ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး

မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရောက်စဉ် ရဟတ်ယာဉ်ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေးမရရှိသေးကြောင်း သတင်းရရှိသည်။
“ ရပ်ကွက်က လူကြီးတွေက ခဏပါဆိုလို့ ပေးဌားလိုက်တာ။ ဗိုလ်ချုပ်မှူးကြီးလာပြီးသွားတော့လည်း မြေကိုပြန်မပေးဘူး။ ဒါနဲ့ ညှိုနှိုင်းပေးဖို့တောင်းဆိုတော့ ၂၀၁၁ခုနှစ် တစ်လပိုင်း လေးရက်နေ့မှာ စက်ရုံမှူးတို့ ရပ်ကွက်ဥက္ကဌတို့ ရပ်မိရပ်ဖတွေက ညှိုနှိုင်းပေးပြီး လျော်ကြေးငွေ ဆယ့်တစ်သိန်း( ၁၁သိန်း)ကို စက်ရုံမှူးကနေ ရရှိအောင်ဆောင်ရွက်ပေးရန် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ခု တစ်နှစ်ခွဲလောက်ရှိလာတာတောင် လျော်ကြေးမရသေးပါဘူး”ဟု အဆိုပါ လယ်ယာမြေပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်၏ သမီး မခင်မျိုးဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် ထိုအချိန်က ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင်ရှိသော ဆေးဝါးစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ တို့ထံ ရဟတ်ယာဉ်ဖြင့် လာရောက်လျှင် ဆင်းသက်ရန်အတွက် အဆိုပါကျေးရွာတွင် ရှိသော စက်ရုံအနီးနားရှိ လယ်မြေကွက်ကို ခေတ္တအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။
 7Day News Journal
ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဥရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး Reviewed by သစ်ထူးလွင် on 19:48 Rating: 5

17 comments:

linnzawhtike said...

မင်းစုသားမင်းစုကို ပြန်နှိပ်တာတော့ မမိုက်ဘူး ဒါပေသည့် အဲ့ရွာကတော့ တခြားရွာတွေထက်တော်တော်လေးသာတာတော့အမှန်ပဲ

မောင် said...

ဓားမဦးချ လယ်လုပ်လာတဲ့ (မြန်မာပြည်ရဲ့ ကျောင်းဖတ်စာစာအုပ်မှာဘဲပါတဲ့ ကျေးဇူးရှင်တွေ)တောင်သူလယ်သမားကိစ္စတွေ အမြန်ဆုံးရှင်းပေးကြပါ။

ဒီခေတ်လူတွေ မြေ ကို မက်နိုင်လွန်းတယ်။
သေရင်တောင် မြေကြီးထဲမရောက်ဘဲ အငွေ့ဖြစ်သွားမယ့်ဟာ...။

မောင်မောင် said...

်ဆရာကြီးတို.များ စွမ်းနိုင်ပါပေ့..ခုထက်ထိ သူ.အကြောင်းက ကျန်သေးတယ်

shingyi said...

အလွန်အကျွံဘာမှမကောင်းပါ။တန်ဆေးလွန်ဘေး။

Irrawaddy Myanmar said...

ရဟတ်ယာဉ်သွားစစ်လို့ကုန်ကျစရိတ်လောက် ဆေးဝါးစက်ရုံ၊ ကြွေရည်သုတ်စက်ရုံတွေက အမြတ်များနေပါသလား။

မမြတ်ရင် ရဟတ်ယာဉ်သွားစစ်လို့ကုန်ကျစရိတ်တွေကို စက်ရုံတွေက ကျခံရရင် စက်ရုံတွေ၊ မြန်မြန်ပြုတ်တာပေါ့။


ထိုအချိန်က ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင်ရှိသော ဆေးဝါးစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ တို့ထံ ရဟတ်ယာဉ်ဖြင့် လာရောက်လျှင် ဆင်းသက်ရန်အတွက် အဆိုပါကျေးရွာတွင် ရှိသော စက်ရုံအနီးနားရှိ လယ်မြေကွက်ကို ခေတ္တအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

Taw Thar Gyi said...

ဘူဒါးကြီးအခုဘဝကူးကောင်းအောင်တရားတွေအားထုတ်ပြီးလူစိတ်မွေးနေတယ်။
သူ့ဆီဆက်သွယ်ပြီးလျော်ကြေးတောင်းသင့်တယ်။

minsoeaung said...

အော်
ချီးခြောက်ရေနှုးနေကြတာဘဲ။
မြို့နယ်ကလူတွေတော်တော်ညံ့သကိုး
လွယ်လွယ်လေးကို လူကြီးသိက္ခာကျအောင်အချိန်ဆွဲ
ထားကြတယ်။
ကဲ ကဲ ကျေနပ်အောင်အလျော်ပေးလိုက်ကြပါဗျာ
ဒါလေးများ

001komgmg222@gmail.com said...

အော်ခံပေးအုန်းပေါ့ကွာ

minsoeaung said...

ဒို့အဘမှူးကြီးကလူေ်လူကောင်းတစ်ဦးဖြစ်တယ်ကွ။
အဆွယ်အပွါးတွေအသုံးမကျတာကြောင့်သူနံမည်ပျက်နေတာပါ။သူ့သမီးနဲ့မြေးချစ်လေးကြောင့်ပါ။ခွင့်လွတ်နား
လည်ပေးနိုင်ကြပါစေ။
မြေဘိုးလေးတော့အလျော်ပေးစေချင်ပါသည်။
ဒါမှနှစ်သိန်းဖုန်းဝယ်ကိုင်နိုင်မှာပါကျေးဇူးများစွာဖြင့်

KMW said...

ယခု အချိန်ထိ ဒီလို ကိစ္စတွေ ရှိနေတုးပဲလား ဒီမိုကရေစီစနစ်ဆိုတာကိုပြညါသူတွေသိအောင် ပြည်သူသိအောင်လုပ်ဆောင်ပေးကြပါအုံး

Anonymous said...

တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ ဒီကောင်ကြီးကတော့
သေခါလည်းနီးပါပြီကွာ ဂျိုမှာသပြေခက်ချည်ပြီး
ဘေးမဲ့သာပေးလိုက်ပါတော့

soegyi said...

ဘုန်းကြီး တွေသတ်ပြီး တရားအားထုတ်တာ ဘယ်လို ကုသိုလ်တွေရပါသလဲ

ဆုလာဘ် said...

ဘုန်းကြီးတွေကို၇ိုက်ဖို့အမိန်ပေးတာသူပေါ့ စောင့်ကြိုနေတယ်ဒယ်အိုးကြီးနဲ့ ဝဠ်ဆိုတာအမြဲနော်

kyaw Htoo(Natogyi) said...

တောင်းစရာ ရှိတဲ့အကြွေးတွေအမြန်တောင်းဗျို့....ရှေးစကားတစ်ခုတော့ကြားဖူးတယ်....ဆပ်စရာအကြွေး ၅ မူး မဆပ်နိုင်လို့အကြေွးရှင်ဆီမှာ ၁၀ ဘ၀ ကျွန်းခံရတယ်ဆိုပဲ.....ဒီကောင်ကြီး ဒီလိုတော့ အဖြစ်ခံမှာမဟုတ်ဘူး....တောင်းထား ....အကုန်တောင်းမရရင်တောင် ၅မူးလောက်ပဲချန်....ပေါက်တယ်နော်....

Myo1 said...

ခဏငှားတယ် ! ဟုတ်လား ? ယဉ်ကျေးလိုက်တာ..ပြန်မပေးဘူး ! ဟုတ်လား? ထင်သားပဲ......

သူ၇ိယ said...

အုတ်ဂူဆောက်ဖို့ရည်ရွယ်လျှင်ထိုမြေအားအလကားပေးလှူလိုက်ရန်မေတ္တာရပ်ခံပါသည်..

Soe said...

ဒီမြေလောက်ငှားတာ ပြန်မ၇တာထက် အသတ်မခံ၇တာ ကံကောင်းတယ်မှတ်ပါ စစ်တပ်ကလူတွေ သူတို့လိုချင်တာ
၇ပြီးယင် ပြန်မပေးချင်ယင် ပိုင်၇ှင်ကို အပြတ်၇ှင်းပြစ်တယ်ဆိုတာ
သတိပြုပါ ( သူတစ်ပါး ဘိုးဘွားပိုင် စိန်တွေ မင်္ဂလာဆောင်အတွက်
ခဏ ငှားလိုက်တာ ကနေ ပြန်တောင်းတော့ တစ်မိသားစုအားလုံး
သေနတ်နဲ့ ပစ်သတ်ခံ၇တာ ဘယ်သူ့လက်ချက်ဆိုတာ အားလုံးသိတယ် ) မြန်မာစစ်တပ်ဟာ လက်မ၇ွံ့ မာဖီးယားဂိုဏ်းဆိုတာ မမေ့ပါနဲ့

Powered by Blogger.