ဇေကမ္ဘာကုမ္ပဏီ မင်္ဂလာဒုံမှာ သီးစားလုပ်ကိုင်ခွင့်ကျ

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့ နယ် ရွှေနံ့ သာကျေးရွာမှာ ကွင်းအမှတ် ၅၃၁ နဲ့  ၅၃၃ မှာရှိတဲ့ လယ်မြေ ၈၃၅ ဧက ကို သီးစားလုပ်ကိုင်ခွင့် အတွက် ဒေသခံ လယ်သမားတွေနဲ့  ဇေကမ္ဘာကုမ္ပဏီတို့  အပြိုင်လျှောက်ထားရာမှာ ဇေကမ္ဘာ ကုမ္ပဏီကိုသာ သီးစားလုပ်ကိုင်ခွင့် ပြုကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့  နေ့စွဲနဲ့  စာထုတ်ပြန်လိုက်ပါတယ်။
RFA
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ ဇေကမ္ဘာ ကုမ္ပဏီက အဓမ္မ သိမ်းထားသော လယ်သမားများ၏ လယ်ယာမြေပေါ်တွင် ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့က ၀င်ရောက် ထွန်ယက်နေကြသော လယ်သမားများကို တွေ့ရစဉ်။
ရွှေနံသာကျေးရွာ လယ်သမား ဦးကျော်စိန် အပါအ၀င် ၈၆ ဦး က အစဉ်အဆက်က မိမိတို
့စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ လယ်မြေ ၈၃၅ ဧကကို သီးစားလုပ်ကိုင်ခွင့် အတွက်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ ပိုင်တဲ့  ဇေကမ္ဘာကုမ္ပဏီထက် အရင်စောပြီး
လျှောက်ထားခဲ့တဲ့အကြောင်း လယ်သမား ဦးကျော်စိန်က ပြောပြပါတယ်။

"လေးလပိုင်း လေးရက်နေ့မှာ ဦးတို့ သီးစားတင်တယ်။ ဇေကမ္ဘာက လေးလပိုင်း ၂၅ ရက်နေ့ သူတို့တင်တယ်။ ဦးတို့က ရက် ၂၀ ကျော် စောပြီးတင်တယ်။ အခုကျလာတော့ ဇေကမ္ဘာက ကျတာဆိုတော့ ဦးတို့ လယ်သမားပိုင်းက နစ်နာတာပေါ့နော်။ အနှစ် ၂၀ ကျော် လုပ်လာတဲ့ ဦးတို့ လယ်သမားတွေကို နိုင်ငံတော်က ဘာလို့ သီးစားချမပေးတာလဲဆိုတာ ဦးတို့ စိတ်ဒုက္ခ ဖြစ်တာပေါ့နော်။ သူဌေးက ဒီလယ်တွေ မရရင် ဘာမှ မဖြစ်ဘူး။ ရောင်းစားတာပဲ။ ဦးတို့ တကယ့်တကယ် လယ်လုပ်နေတဲ့ လယ်သမားတွေရဲ့ မိသားစု စားဝတ်နေရေး ဒီလောက်အခက်အခဲ ဖြစ်နေတာ ဒီလို အဖြစ်မခံနိုင်ပါဘူး။"

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက ရာအိမ်မှူးတွေ လယ်သမားတွေကို လယ်မြေကိစ္စနဲ့
့ပတ်သက်ပြီး အကြိမ်ကြိမ် ခေါ်ယူပြီး စာရွက်လွတ်များမှာ
လက်မှတ် ရေးထိုးခိုင်းသလို   ဒီလယ်မြေတွေအတွက် လျော်ကြေးငွေယူဖို့ 
ခြိမ်းချောက်စည်းရုံးတာတွေ လုပ်ခဲ့တယ်လို့  လယ်သမားတွေက ပြောပါတယ်။
အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အခုလို မတရားမှုတွေ လုပ်ဆောင်နေတဲ့ ဇေကမ္ဘာကုမ္ပဏီ
ကို တရားဥပဒေအရ ရင်ဆိုင်မယ်လို့  လယ်သမားအရေးကို လိုက်ပါဆောင်ရွက်ပေးတဲ့ 
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ  ဦးနေမျိုးဝေက ပြောပါတယ်။

"ဇေကမ္ဘာကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရွှေက ကိုယ်က လယ်စိုက်တာ မဟုတ်ဘူး။ ကိုယ်က စက်မှုဇုန်လုပ်တာ။ ကိုယ့်ကို တားတာက လယ်မလုပ်ဖို့ တားတာလို့ Voice ဂျာနယ်မှာ ပြီါ်ခဲ့တဲ့ အပတ်ထဲမှာ ပြောတယ်။ အခုက သီးစားချတယ်ဆိုတာ လယ်လုပ်ဖို့ ချတာ။ နိုင်ငံတော်ရဲ့ အခွင့်အာဏာကို အလွဲသုံးစားပြုပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဦးခင်ရွှေကို မနက်ဖြန်ကျရင် ကျနော်တို့ တရားစွဲမှာပါ။"
ဇေကမ္ဘာကုမ္ပဏီဟာ စက်မှုဇုံလုပ်ပိုင်ခွင့် လန ၃၉ မကျသေးဘဲ အဲဒီလယ်မြေတွေမှာ
ကန်သင်းရိုးတွေကိုဖျက်၊ မီးတိုင်တွေစိုက်၊ လမ်းတွေဖေါက်၊ မြောင်းတွေဖေါ်တဲ့
့လုပ်ငန်းတွေကို စတင် လုပ်ကိုင်နေပေမဲ့  သက်ဆိုင်ရာက တားမြစ်ဖို့ 
ပျက်ကွက်တယ်လို့  ဦးနေမျိုးဝေက ပြောပါတယ်။
RFA-Burmese
ဇေကမ္ဘာကုမ္ပဏီ မင်္ဂလာဒုံမှာ သီးစားလုပ်ကိုင်ခွင့်ကျ ဇေကမ္ဘာကုမ္ပဏီ မင်္ဂလာဒုံမှာ သီးစားလုပ်ကိုင်ခွင့်ကျ Reviewed by သစ်ထူးလွင် on 11:08 Rating: 5

23 comments:

kokochit said...

အမြန်ဆုံးတရားစွဲကြပါဗျာ

aye said...

လယ်သမားတွေသနားပါတယ်ခင်ရွှေဘုရားတွေဒီလောက်တည်နေတာလယ်သမားတွေဆီကလုစရာလားကိုယ်ကတောင်ပေးသင်.ပေးရမယ်အနစ်နာခံသင်.ခံရမယ်ဒီလိုစိတ်မျိုးမွေးသင်.ပါတယ်နာယကဂုမ်6ပါးသိပါသလား8တန်းအောင်အဆင်.ဆိုတော.ဘယ်သိမလဲဒေါက်တာအတုကြီး

ko yeဲ said...

ကြည့်ကြက်လဲလုပ်ကြဦး လယ်မြေပေါ်မှာ လယ်သမားကသာ လယ်လုပ်တာကို ခွင့်ပြုသင့်ပါတယ်၊ "ဇေကမ္ဘာကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရွှေက ကိုယ်က လယ်စိုက် မှာဆိုရင်တော့ နိုင်ငံတော်ရဲ့ စံပြပုဂ္ဂိုလ် အဖြစ်နဲ့ မှတ်တမ်းတင်ထိုက်ပါတယ်ဗျာ
ဒါမှမဟုတ်ရင် သူများထမင်းအိုးတော့ လိုက်မခွဲကြပါနဲ့
ခင်ဗျားတို့လောက် ပိုက်ဆံမရှိလို လယ်စိုက်စားတာပါ
မိုးလေဝသက မမှန်နဲ့ အစစ ဈေးနံက ကြီးလို့ တနှစ်တနှစ် အလျှင်မီအောင် မနဲ့လုပ်နေရပါတယ်
ွ"ဇေကမ္ဘာကုမ္ပဏီ ကထပ်ပီးဒုက္ခမပေးပါနဲ့
ဒို့နိုင်ငံမှာလဲ စိုက်ပျိုးရေးကိုအားထားတယ်သာပြောတယ် လယ်သိမ်း ယာသိမ်းတွေကို နေ့တိုင်း ကြားနေရတာ အဲဒါ ဒီမိုကရေစီလား သမတကြီး ပြည်သူပိုင် အဆောက်ဦးတွေ မိုးပျံရထားလမ်းတွေ ဖေါက်တာမျိုး ကျည်ဆံ ရထားလမ်းတွေဖေါက်တာမျိုး ဆိုရင်တစ်မျိုးပေါ့ အခုကြားနေရတာတွေက် ဆင်းရဲသား ထမင်းအိုးကို ငွေနဲ့ လုပ်ပိုင်ခွင့်ဝယ်ပီး လိုက်ခွဲနေသလိုဖြစ်နေတယ်မဟုတ်လား

la woon said...

ဒီဇေကမ္ဘာ မိသားစုက လယ်သမားတွေပါးစပ်ထဲကထမင်းကို ပုတ်ချ နေသလိုပဲ
ဘယ်လိုဖြစ်နေမှန်းမသိဘူး
သူတိုမှာတချား လုပ်ငန်တွေမှအများကြီး
ဒီမိသားစုကိုသတ်မိတော့မယ်
အမည် တက်တော့စက်မှု့ဇုန်တဲ့
သူတိုတနေတနေစားနေတဲ့ထမင်းကိုမှအားမနာ
ဆင်းရဲတဲ့လယ်သမားတွေနဲ့အပြိုင်လယ်တွေကိုလုနေသေးတယ်
ဘာကောင်တွေမှန်းကိုမသိဘူး
သေရင်တမိသားစုလုံး ပြိတ္တာဖြစ်မယ့်ဟာတွေ
လောဘတွေကအတောမသတ်နိုင်သေးဘူး အခုထိ.....

ချစ်ဖူး said...

ဘာတွေလဲဗျာ။ စက်မှုဇုန်က လူတစ်ဦး သဘောနဲ့ လုပ်ချင်တိုင်းလုပ်လို့ရသလား။

ထွန်းသူရိယ၀င်း said...

ကိုယ် ရေးတဲ. ဥပဒေ ကိုယ်ထင်ရာလုပ်တဲ. စနစ် မချုပ် ငြိမ်းသရွေ.
ဒီမိုကရေစီ နိုင်ငံတော်လို.ပြောတာ ရှက်စရာပါ။

shwetoe29 said...

ကိုခင်ရွှေ အမတ်ကြီးခင်ဗျား ခင်ဗျားမှာရှိတဲ့ပိုက်ဆံတွေ စည်းစိမ်တွေက ခင်ဗျားတသတ်စားလို့မလောက်ဘူးလား..ခင်ဗျားကြီးသေသွားရင် ငရဲမင်းကို လာဘ်ထိုးဖို့ ဒီလောက်တောင် လောဘတတ်နေတာလား..ခင်ဗျားလုပ်လို့ ခံလိုက်ရတဲ့သူတွေရဲ့ မျက်ရည်တွေကို ကြည့်ပြီး အရသာခံ နေတာလား...လူဆိုတာသေသွားရင်း ဘာမှသယ်သွားလို့ မရဘူးဆိုတာ မေ့နေတာလား မသိတာလား..မြန်မာလူမျိုးဖြစ်ပြီး ဘာလို့ တရားသဘောမရှိတာလဲ

sainyi said...

လွတ်တော်ထဲက ကိုယ်စားလှယ်ကြီးတဲ့ လား ဟားးးးးးးးးးးးးး
လွတ်တော်ထဲမှာဒီမိုကေ၇စီလမ်းစဉ်ကိုလျောက်လှမ်းနေပါပြီဆိုတဲ့  သမ္မတကြီးနဲ့ 
လွတ်တော်ဥက္ကဋ္ဌကြီး စကားကတော်တော်ယုံဖို့ ခက်နေပါပြီနော် လွတ်တော်ကိုယ်
စားလှယ်တယောက်ကဥပဒေချိုးဖောက်နေတာကို အားလုံးကသဘောတူ လက်ခံ
နေကြတာဘယ်လိုသဘောလဲ

Dago said...

မတရားရတဲ့ငွေနဲ့ သင်္ဂါယနာတင်ဦးမလို. တဲ့ ...................

မိုးမခ said...

အဲဒီလိုတွေ ကြားကြားနေရတာ စိတ်ထဲမကောင်းဘူး။
မြေနိမ့်ရာလှံစိုက် လုပ်ချင်ကြတယ်။
ဒီလူတွေက ကုသိုလ်တပဲ ငရဲတပိဿာဖြစ်မယ့်လူတွေ။
သူတို့ ဘာဖြစ်ဖြစ်ပါ။ လယ်သမားတွေ ဘ၀ပျက်တာပေါ့။ ပညာမတတ်လို့ မိဘစဉ်ဆက် ဒါဘဲလုပ်စားတတ်လို့ ဒါဘဲလုပ်စားတာကို ထမင်းအိုးဝင်လုနေသေးတယ်။ လုပ်စားစရာ အဲဒီလောက်ရှားသလားမသိပါဘူး။ အခုတလော ကြားလိုက်ရမျှ ဒီလူကြီးဘဲဖြစ်ဖြစ်နေတယ်။ ဓါးနဲ့သာပိုင်းပြစ်ဘို့ကောင်းနေပြီ။

ခင်ရွှေကပြောလိုက်ရင် နိုင်ငံတော်ဆိုတာချည်းဘဲ။ သူတို့လုပ်ချင်ရင် နိုင်ငံတော်ကခိုင်းတာဆိုပြီး သူ့ပထွေးတွေနဲ့ ပေါင်းကြံတာကို အဲဒီလိုအသံကောင်းဟစ်သေးတယ်။ ဖာဘိတွေလုပ် အကျင့်စရိုက်တွေဖျက်စီး။
လုပ်စားစရာရှားနေတယ်။ ဦးရွှေမန်း ခင်ဗျား ခမည်းခမက်ကိုလဲ ကြည့်ပြောဦး။ မဟုတ်တာလုပ်ရမယ်ဆို ဒေါက်တာဘွဲ့လဲ အတုလုပ်လိုက်သေးတယ်။ ရှက်တတ်ရင်တော့လဲသေဘို့ဘဲကောင်းတယ်

မြန်မာပြည်သား said...

ဘယ်နှစ်ဘ၀စာများ ရှာနေကြတာလဲဗျာ
တစ်ဘ၀စာ လုံလောက်ရင် တော်ကြရောပေါ့ဗျာ
နောင်ဘ၀ လူဖြစ်မှာ သေချာလို့ ရှာနေကြတာလား
အံ့သြပါ့

pyaponthu said...

အစိုးရရဲ့အမြဲပြောနေတဲ့စကားတခုရှိပါတယ်။လယ်လုပ်သူတွေလယ်လုပ်ပိုင်ခွင့်ရှိတယ်ဆို ခုတော့တကယ်ကိုယ်တိုင်မလုပ်တဲ့သူလယ်ပေးလုပ်တယ်ဆိုတော့စကားကရှေ့နောက်မညီဘူး။မြန်မာပြည်ရဲ့တရားရေးဟာအရမ်းစိတ်ပျက်စရာကောင်းတယ်။

Anonymous said...

လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊လောဘ၊ လောဘ၊.................................
ဘာမှ မမြင်နိုင်တော.ပါလား။
ကမ္ဘာလဲမီးမလောင်သေးပါဘူး။

minsoeaung said...

ချစ်တီးထက်ဆိုးနေပါလား။
ဥပဒေးအားနည်းနေချိန်မှာကြိုတင်သိနေကြမင်းတို့
တေဇ တို့တွေကဆင်းရဲသားတွေရဲ့ဂုတ်သွေးကိုစုတ်ရက်
တာကရက်စက်လွန်းရာကြပါတယ်။
အလှည့်ကြမနွဲ့ကြစတမ်းဘဲ မောင်တို့ရေ။

koko said...

လယ်သမားတွေ သနားပါတယ်ဗျာ .......ကျေးဇူးရှင်တွေကို
စော်ကားနေတာလေ............ကိုယ်ချင်းစာတရားမရှိတဲ့
သူဘဲ..သူတို့ရဲ့ရင်ထဲမှာခံစားချက်တွေရှိနေတယ်နော့
ပေါက်ကွဲပွင့်ထွက်အောင်မလုပ်နဲ့...ကြည့်နေတာ လယ်ကိစ္စတွေတော်တော်များနေပြီ.....ခင်များသာသူတို့လိုလယ်သမားဆို၇င်
ခင်များဘယ်လိုခံစားရမလည်းပြောစမ်းပါအုံးဗျ......အာဏာရူး.ဥစ္စာရူးရဲ့

Anonymous said...

သူရထားတဲ့ဒေါက်တာဘွဲ့က ပိုက်ဆံပေးပြီးဝယ်ထားတာတဲ့

Anonymous said...

သူရထားတဲ့ဒေါက်တာဘွဲ့က ပိုက်ဆံပေးပြီးဝယ်ထားတာတဲ့

skb said...

ဟေ.ကောင်ခင်ရွှေမင်းတော်တော်ဘဲငတ်နေလားလယ်သမားတွေကိုပြန်ပေးလိုက်သေရင်ဘာမှမပါဘူးမင်ဒီလိုမျိုးနဲ.ချမ်းသာတာအထင်မကြီးဘူးမင်းတို.အရှက်တရားမရှိကြတော.ဘူးလားကိုနဲ.နိပ်ပါးတဲသူငွေအင်အားရာထူးအင်အားနဲ.အနိုင်ယူတာကိုအပေါ်ကိုရောက်ဖို.သူများခေါင်းနင်းပြီးတက်လားမင်းတော.ဒယ်အိုးကိုမျက်စောင်းထိုးနေပြီးမင်းတို.တက်ထားတဲ.ပညာတွေအတွေးအခေါ်တွေအဲလောက်တောင်ဘဲအောက်တန်းကျရလား

တို့ခေတ် said...

ကိုယ်ပြုသောကံသည် ကိုယ့်နောက်ကို ထပ်ချပ်မကွာ လိုက်လေသည်။ တချိန်ကျ လို့ ဦးခင်ရွှေတယောက် မာန်တွေကျ ဇရာ ထောင်းတဲ့အချိန်အချိန် အဲ့ဒီ အရိပ်မဲကြီးအောက်က လွတ်ပါ့မလား။

kyaw said...

သူက...ဘာမမှမတတ်တာ........ဘယ်လိုခိုးရမလဲဆိုတာပဲသိတာလေ.....မသေခင်ကတည်းက..ပိတ်တာကိုယ်လုံးနဲ့....ကျက်သတုံးမျိုး.....အမျိုးယုတ်......

Dago said...

မတရားရတဲ့ငွေနဲ့ သင်္ဂါယနာတင်ဦးမလို. တဲ့ .......

နေကြာရိုး said...

ဒီတိုင်းပြည်သိက်ခါကို အဖတ်ဆယ်မရအောင်ကျမယ့် ဒေါက်တု လွှတ်တော်အမတ် ခင်ရွှေကို လွှတ်တော်မှာ ဆက်မရှိရေး ( စီးပွားရေး ဆက်လုပ်နေရင် ပြည်သူကို ဆက်ပြီး ဂုပ်သွေးရော . ဟိုဟာသွေးရော အကုန်စုပ်နေမှာဆိုတော့) မြန်မာပြည်မှာ စီးပွားရေးလုပ်ပိုင်ခွင့်ကိုပါ ကန့်သတ်ရေး ပြည်သူအင်အားသုံးပြီး ၀ိုင်းပြီး တောင်းဆိုမှ ဒီဘဲ အမြန်မှန်ရမယ်။ ချဗျာ။

Dago said...

ဟေ.ကောင်ခင်ရွှေမင်းတော်တော်ဘဲငတ်နေလားလယ်သမားတွေကိုပြန်ပေးလိုက်သေရင်ဘာမှမပါဘူးမင်ဒီလိုမျိုးနဲ.ချမ်းသာတာအထင်မကြီးဘူးမင်းတို.အရှက်တရားမရှိကြတော.ဘူးလားကိုနဲ.နိပ်ပါးတဲသူငွေအင်အားရာထူးအင်အားနဲ.အနိုင်ယူတာကိုအပေါ်ကိုရောက်ဖို.သူများခေါင်းနင်းပြီးတက်လားမင်းတော.ဒယ်အိုးကိုမျက်စောင်းထိုးနေပြီးမင်းတို.တက်ထားတဲ.ပညာတွေအတွေးအခေါ်တွေအဲလောက်တောင်ဘဲအောက်တန်းကျရလား

Powered by Blogger.