ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA)
ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ရေးအတွက် လွဲပြောင်းပေးဖို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ကြောင်း The Nation သတင်းစာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းအစိုးရက မူးယစ်ရာဇာ ၂၅ ဦးကို အလိုရှိသူစာရင်း ထုတ်ပြန်လိုက်ပြီး ဆုငွေ ဘတ် (၁၀) သိန်း ပေးမယ်လို့ ကြေညာခဲ့ရာမှာ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားပွယ်ရဲ့အမည်လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ သက်သေအထောက်အထား မပြည့်စုံရင် ထိုင်းတရားရုံးက လက်ခံမှာမဟုတ်လို့ အခုလို ဆင့်ခေါ်ရတာ ဖြစ်ကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် Chalerm Yoobam-rung က မနေ့က ပြောဆိုခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စောလားပွယ်ကလည်း သက်သေအထောက်အထား အမှန်သိရအောင် မိမိတို့ဆီကို ထိုင်း ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့နဲ့ သက်သေမခိုင်လုံရင် မိမိအမည်ကို စာရင်းထဲက ပယ်ဖျက်ဖို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်း ဒု ၀န်ကြီးချုပ်က နာမည်ပယ်ဖျက်ဖို့အတွက် ထိုင်းရုံးတော်မှာ ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ရှင်းလင်းရမယ့် ကိစ္စဖြစ်ကြောင်း၊ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ၉ နှစ်က ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေး ရာဇ၀တ်မှု ကျူးလွန်ခဲ့လို့ ဖြစ်ကြောင်း ပြောဆိုပါတယ်။

အခုအခါ ထိုင်း မြန်မာနယ်စပ်ဂိတ် ၁၂ ခုကို ဒီကေဘီအေက ပိတ်ဆို့ထားလိုက်ပြီး တချို့နေရာတွေမှာ မြန်မာဈေးသည်တွေကို ထိုင်းဘက်အ၀င်မခံဘူးလို့ ဆိုပါတယ်။ ထိုင်း နိုင်ငံခြားရေးဌာနကတော့ ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အခြေအနေမှာရှိနေပြီး ဗိုလ်နှုတ်ခမ်းမွှေးကိစ္စဟာ နယ်စပ်ကုန်သွယ်ရေးအပေါ် မထိခိုက်ဘူးလို့ ဆိုပါတယ်။

နယ်စပ်ဂိတ် ပိတ်တယ်ဆိုတာဟာလည်း အစိုးရတစ်ရပ်ကသာ တရားဝင် ပိတ်နိုင်တာ ဖြစ်ပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီအတွင်း မြန်မာနိုင်ငံဘက်ကို မသွားရောက်ကြဖို့ နယ်စပ်ဒေသခံတွေကို ထိုင်းစစ်တပ်က သတိပေးထားပါတယ်။

By: RFA Burmese
ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို Reviewed by သစ်ထူးလွင် on 10:05 Rating: 5

18 comments:

သီဟ ကျော် said...

ဘယ်သူဖွဖွ လိုက်မပွကြလေနဲ့၊ တို့ကိုယ်စားလှယ်တွေ တတ်နိုင်သမျှ ဆက်လုပ်ပါလိမ့်မယ်၊ အမေ့စကား နားလည်ကြပါ၊ သင်ပုန်းချေဖို့နဲ့ ကောင်းတဲ့ဖက်က မြင်တတ်ဖို့ပါ။ သီဟ ကျော်

သံစဉ်မဲ့ချစ်သူ said...

ဘာလို့ လွှဲပေးရမှာလဲ။ ထိုင်းကရော ဘယ်နှစ်ခါ ကိုယ်တို့နိုင်ငံကို ဒီလိုမျိုး လုပ်ပေးခဲ့ဖူးလို့လဲ။ အခုမှာ နှစ်နိုင်ငံသဘောတူညီချက်တွေ လာအော်နေတယ်။ စောလားပွယ်ပြောတာ ရှင်းရှင်းလေးပဲ။ သတ္တိရှိရင် လာဖမ်းလှည့်။ စောလားပွယ်ဆိုတာ ကလေးကလားမှ မဟုတ်တာပဲ။ အရူးချီးပန်း ထိုင်းတွေ။

မောင်မောင် said...

ယိုးဒယားတို.ကတော့ စပြီ.ဗမာပြည်နိုင်ငံရေးကို ဝင်ရောက်ရှုပ်ထွေးတာ့မယ်..ဗမာပြည်နိုင်ငံရေးမှာ အဓိက သတိထားသင့်တဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ ယိုးဒယားလည်းပါတယ်.. တရုတ် ...ဘဂ်လားဒေ့ရ်..ယိုးဒယား. သတိထားပြီးပေါင်းသင့်တယ်..

Unknown said...

ကျွန်တော့အမြင်ကိုပြောတာပါ၊ ဒီယိုးဒယားတွေဟာမြန်မာကိုအမြဲဒုက္ခပေးဖို့
စဉ်းစားနေတာဗျ၊ အရင်တုန်းကတဲကဒီကိစ္စတွေကို မသိချင်ယောင်ဆောင်
နေပြီးအခုမှ တစခန်းထတာဗျ။ ဆိုလိုတာကဗိုလ်နှုတ်ခမ်းမွှေးဒီကိစ္စတွေလုပ်
တယ်မလုပ်ဘူးပြောချင်တာမဟုတ်ဘူးခင်ဗျ၊ မြန်မာတွေညီညီညွတ်ညွတ်နဲ့
စည်းလုံးပြီးယိုးဒယားထက်သာမှာ သူတို့တွေကလိုလားတာမဟုတ်ဘူးဆိုတာ
ပါပဲ။ ဗိုလ်နှုတ်ခမ်းမွှေးကိုလွှဲပေးစရာအကြောင်းမရှိသလို၊ တို့မြန်မာတွေလဲ
ညီညွတ်စည်းလုံးပြီး အစစအရာရာ နိုင်ငံရေး၊ပညာရေး၊ကျန်းမာရေး၊စစ်ရေး
ယိုးဒယားထက်သာအောင်ကြံဆောင်ဖို့လိုနေပါပြီ လို့မြင်တာပါပဲ။

honey said...

ဟုတ်တယ်။ဒီသူပုန်တွေလည်းမူးရစ်ဆေးဝါးတွေလုပ်နေတာပဲ..
အာဏာရူးတွေချမ်းသာဖို့ရူးနေတာ
ပြည်သူနဲ့တိုင်းရင်းသားတွေကိုဘယ်တုန်းကမှ
စဉ်းစားပေးသူတွေမဟုတ်။

ကျော်ထူး (စောဌက်) said...

ကြည့်ရတာ honey လည်း ထိုင်းဒုဝန်ကြီးချုပ်နဲ့ အတူတူပဲထင်တယ်။
သက်သေမရှိဘာမရှိ စည်းလွတ်ဝါးလွတ်ပြောတာ ဝါသနာပါပုံရတယ်။

ranongfishermans said...

အင်း.......ဒီထိုင်းတွေတော့လုပ်ပြီဗျ...လူကြီးလူကောင်းမဆန်လိုက်တာ
ဗိုလ်မှူးချုပ်စောလားပွယ်ဟာ..လွန်ခဲ့တဲ့၉နှစ်လောက်တုန်းကတည်းက ကျူးလွန်ခဲ့တယ်ဆိုရင် အဲဒီအချိန်ကတည်းက ဘာဖြစ်လို့မဖမ်းတာလဲ
မြန်မာအစိုးရနဲ့အတိုက်အခံဖြစ်နေလို့....လက်ခုပ်တီးအားပေးပြီးတော့ချသာချ...ဆိုတာမျိုး..သူနဲ့ဘာမှမဆိုင်ဘူးဆိုသလိုလက်ပိုက်ကြည့်နေပြီးတော့
ခုမှ...မြန်မာတွေစည်းလုံးတော့မယ်ဆိုမှ...ပြဿနာလာရှာတာပေါ့....
ထိုင်းတွေရေ...မင်းတို့ထမင်းငတ်ပါတော့မယ်ကွ....ငါတို့အလှည့်ပြန်ရောက်ရင်တော့..မင်းတို့တွေခံဖို့သာပြင်ထားပေတော့....ဟုတ်ပြီလား

minsoeaung said...

ကိုယ့်တးကိုစီရင်မယ်ကွာ။
မင်းတို့ကိုလွဲပေးရအောင်ငါတို့မှာ တရားရေးဋ္ဌာနမရှိလို့
လား။မပေးဘူးကွာ။
ဒို့ညီအကိုတွေဒို့ဘာသာရိုက်ဆုံးမမယ်။
ဒါဘဲ

yein said...

ဘာကြောင့်ဗိုလ်နှုတ်ခမ်းမွှေးကိုလွှဲပေးရမှာလဲ
ငါတို့ဘာသာငါတို့အချင်းချင်းရန်ဖြစ်မယ်။မျက်ခွက်ထိုးမယ်။
လက်သီးနဲ့ထိုးမယ်။သေနတ်နဲ့ပစ်မယ်။ဒါပေမယ့်....
ငါတို့တိုင်ရင်းသားတစ်ယောက်ကိုဘယ်အကောင်မှ
လက်ဖျားနဲ့ထိဖို့မကြိုးစားနဲ့
မီး ဟုန်း ဟုန်း တောက် သွား မယ်

နွားကွဲလို့ ခွေးအတွေဆွဲဖို့ကြိုးစားကုန်ပြီ
ထလော့မြန်မာ...မြန်မာထလော့

Shin Myochit said...

Loudspeakerပြောတာထောက်ခံတယ်၊အစကတည်းကဒါတွေကိုကြိုတွက်
ပြီးသား၊ဒို့နိုင်ငံသားတွေသတိရှိရမယ်။အားလုံးစည်းလုံးညီညွတ်ရင်သူတို့ထွင်
တဲ့ခွင်ထဲဒို့တတွေလဲမကျနိုင်ပါဘူး။ထိုင်းနိုင်ငံလောက်တော့ဒို့အသာလေးနိုင်နိုင်ပါတယ်။BangKok မြို.ပေါ်ကကုန်းကျော်တံတားတွေ၊BTS&
MRTလို့ခေါ်တဲ့ရထားတွေ၊မြင့်မားလှတဲတိုက်အဆောက်အဦးတွေရှိပေမဲ့
အင်္ဂလိပ်လိုလမ်းညွန်တဲ့ဆိုင်းဘုတ်တွေကိုရှိသင့်သလောက်မတွေ့ရတာဟာ
ဘာသာစကား(language)အားနည်းမှုလို့ယူဆရတယ်၊ဒီအချက်ကိုမြန်မာတွေသင်ခန်းစာယူသင့်တယ်။ရိုးသားစွာနိုင်ငံခြားသားတွေများများလာစေချင်ရင်ဒါကိုထဲ့စဉ်းစားသင့်တယ်။အဲ--ထူးခြားတာတခုကနေရာတိုင်းကျေးရွာအထိလျှပ်စစ်မီးအပြည့်အဝရရှိနေတာပါ။အဲဒီအချက်ကိုတော့အားကျသင့်ပါတယ်။တကယ်လိုအပ်ချက်
ကိုဖြည့်ဆည်းထားတာပါ။သက်ဆင်ရဲ.နှစ်၃၀ သဘာဝဓါတ်ငွေ့မြန်မာနိုင်ငံကရ
ရှိထားတဲ့အကျိုးကျေးဇူးဘဲဖြစ်မှာပါ။အကျဉ်းချုပ်၇လျှင် ထိုင်းနိုင်ငံကလည်းမြန်
မာခြေလှမ်းကိုကြည့်နေတာပါ။မြန်မာနိုင်ငံသားတွေညီညွတ်ပြီးပါးပါးနပ်နပ်၇ှိ
ကြစေလိုပါသည်။

ကြိုမောင်ဟန် said...

ဟုတ်ဟုတ် မဟုတ်ဟုတ် မထုတ်ပေးဘူး ကဲ thai မင်းဘာလုပ် မလဲ ဒို့ ဗမာတွေ ကို နင်း တာရော ကောင်းသေးလား မင်း တို့ thai တွေ ကို ကဆိတ်ဂွေး တွေပါ ကွာ

ကိုကို said...

ထိုင်းစုတ်တော့ဝါးရင်းဒုတ်စာမိချင်ပီထင်ယ်.

သူ၇ိယ said...

မြန်မာပြည်မှာ ၀၇ုန်းသုံးကားဖြစ်လေ ဒီကောင်တွေကျိတ်ဝမ်းသာလေဘဲ...
လူပါးဝနေတာတော့အတော်ကိုကြာဘီ...

redlight said...

မပူကြနဲ့ လက်ရှိ သမ္မတ တွေက လက်ခံမှာ မဟုတ်ဘူး။ ထိုင်းကို အဖေထင်တဲ့ကောင်တွေ ခုတဖြည်းဖြည်းသိလာကြပြီမဟုတ်လား။ နောက်ပြီး လာမယ် အမေရိကန်၊ တရုတ်၊ အားလုံးက မြန်မာကို အုပ်ဖို့ပဲ ။ အချင်းချင်း မညီညွှတ်ရင်တော့ သွားပြီမှတ်။ စီးပွားရေးပိတ်ဆို့တယ်နဲ့ သူတို့ ခံရတာမဟုတ်ဘူး ငါတို့နိုင်ငံပဲ ခံနေရတာ။

mad dog said...

ပာာ... ထိုင်းကတော့ စပြီ။ ဒီကောင်တွေ သွေးခွဲ ဖို့စလုပ်ပြီ။ မြန်မာပြည် တိုးတက်ဖို့လမ်းစပေါ်လာ တော့ ဒီထိုင်းတွေ စောက်ကျင့် ပေါ်လာပြီ

ဖိုးတောက် said...

ဒီကနေ ဖမ်းတောင်ပေးရဦးမတဲ့လား... ဖြစ်ရလေခြင်း.... ငထိုင်းတို့ရေ... မြန်မာကို အဲဒီလောက်အထင်မသေးနဲ့ကွယ့်... ကိုယ့်အမျိုးသားခြင်း အဲဒိလောက်ထိတော့ မရက်စက်ဘူးကွယ့်... ဒီကိစ္စ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး...

bobonav said...

Loudspeakerပြောတာထောက်ခံတယ်၊အစကတည်းကဒါတွေကိုကြိုတွက်
ပြီးသား၊ဒို့နိုင်ငံသားတွေသတိရှိရမယ်။အားလုံးစည်းလုံးညီညွတ်ရင်သူတို့ထွင်
တဲ့ခွင်ထဲဒို့တတွေလဲမကျနိုင်ပါဘူး။ထိုင်းနိုင်ငံလောက်တော့ဒို့အသာလေးနိုင်နိုင်ပါတယ်။BangKok မြို.ပေါ်ကကုန်းကျော်တံတားတွေ၊BTS&
MRTလို့ခေါ်တဲ့ရထားတွေ၊မြင့်မားလှတဲတိုက်အဆောက်အဦးတွေရှိပေမဲ့
အင်္ဂလိပ်လိုလမ်းညွန်တဲ့ဆိုင်းဘုတ်တွေကိုရှိသင့်သလောက်မတွေ့ရတာဟာ
ဘာသာစကား(language)အားနည်းမှုလို့ယူဆရတယ်၊ဒီအချက်ကိုမြန်မာတွေသင်ခန်းစာယူသင့်တယ်။ရိုးသားစွာနိုင်ငံခြားသားတွေများများလာစေချင်ရင်ဒါကိုထဲ့စဉ်းစားသင့်တယ်။အဲ--ထူးခြားတာတခုကနေရာတိုင်းကျေးရွာအထိလျှပ်စစ်မီးအပြည့်အဝရရှိနေတာပါ။အဲဒီအချက်ကိုတော့အားကျသင့်ပါတယ်။တကယ်လိုအပ်ချက်
ကိုဖြည့်ဆည်းထားတာပါ။သက်ဆင်ရဲ.နှစ်၃၀ သဘာဝဓါတ်ငွေ့မြန်မာနိုင်ငံကရ
ရှိထားတဲ့အကျိုးကျေးဇူးဘဲဖြစ်မှာပါ။အကျဉ်းချုပ်၇လျှင် ထိုင်းနိုင်ငံကလည်းမြန်
မာခြေလှမ်းကိုကြည့်နေတာပါ။မြန်မာနိုင်ငံသားတွေညီညွတ်ပြီးပါးပါးနပ်နပ်၇ှိ
ကြစေလိုပါသည်။

Anonymous said...

ထိုင်းလို့မသုံးနဲ့....ဒါက ၂ နိုင်ငံချစ်ကြည်ရေးအတွက်ဆိုပြီး အာဆီယံခေတ် အစက ပြန်ပြင်သုံးပေးခဲ့တဲ့အခေါ်...ယိုးဒယားလို့သာ နံနှိမ်ပြီးခေါ်ကြ မိတ်ဆွေတို့.... ဗမာပြည်မှာရှိတဲ့ သယံဇာတကျတော့ သူခိုးလက်ခံလုပ်.. ပြည်ပကထုတ်တဲ့ လက်နက်ကို အချင်းချင်းပြန် သတ်ဖြတ်ဖို့ကျတော့ လက်မနှေးအောင်တိုးတိုးတိတ်တိတ်ရောင်း.... မကောင်းတာမှန်သမျှကို မြေတောင်လိုက်မြှောက်ပေးနေတာက ဒီ ယိုးဒယား ခွေးသားတွေပဲ.... ဦးခွန်ဆာတုန်းကလဲ အမေရိန်ကန်နဲ့ ပေါင်းပြီး ဒီလိုလုပ်ဖို့ကြိုးစားခဲ့တာပဲ..... စောက်ရူး ခွေးသား ယိုးဒယားတွေ ဗမာပြည်တစ်ခုလုံးကို စုတ်ကိုင်ပြီးလာအုပ်စိုးဖို့မပြောနဲ့ ယိုးဒယားမှာရှိတဲ့ တချို့ထောင်တွေမှာတောင် ဗူးဝကိုဝင်လာတာနဲ့ ရွှေ ကလွဲရင် ယ လဲပါးရိုက် စောင့်ကန်ခံရတဲ့အဖြစ်ကိုတောင် နိုင်အောင်မလုပ်နိုင်တာ...

Powered by Blogger.