မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင်

ရန်ကုန်၊ မေ ၂၀

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာရေတပ်၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ် သဘောင်္တစ်စီးကို စတင်တိုးချဲ့ တပ်ဆင်ထားကြောင်း အမှတ် (၁) ဗျူဟာစစ်ရေယာဉ်အုပ်စု F 21 စစ်သဘောင်္ ပထမအရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်လအတွင်း မြန်မာရေတပ်က တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင် ၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ် F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ F21 စစ်သင်္ဘော သွားရောက် ယူဆောင်ရာတွင် ပါဝင်ခဲ့သူ အဆိုပါ အရာရှိက ဆိုသည်။

သင်္ဘောများ တည်ဆောက်ရာတွင် နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက် ချထားပေးမှု နည်းပါးသဖြင့် မူလက နှစ်၂၀ ခန့် အချိန်ယူ တည်ဆောက်ရန် စီစဉ်ထားသော စီမံကိန်းများသည် နှစ်ပေါင်း ၃၀၊ ၄၀ခန့် အထိ ကြာမြင့် သွားနိုင်ကြောင်း ရေတပ် အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။
The Voice Weekly
မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင် မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သဘောင်္ တစ်စီး စတင်တပ်ဆင် Reviewed by သစ်ထူးလွင် on 06:41 Rating: 5

19 comments:

Aung Myin said...

အဲဒီသင်္ဘောတွေမလိုပါဘူး။ဗမာရေတပ်ကစစ်လဲမတိုက်တတ်ဘူး။ပင်လယ်ထဲမှာ
ဓမြပဲတိုက်တတ်တယ်။ဓမြတိုက်ဖို့အဲလိုသင်္ဘောတွေမလိုဘူး။အဲလိုသင်္ဘောကြီး
တွေနဲ့ပင်လယ်ထဲထွက်သွားပြီးပင်လယ်ထဲရောက်တော့ငါးဖမ်းလှေတွေခေါ်ပြီးချောဆွဲတယ်။ပြီးတော့သူတို့အရာရှိနဲ့ရဲဘော်တွေတင်ပြီးတွေ့သမျှငါးဖမ်းလှေ၊စက်လှေ
တွေမှာဒီဇယ်လိုက်တောင်း၊ဆက်ကြေးတောင်းလုပ်တယ်။ပြီးတော့သူတို့လူကြီးတွေကိုလာဘ်ထိုးပြီးနေရာကောင်းထပ်ရအောင်လုပ်နေတာ။
အဲဒါကြောင့်တိုင်းပြည်ဘဏ္ဏာတွေအကုန်ခံပြီးသင်္ဘောသစ်တွေဝယ်ပေးမနေပါ
နဲ့။လောလောဆယ်အဲဒီတပ်ကဓားပြဗိုလ်နဲ့သောက်ကျင့်မကောင်းတဲ့အရာရှိ
တွေအကုန်လုံးအရင်လဲလိုက်ဖို့ကောင်းတယ်။

Anonymous said...

ဟေ! သင်္ဘောဆောက်တာ နှစ် ၂၀ ကြာသတဲ.လား မောင်ကာဥုရဲ.။
ရယ်ရတယ် ဗြဲ ။ သင်္ဘောကလဲ နံရိုးတောင်ပေါ်နေပြီ။ မြန်မာပြည်မှာ သင်္ဘောကျင်းတွေရှိတယ်လေ။

soe thu said...

နှစ်ပေါင်း ၃၀၊၄၀ ထိတောင်ကြာနိုင်ဆိုတော့ မင်းတို့ရေတပ်ကို လွှတ်တော်က တော်တော်လေးကို အယုံကြည်ကင်းမဲ့နေတယ်ထင်တယ် မင်းတို့ကလဲမင်းတို့ပဲလေ ရတဲ့ဘတ်ဂျတ်ကို အိတ်ထောင်ထဲထည့်နေမှတော့ မပြောတော့ပါဘူး .....မကောင်းရှိတော့မယ်......စိတ်ဓါတ်လေးတွေပြင်ကြပါ ဒါဆိုဒို့မြန်မာနိုင်ငံကြီး တိုးတတ်လာလိမ့်မယ်.........

luthar said...

ကျွန်တော်သာအတော်ဆုံး .................. ကျွန်တော်လောက်သိတဲ့လူမရှိဘူး.............................ခင်းဗျားတို့မေးခွန်းတွေ အသာလေးဖြေနိုင်ပါတယ်ဆိုတဲ့.....
aဇ်ာမင်း... လဒ ...
ဒီမေးခွန်းပဲဖြေ (ဘယ်မှာလဲ ပိုလျှံနေပါတယ် ဆိုတဲ့လျှပ်စစ်?????????)

Unknown said...

ကျွန်တော်သာအတော်ဆုံး,ကျွန်တော်လောက်သိတဲ့လူမရှိဘူး ဆိုတဲ့ ၀န်ကြီးဇော်မင်း...ရှက်တက်ရင် ရာထူးက ထွက်ပါ။ အရည်အချင်း မရှိ ဘဲနဲ့….. တွင်း ထဲကဖါး…………………….

minsoeaung said...

ကနောင်မင်းသားကြီးကိုတော့မင်းဆရာတော်ကတား
တယ်။
အခုလုပ်တာကိုဘယ်သူကလာတားမှာလဲ။
ကျုပ်ကတော့အားပေးတယ်နော်။
ခေတ်မီတပ်မတော်နဲ့စေတနာများထာရှိသောစစ်သား
များ နိုင်ငံတော်မှာရှိဘို့လိုတယ်။
ရေငုတ်သင်္ဘောထပ်ဝယ်ပါအုံးဗျို့။

သံစဉ်မဲ့ချစ်သူ said...

ဒီသတင်းကိုရေးတဲ့သူက တော်တော်လေးကို လိုအပ်ချက် ရှိတယ်လို့ မြင်မိတယ်ဗျာ့။ ကိုယ်ရေးတဲ့သတင်းကို အတတ်နိုင်ဆုံး လေ့လာသင့်တာပေါ့။ စိတ်ပျက်ဖို့တောင် ကောင်းမိတယ်။

Soe said...

ဒီ စစ်သင်္ဘော ဘယ်သူ့ကို တိုက်ဖို့လဲ ဆိုမာလီဓါးပြ တွေကို အားကျလို့လား ပြည်သူတွေ ဆင်း၇ဲမွဲတေနေငတ်ပြတ်နေတာကိုတော့ ဂ၇ုမစိုက်ပဲ ပိုက်ဆံ ဖြုန်းနေတာလား
ပြည်သူတွေ လျှပ်စစ်မီး ကောင်းကောင်း ၇အောင်တော့ အကုန်မခံချင်ပဲ မလိုလားတဲ့ ဟာတွေကိုတော့ လျှောက်လုပ်နေတယ် ဦးနှောက်မဲ့တဲ့ ကောင်တွေ ကိုယ်ကျိုး၇ှာသမားတွေ အုပ်ချုပ်နေတဲ့ မြန်မာပြည် ပါလားနော်

001komgmg222@gmail.com said...

ခေါတ်မှီဖွံးဖြိုးတိုးတက်အောင်ဆက်လက်ခိုးကြပါဗျို့။

National said...

(((((တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အသုံးပြုပြီးသား F21 စစ်သင်္ဘောတစ်စီး ထပ်မံ ဝယ်ယူခဲ့ပြီး လက်ရှိတွင်
၎င်းတို့ အမှတ် (၁) ဗျူဟာစစ်ရေယာဉ် အုပ်စု၌ ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘော အပါအဝင် တရုတ် နိုင်ငံလုပ်
F21 နှင့် F23 စစ်သင်္ဘောများဖြင့် စုစုပေါင်း သုံးစီး တိုးချဲ့ တပ်ဆင်ထားကြောင်း ))))
ဘယ်သူနဲ့များစစ်တိုက်စရာရှိနေလို့လဲ၊ အားလုံးကိုလိုက်လျောနေတယ်မဟုတ်လား၊ ငွေကုန်ပါတယ်၊ အကြွေးတွေတင်နေရတဲ့ကြားထဲ၊

သျှင်ပညာပိ said...

ဘယ်လို လေယာဉ်တွေ တင်မှာလဲဟင်!
ဘုရားပွဲတွေမှာ ကလေးတွေ စီးတဲ့ ချပ် ချပ် ချပ် နဲ့ အသံထွက်ပြီး ပတ်ချာလည်နေတဲ့ လေယာဉ်ပျံ
လေးတွေ တင်မှာ ထင်တယ်။

Naing Oo said...

လေယာဉ်တင်သင်္ဘောတစ်စီးတည်ဆောက်ဖို့ဆိုတာမြန်မာအနေနဲ့မဖြစ်နိုင်ပါဘူး၊ဒီသတင်းကမခိုင်လုံဘူး။

zawlinaung said...

ဟုတ်မှလည်း ပြောကြပါဗျာ.. ဘာ".မြန်မာ့ရေတပ် ပြည်တွင်းထုတ် လေယာဉ်တင် စစ်သင်္ဘောတစ်စီး စတင်တပ်ဆင် " တဲ့...မှတ်တောင် ထားရအုံးမယ်...ပေါက်ဖေါ်ကြီးက အဟောင်းတွေကို ဆေးသုတ်ပြီး ပြန်ရောင်းလိုက်တာတွေကို Made In Myanmar လုပ်နေသေးတယ်...ရယ်ရတယ်နော်...ဗြဲ.........

MI 35 said...

သတင်းကအမှားပါ၊ သက်သက်ဝါဒဖြန့်တာ၊ လေယာဉ်တင်သင်္ဘောဆိုတာ တရုတ်တောင်မဆောက်နိုင်လို့၊ ရုရှဆီက အဟောင်းဝယ်ပြီးမွမ်းမံဖို့လုပ်တုန်း၊ မြန်မာနိုင်ငံက ဘယ်လိုလေယာဉ်တင်သင်္ဘောကို ဆောက်ရမှာတုန်း ....
ရေတပ်အတွက်ယခုခေတ်မှာ Frigate စစ်ရေယာဉ်တွေလိုအပ်ပါတယ်၊ ရေတပ်မှာရှိတဲ့ စစ်သင်္ဘောကြီးအများစုက ဦးနုလက်ထက် က အမေရိကန်ပေးထားတဲ့ စစ်သင်္ဘောအိုကြီးတွေပါ။ ၂၀၀၈ ခုနှစ်တုန်းကရေတပ်မှာ Frigate တစ်စီးမှမရှိလို့၊ ဘင်္ဂလားဒေရှ့် ကုလားတွေရဲ့ နားရွက်သတွေးအစွတ်ခံခဲ့ရပြီးပါပြီ (၂၀၀၈ တုန်းကဘင်္ဂလားဒေရှ့် နိုင်ငံမှာ Frigate ၅ စီးရှိပါတယ်)
@Aung Myin Frigate မရှိတော့ ရေတပ်မှာ ဘယ်လိုစစ်တိုက်ရမှာလဲ ကတို့၊ သမ်မန်စီးပြီး လောက်လေးဂွနဲ့ ဆော်ရမှာလား? ရေတပ်ကိုစစ်တိုက်နည်း သင်ပေးပါ။
@Soe ၊ @National အခုဝယ်ထားတဲ့ တရုတ် Frigate အဟောင်းတွေက ဘယ်သူ့ ကိုတိုက်ဖို့လဲ ? ဟုတ်လား၊ အနည်းဆုံးတော့ ကုလားတွေ မြန်မာနားရွက်ကို တံတွေးမဆွတ်ရဲတော့ဘူးပေါ့။
နောက်တချက်က ပြည်တွင်းမှာ စစ်သင်္ဘောပဲဆောက်ဆောက်၊ အရပ်ဘက်သင်္ဘောပဲဆောက်ဆောက်၊ ကြိုဆိုရမယ့်ကိတ်စပါ။ ရှိပြီးသားအခြေခံအဆောက်အအုံ သင်္ဘောကျင်းများအားအသုံးပြုခြင်း၊ ပညာတော်သင်စေလွှတ်ခဲ့သောတဲ့အရာရှိများအား စေခိုင်းခြင်းသည် နိုင်ငံခြားမှ အသစ်မှာ ၀ယ်ယူမည့် Frigate တစ်စီးထက် နိုင်ငံတော်ဘဏ်ဏာ အများကြီး ကုန်ကျစရိတ်သက်သာစေပြီး၊ နည်းပညာအတွေ့အကြုံ ရရှိစေမှာဖြစ်ပါတယ်။
Indian Navy ဆိုရင် နိုင်ငံမချမ်းသာပေမဲ့၊ ရေတပ်အသိုင်းအ၀ိုင်းက လွှတ်တော်မှာပေါက်ရောက်လို့၊ နိုင်ငံအကြီးအကဲများ အမျှော်အမြင်ကြီးလို့ စစ်သင်္ဘောအများအပြား ၀ယ်ယူခွင့်၊ တည်ဆောက်ခွင့် ရရှိပြီး၊ ရရှိဆဲဖြစ်လို့ Indian Navy သည် Blue Water အဆင့် Navy ဖြစ်ပြီး၊ တရုတ်ရေတပ်ထက် မြင့်မားပါတယ်။
ပြောချင်တာက နိုင်ငံတော်ငွေ ကုန်ကျစရိတ်သက်သာအောင် ပြည်တွင်းမှာရှိတဲ့အရင်းအမြစ် (သင်္ဘောကျင်း၊ ပညာရှင်၊ လုပ်သား) များနဲ့ ကိုယ့်အားကိုယ်ကိုးတည်ဆောက်သင့်ပါသလား ?
အခြားနိုင်ငံများမှ တပတ်ရစ် Frigate များအားဝယ်ယူသင့်ပါသလား ?
မြန်မာရေတပ် Frigate တစ်စီးမှမရှိပဲ အရင်အတိုင်း အမေရိကန်ပေးထားတဲ့ စစ်သင်္ဘောအိုကြီးများနှင့် ဆက်နေပြီး သူတပါးနိုင်ငံရေတပ်မှ နားရွက်တံတွေးဆက်အစွတ်ခံသင့်ပါသလား ?
မိမိနိုင်ငံအား နားရွက်တံတွေးအစွတ်မခံလိုသည့်
MI 35

ကောင်းစေချင်သူ said...

တရုတ်ဆီကအစုတ်တွေဝယ်ပြီး..ဘာလုပ်မှာတုန်း...ပြည်တွင်းမှာခရီးသည်တင်တဲ့ဟာတွေတည်ဆောက်တာမှဟုတ်တုတ်တုတ်..ရယ်..သူများသွားမတိုက်
ခင်ပျက်နေမှဖြင့်..နိုင်ငံအတွက်အကျိုးများမယ့်ဟာတွေလုပ်စမ်းပါကိုယ့်လူ
တို့ရယ်..

Irrawaddy Myanmar said...

တရုပ်က သုံးမရတော့ ပြင်မရတော့တဲ့ သင်္ဘောအဟောင်းတွေပေးပြီးတော့ လျှပ်စစ်တွေ ကျွန်းသစ်တွေ ကျောက်မြတ်ရတနာတွေယူသွားပြီ။

သင်္ဘောတစ်စီးရဲ့သက်တမ်းက တစ်ဝက်ကျော်သွားရင်း ပြုပြင်ထိန်းသိမ်းခ အရမ်းကုန်ကျစရိတ်များတယ်။ အဲ့တော့ အဟောင်းသုံးစီးရောင်းပြီး အသစ် ၂ စီးပြန်ဝယ်တာက ပိုကုန်ကျစရိတ်သက်သာတယ်။

sanaythar said...

တစ်ခုလိုချင်ရင် တစ်ခုပေးရမယ်။ ဒါ ထုံးစံပဲ၊ ရေအားလျှပ်စစ် . . . မဆောက်ပါနဲ့။ ကျောက်မီးသွေးလျှပ်စစ် ... သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။ မလုပ်ပါနဲ့တဲ့။ အဲဒီတော့ သေတဲ့အထိ အမှောင်ထဲမှာသာထိုင်နေလိုက်ကြတော့။ ဘာမှမပေးချင်၊ မကုန်ချင်ပဲ ဘာမှမလိုချင်တဲ့၊ လိုချင်ရင် ကြိုးသာအရှည်ကြီးဆွဲလိုက်ကြတော့ . . .။

sean said...

ဟန်ပြလောက်ဘဲ ရှိတဲ့ စစ်သဘောင်္ တွေဆောက်ဘို့ က ကြာတာ သိတ်အရေး မကြီးပါဘူး.. မီး လင်းရေးအတွက် အတွက် တာဘိုင်တွေ ဂစ်လိုင်း တွေ ဝယ်ဘို့ က မြန်မာတွေ အသက်တမျှအရေးကြီးပါတယ်..

linn said...

သင်္ဘောက သင်္ဘောကျင်းရှိရင် ဆောက်လို့ရပါတယ်။ ဒါပေမဲ့ radar system နဲ့ missile တွေ၊ ဒုံးတွေ က ဘယ်ကဟာတွေ သုံးမှာလဲ။ နောက်ပိုင်း upgrade and maintenance အတွက်ရော ဘယ်လို စဉ်းစားထားလဲ၊ သင်္ဘောထက် အဲတာတွေက ပိုဈေးကြီးတာပါ။ ပြီး နည်းပညာမြင့် ပစ္စည်းတွေဆိုတော့ အကန့်အသတ်နဲ့သာဝယ်လို့ရပြီး ဈေးလဲကြီးပါတယ်။ တပ်နည်းပညာက ပုဂ္ဂိုလ်များ၊ ကိုယ်တိုင်လက်ဖြစ် ဈေးသက်သက်သာသာနဲ့ ထိရောက်မဲ့ လက်နက်စနစ်များ ကြံဆကြပါလား။ အမြဲသူများဆီကချည်းဝယ်နေလို့က မတတ်နိုင်ဘူးနော်။ ပြီး ကိုယ်ပိုင်နည်းပညာဆို နောက်ပိုင်း upgrade လဲအဆင်ပြေနိုင်တယ်။ တစ်စီးချည်းမယှဉ်နိုင်တောင် 3 to 1 လောက်ရမလား။ အဟန့်အတားပေါ့။ ကျောင်းကဆရာတွေနဲ့တိုင်ပင်ပြီး budget တောင်းကြည့်ပေါ့။ ပြောသာပြောတာ တစ်ကယ်ဖြစ်ရင် လက်နက်သိပ်ကွာရင် ဟိုက မိုင် ၅၀၀ လောက်ကလှမ်းထုမှာ။ မြန်မာ့ကမ်းစောင့်အမြောက်တွေနဲ့ အဂလိပ်စစ်သင်္ဘောတွေ လှမ်းထုသလိုဖြစ်နေဦးမယ်။ ကြိုးစားတည်ဆောက်ရမှာပေါ့။ တိုင်းပြည်ကလည်း တိုးတက်ရေးလုပ်ရဦးမယ်။ (မြန်မာပြည် ကံကောင်းတာက နိုင်ငံတကာတရားရုံးက ခွဲပေးလိုက်လို့ ဘင်္ဂလားဒေရှ့်ကရသွားတဲ့ နေရာတွေက Gas ထွက်ဘူးတဲ့ဗျ။ စေတနာအကျိုးပေးတယ်ပေါ့။ ဖြေတွေးတယ်ပဲထားပါဗျာ။ စစ်မဖြစ်ပဲ တရားရုံးမှာပြီးသွားတာလဲကောင်းပါတယ်။ စစ်ဖြစ်ရင် မလိုအပ်ပဲ နှစ်နိုင်ငံ resourses တွေပြုန်းတီးလို့ပါ။)

Powered by Blogger.