သီဟသူရဦးတင်အောင်မြင့်ဦး ရာထူး၌ရှိနေဆဲဟု သမ္မတအကြံပေးပြောကြား

ရန်ကုန်၊ မေ ၂၄

နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၃ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီး ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါနေတယ်ဆိုလို့ရှိရင် သူသည် တရားဝင် position အရ ဒုတိယသမ္မတကြီးက ရှိနေတုန်းပဲ ဆိုတာ ကြေငြာချက်အရ ရှင်းနေပါပြီ" ဟုပြောကြားခဲ့သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် မေလ ၃ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်စာ တင်သွင်းခဲ့သည်ဟု VOA မြန်မာပိုင်း အစီအစဉ်၏ ထုတ်လွှင့်ချက်ကို ကိုးကား၍ ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခင် စစ်အစိုးရ လက်ထက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) အဖြစ် ထမ်းဆောင်ခဲ့သူ အသက် ၆၁ နှစ်အရွယ်ရှိ ဒုတိယသမ္မတသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူရာမှ ပြန်လာပြီးနောက် ကျန်းမာရေးကြောင့် နှုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အစိုးရအဖွဲနှင့် နီးစပ်သူ အချို့ထံမှ သိရသော သတင်းများအရ ဒုသမ္မတ နှုတ်ထွက်စာ တင်သည့် သတင်းမှာ မှန်ကန်ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်က ဒုသမ္မတ နှုတ်ထွက်မှုကို လက်ခံခြင်း မရှိသေးဟု သိရှိရသည်။

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ကျောင်းဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် သီဟသူရဘွဲ့ ရှိခဲ့ပြီးနောက် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် ဗျူဟာမှူးနှင့် ဒုတိယ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြီးကြပ်မှုဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။
 The Voice Weekly
သီဟသူရဦးတင်အောင်မြင့်ဦး ရာထူး၌ရှိနေဆဲဟု သမ္မတအကြံပေးပြောကြား သီဟသူရဦးတင်အောင်မြင့်ဦး ရာထူး၌ရှိနေဆဲဟု သမ္မတအကြံပေးပြောကြား Reviewed by သစ်ထူးလွင် on 04:08 Rating: 5

14 comments:

winmyanmarmg said...

ဟေဟေ... ဒါ ခလေးတွေ လိုက်တမ်း ပြေးတမ်း ကစားတာ မဟုတ်ဘူးလေ။
ခုဝင်လိုက် ခုထွက်လိုက် လုပ်လို့ရတာ လိပ်ခေါင်းဘဲ ရှိတယ် နိုင်ငံတော်လူကြီးမင်းတို့ရေ။

kiddykid said...

ဘယ်တုံးက..ေ-ာက်ရှက်ရှိခဲ့ကြလို့လဲ......ဘယ်တုံးက..ပြည်သူတွေအ
ပေါ်ကို..ဂရုစိုက်ခဲ့ကြလို့လဲ...သူတို့လူနဲ့သူတို့..လုံးလည်ချာလည်လိုက်နေ
ကြတာပဲ...

001komgmg222@gmail.com said...

အရူးလင်လုပ်နေတာမဟုတ်ပါပြည်သူအရေးကိစ္စပါဝင်လိုက်ထွက်လိုက်မရပါဘူးခင်ဗျာတိုင်းပြည်အုပ်ချုပ်မင်းလုပ်စားနေသူတွေထွက်ပေးပါ။

Top Gun said...

သမတကြီး ဒီသူတောင်းစားရဲ့ထွက်စာကို ခွင့်ပေးပြီး ခုံရုံးတင်ပါ။ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ပေးချင်လို့ ကျွှန်ုပ်တို့နိုင်ငံရဲ့ဓါတ်ငွေ့တွေရဲ့ ၈၀%ကို သူ့ပထွေးတွေဆီရောင်းစားဘို့စီစဉ် ခဲ့တာ ဒီကောင်ဘဲ။ ကြည့်ရင်သိတယ် ရုပ်နဲ့စောက်ကျင့်က တိုက်ရိုက်အချိုးကျတယ်။

001komgmg222@gmail.com said...

ဦးကိုကိုလှိုင်-သမ္မတအကြံပေးမှထွက်ပေးပါပြည်သူများကတောင်းဆိုနေပါတယ်။ခရိုနီလက်သစ်အလိုမရှိ၊စစ်အာဏရှင်လက်ကျန်ပြည်သူများကလက်မခံ၊သာကူးများထွက်သွားကြ။

zaw hlaing oo said...

ရှိနေလည်း အပိုပါပဲ ရှစ်လုံးရယ် go ပါတော့ မင်းသတင်းကြောင့် တခြားအရေးကြီးတဲ့ သတင်းတွေရေးဖို့အတွက် နေရာတောင်ပုတ်သေးတယ် သိလား

minsoeaung said...

နေပါစေကွာ။စင်ပေါ်မှာရှိတော့မှ ပိုပြီးရှက်စရာကောင်းတာ
ဒါကြောင့်မထွက်အောင်ဝိုင်းဆွဲထားကြပါနော်။

pretty said...

တော်တော် ပြောရ ဆိုရ လက်ပေါက်ကပ်မဲ့ရုပ်...ပဲနော်...

kowin said...

လုပ်ကြပါ....လုပ်ကြပါ....သောက်ရှက်ရှိမှမရှိပဲကိုး....ထွက်လိုက်ဝင်လိုက်နဲ့ ဆိုရင်.....လိပ်ခေါင်းရောဂါပဲနေလိမ့်မယ်....ရန်ကုန်မှာမကုရဲဘူးထင်တယ်

ko yeဲ said...

ဆင်သေကို စိတ်သရေနဲ့ဖုံးမလို့လား
သမ္မတ အကြံပေးက ဦးကျောဆန်းနဲ့ဘာများတောလဲမသိဘူးနော်
လိတ်ကို ဂျပိုး ဖြစ်အောင်ပြေတတ်တယ်
သူလိုလူများများရှိရင် တိုင်းပြည်အတွက်မလွယ်သေးဘူး
ဒါပေမဲ့ ပြည်သူတွေအတွက် အပြုသဘောစောင်တဲ့ အကြံ့လေးတွေ ပေးတတ်အောင် နဲ့နဲ့လေ့လာပါဦး လို့ အကြံပေးချင်တယ်

လှိုင်သာယာသား said...

နိုင်ငံတော်သမ္မတကြီးမှဦးဆောင်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတိုးတက်ရေးများကို ထိရောက်စွာပြုပြင်ပြောင်းလဲနိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရာတွင် လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးမှာတော့နေ့စဉ်ဂေါက်ရိုက်မပျက်ပဲ မြို့အားလစ်လျှူရှုလျက်ရှိပြီး ၄င်း၏ဇနီးဒေါ်မြမြမှာရုံးကိစ္စများ ၀င်ရောက်စွက်ဖက်ခြင်း၊ ၀န်ထမ်းများနှင့် မသင်ြ့မတ်ခြင်း၊ မိခင်ကလေးရန်ပုံငွေခေါင်းစဉ်ဖြင့်ရပ်ကွက်ကျေးရွာအသီးသီးသို့ ဒုတ်ထိုး၊ချားရဟတ်များအားပွဲမိန့် ခွင့်ပြုချက်များရယူခြင်းမရှိပဲ ကိုယ်ကျိုးအတွက် စီးပွားရှာမှုများ ဆောင်ရွက်နေပါသည်။

hein min luck said...

တယုတ်အလိုတော် ရိ ကြီးထွက်တာ လက်ခံလိုက်ပါ သမ္မတကြီးရယ် သူသာသက်တန်းရှည်နေရင်တော့ မြန်မာပြည်ဟာ တယုတ်တို့ရဲ့သြဇာခံဖြစ်သွားတဲ့အထိကို မိုက်ရိုင်းမဲ့ကောင်ပါ....သူ့ပထွေးတယုတ်အတွက်ဆိုရင် ပြည်သူအတွက်ဘာတစ်ခုမှ ငဲ့ကွက်တဲ့ကောင်မဟုတ်ဘူး တိုင်းပြည်ကိုရောင်းစားတဲ့အကောင်ပါ.....အဲလိုကောင်မျိုးရဲ့မိန်းမနဲ့ သမီးတွေကို တရုတ်လူမျိုးတွေက ခြေတော်တင်မဲ့နေ့လေးကိုပဲ စောင့်မျှော်နေရင်း နားဆင်နေလိုက်ပါအုံးမယ်............

tat said...

သေခြင်းဆိုးကြီးမသေသေးဘူးလား..ဗျာ..အသက်ပြင်းလှချီလား
အသေဆိုးနဲ့သေဖို့ရောဂါရထားတာတောင်..ခုနှစ်ရက်သားသမီးတွေကိုဒုက္ခပေး
ချင်နေသေးတယ်..လားပင်စင်ပေးမှ ပဲရတော့မယ်ထင်တယ်နော်..
အဲဒီကောင်ကြီးကို ..လားပင်စင်မြန်မြန်ပေးလိုက်ပါဗျာ..ဒီရောဂါကြီးနဲ့ကို
ဒင်းက ဘာလုပ်ချင်နေသေးတာလဲ..ဒါဆိုရင် ရောဂါရတယ်ဆိုတာကလိမ်တာ
လားး...နှမစောင်းကြီး..မြန်မြန်သေပါစေကွာ..ဘယ်သူ့အတွက်မှ..
ကောင်ကျိုးပေးမဲ့ကောင်လည်းမ ဟုတ်ပါဘူးကွာ..သေးခါနီးတောင်ရိတ်ခါ
ယူသွားခြင်နေသေးတယ်..ရုပ်ကိုက အပမီနေတဲ့ရုပ်နဲ့..ထွီ..ရွံတာကွာ..

redlight said...

မသိသူတွေက မုန်းတယ် ...
သိသူက လေးစားတယ် .... အမှန်တရားက တခါတခါ လှည့်စားတတ်တယ် ....

Powered by Blogger.