ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးဖို့အတွက် ဂျပန်နိုင်ငံကို ဒီနှစ်ထဲမှာ သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Takashi Saito နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က… မိမိအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး မြန်မာ့နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပ ခရီးစဉ်တွေ စတင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားကြောင်း မြန်မာအစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

လောလောဆယ် အထိတော့ နိုင်ငံကူးလက်မှတ် ထုတ်မပေးရသေးဘူးလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာကလည်း
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်ခရီးစဉ်ကို သမ္မတဦးသိန်းစိန်က ခွင့်ပြုမယ်လို့ ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်တဝိုက်က ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့သမိုင်းဆိုင်ရာ သုတေသန ဆည်းပူးတုန်းက
နေထိုင်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ အတွင်းမှာလည်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို သွားမယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
RFA - Burmese
(ဒီနှစ်ဆန်းပိုင်းက ဂျပန်နိုင်ငံ အိုဆာကာ အခြေစိုက် ကင်းထောက်လူငယ်များအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတဲ့ပုံပါ။ wagggsworld website က ဖြစ်ပါတယ်။)
ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ Reviewed by သစ်ထူးလွင် on 05:55 Rating: 5

7 comments:

သီဟ ကျော် said...

အမေရေ၊ အမေ နိုင်ငံရပ်ခြားကို လည်ပတ်ဖို့ မဆိုထားနဲ့၊ အမေရထားတဲ့ ဆုတွေကို လိုက်သိမ်း ယင်တောင် တနှစ်နဲ့ အမိမြေကို ပြန်ရောက်ဖို့ မလွယ်ပါဘူး၊ မြန်မာပြည်အတွက် လမ်းညွှန်မှုတွေ ပေးထားပြီးယင် ကမ္ဘာကြီးအတွက် အမေ စီမံနိုင်တာတွေ အများကြီး ရှိနေပါသေးတယ်။ နားနားနေနေ လုပ်ပါနော။ သီဟ ကျော်

Ko Nyo Khant ( Mdy university.) said...

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား...ဂျပန်ကကင်းထောက်လူငယ်အဖွဲ့လို..မြန်မာနိုင်ငံကလူငယ်များကိုလည်း..ပါတီစွဲကင်းတဲ့..ကင်းထောက်လူငယ်အဖွဲ့ဖွဲ့စည်းပေးလိုပါတယ်။ကျွန်တော်တို့ငယ်ငယ်ကကင်းထောက်လူငယ်အဖွဲ့ဝင်များဖြစ်ပါတယ်။လူမှုရေးလုပ်ငန်းတွေ၊စခန်းချလေ့ကျင့်ခန်းတွေကိုယ်အားကိုယ်ကိုးလိုစိတ်၊စည်းလုံးညီညွတ်မှု၊ဦးဆောင်နိုင်မှုစတဲ့အလေ့အကျင့်ကောင်းများရရှီနိုင်ပါသဖြင့်..ဒေါ်စုမှဦးဆောင်ဖွဲ့စည်းပေးပါရန်မေတ္တာရပ်ခံပါတယ်။

datha said...

ကျေးဇူးအရမ်းတင်တယ်အမေ
အမေ့ကြောင့် ကမ္ဘာမှာ မြန်မာဟေ့လို့ ၀ံ့ကြွားနိုင်တော့မှာပါ
အရင်ကဆို ပတ်စပို့စာအုပ်အနီရောင်လေးကို ကိုင်ပြီး သူများနိုင်ငံသွား
ရတာ အရမ်းမျက်နှာငယ်ရတယ်
အမေလဲ ဆင်ပြီးကြိုးစားပါ
အမေဟာ ဘဘဦးသန့်လို့ ကုလသမဂ္ဂအတွင်းရေးမူးထိဖြစ်နိုင်ပါတယ်
သားတို့မြန်မာနိုင်ငံသားအားလုံးက အမေ့ကိုယုံကြည်တယ် အားကိုးတယ်

blessing said...

အမေအောင်မြင်ပါစေ. အမေလုပ်သမျှအောင်မြင်မယ်လို့ယုံကြည်ပီးသားပါ. အမေ့ဘက်မှာအမြဲရပ်တည်နေပါတယ်အမေ. အမေကျန်းမာပါစေ. အမေကျန်းမာမှ နိုင်ငံရေးကိုကောင်းကောင်းလုပ်နိုင်မှာနော်. ဒါကြောင့်အမေကျန်းမာရေးကိုလည်းဂရုစိုက်စေချင်တယ်အမေ.အမေ့ကိုချစ်တယ်

blessing said...

အမေအောင်မြင်ပါစေ.အမေလုပ်သမျှအောင်မြင်မယ်လို့ယုံကြည်ပီးသားပါ.
ကျန်းမာရေးကိုလည်းဂရုစိုက်စေချင်တယ်အမေ.အမေကျန်းမာမှ
ရှေ့ဆက်ပီးပြည်သူလူထုဘက်ကရပ်တည်နိုင်မှာပါ.ပြည်သူတွေရဲ့
လိုအပ်ချက်ကိုလုပ်ပေးနိုင်မှာလေ.တခြားလူတွေက ပြည်သူကိုမကြည့်ဘူးအမေရဲ့.သူ့တို့အိတ်ထဲသူတို့ထည့်လို့တောင်
မလောက်နိုင်ဘူးဖြစ်နေတယ်လေ.အမေ့ဘက်မှာ
အမြဲရပ်တည်နေပါတယ်အမေ.
အမေ့ကိုချစ်တယ်.

san san said...

ဒေါ်အောင်ဆန်းစုကြည်မြန်မာပြည်အရေးကို သာဆောင်ရွက်စေချင်ပါတယ်။

mad dog said...

ဟုတ်တယ် san sanေ၇ ဒေါ်အောင်ဆန်းစုကြည်မြန်မာပြည်အရေးကို သာဆောင်ရွက်စေချင်ပါတယ်။ အမေ စု ၇ဲ့ အ၇ည်အချင်းနဲ့ စိတ်ဓာတ် က ကုလသမ္မဂအထွေထွေအတွင်းေ၇းမှူးချုပ် လောက်
မှ တော်၇ုံ၇ှိသေးတာ။ ဘန်ကီမွန်းတောင် စကားတွေ ခေါ်သွားတာပဲကြည့်လေ

Powered by Blogger.