မုံရွာမြို့၏နယူးဖက်ရှင်၊ အာရှဖက်ရှင် သရုပ်ပျက် အလှပြင်ဆိုင်များ

နယူးဖက်ရှင် အလှပြင်ဆိုင်
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်တွင် နယူးဖက်ရှင်၊ အာရှဖက်ရှင်
အမည်များဖြင့် အလှပြင်ဆိုင်(၅)ဆိုင်ကို ခမ်းနားစွာဖွင့်လှစ်လုပ်ကိုင်နေပါသည်။

 ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များ၊ ယောက်ျားငယ်လေးများစွာတို့ဖြင့်
 သရုပ်ပျက်ဝတ်စားနေထိုင်ကြပြီး၊ နိုင်ငံခြားသံစဉ်တီးလုံးသီချင်းများကို ဆူညံစွာ
အချိန်ပြည့်ဖွင့်ပြီး မိန်းကလေးများမှာ ဘောင်းဘီ အတို၊ အင်္ကျီမလုံတလုံများဖြင့်
တီးလုံးနှင့်အတူ လှုပ်ရမ်းကပြီး ယောက်ျားလေးများကို ခေါင်းလျှော်ပေးခြင်း၊
နှိပ်ပေးခြင်းများပြုလုပ်ပေးကာ လမ်းပေါ်အထိ တက်ကာ ကြိုဆိုကြ ပါသည်။

မြန်မာစကားလည်း ပီပြင်အောင်မပြောတတ်ပါ။ မြန်မာမိန်းကလေးများလည်း
အားကျပြီး ပါဝင်နေကြပါသည်။ ညနေမှောင်သည့်အချိန်တွင် အခြားလူငယ်များဖြင့်
 မြင်မကောင်းပါ။ မြန်မာ့ယဉ်ကျေးမှုနှင့် တခြားစီဖြစ်ပါသည်။

မုံရွာမြို့လူငယ်ကျောင်းသား များသည် အတွေ့အကြုံနည်းပါးပြီး စူးစမ်း စမ်းသပ်ချင်
နေကြပါသည်။ စီးပွားရေးသမားများ သည် စီးပွားရေးအတွက်တစ်ခုတည်းသာကြည်
့ပါသည်။ နောက်ကွယ်ကဘာတွေရှိသလဲ။ ဘာတွေလုပ်နေသလဲမသိပါ။ ပါတ်ဝန်းကျင်
ကိုတော့ လုံးဝဂရုမစိုက်ပါ။ လမ်းမကြီးဘေး တက္ကသိုလ်ကျာင်းသား/သူအများဆုံးရှိ
သည့်နေရာတွင် သရုပ်ပျက်ဆူညံလွန်းလှပါသည်။

တိုက်အိမ်များကို အခကြေးငွေများစွာပေးငှားရမ်းပြီး၊ သရုပ်ပျက်မိန်းကလေးများ၊
ယောက်ျား လေးများစွာထားရှိပါသည်။ တိုင်းပြည်အတွက် အသိပညာအတတ်ပညာ
တိုးတက်ရေးကို လိုလားသော တာဝန်သိသူတာဝန်ရှိသူများအနေဖြင့် လူငယ်များ
 စာရိတ္တပျက်စီးမည့်အရေးကို ထောက်ရှုသောအားဖြင့် ယခုလိုသရုပ်ပျက်စွာစီးပွား
ရှာသော အလှပြင်ဆိုင်များကို တားဆီး ပေးပါရန်တင်ပြအပ်ပါသည်။

မုံရွာမြို့ မှ တာဝန်သိပြည်သူတဦး
မုံရွာမြို့၏နယူးဖက်ရှင်၊ အာရှဖက်ရှင် သရုပ်ပျက် အလှပြင်ဆိုင်များ မုံရွာမြို့၏နယူးဖက်ရှင်၊ အာရှဖက်ရှင် သရုပ်ပျက် အလှပြင်ဆိုင်များ Reviewed by သစ်ထူးလွင် on 10:59 Rating: 5

60 comments:

ကိုမုံရွာ အင်တာနက် said...

မှန်ပါတယ်ခင်ဗျာ.....

ဒီမိုအောင် said...

တာဝန်ရှိသူတွေဘယ်ရောက်နေကြပါလိမ့်။ သေချာတာတစ်ခုက တော့ ဆက်ကြေးကောက်ပြီးမသိသလိုနေနေလိုက်တာပေါ့နော်။

u kyawkyaw said...

တိုင်းဒေသကြီးဝန်ကြီးချုပ်များခင်ဗျာ။
တိုင်းမြို့ကြီးများ။ကောလိပ်များအနီးတွင်ကျောင်းသား၊ကျောင်းသူများအားပျက်ဆီးစေနိုင်သောဘီယာဆိုင်၊စားသောက်ဆိုင်ဆိုပြီးအရက်ရောင်းသောဆိုင်၊အလှပြင်ဆိုင်၊ကာရင်အိုကေ၊တည်းခိုခန်းများကိုစီမံချက်ဖြင့်ဖယ်ရှားပေးစေလိုပါသည်။
လူကြီးမင်းများအမြန်မဆောင်ရွက်ပါကလူမျိုး၏ပုံရိပ်တွင်သူတောင်းစားမျိုး၊ဒမြမျိုးအပြင်ဖာသည်မျိုး၊HIVမျိုးအရက်သမားမျိုးဟုထပ်မံတိုးပွားလာပါမည်။စိတ်ကောင်းစေတနာဖြင့်အမြန်ဆောင်ရွက်ပေးစေလိုပါသည်၊

U Chit said...

မြန်မာ့ အမျိုးသမီးေ၇း၇ာ အဖွဲ့ တွေ ဘယ်ေ၇ာက်နေလဲ ။ ဘာတွေ လုပ်နေကြလဲ ။ အဲဒီမိန်းကလေးတွေကို မထိမ်းသိမ်း ဘယ်နေ၇ာမှာ သွားပြီး အလုပ်တွေ များနေကြလဲ

မျှော်ရဇ် said...

မီဒီယာဆိုတာ ဒီလိုနေရာမျိုးမှာ ဒီလိုဖေါ်ပြပြီ တိုင်ပြည်သိ့အောင်ဖေါ်ပြပေးရမှာ ဒီလို လုပ်ရပ်မျိုးက မှန်ပါတယ်။ ဒါ (ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု) မိမိ အမျိုးဘာသာ သာဿနာကို စောက်ရှောက်ခြင်းလိုခေါ်ပါတယ်။ လက်နက်ကိုင်ပြပြီး ကားကွယ်နေမှ မဟုတ်ပါဘူး တိုင်ပြည်နဲ လူမျိုးတွေအားလုံးအတွက် မှန်ကန်တဲ့ အတွေအခေါ် အယူ အစတွေ သိ့မြင် တွေခေါ် လုပ်ကိုင်လာနိင်အောင် သူတော်ကောင်တွေရဲ့  လုပ်ရပ်မျိုးတွေ များများ သိ့မြင်လာအောင် အာဇာနည် စိတ်ဓါတ်တွေ ဖြစ်ပေါ်လာအောင် များများရေးပြီး ပုံနှင့်တကွ ဖေါ်ပြပေးရမှာပါ။ ဒါမှ အော်ဒီအလုပ်က သူတော်ကောင် အလုပ် ဒီအလုပ်က သူယုတ်မာအလုပ်ဆိုပြီး ကောင်းကောင်းခွဲးခြားတတ်မှာပါ။ ကျွှန်တော် ကွန်မန်းက ရိုင်းသလိုဖြစ်နေပါမယ်။ ဒါပေမဲ့ အမှန်ပြေားရရင် လူတွေမှာ စိတ်တွေ ရှိကြပါတယ် စိတ်ကို ထိမ်းနိင်အောင် စာပေအဆုံးအမနှင့် လူကြီးသူမ ဆွေမျိုး မိတ်ဆွေက ပြုပြင်ပေးနိင်ပါတယ်။ မြန်မာပြည်သားတွေ တော်တော်များများဟာ အူကြောင်ကြားတွေဖြစ်နေပါပြီ ကိုဘာသာ ကိုလူမျိုးကို ဂဃနဏ မသိ့သလောက်ဖြစ်ကုန်ကြပါပြီ။ ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေဖြစ်ကြပြီး ဟိုဘာသာကောင်းနိုးနိုး ဒီဘာသာကောင်းနိုးနိုး နဲ ဘာသာပြောင်း အူကြောင်ကြားတွေ ဖြစ်နေကြတာ မျက်စိ့နဲတွေတွေ့ နေရတော့ စိတ်မသက်သာပါဘူး။ ဒါကို ဒီမိုကရေစီဘက်တော်သားတွေက ခေတ်မှီတယ်လိုပြေားကြမှပါ။ နိင်ငံတိုင်မှာ မျိုးရိုးဗီဇဆိုတာ ရှိ့ ရပါတယ်။ သူများနိင်ငံတွေ မရှိရှိတဲ့ မျိုးရိုးဗီဇတွေကို မသိ့သိ့အောင်ဖေါ်ထုတ်နေတာကို ကိုမြန်မာပြည်က ရှိနေတဲ့ လက်ငုတ်လက်ရင်ကို ပြောက်အောင်လုပ်နေကြတဲ့ အူကြောင်ကြား အမျိုးဖျက်တွေ ဖြစ်နေကြပါတယ်။ အမှန်မှန်တော့ လူဆိုတာ ဆန္ဒ ကို သိက္ခာဖြင့်ထိန်းသင့်ပါတယ်။ သိက္ခာ မရှိတဲ့သူဟာ သူဆန္ဒရှိသလို လုပ်ခြင်တာလျှောက်လုပ်ပြီး ဖြစ်ချင်တာလျှောက်ဖြစ်နေရင် ငါခုံမတစ်ကောင်ကြောင့် တစ်လှေလုံးပုဒ်တဲ့ အမျိုး ယုတ်ဘ၀ရောက်ချင်မလှရောက်နေကြတာပါ။ အခု့  ကျွှန်တော်တို နိင်ငံဟာ ပြောင်းလည်နေပါပြီ ခေတ်ဆိုးတွ စနှစ်ဆိုးတွေ အောက်ကနေရုးံထွက်နေပါပြီ။ ဒီလိုအချိန်မှာ စာကောင်း ပေကောင်း အယူအဆကောင်းတွေ သိပ်လိုအပ်နေပါပြီ။ ဒါကို ဒီမိုကရေစီက ဒီမိုကရေစီ တစ်လိုင်း။ အမျိုး ဖျက်နေတာက အမျိုးဖျက်နေတာပါလားဆိုတာက တစ်လိုင် ခွဲးခြားပြီး သိ့မြင်လာအောင် စာပေပညာရှင်များက ဖေါ်ပြပေးစေချင်ပါတယ်။ ကျွှန်တော်သည် ဘာမှမဟုတ်ပါ။ မြန်မာပြည် နှင် မြန်မာတိုင်ရင်သားတွေအားလုံး ရောက်တဲ့ အရပ်မှာ ချစ်ချစ်ခင်ခင်စည်းစည်းလုံလုံးနဲ လူဘ၀မှာ လူလိုသိ့စိတ်လေးနှင့် နေနိင်တဲ့ တိုင်းပြည်တစ်ခု အောက်မှာပဲနေချင်ပါသည်။ သမ္မတ ကြီးလို အားလုံးအပေါ်မှာ မေတ္တာထားနိင်ပြီး ၊ အမေစု လိုပဲ အားလုံးကို ချစ်ပါသည်။ ပြည်သူ ပြည်သားတစ်ယောက်လိုပဲ အားလုံးအပေါ်မှာ မျှော်လင့်နေမိပါသည်။

Anonymous said...

ပျဉ်းမနားမှာလည်း ဒါမျိုးတွေ တော်တော် သောင်းကျန်းနေကြတယ်။
တစ်ချို့ဆို ရဲတွေကိုယ်တိုင်က ရေမီးစုံ-ဆိုတဲ့ မာဆက်တွေ ဖွင့်စားနေကြတယ်။
တစ်ချို့ ရဲတွေ အိမ်တွေငှားပြီး မကောင်းတဲ့ မိန်းကလေးတွေ မွေးထားကြတယ်။
ပျဉ်းမနားမှာ အဲ့သလို ရှိကြပါတယ်။

myowinhtun said...

လူငယ်တွေ ရမ်းကားလွန်းလှသည် သရုပ်ပျက်လွန်းလှသည် ရိုင်းစိုင်းလွန်းလှသည် နောက်ဆုံး ပတ်ဝန်းကျင်အတွက် အင်မတန်မှ ထိခိုက်မိပါသည်။ အဲဒါတွေရဲ့ အရင်းအမြစ်ကတော့
1။ ပတ်ဝန်းကျင်အတုခိုးမှု
2။ စူးစမ်းစမ်းသပ်လိုမှု
3။ အဓိကကျဆုံးကတော့ ခေတ်ပေါ်လစီမှာ ခေတ်စားနေတဲ့ စိတ်ကြွဆေး ကြောင့်လို့ ယူဆနိုင်ပါတယ်။
ဒါကြောင့် တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် အထူးစုံစမ်း ဖော်ထုတ်ဆောင်ရွက်သွားသင့်ပါတယ်။

youthmedia said...

နေပြည်တော်က အဘ တို့ က သည်အတိုင်းကြည့် နေကြတော့ မလား။ ဘာမှမပြောကြတော့ ဘူးလား ။ အဘ တို့ က မမြင်လို့ လား

kyawthiha said...

အင်း...မြန်မာတွေအတုယူတွေမှားနေကြတယ်...ဖက်ရှင်တွေအလှတွေပြင်ထားတာထက်....မြန်မြန်ဆန်ဆန်သနပ်ခါးလေးလိမ်းထားတာလောက်
ကြည့်လို့ကောင်းမယ်မထင်ပါဘူး........အဓိကကတော့..မြန်မာမိန်းကလေးတွေအတုယူတာ....တော်တော်လေးကိုမှားနေကြတယ်........

ZAWAUNG said...

မြန်မာအမျိုးသမီးရေးရာအဖွဲ့လား..နိုက်ကလပ်တက်နေတယ်ဗျို့..
နိုင်ငံတော်လူကြီးတွေလား..အနှိပ်ခန်းသွားနေတယ်.

kyawthiha said...

အဓိကကတော့....မြန်မာမိန်းကလေးတွေ....အတုယူတာတော်တော်လေးကိုမှားနေကြတယ်............မြန်မာဆန်ဆန်အ၀တ်အစားလေးနဲ့....မြန်မာဆန်ဆန်သနပ်ခါးလေးလိမ်းပီး.......နေထိုင်သင့်တယ်.......ဒါမှမြန်မာပီသတော့မပေါ့..........

paing said...

U Chitပြောတာမှန်တယ်

aristhteinwin said...

အုတ်ခဲကျိုးတို့ ဘာတို့  မရှိဘူးလား မုံရွာသားတို့ ရယ်- ဂဲမိုးရွားပေးလိုက်ပါ။

Unknown said...

အမျိုးသမီရေးရာရဲ့ အလုပ်တွေကတော့ ပုဝါတကားကားနဲ့ ဟိုပွဲသွား ဒီပွဲသွားလုပ်မယ်၊ စားမယ်သောက်မယ်၊ ပြည့်တန်ဆာထောင်ဖမ်းတာကို မယူတဲ့လူ ကို ထောင်ချဖို့ ရဲနဲ့ တရားရုံးကို ထောက်ခံစာရေးမယ်၊ ငွေညှစ်ချင်လို့ ဘလက်ကာယလုပ်ပါတယ်ဆိုပြီး လိမ်လည်တိုင်တန်းရင် သေသေချာချာမစစ်ဆေးပဲ ရဲကိုထောက်ခံစာရေးပြီးဖမ်းချုပ်ခိုင်းမယ်၊ ဒါတွေပါပဲ။
အမျိုးကောင်းသမီးလေးတွေ မပျက်စီးချင်ပဲ ပျက်စီးနေရတာကို ဘယ်လိုထိရောက်စွာတားဆီးမယ်၊ ပျက်စီးပြီးသားမိန်းကလေးတွေကို ဘယ်လိုပြန်လည်ပြုပြင်မယ်ဆိုတဲ့ စီမံချက်မရှိဘူး။

Unknown said...

အဲလိုလူမျိုးတွေကိုအရေးမယူဘဲ ဘာတွေလုပ်နေကြလဲ။

Unknown said...

အဲလိုလူမျိုးတွေကိုအရေးမယူဘဲ ဘာတွေလုပ်နေကြလဲ။

♥အချစ်ပါတီ...♥ said...

ကျနော်တို့ မြို့မှာလဲ ဒီလိုပါပဲ တပ်နဲမတော်တဲသားတွေ ရှိနေသမျှ ဒီလိုဆိုင်တွေ ရှိနေမှာပဲ .

chaken said...

မသိရင် လှောက်မပြောနဲ့
သေချင်းဆိုးတွေ
မေလိုးမသားတွေ
မင်းတို့ ပမာတွေ တော်တော်ကို ခေတ်နောက်ကျနေတာ
တရုတ်တွေက အဲ့လို့ ဈေးပေါပေါနဲ့ရမယ်များထင်နေတာလား
မင်းတို့ပမာ တွေလိုမဟုတ်ဝူး

mindon said...

မုံရွာမြို့က ဟိုးအရင်ကလဲ ကုလားချောင်းဆိုးပျောက်ဆေးတွေနဲ့နာမည်ကြီးခဲ့တယ်။ မြိုက စီးပွားရေးလမ်း ဆုံနေရာဖြစ်နေသလို ငွေကြေးချမ်းသာကြသူတွေများတယ်။ အဲဒီတော့ အသစ် အဆန်းဆိုလုပ်ကြည့်ချင်ကြတာနဲ့တူပါတယ်၊ တိုင်းဒေသကြီျးဝန်ကြီးချုပ် ကတခြားနေရာမှာတော့နာမည်ကြီးပြီးးဒီလိုယဉ်ကျေးမှုနဲ့ဆိုင်တဲ့နေရာမှာတော့ မသိချင်ယောင်ဆောင်နေတာလား.

chaken said...

မင်းတိုမေမေပါလိုလား မင်းတိုညီမလေးတွေပါလိုလား မင်းတို ဖာချောင်တွေ ktv .မာဆက်တွေ သွားပြောလေး အဲလိုဆိုင်တွေကျတော့ဘလိုမပြောတာလဲ

chaken said...

KTV တွေဘယ်နားသွားထားတာလဲး မင်းတိုက ပြောလေးသူတိုလဲးမျှမျှတတပေါ့ ကွ အလုပ်လုပ်ပါမင်နဲ့ မကာင်တာတွေအကုန်ပြောလေး ကွက်မပြောရဘူး သူတော်ကောင်ပိသရင် သူလဲးတော်ရမယ် ကိုယ်လဲးကောင်ရမယ် ကွ မင်တို့က ကိုယ်ကောင်ရင်ပြီတာပဲးဆိုပြီတော့မလုပ်ရဘူး မင်းတိုတက် အမျိုးသမိးရေးရာပိုသိတယ် မင်းတိုဆိုတာ သူတိုနောက်မှထမင်းစားတာ

ချင့်ယုံ said...

ဒီမိုကရေစီလည်းလိုချင်သေး၊နေရာရာတကာဆိုရှယ်လစ်ခေတ်ကလိုလည်းပြော
ချင်သေး၊သူ့ဟာသူစီးပွားရှာနေတာဘာဖြစ်လဲ။ဆင်ချင်နေတတ်တဲ့သူကင်းမယ်။
မနေတတ်တဲ့သူ ပျက်မယ်။လူဆိုတာသူ့သဘောသူဆောင်တယ်။အဲဒီပြောတဲ့
သူတွေလည်း sponsor ရှိရင်လိုက်မယ့်သူတွေချည်းဘဲ။comment ပေါ်မှာ
သာကြားကောင်းအောင်အော်နေတာ။ တာဝန်ရှိတဲ့သူတွေတောင်ပုတ်ခတ်နေ
လိုက်သေး။

BoGyiGaDone said...

အရက်ဆိုင်တွေအကုန်ဖျက်.....ဖာတန်းတွေအကုန်ဖျက်...

Ocean Tanker said...

အော်..
ွှအဲဒါအလှပြင်ဆိုင်မဟုတ်ဘူးမာဆတ်လေ
အဲဒီဟာကဖာခန်းပေါ့
အဲဒါပဲမြန်မာတွေထိုင်းနဲ့နင်လာငါလားပဲ
ဒါလားမြန်မာတွေထွီအောက်တန်းကျလိုက်ကျတာစိတ်ဓါတ်တွေက
လူငယ်တွေလဲဘာထူးလဲနိုင်ငံခြားကလူတွေနဲ့ယှဉ်လိုက်အောက်တန်းကျတဲ့စိတ်ဓါတ်တွေ

Unknown said...

အပြောကတော့ ရွေမန်းဘဲကွ ။ တွေ့ကရာ လျှောက်ပြောမနေနဲ့လေကွာ အပေါ်က လူတွေ လူတွေးတွေးကြအုံး။ ကြုံတုံးလေး မေးလိုက်အုံးမယ် သရုပ်ပြက်၊ သရုပ်ပြက်နဲ့ သရုပ်မှန်က ဘာတုန်းဗျ။ နမူနာလေး တစ်ခုလောက်ထုတ်ပြစမ်းပါအုံး။ မုံရွာသားတွေလားကွ အတွေ့အကြုံနု နယ် တယ်ပြောရအောင်။ အုန်းတော့ရပ်ကွက်ကကောင်လေးတွေလား ကမ်းနားဘက်က ကောင်လေးတွေလား နန္ဒ၀န် ၀န်းကျင်ကလားကွ။ ဟာ ဟ။ ထုတ်ပြမနေနဲ့ ဒါတွေရှိရင် ဒါဘဲလာမှာဘဲ ။။။။။။။။။

May said...

မြောက်ဒဂုံက ဟိုတယ်မိုတယ်တွေကိုလှည်း ကြည့်ပြီးတင်းကျပ်ကြပါအုန်း

D2 said...

မန္တလေးတို. မုံရွာတို.ဆိုတောမြန်မာပြည်ရဲယဉ်ကျေးမှုမြို.ကြီးတွေပါ
ခုလိုဖြစ်နေတာတွေဟာ ဗိုလ်ချုပ် ပြောခဲ့သလို ဖာနိုင်ငံဖြစ်တော.မှာလား တာဝန်ရှိတဲ့လုတွေမှာ တာဝန်သိဖို.လိုတယ်ဗျ...

fucker said...

မြန်မာနိုင်ငံသည် ဗုဒ္ဒဘာသာထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံလာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို မစော်ကားပါနှင့်။ အထက်ဖော်ပြပါ ပုံတွင်ပါသော ဖက်ရှင်ဆိုင်သည် ခေါင်းလျှော်ကုတင်များကို အရှေ့သို့ ခြေကန်ပြီး..အနောက်သို့ ဦးခေါင်းပြုထားပါသည်။ ဤလုပ်ရပ်သည် ကျွန်တော်တို့ ဗုဒ္ဒဘာကို အတည်လင်းကြီးစော်ကားထားသည်ဖြစ်၍ ၀ိုင်းဝန်းကန့်ကွက်ပေးကြပါရန်...

စိုင်းမြတ်ဦး said...

chaken မင်းကရုတ်မတွေကဈေးကြီးတယ်လို့ပြောချင်တာလား...မလေးရှားမှာ မလေးငွေ ၃၅-ကျပ် ပေးရင် တစ်နာရီ နိုတ်ပေးတယ်...ပြီးတော့ ခပ်ရိုင်းရိုင်းပြောရရင် တစ်ခါမူတ်ပေးတယ်...၃၅-ကျပ်က မြန်မာငွေနဲ့တွတ်ရင် ၉၂၀၅ ပဲကျတယ်...အဲဒါဈေးမပေါဘူးလား... တစ်ယောက်ပြောချင်ရင် အဲဒီတစ်ကိုဦးတည်ပြီးပြောပါကွ...မင်းတို့ ဗမာတွေလို့ လူမျိုးချီပြီးမပြောရဘူး...

ရွှေမိုးကြီး said...

ဒီမိုကရေစီ ဆိုယုံနဲ့ လုပ်ချင်တာလုပ်လို့ကတော့မဖြစ်နိုင် ။
မြန်မာ့ယာဉ်ကျေးမှု့နဲ့မညီတဲ့ဒီမိုကရေစီမျိုးကတော့လုံးဝ မထောက်ခံ
နိုင်ပါ၊

ngaba said...

မန္တလေးကို နယ်ချဲ့ကသိမ်းပိုက်ပြီး မုံရွာဖက်ကို မြားဦးလှည့်လာတာပါ... ဒီအောက်လမ်းနည်းတွေက အစွမ်းထက်တယ်.. တော်ယုံနဲ့ မကာကွယ်နိုင်ဘူး။ နောက် အနှစ်၂၀ တရုပ်ပြည်သူ့မြန်မာနိုင်ငံတော် မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။

naughty boy said...

အနှိပ်ခန်းလိုလို ဖာခန်းလိုလိုဖွင့်တာ ဒီမိုကရေစီမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ လမ်းပေါ်မှာ ကိုယ်တုံးလုံးသွားတာ မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံက ဖာတွေက တစ်ပတ်တစ်ခါ ဆေးစစ်ရတဲ ဥပဒေတွေ ပြဌာန်းထားတယ်။ HIV positive ဖြစ်နေရင် ဖာအလုပ် လုပ်လို့မရဘူး။ ဒီမှာက အမှန်အကန်လေးပါ ဆိုပြီး ယုံလိုက်လို့ အေကိုက်ခံလိုက်ရတဲ့လူတွေ မနည်းဘူး။ ဒါကြောင့် လွယ်လွယ်ကူကူ ဖာလုပ်လို့မရဘူး။ ဖာဖြစ်ချင်ရင် ဥပဒေနဲ့အညီ ဖြစ်ရတယ်။ ဟိုလိုလို ဒီလိုလို လုပ်လို့မရဘူး။ ဟိုလိုလို ဒီလိုလို လုပ်တာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဖက်။ အခု ဒီမှာ ဟိုလိုလို ဒီလိုလို လုပ်နေပုံမျိုးက ဒီမိုကရေစီနဲ့ လားလားမျှ မအပ်စပ်။
အဲဒီတော့.. မင်းတို့ဖာသာ ပြောချင်တာပြော..
ဒီမိုကရေစီဆိုပြီး မဆိုင်တာတွေ.. နားမလည်တာတွေ ဆွဲမထည့်နဲ့..

ွjelly bee.. ငါနားလည်သလို ပြောကြည့်မယ်။
ကိုယ့်ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်တာကို သရုပ်မှန်လို့ခေါ်တယ်။
ကြက်က ဘဲကိုအားကျပြီး ရေထဲခုန်ဆင်းဖို့ကြိုးစားရင် သရုပ်ပျက်။
ဗမာက ဗမာလိုမတွေးပဲ ကိုရီးယားလို တွေးနေရင်.. ကုလားလိုတွေးနေရင်.. အမေရိကန်လို တွေးနေရင်..
ကိုယ့်အရည်အချင်း ပြည့်ဝအောင် မကြိုးစားပဲ.. ကိုယ်ပိုင်အရည်အချင်းမရှိပဲ.. အပေါ်ယံ လုပ်ရပ်တွေကို အားကျပြီး လိုက်လုပ်နေရင် သရုပ်မမှန်တဲ့ သရုပ်ပျက်လို့ခေါ်တယ်။
သူဌေးဖြစ်လောက်တဲ့ အရည်အချင်းရှိသူက သူ့ကိုယ်ပိုင် ဟန်၊ အတွေး၊အပြုအမူ၊ အကျင့်အကြံ သူ့ဟာသူရှိတယ်..
ကိုယ့်မှာ တကယ်မရှိပဲ ရှိတဲ့လူတွေ လုပ်သလို လိုက်လုပ်၊ လိုက်ပြော၊ လိုက်ဝတ်နေတာ စိတ်အခြေအနေ ပုံမှန်မဟုတ်လို့ပဲ။ စိတ်အခြေအနေ မမှန်ရင် လုပ်ရပ်တွေ မမှန်ဘူး။ လုပ်ရပ်မမှန်ရင် သူ့ရဲ့သဏ္ဍန်အရုပ်တွေ မကောင်းနိုင်ဘူး။ သဏ္ဍန်အရုပ်မကောင်းတာကို သရုပ်မကောင်းတာလို့ခေါ်တယ်။ သရုပ်မကောင်းတာ သရုပ်ပျက်တာပဲ။
စိတ်အခြေအနေ ပုံမှန်ဖြစ်နေရင် သရုပ်မှန်..ဖြစ်မယ်။
စိတ်အခြေအနေ ဖေါက်ပြန်နေရင် သရုပ်ပျက် မယ်။

lwannaymie said...

ဒါလေးကို ဒီလောက်ပြောဖို့အလှည့်အရောက်သေးပါဘူး။ မြို့ကြီးပေါ်က ဖာခန်းတွေနဲ့ အပေါ်အောက်အနှိပ်ခန်းတွေဆို ဘယ်လိုပြောကြမလဲ။ အစိုးရကလဲအလုပ်အကိုင်ကောင်းမှမပေးနိုင်ဘဲ၊ ကုန်ဈေးးနှုန်းကအရမ်းကြီး တယ်၊ ဖြစ်သလိုလုပ်စားနေကြတယ်။(အစိုးရမှာတာ တာဝန်အရှိဆုံးဘဲ။)
(မှတ်ချက်...နိုင်ငံတစ်ကာမှာဖာတန်း၊အလွတ်အနှိပ်ခန်းက
သီးသန့်လိုင်စင်နဲ့ ရဲတွေလဲဂွင်ရိုက်လို့မရဘူး။)

ဇာမဏီ said...

....ဘာမှ အော်မနေကြနဲ့ မြန်မာပြည်တပြည်လုံးအနှံ့ ဖာတွေချည်းဘဲ ။
မယုံရင် တပြည်လုံးပတ်ကြည့် ကြ ။ ကွန်ပြူတာရှေ့ကနေ ထိုင်အော်မနေ
ကြနဲ့ ။ ဂေါင်းတွေက ရဲတွေ ။ ကာစတမ်မာတွေက ဌာနဆိုင်ရာအရာရှိ
တွေ ။ ဗိုလ်ကြီးတွေ ၊ ဗိုလ်မှုးတွေ ။တခါတလေ ၀န်ကြီးထိတောင်ပါသေး။
မြန်မာပြည်မှာက ၀န်ကြီးတွေနယ်လာလို့ဖားရရင် ပိုက်ဆံနဲ့တင်မရဘူး ။
ခြေတော်တင်စရာလေးလဲပါမှ .. အရင်က ခယက ဥက္ကဌတို့ဘာတို့ဆိုရင်
ကိုယ်ပိုင် စည်ဘီယာဆိုင်ဖွင့် ၊ စင်တင်တွေဘာတွေနဲ့ ။ ဖာဘိတောင်ဖွင့်
ထားလိုက်သေး ။ စိတ်ဓါတ်တွေက အောက်တန်းကျလာခဲ့တာ နှစ်လေးဆယ်လောက်ရှိနေပီ ။ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး
ကရော ယဉ်ကျေးမှုကို ဘယ်လောက်တန်ဖိုးထားလို့လဲ ။ဦးဝင်းစိန်တို့ခောတ်ကဆိုပိုဆိုးပေါ့ဗျာ ။ပြည်ထဲရေးဝန်ကြီးဌာနကရော ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲတိတိကျကျထိထိရောက်ရောက်အရေးမယူဘဲ လာဘ်ပေးလာဘ်ယူနဲ့ပဲနေလာခဲ့တာလေ။ကြိုက်သလောက်အော်
ဒီလူတွေနဲ့ ဒီစနစ်ကြီးနဲ့သွားနေလို့ကတော့ ။ သမ္မတကြီးရေ .... တာ့တာ

Shin Myochit said...

သြော် ကြားရ၊သိရတာတွေ ကိုယ့်နိုင်ငံအတွက်ရင်လေးလိုက်တာ။ဦးသန်းရွှေ
ရေ အစတုံးကပြောတော့ပန်းခင်းလမ်းကိုဖေါက်ပေးနေတာဆိုခုတော့ဆူးခင်း
တဲ့ဖာလမ်းကိုဖေါက်ခဲ့ပြီပေါ့၊အကျင့်စာရိတပျက်ပြားသူတွေဒီလောက်များနေတာ ဆူနမီေ၇လှိုင်းနဲ့တိုက်သတ်ရင်တောင်မှကုန်မှာမဟုတ်ဘူး။သမတ ကြီးရေ လေးစားပါတယ်၊အပြောနဲ့တော့မရ
တော့ဘူးနော်။ပြောနေရင်သူများသိတာဘဲ၇ှိမယ်။ဘယ်တော့လက်တွေ့နဲ့ပြမှာလဲမကောင်းတာတွေများနေလို့
သိပ်ခက်ခဲနေပြီလား၊အကျင့်ပျက်တဲ့သူတွေကိုအရေးယူရမဲ့(ရဲ)တွေကိုယ်တိုင်
ကအကျင့်ပျက်နေတော့၊သူတို့ကိုဘယ်သူကအရေးယူမှာပါလဲ၊သူတို့ဋ္ဌာနအလကားအပိုဖြစ်နေပါပြီ၊အဲဒီဋ္ဌာနဖြုတ်ပြီးအသစ်ပြန်ဖွဲ့ရင်ကောင်းမယ်။တခါတုံးကအသေးချေးငွေဋ္ဌာနကိုအကျိုးမရှိလို့ဋ္ဌာနပြောင်းဖွဲ့သလိုမျိုးဖြစ်သင့်ပါသည်။ဒါပေမဲ့အကျင့်ပျက်ရဲများကိုတော့သေချာစီစစ်ရွေးချယ်သင့်ပါသည်တယောက်ချင်းဖြုတ်တာသိပ်မထိရောက်ပါ။အနာသိလျှင်ဆေးရှိရပါမည်၊လက်တွေ့လုပ်ကြည့်ပါ။နောက်ပြီးဝန်ထမ်းကဒ်တွေမှာနာမည်စာလုံးကြီးကြီး
၁၀ ပေအကွာမှမြင်သာအောင်ရေးစေချင်ပါသည်၊အထူးသဖြင့်လဝက ဝန်ထမ်း
များအကောက်ခွန်ဝန်ထမ်းများအစရှိသဖြင့်။ မကောင်းတာကိုမကောင်မှန်းသိလျှက်နဲ့ဆက်ပြီးလက်ခံနေရင်တော့ ပိုပြီးဆိုး
လာမဲ့အခြေအနေကိုဖန်တီးနေတာနဲ့အတူတူပါဘဲ။

Tay Zar said...

ဟုတ်ပါတယ် သရုပ်ပျက်လွန်းပါတယ်
ကျွန်တော်လည်း မုံ၇ွာသားပါပဲ

myintkoko said...

မုံရွာသားတွေမင်းတို့ ကြီးကြီးကျယ်ကျယ်တွေးမနေနဲ့ 
မင်းတို့ ဆီမှာဈေးကွက်ရှိလို့ လာတာပေါ့
အညှီရှိ၇ာမုံရွာသားလာလေကွာ
မင်းတို့ မုံရွာမှာ မလုပ်၇၇င်မနလေးသွားကမြင်းနေတာမဟုတ်လား
ဒီခေတ်မှာဘယ်သူကိုမှသွားမပြောနဲ့ တော့ကိုယ်ကိုကိုယ်ထိမ်း
ဖို့ ဘဲလိုတယ်

တောင်ဇလပ်ပန်း said...

ရေးကြ၊ ပြောကြပါ ... မင်းဆဲတော့ ဘယ်သူ့ကိုလဲ မင်းတို့ပြောနေတဲ့ အကြောင်းအရာတွေက ဘာလဲ ယဉ်ကျေးမူ ဟုတ်လား။ မင်းတို့ တွေကော ယဉ်ကျေးမူရှိတယ်လို့ထင်နေကြတာလား။ ကိုယ့်ဟာကိုသေချာ ကြည့်ပြီး ရေးကြစမ်းပါ။ လူကို ဘာမှမသိတဲ့ အတိုင်းရေးမနေကြနဲ့ ယဉ်ကျေးမူလေး ဘာလေးနဲ့ .. မင်းတို့ယဉ်ကျေးမူကို မင်းတို့သိလား။ ကိုယ့်သမိုင်းကိုတောင် ကောင်းကောင်းမသိပဲ လျောက်ရေးနေတာ ... အလကားကောင်တွေ .. ကိုယ်တိုင်ကျတော့ ကွမ်းသွေးတောင် စနစ်တကျ မစွန့် တတ်ပဲ ကြုံရာမှာ မြင်မကောင်းအောင် ထွေးနေတဲ့ကောင်တွေ ... သူများမကောင်းတာ မပြောခင် ကိုယ့်ဟာကို ဘယ်ကောင်းသလဲ ကြည့်ပါ .. ကိုယ့်လူမျိုးကိုပဲ အမြဲ စော်ကားစကား ဆိုမနေကြနဲ့ .. မြန်မာပြည်တိုးတက်အောင် ယဉ်ကျေးမူ ခိုင်မာလာအောင် မင်းတို့ ဘာလုပ်နိုင်လဲ .. ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ နားလည်လား။။။။ လက်ပါလို့ အားကြီးရေးမနေကြနဲ့ တန်ဖိုးမရှိဘူး ..

udana said...

မုံရွာမှရပ်မိရပ်ဖများခင်ဗျားဒီကိစ္စဒီနေရာ၊ဒီစရိုက်တွေကို လုံးဝလက်မခံပါနှင့် ။ လက်ခံလျှင်အချိန်တိုအတွင်းတစ်မြို့ လုံးဖုံးလွှမ်းသွားလိမ့်မယ်။
နောက်ထပ်လာမည့်ဆိုင်တွေအများကြီးရှိနေသေးသည်ဟုကြား
သိရပါသည်ရင်လေးလို့ ပါ။

KhaungYan said...

မုံရွာတကသိုလ်ဟာ အထက်ချင်းတွင်းမှာရှိတဲ့ မြို့ရွာအားလုံးရဲ့ ကျောင်းသားအများစု ပညာသင်ကြားရာဌာနဖြစ်ပါသည်။ ရိုးသားပြီးဘာအတွေ့အကြံမှမရှိတဲ့ တူ တူမ မောင် ညီမ တွေ အားကျ အတုယူမှားပျက်စီးမှာ စိုးရိမ်မိပါသည်။ မုံရွာမှ ရပ်မိရပ်ဖများနဲ့ တာဝန်ရှိသူများ ဒီဆိုင်များအား အမြန်ဆုံးအရေးယူဖယ်ရှားပေးပါရန်တောင်းဆိုပါသည်။

Unknown said...

သိတော့သိစေ မမြင်စေနဲ့ ဆိုတဲ့မြန်မာစကားပုံ အတိုင်းလုပ်ပါလားဆိုင်ရှင်ရယ်
လူတွေမြင်ကြစေတော့ ပြောကြဆိုကြမှာပေါ့ သတိတရားလက်ကိုင်ထား
အတွေးအခေါ်မြင့်မားစွာတွေးပြီး မိမိအလုပ်ကို ဆင်ခြင်မှုနှင့် လုပ်ကိုင်ပါ

Unknown said...

သိတော့သိစေမမြင်စေနဲ့

minmyozeya said...

အဟဲ.. ဆရာကိုတာတို့ ရဲ့ မုံရွာမှာ ဒီလို ဒီလို တွေဖြစ်နေတာ အံ့စရာပါကွယ်...၀ိုင်းဝန်းညီညာဖေါ်တုတ်ပေးကြပါ...
တောကကိုကျော် ကလဲဖေါ်ထုတ်ပေးပါဦး ပျဉ်းမနားအကြောင်းလေး

kyawgyi said...

မြင်နေရပါတယ်ဗျာ။ မကြည့်ချင်မှအဆုံး...

kyawgyi said...

မြင်ရတာ ရိုင်းလွန်းတယ်ဗျာ။ လူမြင်လဲမကောင်းဘူး

Ai Sai said...

မင်းတို့တောင် တနှာရူးပြီးဒီလိုဆိုင်တွေသွားနေကြတာပဲမဟုတ်လား
မင်းတို့ကသူများစီးပွားဖြစ်နေတာကိုမနာလိုတာလားဟုတ်လား
မင်းတို့သူများလိုချမ်းသာချင်ရင်သူများလိုကြိုးစားလေ
ဘာလို့သူများ စီးပွားရေးကိုလိုက်ပုတ်ခတ်နေတာလဲ
မင်းတို့ လို မုံရွာသားတွေကိုတော့ ငါတို့နားမလည်တော့ဘူး
မုံရွာသားတွေ ရိုင်းတယ်ဆိုတာအခုမှပဲလက်တွေ့မြင်ဖူးတော့တယ်

မျိုးချစ်သူ said...

သာအေး စာမရေး( ငွေလက်ခံဖြတ်ပိုင်းမပေးပါ)ဆိုရိုးအတိုင်းမှိတ်နေတာဖြစ်ပါသည်။

Nge Lay said...

မုံရွာမြို့  သည် ပိုက်ဆံရှိသားသမီးများနှင့် အရာရှိသားသမီးများ အုပ်ချုပ်နေသောမြို့ဖြစ်ပါသည်။ (စုံစမ်းကြည့်ပါရန်)

ozone said...

ဘာလဲဟ......

ozone said...

မောင်၇င်တို့ မင်းတို.ဆွေမျိုးတွေပါသွားလို.လား စိတ်မကောင်းစရာဘဲ........

Ko Thu said...

မုံရွာသားတွေ မုံရွာသူ တွေမှာ တာဝန်အရှိဆုံးပဲ...တိုင်းတပါးယဉ်ကျေးမှုကို အထင်ကြီး နေတဲ့သူတွေ....ကြာရင် မန်းလေးမြို့လို တရုတ်မြို့ ဖြစ်လိမ့်မယ်...ချင်းတွင်းသားတွေစည်းလုံးကြရမယ်...ဒီမိုကရေစီလမ်းကြောင်းနဲ ဘာမှ မဆိုင်ဘူး...နိုင်ငံခြားမှာ ဆော်တွေ အဲလောက်မဆိုးဘူး...ဇာတ်ကားတွေထဲမှာ ဆိုးတာအပြင်မှာ လုံလုံခြုံခြုံဝတ်တာ တွေရတယ်ဒီက မြန်မာအမျိုးသမီးတွေ မသိမှာဆိုးလို့ပြောလိုက်အုံးမယ်...အဲလိုကြပ်ကြပ်လုပ် ထိုင်း လို ဖာ ဖြစ်ကုန်မယ်..

Ko Thu said...

ပြန်ကြားဝန်ကြီးဌာန က ကိုးရီးယားပြန်ကြားရေးဝန်ကြီးဌာနလို့ အမည်ပြောင်းခေါ်ရ မယ်....မြန်မာပြည်မှာ ရုပ်သံလိုင်း ၄လိုင်းရှိတယ်...MRTV,MRTV4, MWD,Channel7 ကိုးရီးယားကားမပြတဲ့ လိုင်းရှိလား ....ကြည့်လိုက် တခါတလေ ၄ လိုင်းလုံးေ-ာက်ကိုးရီးယားကားပဲ ပြနေတာကိုး....အဲကိုးရီးယားမတွေကို အားကြပြီး မြန်မာမတွေလဲေ-ာက်ကျင့်တွေပျက်ကုန်ပြီ....မြန်မာ ဇာတ်ကားကိုကြတော့ တစ်ပတ်မှာ တစ်ရက်ပဲ ပြတဲ့ မြန်မာ့ပြန်ကြားရေးဝန်ကြီးဌာန...နိုင်ငံခြားကားတွေမှာ ရင်ဟိုက် ..ပေါင်ပေါ်တာတွေကြတော့ မမြင်အောင် ပုံဖျက်....MRTV4 ကဖတ်ရှင်တွေ ကြိုက်သလိုပေါ်နေတာ ကြတော့မဖျက်ဘူး...ဒါလားမြန်မာ့နိုင်ငံရုပ်ရှင်အစည်းရုံးနဲ ပြန်ကြားရေးဝန်ကြီးဌာန ....ကြည့်လည်းလုပ်ကြအုံး...နောင်လာမယ့် မိဘတွေ..ကိုသားသမီးတွေကို ကြည့်တာထိမ်းတော့.ဟေ....

Show said...

ဘောင်းဘီတိုဝတ်တာနဲ့ပဲသရုက်ပျက်ဖြစ်ရောလား
မိန်းကလေးတယောက်အတွက်ဘောင်းဘီနဲ့ထမီ ဘယ်ဟာကပိုလုံခြုံလဲ
ဒီလိုဝတ်လို့မကြည့်ချင်ဘူးဆိုအဲဒီကောင်အခြောက်ပဲဖြစ်မယ်
ဘာလာလာဘေးတီးမယ်ဆိုတဲ့commentရေးတဲ့ကောင်တွေ
နည်းနည်းစဉ်းစားအုံး
ကိုယ်တိုင်ကောင်းအောင်နေ
သူများတွေကိုပဲဘေးတီးမနေနဲ့
ဘောင်းဘီတိုဝတ်တိုင်းသာသရုက်ပျက်ဆိုရန်ကုန်ကလူတွေအကုန်သရုက်ပျက်ကုန်ပြီ
ဘုရားပေါ်ကိုဘောင်းဘီတိုနဲ့သွားရင်ပြော အဲဒါမှသရုက်ပျက်ကွ
တောသားတွေ၇ဲ့

zawgyimin said...

မုံရွာသားတိုင်းလည်း မရိုင်းကြပါဘူး။
သူတို့တွေကို တွေ့ချင်ရင်မမြင်ချင်အဆုံး ကျောက်ကာလမ်းမကြီးပေါ်မှာလေ။ဆိုင်ထ` တင်မဟုတ်ပါဘူး။အပြင်မှာလည်း ကိုယ်စီန`့ပါ။
ဒီလောက်ပူတ`့ ရာသီဥတုကြီးမှာ နေလယ်အပူဆုံးအချိန်မှာတောင်
တော်တော်များများက ဦးထုပ်၊ထီး၊ လက်ရှည်တွေန`့ ထွက်နေချိန်။
သူတို့ခမျာ ပူလွန်းလို့ အတိုလေးတွေန`့။

ကောင်းစေချင်သူ said...

သေသေချာချာစူးစမ်းလေ့လာပြီးမှ..ပြောကြပါ
လုပ်ကြကိုင်ကြတာအကောင်းဆုံးပါပဲ တစ်ခါတစ်လေ
ဖြစ်တတ်တာတွေက..သူများစီးပွားရေးလုပ်လို့
အနည်းအကျင်းအောင်မြင်လာရင် မနာလိုဖြစ်ပြီး
ချောက်တွန်းတတ်တာတာမျိုးလဲဖြစ်တတ်ပါတယ်
နိုင်ငံတကာနဲ့ယှဉ်ပြီး ဝေဖန်ကြဖို့လဲလိုပါတယ်
အလွန်အကြွံ ဖြစ်နေရင်တော့လဲတစ်မျိုးပေါ့လေ..

ozone said...

ကောင်းစေချင်သူေ၇ခင်ဗျားပြောတာမှန်ပါတယ်....

Ai Sai said...

မင်းတို့မုံရွာက ရိုင်းတဲ့လူကြီးပဲမဟုတ်လား မင်းတို့မုံရွာသားတွေ မိုက်ရိုင်းပြီး
သူများဆိုင်ထဲထိ ၀င်ရိုက်သွားတာလေ အဲဒါလားမုံရွာသားတွေမရိုင်းတာ
မင်းတို့သွား ကြည့်လိုက် ဒီလောက်ကြီးတဲ့ ရန်ကုန်မြို့တောင် ဒီလောက်မရို်င်းဘူး မင်းတို့ ရန်ကုန်ကိုမရောက်ဖူးဘူးထင်တယ်
ရန်ကုန်က ၀တ်တာစားတာတွေသွားကြည့်ပြီးမှပြောဟ
မင်းတို့ ထားတဲ့ဆော်တွေ မင်းတို့မွေးလာမဲ့သားသမီးတွေ
ဒီလိုမဖြစ်အောင်ပဲ မင်းတို့ တားပါ မင်းတို့သူများကိုမဝေဖန်ပါနဲ့
မကဲ့ရဲ့ပါနဲ့ ၀တ်ဆိုဆာလည်တတ်တယ်ဆိုတာပဲမင်းတို့ သိမယ်လို့ထင်ပါတယ် မင်းတို့ ကိုယ်မင်းတို့လဲပြန်ကြည့် လူရုပ်နဲ့
တူသေးလားလို့ ဖာကောင်းရုပ်ပေါက်နေပြီ ဟ မုံရွာသားတွေရ
ဟားဟား........ဟားဟား.......ဟားဟား..........

မုံရွာကိုချစ်သောမုံရွာသား said...

မုံရွာသားတွေရိုင်းတယ်လို့ အားလုံးကိုခြုံမပြောရဘူးလေ ...မင်းအခုနေနေတာဘယ်မြို့ လဲသေချာစဉ်းစားနော်.....

မုံရွာကိုချစ်သောမုံရွာသား said...

ai sai မင်းသတိထားနေပေါ့ကွာ.....

wmt said...

Ai Sai lay မင်း comment ကို ဖတ်ပြီး မနေနိုင်တော.ဘူးကွာ။
New fashion (or) Asia fashion Owner ma lay ဖြစ်နေမလား လို.တွေးမိတယ်။
မုံ၇ွာသား မှန်ရင် လက်သွက်တယ်။ မဟုတ် မခံစိတ်ပေါ.။ ရန်ကုန်က ၀တ်ထားတာ ကြည်.ပြီးမှ ပြောဆိုတော. ဟဲဟဲ။
၇န်ကုန် နေတဲ. စတိုင်ဖမ်းထားတယ်နော်။
ရန်ကုန်မှာ ၀တ်စားထားတာတော. မုရွာက သူဌေးသမီးထက်သာ အဆ ၁၀၀ သာပါတယ်ကွာ။ ဒါပေမယ်. အ၇မ်းမိုက်အောင် ၀တ်စားထားတာ ၇ဲ. ၇၅% က money ပေးနိုင် ရင် ခေါ်လို.၇နေတာ က ကိုယ်တွေ.ပါ။ ပြည်လမ်းက SHWE LI BARBECUE ဆိုင် taxi ပေါ်က lady ၄ယောက် ဆင်းလာတာ မြင်တော. တော်တော်မိုက် တယ်လို.ပြောတော. ရန်ကုန်သား ကုန်သည်မိတ်ဆွေက မင်း ၁ သိန်းသုံး နိုင်လားလို.မေးတယ် မယုံတာ နဲ. ၅၀၀၀ တန် ၁သိန်း ထုတ်ပေးတော. တကယ်ပါပဲ။ အဲဒီညက မု၇ွာသူ ထက်သာအောင် ၀တ်ထား တဲ. one lady နောက်နေ. မိုးလင်းမှ ပြန်သွားတယ်။ မု၇ွာသူ သဋ္ဌေးသမီး တွေ ဒူးခေါင်းအထက် mini jean skirt ၀တ်ပြီး cycle မောင်းတော. ပေါင် အတွင်းသား ဖြူဖြူဖွေးဖေး က ပေါ်နေ တယ် ဒါကို ၇န်ကုန်သား မိတ်ဆွေက မြင်ပြီး မိုက်တယ် လို.ပြောတော. ၁ ည ၁သိန်း သုံးနိုင်လည်း မ၇ဘူးနော် လို.ပြန်ပြောတော. သိပါတယ်ကွာ မုံ၇ွာသူ တွေက model style ဖမ်းချင်တာ ဟိုက ကားစီး တာကွ money အတွက် ၀တ်နေတာ က များတယ် ဒီက မုံရွာသူတွေက မြင်သူ မနေနိုင်အောင် အလကား ပြနေတာ လို.ဝေဖန်ပြောတော. မုံရွာ သား လေး မျက်နှာပျက်ခဲ.ရတယ်။ ရန်ကုန်သူတွေ model တွေ hot တာ အားမကျပါနဲ.ကွာ Ai Sai lay, sponsor ရချင်နေ ရင်တော. အားကျပေါ.ကွာ။ အဲ ရန်ကုန်သားမှ မဟုတ်ဘူး ယောက်ကျားတော်တော် များများက ယဥိကျေး လုံလုံခြုံခြုံ design လေးကိုမှ ထာဝရ လက်တွဲချင်ကြတာ။ အပျော်အတွက် ဆိုရင်တော. very hot design ပေါ.။

Powered by Blogger.