သူနာပြုဆရာမများ၏ ဒုက္ခ

 ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင် တိုင်းကျန်းမာရေးဦးစီးဌာနမှူးတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာလှမြင့်သည် သူနာပြုဆရာမများကို ရာထူးတိုးစာမေးပွဲဖြေဆိုခိုင်းခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ဆေးရုံများမှ ဆရာမများအားလုံး ၁၅၀ နီးပါးခန့်ဖြေဆိုကြရပါသည်။ ရာထူးတိုးစာမေးပွဲဖြေဆိုသည့်အခါ ဒေါက်တာလှမြင့်အား ဆရာမတစ်ယောက်လျှင် ငွေကျပ် ၅ သိန်း၊ ၃ သိန်း ထက်မနည်း ပေးခဲ့ကြရပါသည်။ ဒေါက်တာလှမြင့်မှ ထိုငွေများကို လက်ခံကာ ရာထူးတိုးပေးခြင်းများ လုပ်ပေးခဲ့ပါသည်။ သို့သော် ဆရာမ အယောက် ၃၀ လောက် ကျန်သောအခါ ဒေါက်တာလှမြင့်မှ နေပြည်တော်သို့ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ ညွှန်ကြားရေးမှူးရာထူးသို့ အဆင့်တိုးကာ ပြောင်းရွှေ့ခဲ့ပါသည်။

  ရာထူးတိုးပေးသောအခါတွင်လည်း ငွေပိုပေးသော သူများကိုသာ အဓိကထား တိုးပေးခဲ့ပါသည်။ ၎င်းနေပြည်တော်သို့ ပြောင်းသွားသောအခါ ကျန်နေသောဆရာမများကို ရာထူးတိုးမပေးဘဲ ပြောင်းရွှေ့သွားပါသည်။ ထိုဆရာမများထံမှ ယူထားသောငွေများကိုလည်း လုံးဝ ပြန်ပေးခြင်း မရှိခဲ့ပါ။ ဆရာမများအနေနှင့်မူ ဒေါက်တာလှမြင့်အား ပေးသောငွေများမှာ ချေး ငှား ရှာဖွေ ပေးခဲ့ရခြင်းဖြစ်ပါသည်။ ဤကိစ္စများအားလုံးကို တိုင်းကျန်းမာရေးဦးစီးဌာနမှာရှိသည့် သူနာပြုဌာနမှ ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနများမှ ၀န်ထမ်းများအားလုံး သိရှိပြီးသားဖြစ်ပါသည်။ အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါသည်။

  တိုင်းကျန်းမာရေးဦးစီးဌာနမှူးအသစ်ဖြစ်သော ဒေါက်တာအေးကိုကိုအား ဆရာမများအနေနှင့် တင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့သော် ဒေါက်တာအေးကိုကိုမှ သူ့လက်ထက်တွင် သူ့အား ငွေများပေးထားခြင်းမရှိသည့်အတွက် တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိခဲ့ပါ။ ဒေါက်တာလှမြင့်မှ ယခင်ကလည်း ငွေရေး ကြေးရေးနှင့် ပတ်သတ်၍ ခရမ်းမြို့နယ်မှ တိုင်ကြားခြင်း ခံခဲ့ရပါသည်။ သူနှင့်အတူ အတိုင်ခံရသော ခရမ်းမြို့နယ်ဆရာဝန် ဒေါက်တာမြင့်စိုးအား အရေးယူခဲ့သော်လည်း အဓိကကျသော ဒေါက်တာလှမြင့်အား လူကြီးများမှ လုံးဝ အရေးယူခြင်း မရှိဘဲ ရာထူးပင်တိုးပေးခဲ့ပါသည်။
  ဤသို့ဖြင့် ရာထူးတိုးလျှောက်ခဲ့၍ ဒေါက်တာလှမြင့်အား ပိုက်ဆံပေးခဲ့ရသော ဆရာမများ၏ဒုက္ခကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ လူကြီးများ သိစေရန် တင်ပြအပ်ပါသည်။

သူနာပြုဆရာမတဦး
သူနာပြုဆရာမများ၏ ဒုက္ခ သူနာပြုဆရာမများ၏ ဒုက္ခ Reviewed by သစ်ထူးလွင် on 10:10 Rating: 5

25 comments:

Nay Nwaye said...

မြန်မာနိုင်ငံက လူကြီးတွေက လာဘ်ပေးလာဘ်ယူမလုပ်ရင် ခေတ်မမှီဘူးလို့ယူဆထားကြတာလား မသိဘူးနော် ဌာနတိုင်းလိုလို ဒီလိုတွေချည်းပဲ တာဝန်ရှိသူတွေကလည်း မသိချင်ယောင်ဆောင်နေတော့ပိုဆိုးတာပေါ့ သူတို့တွေနဲ့ကင်းအောင်နေတာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်။

ဖိုးဖိုးကြီး said...

စားဝတ်နေရေးအတွက်အစဉ်မပြေကြသောကြောင့်သူနာပြုသင်တန်းတက်ပြီးဝမ်းစာရှာစားနေရသူများကို-ငွေ(၃)သိန်းနှင့်(၅)သိန်းကိုလာတ်စားနေသော
ဒေါက်တာလှမြင့် ကိုနိုင်ငံတော်အကြီးအကဲများကဒီတိုင်းကြည့်မနေကြပါနဲ့။
ထိရောက်စွာအရေးယူသင့်ကြောင်း၊ဆရာဝန်ဖြစ်ပြီးဂွင်ဖန်တာတော့မကောင်း
ပါဘူး။ သူနာပြုဆရာမတွေရဲ့ဘ၀ကို ဒေါက်တာလှမြင့် အသိဆုံးပါ။ မကောင်းတဲ့ဆရာဝန်အချို့ဆိုရင်သူနာပြုဆရာမတွေကို ခြေတော်တင်ကြတာ-ဘ၀ပျက်ဆီးသည်အထိဖြစ်ခဲ့ကြရတာ-အင်မတန် ရင်နာဖို့ကောင်းပါတယ်။
ဖိုးဖိုးကြီးရဲ့မိတ်ဆွေတွေထဲမှာ အချို့ဆရာဝန်တွေရှိနေပါတယ်။ အချို့လည်း
စိတ်ထားကောင်းသလို-အချို့ဆရာဝန်တွေက နှာဘူး ကြပါတယ်။ကိုယ်ချင်း
စာစိတ်၊နှမချင်းစာနာစိတ်မရှိဘဲ၊ သူနာပြုဆရာမတွေရဲ့ဘ၀ကို ဖျက်ဆီးကြ
တယ်။ ဒီလောက်ဆိုးတဲ့ဆရာဝန်ဒေါတ်တာလှမြင့်-ညွှန်ကြားရေးမှူးရာထူးနဲ့
လားလားမှမထိုက်တန်ပါဘူး။ ရာထူးကနေဖြုတ်ချပြီး၊အရေးယူသင့်ပါတယ်။
ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်-၀န်ကြီးကြားတဲ့အ
တိုင်းပါဘဲ။ထိရောက်စွာအရေးယူပေးပါ။ ငခုပ်မတစ်ကောင်ကြောင့်တလှေလုံး
ပုတ် ဆိုတဲ့စကားပုံအတိုင်း-ဒီ မကောင်တဲ့အကျင့်ပျက်ဆရာဝန်ဒေါက်တာ
လှမြင့် ကြောင့် အခြားကောင်းတဲ့ဆရာဝန်တွေမထိခိုက်ရလေအောင်-စံပြ
အနေနဲ့ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသင့်ကြောင်း တိုက်တွန်းပါ
တယ်။ အရေးယူလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

zmt said...

မြန်မာတို့ထုံးစံဖြစ်နေပါပီး ကြားပါများလို့တော့မဟုတ်ဘူးမြင်တာတွေ လည်း များလာလို့ပါ စိတ်ဝင်စားဖို့မကောင်းတော့ပါဘူး.....

နတ်ရိုး said...

ပေးတဲ့သူကပေးတာကို ယူတဲ့သူကလဲယူမှာပေါ့
ပြောင်းလဲနေပီဘဲဗျာ ကိုယ်တွေလဲလမ်းဟောင်းကိုမလိုက်နဲ့တော့ပေါ့
ဒုက်ခတော့နည်းနည်းခံရမှာပေါ့
ြ ကြိုးစားနေရင်တော့အရှုံ့းမှရှိပါဘူး
အမှန်တရားဆိုတာမပျောက်ပျက်ပါဘူးဗျာ
သူတို့စရိတ်နဲ့သူတို့သွားကြမှာပါဗျာ

tapaungthi said...

ဆိုးပါတယ်

66koaungaungtun@gmail.com said...

ခင်ဗျာတို့ဗျာလူသားချင်းစာနာစိတ်ဆိုတာကောရှိကြသေးရဲ့လားပြောပါလူသားတိုင်းစားဝတ်နေရေး(၃)ပါးရှိတယ်ဆိုလူအသိဝင်ကြပါစေ။

Blogger said...

ဒေါက်တာကဈေးသတ်မှတ်တာလား၊ ကိုယ်ဘာသာရလိုရညား တိတ်တိတ်လေးသွားပေးတာမဟုတ်လား ။ အခုရာထူးမရမှ အသံထွက်လားကြတာ။ ဘောက်ချာမဖြတ်ပေးတာ ကံကောင်တယ်မှတ်ပါ။

mimi said...

ဝန်ကြီးကလဲပြောမှာပေါ.၊ငါလည်းဒီလိုလုပ်ပြီးဒီနေရာရောက်နေတာလို.။

ပုသိမ်သား...ဆင်မ said...

အော် ကိုထိတော့ နာတယ်နော် ဆရာမတွေ...ခင်ဗျားတို့ လည်း ဆေးရုံတက်တဲ့ သူတွေကို ဟိန်းဟောက်နေတာများ..အမေဇုံတောထည်းက င်္ခြသေ့ မတွေထင်ရတယ်..ခံပေါ့  ကိုယ့်အလှည့် ပဲ

လွမ်းသူ said...

သူနာပြု ဆရာမတွေကလဲ အရမ်းကိုရာထူးမက်နေကြတယ်ထင်တယ်...၀န်ဆောင်မူ့ကလဲ မကေါင်း လူနာတွေကိုလဲ အရမ်းအော်ငေါက်တတ်တဲ့ သူနာပြုတွေ ဒီလိုလဲ အလိမ်ခံရမှ ကေါင်းတယ်....ရန်ကုန်ပြည် သူ့ဆေရုံ ကြီးက ဆရာမတွေ ဆို အရမ်းဆိုးတယ်...လူနာတွေဆိုရင် နေလို့ကမကေါင်း စိတ်တွေကလဲ ညစ် အဲ့ဒါကို သူနာပြုတွေ က ထပ်ပြီး နှိပ်စက်...အဲ့ဒါကတော့ လက်တွေသိခဲံရတာ မို့ သူနာပြုတွေ အကြောင်းပြောပြတာပါ...ဆေးရုံထဲမှာဆိုလဲ သူတို့လုပ်စထိုင်စားနေရတဲ့အတိုင် လူနာတွေ ဆို သူတို့ကို ကြောက်ရလွန်းလို့ နေစရာမရှိ...အော်လိုက်တဲ့အသံ က ငါးစိမ်းသည် အသံ နဲ့ ဆိုတော့ နှလုံးရောဂါ ရှိတဲ့သူတွေ ဆို သူတို့အသံကြားတာ နဲ့တင် လန့်သေလောက်တယ်...ကင်ဆာ ဘက်က သူနာပြု တွေ ဆို အရမ်းဆိုးတယ်.. လူနာတစ်ယောက်ကို ကိုင်တော့မယ်ဆိုရင် သတ်တော့မဲ့ အတိုင်းပဲဗျာ...ခုလို လူနာတွေကို အော်ခေါက်တဲ့ ဆရာမတွေ ၀တ်ခံရအုံးမှာပါ....ပညာတတ်ပြီး ရိုင်စိုင်းတာ ကတော့ သူနာပြုတွေ ပါပဲ....အလိမ်ခံရတာ နည်းပါတယ်ဗျာ...များများအလိမ်ခံရလေ ကေါင်းလေဗျာ.........

ဗိုက်ပူနံကား said...

ပေးတုန်းကတော့ ကြည်ကြည်ဖြူဖြူပေးခဲကပီးတော့..အခုမှလာပြောနေရသေးတယ်...တော်သေးတာပေါ့..လူမပါတာကံကောင်း...လောဘဆိုတာ..ဒီလိုဘဲ..ကိုယ့်လောဘကြောင့်..ကိုယ်ခံရတာလေ..တတ်နိုင်ဘူးကွာ...

aristhteinwin said...

ရလေမလားလို့ ပေးစမ်းကြည့်တယ်- အရင်ကလဲ လာဘ်စားထားတဲ့ လူတယောက်မှန်းသိနေလျှက် ဘာဖြစ်လို့ လာဘ်ပေးရတာလဲ- ကိုယ်ကလဘ်ပေးတော့ ကိုယ်ကတခါ လူနာဆီက ပြန်ပြီး ယူမယ်ပေါ့ ဂလိုလား။- အင်း စိတ်ပျက်စရာကြီးပါလား။

မျိုးမြန်မာ said...

ကျန်းမားရေးဌာနတစ်ခုတည်း မဟုတ်ပါဘူး ဌာနတိုင်းက စီမံတွေမှာ တော်တော်များများက ထိုနည်းလည်းကောင်းပါဘဲ ကျမတို့ ဌာနက အင်ဂျင်နီယာတွေ ပြောင်းချင်ရင် နေရာကောင်း ရချင် ပေးရတာဘဲ လူတိုင်းတိုင်း အစားချောင် ဖို့အပြောင်းအရွှေ့ကိုင်တဲ့ နေရာကိုဝင်ချင်ကြတာပါ တရားမျှတဖို့ လိုနေပြီ

အောင်မြင် said...

ဒါမှမြန်မာပြည်အစစ်ကွ

ကိုကို said...

အော် ကြားရတာစိတ်မကောင်းပါဘူးဗျာ

hlawgyi said...

ပြောတော့ လည်းရာထူးတိုးစာမေးပွဲတဲ့ ....ပြီးတော့ အသံထွက်လာတော့ ပိုက်ဆံတွေပေးပြီရာထူးတိုးဖို့ လုပ်တာတဲ့ ...ရာထူးဆိုတာဘာလဲ...ရာထူးတိုးတယ်...ရာထူးတတ်တယ်ဆိုတာကျနော်တို့ နားလည်ထားတာကတော့ ...သူများထက်တော်ရမယ်..သူများထက်သိရမယ်..တတ်ရမယ်...ပြောရရင်တော့ အရည်အချင်းပြည့် မှီလို့ ရာထူးတိုးပေးတာပါ...ခုဟာက..ရာထူးတိုးဖို့ ပိုက်ဆံပေးတယ်..ကိုယ်တိုင်ရောအရေအချင်းပြည့် ရဲ့ လာ..ကိုယ်တိုင်ကမှ..အရေအချင်းမရှိတာ..ပိုက်ဆံပေးပြီးလုပ်တဲ့ ရာထူးဘဲရမှာပေါ့ ...ကျနော်တို့ နိုင်ငံမှာ...အဲလိုမျိုးတွေအများကြီးရှိတယ်...ခုတော့ ပိုက်ဆံပေးပြီးရာထူးမတိုးတော့ ကိုယ့ အရှက်ကိုခွဲသလိုဖြစ်မနေဘူးလားဗျာ......

hlawgyi said...

ကိုယ့် အရှက်ကိုခွဲသလိုဖြစ်မနေဘူးလား....အသုံးမကျလို့ ရာထူးမတတ်တာတစ်မျိုး...ရာထူးလေးရမလားဆိုပြီး..ပိုက်ဆံလေးပေးလုပ်ပါတယ်..ပိုက်ဆံသာပေးလိုပ်ရပြီး...ရာထူးကတော့ ဒီအတိုင်းဘဲ...တကယ်လို့ ရာထူးစာတတ်ခဲ့ မယ်ဆိုရင်...ဘယ်သူမှတောင်သိလိုက်ရမှာမဟုတ်...ခုတော့ တစ်ရှက်ကနေနှစ်ရှက်ပေါ့ ....ဟိုအကောင်ကတော့ မျိုလို့ ကုန်နေလောက်ပြီ...

မရဏမင်း said...

သြော်သူ့ခမြာလဲထောက်ခံမဲလေးရမလားလို့သတင်းတင်ပါတယ်..အဟဲသူကမှားနေတာကိုး...

gurugyi said...

ပေးကားပေး၏ မရ။ပေးတုန်းက ဇွတ်လာပေးပြီးတော့ မရတော့ပြောရော့။
ရရင်တော့ငြိမ်နေပြန်ရော့။မရရင်တော့အသံထွက်ရော့။ဒါ ဘာကောင်းသလဲ။
မကောင်းပါဘူး။ ကောင်းတာက တော့ စိတ်ပျက်ဘို့ဘဲ။ဒီလိုမဖြစ်အောင် နိုင်ငံ
တကာ စံနဲ့အညီ လစာတွေပေးသင့်ပြီ။ ဆရာ ဝန်တယောက် ရဲ့လစာဟာ
us$ 3000 လောက်ဖြစ်သင့်တယ်။ ဆရာမတွေကလည်း မစားလောက်တော့
ငေါက်မှာဘဲ။ငေါက်မှာဘဲ။

Richard said...

လာဘ်မပေးရေးအသင်းဖွဲ့ချင်တယ် ပါကြမှာလား
အသင်းစည်းကမ်းက တစ်ခုထဲပါ
ဘာအတွက်နဲ့မှ လာဘ်မပေးဘူး ဆိုတဲ့စည်းကမ်းတစ်ခုပဲလိုက်နာပါ

chaoji gao said...

မြန်မာနိုင်ငံကဌာနအားလုံးနီးနီးအဲ့လိုပါပဲ လ၀က ဆိုရင်ဒီထက်ပိုဆိုးတယ် သစ်တောကောပဲ "င"၃လုံးကို ရှောင်ခိုင်းတဲ့ဆိုင်းဘုတ်ကအကြီးကြီးကိုချိတ်ထားတယ် ....လူကြီးတွေလာရင်မြင်ကောင်းလို့ အဲ့လူကြီးတွေကို ကလာဘ် စားနေတာ မြိုနယ်မှူးက ခရိုင်မှူး အတွက်ရှာပေးရတယ် ခရိုင်မှူးက ပြည်နယ်မှူးကို ရှာကျွေးရတယ် ပြောမယ်ဆိုရင်ပြောလို့ကို ကုန်မှာမဟုတ်ဘူး မြန်မာပြည်ကဌာနအလုံးနီးနီးကို မြန်မာပြည်ပြောင်းလဲ ရေးကိုဘယ်ကနေစပြီး ပြုပြင်ရမလဲ?

လွမ်းသူ said...

သူနာ ပြုဆိုတော့ ၀တ်စုံလေးကြည့်ပြီ အရမ်းကို ယဉ်ကျေးလိမ့်မယ်လို့ ထင်နေတာ...အပြောအဆိုက ရိုင်း လူနာတွေဆီက ပိုက်ဆံတောင်း ပိုက်ဆံမပေးရင် လူသတ်တော့မဲ့အတိုင်း ပိုက်ဆံများပေးလို့ကတော့ အနားကကို မခွါတော့ဘူး...မြန်မာနိုင်ငံ သူနာပြုဝတ်စုံတွေကိုတော့ အ၇မ်းကိုနှမျှောတယ်ဗျာ...ရန်ကုန်ဆေးရုံ ကြီးမှာ နယ်ကဆေးရုံတက်တဲံသူတွေ များပါတယ်...အဲ့ဒါသူတို့တွေက နွေးထွေးစွာမကြိုဆိုတဲ့ အပြင် အရမ်းကို အပြောဆိုးပါတယ်....ခုတော့ ၀တ်လည် ကြပြီးပေါ့...ကေါင်းတယ်ဗျို့  ...သူနာပြု အားလုံးကို မဆိုလိုပေမဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံ ကင်ဆာ ဘက်ကဆရာ မတွေ တော့ အရမ်းကို အကျင်းမကေါင်းကြဘူးဗျာ...လူနာတွေက ရော ဂါ ပြောလောက်အောင်မဆိုးဘူး သူတို့ တွေ အပြောမတတ်မူ့ ကြောင့် သေကြတဲ့သူတွေ မနည်းပါဘူးဗျာ...စိတ်ထိခိုက်ပြီးတော့ပေါ... ဒီအလုပ်ကိုစိတ်ပါလို့ လုပ်တာ မှမဟုတ်တာ ငွေများများ ရမယ်ထင်လို့ လုပ်နေကြတာ....၀တ်လည်ကြပြီပေါ့.........

Khaung Gyi said...

လက်ပေးရန်မလို ဆိုတဲ့စကား ကတော့မှန်နေပြီ။
ရိုးသားကြိုးစားမယ်ဆိုတဲ့သူတွေအတွက်နေရာကရှားနေပြီ။
မရိုးသားမှုတွေကို ဘယ်သူတွေကသင်ပေးတာလဲ။
အရေးယူမှုတွေက လက်အောက်ငယ်သားတွေ အတွက်ဘဲဖြစ်နေတယ်။ အထက်လူကြီးတွေဆိုတာ ဥပဒေအထက်ကလူတွေကိုပြောတာလားလို့ တောင်မေးရမလိုဖြစ်နေပြီ။

hlaingsoe said...

ဒါကတော့ထုံးစံမို့လို့မထူးဆန်းတော့ပါဘူးကွယ်။

maung said...

မပြောမဖြစ်လို့ပြောရဦးမယ်...မ လွမ်းသူ..သူနာပြုဆရာမတွေရဲ့ဘ၀ဒုက်ခကို
အလုပ်ရှားပါးတဲ့ခေတ်မှာသူနာပြုဝင်လုပ်ရင်းက....
သူနာပြု ဆရာမတွေဘ၀စတာပါ။...သူတို့ကို အရမ်းရာထူးမက်နေကြတယ်မထင်ကြပါနဲ့ စီနီယာတွေမဖြေရင်ကျော်တတ်ကုန်မှာပေါ့..သူတို့မှာရာထူးတိုးဖို့အတွက်ဖြေဆိုဖို့အခွင့်ရေးကိုကငွေပေးပြီးမှဖြေရတာပါ...ရာထူးတန်းရတာမျိုးမဟုတ်ပါဘူး....လှည်းတန်းသူနာပြုကျောင်းမှာ၃သောင်းပေးပြီးသင်တန်းဆင်းအထူးကုဆေးခန်းဝင်လုပ်ရင် အပြာဝတ်သူနာပြုဆရာမကြီးတန်းဖြစ်ပါတယ်….အစိုးရသင်တန်းဆင်းတွေက မရပါဘူး ရာထူးရပြီးတော့နေရာအတွက်ကိုလိုက်ပြီးငွေထက်ခင်းရပါသေးတယ်....မပေးတဲ့သူမရပါဘူး....ကိုယ်တာဝန်ကျ နေရာရောက်ပြန်တော့နေထိုင်ဖို့အိမ်လုရပါသေးတယ်.....မြို့နယ်ကျန်းမာရေးမှုးကိုများများပေးနိုင်တဲ့ဝန်ထမ်း
နောက်မှရောက်လည်းအိမ်ရပါတယ်။......မိမိကတာဝန်ကျသောဒေသနတရဆေးခန်း၊ဆေးရုံတာဝန်ကျ.ဝေဘာဂီဆေးရုံ၊ မြောက်ဥကလာပဆေးရုံဆို လိုင်းခန်းမရ၊နေစရာ မရှိလို့အပျိုဆောင် တွေဆိုခြေရင်းခေါင်းရင်းမရှိပေါင်းနေ ရပါတယ် ၊ ဘာမှရာထူးပြောင်းနေရာပြောင်း မရှိမသော….အလုပ်သမားအိမ် တွေမှာကပ်နေ ရပြီးအလုပ်သမား တွေ အပြောခံရတဲ့သူနာပြုဆရာမတွေလည်းရှိကြပါတယ် ……လူနာမရှိဆေးမရှိဘဲ…၀န်ထမ်းတွေကနေစရာလိုင်းခန်းမရှိလို့ပြင်ပကနေလာပြီး….နည်းမျိုးစုံနှင့်အလုပ်ဆင်းကြရပါတယ် ဆေးရုံဆိုပြီး ၊အမည်ပေးထားတာဘဲရှိတာပါ…အထူးကုဆေးခန်းတွေပေါ်လာတော့ ……သူတိုဘ၀တွေကပညာတတ်ပြီးမြို့ပြမှာလူရာမ၀င်ဖြစ်လာကြပါတယ်…..
…..မီးပျက်နေတဲ့မြို့ပြမှာ….မီးအိမ်ရှင်မအဖြစ်လည်းမနည်းရုန်းကန်နေကြရတာတွေကိုလူတိုင်းသိခဲ့လျှင်ဝိုင်း ပြီး စဉ်းစားပေးကြပါလို့တင်ပြချင်ပါတယ်။ ။

မှတ်ချက်။…။မည်သူကိုမှမရည်ရွယ်ပါ…တကယ့်အဖြစ်မှန်များဖြစ်ပါသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင် တိုင်းကျန်းမာရေးဦးစီးဌာနမှူးတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာလှမြင့် တကယ်လုပ်စားခဲ့သည်မှာမဖြစ်နိုင်ဟုမပြောလိုပါအသေအခြာသိသူကြားပွဲစားမာမီကိုမေးကြည့်ပါကပိုသိပါမည်။

Powered by Blogger.