ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား


၂၀၁၂ မေလ (၁၆)ရက်နေ့ နေလည်ပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က
ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား ခဲ့ကြောင်းသိရပါသည်။

ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏
 စီစဉ်ညွှန်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
 မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား CCA (Child Centre
Approch) သင်တန်းကို ဒဂုံတောင် အထက(၂) တွင် မေလ (၁၂)ရက်နေ့မှ
စတင်ကာ သင်ကြားပို့ချပေးပါသည်။

အဆိုပါသင်တန်းသို့ အစိုးရမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမပေါင်း
(၃၀၀)ကျော်နှင့် ဘ/ကကျောင်းများမှ သီလရှင်ဆရာကြီးများ၊ ဆရာ/ဆရာမပေါင်း
(၄၀)ကျော်တို့ တက်ရောက်သင်ကြားကြပါသည်။

CCAနည်းလမ်းဖြင့် လာမည့်ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် လက်တွေ့
သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသောကြောင့်
 အဆိုပါသင်တန်းသည် အရေးပါသောသင်တန်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။

ယင်းသင်တန်းသို့ ဘ/ကကျောင်းမှ ဆရာ/ဆရာမများလည်း တက်ရောက်သင်ကြားရ
မည်ဟု မြို့နယ်ပညာရေးမှူးက မြို့နယ်ဘ/ကကြီးကြပ်ရေးမှူး ဥက္ကဋ္ဌဆရာတော်ထံ
 တရားဝင် အကြောင်းကြားသောကြောင့် ဥက္ကဋ္ဌဆရာတော်က ဒဂုံမြို့သစ်(တောင်ပိုင်း)
တွင် တရားဝင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်းနှင့်
သီလရှင်သင် ပညာရေးကျောင်း (၂)ကျောင်းထံ သင်တန်း တက်ရောက်ကြရန်
ထပ်ဆင့်ညွှန်ကြားပါသည်။

ယင်းညွှန်ကြားချက်အရ ဘ/ကကျောင်း စုစုပေါင်း(၉)ကျောင်းမှ ဆရာ၊ ဆရာမဦးရေ
 (၄၀)တိတိ ယင်းသင်တန်း တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေလ (၁၂)
ရက်မှ (၂၃)ရက်နေ့အထိဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၈)နာရီမှ ညနေ(၄)နာရီ
အထိဖြစ်သည်။

ယင်းသင်တန်းတွင် အစိုးရကျောင်းများမှ ဆရာ/ဆရာမဦးရေ (၃၀)နှင့်အတူ ဘ/က
ကျောင်း ဆရာ/ဆရာမများ (၃)ဦး(၄)ဦးကို ယှဉ်တွဲကာ သင်စေပါသည်။
ဘ/ကကျောင်းဆရာ/ဆရာမများကို အတူစုကာ မသင်စေပဲ အစိုးရကျောင်းများမှ
ဆရာ/ဆရာမများမှ နောက်မှ သင်စေခြင်းဖြစ်သည်။ သင်တန်းကာလ (၅)ရက်ပြည့်သည့်
ယနေ့(၁၆၊ ၅၊ ၂၀၁၂)နေ့တွင် သင်တန်းစရိတ်ကို အစိုးရကျောင်းများမှ
ဆရာ/ဆရာများအား တစ်နေ့လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ရှင်းပေးပါသည်။

ဘ/ကကျောင်းများမှ ဆရာ/ဆရာမများအား ပေးရန်တာဝန်မရှိဟု သင်တန်းတာဝန်ခံ
များကပြောကြားသည်။ CCA လမ်းညွှန်ဆရာကိုင်စာအုပ်များ ပေးဝေသောအခါတွင်လည်း
ဘ/ကကျောင်းများမှ ဆရာ/ဆရာမများကို မပေးနိုင်ဟု သင်တန်းတာဝန်ခံများက
ပြောကြားပါသည်။ ယင်းလမ်းညွှန်စာအုပ် မရှိပါက မသင်ပေးနိုင်ဟု ဆိုကာ
သင်တန်းချိန်အတွင်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမ (၄၀)ဦးလုံးသည် သက်ဆိုင်ရာ
သင်တန်းခမ်းမအတွင်းမှ ဆန္ဒပြကာ ထွက်ခွါခဲ့ကြပြီးနောက်မြို့နယ်ပညာရေးမှူးရုံးသို့ 
ဦးတည်ချီတက်ခဲ့ကြသည်။

 မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်စာအုပ်များ ပေးကြားရန် ဆရာ/ဆရာမများအားလုံးက
ဝိုင်းဝန်းတောင်းဆိုကြပါသည်။ မပေးနိုင်ဟု အစတွင် ပညာရေးမှူးက
ပြောသော်လည်း အားလုံးက ထပ်ကာတလဲလဲ တောင်းဆိုကြသဖြင့် (၂)ဦးလျှင်
(၁)အုပ်နှုန်းဖြင့် ပေးခဲ့ပါသည်။

(ဤပြဿနာ၏ အကျဉ်းချုပ်မှာ-
၁။ ဘ/က ကျောင်းဆရာ၊ ဆရာမများကို သင်တန်းခန်းမအတွင် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း၊
၂။ သင်တန်းစရိတ်ထောက်ပံ့မှုကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်း၊
၃။ CCA သင်ကြားနည်းလမ်းညွှန်စာအုပ်များကို ဘ/က ဆရာ၊ ဆရာမများအား
မပေးခြင်းတို့ဖြစ်ပါသည်။)

ဘ/ကကျောင်းများသည် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော
 ကျောင်းများဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပညာသင်ကြား
ပေးနေကြပါသည်။ ဆင်းရဲသားလူတန်းစားများအတွက်အားကိုးအားထားရာဖြစ်ပါသည်။
ဒဂုံတောင်မြို့နယ်အတွင်းမှာပင်ကျောင်းသားဦးရေ (၃၀၀၀)ကျော် ပညာသင်ကြားနေပါ
သည်။ ဘ/ကကျောင်းများမှဆရာ/ဆရာမများသည် အလွန်နည်းပါးသောလစာဖြင့်
စေတနာထား၊ အနစ်နာခံကာသင်ကြားပေးနေကြပါသည်။ အစိုးရကျောင်းများမှ ဆရာ၊
ဆရာမများကဲ့သို့ကျူရှင်ပြ၍လည်း ၀င်ငွေ မရှာကြပါ။ အစိုးရကျောင်းများမှ ဆရာ၊
ဆရာမများနှင့်သင်တန်းများ တက်ရောက်ခွင့်ပြုသော် ရသင့်ရထိုက်သော အခွင့်အရေး
များကို ဘ/က ဆရာ၊ ဆရာမများထံ မပေးခြင်းမှာ တရားမျှတမှု မရှိပါကြောင်း သက်ဆိုင်ရာ
အစိုးရလူကြီးများကို သိစေလိုကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဘ/က ကျောင်းဆရာ
တစ်ဦးက Myanmar News Now ကိုပြောထားပါသည်။

 ယင်းသင်တန်း မပြီးဆုံးသေးပါ။ နောက်ထပ် ခြောက်ရက်တိတိ ကျန်ပါသေးသည်။ မေလ ၂၃-ရက်နေ့မှ
ပြီးပါမည်။ ဘ/ကကျောင်းများမှ ဆရာ၊ ဆရာမများက သင်တန်းစရိတ်မရသော်လည်း
သင်တန်းပြီးဆုံးအောင် တက်ကြပါမည်ဟု သိရပါသည်။

Myanmar News Now
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 16:26 Rating: 5

22 comments:

ဒုတ်ထိုးအိုးပေါက် said...

အစိုးရကျောင်းမှ ဆရာဆရာမများက နေရာတကာ လူလည်လုပ်နေတာပါလား

ဘုန်းကြီးကျောင်းမှာ သင်တဲ့ဆရာဆရာမတွေက
နာ (3) နာကကို ဥင်္ီးထိပ်ထားပြီး ကလေးတွေကို ပညာသင်ပေးနေ
တာပါ
စေတနာ အနစ်နာ ဂရုနာ နဲ့လေ

ဟုတ်ဈေးသည်တွေလို ကျုရှင်လဲ သင်မစားဘူးလေ
အတန်းထံမှာတင် ကျောင်းသားတွေကို တတ်အောင်သင်ပေးနေတာပါ

အစိုးရကျောင်းက ဆရာဆရာမတွေလို
အကျင့်ပျက် ၀န်ထမ်းတွေမှ မဟုတ်တာ
အစိုးရကျောင်းတွေကို မဖြစ်သာလို့သာ ထားနေရတာ
ဘယ်သူကမှ အထင်မကြီးတော့ဘူး
အတတ်လဲသင်
ပဲ့ပင်ဆုံးမ
သိပ္ပမချန်
သင့်ရာအပ်ပို့
ဆရာတို့ ကျင်ဘို့ဝတ်ငါးပါး
အစိုးရကျောင်းက အကျင့်ပျက်ဝန်ထမ်းတွေ
ဘယ်တစ်ချက်နဲ့ ကိုက်ညီလဲ
ဒါနဲ့များ
အာစရိရ ပူဇော်ကြေးက ကောက်လိုက်ချင်သေးတယ်
မကောင်းတတ်လို့ ထဲ့နေရတာ
နဲနဲမှ စေတနာကို မရှိတာ

david said...

ဤသတင်းဖတ်နေစဉ်တွင် ဒေါသထွက်မိပါသည် .... ဖတ်ပြီးမှ မိမိစိတ်ကို တည်ငြိမ်အောင်ပြန်ထိန်းပြီး အတွေးတွေ များစေခဲ့ပါသည်။ ပညာရေး တစ်ခုလုံးပျက်စီးနေခြင်းမှာ သုံးမရလောက်အောင် ဖြစ်နေသည်ဆိုသည်မှာ လုံးဝ ပေါ်လွင်နေပါပြီ ... ဘ/က ပညာသင်ကျောင်းတွင် သင်ကြားပေးနေသော ဆရာ/မ များသည် အနစ်နာခံပြီး ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များကို ကူညီသင်ကြားပေးသောကြောင့် ဂုဏ်ယူစရာဖြစ်ပါသည်။ အစိုးရကျောင်းမှ ဆရာ/မ များ (အကုန်လုံးကို မဆိုလိုပါ ဒါပေမယ့် ရာခိုင်နှုန်းပြည့်နီးပါး) သည် လာဒ်လာဘကိုသာ ကြည့်နေကြခြင်းဖြစ်ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပညာရေး၏ ပျက်စီးခြင်းသည် မည်သို့ရှိနေသည်ကို သိရှိနိုင်ပါသည်။ တိုင်းပြည်တိုးတက်ရန်မှာ ပညာရေးသည် အဓိက အခန်းကဏ္ဌတွင်ပါဝင် နေပါ၍ ပညာရေးအဆင့်အတန်းကို အလျင်အမြန် မြှင့်တင်သင့်ပြီး ဆရာ/မ များ လာဘ်လာဘ ယူခြင်းများကိုလည်း အလျင်အမြန်ပပျောက်အောင် ဆောင်ရွက်သင့်ပြီပါသည်။

HAN MYO said...

တိတိကျကျစုံစမ်းစစ်ဆေးပြီးထိရောက်သောအရေးယူမှုကိုချက်ခြင်း လုပ် ဆောင်သင့်ပါသည်။ဘ/ကပညာရေးသည်ဆင်းရဲသားလူ တန်းစားကလေးငယ်များ၏ပညာရေးအတွက်အရေးကြီးသောမှီခို ရာဖြစ်သည့်အားလျှော်စွာနိုင်ငံတော်မှစွမ်းနိုင်သမျှသောသင်ထောက်ကူပြုသင်တန်းများတွင်ပါဝင်စေရုံမျှမကပဲအထက်စာပါတိုင်ကြား ချက်များကိုလည်းမှန်ကန်သောရှု့မြင်အဖြစ်သုံးသပ်နိုင်ရန်တင်ပြ အကြံပြုပါသည်။

mindon said...

နိုင်ငံတကာအကူအညီနဲ့လုပ်တဲ့အဖွဲ့အစည်းတွေ သတိပြုစရာပါ။
အရင်ခေတ်ကလိုမဟုတ်တော့ပါ၊

Unknown said...

အဲတာအဲတာအဲတာ....တို့ မြန်မာပြည်ပါ........

မြတ်သုခ said...

ဟုတ်တယ်.. ဒီလိုတော့ မလုပ်သင့်ဘူး။ ဘ က မှာ ဆရာ ဆရာမ လုပ်တယ် ဆိုတာ နှိမ်စရာမဟုတ်ဘူး။ ဂုဏ်ယူစရာပဲ ဖြစ်တယ်။

66koaungaungtun@gmail.com said...

ဘကကျောင်းမှဆရာ/ဆရာမများခင်ဗျာကျောင်းဆရာ/ဆရာမများကိုမေးကြည့်ပါအုန်းနင်တို့ကတတ်လို့ပြောနေတာလား။ကျူးရှင်ပြစားချင်းလို့ပြောနေတာလားလို့မေးကြည့်ပါခင်ဗျာ။

Ramanya said...

သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံကြရန် မေ ၇ ရက်နေ့ က ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဖောင် ကြီး၌ ကျင်းပသော အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံ သင် တန်းအမှတ်စဉ် ၈ဝ ဖွင့်ပွဲ၌ ထည့် သွင်းပြောကြားခဲ့သည်။ြ

001komgmg222@gmail.com said...

ပညာသင်တဲ့ဆရာ/ဆရာမချင်းအတူတူဘာမနာလိုဖြစ်နေကြတာလည်းအော်စားကြက်လုနေကြတာလားပြောပါ။

ကိုယ်တော်ချော said...

ဘ/ကကျောင်းမှ ဆရာ/ဆရာမများကိုလည်း အစိုးရကျောင်းဆရာ ၊ ဆရာမတွေလိုပဲ တန်းတူ အခွင့်အရေးပေးသင့်ပါတယ် ဘ/ကကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူလေးများဟာလည်း မြန်မာနိုင်ငံသားတွေပါ သြော် မှတ်သားလောက်ပါတယ် ကြားထဲက ငထွားခါးနာ ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် တဲ့လား လှူတဲ့သူက လှူတာတောင် ကြားထဲက တွန့်တို နေသေးတယ်နော် ကိုယ်နိုင်ငံက ထိပ်သီး သူဌေးကြီးတွေ သူတို့အတွက် ဘာမျှော်လင့်ချက်မှ မရှိရင် မလှူကြဘူး လူကြီးနောက်လျှောက်လိုက် စက္ကူ ပုံး မှာ စာကပ်ပြီး မျက်နှာလို မျက်နှာရလှူကြ ပြီးရင် ကုမ္ပဏီ လိုက်တောင်းတော့ မယားငယ် လစာပေးသလို ပေး။ ကြီးပွားကြအုံးပေါ့ဒီဘဝ

kaungkinn said...

ဘ/က ကျောင်းဆရာ/ဆရာမများကို ပိုပြီးတောင် ဦးစားပေးသင့်ပါတယ်...

student said...

ထပ်ဆင့်ပြောလိုပါသည်၊ ထိုကိစ္စသည် စဉ်စားစရာကောင်းသော ကိစ္စဖြစ်ပါသည်။ ဘကကျောင်းသာရှိသလားလို့ မေးယင် ဘကအပြင် အခြားကျောင်းများလည်း ရှိပါသေးသည်။
မြန်မာပြည်တလွားက အခြေခံပညာကျောင်းများတွင် ဘက အပြင် တွဲဘက်ကျောင်းများ ၊ မူလွန်များ ၊ ကျောင်းခွဲများ အားလုံးတွင် ဆရာမလုံလောက်မှုကြောင့် ခန့်ထားရသော ပြင်ပ၀န်ထမ်းများရှိပါသည်။
ထိုသင်တန်းကို ဘကအပြင် ထိုကျောင်းများမှ ဆရာများအားလုံးတက်ရောက်စေသင့်ပါသည်။ ဖြစ်နိုင်ယင် တရားဝင်မှတ်ပုံတင်ထားသော ကျူရှင်ဆရာများအားလုံးတက်သင့်ပါသည်။
ငွေရရှိခြင်း၊ မရရှိခြင်းမှာ ပြသနာတစ်ရပ်အဖြစ် မဖန်တီးသင့်ပါ။ ပညာရေးဝန်ထမ်းများကို ပေးသောသင်တန်းဖြစ်သဖြင့် နိုင်ငံတော်အပေါ်နားလည်သင့်သည်။
ဘကဆရာကိုတော့မပြောလိုပါ။ ပြင်ပမှ အခြေခံပညာမူလတန်းကျောင်းများတွင် အရပ်ငှားဆရာများတွင် တက္ကသိုလ်ဝင်တန်း မအောင်သူများလည်းပါပါသည်။
နောက်တစ်ချက်က ဘကကျောင်းသားများအတွက် ပုံနှိပ်စာအုပ်များကို အချိန်မီရရှိရေးကို ကူညီပေးသင့်ပါသည်။
ငွေမပေးခြင်းသည် ပညာရေးဌာနရှိ ပညာရေးမှူးနဲ့လည်းမသင့်ဆိုင်ပါ။ များပြားလှသော လူများနှင့်ဆောင်ရွက်နေရသော မြန်မာ့ပညာရေးဌာနတစ်ခုလုံးအပေါ်နားလည်သင့်ပါသည်။
နိုင်ငံတော်မှာ တာဝန်ရှိသူများအပေါ်တင်ပြလိုပါသည်မှာ
၁။ ဘကကျောင်းများဖွင့်လှစ်ခွင့် ပြုမည်ဆိုပါက အမှန်တကယ်ဖွင့်လှစ်သင့်မသင့် စံသတ်မှတ်ချက်များ ရေးဆွဲပြီး အဖွဲ့ဖြင့် ဆုံးဖြတ်ပေးသင့်ပါသည်။
၂။ ဘကကျောင့်းများမှ သင်ကြားရေးဆောင်ရွက်မည့်သူများကိုလည်း ပညာရေးဌာန၏ စည့်မျဉ်းအတိုင်း နိုင်ငံတော်မှ လစာပေးပြီး ပညာရေးဝန်ထမ်းများအား တိုက်ရိုက်ခန့်ထားပေးနိုင်မည့် အစီအစဉ်မျိုး စဉ်းစားပေးသင့်ပါသည်။
၃။ ဘကကျောင်းများ၏ ငွေကြေးသုံးစွဲမှုများကိုလည်း ဘုန်းတော်ကြီး၏ အစီအစဉ်ဖြင့် အဖွဲ့ဖြင့် သုံးစွဲနေရသောငွေကုန်ကျမှုများကို သိရှိအောင်ပြုလုပ်ပြီး ပြန်လည်သုံးသပ်အကြံပြုချက်များပြုလုပ်စေသင့်သည်။
၎။ သူငယ်တန်းမှ ၈တန်းအထိသင်ကြားပေးသော အချို့ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၏ အသုံးစရိတ်သည် အခြေခံပညာမူလတန်းကျောင်း ကျောင်းပေါင်း (၄၀) လောက်ကို တစ်နှစ်တာ ကျောင်း၏ သာမာန်အသုံးစရိတ်အတွက် ထောက်ပံ့ပေးနိုင်သည်ဟုဆိုလျှင် စာဖတ်သူတို့ အံ့သြပါလိမ့်မည်။( အခမဲ့ပညာရေး၏ နောက်ကွယ်တွင် လှူဒါန်းရရှီငွေများကို မမေ့လိုက်သင့်ပါ )
၅။ ပညာရေးကိုအခမဲ့လို့အကြွင်းမဲ့လုပ်ချင်လျှင်ဘုန်းတော်ကြီးသင် ကျောင်း များ၏ အသုံးစရိတ်သည် မှီငြမ်းစရာတစ်ခုဖြစ်နိုင်ပါသည်။ စာရင်းဇယားတစ်ခုအနေဖြင့် တင်ပြစေသင့်ပါသည်။
၆။ ထိုဖြစ်ရပ်သည် သင်ခန်းစာယူသင့်သောအရာဖြစ်ပြီး လူကြီးများက စဉ်းစားပေးသင့်သော အချက်ဖြစ်ပါသည်။ ထိုသင်တန်းမှ ဖြစ်ရပ်သည် စီစဉ်ဆောင်ရွက်သူတို့၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်ဖြစ်သည် ။ အချို့မြို့နယ်များတွင် အမျှော်အမြင်ရှိသော သူများလက်ထက်ကပင် ထောက်ပံ့မှုများပေးကာ ဘကကျောင်းများမှ ဆရာများအား တိုင်းတစ်တိုင်းလုံးအနေဖြင့် သီးသန့်သင်တန်းများပေးကာ စီစဉ်ဆောင်ရွက်ပေးမှုများ ရှိကြောင်းသိရပါသည်။ သင်တန်းကို စပြီးပေးတက်စဉ်က သဘာဝကျအောင် မစီစဉ်ခဲ့သော ဖြစ်ရပ်အပေါ် ၀ိုင်းဝန်းသင်ခန်းစာယူသင့်သည်။
ဆရာသည်သာ ဆရာအလုပ်ကို သိက္ခာရှိအောင် ဆောင်ရွက်နိုင်မည်ဆိုလျှင်
အလုပ်တစ်ခု၊ ဆောင်၇ွက်တိုင်း သေချာပြသနာမပေါ်အောင် လုပ်သင့်ကြောင်း အကြံပြုပါသည်။ အလုပ်လုပ်လျှင် ငွေမရှိပဲဘာမျှလုပ်လို့မရသဖြင့် သင်တန်းသားများမှ ငွေဖြတ်တောက်ယူခဲ့ခြင်းမျိုးမဖြစ်ရအောင်လည်း ကုန်ကျနိုင်သောစရိတ်များကို အပြည့်အ၀ထုတ်ပေးသင့်ပါကြောင်း အကြံ့ပုအပ်ပါသည်။
နောက်ဆုံးအကြံပြုလိုသောအချက်မှာ ဘကကျောင်းများမှ ကျောင်းဝင်မှတ်ပုံတင်စာရင်းဇယားများ ၊ ကျောင်းပြောင်းလက်မှတ်များ ၊ ကျောင်းခေါ်ကြိမ်များ သည် မြန်မာ့ပညာရေးလုပ်ငန်း၏ အသက်ဖြစ်သဖြင့် စံနစ်ကျမှုရှိမရှိ စိစစ်ပေးသင့်သည်။ အချို့ကျောင်းများတွင် အတန်းကြီးကျောင်းသားများအား ကျောင်းပြောင်းလက်မှတ်မရှီပဲ လက်ခံသည်ဟု သတင်းများကြားနေရပါသည်။ တာဝန်ရှိသူများက ထိုဖြစ်ရပ်မျိုးအမှန်တကယ်ရှိမရှိ စိစစ်သုံးသပ်ပြီး စံနစ်တကျစည်းမျဉ်းစည်းကမ်းဥပဒေအတိုင်း တပြေးညီဖြစ်အောင်စိစစ် ဆောင်ရွက်ပေးသင့်ပါကြောင်း အကြံပြုယင်း
ပညာဖြင့် လောကကို အလှဆင်သူများ
စေတနာဖြင့် ကလေးများကို ပညာပေးနေသူများ
အနစ်နာဆိုတဲ့စကားကို ဖြောင့်ပစ်ပြီး ဘုရားရှင်ဟာ ဘ၀များစွာမှာ ပြုကျင့်ခဲ့သော ကောင်းမှုများသည် သူ၏ ပါရမီဖြည့်မှုများပင်ဖြစ်ပေသည် ။ အနစ်နာခံမှုဆိုသော စကားကို မကြားခဲ့ရပါ။ ဒါကြောင့် မြန်မာပြည်တလွားက ဘုန်းတော်ကြီးသင်ကျေင်းမှ ဆရာများ နစ်နာနေသည်ဆိုသော စကားအစား ပါရမီဖြည့်နေသည်ဟု ခံယူသင့်ပါကြောင်း တင်ပြယင်း စေတနာဖြင့် ကလေးများ၏ ဘ၀ကို ထွန်းတောက်နိုင်စေသူများ ဖြစ်ပါစေ

ဆရာများ၏ ကျေးဇူးကို ရိုသေကန်တော့လျှက်
ထာဝရကျောင်းသားကြီး

san san said...

ဘယ်လိုပညာရေးမှုးလဲ။ပေးရမဲ့ငွေဘုံးချင်လို့လားမှမသိတာ

တြိရတနာ said...

အကောင်းဆုံးကတော့ စေတနာအကျိုးပေးဆိုတာပြကြဖို့ပါပဲ။ ခုသင်တန်းကာလအတွင်း ဘက ဆရာ ၊ ဆရာမတွေကို ဒီသင်တန်းစရိတ်ထောက်ပံ့မှုကို ကျွန်တော်တို့ စေတနာရှင် သတင်းဖတ်ပြည်သူ ( ကိုသစ် ဝိုင်တော်သားများ ) အတူ နည်းများမဆို လှူလိုက်ကြပါစို့။ ဆရာတွေ ဗိုက်ဝမှ ၊ အပူကင်းမှ သန့်စင်တဲ့ သင်ကြားခြင်းဖြစ်မှာပါ။ ကျွန်တော်မှာ ဝင်းကုန်းကျေးရွာမီးဘေး ကောက်ခံ အလှူငွေ စင်ဒေါ်လာ ၂၀၀ ကလဲလွှဲဖို့ မုံရွာ NLD လူငယ်တစ်ဦး ကိုဆက်သွယ်ချင်ပါတယ်။ကူညီကြပါ။

တြိရတနာ said...

laboursggp@gmail.com ကို NLD လူငယ်တစ်ဦးဦး ဝင်းကုန်းကျေးရွားမီးဘေး အလှူငွေလက်ခံဖို့ ကူညီကြပါခင်ဗျား။

mad dog said...

အစိုး၇ ၀န်ထမ်း ဆ၇ာဆ၇ာမ တွေနော် အချိုး ပြင်၇င်ပြင် မပြင်၇င် ငါတို့သမ္မတကြီးက နောက်ချန်ထားပါ။ နင်တို့ကို ဒီမိုကေ၇စီ နိုင်ငံသစ်ကို မခေါ်သွားဘူး။

KhaungYan said...

သင်တန်းကိုတော့တက်ခိုင်းပြီး သင်တန်းကပေးတဲ့အခွင်းအရေးကို တော့မပေးတာဟာ လုံးဝအဓိပါယ်မရှိဘူး
ဒီသင်တန်းတက်ရတဲ့သူအားလုံးတပြေးညီဖြစ်ကိုဖြစ်သင့်တာပေါ့

Moe said...

အခြားမြို့နယ်တွေမှာဆ၇ာ။ဆ၇ာမတစ်ယောက်ကို၁၅၀၀ိပေးတယ်လို့သိ၇ပါတယ်

မောင်မောင် said...

ဘာဖြစ်လို.ခွဲခြားတာလည်း....

Sayadaw U Wunna said...

တခြားမြို့နယ်တွေလိုပဲ ဒဂုံ/တောင်မှာ ဆရာ၊ ဆရာမတစ်ဦးကို (၁၅၀၀)စီ ဂျပန်အလှူရှင်တွေက ပေးပေမယ့် သင်တန်းကုန်ကျစရိတ်ဆိုပြီး တစ်ဦးကို တစ်ရက် (၃၀၀)ကျပ် ဖြတ်ပါသတဲ့ဗျာ.......

sainyi said...

အစိုး၇ဆ၇ာဆ၇ာမတွေနဲ့ တွေနဲ့ မဆိုင်ပါဘူး ပညာေ၇းမှူးရုံးကသူခိုးတွေနဲ့ 
ပဲဆိုင်ပါတယ် ၀န်ထမ်းမှန်ရင်ခိုးတက်၇ပါတယ်ဗျာ မခိုးတဲ့ ဝန်ထမ်းရှိ၇င်ပြော
ပြပါဗျာ ငွေမခိုးရတဲ့ ဝန်ထမ်းကအချိန်တော့ခိုးတာပဲမို့ လားဗျာ နာဂစ်တူန်း
က ဒုက္ခသည်တွေကို ဂျပန်ထောက်ပံ့တဲ့ ပစ္စည်တွေတောင်ဈေးထဲမှာတွေ့ ၇
သေးတယ်မို့ လား ဋ္ဌါနတိုင်းသူခိုးတွေပါဗျာ မြန်မာနိုင်ငံတိုးတက်ချင်တယ်ဆို၇င်တော့လက်ရှိအစိုး၇
အဖွဲ့ အစည်းအကုန်လုံးပြောင်းလဲပစ်မှ၇မယ်ထင်တယ်

Min Lu said...

ဗုဒဘာသာအများစုတက်သောအစိုးရ ကျောင်းများတွင် ဘာသာရေးအချိန်တစ်
ခု သီးခြားပေးကာ ဘုန်းတော်ကြီးများဖြင့် တိုက်ရိုက် သင်ကြားစေလိုပါသည်။

Powered by Blogger.