လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ်

လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေတဲ့ ဂရင်းရွိုင်ရယ် အရက်ချက် စက်ရုံက အလုပ်သမားတွေက လက်ရှိ အလုပ်ရှင်က တိုးပေးတဲ့နှုန်းထား
ကို မကျေနပ်တဲ့ အတွက် ဆက်ပြီး အရေးဆိုသွားမယ်လို့ ဒီကနေ့
ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက စတင်ပြီး အလုပ်သမားတွေနဲ့
စက်ရုံတာဝန်ရှိသူတွေ၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေ ၃
ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘဲ၊ အရေးဆိုနေတဲ့
အလုပ်သမားတွေကို စက်ရုံက ဖိအားပေး အရေးယူတာတွေ ပြုလုပ်လာတယ်
လို့ အလုပ်သမားခေါင်းဆောင် တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ၀န်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့ ဂရင်းရွိုင်ရယ် ရက်ချက်စက်ရုံက တာဝန်ရှိသူတွေ
ဆွေးနွေးခဲ့ပြီး လုပ်ခလစာ ၆၀၀၀ တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်သမားတွေဘက်က လုပ်ခလစာ ၃သောင်းလောက် တိုးပေးဖို့
တောင်းဆိုထားပါတယ်။

လစာတိုးတောင်းတဲ့ အလုပ်သမားတွေဟာ ညှိနိုင်းမှုတွေ စတင်တဲ့ ဧပြီ ၂၈
ရက်နေ့ ကတည်းက အလုပ်ဆင်းခွင့်မရဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်က လုပ်ခလစာ ၆၀၀၀ တိုးပေးတာကို လက်ခံတဲ့သူတွေ လက်မှတ်ထိုးရင်
စက်ရုံတွင်း ၀င်ခွင့်ပြုမယ်လို့ ဆိုင်းဘုတ်ကပ်ထားကြောင်း အလုပ်သမားတွေက ပြောပါတယ်။

လုပ်ခလစာတိုး ၃ သောင်းတိုးပေးဖို့ တောင်းဆိုထားတာတဲ့အပေါ်မှာ ညှိနိုင်းတာကိုပဲ အလုပ်သမားတွေဘက်က လိုလားကြောင်း၊
အခုလို တစ်ဘက်သတ် ဆုံးဖြတ်ပြီး ၆၀၀၀ကျပ် ပဲပေးတာကို
လက်မခံနိုင်ကြောင်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။
RFA-Burmese
လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ် လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ် Reviewed by သစ်ထူးလွင် on 02:58 Rating: 5

8 comments:

Anonymous said...

တိုးပေးလိုက်လေ၊ ရေရောလိုက်ရင်ပြီးတာပဲ ပြန်ရမဲ.ဥစ္စာ၊ သောက်တဲ.သူ တွက်လဲအစဉ်ပြေ၊ ကုသိုလ်ရပါတယ်။

Sai Mya said...

ရေမရောလည်း တယောက်ကို ၃၀၀၀၀ လောက်တိုးတာလောက်က စကားထဲ ထည့်ပြောစရာမလိုဘူး။ မြန်မာနိုင်ငံမှာ ဂရမ်းကို စွဲစွဲမြဲမြဲသောက်လို့ သေတဲ့ သူတွေအများကြီးပဲ။ ဘယ်လို ဓာတုမျိုးထည့်လဲဆိုတာ ဘယ်သူမှ မစုံစမ်းကြဘူး။ ဒီလိုအကုသိုလ်တွေလုပ်ပြီးတာတောင် တွန့်တိုနေတဲ့သူတွေ။ အင်းသေရင်တော့ ပါတိတ်.....

Sai Mya said...

ရေမရောလည်း တယောက် ၃၀၀၀၀ လောက်တိုးပေးတာလောက်က အေးဆေးပဲ။ ၃ သောင်းမပြောနဲ့ ၃ သိန်းလဲ တိုးပေးရင်တောင် ပျင်းတောင်ပျင်းသေးတယ်။ မြန်မာနိုင်ငံမှာ ဂရမ်းကို စွဲစွဲမြဲမြဲသောက်လို့ သေသွားကျတဲ့သူတွေ ဒုနဲ့ဒေး။ ဘယ်လို ဓာတုမျိုးထည့်တယ်ဆိုတာ ဘယ်သူမှ မစုံစမ်းကြဘူး။ ဒီလို အကုသိုလ်မျိုးကြီး လုပ်နေတာတောင် တွန့်တိုနေတုန်းပဲ။ သေရင်တော့ ပါတိတ်....

ကိုမြိတ်မောင် said...

တစ်ခါမီလောင်ခံရတာတောင်မမှတ်ဘူး အလုပ်သမားမရှိရင်ကိုယ်တိုင်အရက်ချက်မှာလား ဉာဏ်မများနဲ့ နောင်ဘ၀မှာ ရှုးရင်ရှုးမရှုးရင်အရမ်းထုံဦးမှာ စဉ်းစားကြည့်လိုက်ပါ၊ လစာလေးတိုးပေးပြီး ကုသိုလ်လေးယူထား လိုက်ပါဦး နောင်ဘ၀ကျရင်အဆင်ပြေတာပေါ့။

pinkman said...

ဝိုင်းဝန်းကြိုးပန်းကြစို့ဗျာ....မီးမှန်ရေးအတွက် ..မန်းလေးသား တွေကိုလဲ ထောက်ခံပါတယ် ...ရန်ကုန်မှာလဲ ထိုနည်းတူပါပဲ ...တစ်နိုင်ငံလုံးကို ...မီးကမလာတဲ့ အတိုင်းတာပါ.. ဆောက်ရူးတွေဘယ်လိုလုပ်နေကြတာတုန်း..မီးမမှန်ဘဲနဲ့ ဘယ်လိုတိုးတက်ခေတ်မီအောင်လုပ်ကြမှာတုန်း..

အောင် said...

တိုးပေးလိုက်လေ

Your sister said...

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသပိတ်ကြီးစတင်ဘို့ အချိန် တန်ပါပြီ...

minthuya said...

မီးသာရှို.လိုက်တော.ဗျို.

Powered by Blogger.