ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား

ကလော မရောက်ခင်ဆိုလမ်းတွေက အကွေ့ အကောက်အတော်များတယ်
၂၀၁၂ မေလ ၁၇ ရက်နေ့ ယနေ့ နံနက် ၁၀နာရီ ခန့်က ရှမ်းပြည်တောင်ပိုင်း
 ရပ်စောက်မြို့မှ မန္တလေး သို့ ထွက်ခွာလာတဲ့  ဇာတိမာန်ယာဉ်လိုင်းမှ
 မှန်လုံမော်တော်ယာဉ်ဟာ ကလော မြို့နယ် ၀က်ဖြူရေ နှင့် မကွေ ကြားတွင်
တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

ကားဟာဂျွိင့်ပြုတ်ထွက်သွားပြီး ပေ-၁၀၀ ကျော်နက်သောခြောက်ထဲသို့ထိုးကျ
သွားရာ ကားပေါ်လိုက်ပါလာသူ ခရီးသည်(၁၉)ဦးအနက် (၄)ဦးမှာ နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ခရီးသည်များမှာလည်းဒဏ်ရာပြင်းထံလို့
 တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
Myanmar News Now
ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား Reviewed by သစ်ထူးလွင် on 08:40 Rating: 5

8 comments:

Anonymous said...

အော် ဖြစ်မှဖြစ်ရလေ . . . သနားပါတယ် . . တောင်ပေါ် high way သွားတဲ့ ကားတွေကို quality ကောင်းကောင်းတွေ ရွေးသုံးပေးဖို့ ကောင်းတယ် . .

kaungmyatsan said...

ကားသမားသေသင့် တယ်
လမ်းကောင်း တိုင်းမောင်းတာ။
ကားပေါ်မှာ ကျန်ခဲ့တဲ့ ကလေး၁နှစ်၂လ ကျန်ခဲ့ တယ်။အမေကပွဲချင်းပြီးတယ်
ဟဲဟိုဝါးရုံပင်က ပါ။ကလေးကိုဘဲသနားတယ်

kyaw said...

ကားသမားကိုအပြစ်မပြောပါနဲ့..လူဆိုတာအမှားတော့ရှိမှာပဲလေ..ပီးတော့ကလောနဲ့မကွေကြားမှာရှိတဲ့လမ်းတွေကအရမ်းကြီးကောင်းတယ်ဆိုတော့...ခင်ဗျားသွားပီးမောင်းကြည့်ပါလားကားကို....ပီးတော့ကားမကောင်းတာလည်းပါတယ်..ကားသမားဘက်ကလိုက်ပြောတာမဟုတ်ပါဘူး....kaungmyatsan ခင်ဗျားလည်းအမှားတစ်ခုခုလုပ်ခဲ့မိတယ်ဆိုတာ သေချာပြန်စဉ်းစားကြည့်ပါ...

win said...

ဒီလိုဖြစ်တာ ခဏ ခဏပါပဲ
ဖြစ်ပြီးမှဘယ်သူ့ကြောင့်လို့ ပြောနေလို့လည်းသေသူပြန်ထလာနိုင်တာလည်းမဟုတ်ပါ။
အမှန်တကယ် လူတွေအသက်ကို တန်ဖိုးထားရင် လမ်းတွေကို safety road ဖြစ်အောင် ချဲ့သင့်တာချဲ့ စည်းကမ်းပိုင်းတင်းကျပ်သင့်တာ တင်းကျပ်ပြီး ခရီးသွားပြည်သူတွေအတွက် အသက်အန်တရယ်လုံခြုံရေး ကို အရေးပေး လုပ်ဆောင်ဖို့ကို တိုက်တွန်းစရာတောင်လိုဘူးနဲ့တူပါတယ်။

အိပ်ချင်ယောင်ဆောင်တဲ့သူဟာနိုးရခက်တယ်ဆိုတာ ပြောဖို့လိုတော့မယ် မထင်ပါ။

ကိုဇော်tgi said...

ဖြစ်ပြီးသွားတာတွေပြန်လို့ မရပေမဲ့ ဒီအဖြစ်ဆိုးတွေထဲက သင်ခန်းစာတွေယူတက်ရင်ကောင်းမယ်....သက်ဆိုင်ရာအဖွဲ့စည်းတွေ အနေနဲ့ အများပြည်သူအသုံးပြုနေတဲ့လမ်းတွေ အထူးဦးစားပေးပြင်ဆင်ပေးသင့်တယ်....တောင်ပေါ်လမ်းတွေ အားနည်းချက်တွေ အများကြီးရှိတယ်...ရေများရာကိုပဲမိုးရွာတာမျိုးမဖြစ်သင့်ဘူး....တကယ်လိုအပ်တဲ့နေရာတွေကို ဦးစားပေးပြုပြင်စေလိုတယ်....ကားသမားတွေအနေနဲ့လည်း ခရီးမစတင်ခင် ကိုယ့်ကားကြံ့ခိုင်ရေးကိုသေချာစစ်ဆေးသင့်တယ်...ခရီးသည်အားလုံးရဲ့အသက်တွေဟာကိုယ့်လက်ထဲမှာရှိနေတာကို အလေးထားသင့်တယ်...ဘယ်သူကိုမှအပြစ်မတင်ချင်တော့ပေမဲ့ ကြွေလွင့်သွားတဲ့ ခရီးသည်တွေအတွက်အရမ်းစိတ်မကောင်းဖြစ်ရတယ်....ဒီလိုသတင်းဆိုးတွေလည်း နောက်နောင်မကြားရအောင် အရာရာကို အသိ သတိနဲ့ဆင်ခြင်နိုင်ကျပါစေ....

Unknown said...

ကျွန်တော်တို့ နိုင်ငံမှာက လမ်းတွေကကြမ်း ကားတွေက အကြမ်းမခံ (အသစ်မှမဟုတ်တာ) သတိပေမူ့ ဆိုင်းဘုတ် အမှတ်သားကလည် မရှိ ကားသမာတွေကလည်း တစ်နေ့တစ်နေ့ ပိုက်ဆံရဖို့ကြိုးစားရင်း ရှေ့က ကားကို နောက်ကား ကမမှီအောင် နောက်ကကားနဲ့ ကွာနေရင် ရှိသမျှလူ အကုန်မသွားမှာ အဲဒိလို အကြောင်းရာတွေကလည် ဒီလိုမတော် တဆဖြစ်ဖို့ ဖြစ်လာတာပါ ဒါပေမယ့်လည်း ကားအသစ်စီးနိုင်တဲ့ နိုင်ငံမှာလည် မတော်တဆမူ့ဆိုတာရှိတာဘဲ လမ်းတွေလည်းကောင်းတာဘဲလေ ဒီလို အကြောင်းရာမျိုးမှာ ဘယ်သူ့ကိုမှ အပြစ် မမြင်တာကောင်းပါတယ် ကံ ကံရဲ့ အကျိုးပေါ့

Anonymous said...

ရှမ်းပြည်သားတစ်ယောက်အနေနဲ့ပြောရရင်တော့ ကလော သာစည်လမ်းကိုအန္တာရာယ်ကင်းကင်း
သွားနိုင်အောင်မပြုပြင်ပေးတာတွေကြောင့် ဒီလိုအဖြစ်မျိုးကြားနေကြရအုန်းမှာဘဲ။

ခင်ခင်မင်းထိုက် said...

ကြားရတာ စိတ်မကောင်းဘူး..၀က်ဖြူရေနားမှာ ဒီလောက်လမ်းဆိုးနေတာ..
အဲ့လမ်းကို မောင်းနေရတဲ့ ကားသမားတွေကို သနားတယ်..အဲ့လမ်းကို သွားနေရတဲ့ ခရီးသည်တွေကိုလည်း သနားတယ်..

Powered by Blogger.