လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ

ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွားနေတဲ့ လယ်မြေများအားဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်
 

တိုင်းဒေသကြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွာနေတဲ့ လယ်မြေတွေကို ဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်းခင်ရွှေက စက်မှုဇုန် လုပ်မည် ပြောထားပြီး မြင့်ဇော်က သီးစားလုပ်ခွင့် လျှောက်အမျိုးမျိုးလှည့်ပတ်လိမ်ညာသည့် အပေါ် နိုင်ငံရေးအင်အား စုများ စုပေါင်း၍ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး ခင်ရွှေနဲ့ သက်ဆိုင်ရာအစိုးရတွေကို တရားစွဲ လက်မှတ်ရေးထိုး လှုပ်ရှားဖို့ ဆောင်ရွက်သွားပါမည်။ ဇေကမ္ဘာခင်ရွှေကို ရွှေနံ့သာ အငြင်းပွားနေတဲ့ လယ်မြေတွေကို သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဟာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး ... ဆူပူအောင် သက်သက်ဖန်တီးနေသလို ဖြစ်ပါတယ်

လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ် မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေ က အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အ...ဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော် သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုး ချင်း စာနာသောအားဖြင့် ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်း တယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံအောင် ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့ သဘောမျိုးဖြစ်အောင် အုပ်ချုပ်ရေးနဲ့ ခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါတယ်။

အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက် တယ် ဆိုတာ လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ် ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေ ဖျက်တယ်။ နွေစပါး စိုက်လို့မရ အောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီး ဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ်က ဘယ်သူမှန်းမသိတဲ့ ကောင်တွေ နာမည်တွေ လာတပ်ထား ပါတယ်။

ဒီကြား ထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာပြီး ဇေကမ္ဘာရဲ့ ဖျက်စီးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက တားမြစ် တယ်။ နိုင်ငံတော်က စက်မှုဇုန် လုပ်ကိုင်ခွင့် ခွင့်ပြုထား သယောင် ငါးမဖမ်းရ ၊ ဖားမရိုက်ရ ဆိုတဲ့ စာတွေကပ်၊ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နေ တဲ့ ရုံးကို လယ်ထဲမှာ လာဆောက်၊ လယ်သမားတွေကို ခြိမ်းခြောက်မှုတွေနဲ့ အတူ တုတ်တပြတ် ဓားတပြတ် လုံခြုံရေး ၀န်ထမ်း အင်အားကလည်း ကြောက်ခမန်းလိလိပါပဲ။

လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန် ခင်ရွှေရဲ့ ကုမ္ပဏီက လယ်ကန်သင်း တွေ ကိုဖျက်လို့ ကောင်းဆဲ။ ဒီ ၂၀၁၂ ခုနှစ်ထဲမှာပါပဲ။ လယ်သမားတွေကလည်း တရုံးရုံးဖြစ်လာပြီ။ မြင့်ဇော်ကလည်း သက်ဆိုင်ရာက တားမြစ်နေတဲ့ကြားက တုတ်တပြတ် ဓားတပြတ် မိုက်ကြေးခွဲတဲ့ ပုံစံမျိုးအထိ ဖြစ်လာတာတွေဟာ မင်းမဲ့တိုင်းပြည် ဥပဒေမဲ့ တိုင်းပြည်လိုပါပဲ။

တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖြတ်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေး ဖို့ အငြင်းပွားနေဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကစာတွေ ပို့တယ်။
အဲဒီအထဲမှာ လယ်သမားတွေက သူတို့တစ်ခုခုလုပ်တိုင်း သက်ဆိုင်ရာကို အသိပေးအကြောင်းကြား ပါသည်လို့ ရေးတာကိုတောင် နောက်နောင် အသိပေးအကြောင်းကြားပါသည်ဟု မရေးသားရန်လို့ မြို့နယ် အုပ်ချုပ် မှူးက ဆိုလာတယ်ဗျ။ ဘယ်လို ပြောရမှာလဲ တင်ပြအသနားခံပါသည် ဆိုတဲ့ စာသားတွေ သူတို့ရဲ့ အမှိုက်တောင်းထဲမှာ တပုံတခေါင်းပါ။ လူပါးဝချင် စိတ်က မကုန်သေးဘူး။ အဲဒါ အုပ်ချုပ်ရေး ပိုင်းကို ပြောတာ။

လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲ ဆိုတာသိချင်လို့ လယ်ထွန်တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲ ဆိုတာ သိချင်လို့ လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကို လည်း သွားတားကြည့်ပါအုံးလို့ ပြောလိုက် တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက် တယ်။ အဲဒီညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့ အမေးကို တစ်ပတ်အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေစရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။
လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစား လုပ်ကိုင်ခွင့် လျှောက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာတော့ ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။

အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေ ကို ဟောဒီနေ့ (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ြေ
ကာင်းလို့ ဆုံးဖြတ်ချက် ချလိုက် ပါလေရောဗျာ။ လွှတ်တော် ကိုယ်စားလှယ်၊ ဇေကမ္ဘာဥက္ကဌ ခင်ရွှေကြီးက The Voice ဂျာနယ်မှာ လယ်လုပ်မှာ မဟုတ်ဘူး။ စက်မှုဇုန်လုပ်မှာလို့ ပြောထားပါလျှက် ဇေကမ္ဘာကို လယ်လုပ်ကိုင်ခွင့် ပြုတဲ့ ရန်ကုန်တိုင်းအစိုးရကို သောက်သုံးမကျတဲ့ အစိုးရ ဥပဒေမဲ့လုပ်တဲ့ အစိုးရလို့ မှတ်ချက်ပြုပါတယ်။

ဥပဒေကို လက်တစ်လုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ် ယူလို့ မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီးတော့လည်း ဥပဒေကြောင်းအရ ခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင် လို့ နောက်ဆုံးလုပ်စရာက ဆန္ဒပြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူအသံကို စောင့်မျှော်နေတဲ့ လူလိမ်အသိုင်းအ၀ိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများကို
 ပြည်သူ့ဆန္ဒ ပြည်သူ့အမှန်တွေကို ကြားသိအောင် အသေခံတိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ခင်ရွှေ ဆိုတဲ့ လွှတ်တော် အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ် တာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။

အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလား သူ ပူးပေါင်းကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်းကူညီကြပါရန် မတရား မှုတွေကို ပြည်သူများ ခံနေရစဲ ဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့ ပြည်သူကို ဆူပူအောင် ဖန်တီးနေတာ အစိုးရနှင့် ခရိုနီ အုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင် အလျဉ်း မသက် ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာ ဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့။

နောင်တော်လေး (Facebook)
လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ Reviewed by သစ်ထူးလွင် on 06:22 Rating: 5

60 comments:

Anonymous said...

တယုတ်ကပြားခင်ရွှေဟာ ကောင်းရောင်းကောင်းဝယ်နဲ့
သမာအာဇီဝလုပ်ပြီး ချမ်းသာလာတဲ့ကောင်မဟုတ်ဘူး
အာဏာပိုင်ကို မျက်နှာပေးအမျိုးနဲ့ ချည်းကပ်ပေးကမ်းပြီး
(သမီးကိုတောင်ထိုးကျွေးတာ) ရသမျှအခွင့်အရေးယူ
မရှိဆင်းရဲသားလယ်သမားတွေဆီက မလှိမ့်တပတ်နဲ့ ဂုတ်သွေးစုတ်အမြတ်ထုတ်နေတာ အားလုံးသိကြမှာပါ
အခုကြည့် မသေခင်ကတည်းက လူနဲ့မတူတော့ဘူး
ပြိတ္တာပုံပေါက်ပြီး နမိတ်ပြနေပြီ

live said...

သမ္မတကြီး မသိချင်ယောင် ဆောင်ပြီးဟဟပေးနေတာတွေများပြီဗျာ၊
ပြည်သူ့အစိုးရမဟုတ်သေးသ၍ လက်တလုံးခြားလက်ဝါးရိုက်ပြီးလုပ်နေတာ နေရာတိုင်းမှာပါ၊ ကိုယ့်ဘေးနားမှာ ကြားကောင်းအောင်၊ အဆင်ပြေအောင် ပြောပြီး အတောက်တခေါက် ပညာလေးနဲ့ လုပ်စားနေတဲ့ ဆရာ့ တပည့်တွေကို ဒီအတိုင်းလွှတ်ပေးထားတာ မကောင်းဘူးဗျ။

Chit San Maung said...

လူတစ်ယောက်ကောင်းစားဖို့ လူများစုရဲ့ဘ၀တွေကို ဖျက်ဆီးတာမျိုး မဖြစ်စေချင်ပါဘူး..။
နိုင်ငံမျက်နှာဖုံး၊ ဘွဲ့ထူးဂုဏ်ထူးခံ၊ ဘုရားဒကာတစ်ယောက် အနေနဲ့ ကျင့်ဝတ်လေးတော့ စောင့်စေချင်ပါတယ်..။

haha said...

အဲဒါ မျိုးတွေး ကို သတင်းပဲ ရေးနေလို ကော အထက်က သိနိုင်မလား

shmgmg said...

ဇေကမ္ဘာရဲ့ချမ်းသာမှုဟာ ရှက်စရာကြီးပေါ့. သူမရှက်ဘူးလားမသိဘူး.

mimi said...

မဟုတ်တာတွေလျောက်ပြောမနေနဲ.။သူကသူ.ကိုယ်.သူပြောထားတာကနိုင်ငံခြားသွားပြီးဘီလျှံနာသွားလုပ်နေလို.ရတယ်တဲ.။တိုင်းပြည်အတွက်အနစ်နာခံပြီးအလုပ်လုပ်နေတာပါတဲ.။ဒီလိုလူမျိုးကမရှိဆင်းရဲသားလယ်သမားတွေနဲ.ပြိုင်ပြီးစားခွက်လှူ.ပါ.မလား။စဉ်းစဉ်းစားစားလည်းရေးကြပါအုံး။

ကွင်းသား said...

အေးကျုပ်တို့လဲပါမယ် လယ်သမားဘက်ကပါမယ်
လီင်္းခင်ရွှေကို ဖြုတ်မယ် ဖြစ်နိုင်ရင် ငရဲကိုပို့ပလိုက်မယ်
သေရင်သွားရမယ့်အတူ မသေခင်ဒင်းကိုပို့မယ်

မောင်သစ္စာ said...

ခရိုနီတွေကို ရှင်းထုတ်ပစ်နိုင်မှ တိုင်းပြည်ရဲ့ စီးပွားရေး အလားအလာကောင်းကို မျှော်လင့်နိုင်မယ်။ ခရိုနီတွေ ချယ်လှယ်ခွင့် ရနေသမျှတော့ မျှော်လင့်လို့ မရနိုင်ဘူး။ ခက်တာက ခရိုနီတွေကို တွန်းလှဲဖို့ ဆိုတာကလဲ သူတို့နောက်မှာ စစ်တပ်က ရှိနေတယ်။
တစ်ချိန်ချိန်မှာတော့ ခရိုနီတွေရော နောက်ကွယ်က ဟာတွေကိုပါ အမြစ်ပြုတ်အောင် သုတ်သင်ဖယ်ရှားနိုင်မှာပါ။

kay kay said...

အစိုးရ ကိုယ်တိုင်ကို က ဦးခင်ရွှေဘက်က ပါနေတာ ဘယ်လိုလုပ်မလဲ တော်တော်မတရားတာပါပဲ
အာဏာရှိတဲ့ဆိုပြီးလုပ်ချင်တိုင်းလုပ်နေကြတဲ့ လောကကြီးမှာ
ဆင်းရဲတဲ့ ပြည်သူတွေ ဘယ်တော့ မှ တိုးတက်မှာမဟုတ်ဘူး
လယ်သမားထုကြီးရေ ဆက်သာတိုက်ပွဲဝင်ပါ အောင်မြင်မှုနဲ့ မဝေးတော့ပါဘူး

I love NLD said...

ဂျပိုးကြီး..

myintkoko said...

ဘာတွေလဲဟ။ဆင်းရဲမွဲတေမှု ပပျောက်ေ၇းလို့ လည်းပြောသေး
ဒီလယ်သမားတွေကို အလုပ်အကိုင်မပေးပဲ သူဋ္ဌေးကိုလုပ်ငန်း
ပေးတယ်ဒါဆိုလယ်သမားက တောင်းစားတဲ့ အဆင့်ဖြစ်သွား
ပြီပေါ့စဉ်းစဉ်းစားစားလည်းလုပ်ကြပါအုံးကွာ ခင်ရွေမင်းလည်း
အသိတ၇ား၇ဖို့ အချိန်တန်နေပြီ

လွတ်လပ် ရေး said...

လယ်သမားတွေမှန်ကန်ပါသဖြင့် လယ်သမားတွေတိုက်ပွဲဝင်မှာကို ထောက်ခံအားပေးပါတယ် ။ခင်ရွှေလူပါးဝနေတာ ကြာပီ။

myintkoko said...

ဘာတွေလဲဟ။ဆင်းရဲမွဲတေမှု ပပျောက်ေ၇းလို့ လည်းပြောသေး
ဒီလယ်သမားတွေကို အလုပ်အကိုင်မပေးပဲ သူဋ္ဌေးကိုလုပ်ငန်း
ပေးတယ်ဒါဆိုလယ်သမားက တောင်းစားတဲ့ အဆင့်ဖြစ်သွား
ပြီပေါ့စဉ်းစဉ်းစားစားလည်းလုပ်ကြပါအုံးကွာ ခင်ရွေမင်းလည်း
အသိတ၇ား၇ဖို့ အချိန်တန်နေပြီ

national lover said...

ခင်ရွှေဟာတိုင်းပြည်ကိုညာစားနေတဲ့လူရှုပ်ကြီးပါ၊အမှန်ကတော့သူဟာတကယ့်အတ္တသမားသူခိုးကြီးပါ၊အခုလိုတိုင်းပြည်ပြန်လည်ထူထောင်နေတဲ့အခါမျိုးမှာ
သူတို့အုပ်စုတွေမရှိသင့်တော့ဘူး၊တိုင်းပြည်မွဲပြီးသူတို့တွေကြီးပွါးနေတာ၊
ထောင်အနှစ်၁၀၀လောက်ချပြီး သေဒဏ်ပေးရမဲ့လူပါ၊

wi wi said...

ခင်ရွှေရေ မင်းဒီလောက် ပြည်သူတွေဆီကခေါင်းပုံဖြတ်ရယင်တော်လောက်ပါပြီ ဒီမြေတွေတောင်သူတွေပြန်ပေးလဲမင်းမွဲမသွားပါဘူး အစိုးရနဲ.ပေါင်းပြီးပြည်သူငွေတွေနဲ.မင်းချမ်းသာပြီးမင်းမြိုဆို.နေတယ်ဆိုတာသတိထားပါ မင်းဟိုတုန်းကဘယ်လိုနေခဲ.ယတယ်ဆိုတာသတိရပါ မင်းအကြောင်းတွေ အားလုံးသိပြီးသားပါ ဖင်ခေါင်းမကြယ်နဲ.

winshein said...

ဒေါ်ကြီးပြည့် said
အလှုဒါနတွေလုပ် ဒုက္ခသည်တွေကိုကူညီ နာမည်ရှိဆရာတော်ကြီးတွေကို လိုလေသေးမရှိ ပံ့ပိုးကူညီ လုပ်သမျှကောင်းတာတွေကို သတင်းတွေထဲမှာဖေါ်ပြ သူတော်
စင်အဖြစ် ကိုယ့်ကိုယ်ကိုရော အများကိုပါလှည့်စား ။တကယ်တော့ ပိုက်ဆံရမယ်ဆိုရင် ဘ နဖူး သိုက်တူးမဲ့ကောင်တွေ သူတော်ကောင်းအရေခြုံထားသူတွေ
ဒို့ပြည်သူတွေ ခွဲခြားသိသင့်ပြီ။

thawmyoh said...

ငွေများတရားနိုင် တဲ့ ရှေးကတည်းက စာဆိုက ရှိပြီးသားပါ။ အခုတောင်းဆိုနေတဲ့ တောင်သူတွေက သူတို့ အတွက် ဒါလေးပဲရှိလို့ တောင်းတာပါ။ လုပ်ငန်းရှင်ကြီးတွေက တကယ်ဆို သူတို့ မှာ ပေါများပိုလျှံနေပါပြီ။ နောက်ဆိုရင် လမ်းပေါ်မှာ တောင်းစားနေရ ရှာတဲ့ သူတွေ ဆီကတောင်ခေါင်းပုံဖြတ် နေမြေလိုက်ပြီး လုပ်ငန်းရှင် ကြီးတွေကို ဆက်ကြေး
ပေးရမယ်နဲ့ တူတယ်။

u maung maung said...

ပြည်သူ့အစိုးရဆိုတာပြည်သူများရဲ့အကျိုးစီးပွားကိုအမှန်လိုလားသူများဖြစ်သင့်ပါတယ်၊စိတ်ရင်းစေတနာမှန်ဘို့လိုပါတယ်၊ဟိုးယခင်ကလိုနီးစပ်သူ၊အင်အားကြီးသူကိုဘက်လိုက်ဘို့မလိုပါဘူး၊ပြည်သူကိုငဲ့ညှာရမှာပါ။တိုင်းဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဟာလည်းစိတ်ရင်းစေတနာမှန်ရပါမယ်၊ငါ့အိမ်နောက်ဖေးပေါက်က၀င်လာတဲ့လာဘ်လာဘကိုကြည့်ပြီးပြည်သူကိုနှိပ်စက်မယ်ဆိုရင်၊ပြည်သူ့စိမ်ရေသင့်ပါလိမ့်မယ်၊လက်ငုတ်လက်ရင်းဆိုတာအယင်ကတည်းကရှိပါတယ်၊နှစ်ဖက်စုံညီခေါ်ယူစစ်ဆေးမေးမြန်းပီးမှဆုံးဖြတ်ချက်ချမှတ်သင့်ပါတယ်၊မကျေနပ်ရင်အ.ူခံခွင့်တို့၊အသနားခံခွင့်တို့ကိုလည်းဥပဒေနဲ့အညီပေးသင့်ပါတယ်

kyaw said...

တောင်သူလယ်သမားဦးကြီးတို့ရေ...........နောင်ကြီးတို့က ဘယ်သူနဲ့ အမျိုးတော်လို့လဲ.....အဲ့ငနာကြီးက.. ...နဲ့ အမျိုးတော်တယ်ဗျ...........ရွှေမျိုးတော်တွေပေါ့ဗျာ...................မြန်မာပြည်မှာ...ရှိသမျှ....ကွမ်းယာဆိုင်..ဓါတ်ဆီဆိုင်......အုတ်ထုံးသဲကျောက်....တိုးဂိတ်....ဆိုက်ကားဂိတ်.....ဖားဖမ်း..ငါးဖမ်း...အင်ပို့..အိတ်စ်ပို့........သစ်ခတ်..၀ါးခုတ်.....အားလုံး(ဘုရားပွဲပါမကျန်)...သူတို့ကြီးပဲလုပ်..နေတာ.............ဘယ်လောက်ကြာပြီလဲ..........သူတို့ကအရမ်းတော်တာ........အဲ့ငနာကြီးက...အရင်တုန်းကGE (စစ်တပ်) ထဲက..သူခိုး.... လမ်းဗိုလ်လား... ဘာလား ဆိုလားပဲ....အခုတော့...Crony သူခိုးပေါ့...သူကို့ယိုးဒယားကလား..မသိဘူး...Dr ဘွဲ့ လိမ်ရောင်းထားတာ...မမှတ်သေးဘူး.........မြန်မာပြည်မှာ.....ပိုက်ဆံရှာမယ်ဆိုရင် ...ပညာတတ်စရာမလိုဘူးဆိုတာ ..သူတို့တစ်မျိုးလုံး............သက်သေပြနေကြတာလေ.......ထက်ကုန်း..အောက်ကျူံး ..လုပ်တတ်ရင်ရပြီ.... .မြန်မာ တပြည်လုံး....သူတို့ပိုင်တယ်ထင်နေကြတဲ့သူတွေ....အမြန်ဆုံးကျဆုံးကြပါစေ.....

aristhteinwin said...

လယ်သမားတွေ ဘက်မှ ရာခိုင်နှုန်းကျော်ထောက်ခံသဗျာ။
အောင်ပွဲရပါစေလို့ လဲ ဆုတောင်းသဗျာ- ကိုနေမျိုးဝေ ကြီးလဲ အဖိနှိပ်ခံတွေဘက်မှ ရပ်တည်ပေးလို့  ကျေးဇူးကမ္ဘာပါခင်ဗျာ။

ဇာမဏီ said...

ခင်ရွှေကိုသီးစားလုပ်ခွင့်ပေးတယ်ဆိုရင် သူကိုယ်တိုင်စပါးစိုက်
ခိုင်းလိုက်လေ။နန္ဒာလှိုင်တို့ကိုပါကောက်ရိတ်ခိုင်းလိုက်။နန္ဒာ
လှိုင်ကိုတောင်ဖအေနဲ့သားနှစ်ယောက်ပေါင်းနေတယ်လို့ကြားတယ်။ရုပ်တွေကိုကြည့်ကြလေ။ တရုတ်ပိတ္တာရုပ်တွေနဲ့ သားအဖနှစ်ယောက်လုံး။ခမည်းခမက် ဦးရွှေမန်းကြီးကလဲ မသိခြင်ထောင်ထောင်နေတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ
ကြီးကလည်းသူ့ခမည်းခမက်ဘက်ကဘဲကာကွယ်ပေးတော့
မပေါ့။ လယ်သမားများနဲ့ပြည်သူအပေါင်းတို့ရေ ငတ်ပီးရင်းသာ
ငတ်ကြပေတော့။

U Chit said...

ဒီမိုကေ၇စီ ဆိုတာ သမ္မတက သူတောင်းစားကို မတ၇ားလုပ်၇င်တောင် တ၇ားစွဲလို့ ၇ပါတယ် ဒါကြောင့်  အခြေခံဥပဒေပါ အချက်လက်ကို ချိုးဖောက် တဲ့ လူသည် ၇ာဇ၀တ်သားတဦး ပင် ဖြစ်ပါတယ် သူဌေးလို့ လည်း မြင်လို့ မ၇ဘူးလွှတ်တော်အမတ်လို့ လဲ မြင်လို့ မ၇ပါဘူး
ပြစ်မှု့  ကျူးလွန်၇င် ၇ာဇ၀တ်ကောင်ဟာ ရာဇ၀တ်ကောင် ပါပဲ မည်သူမဆိုဥပေဒေ အထက်မှာ ၇ှိ၇င် blacklist ထဲ
လူတွေက ထည့် ပြီးသားပါေ၇ွှတစ်ကျပ်သားလှူလှူေ၇ွှတစ်ပိသ၁ာ လှူလှူ အဲဒီ ၇ာဇ၀တ်မှုကျူးလွန်သူ တွေ ကို အခုလို ပေးကမ်း လှူဒါန်းမှု့ တွေ အတွက် လူတွေက သူတော်ကောင်းကြီးလို့  ဘယ်တော့
အခါမှ မြင်မှာ မဟုတ်ပါဘူး လယ်သမားတွေကို တကယ်စာနာ တတ်၇င်
တိုင်းပြည်ကမတ၇ား ၇ထားတဲ့ ငွေတွေကို လေယဉ်ပေါ်ကနေ ကျဲ ချပေးလိုက်ပါ လယ်သမားတွေ အတွက်

B I G E Y E S B I G E A R S said...

ဇေကမ္ဘာကုမ္ပဏီကို သီးစားစိုက်ပျိုးခွင့်ပြု တယ် ဆိုတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၏ ၂၁-၅-၂၀၁၂ ရက်စွဲနဲ့ ထုတ်တဲ့စာ က အတုကြီးဖြစ်နိုင်တယ်။ ပိုက်ဆံပေးပြီး (သို့) အာဏာသုံးပြီး လိမ်ရေးထားတဲ့ စာဖြစ်ဖို့ များတယ်။ ဒီ 'ခင်ရွှေ' ဆိုတဲ့ ငတိ က နိုင်ငံခြားတက္ကသိုလ်ကဘွဲ့အတု တခုကို ပိုက်ဆံပေးပြီးဝယ် တဲ့ လူစားမျိုး၊ ဒီကိစ္စကို မူရင်းတက္ကသိုလ်က သိရှိသွားပြီး၊ ကြားထဲက "ဘွဲ့လက်မှတ်အင်" ထုတ်ပေးတဲ့လူကို လိုက်လံရှာဖွေပြီး၊ ဥပဒေကြောင်းရ အရေးယူဖို့ လုပ်နေပြီ။ လယ်သမားဦးကြီး များ နှင့် မျိုးချစ်အကျိုးဆောင်များ ခင်ဗျား၊ ယခုကိစ္စက "အုပ်စု၊အာဏာနှင့်ရင့်ရင့်သီးသီး အနိုင်ကျင့် ရမ်းကားတဲ့ Organized Crime" တမျိုး ဖြစ်ပါတယ်။ လုံးဝအလျှော့ မပေးသင့်ပါ၊ မြန်မာနိုင်ငံက ဥပဒေ သိပ်အားနည်းလျှင်၊ ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထိ ရောက်အောင် တက်ပါ၊ ဒီလိုလူစားမျိုးကို၊ အလျှော့ပေးရင်၊ ဒါထက်ပိုဆိုး၊ ပိုအတင့်ရဲလာမယ်။

Unknown said...

ဒီကောင်တွေကိုအကုန်လုံးဝိုင်းပြီးကန့်ကွက်ကြမယ် ခွေးမသားခင်ရွှေ

minsoeaung said...

ဦးခင်ရွှေ ရေ
ကျော်တဲ့အထဲမှာကောင်း ကျော်ဘဲကောင်းတယ်နော်။ဆိုးကျော်ကမကောင်းဘူး။
ဂုဏ်ရည်မြင့်သူတွေအနေနဲတိုင်းပြည်ဖျက်သလိုမဖြစ်သင့်ပါ။ပြည်သူ့အကျိုးပြုသာဖြစ်သင့်ပါသည်။
ဥပဒေရေးဆွဲနေချိန်မှာ ဒီလိုလုပ်တာကတော့
ပညာတတ်ဂုဏ်မြင့်သူတွေရဲ့ယုတ်မာမှုဖြစ်တာပေါ့။
ချစ်တီးသေလို့ဝင်စားတာလားကွာ။

mamamay said...

ဟုတ်တယ်...မတရားတာကို
မတရားဘူးလို.ပြောရဲတာကိုက
သတ္တိ.....
အင်း.....
အုပ်ချုပ်သူတွေလည်း
ခရိုနီတွေကို
မတွန်းလှန်နိုင်တော.ပါဘူး၊

myintkoko said...

လူလိမ် ခင်ရွေ အလိုမရှိ
ခရိုနီ ခင်ေ၇ွ အလိုမရှိ
အမတ်ယုတ် ခင်ရွေ အလိုမ၇ှိ

Cinderella said...

ရုပ်ကိုကကျက်သ‌ရေတစက်မှမရှိတဲ့..ပါးစပ်ကဘုရား..ဘုရား၊လက်က
ကားယား..ကားယား..ဆိုတဲ့ေ ကြာင်သူ‌တော်ကြွက်သူခိုးရုပ်..ဘုရား
ဒကာ ကြက်‌မွေးနှုတ်တဲ့ရုပ်..အစွယ်ပြူးပြူးနဲ့အဆီတထပ် အသားတထပ်နဲ့
စားပိုးနင်ြ့ပီး‌သေမဲ့ရုပ်..အဲဒါခင်‌ရွှေဆိုတဲ့လဒကြီးရဲ့ရုပ်...။

Kyaw Htoo (TGI) said...

မျက်နှာများရာဟင်းဖက်ပါနေသရွေ့ good government ,clean government ဖြစ်ဖို့ အလှမ်းဝေးနေအုံးမှာပဲ....စနစ်ဆိုး အကျင့်ဆိုးတွေကို ဒီမိုကရေစီရေစီးကြောင်းထဲ ပေးမဝင်ပါစေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာက အာရုံစိုက်နေချိန်မှာ ခရိုနီတွေကိုမြှောက်စားပြီး အခြေခံလူတန်းစားတွေကို ဖိနှိပ်တာမျိုးကို အထူးရှောင်ကျဉ်သင့်ပါတယ် ဓနရှင်နဲ့ အာဏာရှင် လက်ဝါးရိုက်နေသရွေ့ တို့ပြည်သူတွေကတော့ မြေစာပင်ဖြစ်နေအုံးမှာပဲ

Unknown said...

ထင်တိုင်းကိုကြဲနေတယ်ပေါ့ကွာ
ရုပ်ကိုက စားဖား ရုပ်နဲ့ခွေးသူတောင်းစား

Unknown said...

ကဲ.... ဘယ်သူမှ Comment မပေးကြတော့ဘူးလား ဘော်ဒါတို့ရေ???
ခရိုနီ ခင်ရွှေဘက်ကတော့ မလိုက်ကြနဲ့နော်။ လယ်သမားတွေ သနားဖို့ကောင်းပါတယ်။ အမှန်တရားက ဘွင်းဘွင်းကြီးနဲ့ ရှင်းနေတာပါပဲ။ NLDနှင့် အခြားသော နိုင်ငံရေးပါတီများမှ ဒီကိစ္စတွင် လယ်သမားများဘက်မှ ရပ်တည်ပေး၍ ကူညီစေချင်ပါတယ်။ နိုင်ငံတော်အစိုးရမှာလဲ ခင်ရွှေလို လူမျိုးကို ကာကွယ်မပေးသင့်ပါ။ လွှတ်တော်အမတ်ရာထူးမှလဲ ဖြုတ်ပစ်သင့်ပါတယ်။

Anonymous said...

ခေတ်အဆက်ဆက်မှ နိုင်ငံတော်အုပ်ချုပ်သူအစိုးရ နဲ့ ပြည်သူတွေကို ဖျက်စီးခဲ့တာ ဒီခင်ရွှေ ဆိုတဲ့ကောင်ဘဲ ၊ မြန်မာပြည် လဒ်ပေးလဒ်ယူ အကျင့်ကိုစတင်ခဲ့တဲ့သူလို့ဆိုရင်မမှားပါဘူး ၊(ဦးနေ၀င်းလက်ထက်ကတဲကပါဘဲ)
၁၉၆၂ နေ၀င်းအစိုးရတက်ပြီး ပြည်သူပိုင်မှနိုင်ငံတော်ပိုင်အဖြစ်သိမ်းခဲ့တဲ့လယ်ယာမြေများကို ၁၉၆၃ ခုနှစ်မှာ တစ်ဧက ကိုမြန်မာကျပ်ငွေ ဆယ်ဂဏန်းလောက်နဲ့ ၀ယ်ခဲ့တယ်လို့ သူ့အပြောအရသိရပါတယ်( ပေဖူးလွှာမဂ္ဂဇင်းမှ )၊အခုဒီခေတ်မှာလည်း ပုံစံတူပါဘဲ....ခင်ဗျာ ။

001komgmg222@gmail.com said...

ကောင်းပါတယ်။ကျွန်တော်တို့လည်းထောက်ခံပါတယ်၊အောက်ခြေမှာခရိုနီအုပ်စုတွေကယခုထိပြည်သူတွေကိုအနိုင်ကျင့်နေတုန်းပါခင်ဗျာ။အုပ်ချုပ်ရေးပိုင်းအောက်ခြေမှာ(လုံးဝ)လုံးဝပြောင်းလွှဲခြင်းမရှိပါခင်ဗျာ။

ဘိုစံနှင့်အဖွဲ့ said...

ဒီလူကိုယ့်ကိုကိုယ် အသက်ဘယ်လောက်ရှည်အောင် နေရမယ်
ထင်နေလဲ မသိဘူး

ဝေလင်း said...

ခင်ရွှေ ခင်ရွှေ သံသရာဆိုတာ လည်နေတာပါ
လယ်သမားတွေ ခံစားရသလို
ခများ ပြန်ခံစားရလိုတ်မယ်နော်
လည်နေတဲ့သံသရာမှာ တစ်ချိန်က ကျုပ်လဲခင်များသတ်မတ်ဖြစ်ခဲ့ဖူးတာပဲ
ခင်များလဲ ကျုပ်ယောက္ကမဖြစ်ခဲ့ဖူးတာပဲ

ဝေလင်း said...

တော်တော် မိုတ်ရိုင်းတဲကောင်တွေကွာ..
ခင်ရွှေလူရုပ်မာကြီး ငါမြန်မာပြည်ပြန်လာပြီး
မင်းကိုသတ်မယ်...

Myo1 said...

ဓါတ်ပုံကိုက ကလိမ်ကကျစ်..အပီအပြင်ကိုလိမ်မဲ့ 420 ပုံပီပြင်ပါတယ်..

ပြည်ချစ်သား said...

ကိုယ့်အတွက်ဘဲကြည့်တတ်တဲ့....ချစ်တီးခင်ရွေနဲ့ ရန်ကုန်တိုင်းအစိုး
အဖွဲ့ ငွေများမတရားနိုင်တဲ့ဥပဒေဘဲ

tun win said...

ခင်ရွှေ..ကချမ်းသာတာမှန်ပေမယ့် ..ငရဲပြည်မှာ သူ့မိသားစုနေဖို့ ..မြို့တည်နေတာ ငွေမလုံလောက်သေးလို့ပါ...လယ်သမားငတ်လို့သေတာသူ့အတွက်အေ၇းမကြီးပါဘူး...

ngaba said...

ဒီကိစ္စက လယ်သမားတွေ ဆူပူအောင် တမင်ဖန်တီးလိုက်သလိုပဲ။
ရန်ကုန်တိုင်းအစိုးရ သမာသမတ်မကျတာ အရမ်းသိသာလွန်းနေပါတယ်။
ဇေကမ္ဘာရဲ့ လုပ်ရပ်က ဘယ်လိုမှ လက်ခံပေးလို့မရပါဘူး။
လောကရဲ့ အမှန်တရားတွေ၊ သစ္စာတရားတွေ ဘယ်မှာသွားထားရတော့မလဲ..
အမှန်တရားဖက်က..
သမ္မတကြီး ရပ်တည်ပေးပါ။
လွှတ်တော်နာယက၊ ဥက္ကဌ ရပ်တည်ပေးပါ။

Dago said...

တစ်ဧက သုံးသိန်းနဲ့.၀ယ်ပြီး သိန်းကိုးရာနဲ့.ေ၇ာင်းစားတာဆိုတော့သိပ်မမြတ်ရှာဘူးနော်.....

phyo1980 said...

သမ္မတကြီးရယ်ဒီလိုလူတစ်ယောက်နဲ့ သမ္မတကိုချစ်တဲ့ပြည်သူပေါင်းမြောက်များ
စွာနဲ့ဘယ်ဟာကိုရွေးမလည်းသမ္မတကြီးရယ်။ပြည်သူတွေအတွက်ကောင်းကောင်းအရေးယူပစ်လိုက်ပါဒီလို လူ့တိရိစ္ဆာန်ကြီးကို။

Anonymous said...

သွားပြီ တိုင်းပြည်က ခေတ်သစ် လူလိမ် သူခိုး ဓါးပြ အရင်းရှင် အလိုတော်ရိတွေရဲ့ လက်ထဲမှာ ဖြစ်ချင်သလိုဖြစ်နေကြပြီ

Anonymous said...

ပိုက်ဆံပေးပြီးဝယ်ထားတဲ့ဒေါက်တာဘွဲ့အတုကြီးနဲ့ခင်ရွှေရေ မင်းတို့တော်လောက်ပါပြီကွာ နဝတ တုံးကစောက်ချိုးတွေ ဒီခေတ်မှာမရတော့ဘူးကွ

Unknown said...

မကောင်းဆိုးဝါးကောင်တွေကို အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းပြစ်ဖို့ တတ်နိုင်တဲ့ဘက်ကနေပြီး အားပေးကူညီထောက်ခံသွားမှာပါ........ဆက်လက်တွန်းလှန်ကြပါစို့.........

Unknown said...

မတရားမှုတွေကပေါ်လာနေပြီ ။ဒါဥပဒေကိုလက်တလုံးခြားလုပ်လိုက်တာပါဘဲ။စစ်အစိုးရလက်ထက်ကဆိုရင်တော.ဒါမျိုးတွေရိုးနေပြီလို.ပြောရမှာပေါ. carry on,STRIKE.

မန်းလေးကမောင် said...

ခင်ေ၇ွှ၇ာမင်းသေ၇င်ဘာပါသွားမှာလဲ ခုကတည်းကအ၀ီစိမှာမြေကွက်တွေလုထားပါလား

Unknown said...

ုko kyawsaid---
khin shwe ဆိုတာယဉ်ယဉ်ကျေးကျေးပြောရရင်.....ဘနှာဖူးသိုက်တူးတဲ့လူပါ.....
ပိုက်ဆံရမယ်ဆိုရင်......နိုင်ငံမျက်နှာ၊ပြည်သူ့မျက်နှာကိုတောင်မထောက်ဘဲ
အဖေရင်းကိုတောင်ေ၇ာင်းစားမဲ့သူပါ......(ဆက်ဖတ်ချင်ရင်ပေါတာ့
နောက်တစ်ပတ်ပေါ့................ဟေးဟေး)

nandar said...

ဒီလူကြီးက ခင်ညွန့်ကို ဒေါ်လာ၅၀၀၀နဲ့ အိတ်ထောင်ထဲထည့်ထားတယ်နော်။ခင်ညွန့်က နိုင်ငံရေးလှည့်ကွက်ကိုတဖက်ကမ်းခတ်တယ်ဆိုတာလဲသတိထားစရာဘဲ။ ခင်ညွန့်ကိုလွတ်တာဟာအကြောင်းရင်းတစ်ခုဘဲလို့ထင်တာဘဲ.ထင်တာပြောကြည့်တာပါ။

လောကနတ် said...

ဆက်လုပ်ကြပါတောင်သူလယ်သမားတို့။ဆရာစံဟာသေမယ်မှန်းသိရက်နဲ့မတရားမှုကိုတော်လှန်ခဲ့ပါတယ်။သူပုန်ထဖို့ကိုမဆိုလိုပါ။ခင်ရွှေလူလည်ကျခဲ့တာတစ်ခုကိုပြောပြပါ့မယ်။ကျိုက်ထီးဆောင်းဆရာတော်ကိုတစ်လဆွမ်းစရိတ်သိန်း၂၀၀ကိုဗန်းပြလှူပြီးအနားကသူ့အဘတွေနဲ့ပေါင်းကာမြိုင်ကလေးကဘိလပ်မြေတွေကိုတစ်အိတ်၈၀၀(ရှစ်ရာ)နဲ့ယူသုံးပြီးသူ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာအသုံးပြုခဲ့ပါတယ်။ဒါကိုလည်းပြန်လည်စစ်ဆေးလိုက်ရင်ပေါ်လာမှာပါ။အိုလောကကိုစောင့်ရှောက်သော လောကပါလနတ်များ၊လူများဘယ်ရောက်နေကြပါလဲ။ဒီလူကိုဆုံးမပေးကြပါ။

ngaba said...

အရှက်မရှိတဲ့ ဇေကမ္ဘာခင်ရွှေရဲ့ ဒေါက်တာအတု အကြောင်း.. ဒီမှာဖတ်ကြည့်ပါ..
http://burmesewithfakephds.blogspot.com/2011/11/hose1-zaykabar-fake-dr-khin-shwe-with.html

Unknown said...

ဦး အမှန်တရား ၏ အမြင် နှင့် အတွေး....

ဇေကမ္ဘာခင်ရွေ ဆိုတာ စီးပွားရေးပညာရှင် မဟုတ်ပါ.
လူနပ် ချမ်းသာ တစ်ဦး သာ ဖြစ်ပါ တယ်.
သူ့အကျိုအတွက် ဆိုရင် ဘနဖူးသိုက်တူး မည့် သူ ဖြစ်တယ်.
သူ့အကျိုး ဆိုရင် အစိုးရ ပိုင် မြေကွက်ကိုတောင် သိမ်းယူရဲ တဲ့ ငနဲ ဖြစ်တယ်..ဦးခင်ညွန့်လက်ထက် တုန်းက ခင်ညွန့် အရှိန် အ၀ါကို သုံးပြီး မြို့တော် ၀န် ဦးကိုလေး၏အိမ် (ယခု ယုဇန ဂါးဒင်း ဟိုတယ်) နေရာကို အပိုင်သိမ်းပြီး ဦး ကိုလေး ကို အဲဒီအိမ် ပေါ်က ခွေးပြေးဝက်ပြေးဆင်း ပြေးခိုင်းခဲ့တယ်...အဲဒီနောက် ..၂၀၀၁ ခုနှစ် ရောက်ပြန်တော့ ပြည်လမ်းပေါ်မှာ ရှိတဲ့ ၀င်းသူဇာ ရုံးချုပ် ဆိုင်နဲ့ အဲဒီ ၀င်းထဲ မှာ ရှိတဲ့ အဆောက်အဦးတွေ အားလုံးကို လျှော် ကြေးမပေးပဲ ၀င်းသူဇာ ၀င်းကြီးတခု လုံးကို သိမ်းပြီး အထပ် ၂၅ ထပိ မြင့်တဲ့ အဆောက်အဦးဆောက် ဖို့ ဥာဏ်နီဥာဏ်နက် တွေ သုံးကာ သိမ်းခဲ့ ပြန်တယ်.။ အဲဒီ့ ၀င်းကြီး ကို မသိမ်းဖို့ ၀န်ကြီး ဦးအောင် သောင်း က--ဇော်ဂျီ လမ်းတွင် ၀န်ကြီး အိမ်များရှိကြောင်း.. အနောက် မြောက် ဘက်တွင်လည်း မြန်မာ့ အသံရှိကြောင်း..၊ အထပ် ၂၅ ထပ် ကွန်ဒိုများ ဆောက် ခဲ့ပါက ထိုနေရာများ ကို လုပ်ကြံ နိုင် သောကြောင့် မသိမ်းသင့်ကြောင်း ခိုင်လုံသော အကြောင်းပြ ချက်ပေးသော်လည်း. ခင်ရွေ က ခင်ညွန့်၏ အာဏာကို အလွဲသုံးစားလုပ်ပြီး အရသိမ်းခဲ့ပါတယ်. ပြီးတော့ အဲဒီ့ ၀င်းထဲ မှာ ဆောက်မဲ့ တိုက်ခန်းများ ကို မည်သည့်ဘဏ်ကတ် နှင့်မဆို ၀ယ်ယူ နိုင်ကြောင်း ကြေညာခဲ့ပါတယ်. အဲဒီ့အချိန် တုန်းက မြန်မာ နိုင်ငံတခု တည်းမှာသာ ငွေကြေး အကျပ်အတည်းဖြစ် နေတဲ့အတွက် ဘဏ်ငွေထုတ် လက်မှတ် ကိုင်ဆောင်သူအားလုံး ဘဏ်ထဲတွင် ငွေ သိန်းပေါင်းများစွာ ထည့်ထားသော်လည်း တခါထုတ်လျှင် ၁ သိန်းမျှသာ ထုတ်ရ သောအချိန် ဖြစ်ပါတယ်.ဒီလိုအချိန်မှာ ခင်ရွှေက ဦးခင်ညွန့်ရဲ့ အာဏာ ကို သုံးပြ်း ဘဏ်တွေက ငွေတွေကို လိုသလောက် ထုတ်ယူခွငိ့ ရရှိ ခဲ့ပုံ ရပါတယ်..ဒါကြောင့်လဲ ဘယ် ဘဏ်ကတ်မဆို သူလက်ခံ ခဲ့ ပုံရတယ်..အဲဒီ့တုန်းက အနိမ့်ဆုံး တိုက်ခန်း ၁ ခန်းရဲ့ဈေးဟာ သိန်း ၅၀၀ တန်ပါတယ်..ဒါဆိုရင် ခင်ရွေဟာ စီးပွားရေး ပညာရှင် မဟုတ်ဘဲ နိုင်ငံရဲံ အာဏာ ပိုင်တွေကို ပေါင်းပြီး သူ့ဘ၀ တိုးတက် မြင့်မားဖို့အတွက် အသုံးချခဲ့တဲ့ လူနပ်ချမ်းသာ ၁ ယောက်ဆိုတာ အားလုံးသိကြပါလိမ့်မယ်...ခင်ညွန့်ရာထူးကျတော့ သူ့ဘ၀ထပ်မံ မြင့်မားဖို့အတွက်
အာဏာ ကြီးမားတဲ့ လူ ၁ယောက်ကို ထပ်မံ အသုံးချဖို့ ရှာဖွေပြန်ပါတယ်..အဲဒီ့ အခါ မှာ..တပ်မတော် မှ ရာထူးအလွန်ကြီးတဲ့
လူ ၁ ယောက်ကို တွေ့ပြန်တယ်.အဲဒီ့ အခါ မှာ ဦးခင်ညွန့်ကို ကပ်သလို
အလကား ကပ်မရတော့ သမီး ပေးပြီး ခမည်းခမက်တော်ကာ သူ့ဘ၀ ကြီးမားဖို့အတွက် ဇာတ်လမ်းကို ထပ်ထွင်ခဲ့တာ ကိုတွေ့ရတယ်. ဒါဆိုရင် သူဟာ သူ့ဘ၀ ကောင်းဖို့ အတွက် မိမိသွေးသား ကိုတောင်
စတေး မဲ့ ဘနဖူးသိုက်တူး မဲ့ သူဆိုတာ ပိုပြီး ထင်ရှားသွားတာပေါ့ .မြန်မာ ပြည်သူအပေါင်း ခင်ရွေ ဆောင်းထားတဲ့ ဘီလူးခေါင်းကို မြင်သာ အောင် ကျွှန်ုပ် ဖွင့်ပြလိုက်ပါတယ်..အားလုံးက အဖြစ်မှန်တွေ ဖြစ်ပါတယ်..

Anonymous said...

ကျောမွဲဆင်းရဲသားတွရဲ့ ထမင်းလုပ်ကို လုစားဝံ့တဲ့ ခရိုနီတွေ
ကို ချီးကျူးရမယ်။

ESSENTIALMOE said...

ဘယ်ဘ၀ကငတ်လာတာလဲမသိဘူး။ဘယ်လောက်ချမ်းသာချမ်းသာ ငတ်နေတာပဲ။ငရဲပြည်ကျငတ်မှာမို့ကြိုစုနေတာထင်တယ်

nyimoe said...

ခင်ရွှေခင်ရွှေ မျက်နှာသာပေးလို့
လယ်သမားခေါင်းပေါ် တက်ပြန်တယ်

နောင်ခါမအေး စိတ်တွေလေးအောင်
ဆင်းရဲဂုတ်သွေး စုပ်ခဲ့တယ်...

ဆင်းရဲသားတွေ... နွားလိုရုန်းပုံ
သူလေပြုံးလို့ ကြည့်ခဲ့တယ်..

လူမဆန်စိတ်ထား ပြုသူများ
နောက်ဆုံးတစ်နေ့ သိလိမ့်မယ်...

maungmaung said...

အခွင့်အရေးဆိုရင်ခရိုနီတွေအရှေ့ဆုံးက၊အခွန်ဆောင်ဘို့ဆိုရင်နောက်ဆုံးက။

Anonymous said...

ခရိုနီတွေကို မြန်မာပြည်တ၀ှမ်းကထောင်တွေက လှိုင်လှဲစွာကြိုဆိုနေပါတယ်။

wmt said...

ခင်ရွှေ
မသေမချင်း လူပါးဝထားပေါ.ကွာ။ မင်းနောက်က background ကောင်းတော. မိုက်ထားအုံးပေါ.။

ှဆရာရဲ၏စာမျက်နှာများ said...

ပြည်သူပြည်သားတိုင်း အားလုံးဝိုင်းဝန်းဆန့်ကျင်ကြယင် ဒီကောင်တွေ တစ်နေ့ တော့ ကျဆုံးရမှာပါ။

yan yan said...

ဇေကမ္ဘာကုမ္ပဏီကို သီးစားစိုက်ပျိုးခွင့်ပြု တယ် ဆိုတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၏ ၂၁-၅-၂၀၁၂ ရက်စွဲနဲ့ ထုတ်တဲ့စာ က အတုကြီးဖြစ်နိုင်တယ်။ ပိုက်ဆံပေးပြီး (သို့) အာဏာသုံးပြီး လိမ်ရေးထားတဲ့ စာဖြစ်ဖို့ များတယ်။ ဒီ 'ခင်ရွှေ' ဆိုတဲ့ ငတိ က နိုင်ငံခြားတက္ကသိုလ်ကဘွဲ့အတု တခုကို ပိုက်ဆံပေးပြီးဝယ် တဲ့ လူစားမျိုး၊ ဒီကိစ္စကို မူရင်းတက္ကသိုလ်က သိရှိသွားပြီး၊ ကြားထဲက "ဘွဲ့လက်မှတ်အင်" ထုတ်ပေးတဲ့လူကို လိုက်လံရှာဖွေပြီး၊ ဥပဒေကြောင်းရ အရေးယူဖို့ လုပ်နေပြီ။ လယ်သမားဦးကြီး များ နှင့် မျိုးချစ်အကျိုးဆောင်များ ခင်ဗျား၊ ယခုကိစ္စက "အုပ်စု၊အာဏာနှင့်ရင့်ရင့်သီးသီး အနိုင်ကျင့် ရမ်းကားတဲ့ Organized Crime" တမျိုး ဖြစ်ပါတယ်။ လုံးဝအလျှော့ မပေးသင့်ပါ၊ မြန်မာနိုင်ငံက ဥပဒေ သိပ်အားနည်းလျှင်၊ ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထိ ရောက်အောင် တက်ပါ၊ ဒီလိုလူစားမျိုးကို၊ အလျှော့ပေးရင်၊ ဒါထက်ပိုဆိုး၊ ပိုအတင့်ရဲလာမယ်။

ခင်ရွှေ
မသေမချင်း လူပါးဝထားပေါ.ကွာ။ မင်းနောက်က


background ကောင်းတော. မိုက်ထားအုံးပေါ.။



သွားပြီ တိုင်းပြည်က ခေတ်သစ် လူလိမ် သူခိုး ဓါးပြ အရင်းရှင် အလိုတော်ရိတွေရဲ့ လက်ထဲမှာ ဖြစ်ချင်သလိုဖြစ်နေကြပြီ

Powered by Blogger.