နယ်စပ် ငြိမ်းချမ်းရေး တရုတ် ကူညီဖို့ ဦးသိန်းစိန်ပြော

နယ်စပ် တည်ငြိမ် အေးချမ်းဖို့ နှစ်နိုင်ငံစလုံး လိုလားတယ်လို့ ပြော
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မီတီရဲ့ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် မစ္စတာ ဝမ်ဂမ်း Wang Gang ခေါင်းဆောင်တဲ့ အဖွဲ့ မြန်မာ နိုင်ငံကို ရောက်ရှိ လာခဲ့ ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ အတွင်းမှာ ဒုတိယ အဆင့် ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မစ္စတာ ဝမ်ဂမ်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။

သူဟာ တရုတ်ပြည်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ ၂၅ ယောက် ပါတဲ့ ပေါ်လစ်ဗျူရို မှာ အဖွဲ့ဝင် တစ်ယောက် ဖြစ်ပေမဲ့ တကယ့် ထိပ်သီး ခေါင်းဆောင် စာရင်းထဲမှာ မပါသလို အမြင့်ဆုံး အာဏာ ရှိသူ ကိုးယောက် ထဲမှာလည်း မပါဝင်ဘူးလို့ ဘီဘီစီ တရုတ် ဘာသာ အစီအစဉ် က ချိုင်းနား ဒေါ့ကွန်းရဲ့ အယ်ဒီတာ ယူဝမ်က ပြောပါတယ်။

သူဟာ တရုတ်အစိုးကို အကြံပေး နေတဲ့ အကြံပေး အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်ပြီး အခု အချိန်မှာက မြန်မာပြည်ကို နိုင်ငံတကာက ခေါင်းဆောင်တွေက သွားနေကြ တာကြောင့် တရုတ်ကလည်း သွားတာ ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

မစ္စတာ ဝမ်ဂမ်း နဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် က တရုတ် နိုင်ငံ ခေါင်းဆောင် တွေနဲ့ တရုတ် ပြည်သူတွေ အနေနဲ့ နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး ကို လိုလားတဲ့ အတိုင်း မြန်မာ နိုင်ငံ ကလည်း နယ်စပ်မှာ အေးချမ်းအောင် ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။

အဲဒီ အတွက် တရုတ် နိုင်ငံ ဘက်က လည်း ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးစေလိုတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ မြစ်ဆုံ စီမံကိန်း ကို မြန်မာ ဘက်က ရပ်တန့် လိုက်တဲ့ ကိစ္စကို တရုတ်ဘက်က ကျေနပ်မှု မရှိဘူးလို့လည်း ယူဝမ်က ပြောပါတယ်။ မြန်မာ နိုင်ငံမှာ တရုတ်ဟာ အဓိက ရင်နှီး မြှုပ်နှံသူ နေရာမှာ ရှိချင်တာကတော့ သေချာတယ်လို့ လည်း ယူဝမ်က ပြောပါတယ်။

မစ္စတာ ဝမ်ဂမ်း ရဲ့ ဂျော်ဒန်၊ အိုင်ယာလန်၊ နမ်မီးဘီးယားနဲ့ မြန်မာ စတဲ့ လေးနိုင်ငံ ခရီးစဉ် ပြုလုပ်ဖို့ ရှိရာမှာ လောလောဆယ် မြန်မာ နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
နယ်စပ် ငြိမ်းချမ်းရေး တရုတ် ကူညီဖို့ ဦးသိန်းစိန်ပြော နယ်စပ် ငြိမ်းချမ်းရေး တရုတ် ကူညီဖို့ ဦးသိန်းစိန်ပြော Reviewed by သစ်ထူးလွင် on 06:22 Rating: 5

14 comments:

တန`င်္လာကိုကို said...

မကျေနပ်လျှင်လဲသေကြပါလို.ပြောလိုက်ပါသမတ္တကြီးခင်ဗျား။
နောက်လဲလာမလည်နဲ.လို.။ သူများပစ္စည်းအချောင်နှိုက်ဘို.
ပဲကြံနေ။ ဒီ comment ကနေပြီးကန်.ကွက်ဆန္ဒပြပါတယ်။
သူများနိုင်ငံထဲလာပြီးတော.များ အပြောအဆိုကရိုက်ပေါက်နဲ.။
ဘာအဓိကရင်းနှီးမြှပ်နှံသူလဲ။ အရင်းအနှီးအပြုတ်နှံသူဖြစ်ချင်သူပါ
လို.ပြောပါ။ သွားအကူအညီမတောင်းပါနဲ.ဗျာ။ တိုင်းရင်းသား
ညီအကိုချင်းညှိပါဗျာ။

66koaungaungtun@gmail.com said...

မြစ်ဆုံကိစ္စကိုပြောလာရင်ပြည်သူများသွေးစည်းညီညွတ်ကြပါ၊ဒီတစ်ခါအမျိုးသားစိတ်နဲအ့ပြီမောင်းထုတ်နိုင်ကြပါစေ။တရုတ်ကြီးလာမလိမ်ပါနဲ့တော့၊မြန်မာပြည်မှာကိုယ်ကြိုးရှာတာရပ်လိုက်ပါ။စစ်အာဏရှင်နဲ့ပေါင်းပြီးအမြတ်ထုပ်လို့မရတော့ပါဘူး၊တရုတ်ကြီးမြန်မာမြေကပြန်သွားပေးပါ၊ထွက်သွားပေးပါ။ယဉ်ကျေးစွာနဲ့မောင်းမထုပ်ချင်ဘူးနော်။(မြန်မာပြည်သား)

u kyawkyaw said...

တမြေထဲနေတရေထဲသောက်သူတွေချင်းမပြေလည်တော့၊အပြင်ကလူကိုအကူအညီတောင်းရတာအရမ်းရှက်ဘို့ကောင်းပါသည်။
ပြေလည်အောင်ညှိုနှိုင်းကြစေလိုပါသည်၊တိုးတက်မှုနှင့်ပျက်ဆီးမှုကဒွန်တွဲနေပါသည်၊အတိုင်းအတာတခုအထိတော့လက်ခံရပါမည်။ပျက်ဆီးမှုကိုမလိုချင်ပါကလူနေမှုမမြင့်တင်နိုင်ပါ၊
တရုတ်ကိုမှီခိုတာတော့မရှိသင့်တော့ပါ။

Anonymous said...

မြစ်ဆုံကိစ္စက ခုထိမပြီးကြသေးဘူးလား :)

Myo1 said...

ကချင် နဲ့ မြန်မာ တိုက်ပွဲ ဖြစ်နေတာတွေမှာ တရုတ်ဖက်ကပါဝင် စွတ်ဖက် ရန်တိုက်ပေးနေတယ် လို့ ကြားနေရတယ်....

U 2 said...

နိုင်ငံအတွက်ဘာလုပ်ပေးလဲ သူတို.ဆီကသယံဇာတပျက်စီးမှာစိုးလို.ဒီနိုင်ငံမှာ

လာလုပ် အသွေးရောအသားရောအရိုးပါမချန်ဘူးအကုန်ယူသွားတာ။ရင်းနှီးမြုပ်နှံဘို.

အရင်ကထဲကစိတ်ကောင်းထားပါလား နိုင်ငံအတွက်ဘာတွေအထောက်အပံ့ပေးဘူးလဲ မင်းတို.လိုတာကတရုတ်က

အိန္ဒိယသမုဒ္ဒယာကိုသွားဘို.အနီးဆုံးလမ်းကိုလိုချင်တာ စေတနာရှိလို.

မဟုတ်ဘူး ပြန်သာပြန်ပါ လဒ ရာ ပြန်ပါ

aristhteinwin said...

သမတကြီး နော်- ကြည့်လုပ်- တမြေထဲ တရေသောက်နေကြတဲ့ ညီအကို တိုင်းရင်းသားတွေနဲ့ ပြေလည်အောင် မဆွေးနွေးဘဲ ပေါက်ဖေါ် အားကိုးရင် သိတယ်မဟုတ်လား- သင်္ခန်းစာ မရသေးဘူးလား။

ခန့်သူအောင် said...

ကိုယ်ညီအစ်ကို မောင်နှမအချင်းချင်း ပြဿနာဖြစ်တာကို သူမျာဆီအကူညီတောင်းစရာမလိုဘူးလို့ထင်ပါတယ်။ တကယ်တမ်း ညီအစ်ကိုမောင်နှမစိတ်ဓါတ် မေတ္တာထားပြီး မိသားစုတိုင်းပြည်ကောင်းစားရေးအကျိုးကို ရှေ့ရှု့ရင် ဘယ်ပြဿနာမဆို ပြေလည်နိုင်ပါတယ်။ အကူညီတောင်းခံကတည်းကိုက ကိုယ်ကိုကိုယ် ညံဖျင်းတဲ့လူလို့ သူများထင်အောင်လုပ်နေသလိုဘဲ့။ ဝိုင်းဝန်းဖြေရှင်းပေးဖို့ ကူညီပေးဖို့ တရုတ်ကိုသွားတောင်းလို့ကတော့ သူအတွက် အကျိုးအမြတ်မရဘဲ့ ဘယ်နိုင်ငံ အရေးကိုမဆို ဝင်ပါတာမရှိဘူး။ သမ္မတဦးသိန်းစိန် အစိုးရတဖွဲ့လုံးရော မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိထားသင့်တာက မိမိပြဿနာကို မိမိဖြေရှင်းတက်တဲ့ အလေ့အကျင့် မိမိတာဝန်မိမိယူတက်တဲ့စိတ်ဓါတ် ရှိအောင်လုပ်ထားဖို့အရေးကြီးတယ်။ ကိုယ့်မှာ ပစ္စည်းဥစ္စာပေါကြွယ်ဝနေလို့ ကျေးဇူးရှင်ပုံစံမျိုး လာလာပြီိးပြောဆိုနေတာတွေကိုတွေ့နေရတယ်။ တကယ်လို့ ကိုယ့်မှာဘာမှမရှိရင် ဘယ်သူကမှ လာပြီး ခြေညောင်းခံ လေကုန်ခံ ငွေအကုန်ခံ အချိန်ကုန်ခံပြီးလာမပြောဘူး။ သူတို့တွေရဲ့ အကျိုးစီးပွားကို ဦးစားပေး ရှေ့ရှုပြီး လာကြခြင်းဖြစ်တယ်။ ဘာနိုင်ငံမှ ကိုယ့်အကျိုးစီးပွားကို စွန့်လွတ်ပြီး ဝေသန္တာရာမင်းကြီးလို့လာကြတာ မဟုတ်ဘူးဆိုတာသိသင့်တယ်။ အဓိက တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆိုရင် ပိုဆိုးတယ်။ မြန်မာ နွံ့နစ်နေတာ ဒီနိုင်ငံတွေက အရင်ကတည်းက ရတဲ့အပေါက်ကနေနှိုက်ယူနေတာဖြစ်တယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် အစိုးရတဖွဲ့လုံးရော မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး တိုင်းပြည်အမျိုးသားအကျိုးစီးပွားကို တကယ်မြတ်မြတ်နိုးနိုး လိုချင်ရင် လူတစ်ဦးချင်းစီမှာရှိကြတဲ့ အကျင့်ဆိုး ညင်ဆိုးတွေ အတ္တတွေကို ဖျောက်ဖျက်ပြစ်ဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို မိမိကိုးကွယ်ပါ၊

sainyi said...

မြစ်ဆုံကိစ္စကိုပြောချင်၇င်စစ်အာဏာရှင်တွေကိုသွားပြောပါ မြစ်ဆုံ့ကိစ္စအတွက်
လုပ်ကိုင်ခွင့်၇ဖို့ စစ်အာဏာရှင်တွေ ဘယ်လောက်ယူထားကြလဲဆိုတာခွေးတရုတ်တွေအသိဆုံးပဲမို့ လားကွ သားမယားတွေကိုမသမာနည်းနဲ့ ခိုးကျွေးနေကြတဲ့ စစ်အာဏာရှင်တွေယူထားတဲ့ အကျွေးကို တို့ ပြည်သူတွေကအကျွေးဆပ်လိုက်၇တယ် ဗုဒ်ဓမြတ်စွယ်တော်ကို အေ၇ာင်ပြပြီးငွေအလှူခံလို့ ၇တဲ့ ရွှေရှစ်ပိဿာနဲ့ 
ငွေသားကဒေါ်လာဘီလီယံနဲ့ ချည်ပြီးပေးလိုက်၇တယ်ကွ မင်းတို့ တရုတ်တွေ ဟာမြန်မာပြည်မှာရှိတဲ့ သယံဇာတတွေဖြစ်တဲ့ 
ရွှေ ကျောက်စိမ်း ကြေး သတ္ထုေ၇နံ သဘာဝဓါတ်ငွေ့ သစ် အကုန်လုံး
တရုတ်ပြည်ကို စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီးယူနေကြတာ ဘာ၇င်းနှီးမြှပ်
နှံချင်တာလဲ တရုတ်တွေကိုမြန်မာပြည်ထဲကနေအကုန်းလုံးတိုက်ထုပ်ဖြစ်ကြပါ
တရူတ်တွေကိုဆန့် ကျင်ကြပါ

minsoeaung said...

ဒို့ သမ္မတကြီးက ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်မို့ငြိမ်း
ချမ်းရေးစကားပြောလေ။ဘာတွေပြောနေတာလဲ။
မြစ်ဆုံမပါလေသူငယ်ချင်း။
နယ်စပ်အရေး အရင်လုပ်သွားပါကွာ။ဆန္ဒတွေမစောပါ။

နေကြာရိုး said...

" ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်" ဆို။ ရှက်ရင် လဲသေသင့်တယ်။ တရုတ်ကို အားကိုးနေသမျှ မြန်မာပြည်အတွက် သီးသန့်လုပ်ပေးတဲ့ ခပ်စုပ်စုပ် Made in China နဲ့ပဲ သင်္ချိုင်းသွားရမယ်။

Aung Kaung Kyaw said...

သြော် ! ! ! ဗမာတွေ ၊ ဗမာတွေ
နောင်တလည်း မရသေးဘူး။
အသိတရားလည်း မရသေးဘူး။
ဘုန်းကြီးတွေလည်း ဓမ္မပူဇာတွေလုပ်
ပိုက်ဆံတွေ အထုပ်လိုက်သယ်
လူတွေကတော့ သူများတွေကိုဆဲနေစဲပါလားနော်။
စိတ်ဓာတ်တွေ ၊ခံယူချက်တြွေ­ပင်ကြပါ။
Global ခေတ်မှာ ထိုင်ဆဲနေလို့ဘာမြှ­ဖစ်မလာဘူး။
အလုပ် လုပ်ကြပါ။

san san said...

တရုတ်တွေKIAကိုတဘက်လှည်နဲ့မြှောက်ပေးပြီးလက်နက်တွေထောက့်ပံ့ပေးပြီးမြန်မာပြည်ကိုပြိုကွဲအောင်းသွေးထိုးပေးနေတာ ဘာလို့တရုတ်ကိုအကူအညီသွားတောင်းတာလဲ တရုတ်ကိုယုံနေတုံးဘဲလား။မြန်မာပြည်တရုတ်လုပ်လို့ဒုက္ခရောက်နေတာမမှတ်သေးဘူးလား။တရုတ်ကိုရှောင် နောင်တသက်မဆင်းရဲဘူးမှတ်။

Shin Myochit said...

အောင်မလေးဘုရားကယ်တော်မူပါ။သမတကြီးသူခိုးဓါး၇ိုးကမ်းနေပါေ၇ာလား
တရုတ်ကအားနည်းချက်ကိုသိသွားပြီ။အားရဝမ်းသာနဲ့ဒါငါ့အတွက်ဂွင်ဘဲလို့တောင်တွေးသွားအုံးမယ်။ပြည်သူတွေအတွက်ပြည်သူ့စကားနားထောင်ပါ
သမတကြီးရယ်။ပါးပါးနပ်နပ်ရှိစမ်းပါ။ဆရာလုပ်တယ်မထင်ပါနဲ့တနိုင်ငံလုံး
အတွက်ပြောနေတာပါ။နောက်ထပ်တရုတ်တွေလူပါးဝတာမခံပါရစေနဲ့တော့။တရုတ်တွေဒီအားနည်းချက်ကိုအခွင့်ကောင်းယူပြီးရန်တောင်တိုက်ပေးလိုက်အုံးမယ်။တကယ်တရုတ်တွေရဲ.အမြို
ခံရတော့မှာလား။ညာဏ်များတယ်နော်၊သတိထားပါ။လိုချင်တာကိုမရရအောင်
ယူတာတရုတ်တွေရဲ.ယုတ်တဲ့အကျင့်ဘဲ။သမတကြီးလဲနိုင်ငံရေးနဲ့စီးပွါးေ၇းပရိ၇ာယ်ပိုပြီးကျွမ်းကျင်မှာပါ။ဒါပေမဲ့သန်းေ၇ွှလိုတော့တနိုင်ငံလုံးတ ယုတ်မွှေနှောက်ခိုးယူသွားတာမျိုးထပ်ပြီးမကြုံပါရစေနဲ့။အနူးအညွတ်တောင်းပန်ပါရစေ။

Powered by Blogger.