ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုတွေ့ ရစဉ်
၂၀၁၂ ခုနှစ် ၊ မေလ(၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ
များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ပြီးစီးလုနီးနေပြီ ဖြစ်ကြောင်းသိရပါ
သည်။

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ရွှေလီ-မန်စ
ံ ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃) ၊ (၂၀၆ )၊ (၂၀၇) နှင့် (၂၀၈)တို့
အား ကချင်လက်နက်ကိုင် သောင်းကျန်းသူများမှ ယခုလ (၁၈) ရက် နှင့် (၁၉) ရက်နေ့များ
တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား (၂၀၀)မဂ္ဂါဝပ်
 ဓာတ်အားလျော့နည်း ပြတ်တောက်ခဲ့ပါသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေး အမှတ်(၂)လျှပ်စစ် စွမ်းအား
ဝန်ကြီးဌာနမှ    ဝန်ထမ်းများအနေဖြင့်  ပြုပြင်ခြင်းလုပ်ငန်းများကို    ကြိုးပမ်း ဆောင်ရွက်လျှက်
ရှိရာ (၂၂-၅-၂၀၁၂) ရက်နေ့တွင် အရာထမ်းဝန်ထမ်း (၁၀)ဦး ၊ အမှုထမ်း ဝန်ထမ်း(၁၀၈)ဦး
တို့ဖြင့် တာဝါတိုင်အမှတ် (၂၀၆) နှင့် (၂၀၇)တို့အား ဖြန့်ခွဲ ပြုပြင်ခဲ့ရာ တာဝါတိုင်သို့ ချဉ်းကပ်
လမ်း ဖောက်ခြင်း ၊ ကြိုးထိန်းရန် Stay ကျင်းတူးခြင်း ၊ Earth Wire ကြိုး (၂)ချောင်း မြေပြင်တွင်
 ဖမ်းထိန်းခြင်း ၊ တိုင်ဟောင်းမှ ACSR ကြိုးနှင့် Earth Wire ကြိုးပြုတ်ခြင်းလုပ်ငန်းများ (၁၀၀%)
ပြီးစီးအောင် ဆောင်ရွက်ပြီးစီးခဲ့သည့်အပြင် တာဝါတိုင်အမှတ်(၂၀၆)အား တာဝါတိုင်ဖျက်ခြင်း
လုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်း မြေတူးခြင်းလုပ်ငန်း (၁၀၀%) ၊ တာဝါတိုင်အမှတ
်(၂၀၇)အား တာဝါတိုင် ဖျက်ခြင်းလုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်းဟောင်း
ဖျက်သိမ်းခြင်းနှင့် မြေတူးခြင်းလုပ်ငန်း (၇၅%) စုစုပေါင်း လုပ်ငန်းပြီးစီးမှု (၁၀%)အား
မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

တာဝါတိုင်အမှတ် (၇၃)အားလည်း အမြန်ဆုံးပြုပြင်နိုင်ရေး နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့်
ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း  ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု Reviewed by သစ်ထူးလွင် on 09:22 Rating: 5

29 comments:

အမြင်သစ် said...

သောင်းကျန်းသူများ ဆိုတာဘယ်သူတွေပါလဲခင်ဗျာ။
ဘယ်လိုလူမျိုးတွေကို သောင်းကျန်းသူများလို့ခေါ်ပါသလဲ။
ပြည်သူများကို လျှပ်စစ်မီးမရအောင် ယုတ်မာတဲ့သူများကို
သောင်းကျန်းသူများလို့ခေါ်ပါသလား။

Killer said...

Thz... for this information... it is good new..

ThetOo said...

ကျေးဇူးတင်ရမှာလား တင်ရမယ်ဆိုရင်တော့ ဒီထက်ပိုမြန်မြန်လုပ်ပါ....

Sunmoon said...

Hard working.
Peace keeping process is more important.

Anonymous said...

ပွင့်ပွင့်လင်းလင်းအသိပေးလာပြီပေါ့။

passwordkochan said...

ပွင့်ပွင့်လင်းလင်းပြောတတ်လာပြီနော်။

ko pwa said...

တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေကို သေသေချာချာ ချေမှုန်းဖို့လိုနေပါပြီ။

ko phyo said...

ဒီလိုဆိုတော့လဲလုပ်ရှာသားပဲ..ဦးဇော်မင်းကိုကြိးကြပ်ခိုင်းလိုက်ပီးရောဗျာ..

Right Sider said...

အခုလို ပြည်သူတွေအတွက်ကြိုးစားဆောင်ရွက်ပေးနေကြတဲ့ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ထမ်းများကို ပြည်သူတွေကိုယ်စား ကျေးဇူးဇင်ပါတယ်ဗျာ ... လျှပ်စစ်မီး အမြန်ဆုံးပြန်လည်ပို့လွှတ်နိုင်ပြီး ပြည်သူတွေရဲ့ဆန္ဒကို အကောင်းဆုံးပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ကြပါစေ.....

Anonymous said...

မဟုတ်တရုတ် “လေလွှတ်”နေတဲ့ ၀န်ကြီးများနဲ့မတူ၊
တောထဲတောင်ပေါ်ဆင်းရဲပင်ပန်းစွာအလုပ်လုပ်နေတဲ့
ဝန်ထမ်းများကို ကျေးဇူးတင်ပါသည်။
ပြည်သူတွေရဲ့မေတ္တာများကိုပေးပို့အပ်ပါသည်။
ဘေးအန္တရာယ်များကင်းဝေးပြီး၊မိသားစုထံအမြန်ဆုံး
ပြန်လာရပါစေ။အများကောင်းကျိုးသည်ပိုးထမ်းဆောင်
ကြတဲ့၊၀န်းထမ်းများအားဂုဏ်ပြုပါသည်။

mmprogrammers said...

ကျိုးစားပမ်းစား အပင်ပန်းခံပြီးလုပ်နေတယ်ဆိုတော့ ကျေးဇူးတင်ပါတယ်ဗျာ... ဗုံးထောင်တဲ့ကောင်တွေတော့ နောက်ဘဝဆိုရင် လျပ်စစ်မီးမပြောနဲ့ ဖရောင်းတိုင်တောင် ထွန်းစရာရှိမှာမဟုတ်ဘူး

ကိုဖြိုး said...

မိုင်းခွဲခံရလို့လဲတဲ့ တာဝါကြီးက ဘေးတိုက်ကြီးပါလား။ ပုံကျသွားရမှာ မဟုတ်ဘူးလား။ Alignment မကောင်း Survey မကိုက်လို့ ဘေးတိုက်ကြီးလဲသွားတာ မဟုတ်ဘူးလား?

Anonymous said...

ဘယ်တော့ ပြီးမှာလည်း....
Program of Work ကိုပါ ဖော်ပြ ပေးရင် ပိုပြီး ရှင်းလင်းမှာပေါ့ဗျာ....
ပြည်သူတွေလည်း ဗဟုသု ရတာပေါ့...

shingyi said...

တာဝန်၇ထားသောဝန်အားလုံးကျေးဇူးတင်ပါသည်ခင်ဗျား။အ၇င်ကမဆောင်၇ွက်နိုင်ခဲ့သောအကြွေးဆပ်၇တာပါ။အ၇ံမထားနိုင်လို့ဖြစ်၇တာ။ပြည်သူမီးမ၇၇င်ဝန်ကြီးအိမ်မီးမလင်းစေဘဲထုတ်ဖေါ်ပြ၇င်၊????

ပုသိမ်သား...ဆင်မ said...

ခက်တာပဲ...ဘာလို့ မိုင်ခွဲရတာလည်း..မင်းတို့ ထမင်းအိုးဒုတ်နဲ့ ထိုးနေလို့ လား....အားအားယားယားကွာ..

minkaung said...

ကျေးဇူးတင်ပါတယ်။ကိုယ့်အလုပ်တာဝန်ကျေအောင်လုပ်ပါ။
ဆန္ဒပြသူများလည်းပြပါစေ ပတ်ဝန်းကျင်အနှောက်အယှက်မဖြစ်ပါ။အုပ်ချုပ်ရေးမှူးများကြောက်စိတ်လွန်ကဲခြင်းကြောင့်မလိုလားအပ်သောပြဿနာပေါ်လာနိုင်သည်။
သက်ဆိုင်ရာဝန်ကြီးဌာနကရှင်းလိမ့်မည်။

genius said...

ငြိမ်းချမ်းေ၇း၇အောင် လုပ်ကြပါဗျို. ၊ စစ်ပွဲ တွေ ၇ပ်ကြပါ ။

Durip said...

သစ်ထူးလွင် ခင်ဗျား KIA ဟာအကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ဗမာအစိုးတပ်တွေ ကချင်ဒေသကို နိုင်ထက်စီးနင်း လုပ်လို့ဖြစ်ရတဲ့ နိုင်ငံရေးပြသာနာပါ။ဗမာတပ်တွေ ကချင်ဒေသမှာ
အပြစ်မဲ့သူတွေကို သတ်ဖြတ်၊ထောင်ချ၊ ရွာတွေမီးရှို့၊ ပစ္စည်းတွေ လုယူတာတွေကို သေချာလေ့လာပြီးကျယ်ကျယ်ပြန့်ပြန့် သတင်းပေးစေချင်ပါတယ်။

အမှန်ကောင် said...

ကျေးဇူးတင်ပါတယ်....ဒီလို အမြန်ဆုံးပြန်လည်ပြုပြင်ပေးနေလို့ပါ...ကချင် လက်နက်ကိုင်တွေကိုလဲ တောင်းပန်ပါတယ်...ကိုယ့်ဘာသာ မကျေနပ်လို့တိုက်ရင် တိုက်ပါ....ပြည်သူလူထုထိခိုက်မယ့် အလုပ်မျိုးတော့ မလုပ်စေချင်ဘူး...အဲဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ကချင်လက်နက်ကိုင်တွေဟာ သောင်းကျန်းသူစာရင်း ဝင်သွားမှာပါ...

Sayagyi said...

ဟုတ်ပါတယ် ကျေးဇူးပါ လျှပ်စစ်(၂) ရယ်...ပြည်သူတွေအတွက် မိုးထဲရေထဲ လုပ်ကြတဲ့ ဝန်ထမ်းတွေကို လည်း ဂုဏ်ယူပါတယ်...ဒါပေမဲ့ ဆောက်ပြောကြီး တဲ့ လျှပ်စစ်(၁) ဆောက်ရှက်မရှိ ဇော်မင်း ကို လျှပ်စစ် (၂) ဝန်ကြီး ပါတဲ့ ချီး နှစ်တုံးလောက် ကျွေးပြီး ပင်စင်ပေးလိုက်ပါဗျာ (မင်းသိင်္ခ ပြောသလို ) လားပင်စင်သာ ပေးလိုက်ပါတော့ဗျာ.....လျှပ်စစ်(၂) ဝန်ကြီးပဲ အားလုံးကိုင်လိုက်ပါဗျာ...

saijet said...

တကယ်တော့စစ်အစိုးရရဲ့လှည့်ကွက်ပါ။ အကွက်ရွှေ့မှား လို့ပြန်ခံလိုက်ရတယ်လို့ပဲယူစပါတယ်။

Anonymous said...

တရုပ်တွေမြှေက်ပေးလို့ခွဲကြတာတွေလို့ရတယ်

WTN said...

I agree with "saijet said...

တကယ်တော့စစ်အစိုးရရဲ့လှည့်ကွက်ပါ။ အကွက်ရွှေ့မှား လို့ပြန်ခံလိုက်ရတယ်လို့ပဲယူစပါတယ်။"

But many people are trapped and believe in government liar and propaganda.

Anonymous said...

ဗျာ... ရွှေလီ-မန်စံ ဓာတ်အားလိုင်းက တရုပ်ကို ရောင်းတဲ့ လိုင်းဆို...

လာလည်ပါအုန်း said...

WTN ရေ မင်းတို့လိုကောင်တွေ့ ကြောင့်ခက်တယ်ကွာ......... KIA တာကို အစိုး၇ ကိုလွဲချ မင်းသေသေချာချာ လေ့လာအုန်း....စွတ်ပြီး ရမ်းတုတ်မနေနဲ့ လုပ်တဲ့ကောင်ကို အပြစ်မတင်တဲ့ အပြင် အစိုး၇ကိုလွဲချ သေးတယ်...KIA တွေဆိုးဝါး သောင်းကျန်နေတာ မင်းမသိသေးဘူးထင်တယ်....မယုံရင် Kachin ပြည်ကိုမင်းကိုယ်တိုင် တစ်ခေါက်လောက်သွား ပြီးလေ့လာလိုက်အုန်း.......

Unknown said...

တာဝါတိုင်တွေကို လျှပ်စစ်ဝန်ထမ်းတွေက ပြုပြင်နေတာ တွေ့ရလို့ ၀မ်းသာပါတယ် ၊ မိုင်းခွဲဖျက်လိုက် ပြင်လိုက် ဆိုရင် ဒီသံသရာ က အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး အဲလိုမဖျက်ဆီးအောင် ကာကွယ်ဖို့နည်းလမ်း နဲ့ ငြိမ်းချမ်းရေး ရရှိအောင် နည်းလမ်းတွေ ရှာဖို့လိုပါတယ်

Unknown said...

တာဝါတိုင်တွေကို လျှပ်စစ်ဝန်ထမ်းတွေက ပြုပြင်နေတာ တွေ့ရလို့ ၀မ်းသာပါတယ် ၊ မိုင်းခွဲဖျက်လိုက် ပြင်လိုက် ဆိုရင် ဒီသံသရာ က အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး အဲလိုမဖျက်ဆီးအောင် ကာကွယ်ဖို့နည်းလမ်း နဲ့ ငြိမ်းချမ်းရေး ရရှိအောင် နည်းလမ်းတွေ ရှာဖို့လိုပါတယ်

zaw said...

ဝန်ထမ်းတွေ အပင်ပမ်းခံပြီး လူထုရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနေတာကိုတွေ့ရတော့ ပြည်သူလူထု
ကိုယ်စား
ကျေးဇူး ပါ။

zaw said...

ပြည်သူတွေကို မီးပေးနိုင်ဖို့ ၀န်ထမ်းတွေ နေ့ရောညပါ ကြိုးစားနေကြပါတယ်။ ပြည်သူတွေကနားလည်ပေးနိုင်ဖို့ မျှော်
လင့်ပါတယ်။

Powered by Blogger.