အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ

ရန်ကုန်၊ မေ ၁၉
 ဆေးဆိုင်များတွင် အလွယ်တကူ ဆေးဝယ်ခွင့်ရရှိခြင်းကြောင့် အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်ဝန်ဖျက်ချမှု ပိုမိုများပြားလာေ ကြာင်း သားဖွားနှင့်မီးယပ်ဆရာဝန် ဒေါက်တာမြင့်မြင့်ကြူက ပြောသည်။

 ”ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေသောက်ပြီး သွေးဆင်း လွန်လို့ဆေးရုံရောက်တာတွေ ပို များလာတာတွေ့ရတယ်။ လူ ငယ်မိန်းကလေးနဲ့ ချစ်သူတွေ လွန်ကျူးမိပြီး ကိုယ်ဝန်ရလာတဲ့ အခါကျမှ ကြောက်လန့်ပြီး ကြား ဖူးနားဝနဲ့ ဆေးဆိုင်တွေမှာ အ လွယ်တကူဝယ်လို့ရတဲ့ သွေးပုပ် ချဆေးတွေ၊ဆေးပြင်းတွေသောက် ပြီး ကိုယ်ဝန် ဖျက်ချတာတွေဟာ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်” ဟုအထက်ပါဆရာဝန်ကပြောသည်။

ယင်းသို့သော အချိန်မျိုးတွင် ဝမ်းဗိုက်ထဲရှိ ကလေးအသက် အန္တရာယ် ရှိ၊မရှိ အာရ်ထရာဆောင်း ရိုက်ကာကလေးအခြေအနေမကောင်း ပါက သားအိမ်ခြစ်ပစ်ရပြီး ကလေး ဖျက်ချပြီးမှပိုးတစ်ခုခုသားအိမ်၊ သား ဥပြွန်၊ မွေးဖွားရာလမ်းေ ကြာင်းတို့သို့ ဝင်ရောက်သွားပါက သားအိမ်ပြွန် လမ်းကြောင်းပိတ်သွားကာ နောင် အခါတွင် ကလေးရရန် ရာခိုင်နှုန်း နည်းသွားတတ်ကြောင်း ၄င်းက ပြောသည်။


ထို့အပြင် ကလေးပျက် ကျလျှင်လည်း သွေးဆင်းမှုများကာ ရှော့ခ်ရပြီးအသက်အန္တရာယ်ကို ထိ ခိုက်နိုင်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။”ဒီလို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖျက်ချတဲ့သူ တော်တော်များများ က ဆေးပြင်းတွေ၊သွေးပုပ်ချဆေးနဲ့ သား အိမ်ထဲပစ္စည်းထည့်ပြီး ဖျက်ချတာ တွေများတယ်။ ကလေးဖျက်ချတာ ဟာ တချို့လည်း ဘာဆေးသောက် သောက် ပျက်ချင်မှပျက်တယ်။

 အဲဒီ လိုဖျက်ချပြီးမှ မပျက်ခဲ့ရင်လည်း သွေးပုပ်ကအထက်ကိုတက်ပြီး အ သက်ကို အန္တရာယ်ပေး မှာဖြစ် တယ်။ တချို့လည်း သွေးတွေ အများကြီး သွန်တယ်။ တချို့ဆိုလည်း သွေး မဆင်းဘဲ ရောဂါပိုးက မွေးလမ်း ကြောင်းထဲဝင်ပြီး ဒုက္ခရောက်နိုင် တယ်” ဟု ၄င်းက ပြော သည်။ယင်းသို့ ကောင်းကျိုး မရှိ သော နည်းလမ်းမျိုးကို မဖြစ်ခင် ကကြိုတင်ကာကွယ်သင့်ကြောင်း၊ ခေတ်လူငယ်မိန်းကလေးများ လက်မထပ်ခင်လွန်လွန်ကျူးကျူး မနေထိုင်သင့်ကြောင်းနှင့် အိမ် ထောင်သည်တွေအနေနှင့်လည်း ကလေး မလိုချင်သည့်အတွက် တားမည်ဆိုပါကလည်း သေချာ ကျွမ်းကျင်သည့် ဆေးဘက်ဆိုင် ရာပုဂ္ဂိုလ်များနှင့်တိုင်ပင်ပြီး တား သင့်ကာတားသည့်ကြားမှ ကိုယ် ဝန်ရခဲ့ပါကလည်း မိမိသဘောနှင့် မိမိ ဖျက်ချခြင်းမလုပ်သင့်ကြောင်း ကို ၄င်းက အကြံပေးပြော သည်။
ချစ်ဆုဆွေ (ပေါ်ပြူလာဂျာနယ်)
အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ Reviewed by သစ်ထူးလွင် on 17:24 Rating: 5

16 comments:

Ster said...

ကိုယ်ဝန်ဖျက်ချခြင်းက အမျိုးသမီးများရဲ့ အသက်များကို ကယ်တင်နိုင်ပါတယ် ။ " မိန်းမတွေ သေချင်သေပါလေ့စေ ဥပဒေ " များဟာ ယနေ့ ကမ္ဘာနဲ့အဝှမ်းမှာ ပေါ်ပေါက်နေဆဲရှိပါတယ် ။ လူနားထောင်ကောင်းရုံ ဘယ်လိုပင် စကားလုံး အမျိုးမျိုး တန်ဆာဆင် ထားသော်လည်း ဒီဥပဒေတွေအတွက် အထက်ပါနာမည်ထက်ပိုပြီး ရိုးစင်းတဲ့ အမည်နာမ မရှိတော့ပါဘူး ။ စနစ်တကျ ကိုယ်ဝန်ဖျက်ချနိုင်ခွင့် ဆုံးရှုံးနေရတဲ့အတွက် နေ့စဉ်နှင့်အမျှ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးများရဲ့ အသက်တွေ မသေသင့်ပဲ သေဆုံးနေရပါတယ် ။ အလိုဆန္ဒမပါပဲ လပြည့်သည်အထိ ကိုယ်ဝန်လွယ်ထားရခြင်းသည်ပင် သူမကို နှိပ်စက် ညှင်းပမ်းရာ ကျနေပါတယ် ။ ဒါဟာ သူမရဲ့ ကိုယ်ခန္ဒာကို သူမကိုယ်တိုင် အစိုးရပိုင်ခွင့်အား ချိုးဖောက်ရာကျပြီး အသက်ကိုပင် အန္တရာယ် ပြုနိုင်လို့ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ " လူတိုင်းအသက်ရှင်သန်နိုင်ခွင့် " ကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုရာလဲ ကျပေသည် ။

ဇိုင်ဂုတ် (Zygote) ခေါ် အသားထစ်လုံးလေးများကို လူသားဖြစ်မှု (လူသားတစ်ယောက်ကဲ့သို့ အခွင့်အရေးပေးခြင်း) ပေးနေတဲ့ လူ့အဖွဲ့အစည်းတွေဟာ အမျိုးသမီးများရဲ့ အခြေခံရပိုင်ခွင့်များကို နေ့စဉ်နှင့်အမျှ ချိုးဖောက်လျက်ကြပါတယ် ။ ကျန်းမာရေးကန္ဏများအတွင်း ထိုကဲ့သို့သော ပေါ်လစီများ (လူသားတစ်ယောက်ကဲ့သို့ အခွင့်အရေးပေးခြင်း ပေါ်လစီ) ဝင်ရောက်ပါဝင်နေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များကို တထိုင်တည်း အကုန်အစင် ပြောဆိုဆွေးနွေးရန်ပင် မဖြစ်နိုင် ။ အမှန်တော့ ကာယကံရှင် အမျိုးသမီးကိုယ်တိုင်မှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ ယခုကဲ့သို့ ကိစ္စမျိုးများကို ဝင်ရောက် စွက်ဖက် ဆုံးဖြတ်နိုင်ခွင့် မရှိချေ ။

Thurein said...

အဲလိုမျိုးဆေးဆိုင်တွေမှာ ဆေးကို အလွယ်တကူ လက်မှတ်မပါဘဲ ၀ယ်လို့ရနေတဲ့ကိစ္စက ကျန်းမာရေးကိစ္စမှာ တော်တော်ကြီးကိုထိခိုက်နေပါတယ်။ ဒီလိုမျိုးကိုယ်ဝန်ဖျက်ချနေတာကစပြီး အချို့တွေဆိုရင် အလွယ်ဝယ်လို့ရတဲ့ စိတ်ကိုထိခိုက်စေတဲ့ဆေးတွေ စွဲနေတာအများကြီးပါ။ အဲဒီကိစ္စကို သေသေချာချာကိုင်တွယ်သင့်ပါတယ်။

www.academicmedicines.blogspot.com

minsoeaung said...

ကျွန်တော်တို့နိုင်ငံမှာကအထွေထွေပညာပေးဝါဒဖြန့်တဲ့
မီဒီယာကမရှိသလောက်နည်းတယ်။လွယ်လွယ်ပိုက်ဆံရ
မှာကိုသာရေးနေကြတယ်။ဒါကြောင့်ပညာပေးလုပ်ငန်း
ကိုစာသင်ကျောင်းတွေမှာဟောပြောတစ်ပတ်ကိုတစ်ချိန်
ထည့်ပေးနိုင်ကောင်းမည်ဟုအကြံပြုပါသည်။

ပုဂံစစ်သည် said...

မြန်မာမိန်းခလေးတွေလဲ ဗျိုင်းကောင်းကြောက်ဖိဆိုတဲ့ စကားနဲ့ညီတဲ့ မိန်းခလေးတွေက ရှားသွားပါပြီ။ များသောအားဖြင့် တက္ကသိုလ်ရောက်တဲ့ မိန်းခလေးတွေလဲ ပညာသင်ပြီးတော့ ကိုယ့်ဘဝကိုယ့် တက်လမ်းကိုမရှာပဲနဲ့ အိမ်ထောင်ရေးအတွက် ရှာတဲ့တက္ကသိုလ်ဖြစ်နေတယ်၊ တက္ကသိုလ်တက်ခြင်းဟာ မိန်းခလေးတွေရဲ့ဘဝ ပျက်ဆီးခြင်းအစလို့ ထင်မြင်မိပါတယ်၊ မြန်မာလူငယ်တွေကြားမှာ SEX ကိစ္စဟာတော်တော်လေးကို ကျယ်ပြန့်နေတယ်၊ ဒီကိစ္စဟာလူကြီးတွေမှာ အများကြီးတာဝန်ရှိတယ်၊ လူကြီးတွေကကလေးတွေကို အပြောင်အပျက်သဘောနဲ့ ဒီကိစ္စကိုပြောတော့ လူငယ်တွေက အရွယ်မရောက်သေးပဲနဲ့ နားထဲဝင်ပြီး လက်တွေ့စမ်းသပ်ချင်စိတ်တွေ ပေါက်ကရော၊ ဒီလိုပဲမိဘတွေကလဲ ကိုယ့်သမီးတွေကို သွန်သင်မှု့အားနည်းတဲ့ အခါမှာ မိန်းခလေးတွေက ယောင်္ကျားလေးတွေရဲ့ ပစ်မှတ်ဖြစ်လာရော၊ ဒါကြောင့် လူကြီးတွေအားလုံးက ကောင်းသောသွန်သင်မှုနဲ့ ကလေးတွေကိုလမ်းပြမယ်ဆိုရင် အနာဂတ်ရဲ့ မြန်မာ့ယဉ်ကျေးမှု့ကို စောင့်ထိန်းနိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်။

minkaung said...

ပြောင်းလဲလာသောယဉ်ကျေးမှုရဲ့ဆိုးကျိုးများဖြစ်သည်။
တားဆီးရန်ခက်ခဲသော်လည်းလျော့နည်းစေရန်နည်းလမ်းရှာဖွေကြပါ။ပညာပေးဟောပြောပွဲများ ကျောင်းများတွင်မကြာခဏပြုလုပ်ပါ။
ကျန်းမာရေးဝန်ကြီးဌာနနှင့်ဆိုင်သလိုဟိုတယ်နှင့်ခရီးသွားလာ
ရေးဝန်းကြီးဌာနနှင့်လည်းဆိုင်ပါသည်။တည်းခိုခန်းများနေရာတိုင်းလိုင်စင်ချမပေးသင့်ပါ။

နေခြည်ဖြာ said...

အသိပညာပေးအစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာန ၊မိခင်နှင့်ကလေး ၊NGOs / INGOs များပူးပေါင်းပြီးဆောင်၇ွက်သင့်ပါသည် ။

မုံရွာသား ဖိုးလုံး said...

တစ်ခုခုတော့ လုပ်ဖို့လိုနေပီထင်တယ်။ဥပမာ..ပညာပေးပွဲများများလုပ်တာတို့ပေါ့။

chochoaung said...

အဓိက ကတော့  မိန်းကလေးတွေ ၇ဲ့ ခံယူချက်ခိုင်မာဖို့ ပါ ကိုယ့် ၇ဲ့  အပျိုစင် ဘ၀ကို လက်မထပ်ခင်ကာလ တခု ထိ ထိန်းသိမ်းထားမယ်လို့  ခံယူချက်ခိုင်ခိုင်မာမာထား၇ှိနိုင်၇င် ဘယ်သူမှ ဖျက်စီး လို့ မ၇နိုင်ပါဘူး လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည် တာပါ အစိုး၇က ပညာတွေ ဘယ်လောက် ပေးပေး မိဘ တွေ ဘယ်လောက် ဆုံးမ ပါစေ ခံယူချင် မ၇ှိတဲ့ မိန်းကလေးတွေ သွန်သင်လဲည်း အလကားပဲ ပြောပြ၇၇င် ယုံမလား အွန်လိုင်းပေါ်တက်ပြီး SEX အကြောင်းတွေ လာပြီး ကြည့် နေတဲ့  ၁၈ နှစ်အောက် မိန်းကလးတွေ မြင်ဖူးတယ် မိန်းကလေး အားလုံးကို ပြောတာ မဟုတ်ပါဘူး ကောင်းတာလေးတွေလဲ လေ့ လာပါ မိန်းကလေးတွေ အတွက် အခု ခေတ်မှာသိသင့်  သိထိုက်တာတွေ လည်း အွန်လိုင်းမှာ ၇ှိနေပါတယ် တာလီဘန်တွေ အုပ်ချုပ်နေတဲ့  တိုင်းပြည်မှ မဟုတ်တာ

myatnoezon said...

အဓိကကတော့ မိမိကိုယ်တိုင် လိုက်နာခြင်း၊ မိမိရဲ့ အပျိုစင်ဂုဏ်ကို ထိန်းသိမ်းခြင်း၊ အရှက်တရားအေ့ကြာက်တရားထားခြင်း အစရှိသည့် ဥပမာတွေနဲ့ လူကြီးသူမတွေရဲ့ ပညာပေးမှုအပေါ်မှာ လိုက်နာသည့်တယ်လို့ အပျိုစင်လေးတိုင်းရဲ့ စိတ်ထဲမှာကိမ်းဝပ်နေဖို့ပါပဲ

aristhteinwin said...

တက္ကသိုလ်တာ ၀ါသနာပါတဲ့ ပညာရပ်ကို ဆည်းပူးလေ့လာတဲ့ နေရာဒေသပါ။ ကျနော် ရောက်ခဲ့ နိုင်ငံ ၄-၅ နိုင်ငံလောက်မှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့ မတူတဲ့ အရာတွေကိုတွေ့ ရတယ်။ တက္ကသိုလ်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ပြုတဲ့ စနစ်လဲပါမယ်ထင်တယ်။ နယူးဒေလီ တက္ကသိုလ်မှာ မြန်မာနိုင်ငံလို အတွဲတွေ သိပ်မတွေ့ ရဘူး။ အော်စတေးလျားမှာ ကျောင်သူ-သားတွေဟာ အတန်းချိန် မဟုတ်ရင် စာကြည့်တိုက်ထဲမှာဘဲ ပညာဆည်းပူးနောတွေ့ ရတယ်။ ကွန်ပြူတာနဲ့  လိုချင်တဲ့ အရာကို အင်တာနက်က ရှာဖွေကြည့်ရှူ့ လေ့လာမှတ်သားပေါ့ဗျာ။ စာသင်ခန်းအပြင်ဘက်က ခုန်တန်းလျှားတွေမှာ မြန်မာနိုင်ငံလို သမီးရည်းစားအတွဲတွေ ပလူးပလဲလုပ်နေတာ မရှိဘူး။ စားသောက်ဆိုင်တွေမှာလဲ ရည်စားအတွဲတွေ မတွေ့ မိဘူး။ မြန်မာနိုင်ငံကတော့ ရုပ်ရှင်ထဲမှာလဲ တက္ကသိုလ်နဲ့ ပတ်သတ်တဲ့ အခန်းပါရင် ကျောင်းသား-သူ ရည်းစားဖြစ်တဲ့ အခန်းဘဲပါတယ်- စာသင်ခန်းထဲမှာ ပညာသင်ကြားတာ မပါဘူး။ ၀တ္ထုထဲလဲ သမီးရည်းစားက တက္ကသိုလ် ကျောင်းသူ-သား အကြောင်းဘဲ ရိုက်ပြ ရေးသားနေတော့ ပညာရေးထက် လိင်ပိုင်းဆိုင်ရာ ကိစ္စလောက်သာရိုက်ပြနေတာကိုး- အနောက်ရုပ်ရှင်တွေထဲမှာ တက္ကသိုလ်နဲ့ ပါတသတ်ရင် စာသင်ခန်းထဲ ဘာတွေ ဘယ်လိုသင်ရတယ်ဆိုတာ ရိုက်ပြတယ်။ အဲဒီတော့ မြန်မာမိန်းကလေးတွေ ကျောင်းမပြီးခင် ကိုယ်ဝန်ရ- အိမ်ထောင်ကျတာ သိပ်မဆန်းဘူးထင်ပါရဲ့ ဗျာ။

Numega said...

အသိပညာပေးအစီအစဉ်များပြုလုပ်ခြင်း ဆွေးနွေးခြင်း၊ စတာတွေလုပပေးတာကို လက်ခံပါတယ်၊ ကောင်းလဲ ကောင်းပါတယ်။
ဒါပေမဲ့ ဒီလို အသိပညာပေးအစီအစဉ်များကနေ ရရှိတဲ့အသိတွေကို တလွဲနေရာတွေမှ ပြန်ပြန်သုံးနေကြတဲ့၊ သူတွေရဲ့ အတွေးတွေ၊ ကိုယ်ကျင့်တရားတွေ ပြောင်းလည်းပစ်ဖို့က ပိုပြီးတော့ အရေးကြီးမယ်ထင်ပါတယ်။

ziwasoe144 said...

ိုဟိုတစ်နေ့ကမာဆတ်မန်နေဂျာရေးထားတာဖတ်လိုက်ရမယ်ထင်ပါတယ်
ကိုယ်ဝမ်းနာကိုယ်သာသိဆိုသလိုဘဲ၊ကိုယ့်ကိုယ်ညှင်းပန်းနှိပ်စက်မဲ့သူကို
မျော်နေရတဲ့ဘ၀တွေကိုယ့်ကိုပိုက်ဆံပေးပြီးဆက်ဆံမဲ့သူကိုရှာနေရတဲ့ဘ၀တွေ
ဒီလိုအခြေကနေမျိုးတွေမှာultrasoundရိုက်ဖို့ဆိုတာဘယ်လွယ်မလဲ၊
တတ်ကျွမ်းတဲ့သူတွေနဲ့တိုင်ပင်ဘို့ဆိုတာစာအရတော့မှန်ပါတယ်၊လက်တွေ့မှာ
ပိုက်ဆံအများကြီးမပေးဘဲဘယ်သူကအလကားဆွေးနွေးပေးသလဲ၊ဒုက္ခပေါ်
ဒုက္ခဆင့်မဲ့လူတွေကြီးဘဲ၊ဆင်းရဲနွမ်းပါးမှုပပျောက်ရေးချေးငွေတွေလဲရပ်ကွက်
အုပ်ချူပ်ရေးမှူးရယ်၊ကြံ့ခိုင်ရေးရယ်၊အမျိုးသမီးရေးရာရယ်၊မိခင်နဲ့ကလေးရယ်
ပေါင်းပြီးစာချုပ်အတုတွေမှာလက်မှတ်အတုတွေထိုးပြီးအားလုံးဝေယူလိုက်
ကြတာလေမယုံဘူးဆိုသီးခြားလွတ်လပ်တဲ့စစ်ဆေးရေးအဖွဲ့များဖွဲ့ပီးစစ်ကြည့်
နိုင်ပါတယ်၊ကိုယ်ဝန်ဖျက်ချတယ်ဆိုတာကလေးမှာအဖေခေါ်စရာမရှိလို့
အရှက်နဲ့အသက်လဲနေကြရတာ၊လူထုရဲ့စားဝတ်နေရေးပြေလည်အောင်
ဘယ်လိုလုပ်ပေးရမလဲမစဉ်းစားဘူး၊လည်ပင်းညှစ်ဖို့ဘဲစဉ်းစားနေတယ်၊
အထူးကုဆိုတာတွေကလည်းအထူးကိုဒုက္ခပေးတာ။

မောင်မောင် said...

ပုဂံစစ်သည်..


ဗျိုင်းကောင်းကျောက်ဖိမဟုတ်ပါ....ဗိုင်းကောင်းကျောက်ဖိပါ...ဗိုင်းငင်တာကနေ..ထွက်လာတဲ့စကားပုံတစ်ခုဖြစ်ပါတယ်.

ကျေးဇူးတင်စွာဖြင့်

မောင်မောင်

saw said...

မိန်းကလေးအများစုက ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိင်ကြတာများပါတယ်.လျှပ်ပေါ်လော်လည်တာတွေပဲများနေပါတယ်.တက္ကသိုလ်တက်ချင်းအတူတူ ထူးချွန်ထက်မြတ်တဲ့ မိန်းကလေးတွေလည်းရှိပါတယ်.လူအချင်းချင်းတူပေမဲ့ ဗီဇချင်းတော့မတူပါဘူး သူခိုးဗီဇပါလာတဲ့သူက ဘယ်လောက်ပဲချမ်းသာပါစေ ခိုးမှာပဲ.ဒီလိုပဲ အရှက်မရှိတဲ့ ဗီဇပါလာတဲ့သူက နိင်ငံတကာတက္ကသိုလ်ရောက်လည်း အရှက်မရှိတာလုပ်မှာပဲ.မိဘတွေကလည်းမဆုံးမ ဆုံးမလည်းမနာခံ ဆရာသမားစကားဆိုနားမထောင် စာပေဗဟုသုတမရှိ အတုမယူသင့်တာအတုယူ ယောကျာင်္းတွေကို အလွယ်မှတ် ကြိုးစားချင်စိတ်မရှိ ဘ၀ကိုလွယ်တယ်ထင်နေကြတယ်.ကိုယ်ဖြစ်ကိုယ်ခံ .အခြားအနိင်ကျင့်ခံရလို့  ကလေးဖျက်တာကို နားလည်နိင်တယ်.ဒါပေမဲ့ ကိုယ်ကိုတိုင် အနေမတတ်ပြီး မှ ကလေးဖျက်ချတာကိုတော့ နားလည်မပေးနိင်ဘူး ကလေးဖျက်လို့ သေသွားလည်း မသနားဘူး ."ဘယ်သူမပြူမိမိမှု"ပါပဲ

ကိုကို said...

ကောင်းဘူးလေ ဒါမျီုးကြီးကတော့ အဓီကကတော့ ကွန်ဒုံးသုံးလိုက်ပြီးတာဘဲကို...

ကိုကို said...

ခက်တာကလည်းကွန်ဒုံးနဲ့ ကြပြန်တော့လည်း မိုးကာနဲ့ရေမချိုးချင်ဘူးလေးဘာလေးနဲ့ ခက်တယ် လူငယ်တို့ခက်တယ်...
ကိုယ်လည်းအပါဝင်ဖြစ်နေတာက တပိုင်းပေါ့လေ..ဖြစ်စေချင်တာက ကောင်မလေးတွေနဲ့ကိတ်စ ပြီးပြီးချင်းဘဲ သူ့ကို (ကောင်မလေး)ကိုရေဆေးကြောသင့်ပါတယ် ...

Powered by Blogger.