymous said...

၈ လုံးတစ်ယောက်တော့ မြစ်ဆုံရဲ့  ဒါဏ်ခတ်ခြင်းကို ခံနေရပြီနော် . . နောက်ထပ် မြစ်ဆုံကို သစ္စာဖောက်သူများ သတိသာ ထားနေကြပေတော့ . . မြစ်ဆုံ သည် ဘယ်သူ့ ကိုမှ ဒုက္ခမပေးပါ . . သို့ သော် မြစ်ဆုံကို ဒုက္ခပေးလာသူများ . . ဒါဏ်ခတ်ခံရမည်မှာ မလွဲ ဧကန်ပါ . . မြစ်ဆုံကို ပြန်လည် စောက့်ရှောက်ခဲ့သည့် သမ္မတကြီး ဦးသိန်းစိန် တစ်ယောက် လက်ငင်အကျိုးပေး ကောင်းနေသည်မှာ မျက်မြင်ကိုယ်တွေ့ ပင်ဖြစ်ပါသည် . . ကမ္ဘာ့အလည်မှာ ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် အများတစ်ကာ၏ ချီးကျူးထောပနာကို ခံယူလျှက်ရှိနေပါသည် . . ဒါတင်မက ဘ၀ကူးကောင်းအုံးမည်မှာ သေချာသည် . . ကံ . ကံ၏ အကျိုးကို ယုံကြမည်ဟုထင်ပါသည် . . .

66koaungaungtun@gmail.com said...

တရုတ်တွေပြောတာကိုမင်းတို့ယုံရင်မင်းတို့ကချင်ပြည်နယ်တစ်ခုလုံးကုန်သွားလိမ့်
မယ်ကွနားလည်လား။တရုတ်နဲ့ပေါင်းတဲ့နိုင်ငံတိုင်းကဆင်းရဲမွဲတေသွားတာပြန်
ကြည့်ရင်သိနိုင်ပါတယ်ကွ။မင်းတို့ကချင်တွေအရူးမထနဲ့တရုတ်ကသာပေါင်းညာစားကြီးကွ။ငါတို့တိုင်းပြည်ကတရုတ်ဖျက်လို့ကုန်တော့မယ်ယခုထိမသိသေးဘူးလားကောင်းလေ့လာပါအုန်းကွာ။

waiphyonaing said...

မဟုတ်တရုတ်တွေ ငါတို့ရေမြေကို မဟုတ်မတရားလုပ်တာတော့လက်မခံနိုင်
ဖူး။

thakhinggyi2015 said...

မန္တလေးဆီဒိုးနားထဲမှာ ရပ်ထားတဲ့ လင့်ခရူဇာ မှန်စတေကာအမည်းတွေနဲ့ဟာတွေက ( ဆယ့်ငါးစီးလောက်ရှိပါတယ် ) ဓာတ်ငွေ့ပိုက်လိုင်းအတွက်လာတဲ့ တရုတ်တွေ စီးတဲ့ကားတွေပါ . . . အရင်က ပါရာဒို အမြင့်တွေပါ . . . မော်ဒယ်ချက်ချင်းပြောင်းစီးနိုင်လောက်အောင် ဘယ်ကနေပါမစ်ရနေသလဲ သိတဲ့လူရှိရင်ဖြေပါဗျာ . . . အရင် ပါရာဒိုတွေကို ရောင်းစားရင်တောင် ( ဆီဒိုးနားမှာနှစ်ချီတည်းတဲ့ ) အခန်းခဖိုးထက် သာမယ်ထင်ပါတယ်

Unknown said...

စောက်ရှက်မရှိတဲ့ တရုပ်တွေ မင်းတို့မြေ မင်းတို့ရေများမှတ်နေလား ငါတို့မြေ ငါတို့ရေပေါ်မှာလာပြီးတော့ စော်စော်ကါးကါးနိုင်လိုက်တာကွာ သူခိုးမျိုးတရုပ်တွေ နိုင်ငံတကါရဲ့ ချဉ်ဖတ်ကောင်တွေ အေးမင်းတို့သိအောင်ပြောပြမယ် ဒေသခံတွေကလက်ခံတယ်ထားအုံး ငါတို့တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလက်မခံဘူးဟေ့......မင်းတို့လိုကောင်စားမျိုးတွေကို ချီးထက်ရွံတယ်ကွ သူတစ်ပါးနိုင်ငံရေးကိုလဲ ၀င်ရောက်စွက်ဖက်တယ် ငါတို့မြန်မာနိုင်ငံကိုလဲ ဖွံ့ဖြိုးတိုးတက်အောင်လဲ မကူညီသလို ဖွံ့ဖြိုးတိုးတက်မှာကိုလဲအလိုမရှိတဲ့ အနီးကပ်ရန်သူကမင်းတို့ပဲ မင်းတို့တရုပ်တွေက ငါတို့နိုင်ငံရဲ့ သယံဇာတတွေကို နည်းမျိုးစုံနဲ့ ခိုးတယ်...ကျန်တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ငါတို့နိုင်ငံကို ဖွံဖြိုးတိုးတက်အောင် အဖက်ဖက်က၀ိုင်းဝန်းကူညီနေကြတာတွေကိုသိရတော့ မင်းတို့တရုတ်တွေရဲ့ စိတ်ပုပ်စိတ်ရုပ်တွေပိုပြီးသိလာရတယ်...မင်းတို့က ငါတို့နိုင်ငံကိုပေါင်းတယ်ဆိုတာ ငါ့တို့ဆီကရစရာတွေ ယူစရာတွေကို မြင်လို့လိုက်ပေါင်းနေတာ ခိုးလို့လဲ မ၀ကြသေးဘူး.... မြန်မာပြည်ကို ပျကိစီးအောင် ဖျက်စီးနေတာလဲ မင်းတို့ပဲ အခုလဲကြည့်လေ နိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထုက တက်တက်ကြွကြွနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေကိုအတူပူးပေါင်းပြိးလက်တွဲညီညီနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အခက်ခဲအမျိုးမျိုးတွေနဲ့ ကျော်ဖြတ်နေရတဲ့ အချိန်မှာ မင်းတို့မို့ဒီလုပ်ငန်းကိုပြန် စ ဖို့ ပြောထွက်တယ်ကွာ.....ငါတို့နိုင်ငံဖွံဖြိုးတိုးတက်မှာကို မလိုလားတော့မင်းတို့က ငါတို့နိုင်ငံရေးကို မတည်ငြိမ်အောင်အမျိုးမျိုး ပျက်လိုဖျက်စိးလုပ်နေတာလားကွ........ မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့ ဒီလုပ်ငန်းကိုလဲရပ်တန်းက ရပ်လိုက်ပါ ဘယ်တော့မှလဲ ထပ်ပြီးမကြိုစားပါနဲ့ ကောင်းကျိုးမများပဲ ဆိုးကြိုးတွေသာ ရလာမယ့်လုပ်ငန်းစဉ်မို့ မြန်မာပြည်သူလူထုက အစဉ်အမြဲပဲ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ် ။ တရုပ်ကိုရှောင် စီးပွားအောင် ဖွံ့ဖြိုးမြန်မာ ရှေ့သို့သာ.............

thakhinggyi2015 said...

မန္တလေးဆီဒိုးနားထဲမှာ ရပ်ထားတဲ့ လင့်ခရူဇာ မှန်စတေကာအမည်းတွေနဲ့ဟာတွေက ( ဆယ့်ငါးစီးလောက်ရှိပါတယ် ) ဓာတ်ငွေ့ပိုက်လိုင်းအတွက်လာတဲ့ တရုတ်တွေ စီးတဲ့ကားတွေပါ . . . အရင်က ပါရာဒို အမြင့်တွေပါ . . . မော်ဒယ်ချက်ချင်းပြောင်းစီးနိုင်လောက်အောင် ဘယ်ကနေပါမစ်ရနေသလဲ သိတဲ့လူရှိရင်ဖြေပါဗျာ . . . အရင် ပါရာဒိုတွေကို ရောင်းစားရင်တောင် ( ဆီဒိုးနားမှာနှစ်ချီတည်းတဲ့ ) အခန်းခဖိုးထက် သာမယ်ထင်ပါတယ်

Burma Python said...

အဲဒါသူကိုယ်တိုင်တရုတ်စပ်ထားတဲ့ဒုသမတတင်အောင်မြင့်ဦးမျက်နှာသာပေး
ထားလို့ဒီသောက်တရုတ်တွေထပ်ကမ်းတက်လာတာ။ရမလားလို့သွေးတိုးစမ်း
တာ။ဒို့မြေကိုတလက်မမှလာမထိနဲ့ကွ။အသက်နဲ့လဲပစ်မယ်။

ပုသိမ်သား...ဆင်မ said...

ကဲတရုထ်မင်းတို့ ငါတိုနိုင် အတွက် ဖရီးလုတ်ပေးတာ တခုပြ

Anonymous said...

"မည်သည့်အတွက်ကြောင့် ကန့်ကွက်ရသနည်း"
ဆိုရင် မြန်မာနိုင်ငံသားအားလုံးကိုယ်စား
အတိုဆုံးအရှင်းဆုံး ဖြေမယ်
"မင်းတို့ကို သောက်မြင်ကတ်လို့ဟေ့"
ပိုက်ဆံရရင် အကုန်လုပ်တဲ့
ကိုယ့်အတွက်ပဲ ကြည့်တဲ့
လူစိတ်မရှိတဲ့ တိရိစ္ဆာန်တွေ

ဇော်ဇော်ထွန်း said...

မြန်မာနိုင်ငံ သမတ နဲ့ ပြည်သူအားလုံးက မလုပ်စေချင်တဲ့အရာကို အတင်းလုပ်ဖို့စည်းရုံးတာဟာ မြန်မာပြည်သူတွေကို ဆော်ကားတာပါ.....တရုတ်နဲ့ဆက်ဆံရေးကိုပါဖြတ်လိုက်ရင်ပိုကောင်းပါမယ်....

တန`င်္လာကိုကို said...

အရင်တုန်းကတောင်မရတာကွာ စိတ်ကူးယဉ်ပြီးအရူးမထနဲ. ငါတို.ပြည်သူ
တွေအရင်ထက် ပိုသိလာတယ်၊ပိုပြီးဘယ်လိုလုပ်ရလဲဆိုတာတတ်လာတယ်၊
လျှော.မတွက်နဲ.။ ဒီတစ်ခါလဲမရဘူး၊နောက်ဘယ်တော.မှလဲမရဘူးမှတ်။
မြစ်ဆုံတွက်ကော၊ ရခိုင်တွက်ကော၊ ထိုင်းနယ်စပ်တွက်ကော ရဲရဲတောက်
တိုင်းရင်းသားတက်လူတွေ၊ မျက်မြင်မျိုးချစ်တွေပြည်တွင်းကော၊ပြည်ပကော
ရှိတယ်။
ငါတို.ခေါင်းဆောင်ကောင်းလို.ကတော.၊ ဦးပေါ်ဦး မင်းတို.
အဘေးတွေကိုပညာပေးခဲ.တာသိတယ်မို.လား။

တာဝန်သိသူ said...

တရုတ်ကတော့လုပ်ချလိုက်ပြန်ပြီး၊သူတို့အကျိုးမရှိပဲမြန်မာပြည်ကိုလာမလား၊လူတိုင်သေချာစဉ်းစားသင့်ပါတယ်။ဘာလိုလည်းဆိုတော့အဲနားမှာနေတဲ့သူတွေပဲဒုခရောက်မှာလေ၊တရုတ်ပဲပြောပြောကိုယ်ဘာကိုယ်စဉ်းစားဖို့တော့လိုတယ်နော်...

မောင်သုတ said...

ဘာပဲပြောပြော တရုတ်ဆိုတာ စီးပွားရေးတစ်ခုပဲကြည့်တတ်တဲ့ လူမျိုးမို့ သတိပြုရမှာ အမှန်ပဲ.. ဒီကောင်တွေက ကိုယ်ကျိုးရှာဖို့ပဲ အများစုဆိုတော့ တရုတ်ကို အလွန်အကြွံ အားကိုးရင် တိုးတက်မှုလမ်းကြောင်း နှောင့်နှေးနိုင်တယ်.. အနောက်အုပ်စုနဲ့ တရုတ်နဲ့ကို ကြားထဲက ချိန်ခွင်ညှိကစားတတ်မယ်ဆိုရင် မြန်မာနိုင်ငံကြီး ပိုတိုးတက်ကြီးပွားလာမှာပါ..

pyaponthu said...

တော်တော်လူပါးဝတဲ့တရုတ်တွေ။ဈေးတန်းဖွင့် အလုပ်ရတာနှစ်တိုလေ။စီမံကိန်းအကျိုးအမြတ်ကိုဒင်းတို့ယူမယ်။ရေကာတာပေါက်တာတို့ရေလျံတာတွေဖြစ်ရင်အနီးအနားတင်မကဘူးတနိုင်ငံလုံးဒုက္ခရောက်မယ်။မြစ်ဆုံမှာသာမလုပ်တာ မြစ်လက်တက်တွေမှာလုပ်တယ်။အကောင်းဆုံးကတရုတ်စီမံကိန်းအားလုံးဖျက်သိမ်းရင်မြန်မာပြည်ချမ်းသာမယ်။ခုတော့မြန်မာပြည်ကအဖိုးတန်တွေဒင်းတို့ယူလို့မြန်မာပြည်မွဲနေတာ။တရုတ်နဲ့ပေါင်းတဲ့နိုင်ငံဟာမွဲသွားတယ်ဆိုတာမြန်မာပြည်ကိုကြည့်တာနဲ့သိလောက်ပါပြီ။တရုတ်များကိုမြန်မြန်မနှင်ထုတ်နိုင်ဘူးလားဘာပါမစ်တွေနဲ့မြန်မာပြည်မှာလုပ်ချင်တိုင်းလုပ်နေကြတယ်။

Michael neilian said...

လျှပ်စစ်ဓာတ်အားတွေကိုမြန်မာပြည်အတွက်ဆိုရင်တော့ပေးဆောက်သင့်ပါတယ်........ဒါမှမဟုတ်စက်မှုဝန်ကြီးပြောသလိုပိုလျှံနေလို့ရောင်းမယ်ဆိုရင်တော့ လုံးဝမဆောက်ပါနဲ့တော့..........စက်မှုဝန်ကြီးကိုလည်းတရုတ်ပြည်ပြောင်းခိုင်းရင်ကောင်းမယ်နော...............

FighterFight said...

ဘယ်လိုပဲအကျိုးရှိရှိ မရှိရှိ မဆောက်လုပ်စေချင်ပါဘူး။ စီမံကိန်းကြီးပြီးသွားရင်ရှုခင်းပိုလှလာမယ်ဆိုတာကတော့....စီမံကိန်းစကတည်းကမြစ်ဆုံရေတွေတော်တော်လေးနောက်ကျိနေတာစဉ်းစားစရာပဲ။
ဒီလောက်လှတဲ့သဘာဝအလှထဲမှာ ရေကာတာကြီးက ကန့်လန့်ကြီးဆိုတော့ ကမ္ဘာလှည့်ခရီးသည်များလည်းစိတ်ဝင်းစားပါ့မလား။
စီမံကိန်းကိုလက်မခံတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလက်တွဲညီညီတိုက်ခိုက်ကြပါစို့

moet said...

အခုလောက်နဲ့ဘဲရပ်သင့်ပါပြီ။ လုံးဝကိုစိတ်ချရတယ်ဆိုရင် ကိုယ့်တိုင်းပြည်က မြစ်မှာဘဲ ကမ္ဘာ့အကောင်းဆုံးစီမံကိန်းသာလုပ်တော့။ တို့ပြည်တွေကတော့ လုံးဝကိုလက်မခံနိုင်ဘူး။ ဒီတရုတ်တွေနဲ့စီးပွားရေးတွေ လူမှုရေးတွေတော်ပါတော့ စိတ်ကုန်လို့။ မြန်မာနိုင်ငံမှာ ရှိသမျှအသွေးအသားတွေကို အကုန်ထုတ်ယူမယ့်သူတွေ...

Powered by Blogger.