မန္တလေးမြို့ ရှိ ဓာတ်အားလိုအပ်လျက်ရှိသော နေရာများကို ဓာတ်အားဖြန့့်ဖြူးနိုင်ရန် မီးစက်များရောက်ရှိလာ

မန္တလေးမြို့ မှာ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့  မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက မန္တလေးမြို့ ကို ရောက်ရှိလာပါတယ်။

လောလောဆယ် ရောက်လာတဲ့ မီးစက်များကတော့ ၅၀၀ ကေဗွီအေ (၂)လုံး။
၃၀၀ ကေဗွီအေ (၆)လုံး၊ စုစုပေါင်း (၈)လုံးဖြစ်ပါတယ်။ နောက်ထပ် မီးစက်တွေ
ထပ်ရောက်ဖို့ ရှိတယ်လို့ လည်းသိရပါတယ်။

အခုရောက်ရှိလာတဲ့  မီးစက်တွေက mobile တွေဖြစ်လို့  ဓာတ်အား အရေးပေါ်
လိုမယ့် နေရာတွေကို လိုက်လံဖြန့်ဖြူးပေးမယ်လို့ သိရတယ်။ အထူးသဖြင့်
 ဆေးရုံတွေ၊ အများပြည်သူကို ရေဖြန့် ဖြူးပေးဝေမယ့် နေရာတွေကို
အဓိကထားပြီး ဓာတ်အားပေးစက်များ ချထားမယ်လိုသိ ရပါတယ်။

ဒါအပြင့် အရေးပေါ် ဓာတ်အားလိုအပ်မယ်နေရာများကို လိုက်လံ မောင်းနှင်ဓာတ်အား
 ဖြန့် ဖြူးပေးဖို့ ရှိကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

Myanamar News Now
အသစ်ရောက်ရှိလာတဲ့ မီးစက်တွေကို မန္တလေးမြို့ မှာ လိုက်လံနေရာချထားပုံများ
အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။










မန္တလေးမြို့ ရှိ ဓာတ်အားလိုအပ်လျက်ရှိသော နေရာများကို ဓာတ်အားဖြန့့်ဖြူးနိုင်ရန် မီးစက်များရောက်ရှိလာ မန္တလေးမြို့ ရှိ ဓာတ်အားလိုအပ်လျက်ရှိသော နေရာများကို ဓာတ်အားဖြန့့်ဖြူးနိုင်ရန် မီးစက်များရောက်ရှိလာ Reviewed by သစ်ထူးလွင် on 13:00 Rating: 5

36 comments:

linn said...

ပျော်စရာကြီး။ ဒါကြောင့် ၀န်ကြီးက တာဝန်ခံရဲတာကိုး၊ သွပ်၊ သွပ်၊ သွပ်။
ဒါပေမဲ့ ဒါနဲ့ကအကူလောက်ပဲရမယ်ထင်တယ်။ ပြီး တခြားမြို့တွေအတွက်ကရော။ ဖြစ်တာက တစ်နိုင်ငံလုံးလေ။ တရုတ်ကတော့ ကူမယ်ပြောတယ်။ ဒါကမှ ရေရှည်အဆင်ပြေနိုင်မယ်။ အနဲဆုံး လောလောဆည် သူယူနေတဲ့ထဲက ခွဲပေးတာကမှ ပိုဖြစ်နိုင်မယ်ထင်တယ်။ တရုတ်ကြီးကိုလည်း ပစ်မထားပါနဲ့၊ သူကပေါက်ဖေါ်လေ နော်။ ပွင့်ပွင့်လင်းလင်းနဲ့ တန်းတူလုပ်ပေးနိုင်ရင် တရုတ်လည်း မိတ်ဆွေပါပဲ။ ပေါင်းစားမယ်ဆိုရင်တော့လည်း မကောင်းဘူးပေါ့။ ဘယ်သူဆိုတာထက် ဘယ်လို term နဲ့အလုပ်လုပ်တယ်၊ ဘယ်လောက်ခိုင်မာတယ် ဆိုတာပိုအရေးကြီးပါတယ်။ မြန်မာတွေ အလုပ်လုပ်ရာမှာ partner ကောင်းကောင်း၊ ရွေးတတ်ဘို့လိုပါပြီ။ ပြီးအခုအခြေအနေက ရွေးချယ်ခွင့်လည်း ပိုကျယ်ပြန့်လာတဲ့သဘောရှိပါတယ်။ သမီးတက္ကသိုလ်လွှတ်တော့ ၊ လူတွေကမိန်းကလေးပဲ သေစာရှင်စာပဲတတ်ရင် တော်ရောပေါ့ဆိုတော့၊ အဖေကပြောတယ်တဲ့ သမီးတက္ကသိုလ်တက်ရင် ကြိုက်တဲ့လူက တက္ကသိုလ်ကဆိုတော့ ကလေကချေတော့မဟုတ်ဘူးပေါ့လို့ပြောသတဲ့။ ပတ်ဝန်းကျင်အရေးကြီးပုံပြောပါတယ်။ ရွေးစရာများလာပြီလေ။ အရင်က sanction ရှိတော့၊ ချေးငွေနဲ့ အကူတွေလည်းမရတော့ ရွေးစရာက အကန့်အသတ်ရှိတယ်လေ။ အခုက ပွင့်လာပြီဆိုတော့ အခြေအနေကို အကျိုးရှိရှိ သုံးရပါမယ်။

khin said...

ဝေး...!...ဝမ်းသာပါတယ်။ အလကား မယူပါဘူး မီတာခ ပေးမှာပါ ဟို..ပိုလို့ရောင်းတဲ့ အဝှါဂျီးရယ်။ ဖယောင်းတိုင် ထွန်းခိုင်းတဲ့ သမတ အကျံပေးဂျီးရယ်။ မှန်မှန်သာလာပါ မီးရယ်။ တရုတ်ကြီး လက်ထဲက မီးကို ဖယောင်းတိုင်ထွန်းပြီး လိုက်ရှာရင်း မိုးနတ်မင်းကို အားကိုးခိုင်းပြီး၊ ပေးတဲ့ အပြစ်ခံပြစ်လိုက်မယ် ဆိုတဲ့ အပေါစား ပြဇာတ်တွေ ခေတ်စားလိုက်သေးတယ် မီး...ရယ်..လွမ်း...တယ်။

yinkhatpan said...

မီးပျက်တဲ့သတင်း၊ ဖယောင်းတိုင်ထွန်းတဲ့သတင်း၊ ဆန္ဒပြတဲ့ သတင်းတွေပဲဖတ်နေရတယ် မီးစက်ဝယ်နေတာတွေ တာဝါတိုင်ပြင်နေတာတွေကြတော့ ဘယ်သူမှ အရေးတယူလုပ်ပြောမနေဘူး အဆိုးပဲမြင်မနေကြပါနဲ့ ကောင်းအောင်ဘယ်လိုလုပ်မလဲ ၀ိုင်းစဉ်းစားသင့်ကြပါတယ်

လင်းယုန် said...

ဆန္ဒမပြကြတဲ့ တိုင်းနယ် ပြည်နယ်တွေကိုတော့
ခွဲတမ်းစာရင်းထဲ မပါဘူးပေါ့
တိုင်းပြည်ကို မဆူ ဆူအောင်လုပ်နေတာမလား
ဒီမိုကရေစီဆိုပြီး မျှမျှတတ လုပ်ကြပါ

တိုင်းပြည်ကို မဆူ ဆူအောင်လုပ်
ပြီးတော့ စစ်အုပ်ချုပ်ရေးပြန်ယူ
မင်းတို့အကြံအစည် ဒါအကုန်ဘဲလား..............

MG HLAING said...

ဒါမှ “ဖိနပ်မတော် ဖနောင့်လှီးတဲ့ မြန်မာ့ အီးပီစီ”

phyo1980 said...

ဒါလေးတွေနဲ့ နိုင်ပါ့မလားဟင်။ CITY Mart တစ်ခုလောက်ဘဲပေးလို့ရမယ်ထင်တယ် တစ်လုံးကို။

zaw said...

ဝန်ထမ်းတွေ အပင်ပမ်းခံပြီး လူထုရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနေတာကိုတွေ့ရတော့ ပြည်သူလူထု ကိုယ်စား
ကျေးဇူး ပါ။

zaw said...

ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်သွားကြတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို မဝေဖန်ကြတော့ဘူး။ ရေငုံနှုတ်ပိတ် နေကြတော့မှာလား။

zaw said...

ဝန်ထမ်းတွေ အပင်ပမ်းခံပြီး လူထုရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနေတာကိုတွေ့ရတော့ ပြည်သူလူထု ကိုယ်စား
ကျေးဇူး ပါ။

zaw said...

ပြည်သူတွေကို ဒုက္ခ ရောက်အောင်လုပ်တဲ့ အကြမ်းဖက်သမားတွေ ပြည်သူတွေ ဒုက္ခရောက်သလို ရောက်ကြပါစေ

Anonymous said...

မီးစက်ရောက်တာတော့ ဟုတ်ပါပြီ... မီးစက်မောင်းဖို့ ဆီကောရှိရဲ့လား.. မီးစက်ရောက်ပြီး..၊ ဆီမချပေးလို့ ဒီတိုင်းဖြစ်နေဦးမယ်...။ ပြီးတော့ တို့နိုင်ငံက ပေါ်လဆီ တစ်အားလုပ်တတ်တယ်...။ ရှေ့ဆုံးပုံမှာကြည့်...။ မီးစက်ချတာကို အပြာဝတ်တွေ၊ အနီဝတ်တွေ။ ဗီဒီယိုရိုက်နေတဲ့ ကင်မရာမင်းတွေ။။။.. ဗီဒီယိုရိုက်နေတဲ့ကင်မရာမင်းတော့ထားပါတော့။ အနီဝတ်တွေ . အပြာဝတ်တွေက သူတို့နဲ့ဘာဆိုင်လို့လဲ....။?????????????????

ကိုကို(မန္တလေး) said...

မဟာဓါတ်အားလိုင်းထဲပေါင်းထည့် မျှပေးလေ နယ်မြို့လေးတွေလည်း စဉ်းစားပေးဦး ပူလွန်းလို့
မြင်းခြံသား

Anonymous said...

မီးစက်ရောက်တာတော့ဟုတ်ပါပြီ။ အဲ့ဒီမီးစက်မောင်းဖို့ ဆီကော ရှိရဲ့လားမသိဘူး... ဆီမရှိလဲ့ဆိုပြီး အကြောင်းပြချက်ပေးနေဦးမယ်....

ရာဇာ said...

အင်း...မီးစက်တွေ တော့ရောက်လာပါပြီ....တွေ့ရတာကတော့ အမိုးအကာ မရှိတဲ့နေရာမှာ အင်္ဂျင်တွေ သုံးရင်တော့ မိုးတွင်းကြီး မိုးရွာချလို့ ကတော့ ပလို့ဂျိ ဘဲ..main alternator ထဲ ရေဝင်သွားရင်တော့ တရုတ်မီးပန်း ဖေါက်သလို ဖြစ်သွားမှာ...ဘယ်သူတွေက operation နဲ့ maintenance လုပ်ကြမလဲ ဆိုတာလဲ စဉ်းစားကြအုံး...စက်ဆိုတာ နွားလို အစာကျွေးပြီး ခိုင်းလို့ရတာမျိုး မဟုတ်ပါ....

Aung Thu Moe said...

>>yinkhatpan အဆိုးပဲ မြင်နေတာမဟုတ်ပါဘူး၊ သူတို့ အခုလိုလုပ်ပေးနေတာကို လက်ခံပါတယ်၊ အကောင်းမြင်ပါတယ်။ ဒါပေမယ့် စေတနာ လေးနဲ့ လုပ်တာကို ပိုမြင်ချင်ကြတာပါ။ ခုလုပ်နေပုံက ဆန္ဒပြမှ မီးစက်ပြေးသယ်၊ တာဝါတိုင်တွေ ပြင်နဲ့၊ တကယ်တန်း မီးပျက်နေတာ ကြာလှပါပြီ။ ပြီးတော့ နွေရာသီ မိုးမရွာလို့ ရေမရတာ ခုမှ မဟုတ်ပါဘူး၊ ရှေးရှေးကတည်းက ကြားဖူးနေကြ ဓာတ်ပြားဟောင်းကြီးပါဗျာ။ အဲဒါကို ကြိုသိရင် ကြိုတင် ပြင်ဆင်ထားပေါ့။ backup plan ဆိုတာ ရှိရမှာပေါ့။ ခုကြတော့ ပြောမှ သိ၊ ထိမှ နာတွေ ဖြစ်နေတာလေ။ အဲဒါကြောင့်မို့ ပြောနေကြတာပါ။ နောင်နှစ်နွေလဲ ပြင်ဆင်မှု မရှိရင် ဒီလိုထက်ဖြစ်မှာဘဲ အဲအချိန် အလိုက်သသိ လေးနဲ့ ဆန္ဒပြစရာ မလိုဘဲ လုပ်ပေးရင် တော့ ပြည်သူတွေကလဲ အရမ်းကို ကျေးဇူးတင်မှာပါဗျာ။

Naing Oo said...

mg hlaing ရဲ့ comment ကိုကြိုက်တယ်ဗျာ။ဘယ်သူကိုမှမပုတ်ခတ်ဘဲနဲ့သက်ဆိုင်ရာ EPC ကိုဘဲဆော်ပလော်တီးထားတာ။

Myo1 said...

ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရပါတယ်...တူသောအကျိုးပေးပါလိမ့်မယ်..။

JP said...

ုသိတ်ပျော် မနေပါနဲ့ for VIP ဖြစ်မှာပါ ရေးထားတာကိုက

မန္တလေးမြို့ရှိ ဓာတ်အားလိုအပ်လျှက်ရှိသော နေရာများကို ဓာတ်အားဖြန့်ဖြူးနိုင်ရန်ရောက်ရှိလား တဲ့ ဟဲဟဲ လိုတာက မန္တလေးတစ်မြို့လုံးပါ ခင်ဗျာ

sean said...

အခုလာတဲ့စက်တွေ က ဆင့် ပါးစပ် နှမ်းပက်သလောက် ရှိပေမဲ့ ကြိုးစားတဲ့စေတနာ ကိုတော့ အသိအမှတ်ပြုပါတယ်...

တရုပ်ကြီးပြောသွားတာ က ထုတ်လုပ်ရေးက ပြဿနာမရှိဘဲ.. ဖြန်ဖြူးရေးက problem တဲ့ ... သူ့ ဆီက ဝယ်တဲ့ စက်တွေ ပျက်ပြီး မကောင်းတော့တာ ကို ဖုံးကွယ်ပြီးပြေတာ ဘယ်လောက်များ ကောင်းလိုက်တဲ့မိတ်ဆွေပါလဲ ..
စေတနာမှန် နဲ့ဘဲ ဆက်ဆံပါ ...
မြစ်ဆုံတောင်း ဟိုဟာတောင်းမလုပ်ပါနဲ့..
ကူညီချင်ရင် နီးနီလေးပါ ကြယ်ဂေါင် ကနေ မောင်းလာရင် မနက်မောင်းရင် ညနေရောက်တယ်..
ေ၇ွှလီက မီးကိုလဲ မျှပေးရင်လဲ ဖြစ်တယ်..
ကူညီမယ်တဲ့ ဘယ်လိုကူလီမယ်ဆိုတာ စောင့်ကြည့်ရမှာဘဲလေ..
လျှပ်(၂) ကတော့ စေတနာမှန်ကြောင်းထင်ရှားပါတယ်..
လျှပ်(၁) ကဘာလုပ်နေလဲဆိုတာ နားမလည်လောက်အောင်ပါဘဲ..
၂၀၁၁ က မီးအခြေအနေမဆိုးလှဘူး.. ၂၀၁၁ မှာ မိုးခေါင် တယ်လို့လဲမကြားဘူး..ေ၇တောင်ကြီးသေးတယ်..ဒါကြောင့် ၂၀၁၂ မှာ ရေနဲလို့ ထုတ်လုပ်ရေးလျှော့ပါတယ်ဆိုတာ စဉ်းစားရကြပ်တယ်..ဲပီးတော့ ရုတ်တရက်ကြီး...

NewGနတ်ရှင်နောင် said...

မီးစက်ရောက်လာတော့ အီးပီစီကလူတွေ ခိုးစရာတစ်ခုပိုသွားတာပေါ့။ ကျွန်တော်မြင်သလောက် မြန်မာပြည်မှ ဥပဒေတစ်ခု သတ်မှတ်ရင် အဲ့ဒီဥပဒေကို ကိုင်တဲ့ လူအတွက် ဂွင်ဖြစ်သွားရော။ ဥပမာဗျာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းရင် ဒဏ်ရိုက်တယ်။ ယဉ်ထိန်းရဲတွေ အတွက်ဂွင်ပဲ။ တိုင်းပြည်အခွန်ထဲ ရောက်တာရောက် မရောက်တာ မရောက်။ သူတို့ စည်းကမ်း ရှိစေချင်ရင် နေရာတိုင်ဖမ်းပေါ့။ ဖမ်းတဲ့နေ့ဖမ်း မဖမ်းတဲ့နေ့မဖမ်း။ ဟိုနားက ချောင်းဖမ်းလိုက် နဲ့။ ထားပါတော့ တော့ပစ် ပြောင်းသွားတယ်။ အဲ့လိုပဲ မီးစက်ကြီးေ၇ာက်လာတော့ ဆီခိုးလို့ ရတာပေါ့။ ပြည်သူတွေဆီ တစ်နာရီမီးပေး။ ပြီးရင် ၂နာရီစာ ဆီခိုးထုတ်။ တော်လိုက်တဲ့ အကြံ။ ရာဇ၀င်တွင်လောက်ပါတယ်။ သူငယ်တန်း ဖတ်စာအုပ်ထဲ ထည့်ပြီး သင်လိုက်ပါလား။

Nay Nwaye said...

ဒီမီးစက်တွေရဲ့ တန်ဖိုးကိုပေါင်းရင် လျှပ်စစ်စီမံကိန်းတစ်ခုတော့လုပ်လို့ရမယ်ထင်တယ်နော..ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခံနေရအုံးမယ်..

လောကပါလ said...

သိပ်လဲ ဝမ်းသာမနေကြနဲ့အုံးဗျို့  မီတာခကို ပုံမှန်ထက်2ဆဆောင်ရမဲ့ ဟာတွေဗျို့  ။ဘာလို့လဲဆိုတော့ ဒီမီးစက်ကြီးတွေက ရေထည့်မောင်းလို့ရတာမဟုတ်ဘူးဗျ။ဒီဇယ်နဲ့ဆိုတော့ gasထက်တောင်ဈေးကြီးသေးတယ်။ဒီဇယ်ကိုလဲ တယုတ်ပြည်က ပြန်မှာရမဲ့ အနေအထားဗျို့။တော်လိုက်တဲ့ လျှပ်စစ်ဝန်ကြီးတွေဗျာ

ကိုဖြိုး said...

လျှပ်စစ်(၂) ကဘယ်လောက် စေတနာထားလည်းဆိုတော့ မီးစက်ကလေးချတာတောင် အမြင့်ဆုံးဝန်ထမ်းက လိုက်ပြီးချပေးတာနော်......... ပြည်သူတွေ
မီးစက်မောင်းရတော့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ကလည်းကြိုက်တာပေါ့။
ဆီရတယ်လေ....... ဆီ..... ဆီ.....

Unknown said...

မီးစက်များကတော့ ယာယီသာဖြစ်သင့်သည်။ ရေရှည်စီမံချက်ချ ဆောင်ရွက် ရသော စက်ရုံများလုပ်ရမည်။

မိုးမခ said...

ဖယောင်းတိုင်ကိုင်လမ်းလျှောက်နေမဲ့အစား.. ပျက်ဆီးသွားတဲ့တာဝါတိုင်ပြင်နေတဲ့ဆီ..သွားပြီးကူလုပ်ပေးကြပါလား..မင်းတို့အိမ်တွေ..မီးလောင်ရင်လည်း..ရေပုံးကိုင်ပြီး..လမ်းလျှောက်ဆန္ဒပြမှာလား..

mon lay said...

သားတို့ရန်ကုန်ကြတော့ မပါသလိုပဲနော်

tkm said...

ငါတို့မကွေးကလူတွေလည်း
အဲလိုပြကြလေဟာ
ငါတို့လဲရအောင်လို့...

yuya mon said...

VIP ဆိုတာလဲ လူဘဲ၊ ပြည်သူဆိုတာလဲ လူဘဲ နေပြည်တော်ဆိုတာလဲမြို.ဘဲ၊ ငါတို.နေတာလဲမြို.ဘဲ၊ ဒါပေမဲ.VIP နဲ.နေပြည်တော်ကြ မီးလာပြီး ပြည်သူနဲ.ငါတို.မြို.ကြတော.ဘာလို.?????????

myominn said...

လျှပ်စစ်ဝန်ကြီးဌာနက ကြုံသလို အစားထိုးဖြေရှင်းလိုက်တဲ့နည်းပဲဖြစ်ပါတယ်.. သေချာတာတော့ ဒီလိုနည်းနဲ ဖြေရှင်းတာက နိုင်ငံတော်အတွက်လဲ မကောင်းဘူး.. မြန်မာနိုင်ငံမှာ လျှပ်စစ်မီးကို ထုတ်ယူနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်.. ရေအားကိုသာ မှီိခိုတဲ့ ရှေးရိုးနည်းလမ်းကို မြန်မာနိုင်ငံက အထက်တမ်း အရာရှိကြီးတယောက်အနေနဲ မီးမလာတာ မိုးမရွာလိုဆိုပြီးပြောပြီး မြန်မာနိုင်ငံက general resource တွေကို ဘယ်လိုသုံးပြီး future plan ကောင်းကောင်းကို ဖော်ပြမယ်မပြောပဲ အရမ်းကို အံသြမိတယ်ဗျာ.. စင်ကာပူနိုင်ငံလို ဘာမှ resource မရှိတဲ့နိုင်ငံဟာ ၂၄ နာရီမီးပေးနေပါတယ်.. မြန်မာပြည်ထက်အရမ်းပူတဲ့ middle east နေရာမှာလည်း မီးပုံမှန်ရတယ်လို ယုံကြည်တယ်.. ပြီးတော့မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ မီးအား မငြိမ်မှုတွေကို သေချာဖြေရှင်းပေးဖို အရမ်းလိုအပ်နေပြီ...line 3 ခုလုံးကို သေချာ share လည်း မလုပ် လှိုင်းမန်းဆိုတဲ့သူတွေက ရွေချင်တိုင်းရွေတော့ load က ဘယ်မျှမလဲ.. တခြားနိုင်ငံမှာဆိုရင် လျှပ်စစ်မီးကြိုးကို ကြုံသလို လုပ်ချင်တဲ့သူလုပ်ခွင့်မရှိပါဘူး.. License Electrical Worker (LEW) လိုခေါ်တဲ့သူက တာဝန်ယူရတာဖြစ်သလို ဖြစ်လာသမျှ ပြသနာတကိုလည်း သူခေါင်းခံပြီး သူကို တရားစွဲလိုရတဲ့အထိ ရှိပါတယ်..မြန်မာနိုင်ငံသားတွေက ဦးနှောက်မနည်းပါဘူး.. နိုင်ငံတကာမှာရှိတဲ့ မြန်မာအတက်ပညာရှင်တွေ အခြားအခြားသော အတက်ပညာရှင်တွေဆီတွေနဲတွဲလုပ်ရင် ဖြေရှင်းနိုင်မှာပါ.. တကယ်လည်း မတက်.. ပြည်သူတွေကို ပြောချင်လိုပြော စော်ကားချင်သလို စော်ကားတဲ့သူတွေဖယ်ရှာပြီး ပြည်သူတွေကို တဖက်ပြန်ကြည့်သင်နေပါပြီ....

anawmar said...

သိပ်ပျော်မနေကြနဲ့။ ဒီဇယ်ဖိုးလေးမျှဦး။ မီတာခလည်းမနဲစေနဲ့။

မိုးတိမ် said...

ဟုတ်တော့ဟုတ်နေပါပြီ ဒီမီးစက်တစ်လုံးက ရပ်ကွက်ဘယ်နှစ်ကွက်ကိုမီးပေးနိုင်မှာလည်း .....ကလေးအငိုတိတ်အောင်ချော့သလောက်ပဲရှိမှာပေါ့..... အဆိုးမြင်တာမဟုတ်ပါဘူး ......ရေရှည်အတွက်ဘာစီမံချက်တွေရှိလည်း မိုးတွင်းမို့လို့မိုးရွာရင် မီးပုံမှန်လာတော့မှာပါဆိုတဲ့စကားနဲ့တော့ချွေးမသိပ်ပါနဲ့ .... မိုးလေဝသဆိုတာအစိုးရတာမှမဟုတ်တာဆိုတဲ့အကြောင်းပြချက်ထပ်မကြားချင်တော့လို့ပါ ...... ခုမြင်ရတဲ့မီးစက်လောက်ကတော့ စက်ရုံတစ်ရုံမပြောနဲ့ဟိုတယ်တစ်လုံးစာ .....ကွန်ဒိုတစ်လုံးစာလောက်ပဲရှိတယ် ......သေချာတွေးကြည့်ကြပါ စာဖတ်သူတို့ ....

Anonymous said...

အဲ့ဒီံ့မီးစက်တွေက အရင်လူကြီးသမီးတွေ ခလေးမွေးရင် standby လိုက်ထားတဲ့mobile မီးစက်တွေပါခင်ဗျား မွေးနေတဲ့အချိန်ဆို မလိုဘဲဒီတိုင်းတောင်နုးထားရတာ သားဖွားမီးစက်များဖြစ်ကြောင်းပါခင်ဗျား

NewGနတ်ရှင်နောင် said...

ကိုမိုးမခ ပြောတာ တစ်နိုင်ငံလုံး မဟုတ်ရင်တောင် တစ်မြို့ လုံးအတွက် အနစ်နာခံပြီး ဆန္ဒဖေါ်ထုတ်တဲ့ သူတွေကို စော်ကားနေတာပါ။

ဖယောင်းတိုင်ကိုင်လမ်းလျှောက်နေမဲ့အစား.. ပျက်ဆီးသွားတဲ့တာဝါတိုင်ပြင်နေတဲ့ဆီ..သွားပြီးကူလုပ်ပေးကြပါလား..မင်းတို့အိမ်တွေ..မီးလောင်ရင်လည်း..ရေပုံးကိုင်ပြီး..လမ်းလျှောက်ဆန္ဒပြမှာလား..

အဲ့လို ပြောတယ်ဆို။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကျွန်တော်တို့ ကြိုက်တဲ့သူတွေ အုပ်ချုပ်ခွင့်ရနေလား? တာဝါတိုင်ကကော ဘာလို့ ပျက်စီးတာလဲ? ပြည်သူတွေ စိတ်တိုင်းကျဘာမှလုပ်လို့ မရတဲ့တိုင်းပြည်မှာ လမ်းထွက်ပြီး ဆန္ဒပြ ရုံကလွဲပြီး ကိုမိုးမခ မှာ ဒီထက်ကောင်းတဲ့အကြံရှိလို့လား?

Save said...

အောင်မလေး...သူတို့ပြောတဲ့ နယ်ချဲ့ကိုလိုနီဆီကတဲ့...နယ်ချဲ့နယ်ချဲ့တဲ့
သူတို့ပြောတဲ ပေါက်ဖော်ဆွေမျိုးဆိုတဲ့ တရုတ်ဆီကရော...?

ဒေးအောင်ဘို said...

မီးစက်ကြီးတွေတော့ရောက်လာပြီ မိတာထိန်သိမ်းခ[၁၀၀၀]ကတော့မိတာခလာကောက်တိုင်းအမြဲတမ်းမီးမလာလဲပေးနေရတာနော်။ မီးစက်ကြီးထိန်သိမ်းခပါကောက်နေမှဟုတ်ပေဖြစ်နေအုံမယ်....။ကျားကြောက်လိုရှင်ကြီးကို ရှင်ကြိီး ကျားထက်ဆိုးနေမှ.....။ သမ္မတကြီး နှစ်တကွ စစ်တပ် ၀န်ကြီးများ ပြည်သူတွေဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာသိဖို့ ကောင်းပါတယ်။နိုင်ငံပိုင်း ကျောက်စိမ်း။ ကျွန်းသစ်။သဘာဝဓါတ်ငွေ့ ။ရေအားလျှပ်စစ် စသည့် အားလုံးရောင်းချပစ်တာ ပြည်သူတွေတစ်ဦးတစ်ယောက်မျှမသိရပါ။အကြွေးတင်မှပြည်သူတွေသိရပါသည်။ [အကြွေးတင် အရှင်ဘုရင်ဆက်ဆိုတာပဲကြားဘူးပါသည်။ ယခု ဒီမိုကရေစီနှိုင်ငံဆိုတော့ အကြွေးတင်ပြည်သူတွေဆက်ဆိုတာ.... အရှေတောင်အာရှမှကျွန်တော်တိုနိုင်ငံတစ်နိုင်ငံပဲရှိသည်။ ဒိုဗမာ..ဒို့ ဗမာ...ဒို့ ဗမာ...။

ကိုမျိုး said...

ဒီမီးစက်တွေက ခင်စောမူကွေ့က ဂရိတ်ဝေါဟိုတယ်မှာသုံးတေတဲ့မီးစက်တစ်လုံးစာပဲရှိတယ်ဘယ်လိုမီးမေးမယ်ဆိုတာကိုစဉ်းစားလို့ကိုမရတော့ဘူးအပေါ်ကကိုမျိုးမင်းပြောထားတာကဘာဝကျတယ်ဒီလိုအစားထိုးဖြေရှင်းတဲ့နည်းကအဆင်ပြေရင်တော့ကောင်းတာပေါ့ဒါပေမယ့်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေလိုင်းမင်းတွေနဲ့လျှပ်စစ်သမားတွေကိုတော်တော်ကိုထိမ်းသိမ်းရမှာ ရုံးတိုင်းလိုလို တရားဝင်လိုင်းမင်းက၁၀ယောက်ဆို လုပ်အားပေးက၂၀လောက်ရှိတယ် လုပ်ငန်းလုပ်ကြပြီဆိုရင်လည်းတရားဝင်သမားတွေကနေရိပ်ထဲထိုင်နေပြီး လုပ်အားပေးသမားတွေတိုင်ပေါ်ကိုတက်ခိုင်းတော့ကျွမ်းကျင်မှု့မရှိတော့losssess တွေကများသွားပြန်တယ် အဲဒီတော့ဒီ trnsmission ပိုင်းကဘယ်လိုမှကောင်းမလာနိုင်တော့ဘူး distribution ပိုင်းကဘယ်လောက်ထွက်တယ် ဖြန့်ဖြူးရေးပိုင်းကဘယ်လောက် ဆုံးရှုံးမှု့တွေဖြစ်နေတယ်ဆိုတာဘယ် လူကြီးမှထည့်မတွက်ဘူး ပင်စင်မယူခင်အိပ်ထဲဘယ်လောက်ရောက်အောင်ထည့်မယ်ဆိုတာပဲစဉ်းစားနေကြတာ

Powered by Blogger.