ဒီမိုကရေစီနိုင်ငံထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ (သူရဦးရွှေမန်းနှင့် တွေ့ ဆုံမေးမြန်းခန်း-ရုပ်/သံ)


နော်ဝေနိုင်ငံကို လေ့လာရေးခရီး ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ဒီမိုကရက်တစ် မြန်မာ့အသံ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီမိုကရေစီနိုင်ငံထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ (သူရဦးရွှေမန်းနှင့် တွေ့ ဆုံမေးမြန်းခန်း-ရုပ်/သံ) ဒီမိုကရေစီနိုင်ငံထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ  (သူရဦးရွှေမန်းနှင့် တွေ့ ဆုံမေးမြန်းခန်း-ရုပ်/သံ) Reviewed by သစ်ထူးလွင် on 05:00 Rating: 5

19 comments:

ဇာမဏီ said...

ဥက္ကဌကြီးခင်ဗျား အဲဒီနိုင်ငံတွေက လွှတ်တော်တွေထဲ မှာ စစ်တပ် (၂၅)
ရာနှုန်းထည့်ထားတာ တွေ့ခဲ့သလားခင်ဗျ ။ ပီးတော့ ခင်ရွှေတို့လို ၁၀ တန်း
မအောင်တဲ့ အမတ်တွေ ၊ အောင်သောင်းတို့လို ကိုယ်ကျိုးရှာ စီးပွားရေး
သမားအမတ်တွေ ၊ ကျော်ဆန်းတို့လို အမျိုးသားယဉ်ကျေးမှု ငိုနည်းနဲ့ငိုပြ
တတ်တဲ့ ၀န်ကြီးတွေ ၊ ဌေးဦးတို့လို ခွေးရူး ပြန်တတ်တဲ့အမတ်တွေ ၊ အဲလို
အမတ်တွေရော လွှတ်တော်ထဲမှာတွေ့ခဲ့သလားခင်ဗျ။
ဥက္ကဌကြီးကိုတော့လေးစားပါတယ် ။ သူတို့ပြောလိုက်တဲ့စိန်ခေါ်မှုဆိုတာ
အဲဒါတွေကို ပြောတာနေမှာပါ ။ တကယ့်အာဏာက နောက်ကွယ်မှာရှိနေ
သေးတယ်ဆိုတာ .. သူတို့သိပုံရတယ် ဥက္ကဌကြီး ။ အပေါ်က ပြောခဲ့တဲ့လူ
တွေက နောက်ကွယ်က သေခါနီး ပုပ်ကိုယ် ကြီးရဲ့ (အမြီးနန့်တဲ့အကောင်)
တွေဘဲလေ ။ဟဲဟဲ တရုတ်ကြီးကို အားကျပီး ဖွဲ့ထားတဲ့ ကာလုံ အဖွဲ့ဆိုတာ
ကလဲ စိန်ခေါ်မှုတွေထဲက တစ်ခုဘဲ ဥက္ကဌကြီးရေ ။ဥက္ကဌကြီးရဲ့ဆုံးဖြတ်ချက်
အောင်မြင်ပါစေဗျာ ........

u kyawkyaw said...

ပြည်သူလူထုအများစုကိုစိတ်ရောကိုယ်ပါချမ်းသာစေပြီးတန်းတူဆက်ဆံသော၊(မဲပေးရမည့်နေ့လရက်မှမဟုတ်ပါ၊မည်သည့်အချိန်အခါမဆိုခေါင်းဆောင်လုပ်ချင်သူကကိုယ်ချင်းစာစိတ်အပြည့်ဖြင့်ဆက်ဆံစဉ်းစားပေးရပါမည်၊အရည်အချင်းပြည့်ဝသောခေါင်းဆောင်ကတနိုင်ငံလုံးရှိပြည်သူအတွက်အမြဲစဉ်းစားပေးနေသည်၊IQ,EQနိမ့်သောခေါင်းဆောင်များကမိမိဘေးရှိလူများလောက်အတွက်သာစဉ်းစားပြီးလုံခြုံရေးကိုအကြောင်းပြပြီးပြည်သူကိုဖိနှိပ်ဆက်ဆံကြပါသည်)စားရေးနေရေးတီု့ကိုပြည့်စုံ့အောင်ဆောင်ရွက်နိုင်သောအခြေအနေကိုတည်ဆောက်ပေးသောစံနစ်သည်သာသမိုင်းတွင်ကောင်းသတင်းဝေပါမည်။

Tomahawk said...

မိမိ၏သား၂ယောက်နှင့်မိမိ၏ခမည်းခမက်ပြိတာတို့ကိုDemocracy ၏အသိးအပွင့်များအပြည့်အဝခံစားနိုင်ရန်အလို့ငှာမိမိဥာဏ်စွမ်းရှိသလောက်ကာကွယ်ပေးသွားပါမည်။
မိမိ(ဝါ)ငါရရွေမန်း

linn said...

မိတ်ဆွေများခင်ဗျာ ဒီမိုကရေစီလသားမြန်မာနိုင်ငံကို ဒီမိုကရေစီ ဘိုးအေ နော်ဝေနိုင်ငံမှာ ကျင့်သုံးနေတဲ့ပေတံနဲ့တိုင်းတာနေတာ သင့်တော်ပါသလားခင်ဗျာ။ အမေရိကန်ပြည်ထော်စု ဖွဲ့စည်ပုံစတော့ အမျိုးသမီးးများ မဲပေးခွင့်မရှိခဲ့ပါ။ လူမဲများမဲပေးခွင့်မရှိခဲ့ပါ။ နောက်မှတဆင့်ချင်း amendment တွေနဲ့ပြင်ယူရတာပါ။ (တိုက်ပွဲတွေလဲတိုက်ခဲ့ရပါတယ်။ အကျအဆုံးလဲရှိခဲ့ပါတယ်။ မာတင်လူသာကင်း)။ကိုယ်ကတစ်ဦးချင်းဝင်ငွေ တစ်နှစ်မှ ဒေါ်လာ ၈၀၀ လောက်ရှိတာ ဟိုက အဆ ၅၀ လောက်သာတယ်။ နှိင်းမှနိုင်ရက်ပလေ။ လသားကလေးလေး လမ်းလျှောက်သင်နေတာကို ၁၆ နှစ်သားနဲ့ နှိုင်းပြီးအပြစ်ပြောသလိုဖြစ်မနေဘူးလား။ လသားလေးဆိုတော့ ခြေမခိုင်သေးဘူး။ တောက်တဲ့တောက်တဲ့လျှောက်လိုက်၊ ယိုင်သွားလိုက်၊ လဲကျလိုက်၊ ဖြစ်နေတာလေ။ အားမရတာကိုနားလည်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းထိုင်းနိင်ငံနဲ့ပဲယှဉ်ကြည့်ဗျာ။ (lese majeste law)( သက်ဆင်)။ မြန်မာပြည်က လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ဆက်ကြိုးစားသွားရင် ဒေသတွင်းမှာ (တပ်ရဲ့ ၂၅ ရာနှံးပါနေလျက်နဲ့) ဒီမိုကရေစီ အရှိဆုံးဖြစ်လာမှာပါ။ ဒါပေမဲ့ ပြည်သူတွေလည်း မဲတစ်ပြားကို အကျိုးရှိရှိသုံးတတ်ဘို့လိုပါမယ်။ England မှာလည်း အထက်လွှတ်တော်က ရွေးကောက်ခံတွေမဟုတ်ပါဘူး။ သူကောင်းမျိုးတွေနဲ့ ဒီလိုပဲခန့်တာတွေပါ။ ဒါပေမဲ့ ဒီိမိုကရေစီအသားကျနေတော့ သူ့ကသြဇာပဲရှိပြီး လုပ်ပိုင်ခွင့်မရှိပါ။ မြန်မာ့ဒီမိုကရေစီအသားကျတဲ့တနေ့ တပ်က ၂၅ ရာခိုင်နှံးဟာ နိုင်ငံရေးသမားတွေ တစ်လွဲတွေလုပ်ရင် ထိမ်းပေးဘို့ သြဇာရှိတဲ့၊ ပြည်သူအားကိုးရတဲ့ နိင်ငံရေးကို ပြည်သူတွေအတွက်လုပ်ပေးတဲ့ ပြည်သူ့ဝန်ထမ်းတွေ သဘောဖြစ်လာနိုင်ပါတယ်။ ဒါက နောက်ဆုံးရောက်အောင် ချီတက်ရမဲ့ပန်းတိုင် ( Best case scenario) ပါ။ အမေရိကလိုတော့ နှစ် ၂၀၀ မကြာတန်ကောင်းပါဘူးနော်။

a said...

တစ်ယောက်တည်းဆုံးဖြတ်ထားတာလား၊စစ်တပ်ကိုလည်းသေချာပြန်မေးကြည့်ပါအုံးဟုတ်ရဲ့လားလို့၊လုပ်နေတာတွေကတော့အာဏာရှင်ပုံစံတွေပဲ၊နိုင်ငံရေးအကျဉ်းသားတွေလည်းအများကြီးကျန်သေးတယ်၊တိုင်းရင်းသားတွေကိုလည်းသိန်းစိန်ညွှန်ကြားထားတာတောင်တိုက်နေသေးတယ်၊ပြည်သူတွေကိုမတရားလုပ်နေတာတွေကိုလည်းအရေးမယူပဲဆက်လုပ်ခွင့်ပေးထားတယ်၊မင်းတို့ကိုယ့်စကားကိုယ်တာဝန်မယူနိုင်ပဲနိုင်ငံတကာကိုလှည့်လိမ်နေတယ်။

a said...

Linn..ဆိုတဲ့မိတ်ဆွေကမြန်မာနိုင်ငံထဲမှာနေတာမဟုတ်ဖူးထင်တယ်၊ပြည်သူတွေကအရင်ထက်ပိုမတရားလုပ်ခံနေရတာတွေကိုသိပုံမပေါ်ဘူး၊နိုင်ငံသားတွေလိုချင်တာကစစ်တပ်၂၅%မကလို့လိုချင်သလောက်ယူထားပြည်သူအပေါ်မှာစေတနာထားဖို့နဲ့အာဏာရူးမနေဖို့ပဲ၊ဖြစ်နေတာကတိုင်းပြည်ကောင်းဖို့ပြောင်းလဲဖို့ဘာမှလုပ်ပေးချင်တဲ့စိတ်သူတို့မှာမရှိတာပဲ၊၂နှစ်နီးပါးရှိသွားပြီပြည်သူအတွက်ဘာမှာမပြောင်းလဲသေးဘူးသူတို့လုံခြုံမှုရှိတဲ့အပြောင်းအလဲတွေပဲပြောင်းနေတာ၊ခေတ်အဆက်ဆက်မတရားလုပ်ခဲ့တဲ့စစ်တပ်ကဘာကိုထိန်းပေးနိုင်မှာလဲ၊မိတ်ဆွေပြောသလိုဆိုနှစ်၂၀၀လောက်စောင့်ရမလိုဖြစ်နေတယ်။

minsoeaung said...

ပြည်သူ့ဒီမိုကရေစီဘဲလိုချင်ပါသည်။
မိသားစု (အုပ်ချုပ်သူ) ဒီမိုကရေနဲ့တော့မသွားပါနဲ့
ဆရာကြီးရယ်။

Unknown said...

linnရေ ခင်ဗျားတင်ပြနေပုံက မရှည် ရှည်အောင် ဆွဲဆန့်နေတဲ့ပုံဗျ၊ အမေရိကန်ရဲ့ တိုးတက်မှုက (စွန်းဦးလုပ်ဆောင်သူဖြစ်လို့)စမ်းတ၀ါးဝါးနဲ့ တဆင့်ခြင်း သွားခဲ့ရတာပါ။ကျနော်တို့က ခူးခပ်ပြီးသားကို အဆင်သင့်စားရသလိုသူတိုတွေရဲ့ အောင်မြင်ထားတာတွေကို လေ့လာပြီး အမြန်ဆုံးကိုယ်ပိုင်ဖြစ်အောင်လုပ်ရမှာပါ။ ဒါ ကော်မင့်ချင်း ဖြေရှင်းတာမို့ တိုတိုပြောတာပါ၊ အထက်က ခင်ဗျားတင်ပြထားတာတွေဟာ ခင်ဗျားကိုယ်တိုင်ရေးဆိုခဲ့ရင် ခင်ဗျားလေ့လာထားတာ အဆင့်မသေးပါဘူး၊ အဲဒီအဆင့်လောက်ဆိုရင် ကျနော် အတိုပြောတာ ဖြန့်ကျက်တွေးနိုင်ပါလိမ့်မယ်။

Top Gun said...

အပြောက ရွှေမန်း၊ ဆက်ထိန်းထားပါ ငဖြီး။(နံမယ်ကို)

ကိုသစ်ရဲ့ ပရိတ်သတ် said...

အခု ရွှေမန်းက ဘာတွေလာဖီးနေတာလဲ။ လုပ်နေတာတွေကတော့အာဏာရှင်ပုံစံတွေပဲ၊နိုင်ငံရေးအကျဉ်းသားတွေလည်းအများကြီးကျန်သေးတယ်၊တိုင်းရင်းသားတွေကိုလည်းသိန်းစိန်ညွှန်ကြားထားတာတောင်တိုက်နေသေးတယ်၊။ ပြည်သူတွေကို မတရားအာဏာ ပြ ဓါးပြ တိုက်စားနေတဲ့ အာဏာ သူတောင်းစားတွေ လုပ်နေတာတွေကိုလည်းအရေးမယူပဲ ဆက်လုပ်ခွင့်ပေးထားတယ်၊မင်းတို့ကိုယ့်စကားကိုယ်တာဝန်မယူနိုင်ပဲနိုင်ငံတကာကိုလှည့်လိမ်နေတယ်။
စာမတတ်ပေမတတ် IQ,EQ နိမ့်သောခေါင်းဆောင်များကမိမိဘေးရှိလူများလောက်အတွက်သာစဉ်းစားပြီးလုံခြုံရေးကိုအကြောင်းပြပြီး ပြည်သူကိုဖိနှိပ်ဆက်ဆံကြတာ မြန်မာသာမက တကမ္ဘာလုံးက သိတယ်။
ငါတို့က တောက်ရှက်မရှိဘဲ ပြောတဲ့ ဒီပါးစပ်တွေ(တပ်ထဲက တကျိပ်တည်း တဥာဏ်ထဲလူတွေ)
ကို ခွေးပါးစပ်ထက်ကို ရွံတယ်။
ကိုယ့်ခေတ်မှာ တော့ ဒီမိုကရေစီ(ပြည်သူ့အများရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့) Law ပဲ လိုချင်တယ်။
တိုင်းပြည် ကောင်းစားတာပဲလိုချင်တယ်။

linn said...

unknown ထောက်ပြတာလက်ခံပါတယ်။ မြန်မာပြည်က လမ်ကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ ဆက်ကြိုးစားသွားရင်၊ ပြီးကံကောင်းရင် ၂၀၂၀/၂၀၁၂ လောက်မှာ တော်တော်လေးဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ ရနေမယ်မှန်းပါတယ်။ အနဲဆုံးဒေသတွင်းမှာ ထိပ်တန်း ဒီမိုကရေစီနိုင်ငံဖြစ်လာမှာပါ။ (ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ၊ မလေး၊ အင်ဒို တို့ထက်သာမှာပါ။) IF လက်ရှိပြောင်းလဲမှုတွေ အရှိန်အတိုင်းဆက်သွားရင်၊ ပြည်ပရင်းနှီးမြှပ်နှံမှု ကြောင့် ပြည်သူတွေအဆင်ပြေလာရင်၊ ၂၀၁၅ မှာ NLD ၄၅ ရာနှံးလောက်အနဲဆုံးနိုင်ပြီး အစိုးရအဖွဲ့ထဲရောက်လာရင်။ ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့အကျိုးကိုတစ်ကယ်လုပ်တဲ့သူတွေကို ပြည်သူကမှန်မှန်ကန်ကန်ရွေးနိင်ခဲ့ရင်၊ (ဘယ်သူလို့ မပြောဘူးနော်)။ လှိုင်းလေသင့်ရင် ၂၀၁၂ လောက်မှာ မြန်မာပြည်ဒီမိုကရေစီ ပန်းတိုင်ရောက်မှာပါ။ ၁၂ နှစ်လောက်ပဲကြာပါမယ်။ အကြံတူ နောက်လူသာစမြဲလေဗျာ။ ( Thanks for your comment Mr unknown) :)

Unknown said...

လသားလေးလို့ ကာကွယ်ပြောသွားတယ်နော် linn က ဒီမိုကရေစီနဲ့မြန်မာက ခုမှတွေ့ဘူးတာမဟုတ်ဘူးလေ ပါလီမန်ဒီမိုကရေစီရှိပြီးသားကို စစ်တပ်က အာဏာရူး နှာဘူးနေ၀င်းကအာဏာသိမ်းသွားတာလေ ခုလက်ရှိနိုင်ငံရေးသမာကြီးတွေ ဒီမိုကရေစီစနစ်အကြောင်းကောင်းကောင်းသိထားပြီးသားတွေပါ သို့သော် စစ်အာဏာရှင်တွေ တိုင်းပြည်ကိုအမွဲဆုံးရောက်အောင်ပို့ပြီး မွှေနှောက်ထားတဲ့အရှုပ်ထုပ်ကိုဘယ်ကစပြီးရှင်းရမှန်းမသိဖြစ်နေကြတာ မွေမသေဒုတ်မကျိုးလမ်းကိုရှာနေတာပါ အကိုင်အတွယ်မတတ်ရင် အန္တရယ်ရှိတယ်လေ နှစ်ဘက်လုံးဘဲ တဘက်က ကျူးလွန်ခဲ့တဲ့အမှုတွေကလူ့အခွင့်အရေးနဲ့ရာဇ၀တ်မှုတွေဆိုတော့ ကမ္ဘာတရားရုံးမှာရင်ဆိုင်ရနှိုင်တယ်လေ တဘက်ကလဲနောက်ကြောင်းပြန်လှည့်မည့်အန္တရယ်ပေါ့..

Unknown said...

လသားလေးလို့ ကာကွယ်ပြောသွားတယ်နော် linn က ဒီမိုကရေစီနဲ့မြန်မာက ခုမှတွေ့ဘူးတာမဟုတ်ဘူးလေ ပါလီမန်ဒီမိုကရေစီရှိပြီးသားကို စစ်တပ်က အာဏာရူး နှာဘူးနေ၀င်းကအာဏာသိမ်းသွားတာလေ ခုလက်ရှိနိုင်ငံရေးသမာကြီးတွေ ဒီမိုကရေစီစနစ်အကြောင်းကောင်းကောင်းသိထားပြီးသားတွေပါ သို့သော် စစ်အာဏာရှင်တွေ တိုင်းပြည်ကိုအမွဲဆုံးရောက်အောင်ပို့ပြီး မွှေနှောက်ထားတဲ့အရှုပ်ထုပ်ကိုဘယ်ကစပြီးရှင်းရမှန်းမသိဖြစ်နေကြတာ မွေမသေဒုတ်မကျိုးလမ်းကိုရှာနေတာပါ အကိုင်အတွယ်မတတ်ရင် အန္တရယ်ရှိတယ်လေ နှစ်ဘက်လုံးဘဲ တဘက်က ကျူးလွန်ခဲ့တဲ့အမှုတွေကလူ့အခွင့်အရေးနဲ့ရာဇ၀တ်မှုတွေဆိုတော့ ကမ္ဘာတရားရုံးမှာရင်ဆိုင်ရနှိုင်တယ်လေ တဘက်ကလဲနောက်ကြောင်းပြန်လှည့်မည့်အန္တရယ်ပေါ့..

ဇာမဏီ said...

ကောင်းပါတယ် ၊ ကောင်းပါတယ်

linn said...

ကျွန်တော်က လသားလေးလို့ပြောတာ ၁၉၆၀ ပထစ ကို အသက် ၂၀ နဲ့မီလိုက်တဲ့သူဟာ အခု အသက် ၇၀ ရှိနေပါပြီ။ အဲသည်နောက်ပိုင်းမျိုးဆက်တွေဟာ ဒီမိုကရေစီကို မကြုံဘူးကြပါဘူး။ (နိုင်ငံရေးသင်းကွပ်ခံရတယ်ပြောတာပဲဗျာ)။ ၁၉၈၈ မှာ ဒေါက်တာမောင်မောင်က ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပေါ့။ မစောင့်နိုင်ကြတော့ဘူးလား ဆိုတဲ့အချိန် လမ်ပေါ်ကလူတွေက (ရရင်ရ မရရင်ချ၊ ရရမရရ ချ)ဆိုပြီးကြွေးကြော်သံတွေ တိုင်လို့ တစ်ခါ ဒီမိုကရေစီနဲ့ ဝေးခဲ့ပြန်ပါတယ်။ ၁၉၉၀ မှာ ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့ပေမဲ့ ဒီိမိုကရေစီမရခဲ့ပါဘူး။ ဦးစောမောင်က စစ်တန်းလျားပြန်ချင်ပေမဲ့၊ ကျွန်တော်လုပ်ထားတာတွေအတွက်အမြဲ အစစ်ဆေးခံနိုင်တယ်လို့ ပြောခဲ့ပေမဲ့၊ ဗိုလ်ချုပ်ခင်ညွန့်-ညူရင်ဘတ် တို့ တပ်မတော်ကို ခေါင်းဖြတ်ပြီးကိုယ်ယူရမည်တို့ဆိုတဲ့အသံတွေကြောင့် ကျွန်တော်တို့ဒီမိုကရေစီနဲ့ ဝေးခဲ့ရပြန်ပါတယ်။ နိုင်ငံခြားက နိုင်ငံရေးသမားတွေက အခြေအနေအရ လိုအပ်သလို Double standard နဲ့ ကစားတတ်တဲ့အချိန် မြန်မာ့နိုင်ငံရေးသမားတချို့က အလုပ်မဖြစ်တဲ့ ပေတံကြီးကိုင် ideal principle တွေကြွေးကြော်နေတာ တွေ့ရတော့ စိတ်လေတယ်ဗျာ။ ကျွန်တော်အကောင်းမြင်ပါတယ်။ ဒါမှအလုပ်ဆက်လုပ်ချင်စိတ်ရှိမှာလေဗျာ။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့လဲ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဘယ်နဲ့လုပ်ရမလဲကိုသာဝရေလို့သာ ဟစ်ဟစ်ပြီးအော်လိုက်ချင်တာပဲဗျာ။
(လောလောဆည်ကျွန်တော်စိုးရိမ်တာတစ်ခုက ဒီမိုကရေစီနဲ့ အသားမကျသေးတဲ့ပြည်သူလူထုဟာ အစိုးရကလွှတ်ပေးတာ ကိုအခွင့်အရေးယူပြီး ထစ်ခနဲဆို လမ်းပေါ်တက် ဆန္ဓပြကြတာမျိုးပဲ။ နောက်ဆို ပျော်ပျော်ပါးပါး ရှင်လောင်းလှည့်သလိုဖြစ်လာမှာစိုးရပါတယ်။ ဒီမိုကရေစီကို တစ်လွဲသုံးတယ်ပေါ့ဗျာ။ မြန်မာလူမျိုးက ပျော်တတ်တာရယ်၊ အခွင့်အရေးနဲနဲပေးရင် ကမ်းတက်ချင်တာရယ် လေးရှိတော့ အဲတာလေးစိုးရိမ်တယ်ဗျာ။) ဒါပေမဲ့ ကျွန်တော့ အကောင်းမြင်တဲ့စိတ်က ပြည်သူတွေလဲ ရင့်ကျက်နေပြီ၊ အဲလောက်မညံ့ဘူးလို့တော့ ထင်တာပဲဗျ။ ကျွန်တော့ ခံစားချက်တွေကို နားလည်နိုင်လိမ့်မယ် ယုံကြည်လို့ ရေးပါတယ်။

Soe said...

အပြောကတော့ေ၇ွှမန်း ပါပဲ ...

Unknown said...

ရွှေမန်းကတော့ ပြောနေယုံတင်မဟုတ်ဘူးဆိုတာ ယုံကြည်နေတယ်လေ...

ngaba said...

သူရဦးရွှေမန်းက လူကြီးလူကောင်းဆန်ပါတယ်။ ဒီအင်တာဗျူးမှာထက် ဘီဘီစီဒေါ်တင်ထားဆွေနဲ့ အင်တာဗျူးမှာ မေးသူက မညှာမတာပွင့်လင်းလွန်းစွာမေးတာကို တကယ်ကို တည်ငြိမ်ရင့်ကျက်စွာ မမှားမယွင်း ဖြေရှင်းသွားနိုင်တဲ့ အရည်အချင်းကိုတော့ လေးစားမိတယ်။ တစ်ချို့မေးခွန်းတွေဆို နားထောင်နေသူက ဦးရွှေမန်းကို အားနာသလိုလိုတောင် ဖြစ်မိတယ်။ ဒါပေမယ့် ဦးရွှေမန်းအနေနဲ့ အတွေးရှင်းတော့ အပြောရှင်းတာမျိုး တွေ့ရတယ်။ အမှန်တိုင်းပြောရရင် ဒီလူကြီးကို မဆိုးလှဘူးလို့ တွက်ထားပေမယ့် ဒီလောက် ရင့်ကျက်တည်ငြိမ်မယ်လို့ မထင်ထားခဲ့ဘူး။ စစ်တပ်က လာတာခြင်းတူပေမယ့် ဦးအောင်သောင်း၊ ဦးဌေးဦးတို့နဲ့ တစ်ခြားဆီပါပဲဗျာ။ စစ်တပ်ကလာလို့ စစ်တပ်ဖက်က ထိန်းထိန်းသိမ်းသိမ်းပြောပေမယ့် နားထဲမှာ လုံးဝကန့်လန့်ကြီး ဖြစ်နေတာမျိုး မတွေ့ရဘူး။ သူပြောတာတွေ နားလည်ပေးလို့ရတယ်။
ဒီလင့်ခ်မှာ နားထောင်ရတာ-
http://sonenaykya.blogspot.com/2012/05/blog-post_1154.html

mgoarpekyal said...

လင်းဆွေးနွေးချက်ကိုထောက်ခံပါတယ် ကျွုပ်တို.လူမျိုးကသနားလို.နို.လှန်ပြတာကို စောက်ဖုတ်ကို ရန်ရှာတဲ.လူမျိုးဗျ

Powered by Blogger.