ပုသိမ်သို့ ၈၈ မျိုးဆက်ကျောင်းသားများရောက်ရှိလာ

မေ ၁၂၊ ၂၀၁၂ (YPI)

မင်းကိုနိုင်၊ကိုကိုကြီး ၊ကိုပြုံးချိုတို့ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ပုသိမ် မြို့ သို့ ယနေ့နံနက် ၉ နာရီတွင် ရောက်ရှိလာပြီး မူလက လူထုကိုဟောပြောရန် စီစဉ်ထားသည့် မြောင်းမြကျောင်းတွင် ဟောပြောခွင့် မရသဖြင့် မြို့တွင်းသို့လှည့်လည်ကာ ရွှေမုဋ္ဌောဘုရား ၊ရေကြည်ဦးဘုရား ၊တို့ကိုလှည်လည်ဖူးမြော်ခဲ့ရာ လမ်းခရီးတွင် ပုသိမ်မြို့လူထု က ကြိုဆိုလိုက်ပါခဲ့ကြသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ နှင့်အတူ Generation Wave အဖွဲ့ဝင်များ၊မအူပင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ ပါဝင်ကြပြီး ပုသိမ်မြို့တွင်း လမ်းတလျှောက်တွင်လမ်းများပိတ်အောင်အထိ ပုသိမ်မြို့ခံတို့က ဘုရားများသို့လိုက်လံပါဝင်ပို့ဆောင်ပေးခဲ့သည်။


 
ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပုသိမ်လူထုကို နှုတ်ဆက်နေစဉ်

ဘုရားဖူးအပြီး ၈၈ အဖွဲ့နှင့် လိုက်ပါပို့ဆောင်ခဲ့သူ များကို မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်တွင်အလှူရှင်များ
က နေ့လည်စာကျွေးမွေးပြီ ထိုမှ တဆင့် မြို.နယ် NLD ရုံး သို့ ၈၈ အဖွဲ့ဝင်များ ကိုယ်တိုင်လမ်းလျှောက် ပြီးသွားရောက်
ကာ ငြိမ်းချမ်းရေးနှင်းပွင့်လင်းလူ့အဖွဲ.အစည်း ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထိုသို့ ဟောပြောရာတွင် ကိုမင်းကိုနိုင်က ‘ အစလာတုန်းက တော့လူထုကိုမကြောက်အောင်ဟောဖို.ပဲ၊ ဒါပေမယ့်အခု
တော့ အာဏာပိုင်တွေကိုမကြောက်အောင်ပြောရတော့မယ် မှန်တာလုပ်တဲ့သူမှန်သမျှ ကျွန်တော် တို.ကို ကြောက်စရာမလို.ဘူးဆိုတာ ဒီကနေပြောပါရစေ’ ဟုပြောကြားခဲ့သည်။


ကိုမင်းကိုနိုင်ဟောပြောပြီးနောက် ၊ကိုကိုကြီး၊ကိုဋ္ဌေးကြွယ် တို.က အစဉ်လိုက်ဟောပြောပြီးကို ဘုန်းမော်နေ့တွင်
အတူတူကျဆုံးခဲ့သော ပုသိမ်မြို့ သား ကိုစိုးနိုင်အတွက် ပန်းကုံးကို ကိုစိုးနိုင်၏ အစ်မ အရင်းထံပေးအပ်ခဲ့ ကာ ဟောပြောဖွဲ. အခမ်းအနားပြီးလျှင် ၈၈ မှကျောင်းသားအချိုလို ကိုဂျင်မီ ဦးဆောင်ကာငွေဆောင်ဘက်သို့ ဆက်လက်ထွက်ခွာမည်ဟုသိရ သည်။

ချောင်းသာနှင့်ငွေဆောင်တို့တွင်ဖြစ်ပေါ်နေသော မြေယာမြေယာသိမ်းမှုများကိုဖြေရှင်းပေးရန်လာရောက်ခြင်းဖြစ်သည်ဟုလည်း မင်းကိုနိုင်ကပြောဆိုခဲ့သည်။          ။
 Yangon Press International
ပုသိမ်သို့ ၈၈ မျိုးဆက်ကျောင်းသားများရောက်ရှိလာ ပုသိမ်သို့ ၈၈ မျိုးဆက်ကျောင်းသားများရောက်ရှိလာ Reviewed by သစ်ထူးလွင် on 06:52 Rating: 5

3 comments:

သီဟ ကျော် said...

ညီကို မောင်နှမတို့ရေ၊ တနေရာထဲကို အတူတကွ သိပ်တွဲမသွားကြ စေချင်ပါ၊ ဒီပဲယင်းလို ပြဿနာမျိုး ဖြစ်နိုင်ချေ ရှိမရှိတော့ အဆိုးမမြင် လိုပေမယ့် အက်ဆီးဒင့် တခုခု ဖြစ်ခဲ့သော် ပြည်သူ့အာဇာနည်တွေ တပြုံကြီး ဆုံးရှုံးခံ လိုက်ရမှာမျိုး တွေးကို မတွေးချင်လို့ပါဗျာ။ ကုန်အောင်တောင်း အနားယူသွား တယ်ဆိုတာ ဆင်ကြံကြံတဲ့ အလုပ်တွေကို ဇောင်းပေးလာ မလားလို့၊ မြင့်ဆွေပါ နားသွားယင် သတိထား ကြပါ။ ဒါမျိုးတွေကို လက်ယဉ်ခဲ့တဲ့ ခေါင်တွေ ဖြစ်ပါတယ်။

Panyailaynge said...

ဧရာသိန်းအောင် ကစိတ်ဓာတ်ဆိုးရွားကောက်ကျစ်ယုတ်မာတာ သူ့ရဲ့ ရုပ်ရည်နဲ့တစ်ထပ်ထဲကျပါတယ်

AthayLay said...

ဲအဲဒီ သိန်းအောင် ကို တမ္မတကြီးမဖြုတ်သေးတာ အံ့သြပါတယ်။ သူက တကယ်ကို အပြောင်းအလဲမလိုလားဘဲ တင်းမာသူပါ။ တိုင်းတွင်းမှာ ဘာမှတိုးတက် အောင်လည်းမလုပ်ဆောင်နိုင်ပါဘူး။ သစ်တောဝန်ကြီးဘ၀က ရထားတဲ့ဟာလေးတွေနဲ့ ဟိုကျောင်းလှူ ဒီကျောင်းလှူနဲ့ နာမည်ယူနေတာပါ။ စိတ်ဓာတ်အောက်တမ်းကျလွန်းပြီး ရှေးရိုးဆွဲဝါဒီဖြစ်လို့ မြန်မြန်ဖြုတ်သင့်နေပါပြီ။ အရင်းစစ်အစိုးရလက်ထပ်က အရည်အချင်းရှိတဲ့တိုင်းမှူးတွေလောက်တောင် လုပ်ရည်ကိုင်ရည်မရှိဘဲ အနီးအနားက ၀န်ကြီးတွေရဲ့ ဟုတ်ကဲ့ပါအဘ ဟုတ်ကဲ့ပါအဘ လို့အခေါ်ခံရတာကို ကျေနပ်နေပြီး ဘာမှအရည်အချင်းမရှီပါဘူး

Powered by Blogger.