ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန်

လှိုင်သာယာ စက်မှုဇုန် (၁) ရှိ တော်ဝင်မြန်မာ ဇာပန်းထိုး စက်ရုံရှေ့တွင် ဆန္ဒပြနေကြသည့် အလုပ်သမားများအား ယနေ့မွန်းလွဲပိုင်းက တွေ့ရစဉ်
— at Hlaing thar yar, Yangon.
မေ ၂၉၊ ၂၀၁၂ (YPI)

လှိုင်သာယာ စက်မှုဇုန် (၁) ရှိ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ ရှေ့တွင် ဆန္ဒပြနေသော အလုပ်သမားများထဲမှ အမျိုးသမီးသုံးဦးကို ယနေ့နံနက်ပိုင်းက စက်ရုံလုံခြုံရေးများက တွန်းထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်ဟု ဆန္ဒပြသူများကပြောသည်။

၎င်းစက်ရုံရှေ့တွင် အလုပ်သမားများဆန္ဒပြခဲ့ကြသည်မှာ သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး အလုပ်သမားစုစုပေါင်း ၁,၀၀၀ ကျော်ရှိသည့်အထဲမှ ၃၀၀ ကျော်ခန့်က လုပ်ခလစာတိုးမြှင့်ရေးအတွက် တောင်းဆိုလျှက်ရှိကြသည်။

၎င်းစက်မှုဇုန်ထဲတွင်ပင်ရှိသည့် Hall Mark အထည်ချုပ်စက်ရုံရှေ့တွင်လည်း အလုပ်သမား ၂၀၀ ခန့်က လုပ်ခလစာတိုးမြှင့်ရေးနှင့်ပတ်သတ်ပြီး နှစ်ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြလျှက်ရှိကြသည်။

တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံပိုင်ရှင်မှာ မြန်မာနိုင်ငံသားဖြစ်ပြီး Hall Mark အထည်ချုပ်စက်ရုံမှာ ဂျပန်-မြန်မာ ဖက်စပ်လုပ်ကိုင်နေသော စက်ရုံဖြစ်သည်။ ။

Yangon Press International
ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန် ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန် Reviewed by သစ်ထူးလွင် on 16:29 Rating: 5

4 comments:

Aung San said...

အင်းကိုယ့်လူမျိုးအချင်းချင်း ကိုကွာ......................
ဘောင်မ၀င်၇င်တောင် နားလည်အောင်ပြောပြရမှာ...
လေဘာ၇ုံးကလူတွေအိပ်နေလားမသိဘူးကွာ..........
ကြား၇တာမမိုက်ပါဘူး......................................

သစ္စာ said...

စက်ရုံပိုင်ရှင်အမည်နှင့် အလုပ်သမားများကို ထိုးကြိတ်ခဲ့တဲ့ လုံခြုံရေးများ၏အမည် များကို အများပြည်သူသိရှိမှတ်သားစေရန်ဖေါ်ပြပေးစေလိုပါတယ်။

Anonymous said...

တာဝန်ရှိ အစိုးရအဖွဲ့အစည်းတွေက လက်ပိုက်ကြည့်နေကြသလား
ခင်ဗျားတို့နဲ့ နဲနဲမှ မပတ်သက်ကြတော့ဘူးလား ငွေကြေးဓနရှင်တွေရဲ့
ဖိနှိပ်ချယ်လှယ်တဲ့ ခေတ်ကိုပြန်ရောက်နေကြပြီလား
တာဝန်ဝတ္တရားသိကြတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်များက
အမြန်ဆုံးကူညီ ထိန်းသိမ်းဖြေရှင်းပေးကြပါခင်ဗျာ

thawmyoh said...

သတိတော့ထားကြပါဗျို့  နေရာတကာမှာ “ခွေး”တွေမွေးထားတော့ သခင်ကြည်ဖြူအောင် ဟောင်တဲ့ကောင်က ဟောင် ကိုက်တဲ့ကောင်က ကိုက် နဲ့  ကျွန်တော်တို့ လူတွေ အထိနာမှာ စိုးရိမ်မိတယ်။
သဌေးဆိုတဲ့လူတွေ သတိထားပါ နောက်ဘ၀ မကူးပဲ အခုဘ၀ သိပ်မကြာခင်မှာ အခုဆန္ဒပြနေတဲ့ သူတွေထက် ဆိုးရွားတဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံရလိမ့်မယ်နော်။ အမြင့်ကကြရင် ပိုနာတယ်။

Powered by Blogger.