ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား

ဓာတ်ပုံ Kyae Mon
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၂။)
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံပြီး ပိတ်ဆို့ မှုတွေ လျှော့ပေါ့ပေးခြင်းအားဖြင့် မြန်မာလူထုအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်မယ် လို့ မျှော်လင့်သလို နိုင်ငံတကာ အသိုင်းအ၀ိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အပြောင်း အလဲကို ပိုမိုအသိမှတ်ပြု နားလည်သဘောပေါက်လာမှာဖြစ်လို့ အရေးပါကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ရေး အဆင်ပြေအောင် သံရုံးအသီးသီးကို ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။ နယူးယောက်မြို့ ကုလသမ္မဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေ မြန်မာဌာနရဲ့အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီးတော့ EU ဥရောပ သမ္မဂ တို့၊ နောက် အမေရိကန် ပြည်ထောင်စုတို့ကနေပြီးတော့ အရင်တုန်းက တားဆီးပိတ်ဆို့ထားတာတွေ ကို ဖြေလျှော့ပေးပါတယ်။ တချို့ဆိုလို့ရှိရင် EU ဥရောပသမ္မဂဆိုလို့ရှိရင် လုံးဝ ရုပ်သိမ်းပေးလိုက်တဲ့ သဘော ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ယာယီဆိုင်းငံ့တဲ့သဘော ဖြစ်ချင်လည်း ဖြစ်မယ်၊ အဲဒီအခါကျတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးက ဒီလိုမျိုး တိုးတက်ကောင်းမွန် လာ တာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အရေးပါတယ်လို့များ ယူဆပါသလဲရှင့်။
ဦးဝဏ္ဏမောင်လွင် ။     ။“နိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် အသွင်ကူးပြောင်းမှုတွေကို အား တက်သရော ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့လုပ်လာတဲ့အခါမှာ ဒီနိုင်ငံကြီးတွေ က နေပြီးတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို သူတို့အနေနဲ့ အလွန်ပဲ ချီးကျူးတယ်၊ အသိ အမှတ်ပြုတယ်။ ဘာ့ကြောင့်လဲ၊ သူတို့မျှော်လင့်ထားတဲ့ ခြေလှမ်းတွေထက် ပိုပြီးတော့ ကျနော်တို့ က မြန်ဆန်စွာနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုကဏ္ဍကို- အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံ ဒီမို ကရေစီစနစ်ကို နိုင်ငံရေးအရလည်း လက်တွေ့ တည်ဆောက်တယ်။ လူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလည်း ကျနော်တို့က အားတက် သရော၊ နေ့စဉ်နဲ့ အမျှ ဆောင်ရွက်နေ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ နိုင်ငံကြီးတွေကလည်းပဲ အသိအမှတ်ပြုလာခဲ့ပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး သူတို့ဘက်ကလည်းပဲ ဖြေလျှော့မှုတွေ လုပ်လာတယ်။
ဒီလို လုပ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထူးသဖြင့် စီးပွားရေးပိုင်းမှာ ပိုပြီးတော့ တိုးတက်ဖို့၊ လျှင်မြန်ဖို့ ဖြစ်လာမယ်။ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံချက်တွေမှာလည်းပဲ ပိုပြီးတော့ အရှိန်အဟုန်ရလာမယ်။ ဒါဆိုရင် လူတွေရဲ့ လူမှုစီးပွားရေး ဘဝ တိုးတက်ဖို့အတွက်ကို တဘက်တလမ်းကနေပြီးတော့ အထောက်အကူ ပြုပေးလာမယ့် အနေ အထားတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ကတော့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးတော့ မိမိအပေါ်မှာ ပြန်လည်ရင်းနှီးလာအောင်၊ နွေးထွေးလာအောင် လက်ကမ်း လာတဲ့ နိုင်ငံကြီးတွေနဲ့လည်းပဲ ကျနော်တို့အနေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကို ထူထောင်သွားပြီးတော့ အဓိက-ကတော့ ကျနော်တို့ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာဖို့၊ စီးပွားရေးဘဝတွေ၊ လူနေမှုအဆင့်အတန်းတွေ ပိုပြီး မြင့်မားလာဖို့ အတွက် ဒီလို နိုင်ငံအများအပြားနဲ့ ပူးပေါင်းဆောင်ရွက် တာတွေဟာ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခုအချိန်မှာ နိုင်ငံကြီးတွေနဲ့ဆက်ဆံရေး တိုးတက်လာတာဟာ နိုင်ငံတော်အတွက် အားရ ဖို့ ကောင်းတယ်၊ အထူးသဖြင့် ပြည်သူလူထုရဲ့ အခွင့်အလမ်းတွေ ပိုပိုပြီးတော့ ရလာမယ်။ လုပ်ငန်း ကိုင် ငန်းတွေလည်း တိုးတက်လာမယ်။
တခါ ကျနော်တို့လိုချင်တဲ့ လယ်ယာကို အခြေခံတဲ့ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲဖို့မှာလည်း ကျနော်တို့ အတွက် အထောက်အကူ ဖြစ်လာမယ်၊ ဒီလို တိုးတက်မှု အခြေအနေတွေ ဟာ နိုင်ငံတော် အတွက်၊ ပြည်သူ လူထုအတွက် ကောင်းတဲ့အခွင့်အလမ်းတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။”
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့- အခု အမေရိကန်ပြည်ထောင်စုကနေပြီးတော့ အမေရိကန် ကုမ္ပဏီကြီး တွေကို ရင်းနှီးမြှုပ်နှံကြပါလို့ ဝန်ကြီး ဟီလာရီကလင်တန်ကလည်း တိုက်တွန်းသွားတာ ကြားရပါ တယ်။ ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေများ ဘယ်လိုမျိုး လာပြီး မြှုပ်နှံမယ့် အလားအလာရော ရှိတယ်လို့ ယူဆလို့ရပါသလဲရှင့်။
ဦးဝဏ္ဏမောင်လွင် ။     ။ “ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါ တယ်။ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေ ပေါကြွယ်ဝမှုကလည်း ကမ္ဘာသိဖြစ်နေ တယ်။ အဲဒီအတွက်ကြောင့်မို့လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်းပဲ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးပြီးတော့ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်နိုင်တဲ့ အခြေအနေကောင်းတွေ ရရှိအောင် ဖန်တီးပေးနေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ဌာနပေါင်းစုံ၊ ဘက်ပေါင်းစုံမှာ သူတို့စိတ်ဝင်စား ရင် စိတ်ဝင်စားတဲ့အခန်းကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။”
ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့- အထူးသဖြင့် အမေရိကန် ကုမ္ပဏီ၊ ဥပမာ -ရေနံကုမ္ပဏီမျိုးတွေလိုပေါ့နော်။ သူတို့အနေနဲ့ စိတ်ဝင်စားတယ်လို့ရော ကြားမိပါလားရှင့်။
ဦးဝဏ္ဏမောင်လွင် ။     ။ “ကျနော်တို့အနေနဲ့ကတော့ စီးပွားရေးကဏ္ဍပိုင်းမှာ ဘက်ပေါင်းစုံ က၊ နိုင်ငံ ပေါင်းစုံက လာရောက်ပြီးတော့ ကမ်းလှမ်းနေတဲ့ အနေအထားရှိပါတယ်။ မနေ့က ဝန်ကြီး ကလင်တန် ပြောသွားတဲ့အထဲမှာလည်း သူတို့အနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ကဏ္ဍတွေ၊ သတ္ထု တွင်း ပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ သူတို့အနေနဲ့ စိတ်ဝင်စားမှု ရှိတယ်၊ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကိုင်မယ့် အလား အလာတွေရှိတယ်လို့ ထည့်သွင်းပြောကြားသွားတာလည်း ရှိပါတယ်။
အဲဒီတော့ ကျနော်တို့ဘက်ကလည်း ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်လက်ပြီးတော့ ထိတွေ့သွားမယ် ဆိုရင်တော့လည်း လုပ်ငန်း ကိုင်ငန်းတွေ ရှေ့မှာ ပေါ်ပေါက်လာစရာတွေရှိမယ်လို့ မျှော်လင့်လို့ရပါတယ်။ ”
ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံတော် သမ္မတကြီးက ဒုတိယ အကြိမ်ထပ်ပြီး ပြောတာ- ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ မြန်မာနိုင်ငံကို ပြန်လာကြပါ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီနိုင်ကြပါ တယ် ဆိုပြီး ဖိတ်ခေါ်ထားတာရှိပါတယ်။ ဝန်ကြီးတို့အနေနဲ့ သီးခြားပေါ့နော်- သက်ဆိုင်ရာ သံရုံးအသီးသီးကို ဘာတွေများ ညွှန်ကြားထားတာ ရှိပါသလဲ ရှင့်။ ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ မြန်မာပြည်ပြန်တဲ့ အခါ မှာပေါ့လေ အဆင်ပြေချောမွေ့အောင် ဆိုပြီးတော့-
ဦးဝဏ္ဏမောင်လွင် ။     ။ “ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အဆင်ပြေ ချောမွေ့ရေးနဲ့ ပတ်သက် ရင်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးများ- အဖွဲ့ရုံးများရဲ့ တာဝန်ဝတ္တရားထဲ မှာ ပြည်ပရောက် မြန်မာ နိုင်ငံ သားတွေရဲ့ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးဖို့၊ ကာကွယ်ပေးဖို့ ဆိုတာကို တာဝန်တရပ် ပြဌာန်းထား ပါတယ်။ ဒီဟာနဲ့အညီလည်း သံရုံးတွေက ဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်နေကြတဲ့ အထဲမှာ မိမိရဲ့ အသက်မွေးဝမ်းကျောင်းမှုအရကြောင့်ဖြစ်စေ၊ ရေကြည်ရာ၊ မြက်နုရာ မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင့်မို့ဖြစ်စေ ပြည်ပကို ရောက်နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အတွက်တော့ သံရုံးက အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ အကူအညီပေးဖို့လည်း အဆင်သင့် ဖြစ်ပါတယ်။
သူတို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်ပြီးတော့ အကျိုးရှိမယ့်လုပ်ငန်းတွေ လုပ်ချင်တယ် ဆိုလို့ရှိရင်လည်း သူတို့ရဲ့ တတ်ကျွမ်းထားတဲ့ အသိပညာ၊ အတတ်ပညာတွေ၊ သူတို့နဲ့ ဆက်စပ်ပြီးတော့ ရရှိလာမယ့် နည်း ပညာတွေအပေါ် မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် ပါဝင်ဖို့ အမြဲ ဖိတ်ခေါ်နေပါတယ်။
“တပိုင်းကတော့ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ဥပဒေဘောင်ပြင်ပ ရောက်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး တော့လည်း ပဲ သူတို့အနေနဲ့ သီးခြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ထိတွေ့လိုတယ်၊ ပြန်လည်ပြီးတော့ နိုင်ငံသားကောင်း တယောက်အနေနဲ့ ပြန်လည် ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုရင် တဦးချင်းအနေနဲ့ မိမိဆန္ဒကို ထုတ်ဖော်ပြီးတဲ့အခါမှာ ဆက်သွယ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ တဦးချင်း တဦးချင်း case by case စဉ်းစားပြီးတော့ ဆောင်ရွက်ပေး သွားမယ့် အနေအထားလည်း ရှိပါတယ်။ ဆောင်ရွက် လည်း ဆောင်ရွက်ပေးနေတယ်။ ဒါကတော့ ပြည်ပရောက်နိုင်ငံသားတွေ အားလုံးအတွက် ဖြစ်ပါတယ်။
“အဲဒီတော့ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်ထားတဲ့ သူတွေ အနေနဲ့ကတော့ မိမိတို့ရဲ့ ချိုးဖောက် ထားတဲ့ ဥပဒေ၊ ပုဒ်မ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စရပ်တွေနဲ့အပေါ်မှာ မူတည်ပြီး မိမိရဲ့ဆန္ဒကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြပြီးတော့ လျှောက်ထားလာကြမယ် ဆိုလို့ရှိရင်တော့လည်း ကျနော်တို့ အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ဆက်လက် တင်ပြပေးသွားဖို့ ရှိပါတယ်။”
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီး။
By ဒေါ်ခင်စိုးဝင်း (VOA)
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား Reviewed by သစ်ထူးလွင် on 12:14 Rating: 5

23 comments:

Anonymous said...

"နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးများ- အဖွဲ့ရုံးများရဲ့ တာဝန်ဝတ္တရားထဲ မှာ ပြည်ပရောက် မြန်မာ နိုင်ငံ သားတွေရဲ့ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးဖို့၊ ကာကွယ်ပေးဖို့ ဆိုတာကို တာဝန်တရပ် ပြဌာန်းထား ပါတယ်"
ပြဋ္ဌာန်းထားတာက လူကြားကောင်းအောင် စာအုပ်ထဲရေးထားတာ
လက်တွေ့အနေနဲ့ကတော့ ဘယ်မြန်မာပြည် သံရုံးမှာမှမရှိပါ တာဝန်မယူပါ ယူရကောင်းမှန်းကို မသိတာပါ
"ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံးများတံခါးဖွင့်ထားပါတယ်" ဟုတ်ပါတယ် ရသမျှအခွန် မှန်မှန်ကောက်ဖို့အတွက်ပါ တာဝန်ယူမှု့အပိုင်းသွားမေးကြည့်ပါ မသိဘူး အထက်ကညွှန်ကြား မထားဘူး တွေပဲပြောပါလိမ့်မယ်
သူများနိုင်ငံသံရုံးများနဲ့ အကုန်ယှဉ်ကြည့် အင်မတန်တာဝန်မဲ့ နိုင်ငံတကာအလည်မှာ အင်မတန် ရှက်ဖို့ကောင်းတဲ့လုပ်ရပ်တွေ အကုန်ပြုပြင်ဖို့ လိုနေတာပါ

than said...

Singapore က မြန်မာ သံရုံး ကရော ဘယ်လိုပြောင်းလဲ မှူမျိုး မှ မလုပ်တော့ဘူးလား?? ဖြစ်သင့်တာကတော့ သံရုံးတခုလုံး ရှိတဲ့ သူတွေ လဲသင့်နေပြီ ဘယ်သူမှ အသုံးမကျဘူး ပိုက်ဆံ တောင်းဘို့ပဲ ကြည့်နေတယ်

aristhteinwin said...

တရားဥပဒေ စိုးမိုးမှူတကယ်ရှိရင် ပြန်လာမှာပါ-သံရုံရော နိုင်ငံခြားရေး ဌာန ရော လာဘ်ထိုးမှ ဆောင်ရွက်ပေးတဲ့ ကိစ္စတွေ အရင် ရှင်းပါဦး။

sainyi said...

ပြည်ပေ၇ာက်မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံးတွေတံခါးဖွင့်ထားပါတယ်
လာ၇င်ငွေညှစ်ဖို့ နဲ့ ခြိမ်းခြောက်ငွေတောင်းဖို့ ပြည်ပေ၇ာက်မြန်မာတွေအားလုံးသိပြီးသားပါ ဥပဒေကျူးလွန်ထားတဲ့ သူတွေကိုတော့တည်ဆဲဥပဒေအ၇ အဆင့်ဆင့်တင်ပြပေးမယ်လို့ ပြောသွားတာသတိထားဖို့ လိုပါလိမ့်မယ်
မြန်မာပြည်မှာယခုထက်တိုင်ဥပဒေစိုးမိုးေ၇းလုံးဝမရှိသေးပါဘူး လက်ရှိအစိုး၇၀န်
ကြီးဋ္ဌါနအားလုံး ထဲမှာ ပြည်ထဲေ၇းဟာ ဥပဒေချိုးဖောက်မှူအများဆုံးပါပဲ
ပြည်ထောင်စုဝန်ကြီးတွေအားလုံးကတော့ ပြည်သူတွေကိုအနှိပ်စက်ဆုံးလို့ ပြော
လို့ ၇တယ်ပြန်လာမယ်ဆို၇င်တော့သိထားသင့်တယ်ဗျှို့ 

ပုသိမ်သား...ဆင်မ said...

အဲတာဆိုပြန်လာမှာနော်..လေဆိတ်ေ၇ာက်မှ စီးမဖမ်းရဘူးနော်...မနောက်နဲ့ ပြောင်ချင်နှေက်ချင်ရင်...လူရွင်တော်လုပ်.

youthmedia said...

လက်နက်ကိုင်ထားတဲ့ အလင်းဝင်လာသူတွေကိုတောင် ညှိနိုင်း လက်ခံနေသေးတာလက်နက်မကိုင်ပဲ ပြည်ပက ပြန်လာချင်သူနိုင်ငံသားတွေ အတွက်လည်း လမ်းကြောင်းတခုတော့ ပီပီပြင်ပြင်၇ှိသင့် ပါတယ် လက်နက်ကိုင်၇င် ထောင်ဒဏ်ဘယ်လောက်ကျမယ်ဆိုတဲ့  ဥပဒေ၇ှိ၇က်နဲ့ ဒိလူတွေကို လက်ခံပြီးငြိမ်းချမ်းေ၇း၇ှာဖွေ ပေးတာပဲ အဓိက က ပြည်ပ က နိုင်ငံသားတွေ ပြန်လာနိင်ဖို့  အစိုး၇၇ဲ့  စေတနာ၇ှိမှု့  နဲ့  စိတ်ထား ပဲ အေ၇းကြီးပါတယ် လွှတ်တော်တက်နေတဲ့ ပြည်ခိုင်ဖြိုး အမတ်လောင်းတွေ ချိုးဖောက်ဖူးတဲ့ ဥပဒေတခုမှ မ၇ှိကြဘူးလား ၇ှိခဲ့၇င်ေ၇ာ ကိုယ်တိုင်ကိုယ်ကျ ဖော်ပြ ၇ဲမှာ လား

zmt said...

ဟုတ်ပါ့မလားစောင့်ကြည့်နေရတာလည်း မျက်စိညောင်းနေပီး ကောင်းအောင်တော့လုပ်ကြပေါ့နော်

u maung maung said...

ဝန်ကြီးပြောတဲ့ “ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အဆင်ပြေ ချောမွေ့ရေးနဲ့ ပတ်သက် ရင်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးများ- အဖွဲ့ရုံးများရဲ့ တာဝန်ဝတ္တရားထဲ မှာ ပြည်ပရောက် မြန်မာ နိုင်ငံ သားတွေရဲ့ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးဖို့၊ ကာကွယ်ပေးဖို့ ဆိုတာကို တာဝန်တရပ် ပြဌာန်းထား ပါတယ်။ ဟာကြာလှပေါ့..လုပ်မပေးတာလဲကြာလှပေါ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေဟာတခြားနေရာတွေမှာထက်မြန်မာသံရုံးမှာပိုအောက်ကျပိုအနှိမ်ခံရတာဝန်ကြီးကတာဝန်.ယူရမှာစိုးလို့မသိချင်ယောင်ဆောင်နေတာလား၊မသိတာလားလို့ပဲမေးချင်ပါတယ်၊အပြောကောင်းသလိုအလုပ်လဲကောင်းစေချင်ပါတယ်၊အပြောတမျိုးအလုပ်တမျိုးတော့မဖြစ်စေချင်ပါ၊ကမ္ဘာမှာမြန်မာမျက်နှာမငယ်ချင်ပါ၊ယုံကြည်မှုကိုတည်ဆောက်ပေးကြပါလို့ဝန်ကြီးကိုမေတ္တာရပ်ခံလိုပါတယ်

soengel2 said...

သံရုံးကအမြဲတန်းတခါးဖွင့်ထားတယ်သေချာမှပြော ပတ်စပို့သက်တန်းတိုးသလိုဖြစ်နေမယ်နိုင်ငံသမတကအခွန်ကင်းလွပ်ခွင့် ၂ ရာခိုင်းဘဲစောင်ဘို့ထုပ်ပြန်တယ်မထုပ်ပြန်ခင်ကရှိခဲ့တာတွေကိုတော့အပြည့်ဆောင်နေရသလိုဖြစ်နေပါ့မယ်ပြည်ပရောက်သူအားလုံးလွတ်ငြိမ်းချမ်းသာခွင့်ကိုတရားဝင်ဘာကြောင့်မကြေညာရဲတာလဲသမတသိန်းစိန်မှာအာနာမရှိဘူးလားနိုင်ငံရဲ့အာနာကမင်းအောင်လှိုင်ဆိမှာလာိးနာဂစ်လိုဘဲမွေနောက်နေကြတာဘယ်သူဆိမှာလဲနိုင်ငံအာနာ သိန်းစိန်လား မင်းအောင်လှိုင်လား

soengel2 said...

သံရုံးကအမြဲတန်းတခါးဖွင့်ထားတယ်သေချာမှပြော ပတ်စပို့သက်တန်းတိုးသလိုဖြစ်နေမယ်နိုင်ငံသမတကအခွန်ကင်းလွပ်ခွင့် ၂ ရာခိုင်းဘဲစောင်ဘို့ထုပ်ပြန်တယ်မထုပ်ပြန်ခင်ကရှိခဲ့တာတွေကိုတော့အပြည့်ဆောင်နေရသလိုဖြစ်နေပါ့မယ်ပြည်ပရောက်သူအားလုံးလွတ်ငြိမ်းချမ်းသာခွင့်ကိုတရားဝင်ဘာကြောင့်မကြေညာရဲတာလဲသမတသိန်းစိန်မှာအာနာမရှိဘူးလားနိုင်ငံရဲ့အာနာကမင်းအောင်လှိုင်ဆိမှာလာိးနာဂစ်လိုဘဲမွေနောက်နေကြတာဘယ်သူဆိမှာလဲနိုင်ငံအာနာ သိန်းစိန်လား မင်းအောင်လှိုင်လား

minsoeaung said...

ပိုက်ဆံတောင်းမဟုတ်ပါဘူးဗျာ။
ဘီယာဘိုးလေးရှင်းခိုင်တာနေမှာပါ။
အပြစ်မရှိရင်ဘာဖမ်းစရာလိုသလဲခလေးရယ်။
အပြစ်လုပ်ထားရင်တော့နောက်လူတွေမလုပ်ရဲအောင်နည်းနည်းတော့ချောကရိုက်တော့့ ရိုက်ရမှာပေါ့ကွ။စင်္ကာပူမှာ
ြိမ်ကြိမ်ဒဏ်မိသလိုလေ။
နားလည်ဘီလား

Unknown said...

မဟုတ်မမှန်တဲ့စကားကို အတော့်ကိုခုံမင်တဲ့ နိုင်ငံခြားရေးဝန်ကြီးပဲ၊ မင်းတို့ပါးစပ်က ပြောတာနဲ့ တကယ်လက်တွေ့က ကွာချင်တိုင်းကွာနေတယ်၊ ဂျပန်က အသက်အ၇ွယ်အရ ပြည်တော်ပြန်ချင်လို့ သမတအမိန့်ကိုယုံပြီး သံရုံးသွားတဲ့သူတဦးက၊ အသနားခံစာတင်ဆိုလို့တင်တယ် ဘာမှမထူးဘူး၊ နောက်တခါထပ်တင်ဆိုလို့ ထပ်တင်တယ်။ ပိုက်ဆံပေးရမယ်ဆိုလို့ ပေးပါ့မယ်သဘောတူခဲ့တယ် ဒါပေမယ့်မထူးဘူး။ ခုတခါ မောင်လွင် ထပ်ဗျောင်လိမ်အာချောင်တာကို ယုံပြီး ထပ်သွားတော့ အသနားခံစာမဟုတ်တော့ဘူး လုပ်ရပ်တွေမှားယွင်းကြောင်း အဲဒီအတွက် ၀န်ချတောင်းပန်ကြောင်းစာတင်မှရမယ်တဲ့၊ တကယ်တော့ မင်းတို့က ခုထိ ယုတ်မာစွာ တိုင်းပြည်ကို အုပ်စိုးချင်နေကြတုန်းပဲကိုး။ သူတပါးကို ပူလောင်စေတဲ့အမှုဟာ မင်းတို့အတွက် သံသရာတခုစာပါပဲ။

welcome said...

မြန်မာသံရုံးက တံခါးဖွင့်ထားပါတယ် (ကားထွက်ရန်)။ 2015 မှာ NLD နိုင်တဲ့အခါ စင်္ကာပူနိုင်ငံက သံရုံးနဲ့တွေ့မယ်။ တစ်ယောက်မကျန် အကုန်ဖြုတ် ခိုင်းမယ်။ ဦး ၀ဏ္ဏမောင်လွင် ပြုတ်သွားရင် အကောင်းဆုံး မဟုတ်က ဟုတ်ကတွေ လျှောက်ပြောနေလို့ပါ။ မြန်မာသံရုံတွေ ကောင်းမကောင်း သိချင်ရင် ကိုယ်တိုင်သွားကြည့်လိုက်ပါ။ ကိုယ်တွေ့ သိသွားရစေမယ်။။။။

kyaw said...

"ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံးများတံခါးဖွင့်ထားပါတယ်" ဟုတ်ပါတယ် ရသမျှအခွန် မှန်မှန်ကောက်ဖို့အတွက်ပါ

မိုးတိမ် said...

ဟုတ်ကဲ့ တကယ်တံခါးဖွင့်ထားတယ်ဆိုရင် ဒီနေ့မနက် ကွာလာလမ်ပူမှာဖြစ်သွားတဲ့ ပလတ်စတစ်စက်ရုံကမြန်မာအလုပ်သမားတွေကို မလေးရှားရဲအတုတွေက အော်ပရာစီအကြောင်းပြပြီး အနုကြမ်းစီးသွားတဲ့ကိစ္စလေးကိုနမူနာအဖြစ်နဲ့လိုက်ပါကူညီဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျာ ..... အရင်တုန်းကဘဝတွေလို မြန်မာဆိုတာနဲ့မျက်နှာငယ်ရတဲ့အဖြစ်ကို စိတ်ကုန်လို့ပါ ....

MinThuKha said...

အဆိုအားလုံးကို ပိုဆိုပက်စက် ထောက်ခံပါတယ်. သူများနိုင်ငံသံရုံးတွေများ အောက်ကနေ အထက်ဝန်းထမ်းအာလုံး သူတို့လူမျိုးကို ထိလို့ကတော့ အစအဆုံး တာဝန်ယူပြီး ဖြေရှင်းပေတယ် ဒို့များတော့ မလိုပါဘူ မြန်မာတွေဘယ်လောက်သတ္တိကောင်းသလဲဆိုရင် သံရုံးမရှိလည်း ကိုယ်တိုင် ဖြေရှင်းနိုင်တဲ့ သတ္တိ ပြည်ပရောက်မြန်မာအားလုံးမှာ ရှိတယ်လို့ လက်မထောင်ပြလိုက်ပါတယ် သံရုံးကို အဓိပါယ်ဖွင့်လိုက်တဲ့အခါ အလွန်းမားကျောသော် သံဖြစ်ပြုလုပ်ထားသော ရုံးဟုဖွင့်ဆိုပါတယ်ခင်ဗျာ
ထောက်ခံကြပါ ပက်ပက်စက်စက်ထောက်ခံကြပါ....

chinese girl said...

ကိုယ့်လူတို့ရေ
သံရုံးထဲ ၀င်လို့ရအောင်တံခါးဘဲ ဖွင့်ထားတယ်လို့ ပြောတာနော်
ဘာလုပ်ပေးမယ် ၊ ညာလုပ်ပေးမယ်လို့ မပြောဘူးနော်
စင်ကာပူ သံရုံးက အဆိုးဆုံးပါ

hate love said...

ီနိုင်ငံတော်ကိုနားလည်ကြပါ။သံရုံးတံခါးတင်မဟုတ်ပါ။
သံရုံးတံခါးပြီးရင်. တရားရုံးတံခါး. ပြီးရင်အင်းစိန်ထောင်တံခါးပါ
ဆက်တိုက်ဖွင့်ထားပါတယ်။ရဲရဲသာဝင်လာကြပါ။နောက်လာမယ့်
လူတွေအတွက်နေရာရအောင်အရင်လူတွေကိုအပြင်ခဏထုတ်
ထားပါတယ်။

nandar said...

သံရုံးဆိုတာဘာကြီးတုန်း။ သက်သက်အလုပ်ရှုပ်အောင်ဖွင့်ထားတာပါ။ စက်ာပူမှာ မြန်မာအလုပ်သမားတွေဒုက်ခရောက်လို့ကတော့ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်ဘာသာရှင်းဘဲ။ မြန်မာနိုင်ငံက ဘယ်ဝန်ကြီးဘဲစကားပြောပြောသုံးစားလို့ကိုမရဘူး။ ဘာတွေပြောမှန်းလည်းမသိဘူး။ ပြောချင်ရင်လည်း ကိုယ်လူတွေနဲ့ကို စည်းဝါးကိုက်အောင် လက်ဝါးရိုက်ထားဦး။ ရီရလွန်းလို့ အူတောင်နာနေပြီ။ very funnyဘဲ ၀န်ကြီးရေ့.....

ကိုစော said...

နားနား ပြီးပြော ၀ဏ်ဏမောင်လွန်

ဝန်ကြီး ကလည်း ပြောချင်တာ ပြော
သံရုံး ၀န်ထမ်းတွေ ကလည်း လုပ်ချင်ရာလုပ် ပါဘဲ
သံရုံး ၀န်ထမ်းတွေ ၉၈.၉% ကလည်း စစ်တပ် ကလာတာ ဆိုတော့
ပြောလည်း ပြော ပြော ပါဘဲ။
ကိုယ်စွမ်းဥာဏ်စွမ်း မရှိကြဘဲ ချမ်းသာချင်ကြတဲ့ အဆင့်မြင့် သဒေါင်းဇား တွေ ပါ။

001komgmg222@gmail.com said...

(စ)လုံးမှာရှီတဲ့သံရုံဝန်ထမ်းအားလုံးကိုအလုပ်ထုပ်ပြစ်ကြပါ၊မလုပ်နိုင်သေရင်ပြောင်းပြစ်ပေးပါ(စ)လုံးမှမြန်မာပြည်သူများစိတ်ချမ်းသာစေချင်လို့ပါခင်ဗျာ။

Soe said...

ပြည်တွင်းမှာ၇ှိတဲ့ လူတွေတောင်မှ ဘာအလုပ်မှ မယ်မယ်၇၇ မ၇ှိတဲ့
ဟာကို " နိုင်ငံခြားကလူတွေ ပြန်လာယင် အဆင်ပြေ ချောမွေ့ အောင် အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် ပါဝင်ဖို့ အမြဲ ဖိတ်ခေါ်နေပါတယ် "လို့ ဆိုတာကတော့ နိုင်ငံခြားေ၇ာက်နေတဲ့ မြန်မာပြည်ကလူတွေက
နိုင်ငံခြားမှာ ကမ္ပဏီတွေ ဖွင့်ထားတဲ့ လူတွေကိုပြောတာလား
အဲဒီလောက်ပိုက်ဆံ၇ှိနေမှတော့ မြန်မာပြည်ကနေ ထွက်ပြီးသူများတိုင်းပြည်မှာ အလုပ်လုပ်နေပါ့မလား
ဘာမှ တိတိကျကျ ဥပဒေတွေ ခိုင်ခိုင် လုံလုံ ပြဋ္ဌာန်းထားတာ မ၇ှိပဲနဲ့
အလွတ်ကြီး လျှောက်ပြောနေတာ

ကောင်းစေချင်သူ said...

လုပ်ရင်လဲတိတိကျကျလုပ်ကြပါ..ညွှန်ကြားထားတယ်ဆိုရင်လဲပိုင်ပိုင်နိုင်နိုင်လုပ်
ကြပါ..ညွှန်ကြားချက်ကိုမနာခံရင်လည်းဘယ်လိုအရေးယူမှုမျိုးတွေလုပ်မှာလဲ
ပြတ်ပြတ်သားသားလုပ်ကြပါ..ယောင်တောင်ဝိုးဝါး..ဒါကတော့ဒီလိုရှိတယ်
ပေါ့နှော်..ဒီဟာကတော့ဒီလိုဖြစ်မှာပေါ့နှော်တွေလာမလုပ်နဲ့..

Powered by Blogger.