မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည်

လျှပ်စစ်မီးရရှိရေးဆန္ဒပြကြတဲ့ မန္တလေးပြည်သူများ(ဓါတ်ပုံ-အောင်ရှင် - ဖေ့စ်ဘုတ်)
မန္တလေး၊ မေ ၂၂

လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောကြားသည်။

ယနေ့မှ စတင်ကာ ဆန္ဒပြများကို အရေးယူတော့မည်ဖြစ်ကြောင်း၊ ၄င်းတို့ လိုက်လျောခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ စည်းမဲ့ကမ်းမဲ့ ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

မန္တလေးမြို့တော် ဆီဒိုးနားဟိုတယ်နှင့် Swan ဟိုတယ်ရှေ့တို့တွင် ယနေ့ မေလ ၂၂ ရက်( ယနေ့) မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ လုံထိန်းတပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly 
မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည် မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည် Reviewed by သစ်ထူးလွင် on 18:07 Rating: 5

44 comments:

နားမလည် ပါးမလည် said...

ယော် ဒါ ဒီမိုကရေစီလေ ပြည်သူပိုင်ပစ္စည်းတွေကို ပြည်သူက ဖျက်စီးခဲ့သလား ခင်ဗျားတို့က ဖဖ်းရအောင် ငြိမ်းချမ်းစွာ ဆန္ဒပြတာပဲ ပြည်သူတွေမှာ အပြစ်ရှိသလား ခင်ဗျားတို့ မစဉ်းစားတတ်ဘူးလား ဒါနဲ့များကွာ အုပ်ချူပ်ရေးမူးလုပ်နေသေးတယ် မင်းတို့လည်းငယ်ရာကကြီးလာတာပဲ မဟုတ်လား မင်းတို့အလုပ်က သူခိုးဂျပိုးတွေပဲ အရင်ဆုံးကုန်အောင်ဖဖ်းစမ်းပါကွာ တာဝန်ကျေအောင်ပေါ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို တော့ ဒုက္ခမပေးပါနဲ့ လို့ပြောပါရစေ အုပ်ချူပ်ရေးမူးများခင်းဗျား

carzysoe said...

ဥပဒေ နဲ့ အညီ ဆန္ဒ ဘယ်လို ပြရမှာ လဲ သိကျရင် ပြော ပြ ပေးပါ အုံး ပြည်သူ့ ဆန္ဒ ရင်ပြင် လဲ မရှိဘူး ဟာ...... ဘယ်လို့ လုပ် ပြီး ကိုဆန္ဒ ကို ဖော် ပြ မှ အဖမ်း မခံရမှာလဲ.......

သခင်ဇော်ထွန်း said...

စည်းမဲ့ကမ်းမဲ့ဥပဒေနဲ့ညီညွတ်မှုမရှိဘူးတဲ့လား
ငြိမ်းချမ်းစွာဆန္ဒပြခွင့်လေးတောင်မရှိရင်
ခင်ဗျားတို့သွားနေပါတယ်ဆိုတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်ရော နားလည်သဘောပေါက်ရဲ့လားလို့ မေးလိုက်ပါရဲ့

ဖိုးဖိုးကြီး said...

တော်ကြပါတော့-အေးငြိမ်းကြပါတော့။ ခုမှ ဒီမိုကရေစီဆိုတဲ့အရသာခံကြည့်
မယ် လုပ်နေတုန်းရှိသေး။တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်မလုပ်ကြပါနဲ့။
တိုင်းပြည်တိုးတက်မှ စက်မှု့လက်မှု့ဖွံဖြိုးလာမှာ။အရာရာအားလုံးဖွင့်ဖြိုးတိုး
တက်လာမှ-နိုင်ငံတော်ကြီးတ၀ှန်းလုံး မီးထိန်ထိန်လင်းနေမှာပါ။ ကိုယ်တတ်
နိုင်သည့်ဖက်ကနေ-တိုင်းပြည်တိုးတက်အောင်ဝိုင်းဝန်းကူညီပံ့ပိုးနိုင်ကြမယ်-
နိုင်ငံတော်အစိုးရနှင့်အတူဝိုင်းဝန်းလက်တွဲလုပ်ဆောင်နိုင်ကြလျှင်၊နိုင်ငံတော်
ကြီး တဟုန်ထိုး တိုးတက်လာမှာ မုချဧကန်ပင်ဖြစ်ရမည်။ ဆူပူနေလျှင်မည်
သူဖက်မျှ-အကျိုးမရှိနိုင်ပါ။ နိုင်ငံတော်ကြီး တိုးတက်မှု့နှောင့်နှေးပေမည်။
ဒါကြောင့် နိုင်ငံသူ/နိုင်ငံသား တိုင်း-တိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးရင်-
တိုင်းပြည် ပျက်ဆီးမည့်အပြုအမူတွေကို-စဉ်စားရှောင်ကျဉ်သင့်ပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တစ်ဦးတည်းနဲ့ဆောင်ရွက်လို့ရသည့်
ကိစ္စမဟုတ်ပါ။ မြန်မာနိုင်ငံတော်အတွင်းမှာရှိကြသည့် တိုင်းရင်းသားညီအစ်
ကိုမောင်နှမမိသားစု အားလုံး သမ္မတကြီးနှင့်အတူ-စိတ်တူ/ကိုယ်သူ လက်
တွဲကြပြီး၊ တိုင်းပြည်မဆူပူစေရန်နှင့် တိုးတက်လာစေရန် ၀ိုင်းဝန်းဆောင်
ရွက်ကြပါစို့။

မရဏမင်း said...

တာဝန်ခံကမဆောင်ရွက်ပေးနိုင်ပါကရာထူးမှနုတ်ထွက်ပါမယ်ဆိုဘာကြောင့်မရနိုင်တော့တာကိုအဖမ်းဆီးခံဆက်လုပ်နေမှာလား...ဘာလိုနည်းလမ်းတွေနဲ့ဆက်ပြီးတောင်းဆိုမလဲ...ခေါင်းအေးအေးထားစဉ်းစားသင့်ပြီ..လုပ်ဆောင်သမျှအလဟသမဖြစ်စေသင့်ပါဘူး..

Aung Soe Oo said...

တိုင်းလျှပ်စစ်ဝန်ကြီးကလဲပြည်သူတွေအဆင်ပြေအောင်ဖန်တီးပေးပါ့မယ်ပြောထားပြီးပြီ နိုင်ငံတော်ရဲ့လျှပ်စစ်ဝန်ကြီးဋ္ဌာနကလဲဘာကြောင့်ဖြစ်တယ် ဆိုတာကိုရှင်းလင်းတောင်းပန်ထားပြီးပြီဒါကိုမှဆက်လက်ဆန္ဒပြနေမယ်ဆိုရင်ထိရောက်စွာအရေးယူသင့်ပါတယ် တိုင်းပြည်ဆူပူအောင်သက်သက်လုပ်နေတံသူတွေလို့ယူဆလို့ရပါတယ်ဗျာ..

shein said...

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တာဟာ တိုင်းပြည်ဆူပူအောင်လုပ်တာလား။
ငါ့အနေနဲ့တော့ ဒီလိုမထင်ပါဘူး။ ဒီလိုဆန္ဒဖော်ထုတ်ပြမှာပဲ တစ်ချို့အရာတွေက သတိထားမိလာမှာ၊ သတိထားမိလာတော့မှ ပြုပြင်ဖို့ စိတ်ကူးရလာမှာပေါ့။ ဒီမိုကရေစီနိုင်ငံတည်ထောင်စဆိုပေမယ့် ဒီလောက်တော့ ခွင့်ပြုသင့်တယ်ထင်ပါတယ်။
ဒီထက်ပိုပြီးတော့ လူစုလူဝေးနဲ့ ဆူပူမှု့တွေလုပ်လာရင်တော့ ဥပဒေအရ အရေးယူပေါ့။ အခုအခြေအနေက အရေးယူသင့်တဲ့အခြေအနေမဟုတ်သေးပါဘူး။

myanmar girl said...

ဒီမိုကရေစီရဲ့ အနှစ်သာရကို သေသေချာချာ လေ့လာကြပါဦးလို့ တာဝန်ရှိ
လူတွေကို ပြောချင်ပါတယ်။တကယ်နားလည်ရဲ့ လားဆိုတာကို။ပြည်သူလူထု
ကို အမြဲစဉ်းစားပေးတဲ့----သူတွေဖြစ်ပါစေ။

252525 said...

အချို့ဒီမိုကရေစီနိင်ငံတွေမှာငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရင်ကိုယ်လုပ်မဲ့ရပ်ကွက်ကိုကြိုတင်အကြောင်းကြားရပါတယ်.ပြီရင်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လို့၇ပါတယ်..

Wanna said...

အကြေအလည်လည်း ရှင်းခဲ့ကြတယ်.. ကတိတချို့လည်း ပေးခဲ့ကြတယ်.. ဒါဟာ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုရဲ့ ရလာဒ်ပါ.... လမ်းများပိတ်ဆို့ နိုင်သလို မီးဘေးအန္တရယ်လည်း ရှိလို့ ဆက်လက် ဆန္ဒပြနေရန် မသင့်လို့ ဆက်မလုပ်ကြဖို့ မေတ္တာ ရပ်ခံတာမျိုးပဲ လုပ်သင့်ပါတယ်.. ၂ ရက် လိုက်လျော ပြီးပြီ ဆိုပြီး.. အာဏာသံလိုလို ဘာလိုလိုတွေမပြောသင့်ပါဘူး.. အုပ်ချုပ်ရေးမှုးတယောက်လုပ်နေပြီး ဒီမိုကရေစီအကြောင်း ဘာမှနားလည်ပုံမရဘူး..

ရွှေမန်းသား said...

လူကြီးတွေကတော့ ခင်ဗျားပြောသလိုစီစဉ်ပေးမယ်ဆိုတာကြီးပဲ။ ဒါပေမယ့် ဘာမှဖြစ်မလာ သေးတာ ဘယ်နှနှစ်ရှိပြီလဲ။

ရွှေမန်းသား said...

ဦးဇော်တင်မိုးကိုမေးချင်ပါတယ်။တရားဥပဒေနဲ့ အညီဆိုတာဘာလဲ။ခင်ဗျား ကိုယ့်လိပ်ပြာကို လုံ သလား။

မျိုးချစ်သူ said...

တိုင်းပြည်မှာလျှပ်စစ်မီးတွေပိုလျှံလို့ တရုတ်ကိုရောင်းတာပါဆိုတဲ့စွမ်းဆောင်ရည်မရှိတဲ့ပရမ်းပတာမမှန်မကန်လူကြီးနဲ့
အမှန်ကိုအမှန်အတိုင်းဖော်ထုတ်တင်ပြတဲ့ပြည်သူတွေ ဘယ်သူ့ကိုထောင်ထဲထည့်ရမလဲစဉ်းစားပေးကြပါခင်ဗျား။

Anonymous said...

ခရိုင်အုပ်ချုပ်ရေးမှူး ဇော်တင်မိုး၊
“ပြည်သူတွေကရွေးကောက်ထားတယ်ဆိုတဲ့အစိုးရ”ဆို၊
တရားဥပဒေအရ အရေးယူမယ်ဆိုရင်၊
- ၂၀၀၈-အခြေခံဥပဒေကိုမင်းအရင်ပြင်၊
- မင်းတို့ သမ္မတကို ဗိုလ်ချုပ်ကြီးသိန်းစိန်လို့
နံမယ်ပြန်ပြောင်း၊
- အစိုးရနံမယ်ကို နယက လို့ ပြန်ပြောင်း၊
ပြီးမှ ဒီအပြောမျိုးတွေပြော လူ့ ငနွား ဇော်တင်မိုး။
ထမင်းကျွေးတဲ့လက်ကိုမကိုက်နဲ့ သူခိုးလေး၊
- မင်းပထွေး လျှပ်စစ်(၂)ဒုဝန်ကြီး သတင်းစာရှင်း
တဲ့ အပြောလေးတွေကို သွာနားထောင်ချည်ဦး။

minsoeaung said...

ဝန်ကြီးဌာနကတောင်းပန်ထားပါတယ်။ရပ်လိုက်ငြပါစို့
လားမိတ်ဆွေများ။သူတို့တွေပြည်သူကို ဂရုစိုက်လာဘီဆိုတာ သိရတဲ့အတွက်ဝမ်းသာကြပါစို့။
ဆက်လုပ်ရင်တို့ဘက်ကလွန်ရာကြမယ်။
သူငယ်ချင်းတို့ အနိုင်နဲ့ရပ်ကြပါစေိို့ို့ု့ု့လလလ

kiddykid said...

ဖိုးဖိုးကြီးရေ...ကြောက်တက်ရင်..အိမ်ထဲမှာပဲအိပ်နေတော့...ငြိမ်းချမ်းစွာ.ဆန္ဒထုတ်ဖော်ကြတာပဲ..ဆူပူသောင်းကြမ်းနေတာမှမဟုတ်တာဟဲ့..ဒီ
လောက်တောင်လုပ်ခွင့်မရှိကြဖူးဆိုရင်လည်း..ဘာဖြစ်လို့အစကထဲက..ဒီမိုကရေစီနိုင်ငံကိုလျှောက်လှမ်းနေကြပါပြီလို့..ကြွေးကြော်နေသေးလဲ..တောင်းရကောင်းအောင်လုပ်ပြနေတာပဲလေ...ဒါဟာဆူပူအောင်လုပ်တာမှမဟုတ်တာ..ဟဲ့..

linn said...

ဆန္ဒပြမယ်ဆို နေရာ၊ နေ့ရက်၊ လူအရေအတွက်၊ လမ်းကြောင်း၊ စတာတွေ နဲ့ ကြိုတင်ခွင့်ပြုချက်ယူရပါတယ်။ ကြွေးကြော်သံကို စာမှာရေးပြီး ကပ်လို့ ရပေမဲ့၊ ကိုင်ဆောင် လှည့်လည်လို့ ရပေမဲ့၊ (ဘေးမျဉ်းသားတာ ညီရဲ့လားဟေ့၊ ညီတယ်ဟေ့ ညီတယ်ဟေ့) စသော ကြွေးကြော်သံများတိုင်ခွင့်မရှိဟု သိရပါသည်။ လောလောဆည် အခြေအနေအရ၊ စီတန်းလမ်းလျှောက် သဘောမျိုးသာရပါသေးသည်။ အသေးစိပ်သိချင်လျှင် ဥပဒေ စာအုပ်တွေရှာဖတ်ပါ။ နောင်အခါ ဘာလုပ်လုပ် ဥပဒေ စာအုပ်ကြီးတွေ ကိုင်ပြီး ငြင်းကြရသော ခေတ်တခေတ်ရောက်နိုင်ပါသဖြင့် ကြိုတင်လေ့လာထားကြပါကုန်။ သပ္ပူရိသအပေါင်း သူတော်ကောင်းတို့။

MMman said...

အခုလို ဓာတ်အားမလုံလောက်ရတဲ့ အကြောင်းအရင်း ကတော့ အရင်တည်းက ရေရှည်မကြည့်ပဲ၊ နောင်ဖြစ်လာမယ့် အခြေအနေကို မစဉ်းစားပဲ လုပ်ခဲ့တဲ့အကျိုးဆက်တွေပါ။ တခဏ အတွင်းပြုပြင်ရုံနဲ့ ပြေလည်မယ့်ကိစ္စမဟုတ်ပါ။ ဗုံးခွဲခံရတဲ့ တာဝါတိုင်တွေ ပြင်ပြီးရင်လည်း မီးမှန်မည်မဟုတ်ပါ။ ဆန္ဒပြတဲ့သူတွေ အနေနဲ့ အစိုးရသတိထားမိရုံလောက် လုပ်ရင်တော်သင့်ပြီဟု ထင်ပါသည်။ တိုင်းပြည်မငြိမ်မသက် ဖြစ်သည်အထိတော့ မလုပ်သင့်ဟု ထင်မြင်ယူဆမိပါတယ်။

SOE TINT said...

ဥပဒေနှင့်ညီညွတ်မှုမရှိသောစကားရပ်ကို ရည်ညွှန်းဥပဒေအားဖေါ်ပြလျှင်
အများပြည်သူ ဥပဒေမျက်စိပွင့် သိရှိပါမည် သို့မဟုတ်ပါက ဇေကမ္ဘာနဲ့
ရွှေနံ့သာလယ်သမားအရေးလို သူတောင်းစားကိုတိုက်တဲ့ဓမြ အဲသလောက်
ကြီးပွားသကိုးဟဲ့ လို့သာရေရွတ်နေရတဲ့အဖြစ်ဆိုရင် နောက်ထပ်အနှစ်(၅၀)
ဆိုတာလည်းမြန်မာတွေအတွက်ထူးမခြားနားဘဲဖြစ်နေပါလိမ္မည်

ddfor said...

၁၉၉၆ကတည်းက အစိုးရထုတ်နေ့ စဉ်သတင်းစာကို ဖတ်လာတော့ နည်းနည်းတော့ ပြောကြည့်ချင်တယ်။ မီးတွေ မတရားစပြီးပျက်တာ ထားပါတော့ ၂၀၀၀ပြည့်နှစ်ကျော် ၂၀၀၁ ၂၀၀၂ ကစတယ်။ အဲဒီတော့ ဘာပြောတုန်းဆိုတော့ အယ်နီညိုနဲ့ လာနီညာကြောင့် မိုးရေမရလို့  လျှပ်စစ်မထုတ်နိုင်ပါဘူး၊ ဒါရာသီဥတုကြောင့်ပါဆိုတာကို ရက်ဆက်၊ လဆက်၊ နှစ်ဆက် သတင်းစာထဲ မျက်နှာပြည့်ဆောင်းပါးရေးတယ်။ နောက်နှစ်နည်းနည်းကြာတော့ အယ်နီညို လာနီညာတင် မကဘူး နွေရာသီ ရေမရှိလို့  လျှပ်စစ်မထုတ်နိုင်တာပါ ဆိုလာရော။ အဲဒီတော့ မေးချင်တာက မြန်မာပြည်နေရာ အများစုမှာ တစ်နှစ်ပတ်လုံး မိုးရေမရနိုင်တာ၊ တစ်နှစ်ကို အနည်းဆုံးသုံးလ ရေခမ်းနိုင်တာ၊ အဲဒီရေခမ်းတဲ့ နွေရာသီသုံးလ ပူလွန်းအိုက်လွန်းလို့ ရေတင်ဖို့ ပန်ကာဖွင့်ဖို့ အဲယားကွန်းဖွင့်ဖို့ လျှပ်စစ်ဓာတ်ပို လိုတာ အဲဒီနိုင်ငံတော် အစိုးရဆိုတဲ့ လူတွေ၊ လျှပ်စစ်ဝန်ကြီးဌာနက လူကြီးဆိုတဲ့ လူတွေ မသိတာလား၊ သိရဲ့သားနဲ့  လူတွေများ သေမှာထက် ဘာမှပိုမကြောက်ပါဘူး...ဟေ့ လျှပ်စစ်ပိုထုတ်စရာ မလိုဘူး...လှုပ်လှုပ် လုပ်လာရင် သေနတ်နဲ့ ချိန်လိုက် ပြီးတယ်ဆိုပြီး အစိုးရတာဝန် ၀န်ကြီးဌာနတာဝန် မကြေကြတာလား။ အခု ၂၀၁၂ဆို ဟိုး ၂၀၀၀က စတွက်ရင် နွေရာသီ မီးတွေ သေမလောက်ပြတ်တာ နှစ်တွေကို ထမ်းနေပြီ။ အခုအချိန်အထိ အဖြေက မိုးမရွာလို့ ပါ၊ ရေမရလို့ ပါ၊ မိုးနတ်မင်းကြီးကို တိုင်တည်ပါ ဆိုတာတွေက မြက်မစားပဲ ထမင်းစားနေတဲ့ လူတွေ ပြောရမယ့် စကားလား။ တခြားအိမ်နီးချင်းနိုင်ငံတွေ ထိုင်း၊ လာအို၊ ကမ်ပူးချား လည်း မိုးမရွာတာပဲ၊ ရေခမ်းတာပဲ။ သူတို့ ဆီလည်း လာနီညာတာပဲ၊ အယ်နီညိုတာပဲ။ သူတို့ ကြ မီးမပြတ်ပါလား။ ဘာလို့ တုန်း။ မိုးနတ်မင်း မယားပါသားတွေ နေတဲ့ နေရာမို့ လား...ကဲ။ ပြည်သူတွေဆီက အခွန်အကောက်တွေ၊ ဆန်၊ သစ်၊ သဘာဝဓာတ်ငွေ့ ၊ တွင်းထွက်ရောင်းရတဲ့ ငွေတွေက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို မဖြည့်ဆည်းရင် ဘာလုပ်ဖို့ တုန်း...။ အပေါ်က ဘာညာ ဘာညာနဲ့ အစိုးရရှေ့နေတော်များ ကျူပ်မေးခွန်းတွေကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ဖြေနိုင်ရင် ဖြေကြည့်ကြစမ်းပါ။ ဖြေပြီး ဒီထဲလာရေးစရာမလိုဘူး၊ ဘယ်သူ့ မှလည်း ပြောစရာမလိုဘူး၊ ကိုယ့်စိတ်ထဲ ကိုယ့်ဟာကိုဖြေကြည့်၊ ပြီးမှ ခင်ဗျားတို့ ဒီလို ပြောသင့်မပြောသင့် ကိုယ့်ဟာကိုသာ ကြည့်တော့...

hate love said...

ဟေ့ဖမ်းစရာမလိုဘူး။ဆန္ဒမပြစေချင်ရင်ပြေလည်အောင်လုပ်ပေးလိုက်
လေ။မင်းအဘတွေခေတ်ကမင်းတို့ကိုယ်တိုယ်ပြောခဲ့တာပဲ။ပိုနေလို့
တောင်ရောင်းစားနေရတယ်တယ်ဆို။စားပြီးနားမလည်မလုပ်ကြနဲ့လေ။
အနားယူသွားတဲ့လူတွေလဲမသေကြနဲ့အုံးနော်။ပြန်ပေးဆပ်ဖို့တာဝန်ရှိ
သေးတယ်။စံပြီးရင်ခံနိုင်အောင်စာတွေဘာတွေများများဖတ်ထားအုံး။

KMW said...

မန္တလေးတိုင်းဒေသကြီး ခရိုင်အုပ်ချူပ်ရေးမှူးမှ မီးရရှိရေးအတွက်ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ယနေ့၂၂့ ၅့  ၂၀၁၂ နေ့တွင် ဆက်လက်လုပ်ဆောင်ပါက ထိရောက်စွာအရေးယူမည်ဟု ပြောဆိုထါးသော်လည်း ပြည်သူလူထုမှ အလေးဂရုမပြုဘဲ မိမိတို့အခက်အခဲကို ဆက်လက် ဖေါ်ဆောင်ဆန္ဒပြ ခဲ့ကြပါတယ် နိုင်ငံတော်နှင့်ပြည်သူကြား မလိုအပ်သောကွဲလွဲမှု့များ မဖြစ်ပေါ်စေရန် တာဝန်သိပြည်သူလူထု့ အဖွဲ့စည်းများမှ ထိန်းသိမ်းခဲ့သောကြောင့် မည်သည့်ပြသနာမှမဖြစ်ဘဲအေးချမ်းစွာ ပြီးဆုံးသွားခဲ့ပါတယ်

kyaw Swar Winn said...

လုပ်ပြီ ကြိုးတန်းပေါ်မှာယိမ်းထိုးနေရာက တည်ငြိမ်လာတော့ လုပ်ကြပြန်ပြီ ဒေါ်အောင်ဆန်းစုကြည်ပြောသလို နောက်ပြန်လှည့် သွားရင်တော့ တရာခံက ဘယ်သူဖြစ်သွားမလဲ ဆိုတာ ---- နဲနဲတော့ စဉ်းစားကြပါဗျာ ၊ နှစ်နှစ်ဆယ်ကျော် အပြတ်ခံလာပြီးမှ ဒီအချိန်လောက်လေးကို နဲနဲတော့ သည်းခံလိုက်ကြရင် ကောင်းမယ်ထင်တယ်ဗျာ

KMW said...

ဟုတ်ကဲ့ပါ စည်းကမ်းရှိစွာဘယ်လိုဆန္ဒပြရမည်ဆိုတာကိုပြည်သူလူထုသိအောင်ပြောပြပေးပါအုံး ဆန္ဒပြသူတွေအတွက် လွတ်လတ်စွာ ဆန္ဒဘယ်လိုပြနိုင်ခွင်ရှိတယ်ဆိုတာကိုဥပဒေထုတ်ပြီး ပြည်သူသိအောင်ပြောပြပေးပါအုံး ဒီမိုကရေစီကြဘို့တော့လိုပါတယ် ပြည်သူကအမှန်တကယ် မခံစါးနိုင်လို့တာဝန်ရီသူတွေထံ တင်ပြလာတဲ့ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုတော့ခွင့်ပြုသင့်ပါတယ့်

ngaba said...

ပြည်သူတွေ ဆန္ဒဖော်ထုတ်တာကို ဥပဒေနဲ့ညီညွတ်မှုမရှိသဖြင့် ဆိုတာမျိုးတွေ လုံးဝမသုံးနှုန်း၊ မပြောဆိုသင့်ဘူး။ နိုင်ငံတော်အကြီးအကဲတွေကို နိုင်ငံတကာက ဒီမိုကရေစီ စနစ်အပြောင်းအလဲကို လျှင်မြန်စွာ အကောင်အထည် ဖော်နိုင်လို့..ဆိုပြီး ၀ိုင်းဝန်း အသိအမှတ်ပြု ပူးပေါင်းကူညီဖို့ အရှိန်မြှင့်တင်နေခိုက်မှာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အသုံးအနှုန်းစကားလုံးတွေကို တတ်နိုင်သမျှ ရှောင်ရမှာဖြစ်တယ်။ ဒါကို သိနားလည်မှုမရှိပဲ လုံခြုံရေးရှုထောင့်ဆိုတဲ့ အမြင်တစ်ခုတည်းနဲ့ ပြည်သူတွေကို ကြောက်လန့်ပိပြားနေအောင် အာဏာပြအုပ်ချုပ်တဲ့ လုပ်ရပ်၊ အပြုအမူမျိုးတွေဟာ အတော်ကို မဖြစ်သင့်တော့တဲ့ လုပ်ရပ်တွေဖြစ်တယ်။
ဖြစ်သင့်တာက သူတို့ လျှပ်စစ်ရရှိရေးနဲ့ ပတ်သက်ပြီး လက်ရှိကြိုးစားလုပ်ဆောင်နေတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေကိုယ်တိုင် ပြည်သူတွေ နားလည်လာအောင် ရှင်းပြ၊ ကျေနပ်ကြဖို့ တောင်းပန်တာမျိုးတွေ လုပ်ရမယ်။ ဒါဟာ သူတို့ရဲ့တာဝန်စစ်စစ်ပဲ။ ပြည်သူက တင်မြှောက်တာ ခံထားရတဲ့အာဏာပိုင်တွေဆိုရင် ဒီမိုကရေစီ အဆိုးရလက်ထက်မှာ ဒီလိုအာဏာရှင်ဆန်တဲ့ လုပ်ရပ်၊ ထုတ်ပြန်တာမျိုးတွေ လုံးဝ၊ လုံးဝမလုပ်ဘူး။ လုပ်ခွင့်လည်း မရှိဘူး။
ဖြစ်သင့်တာက.. သူတို့ တတ်စွမ်းသမျှ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဒီထဲကမှ ပြည်သူတွေ ကျေနပ်မှုမရှိုဘူးဆိုရင် သူတို့ အလုပ်ကနှုတ်ထွက်ဆို ထွက်ပေးပါ့မယ်။ အခုချိန်မှာတော့ မိဘပြည်သူတွေ ဆန္ဒလည်း ဖေါ်ထုတ်ပြီးကြပြီမို့ ဆက်ပြီးတော့ အပင်ပမ်းမခံပါနဲ့တော့။ ပြည်သူတွေ စိတ်ပင်ပမ်း၊ လူပင်ပမ်းဖြစ်ကြရင် သူတို့တွေ တာဝန်မကျေသလို ခံစားရပါတယ်... စသဖြင့် ပြည်သူကို တောင်းပန်ပြောဆိုသင့်တယ်။ အခြေအနေအရပ်ရပ်ကို အသေးစိတ် သိနားလည်လာအောင် စိတ်ရှည်စွာ ဆောင်ရွက်ပြုမူရမယ်။ မြန်မာပြည်သူတွေ မရိုင်းကြပါဘူး.. အသိတရား ရှိကြပါတယ်။ အကြင်နာတရား ရှိကြပါတယ်။။ သူတို့ကို အားနာသနားတာနဲ့ပဲ ဆက်လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ အုပ်ချုပ်သူဆိုတာ ကိုယ့်နယ်မြေအပေါ် အမိလိုအဘလို မေတ္တာရှေ့ထား ကျင့်သုံးနိုင်ရမယ်။ ဒါမှ ဒီမိုကရေစီစနစ်နဲ့ ညီသလို ဗုဒ္ဒအဆုံးအမနဲ့လည်း လိုက်လျောညီထွေဖြစ်တယ်။
အခုတော့ နှစ်ရက်လိုက်လျောပြီးပြီ၊ ဆက်လုပ်ရင် စည်းမဲ့ကမ်းမဲ့ ဥပဒေနဲ့ညီညွတ်မှု မရှိသဖြင့်ဆိုတာ တော်တော်ကို အရုပ်ဆိုးအကျည်းတန်လွန်းတဲ့ ထုတ်ပြန်မှုပဲ။ ခရိုင်အုပ်ချုပ်ရေးမှုးရဲ့ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းတာကို ပြသတာပဲ။ တကယ်တော့ ကိုယ့်ပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုနေတာကမှ တကယ်ကို စည်းမဲ့ကမ်းမဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်စစ်စစ်ပဲ။
ဒီခရိုင်အုပ်ချုပ်ရေးမှူးဆိုသူဟာ ပြည်သူက တင်မြှောက်ထားတဲ့ လူမဟုတ်တော့ ပြည်သူကို အမိအဘ ညီအစ်ကိုမောင်နှမလို သဘောထားရကောင်းမှန်း မသိဘူးဖြစ်နေတယ်။ ပြည်သူက တင်မြှောက်တာကို ခံရတဲ့လူဆိုရင် ပြည်သူတွေကျေနပ်အောင်ပဲ ပြောဆိုပြုမူမှာဖြစ်တယ်။ အခုလို ဥပဒေမဲ့ အာဏာရှင်အပြုအမူမျိုးကို ဘယ်တော့မှ မလုပ်ဘူး။
ကိုယ့်တိုင်းပြည်က ဘယ်လမ်းစဉ်ကို သွားနေတယ်..
အနှစ်သာရက ဘာဆိုတာကိုတောင် မသိတဲ့လူက ခရိုင်မှူးတက်လုပ်နေမှတော့ တိုင်းပြည်နစ်နာလွန်းပါတယ်။ သမ္မတကြီးက ((ရှေးရိုးစွဲ၊ အပြောင်းအလဲကိုလက်မခံနိုင်သူတွေကို နောက်မှာချန်ထားခဲ့ရမှာပဲ))ဆိုတာဒီလိုလူမျိုးတွေကို ရည်ညွှန်းပြောဆိုတာပဲ။ တိုင်းပြည်မျက်နှာ.. သမ္မတဦးသိန်းစိန် မျက်နှာကို အိုးမဲသုပ်မယ့်လူတွေကို စောစီးစွာ မောင်းထုတ်သင့်ပြီ။

ddfor said...

ကိုကျော်စွာဝင်းရေ့...
နှစ် နှစ်ဆယ်ကျော်ပြတ်လာတာ ဒီအချိန်လေးနည်းနည်း သည်းခံပါဆိုတော့...နောက်နှစ်နွေရာသီ ရေတွေခမ်းတော့ လျှပ်စစ်မထုတ်နိုင်ရင် (မိုးနတ်မင်းကြီး ဆုတောင်းခိုင်းတာကလွဲလို့ ) သူတို့ ဘယ်လို ဖြေရှင်းဖို့ ရေရှည်အတွက် ဆွဲထားတဲ့ စီမံကိန်းက ဘာတုန်း...သိရင်လည်း နည်းနည်းလောက်မျှပါလားဗျာ...၂၀၁၃ခုနှစ် မေလမှာ လျှပ်စစ်မီးမလုံလောက်မှုအတွက် ၂၀၁၃ခုနှစ် မေလရက်စွဲနဲ့  နိုင်ငံခြားလုပ် မီးစက်သစ်ကြီးတွေမှာဖို့ အမှာစာ ပို့ ထားပါတယ် ရောက်တော့မှာပါလား...ကျူပ်ပြောနေတာက အခုမီးမလာတာ လာတာက အရေးကြီးတယ်။ ပိုအရေးကြီးတာက အခုအချိန်ထိ ရေရှည်ကို ပြည်သူပြည်သားတွေ စိတ်ချမ်းသာဖို့ ရာ၊ ပြည့်စုံဖို့ ရာ အစီအစဉ်မရှိသေးဘူး၊ မလုပ်ကြသေးဘူး။ ဗိုက်နာလို့ ခဏခဏထွက်နေတာတောင် အိမ်သာတွင်းတူးကြဖို့ မလုပ်ကြသေးဘူး၊ ကြုံသလို ဖြစ်သလိုရှင်းနေတယ်။ အဲဒါကို ပြောချင်တာ...

nayzaw said...

ဘာလဲဟဲ့ ဒီမိုကရေစီ။ လုပ်ကြပါဦး။

ကိုမြိတ်မောင် said...

အထက်ကပြောတဲ့သူပြောတာအရမ်းမှန်ပါတယ်လို့ထောက်ခံပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆိုတာ ပြည်သူကရွေးချယ်တင်မြောက်တဲ့သူဖြစ်ရပါမယ် ဒါကလဲအခြေခံဥပဒေမှာလိုအပ်ချက်တစ်ခုလို့မြင်တယ် ဒီမိုကရေစီစံနှုန်းကိုမသိတဲ့ စစ်တပ်ကဗိုလ်အငြိမ်းတွေက အုပ်ချုပ်ရေးမှူးလုပ်တာဆိုတော့ အားလုံးလွဲနေတာပေါ့ လုံခြုံရေးအကြောင်းပြပြီးလူထုကိုကြောက်အောင်မလုပ်သင့်ဘူး

devil said...

ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အခုချိန်မှာ ဖမ်းလို့ရနေတယ်ဆိုတာကို သတိထားမှဖြစ်မယ်။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဆန္ဒပြလို့ရပေမဲ့ ခွင့်ပြုချက်တင်ရတယ်။ ဘယ်နေ့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ အင်အားဘယ်လောက်ခန့်နဲ့ ဘာတွေလုပ်မယ်ဆိုပြီး တင် ခွင့်ပြုမှ ရတာ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ အခုထိ ဒီဥပဒေက အတည်မဖြစ်သေးဘူး။ ကျွန်တော်တို့ဘက်မှာလည်း ညကမီးပျက်လို့ အရမ်းစိတ်ညစ်ရပေမဲ့ ဗုံးဖောက်ခွဲမှုကြောင့်ဆိုတာကို မေ့ထားလို့ မရဘူး။ အခုအခြေအနေက ဖောက်ခွဲရေးသမားများ အတွက် အောင်မြင်မှုကြီး ဖြစ်နေပြီး သူတို့ကို ဒီနေ့ထိ ဘယ်သူ ဘယ်ပါတီနဲ့ ဘယ်အဖွဲ့အစည်းကမှ ရှုံ့ချမှုမလုပ်တာ အံ့သြမိတယ်။ နောက်ပြန်လှည့်မဲ့ အခြေအနေမရောက်အောင် အားလုံးထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ တကယ်ဖြစ်လာရင် ဘယ်သူ ဘယ်နိုင်ငံမှ တားမရပါဘူး။ နောက်ပြန်လှည့်တာနဲ့ တရုတ်ရဲ့ back up က ပိုများလာတော့မှာ ။ အမေရိကန်လည်းစီးပွားရေးပိတ်တာကလွဲပြီး နှစ်ပေါင်းများစွာ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ မြန်မာနိုင်ငံမှာ ဖျက်အားပြင်းလက်နက်မရှိတာရယ်၊ တရုတ်ရဲ့ နဲ့ ထိပ်တိုက်တွေ့မဲ့ အခြေအနေတွေ ကြောင့် ဘယ်သူမှ မ၀င်နိုင်ခဲ့တာ။ အခုလို သူ့ဘာသာ ပြောင်းလဲလာတဲ့အခြေအနေကြောင့် တရုတ်ဘာမှ မတတ်နိုင်ခဲ့သလို အမေရိကန်ကလည်း အရမ်းကြိုဆိုခဲ့တာ။ အမေစုက နောက်ပြန်လှည့်နိုင်လို့ ပိတ်ဆို့မှုကိစ္စ ထိမ်းသိမ်းဖို့ပြောတာတောင် သူတို့ ရှေ့ကိုပဲဆက်လျှောက်ပြီး လျော့ပေးနေတာ သာဓကပါပဲ။ တကယ်တော့ ဒီအခြေအနေမှာ နောက်ပြန်လှည့်ဖို့ စောင့်ကြည့်နေတဲ့ အင်အားကြီး၊ လက်နက်ကိုင် တပ်ဖွဲ့ များရဲ့ အန္တရာယ်ကို သတိပြုမိဖို့ သတိပေးပါတယ်။ ကျွန်တော်တို့ နောက်အနှစ် 20 ထပ်နောက်မကျချင်တော့ပါ။ ဒီမိုကရေစီနိုင်ငံတော်သွားနေပေမဲ့ အရင်ကတည်းက အ ခြေမခိုင် စနစ်မကျတာတွေကြောင့် ချက်ချင်းမိုးကျရွှေကိုနိုင်ငံတော်မဖြစ်နိုင်တာ ၊ ညှိလုပ်ကြရမှာတွေ၊ နားလည်မှုနဲ့ ကောင်မှုအပေါ် အသိအမှတ်ပြု မကောင်းမှုအပေါ် ထောက်ပြဝေဖန်မှုတွေကို ဘက်ညီပြုလုပ်သင့်ပါတယ်လိုပ အကြံပြုချင်ပါတယ်။

Anonymous said...

ဒီလိုအခြေအနေရောက်အောင် မင်းတို့စစ်ခွေးတွေတိုင်းပြည်အုပ်ချုပ်မင်းမူနေ
လို့ပဲ။ပြည်သူပြည်သားတွေရဲ့ ဘဝကိုမကြည့်ပဲ ရတဲ့အာဏာနဲ မင်းတို့စစ်ခွေး
အုပ်စုကောင်းစားဖို့ကိုပဲ ကြည့်တဲ့ကောင်တွေ။

ရာရာ said...

ဖမ်းမယ် ဆီးမယ်ဆိုလည်း နေ့နေ့ညည အဲ့ယားကွန်းကြီးတွေဖွင့်ပြီး အိမ်ရှေ့ မြက်ခင်းက အစ မီးရောင်စုံတွေထွန်းညှိထားကြတဲ့ လူစိတ်မရှိတဲ့လူ့ငနွားတွေကို နယ်ခြားအထိ ကန်ထုတ်ပြီး တစ်နိုင်ငံလုံးကိုသာ တံတိုင်းခပ်လိုက်ကြပါတော့ဗျား...။

htwe said...

အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်‌နေတာပါ။
မင်းတို့လည်းပြစရာရှိတာပြပါ။ ရဲကလည်း ဖမ်းစရာရှိတာ ဖမ်းမှာ‌ပေါ့။ ‌ပြောထားပြီးမှလုပ်ရင် လုပ်တဲ့သူအပြစ်ပါပဲ။
လိုချင်တာမရတိုင်း ဆန်ဒပြရမယ့်‌ခေတ်မဟုတ်‌တော့ပါဘူး။
ကိုယ့်တာဝန်ကိုယ်‌ကျေရဲ့လား ပြန်ကြည်ြ့ကပါဦး။
ဥပ‌ဒေကိုမသိလို့ ကျုးလွန်တာမရပါဘူး၊ သိ‌အောင်စာဖတ်ကြပါ။ အားလုံး‌ကောင်းဘို့‌ပြောတာပါ။

AungSanKo said...

ဆန္ဒရှိလိုပြတာကို ဟိုလိုချိန်းခြောက် ဒီလိုခြိမ်းခြောက်လုပ်နေတာကိုး
တာဝန်ကျေအောင်မထမ်းဆောင်နိုင်ရင်
သမ္မတကြီးကအစ အကုန်လုံး သိက္ခာရှိစွာ
နှုတ်ထွက်ပြီး ပြည်သူလည်းစိတ်ချမ်းသာအောင် တိုးတက်မှုလည်းရှိအောင် လုပ်နိုင်သူတွေသာ
လုပ်ပိုင်ခွင်ရစေချင်

Save said...

ဆန္ဒပြချင်ရင်.............. အထက်ကို စာတင် လူအင်အားဘယ်လောက် ဘယ်နေရာမှာ
ဘာအကြောင်းကြောင့် ဆိုတာစာတင်မှ.. ဥပဒေနဲ့လည်း ညီညွတ် မယ် အခု
ဟာ ကအပျက်သဘောနဲ့ လုပ်သလိုဖြစ်နပြီ...ခေါင်းဆောင်ဘယ်မှာလဲ အေ၇းထဲဆိုရင်ေ၇ာ ဘယ်ေ၇ာက်သွားလဲ..???where is he...??
ခင်ဗျားတို့မကျေနပ်ရင် လျှပ်စစ်ဝန်ကြီးတက်လုပ်..အဲဒီကျမှသိမယ်...
ဒါနဲ့ ကျွန်တော် ဘယ်သူနဲ့မှ အမျိုး မတော်ဘူးနော် နိုင်ငံကြီးသားပီသပါဗျာ...ကျွန်တော်ပြောတာရိုင်းရင်သည်း
ခံပါ လျှပ်စစ်ရုံးရှေ့မှာ အဲဒီလိုလုပ်ကြလို့ ယာဉ်ကြောတွေလည်းပိတ်တယ်ဗျ
ဗိုလ်ချုပ်ကို လေးစားရင် ရှေ့ကလုပ်တဲ့သူတွေကို ကလန့်မတိုက်နဲ့...

ko sai said...

နေပြည်တော်က လျှပ်စစ်မီး အခြေအနေကို သိချင်တယ်ဗျာ၊ တရက်မှာ ဘယ်နယ် နာရီလာပြီး ဘယ်နယ်နာရီ ပျက်သလဲ၊သတင်းလေးရေးကြပါအုံး....

BaNyar said...

အဲဒါလောက်လေးများဗျာ...ပြည်သူ့ပစ္စည်းတွေဖျက်ဆီးလား...ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရ ကိုသိရင်..ဒီလောက်လေးကိုများ ဖမ်းမယ်ဆီးမယ် ဆိုတာက မဖြစ်သင့်တဲ့ကိစ္စပါ...လုပ်ကြပါအုံး....

bobonav said...

တော်ကြပါတော့-အေးငြိမ်းကြပါတော့။ ခုမှ ဒီမိုကရေစီဆိုတဲ့အရသာခံကြည့်
မယ် လုပ်နေတုန်းရှိသေး။တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်မလုပ်ကြပါနဲ့။
တိုင်းပြည်တိုးတက်မှ စက်မှု့လက်မှု့ဖွံဖြိုးလာမှာ။အရာရာအားလုံးဖွင့်ဖြိုးတိုး
တက်လာမှ-နိုင်ငံတော်ကြီးတ၀ှန်းလုံး မီးထိန်ထိန်လင်းနေမှာပါ။ ကိုယ်တတ်
နိုင်သည့်ဖက်ကနေ-တိုင်းပြည်တိုးတက်အောင်ဝိုင်းဝန်းကူညီပံ့ပိုးနိုင်ကြမယ်-
နိုင်ငံတော်အစိုးရနှင့်အတူဝိုင်းဝန်းလက်တွဲလုပ်ဆောင်နိုင်ကြလျှင်၊နိုင်ငံတော်
ကြီး တဟုန်ထိုး တိုးတက်လာမှာ မုချဧကန်ပင်ဖြစ်ရမည်။ ဆူပူနေလျှင်မည်
သူဖက်မျှ-အကျိုးမရှိနိုင်ပါ။ နိုင်ငံတော်ကြီး တိုးတက်မှု့နှောင့်နှေးပေမည်။
ဒါကြောင့် နိုင်ငံသူ/နိုင်ငံသား တိုင်း-တိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးရင်-
တိုင်းပြည် ပျက်ဆီးမည့်အပြုအမူတွေကို-စဉ်စားရှောင်ကျဉ်သင့်ပါသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တစ်ဦးတည်းနဲ့ဆောင်ရွက်လို့ရသည့်
ကိစ္စမဟုတ်ပါ။ မြန်မာနိုင်ငံတော်အတွင်းမှာရှိကြသည့် တိုင်းရင်းသားညီအစ်
ကိုမောင်နှမမိသားစု အားလုံး သမ္မတကြီးနှင့်အတူ-စိတ်တူ/ကိုယ်သူ လက်
တွဲကြပြီး၊ တိုင်းပြည်မဆူပူစေရန်နှင့် တိုးတက်လာစေရန် ၀ိုင်းဝန်းဆောင်
ရွက်ကြပါစို့။

Kyiminhtay said...

ငြိမ်းချမ်းစွာဆန္ဒပြခြင်းနှင့် ပတ်သက်၍ ဥပဒေထုတ်ပြန်ထားတာရှိပါတယ် ဥပဒေစာအုပ်များတွင် လေ့လာကြည့်ပါ လျှပ်စစ်(2)မှလည်း 22.5.2012 နေ့ထုတ် သတင်းစာတွင် ပြည်သူလူထုကိုမေတ္တာရပ်ခံ ထားပါတယ် ယခုကဲ့သိုဆန္ဒပြခြင်းရဲ့ အကျိုကျေးဇူးပဲဖြစ်ပါတယ် ဒီလောက်ဆို တာဝန်ရှိသူများ သဘောပေါက်နေပါပြီ ဆက်လက်ပြီးဆန္ဒပြနေလျှင်လည်း ဒီထက်ပိုပြီး အကျိုးကျေးဇူး ရနိုင်မည် မထင်ပါ အကျိုးယုတ်ဖို့ သာရှိပါသည် ပြည်သူ့ ဆန္ဒဖော်ထုတ်ခြင်းကိုအားပေးပါသည် အကျိုးမယုတ်စေလိုပါ

အချစ် ကောင်းကင် said...

မှန်ပါတယ်...
သူတို့မှာလဲ သူတို့အခက်အခဲနဲ့သူတို့ ရှိမှာပါပဲပေါ့ဗျာ.....
အခုလောက်ဆိုသူတို့လဲ သဘောပေါက်လောက်ပါပြီဗျာ .....

ကျော်ထူး (စောဌက်) said...

သစ်ထူးလွင်မှာ အစိုးရရှေ့နေတွေ အုပ်လိုက်သင်းလိုက် မဟုတ်ရင်လည်း တစ်ယောက်ထဲက နာမည်အမျိုးမျိုးနဲ့ ဆန့်ကျင်ပြောလိုက်၊ မသိမသာ ခြိမ်းခြောက်လိုက်၊ အောက်ဆွဲ အလံရှူး တောခြောက် အချွန်နဲ့မ ပုံစံမျိုးစုံနဲ့ ကစားနေတာပဲ။

(၁) ဥပဒေဆိုတာ လူတွေကို အကျိုးပြုဖို့ ညှိနှိုင်းေ၇းဆွဲထားတာ၊ အသုံးမကျရင် စာရွက်စုတ်ထက် မပိုဘူး။

(၂) ဖယောင်းတိုင်ထွန်း လမ်းလျှောက်တာလောက်ကို သည်းမခံနိုင်ရင် ဘယ်လိုလူတွေလဲ၊ ဒါးနဲ့ဝင်ခုတ်မှ အားကိုအားချင်းယှဉ်မှ အဆင်ပြေမှာလား။

(၃) ခွင့်ပြုမှ လုပ်ရအောင် ဥပဒေ အပြည့်အစုံက ဘယ်တော့မှ ထွက်မှာလဲ၊ ပြည်သူတွေ တကယ်တင်မြှောက်တဲ့ လူတွေက ရေးဆွဲထားတာလား၊ မဟုတ်ရင်လည်း အရင်ကအတိုင်း ငါတို့သာ ပြည်သူရဲ့အမိ ပြည်သူရဲ့အဖဆိုပြီး ပြည်သူကို ဒူးမနာ သားသမီး လုပ်တဲ့အကျင့်က ဖျောက်မရသေးလို့လား။

သတင်းစာရှင်းလင်းပွဲမှာ မေတ္တာရပ်ခံတာ တစ်ခုကိုတော့ ထောက်ခံတယ်၊ လုပ်သင့်တဲ့ အလုပ်ကို လုပ်တာလို့ မြင်တယ်။ ကျန်တာတွေကတော့ လက်ဟောင်း အကျင့်တွေ ပြန်ဖေါ်ပြနေတာပဲ။

အပေါ်က ပြောခဲ့သလိုပဲ၊ အလံရှူးတွေ ငချွန်တွေ ကိုယ့်လူသူ့ဘက်သားတွေ ကြပ်ကြပ် သတိထား။ ဘယ်သူမှ မသိဘူး မမြင်ဘူးလို့ မထင်နဲ့။

lionking said...

ခုတလောမှ အခြေအနေတွေက နဲနဲလေး တိုက်ဆိုင်နေသလားလို့ ဒီလိုပူအိုက်တဲ့ အချိန်မျိုးမှာ မှောင်ကြီးထဲ ခြင်ကိုက်တာခံ ပန်ကာကဖွင့်မရ ရေချိုးမယ်ဆိုတော့လဲ ရေကမလာဆိုတာမျိုးကတော့ လူတွေ တော်တော်သည်းမခံနိုင်တဲ့ ဟာမျိုးပါပဲ အရေးထဲ တာဝါတိုင်တွေ ဗုံးခွဲသွားသေး သတဲ့ တော်တော်လေး အားအားယားယားနိုင်တဲ့ ကေအိုင်အေ တွေဆိုလားပဲ။ အဲဒီ မီးမလာရာက စလို့ ဟိုနေရာ ဒီနေရာ ဟိုမြို့နယ် ဒီမြို့နယ်တွေ မှာ ချီတက်လှုပ်ရှားလိုက်ကြတာများ လခတိုးတောင်းတာမရလို့ဆိုတာတမျိုး လယ်မြေတွေသိမ်းထားလို့ဆိုတာတနည်း ရေမချိုးရလို့ လမ်းတွေပျက်လို့ ဈေးရောင်းမကောင်းလို့ ညအိပ်မပျော်လို့ စသည်ဖြင့်ပေါ့လေ ထားပါတော့ အားလုံးကို မျှမျှတတထောက်ခံပါတယ် လေးလဲလေးစားပါတယ် ဒါခုမှ ရလာတဲ့ ရှားရှားပါးပါး အခွင့်အရေးလေးပါပဲ။ တစ်ခုရှိတာက လူဆိုတာများ အရင်က မလုပ်ခဲ့ရတဲ့ အရာမျိုးဆို အရသာတွေ့တတ်တာမျိုးကိုး တခုစဉ်းစားမိတာလေးက အရင်ကဆိုရင်လဲ နဲနဲလေး အေးချမ်းသာယာမယ်ကြံကာရှိသေး ဟိုနေရာ ဗုံးကွဲပြီ ဒီနေရာ မိုင်းတွေ့ပြီ ရက်စက်ယုတ်မာတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေများ တောထဲသာနေတာ လုပ်လိုက်ရင်ကွက်တိ အရှောင်အတိမ်းကလဲ ကောင်းပါ့ အဲဒါကြောင့် အခုလဲပဲ သတိတော့ထားပါ ညီအကိုတို့ရေ တော်နေကြာထောင်ချောက်ဆင်ထားရင် မခက်ပါလား ကျနော် တို့ကသိပ် အခြေခိုင်သေးတာမဟုတ်ဘူး မင်းမဲ့စရိုက်တွေလွှမ်းမိုးလာပါပြီဆိုတဲ့ အကြောင်းပြချက်နဲ့ နှစ် ၂၀ ကျော် ခံခဲ့ရပြီးပြီ။ လူသားစားဖူးတဲ့ ကျားများလိုပေါ့ အရသာကိုသိသွားပြီလေ ရွာနားမှာပဲ တ၀ဲဝဲလှည့်ပြီး ချောင်းနေတဲ့ကျားလေးဘာလေးရှိနေရင် သတိထားဖို့ပါပဲ အဆုံးရှုံးမခံ ချင်တော့ဘူးဗျာ ခံလဲ မခံနိုင်တော့ဘူး ။ပြောကြည့်ချင်တာဒါလေးပါပဲ တိုက်ဆိုင်မှု မရှိရင်တော့ ဝေဖန်နိုင်ပါတယ်။

lawyer said...

ဖမ်းမယ် ဆို ဖမ်းဗျာ ။အိုးဘိုထောင် မှာမီးလာတယ် မလား၊ပူလို. ပန် ကာလေးတော.ယူခွင်.ပေး....

linn said...

ပြည်သူတွေအနေနဲ့ ဘက်စုံထောင့်စုံက အမြင်အစုံနဲ့ပြောတဲ့ လူတွေရဲ့စာတွေကိုပြီး စိတ်ကြိုက်ဆုံးဖြတ်ကြပါ။ အမိမြန်မာပြည်ကို ကျွန်တော်တို့ ပြည်သူတွေအားလုံး စုပေါင်းပိုင်ဆိုင်ပါတယ်။ စီမံတဲ့နေရာမှာသာ (လူများလို့- သန်း ၆၀)တိုက်ရိုက် ဒီမိုကရေစီလုပ်မရလို့ကိုယ်စားလှယ်ရွေးပြီး လွှတ်တော် နဲ့ အစိုးရခန့်ပြီး နိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်စေရတာပါ။ အဲတော့ တဖြည်းဖြည်း ဒီမိုကရေစီပီပြင်လာရင် ပြည်သူကိုတာဝန်ခံသော၊ ပြည်သူကရွေးသော ကိုယ်စားလှယ်များဖြင့်အုပ်ချုပ်သော အစိုးရအနေအထားကိုရောက်ပါမယ်။ အခုလောလောဆည်က ဒီမိုကရေစီမစစ်သေးပါ။ အသွင်ကူးပြောင်းရေး ကာလပဲရှိသေးလို့ နဲနဲ သည်းခံပါလို့ပြောချင်ပါတယ်။ ၂၀၁၅ မှာဆို ပြည်သူ့စိတ်ကြိုက်၊ ပြည်သူကိုတာဝန်ခံမဲ့ အစိုးရနဲ့ လွှတ်တော်ကို ရွေးနိုင်မယ်မျှော်လင့်ပါတယ်။ ပြည်သူအနေနဲ့ကတော့ အစိုးရကို ပွင့်လင်းမြင်သာရှိဘို့ အမြဲဖိအားပေးနေရမှာပါ။( check and balance)ပီပြင်ဘို့ပါ။ အခုက ပွင့်လင်းမြင်သာမှုလဲမရှိသေးပါ။ အစိုးရက သူ့လုပ်နေတဲ့အစီအစဉ်ကို လွှတ်တော်မှာတောင် သေချာမပြောပါ။ တစ်ကယ်က လွှတ်တော်ဟာ အစိုးရက ၀န်ကြီးတွေလုပ်ပုံကိုင်ပုံမဟုတ်ရင် ခေါ်စစ်လို့၊ မေးခွန်းမေးလို့ရပါတယ်။ လိုအပ်ရင် ကော်မတီဖွဲ့ပြီး အသေးစိပ်စစ်ဆေး ၊လွှတ်တော်မှာ တင်ပြပြီး၊ မဲခွဲပြီး ၀န်ကြီးကိုဖြုတ်လို့ ရပါတယ်။ တစ်ခါတစ်လေ အခြေအနေ မကောင်းရင် ၀န်ကြီးကသူ့ဘာသာတောင် နှုတ်ထွက်သွားတတ်ပါတယ်။ ဒါတွေပီပြင်အောင် အချိန်နဲနဲတော့ ယူရပါဦးမယ်။ ဦးရွှေမန်းနဲ့အဖွဲ့ ဥရောပမှာ သွားလေ့လာတာ အကျိုးရှိမှာပါ။

linn said...

ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတာတွေကနေ တနိုင်ငံလုံးပြန့်သွားမှာ၊ ပြည်သူနဲ့ အစိုးရကြားတင်းမာမှာတွေ စိုးရိမ်ခဲ့ပေမဲ့ နှစ်ဦးနှစ်ဘက် ညင်ညင်သာသာ ချဉ်းကပ်သွားတာတွေ့ရလို့ ၀မ်းသာပါတယ်။ ပြီးတော့ အခြေအနေကိုမဆိုးသွားအောင် လိုက်လံထိမ်းသိမ်းပေးတဲ့ လူမှုရေးအဖွဲ့အစည်းများနဲ့ သြဇာရှိသူများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ နိုင်ငံရေးအပြောင်းအလဲ နောက်ပြန်မလှည့်ရေးဟာ မြန်မာပြည်သားအားလုံးကောင်းဘို့အတွက်ပဲမဟုတ်ပါလား ခင်ဗျာ။

Powered by Blogger.