လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ်

"ကျွန်မရဲ့ ဖြစ်စေချင်တဲ့ကိစ္စက အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ ကိစ္စကို လုပ်ဖို့က အဓိကပါ။ ပြည်သူတွေ အကျိုးအတွက် ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀% အောင်မြင်အောင်တော့ ကြိုးပန်းရမှာပါဘဲ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက
မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ
ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး တို့ ဟာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်လွှတ်တော် အစည်းအဝေးတွေကို
ဒီကနေ့ တက်ရောက်ပြီး ကျမ်းကျိန်သစ္စာ ပြုခဲ့ကြပါတယ်။

လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက
ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတွေက လုပ်ဆောင်ချက်တွေကို
ပြန်လည်သုံးသပ်ပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့
ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

လွှတ်တော်စည်းဝေးပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က စည်ပင်ဧည့်ရိပ်သာဝန်းတွင်းက ယူနီစန် စားသောက်ဆိုင်မှာ NLD ကို လွှတ်တော် တက်ရောက်ဖို့ မေတ္တာရပ်ခံ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေ့လည်စာ စားသုံးခဲ့ကြောင်း သိရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ဒီနေ့ စည်းဝေးပွဲအပြီးမှာ ရပ်နားထားလိုက်ပြီး လာမဲ့ ဇူလိုင်လမှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်။
RFA - Burmese
လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ် လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ် Reviewed by သစ်ထူးလွင် on 04:28 Rating: 5

15 comments:

shingyi said...

စည်းလုံးခြင်းသည်အင်အားဖြစ်သည်။

ZAWAUNG said...

အောင်မြင်ပါစေအမေစု..ထောက်ခံအားပေးနေပါတယ်

တန`င်္လာကိုကို said...

ဟင် ဘာမှလဲမပြောရသေးဘူး။ ဇူလိုင်လမှပြောရတော.မယ်ဆိုတော.
ဆတ်တငန်.ငန်.ကြီးဗျာ။ ၂ လစောင်.ရမှာနင်နေတယ်။ ချစ်သူဆီက
အဖြေရဘို.၅ လစောင်.ရတာတောင်မနင်ဘူး။ OK လေ အန်တီစု
ကျမ္မာအောင် အားမွေးပါစေဦး။ အနားယူပါဦးလို.။

SOE TINT said...

ဒေါ်စု လမ်းကျပ်တယ်နော် ဖြေးဖြေးမှန်မှန်မလစ်ဟင်းမှပန်းတိုင်ရောက်မယ်နော ထောက်ခံတဲ့ပြည်သူက ခရိုနီတွေလိုအမြင်မကျယ်ဘူး
ဒါပေမဲ့ ဇွဲကောင်းတဲ့အသဲတော့အမာစားတွေရှိတာတွေ့ရဲ့
ပြည်သူကဖွဲ့စည်းပုံကိုစိတ်မ၀င်စားဘူး စားဝတ်နေရေးပြေလည်ချင်တာလို့ပြော
တော့ ခရိုနီတွေလိုဗိုက်ဖေါင်းခေါင်းသေးကို အားကျုပုံပေါ်တယ်လို့တော့မယူဆ
နိုင်ဘူး စားဝတ်နေရေးပြေလည်စေတဲ့ဖွဲ့စည်းပုံဟုတ်-မဟုတ်အဓိပ္ပါယ်ဖွင့်ဆိုဖို့စေ့စပ်တဲ့သူကောင်းတွေရယ် ထောက်ခံပြည်သူကိုနားလည်လွယ်ကူတဲ့အသုံးအနှုံးနဲ့ရှင်လင်းတတ်တဲ့သူကောင်းတွေ ရှိနေသင့်တယ် ကျမ်းကျိန်စကားရပ်လိုထပ်ဖြစ်မှာစိုးလို့ပါ

Pyinnyadepa said...

အမေစုရေ.....
ကျားငစဉ်းလဲတွေဝိုင်းနေတယ်ဆိုတာတော့သတိထားပါ...
တိုင်းပြည်တစ်ခုအရင်းပြုပြီးလုပ်စားနေကြသူတွေကိုဖယ်ရှားနိုင်မှ
ကျွန်တော်တို့တိုင်းပြည်တိုးတက်မှပါ.........
မြောက်ကိုရီးယားလို ဆောင်ပုဒ် တွေချည်းပဲလိုက်ဆိုနေလို့မဖြစ်
ပါဘူး...ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀လိုအပ်ချက်တွေကို
အောက်ခြေအထိသိအောင်လုပ်ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်။
အမေစုကျန်းမာပါစေ။

nay myo said...

စေတနာမှန်ရင်ရောင်ပြန်ဟပ်တယ်ဆိုတဲ့မြန်မာစကားပုံအတိုင်း၊ပြည်သူကိုစေတနာအမှန်ထားပြီးပြည်သူများထံမှစေတနာအမှန်ကိုလက်ခံရရှိထားတဲ့အမေစု၊တိုင်းပြည်ရဲ့အသည်းနှလုံးကိုလက်ဝယ်ပိုင်ဆိုင်ထားနိုင်တဲ့အမေစု။
လူရဲ့တန်ဘိုးကိုအမှန်တကယ်သိမြင်နားလည်တဲ့အမေစု၊
ရှေ့ဆက်ပြီးပြည်သူတွေကိုဒီမိုကရေစီရဲ့အနှစ်သာရတွေကိုဆောင်ကြ၌းပေးနိုင်ပါစေ
အမေစုကျမ်းမာပါစေ။

nay myo said...

စေတနာမှန်ရင်ရောင်ပြန်ဟပ်တယ်ဆိုတဲ့မြန်မာစကားပုံအတိုင်း၊ပြည်သူကိုစေတနာအမှန်ထားပြီးပြည်သူများထံမှစေတနာအမှန်ကိုလက်ခံရရှိထားတဲ့အမေစု၊တိုင်းပြည်ရဲ့အသည်းနှလုံးကိုလက်ဝယ်ပိုင်ဆိုင်ထားနိုင်တဲ့အမေစု။
လူရဲ့တန်ဘိုးကိုအမှန်တကယ်သိမြင်နားလည်တဲ့အမေစု၊
ရှေ့ဆက်ပြီးပြည်သူတွေကိုဒီမိုကရေစီရဲ့အနှစ်သာရတွေကိုဆောင်ကြ၌းပေးနိုင်ပါစေ
အမေစုကျမ်းမာပါစေ။

aristhteinwin said...

မြန်မာစာ ကို သတ်ပုံလေးတော့ မှန်အောင်ရေးပါဗျာ- သတ်ပုံ မမှန်ရင် ဖတ်ရတာ - တမျိုးဘဲ-

Unknown said...

အမေစု ဘက်က ထာဝရရပ်တည်ထောက်ခံပေးနေတဲ့ပြည်သူတွေရဲ့မျက်နှာကို ထောက်ထားငဲ့ညှာပြီးလွှတ်တော်တက်တယ်ဆိုတာ သားတို့ပြည်သူတွေယုံကြည်ပါတယ် အမေစု...။ အမေစု လွှတ်တော်ထဲမှာရှိနေတာကို က အားရှိနေတာပါ။။

blessing said...

အားပေးနေပါတယ် အမေစု. ကျန်းမာချမ်းသာပါစေ

ကေါင်းကေါင်း said...

ပြည်တွေကအမေဒေါ်အောင်ဆန်းစုကြည်နဲ့တစ်သားထည်းရှိနေပါတယ်. ၂၀၀၈. စစ်အာနာရှင်ရဲ့ဒီမိုကရေစီမကျတဲ့ ရှေ့နောက်ကမောက်ကမမတည့်ဘဲ ပြည်သူကသာမိမိတို့စိတ်ကြိုက်ရွှေးချယ်တင်မြှောက်ခြင်းခံရသောပြည်သူ့ကိုယ်စလှယ်အစစ်အမှန်များဖြင့်သာလွှတ်တော်နှင့်အစိုးဖွဲ့ပိုင်ခွင့်ရှိသောဒီမိုကရေစီစံပြည့်ဝသောဖွဲ့စည်ပုံကိုပြည်သူဆန္ဒခံယူပွဲကျင်းပပြီ( မှန်မှန်ကန်ကန်နော်)ပြီးတောပြင်ဆင်ရေးဆွဲသင့်ပါသည်

komyo said...

ကြံခိုင်ဖွံဖြိုးရေးက ၂၀၀၈ ဖွဲ့ စည်းပုံကိုဘယ်လိုလက်ခံပြီးတော့ပါတီစုံဒီမိုကရေစီနိုင်
ငံထူထောင်မယ်လို့ဆိုပါသလဲ သူတို့ကြတော့နည်းမျိုးစုံနဲ့မရမကယူခဲ့ကြတယ်နောက်
ပြီးတော့တပ်မတော်သားလွတ်တော်အမတ်တွေက ဘယ်ပြည်သူကို ရွှေးချယ်ခိုင်းခဲ့
သလဲသူတို့ကမိုးကြရွှေကိုယ်တွေလား ဒီမိုကရေစီဆိုတာ ပြည်သူတင်မြှောက်တဲ့ အ
စိုးရကိုအကြမ်းဖျင်းပြောတာ ပြည်သူကမတင်မြှောက်ပါပဲနဲ့ တက်လာတဲ့သူတို့တွေ
ပြည်သူကိုရွှေဝါရောင်အရေးခင်းမှာ ကိုင်တွယ်ခဲ့တဲ့သူတွေက ပြည်သူကို ဘယ်လို
အကျိုးပြုကြမှာလဲ နောက်တကြိမ်ဖြစ်ပေါလာမဲ့ အရေးခင်းတွေအတွက် ကြိုတင်
ပြင်ဆင်မဟုတ်တဲ့ဥပဒေတွေကိုအကာအကွယ်ပေးဖို့ရောက်လာတယ်လို့ပဲ
မြင်ပါတယ်။

Anonymous said...

ပြန်စမယ်. လွှတ်တော်ကာလဟာ NLD ဘာတွေလုပ်တယ်ဆိုတဲ. မှတ်ကျောက်ထက် ကြံ.ခိုင်ရေးတွေ DEMOCRACY ဆီ ဘယ်လောက်သွားချင်စိတ်၇ှိလဲ ဆိုတဲ.မှတ်ကျောက်ကို အဓိက စောင်.ကြည်.ရမဲ. ကာလဖြစ်လာမှာပါ ။

boyaing said...

အမေစု အပြောင်းအလဲ တွေ လုပ်ပေးနိုင်မယ်ဆိုတာကို ယြုံကည်ပါတယ်။
သားတို့လဲ အလုပ် ရချင်ပါတယ်။အလုပ် မရှိ ယောင်တောင်တောင် အနေနဲ့
ဘ၀ တစ်ခု ကုန်မသွားချင်ပါဘူး။ အားကိုးပါတယ် အမေ။

မျိုးချစ်မြန်မာလူငယ် said...

အမေစုကို ယုံကြည်တယ်။

Powered by Blogger.