ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌကို ခရိုင်ရဲစခန်းက တရားမ၀င်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ ပါတီအဖွဲ့ဝင်တွေက ပြောပါတယ်။

ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းဟာ  ပါတီစည်းရုံးရေးထွက်ရာမှာ  တရားမ၀င် လိုင်စင်မဲ့ကားကို အသုံးပြုတယ်ဆိုပြီး ဂန့်ဂေါခရိုင်ရဲစခန်း တာဝန်ရှိသူတွေက သူ့ကို ပုဒ်မ ၅ (၁) နဲ့  ပြီးခဲ့တဲ့  မေ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က နေအိမ်မှာ လာဖမ်းသွားတာလို့ ပါတီဖြစ်မြောက်ရေးအတွင်းရေးမှူး ဦးမြတ်လင်းဦးက ပြောပါတယ်။

“မြို့နယ်အတွင်းမှာ ကျေးရွာတွေကို သွားပြီးတော့ ပါတီဝင်တွေ စုဆောင်းတယ်။ အဲဒီလိုလုပ်ရင်း ၆ ရက်မြောက်နေ့လောက်မှာ ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းနဲ့ ယာဉ်နဲ့ကို တရားမ၀င် လိုင်စင်မဲ့ယာဉ်ဆိုပြီး လူရော ကားရော ဖမ်းဆီးထားတယ်။ ကျနော်တို့ လေ့လာစုံစမ်းသိရတာတော့ တဖက်အဖွဲ့အစည်းကနေ တိုင်တန်းလို့ ဖမ်းဆီးရတဲ့ ပုံစံပေါ့။ ”

ထီးလင်းမြို့နယ်ထဲမှာ  အများစုဟာ လိုင်စင်မဲ့ကားတွေ အသုံးပြုနေကြတာဖြစ်ပြီး သူလိုငါလို သုံးစွဲနေတာဖြစ်တဲ့အတွက် တပါးသူတွေကို ဖမ်းဆီးခြင်းမရှိသလို ဦးဌေးဝင်းကိုလည်း ဖမ်းမထားဘဲ လွှတ်ပေးစေလိုကြောင်း၊ လောလောဆယ် ဦးဌေးဝင်းကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဦးမြတ်လင်းဦးက ပြောပါတယ်။

ဦးဌေးဦးဟာ ဒီမော်တော်ကားကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဘာသာရေး၊ လူမှုရေး ကူညီတဲ့လုပ်ငန်းတွေမှာ အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။   အခုလို ပါတီစည်းရုံးရေးအတွက် အသုံးပြုတဲ့အခါမှ အဖမ်းခံရတာဟာ အဖွဲ့ချုပ်ကို နှောင့်ယှက်လိုသူတွေက တိုင်ကြားတာကြောင့် ဖြစ်နိုင်တယ်လို့ ထီးလင်းမြို့နယ် အန်အယ်လ်ဒီ ပါတီဝင်တွေက ယူဆထားပါတယ်။

ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲကို မေ ၃၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ လျာထားပေမယ့်လည်း ယာယီဥက္ကဋ္ဌ အဖမ်းခံထားရတဲ့အတွက် လာမယ့် ဇွန် ၁၂ ရက်မှာ လုပ်ဖို့ ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

နန်းမြနဒီ - ဒီဗွီဘီ
ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ Reviewed by သစ်ထူးလွင် on 15:17 Rating: 5

20 comments:

MYO MYINT said...

မြို့နယ်ဥက္ကဌမဖြစ်ခင်ကစီးပွားရေးသမားလိုလိုင်းကြေးပေးစီးတာဘာမှမဖြစ်ပေမဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်လုပ်မဲ့သူကအပြစ်ကင်းအောင်နေနိုင်ဘို့လိုတာပေါ့၊စီးပွားရေးသမားအဖမ်းခံရတာသူ့ကိစ္စနဲ့သူဆိုပေမဲ့ပါတီခေါင်းဆောင်ဖြစ်လာရင်ကိုယ့်ပါတီသိက္ခာအတွက်ဆင်ဆင်ခြင်ခြင်နေသင့်ပါတယ်

unique said...

အကြောင်းမရှိအကြောင်းရှာ ငါ့ရဲ့အပြစ်သာနင်မြင်နေခဲ့ တခုခုတော့မှားနေပီ

The Middle said...

အခြားဘယ်သူတွေဘဲတိုင်တိုင်၊ဘယ်သူတွေဘဲသုံးသုံး ကိုယ့်ဖက် က without ကားကိုသုံးတဲ့အတွက် မှားနေပါတယ်။ ဘာဘဲပြောပြော သူတို့လုပ်တာကိုခံရမှာပါ။

ဇာမဏီ said...

ဂန့်ဂေါက ကြံ့ဖွတ်တွေကို တစ်ခုပြောချင်တယ်။ ကိုယ့်အခြေအနေ
တိုင်းပြည်အခြေအနေကို အမြန်ဆုံးသဘောပေါက်ကြပါ။ ကြံ့ဖွတ် အဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို အာဆီယံနိုင်ငံတွေ အလည်လိုက်
ပို့ပေးတယ် ။ သင်တန်းတွေလွှတ်ပေးတယ် ။ ဒီလောက်လေးနဲ့
ပါတီကို ဖက်တွယ်မနေကြပါနဲ့။ မမြင်ဘူး မူးမြစ်ထင်မနေကြပါနဲ့။
တမျိုးသားလုံးကောင်းစားရေးကို ကြည့်ကြပါ။ ဦးနှောက်မနည်းကြ
ပါနဲ့။

Myo Thaw said...

လိုင်းစင်မဲ့ကားတွေကို ဖမ်းချင်တယ်ဆိုရင်တော့ .. တနိုင်ငံလုံးမှာရှိတဲ့ကားတွေကို လိုက်ဖမ်းမှသာ တရာမျှတမှု့ရှိမှာပါ ... ဒီလိုင်စင်ကားဈေကွက်တွေကိုကော .. ဘယ်သူတွေထိမ်းချူပ်ထားတာလဲ သိသာကြီပါ ...

Unknown said...

ထီးလင်းမြို့နယ်ထဲမှာ အများစုဟာ လိုင်စင်မဲ့ကားတွေ အသုံးပြနေကြတာဖြစ်ပြီး သူလိုငါလို သုံးစွဲနေတာဖြစ်တဲ့အတွက် တပါးသူတွေကို ဖမ်းဆီးခြင်းမရှိသလို ဦးဌေးဝင်းကိုလည်း ဖမ်းမထားဘဲ လွှတ်ပေးစေလိုကြောင်း၊...................

NLD လို ပါတီကြီး ရဲ့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ အဲလိုစကားမျိုး မထွက်သင့်ပါဘူး၊ ပြည်သူတွေကို အကာအကွယ်ယူပြီး ကိုယ့်အပြစ်
လွတ်အောင်ရုန်းဖို့ မစဉ်းစားပါနဲ့ ၊ စည်းကမ်းရှိတဲ့ NLD သာဖြစ်ပါစေ။

Unknown said...

လိုင်စင်မဲ့ကားစီးတာအဖမ်းခံရတာနဲသေးတယ်
ပါတီယာယီဥက္ကဋ္ဌဆိုတာတရားဥပဒေကိုလေးစားလိုက်နာဖို့ လိုတယ်

နားမလည် ပါးမလည် said...

လုပ်ချလိုက်ပြန်ပီ အပြစ်မရှိအပြစ်ရှာ တဦးတည်းမှ ကွက်လုပ်ရသလား နိုင်ငံတ၀န်းမှာ စတား ရှေ့ကခံပြီး နံပတ်ရေးထားတဲ့ကားတွေ အကုန်ဖဖ်းကွာ စစ်တပ်က ကားတွေမိုလို့လား ပြောတော့ အားလုံးတန်းတူဆို

အောင်မြင် said...

လိုင်စင်မဲ့ကားသုံးတယ်ဆိုရင် ပုတ်မ ၅၁ ၅၃ သုံးနဲ့ဖမ်းတာတော့ဟုတ်ပါပြီ။ဒါပေမယ့်ဆိုတဲ့စကားနဲ့မေးချင်တယ်၊
ထီးလင်းမြို့မှာတော့မသိဘူး၊နေပြည်တော် မန္တလေး ရန်ကုန် စတဲ့မြို့ အထူးသဖြင့်နေပြည်တော်က အဆိုးတကအဆိုးဆုံးဘဲ။ရွှေတမှင်ဘယ်ကထွက်မင်းကြီးတာကထွက်ပေါ့။ဌာနဆိုင်ရာအကြီးအကဲအထူးသဖြင့်ယဉ်စည်းကမ်းထိန်းတိမ်းရေးကော်မတီမှယဉ်ထိန်းအားလုံးကစီးနေကြတာ။မြန်မာပြည်ရဲ့မြိုတော်က နေပြည်တော်လေ အဲဒီမှာလိုင်စင်မဲ့ကားအပေါ်ဆုံးဘဲလေ၊ဥပဒေပေါ်မှာမည်သူမျှမရှိစေရဘူးဆိုတာဦးသိန်းစိန်ပြောလို့ကြားဖူးတာပဲရှိတယ်။လက်တွေ့ဘဲကြည့်ကြပါအုံး၊ပြည်သူတွေမှားတော့ဥပဒေနဲ့စကားပြောတယ်၊၎င်းတို့ကိုယ်တိုင်စီးတော့ရတယ်ဘာဥပဒေလဲ။ရန်ကုန်မှာလိုင်စင်မဲ့ကာစီးချင်ရင်၅၁လမ်းမော်တော်ပီကယ်ရုံးမှရဲအုပ်ကျော်ကျော်စိုးဆီမှာစာယူုပြီးစီးလို့ရတယ်။နောက်တယောက်ကရဲအုပ်မျိုးညွှန့်ဘဲသူတိုနှစ်ယောက်စလုံးကဒုရဲအုပ်ကရင်ရဲအုပ်ရားထူးတိုးပြီးဒီနေရာဘဲပြန်ရတယ်၊တော်တော်ထူးဆန်းပါတယ်၊အခုလဲကြည့်ကြပါအုံးလိုင်စင်မဲ့ကားသုံးလို့ဖမ်းတယ်တဲ့။မကြာသေးခင် ၂၀၁၂ ၃လပိုင်း မှာ ဒါရိုက်တာမင်းသားမင်းအုပ်ဆိုး ရဲ့ခြံထဲမှာတင်မကဘူးအပြင်ခြံတွေထဲမှာပါလိုက်သိမ်းရတယ်။အခုတော့ မင်းသားလည်းရုပ်ရှင်ပြန်ရိုက်နေတယ်လေ မင်းသားဆီကသိမ်းလိုက်ကားတွေကရှယ်တွေကြီးပဲ နိုင်ငံတောါဧည်သည်လာတော့ထုတ်သုံးလိုက်သေးဗျာရှက်ဖို့ကောင်းလိုက်တာ။အဲဒီမင်းသားလဲ လိုင်စင်မဲ့ကားအရောင်းဝယ်နဲ့ဘဲချမ်းသာသွားတာ၊ယဉ်စည်းကမ်းထိန်းသိမ်းရေးကော်မသီလည်းဒီလိုအရောင်းဝယ်တွေနဲ့မိန်းမနှစ်ယောက်ယူတဲ့သူ ဒါမှမဟုတ် Ktv massage မှာအချိန့်ဖြန်းတဲ့သူနဲ့ဗျာ။သူများကိုဖမ်းမယ်ဆိုရင်ကိုယ့်ကိုကင်းအောင်နေနိုင်မှဖြစ်မှာ။မဟုတ်ရင်မဖမ်းသင့်ဘူး။ဥပဒေပေါ်မှာမည်သူမျှမရှိစေရတာပြောတာညွှန်ကြားချက်ရှိနေတယ်ဆိုအားလုံးတွေ့ကြတဲ့အတိုင်းဘဲ။လူကိုခင်ရင်မူကိုပြင်မယ်လူကိုမုန်းရင်မူကိုသုံးမယ်။ ဆိုတဲ့စာဆိုမပြင်ရသေးလို့ဖမ်းတာဖြစ်လိမ့်မယ်။

အောင်မြင် said...

လူကိုခင်ရင်မူကြို့ငင်တယ်လူကိုမုန်းရင်မူကိုသုံးတယ်။
ဥပမာ ဒါရိုက်မင်းအုပ်ဆိုး လူကိုခင်တော့ကွင်းလုံးကြွတ်လွှတ်တယ်
ဟောအမျိုးသားဒီမိုကရေစီအဖွဲယာယီဥက္ကဌဦးဌေးဝင်းတော့လူကို
မုန်းတော့အဖမ်းခံရတယ်။ဒါလားဒီမိုကရေစီ?????

သစ္စာ said...

မြန်မာနိုင်ငံမှာကျင့်သုံးနေတဲ့ ဟိုလူတမျိုး ဒီလူတမျိုး (နှစ်မျိုးသော)
ဥပဒေအရအရေးယူခြင်းဖြစ်ပါလိမ့်မည်

mamamay said...

အဲဒီကိစ္စတွေတော်တော်များများတွေ.နေရပါတယ်၊
သက်သက် NLD ပါတီဝင်ဖြစ်နေလို.ဂျောက်ချတာပါ၊
မိန်းမဥာဏ်သုံးခြင်းဖြစ်ပါတယ်၊အခြားစီးပွားရေးလုပ်ငန်း
တွေမှာလည်း NLD ပါတီဝင်များသတိရှိပါ။

Kyaw Htoo (TGI) said...

လိုင်စင်မဲ့ မော်တော်ယာဉ်ကို အသုံးပြုလို့ဖမ်းတယ်ဆိုတာ ဥပဒေ ရှုထောင့်ကကြည့်ရင် မှန်ပါတယ်.... ဥပဒေ ဆိုရာမှာလည်း ပြည်သူပြည်သား အားလုံးအတွက် ကျောသားရင်သား မခွဲခြားပဲ တိတိကျကျ လိုင်နာသင့်တဲ့အရာပါ တရားဥပဒေ ရဲ့အထက်မှာ ဘယ်သူမှ မရှိနေဘူး ဒါပေမဲ့ အခုတော့ဗျာ ကျနော်တို့နိုင်ငံရဲ့ဥပဒေ အထက်မှာတော့ ရှိတဲ့လူတွေတွေ့နေရတယ် .....လိုင်စင်မဲ့ ယာဉ်ကိုဖမ်းတယ်ဆိုရင် တစ်ပြေးညီတည်းဖမပါလား အခုတော့ဗျာ NLD ကလူကိုမှ ရွေးဖမ်းရတယ်လို့ ဒါကတော့ အမြင်ကက် တဲ့ ပုဒ်မနဲ့ဖမ်းတယ်ဆိုတာသိသာတယ် ဥပဒေ အတိုင်းသာဖမ်းရရင် မြန်မာနိုင်ငံမှာ ကြယ်တွေတပ် ဆေးစိမ်းတွေသုပ်ပြီး မောင်းနေကျတဲ့ လိုင်စင်မဲ့တွေ ဒုနဲ့ဒေး ဘာဖြစ်လို့ သူတို့ကျလလွှတ်ပေးထားရလဲ့ ...အမေစုရဲ့NLDကို အပြစ်အမျိုးမျိုးလိုက်ရှာနေသူတွေ မင်းတို့ ပို့သတဲ့မေတ္တာတွေကြောင့် တို့ အမေစုကတော့ ဘာရောဂါမှမရှိဘူး တိုင်းသူပြည်သားတွေကို ဆင်းရဲခြင်းက ကင်းဝေးအောင် အမေစု စွမ်းဆောင်အုံးမှာ စိတ်ချ..... အမေစုနဲ့ NLD ရောင်းရင်းတို့ ဒီမိုကရေစီ ခရီးရှည်ကြီးကို တက်ညီလက်ညီ ချီတက်ကျပါစို့

Naypyitawnews said...

အဲ့ဒိလိုသာဖမ်းတယ်ဆိုရင် နေပြည်တော်လာဖမ်းပါအုံး
နေပြည်တော်မှာ လိုင်စင်မဲ့ကားတွေက တစ်နှစ်ကို 250000 (နှစ်သိန်းခွဲ)ကညနကိုပေးရင်စီးလို့ရတယ်

HAN MYO said...

ဒီသတင်းကိုဖတ်ကြည့်မိတဲ့အတွက်သဘောပါမိတာလေးတခုက တော့မင်းတို့လည်းမဟုတ်တာလုပ်တာပဲ၊ငါမဟုတ်တာလုပ်တာကို လည်းဝင်စွတ်ဖက်စရာမလိုဘူးဆိုတဲ့သဘောများလား။မှန်ကန် သောလုပ်ဆောင်မှု့နဲ့ပြည်သူ့ပါတီအန်အယ်ဒီဖြစ်ရေးအတွက်ဝိုင်း ဝန်းကျိုးပမ်းရန်လိုအပ်နေသည်ကိုကျွန်တော်တို့အားလုံးမှာတာဝန် ရှိပေသည်။

Glassnov said...

သူများမကောင်းလို့ ကိုယ်လိုက်မကောင်းတာ၊ သူများတရားပျက်တိုင်း ကိုယ်ပါလိုက်ပြီးတရားပျက်တာ မှန်ကန်ရဲ့လား၊ ဦးဆောင်ဦးရွက်ပြုသူဟာ လက်အောက်ငယ်သားတွေထက် အရည်အချင်းရှိသူ၊ လက်အောက်ကို ညှာတာတတ်သူ၊ ရည်မှန်းချက်ကို အမှားအနည်းဆုံးနဲ့ အကောင်အထည်ဖော်နိုင်သူ၊ စည်းရုံးဆောင်ရွက်နိုင်သူ ၊ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ ၊ ကိုယ်ကျင့်တရားစံပြဖြစ်သူတွေသာဖြစ်သင့်ပါတယ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ကိုယ်လုပ်တာကိုယ့်သမိုင်းပါ။ သူများရိုင်းလို့ ပြန်ရိုင်းလိုက်တယ်ဆိုရင် လက်ခံနိုင်စရာရှိပါ့မလား။ ခေါင်းဆောင်ဆိုတာ ထူခြားတဲ့ အရည်အချင်းတွေနဲ့ ပိုပြီးပြည့်စုံရပါမယ်။ အများထက်သာတဲ့ ပါရမီထူးလဲရှိရပါမယ်။ ကိုယ်လုပ်တာ ကိုယ့်တာဝန်ပါ။ သူတပါးကို လက်ညှိုးထိုးစရာမလိုပါဘူး။ အန်တီစုက အားကြိုးမာန်တက်နဲ့ ကိုယ်ကျိုးစွန့်ပြီး ပြည်သူတွေ အတွက်လုပ်နေပါတယ်။ တိုင်းပြည်အတွက်လုပ်နေပါတယ် ။ အိုးမဲမသုတ်ကြပါနဲ့။ ရထားစက်ခေါင်းက ဦးဆောင်ချီတက်နေချိန်မှာ နောက်တွဲတွေက ဘရိတ်အုပ် မလိုက်ကြပါနဲ့ လို့  အကြံပြုချင်ပါတယ်ဗျာ။။။။။။။။။။။

မိုးမခ said...

ဌာနတွေမှ လူတွေကလဲ မဟုတ်တာမလုပ်သင့်ပါ။
NLD မှ လူကလဲ ဘယ်သူဘဲဖြစ်ဖြစ် ပြည်သူတစ်ယောက်သာဖြစ်ပါသည်။ တကယ်တော့ အားလုံးဟာ ဥပဒေဘောင်အတွင်းမှာ နေထိုင်လိုက်နာ ကျင့်သုံးမှသာ ဥပဒေရဲ့ စောင့်ရှောက်မှုကိုရရှိမှာပါ။ ဥပဒေကို ဖျောက်ဖျက်ပြီးကျင့်ကြံ နေထိုင်ရင်တော့ ဥပဒေအရ အရေးယူခြင်းခံရမှာပါ။ no man above the law ဘဲဖြစ်သင့်တာပါ။ အဲဒီအဆင့်ကို ရောက်ဘို့ အကျင့်တွေ အရင်ပြင်ကြရဦးမှာပါ။

နိုင်ငံရေးပါတီကလူ ဖြစ်တဲ့အတွက် ထိပ်ဆုံးက comment ပေးတဲ့ ဦးမျိုးမြင့် ပြောသလိုပါဘဲ သိက္ခာအတွက် ပိုပြီး ဆင်ခြင်နေသင့်ပါတယ်။

chitthu said...

ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရဘူးတဲ့
သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင် လိုင်စင်မဲ့ကားများ ဆိုင်ကယ်များကို စီးနင်းနေသည်ကို ပြည်သူအများသိပြီးဖြစ်ပါတယ်။ လိုင်စင်မဲ့ကားဆိုရင် ရှေ့မှာ တပ်တဆိပ်ဖြစ်ဖြစ် ရဲတံဆိပ်ဖြစ်ဖြစ် တပ်လိုက်ရင် ဘယ်သူမှ မစစ်ရဲတော့ဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ။
သို့သော်လည်း ခေါင်းဆောင်တစ်ဦးလုပ်တော့မယ်ဆိုရင် မိမိကိုယ်တိုင်က အပြစ်ကင်းဖို့လိုတယ်။ ဆိုလိုတာကတော့ စံပြဖြစ်ဖို့လိုတယ်။ လစ်ရင် လစ်သလို စည်းကမ်းမဖေါက်ဖျက်မိပါစေနဲ့။ ဒီမိုကရေစီခေတ်မှာ အားလုံး တန်းတူအခွင့်အရေးရပါစေလို့ဆုတောင်းပါတယ်။ (မီးပွိုင့်တွေမှာလည်း လူကြီးလာလို့ တစ်ဖက်လမ်းပိတ်ပြီး လမ်းကြောင်းရှင်းပေးတဲ့အလေ့အကျင့်လည်း ဖျောက်သင့်ပြီ။ သူတို့လည်း ပြည်သူထဲက ပြည်သူပဲမဟုတ်ဘူးလား။ ဒါမှမဟုတ် လူကြားထဲမှာ မီးပွိုင့်တန်းမစီရဲတာလား။)မီးပွိုင့်တန်းမစီရဲတာ ဒါမှမဟုတ် လူတောထဲ မတိုးရဲတာပဲဖြစ်မှာပါ။ ဒေါ်စုလို လူကြားထဲ သွားရဲဖို့အရေးကြီးပါတယ်။

PwaG said...

တိုင်တဲ့သူရှိရင်တော့ပြစ်မှု့မြောက်ရင်ရဲကဖမ်းမှာဘဲ။
အခုလိုမဟုတ်တာလုပ်နေမှန်းဒီလောက်သိနေကြရင်
တိုင်ကြပါလား၊ ဘာဖြစ်လို့ရဲစခန်းမတိုင်ဘဲနဲ့
ဒီမှာလာပြီးမကျေနပ်ဖြစ်နေကြတာလဲ၊
ဒီလူလဲဒီကားကိုစီးလာတာကြာပြီဘဲ။
အရင်ကအဖမ်းမှမခံရတာ။
အခုဖမ်းခံရတာလည်းအနေမတတ်လို့အဖမ်းခံရတာနေမှာပေါ့။
နည်းမှန်လမ်းမှန်နေပြီးပြည်သူတွေအတွက်ကောင်းကြိုးပြု

တဲ့ပါတီမှတာဝန်ရှိတဲ့ပုဂ္ဂိုလ်၊လူကြီးလူကောင်းများစွာ
မြန်မာပြည်မှာလိုအပ်နေချိန်မှာ၊ အရင်လူတွေအတိုင်း
ဒီပုတ်ထဲကဒီပဲအဖြစ်မျိုးမရောက်အောင်ထိန်းသိမ်းပြီးနေကြပါ။
လူတိုင်းကမကောင်းဘူးလို့ထင်နေတဲ့ကောင်တွေလုပ်နေ


တဲ့လုပ်ရပ်တွေကိုရှုံချသလို၊ ကိုယ့်လူကိုလည်းလိုက်မလုပ်စေနဲ့ပေါ့။
ဒီလိုမှမဟုတ်ရင်တော့ နောက်လူတွေလည်းဒီအချိုးဘဲလာအောင်
ဝိုင်းမြှောက်ပြီးအားပေးနေသလိုဖြစ်နေပြီ။

အာဠာဝက said...

ဘာမှမပြောတော.ပါဘူး ။

Powered by Blogger.