လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ရဲတပ်ဖွဲ့ ဝင်များ)

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေ ရဲကင်းတွေဟာ လကုန်ရက်ကို
 ရောက်မှာကို ကြောက်နေကြပါတယ်။ ဘာလို့လည်းဆိုတော့ လစဉ် အကြောင်း
ပြချက်မရှိ ဖြတ်တောက်ငွေက တလထက်တလ ပိုပိုဆိုးလာပါတယ်။

ပုသိမ်မြို့နယ်မှာ ရဲစခန်းပေါင်း (၈)ခုနဲ့ ရဲကင်းပေါင်း (၄)ခုရှိပါတယ်၊ ရဲစခန်းတစ်ခု
ကိုပျမ်းမျှ (၂)သိန်းနဲ့(၃)သိန်းကြားနဲ့ရဲကင်းတစ်ခုကို ပျမ်းမျှ (၁)သိန်းခွဲဝန်းကျင်
လောက် လစဉ် လစာငွေထဲကနေ အကြောင်းပြချက်မရှိ ဖြတ်တောက်နေတာပါ။

နောက်ပြီးတော့ လစဉ် မဂ္ဂဇင်း၊လဘက်ခြောက်စတာတွေကို မယူမနေရ ပေးပြီး
အဲသည်အတွက်ကိုလည်း လစာကနေ ထပ်ပြီး ဖြတ်တောက်ပြန်ပါတယ်။
ပြက္ခဒိန်ဆိုတာကလည်း တစ်နှစ်ကို သုံးကြိမ်လောက်ရောင်းခိုင်းပါတယ်။
 စောင်ရေတွေ ရာနဲ့ချီပြီးရောင်းခိုင်းတာပါ။ ရောင်းပေးရတဲ့ရဲစခန်းရဲကင်းက
ရောင်းလို့ ကုန်ကုန်မကုန်ကုန် လစာထုတ်တဲ့အချိန်ကိုရောက်ရင် လစာငွေထဲက
နေဖြတ်ယူလိုက်တာပါဘဲ။

နောက်ပြီးတော့ မတန်တဆဈေးနဲ့ မှတ်စုစာအုပ်တွေမယူမနေရ၀ယ်ခိုင်းပြီး
အဲသည်အတွက်ကိုပါ လစာငွေကနေ ထပ်ပြီးဖြတ်ပြန်ပါတယ်။ ဒီကြားထဲကနေ
 မကြာခင်ရက်ထဲက ပြီးသွားတဲ့ လက်ဝှေ့ပွဲအတွက်လည်း လက်မှတ်တွေကို
ရဲတပ်ဖွဲ့ဝင်တွေကို ရောင်းခိုင်းပါသေးတယ်။ ဒီလိုလုပ်ရပ်တွေကို ၀န်ကြီးနဲ့
ရဲချုပ်တို့မှ သိရှိပြီး ရပ်တန်းကရပ်အောင် လုပ်ပေးကြပါတော့။

အခုအချိန်မှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်လို့ အော်နေကြပေမယ့်
အဲသည်တရားဥပဒေစိုးမိုးရေးကို အဓိကတာဝန်ယူနေကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ
ရဲ့ဘ၀ကိုလည်း ပြန်ကြည့်ပေးကြပါဦး။ နိုင်ငံတော်က ထောက်ပံ့ငွေ(၃)သောင်း
လည်းပေးရော ပေးတဲ့လမှာဘဲ ဖြတ်တောက်ငွေကလည်းတိုးသွားပါတယ်။

နောက်ပြီးတော့ ယူချင်ချင် မယူချင်ချင် ယူရမယ်ဆိုပြီး မတန်တဆဈေးတွေနဲ့
ဈေးရောင်းတာတွေကို ရပ်ပေးပါတော့။ ကြက်ခြေနီပြက္ခဒိန်၊ မီးသတ်ပြက္ခဒိန်၊
ယာဉ်စည်းကမ်းပြက္ခဒိန်၊မဂ္ဂဇင်း၊ဂျာနယ်စတဲ့.....ဟာတွေအမျိုးမျိုးကိုအမိန့်နဲ့
ရောင်းခိုင်းပြီး လစာငွေထဲက ဖြတ်ယူတာတွေရပ်ပေးပါတော့။ ရဲတပ်ဖွဲ့ဝင်တွေက
 အဲဒီလို မတန်တဲ့ဈေးနဲ့ ပြက္ခဒိန်တွေ ၊လဘက်ခြောက်တွေ၊......တွေကိုလိုက်
ရောင်းနေရတာက ပြည်သူတွေအမြင်မှာ တော်တော်ဆိုးပါတယ်။
                                                                                                                                 
 ပုသိမ်-ရဲတပ်ဖွဲ့ဝင်များ
လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ရဲတပ်ဖွဲ့ ဝင်များ) လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ရဲတပ်ဖွဲ့ ဝင်များ) Reviewed by သစ်ထူးလွင် on 07:09 Rating: 5

36 comments:

Anonymous said...

အင်းကျွန်တော်လဲကြုံဖူးပါတယ်...လက်ဝှေ့ပွဲလက်မှတ်တို့ ပြကဒိန်တို့ကို လာရောင်းတဲ့ရဲတွေ..အစကတော့မသိဘူး ဒီရဲတွေလဲ လုပ်စရာမရှိ ဒါတွေရောင်းပြီး ပိုက်ဆံရှာနေတာလားလို့ ထင်သေးတယ်..ဒီစာမြင်မှပဲ အကြောင်းအရင်းကိုသိတော့တယ်...ဘယ်သူလုပ်နေတာလဲဆိုတာနဲ့ ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိရရင်တော့ကောင်းမယ်ဗျာ..တိုးတက်တဲ့နိုင်ငံတစ်ခုအနေနဲ့ ဆက်သွားချင်ရင်တော့ ဒါတွေမရှိသင့်တော့ဘူးလို့ထင်တယ်ဗျ..

kyin said...

မဖြစ်သင့် မရှိသင့်တော့ပါဘူး ဒီလိုမျိုးတွေး(

aristhteinwin said...

ရဲသားတွေ ကိုယ်အခက်အခဲသိရင် စက်ရုံ အလုပ်ရုံက အလုပ်သမားတွေလို ဆန္ဒပြကြပါလား- အလကားထိုင်အော်- မင်းတို့  ဆန္ဒပြလို့  ဘယ်သူမှ မဖမ်းဘူး။ ဖမ်းချင်ရင် ကိုယ့်ကိုယ်ကို ပြန်ဖမ်းကြ- ဘယ်သူမှ မရိုက်ဘူး။ ရိုက်ချင်ရင် ကိုယ်ကိုယ်ကို ပြန်ရိုက်ကြ- လူထုကို ဒုက္ခမပေးကြနဲ့ - ဆန္ဒပြဟေ့-

GuGu said...

ကျွန်မ တို့လို ဆိုင်ရှင်တွေလဲ ဒီစာကိုဖတ်ရတာ စိတ်မကောင်းပါဘူး
မြို့နယ်ရဲ၊ စည်ပင်ရဲ၊ ရဲတပ်ရင်း အမျိုးမျိုး လာပြီး calendar တွေလာရောင်းလို့ ၀ယ်နေရတာ အများကြီး...သူတို့ အတွက်လည်း အဆင်မပြေရင်စဉ်းစားသင့်ပါတယ်..လုပ်ငန်းရှင်တွေက လည်း ရဲဆိုရင် ဘာရောင်းမလို့လဲ ဖြစ်နေရတယ်...ပြည်သူ့ ရဲ ဆိုတာ ပြည်သူ့ အတွက်ဖြစ်သင့်တယ်...

minmyozeya said...

ရဲတွေ လစာနဲ့မလောက်လို့မဖြစ်ဘူးဗျို့...(မလောက်ရင်ဘာလုပ်မယ်ထင်လဲ) နောက်ဆက်တွဲခံရမှာက ကျုပ်တို့ပြည်သူတွေပဲ။ တွေးကြည့်ရင်မြင်သာပါတယ်..
ဗမာပြည်မှာ ရဲ နဲ့ ပညာရေးဝန်ထမ်းတွေကို လစာရိကခါ လုံလောက်အောင်တိုးပေးသင့်တာ ကြာပြီ။ ဒီအမြင်အပေါ် ထင်မြင်ချက်လေး ဝေမျှကြပါဦး..

zmt said...

လူတိုင်းစေ့ လခ ကောင်းနေရင်တော့ သူများနိင်ငံ အလုပ်လုပ်စရာလိုတော့မှာလား ဗျာ...

nyimoon said...

ဟားဟားရီရတယ် ငြိမ်းချမ်းစွာဆန္ဒပြပြီးတောင်းဆိုကြပါလား မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲဘော်တို့.အဲ့လို လုပ်လို့ အလုပ်ပြုတ်မှာကြောက်နေရင် ခံနေရဦးမှာဘဲ ဦးသူရရွှေမန်းပြောသလို ရဲရဲဝံ့ဝံ့လုပ်ကြပါဆိုတာလေ.ပြည်သူလူထုလုပ်တော့ ဖမ်းချင်စီးချင်တယ်.ခင်ဗျားတို့လုပ်ရင် ဘာဆက်ဖြစ်မလဲဘယ်လိုအရေးယူမလဲဆိုတာစောင့်ကြည့်မယ်....

Ko Chan said...

အရင်ကတည်းက ဖြစ်နေတာပါ..နထ၊ နယ်မြေ၊ စခမ၊ ဒန စတဲ့ တာဝန်ပေးထားတဲ့ သူတွေလောက်ဘဲ ရောင်းရတာလို့သိရပါတယ်.ခုချိန်မှာ ၁ လုံး၊ ၂ လုံး၊ ၃ လုံးတွေမရှိတော့ ရောင်းလို့မရ၊ ရောင်းမရတော့ သူတို့ရမဲ့ လစာထဲကဖြတ် စားတုံးကစားပြီး လျော်ရမဲ့အလှည့်ကျ မအော်ကြေးလေ..

mad dog said...

ဟုတ်တယ် ဆန္ဒပြဟေ့ ....ပြီး၇င် မြန်မာနိုင်ငံ ၇ဲ များသမဂ္ဂ ဆိုပြီးဖွဲ့ကွာ

လောကလူသား said...

မြတ်စွာဘုရားဟောခဲ့တယ်လေ အကြောင်းကြောင့်အကျိုးဖြစ်တယ် ဆိုတာလေ၀ဋ်ပဲဖြစ်မှာပါ ကံတူအကျိုးပေးသာဖြစ်လိမ့်မယ် တူသောအကျိုးကိုပေးတာပါ။မည်သူမပြုမိမိမှု.သာ ဖြစ်ပေတယ်။

လောကလူသား said...

မြတ်စွာဘုရားဟောခဲ့တယ်လေ အကြောင်းကြောင့်အကျိုးဖြစ်တယ် ဆိုတာလေ၀ဋ်ပဲဖြစ်မှာပါ ကံတူအကျိုးပေးသာဖြစ်လိမ့်မယ် တူသောအကျိုးကိုပေးတာပါ။မည်သူမပြုမိမိမှု.သာ ဖြစ်ပေတယ်။

Moe said...

၇ဲတွေလည်းကိုယ့်၇ဲ့၇ပိုင်ခွင့်ကိုသတ္တိ၇ှိ၇ှိတောင်းကြပါသူများတွေ တောင်းနေတာကိ့လည်းလေးစားပါ

Naing Lin said...

ဟဟ ကိုယ်ထိတော့နာကြပြီပေါ့..မင်းတို့ကောင်တွေပဲ အလုပ်ရှင်တွေစီလာ
ရောင်းတယ်ရောင်းခိုင်းတာထပ်ပိုရောင်တယ်ကိုထင်တယ် အပြင်မှာ ပြက္ခဒိန်
တစ်ခု 500လောက်ရှိတယ် မင်းတို့လာရောင်းရင် 1500လောက်ပေးရတယ်
နောက်တစ်ခုတည်းမဟုတ်ဘူး 2ခု 3ခု ရောင်းတယ် နောက်တစ်ဖွဲတည်း
မဟုတ်ဘူး 2ဖွဲ လောက်အဲဒါတွေကြီးလာရောင်းတယ် ၀ယ်ရတဲ့သူကျတော့
သေရော့ပေါ့ လက်ဝှေ့လက်မှတ်တွေလဲလာရောင်းတယ် 1စောင် 5000တဲ့
လက်ဝှေ့မှ ၀ါသနာမပါတာ ဘယ်သူကြည့်မှာလဲ အလုပ်ရုပ်နေတာနဲ့ ကြည့်
ချိန်လဲမရှိဘူး အခုမှအထိနာကြပြီလားကွ ၀ဋ်ဆိုတာလယ်တတ်တယ်နော်
နောက် ဘ၀မကူးဘူးကွ ကိုယ်ချင်းစာတတ်ကြပါစေနော်

Naing Lin said...

ဟဟ ကိုယ်ထိတော့နာကြပြီပေါ့..မင်းတို့ကောင်တွေပဲ အလုပ်ရှင်တွေစီလာ
ရောင်းတယ်ရောင်းခိုင်းတာထပ်ပိုရောင်တယ်ကိုထင်တယ် အပြင်မှာ ပြက္ခဒိန်
တစ်ခု 500လောက်ရှိတယ် မင်းတို့လာရောင်းရင် 1500လောက်ပေးရတယ်
နောက်တစ်ခုတည်းမဟုတ်ဘူး 2ခု 3ခု ရောင်းတယ် နောက်တစ်ဖွဲတည်း
မဟုတ်ဘူး 2ဖွဲ လောက်အဲဒါတွေကြီးလာရောင်းတယ် ၀ယ်ရတဲ့သူကျတော့
သေရော့ပေါ့ လက်ဝှေ့လက်မှတ်တွေလဲလာရောင်းတယ် 1စောင် 5000တဲ့
လက်ဝှေ့မှ ၀ါသနာမပါတာ ဘယ်သူကြည့်မှာလဲ အလုပ်ရုပ်နေတာနဲ့ ကြည့်
ချိန်လဲမရှိဘူး အခုမှအထိနာကြပြီလားကွ ၀ဋ်ဆိုတာလယ်တတ်တယ်နော်
နောက် ဘ၀မကူးဘူးကွ ကိုယ်ချင်းစာတတ်ကြပါစေနော်

U Chit said...

တိုးတက်လိုတဲ့ အမြင်မ၇ှိတဲ့ေ၇ှး၇ိုးစွဲ ၇ဲ များ ခေတ်နောက်ပြန်ဆွဲလိုတဲ့  ၇ဲ များ ပြည်သူကို နှိပ်စက်ဖို့  အကျင့် ပါနေဆဲ ၇ဲများ လည်းမ၇ှိသင့် တော့ ပါ

paisoethu said...

ခင်ဗျားကလည်း တခါလာရိသလို ထေ့သလိုနဲ့ လူလူချင်းကိုယ်ချင်းစာပါဦး။ အခုကိစ္စမှာ ဘယ်သူကိုဒုက္ခပေးတဲ့အကြောင်းပါလို့လဲ။ ခင်ဗျားတို့လည်း လူလူချင်းမစာနာ ပြောချင်ဆိုချင်ကြတဲ့ အကျင့်တွေ ပျောက်ဖို့ကောင်းပြီ။

TTMY said...

အော်နေရုံနဲ့မပီးပါဘူး.. ထိရောက်တဲ့တုန့်ပြန်မှုရှိအောင် တိုင်သင့်တဲ့သူတွေ ဆီကိုရောက်အောင်တိုင်ပါ.. လွှတ်တော်ကိုယ်စားလှယ်တွေလဲရှိပါတယ်..တစ်
ခုတော့ရှိတယ်..ကိုယ်ကပေးရတာနဲ့လုပ်သားပြည်သူတွေဆီကခွဲတမ်းချတာမျိုး
တော့မလုပ်ပါနဲ့

ကြယ်ပြာ said...

ရဲသားတွေမှ မဟုတ်ပါ စစ်တပ်ထဲမှာလည်း ဒါမျိုးတွေရှိမယ်ဆိုတာ ယုံကြည်ပါတယ်။ လုပ်တဲ့သူတွေကလဲ ကိုယ်ရတဲ့ပိုက်ဆံက လူဘယ်နှစ်ယောက်ရဲ့ ချွေးနည်းစာတွေလဲဆိုတာ ကိုယ်ချင်းစာပေးတတ်ရင် ကောင်းမယ်။ စိတ်ကူးယဉ်ပြီးပြောတာဆိုလဲ ယဉ်တယ်ပေါ့လေ ...

than said...

သြော် ရဲ မလဲ တဒုက္ခ ။ မင်း တို့လဲ ငိုစား ရီစား တွေ ရပ်ကြပါတော့

thuraintun said...

ကျွန်တော်ကိုယ်တိုင်လည်း ရဲဝန်ထမ်းတစ်ယောက်ပါ
ဒီလိုအဖြစ်ဆိုးတွေကိုကြုံတွေ့ခံစားနေရတယ်
အထက်ဌာနကိုတင်ပြရတဲ့ စာရွက်စာတမ်း၊သူတို့လာရင်ဧည့်ခံစရိတ်၊
ပြန်ရင်လက်ဆောင်၊အဲ့ ငွေတွေကဘယ်ကရတာလဲလို့ဘယ်လူကြီးကမှ
မမေးဖူးခဲ့ပါဘူး
ကျွန်တော်တို့လာဘ်စားတာကို အတိုင်ခံရရင် ထောင်ချအရေးယူမယ်
နှိပ်ကွပ်မယ်၊လုံးဝမကျေနပ်ဘူး
ရဲတပ်ဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်၊ဒါပေမယ့် ခုလိုစနစ်ဆိုးမျိုးတွေ
ရှိနေသေးလို့မဖြစ်နိုင်ပါဘူး၊လာဘ်ကတော့ စားနေရဦးမှာပါပဲ၊အဲဒါမှလည်း
အဆင်ပြေမှာမို့ပါ၊ဒါကို ပြည်သူတွေဘက်က နားလည်မှုပေးထားစေချင်ပါတယ်၊

thuraintun said...

ကျွန်တော်ရဲပါ
အားလုံးကိုဝန်ခံပါတယ်
လူကြီးတွေကြောင့်အောက်ခြေအဆင့်တွေပျက်စီးရတာပါ
ပြည်သူတရပ်လုံးကနားလည်ပေးကြပါ

thar said...

ရဲတွေကလည်း အလကားရနေတဲ့ပိုက်ဆံတွေက ဘယ်ရောက်နေလဲ....ငါသိတာတော့ မင်းတို့ ကြားကနေ မသထာရေစာ စားသောက်နေတဲ့ ပိုက်ဆံတွေ၊ ကြားပေါက်တွေက ဘယ်ကိုရောက်ကုန်လဲ.....ဒီလောက်နဲ့တော့ မင်းတို့တွေ ငတ်မသေပါဘူးကွာ.....မင်းတို့အရင်တုန်းကလိုပဲ ပြည်သူတွေဆီကနေ တောင်းသုံးပေါ့....

konamazu said...

ရဲတွေကိုလည်းကိုယ်ချင်းစာပါတယ်။ဒါပေမယ့် ရဲဆိုတာက ပြည်သူတွေထက်တော့ တဆင့်မြင့်တယ်ထင်တာပဲ။မှန်တယ်ထင်ရင် ရဲတွေထဲက လူနဲနဲလောက်စုပြီး ဆန္ဒပြကြပါလား။အကောင်းဆုံးအကြံပေးတာပါ။

66koaungaungtun@gmail.com said...

ပြည်သူရဲမှန်ရင်မင်းတို့လူစုပြီငြိမ်းချမ်းစွာဆန္ဒပြလို့ရပါတယ်ကွ။မင်းတို့အခက်အခဲတွေကိုဆန္ဒဖေါ်ဆောင်ပြလို့ရပါတယ်။လုပ်ကြည့်ပါအောင်မြင်ပါလိမ့်မယ်၊အဲဒီအတွက်ပြည်သူကလည်းခင်ဗျာတို့ဘက်ပါဝင်လာပါလိမ့်မယ်။

linn said...

ပြည်သူ့ရဲတွေကို ကိုယ်ချင်းစာပါတယ်။ ၀န်ထမ်းတိုင်း လစာနဲ့ မလောက်တာလဲသေချာပါတယ်။ အဲတော့ ကိုယ့်လုပ်ပိုင်ခွင့်ထဲကနေ အပိုဝင်ငွေရအောင်ဖန်တီးရင်း အခုလို ကိစ္စတွေဖြစ်လာရတာပါ။ (တစ်ချို့လောဘကြီးသူတွေလဲရှိ။) minmyozeya ပြောသလို ရဲနဲ့ပညာရေးဝန်ထမ်းတွေကို လစာတိုးပေးဘို့ လွှတ်တော်မှာ တင်ပြသင့်ပါတယ်။ ထူးခြားသည့်လုပ်ငန်းသဘာဝအရ လိုက်ဘက်အောင်လို့ ဆိုပြီး အကြောင်းပြနိုင်ပါတယ်။ တခြားဝန်ထမ်းတွေလိုက်မတောင်းအောင်ပါ။ ပြီးတော့ တိုးတဲ့လစာကို နယ်ဝေးတွေကိုပဲ ရှားပါးစရိတ်လိုတိုးမလား၊ အားလုံးကို ခြုံ တိုးမလား၊ တိုးပေးဘို့ သင်တန်းတက်ခိုင်းပြီး အောင်မှတိုးပေးမလား၊ (အများလက်ခံနိုင်ရန်)။ တိုးပေးပြီးရင် သူတို့ လုပ်ရပ်ကို ကိုပိုတင်းကျပ်စွာစိစစ်သွားမယ်လေ။ (လစာတိုးထားလို့ အခုလိုတင်းကျပ်တာ သဘာဝကျပါမယ်)။ အခုလို ပြည်သူကတရားမ၀င် ပေးနေရတာထက်စာရင် အစိုးရက အခွန်ဝင်ငွေကတစ်ဆင့် တရားဝင်ထောက်ပံ့လိုက်တာပိုမကောင်း ဘူးလား။ ယူတဲ့လူလည်းစိတ်သန့်တာပေါ့။ ပြည်သူလည်းကြည်ဖြူတာပေါ့။ အခုက တရားဝင်သာလစာမတိုးတာ ပြည်သူကတရားမ၀င် ထောက်ပံ့ နေရတာပဲလေ။ (ဆန္ဒပြဘို့တော့ လုံးဝမဖြစ်နိုင်ပါ။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တာကြောင့် ပုန်ကန်မှုနဲ့ စစ်ခုံရုံးရောက်ကုန်ပါလိမ့်မယ်။ ဒါကို ရဲတွေလည်း ဥပဒေနားလည်မှာပါ။ သူများမြှောက်ပေးတိုင်းလုပ်နဲ့နော်။ ခံစရာရှိရင် ကိုယ်ခံရမှာ။) :)

win said...

သူတို့တွေရဲ့ဘ၀က တကယ်တမ်းတော့သနားစရာကောင်းလှပါတယ်။
မတက်သာလို့သာသူများအမှန်းခံရင်းနဲ့ အရသာတွေ့သွားတော့ မရုန်းထွက်နိုင်ကြတော့ပါ...
ဒီလိုတွေဖြစ်လာအောင် ရည်ရွယ်ချက် ရှိရှိနဲ့ဖြစ်ဖြစ်မရှိလို့ပဲဖြစ်ဖြစ် ဖြစ်လာသမျှကိုဆန်းစစ်ကြည့်လို့မကောင်းရင် လိုသလို ပြုပြင်သင့်ပါတယ်။
သူတို့တွေရဲ့ဘ၀တွေလည်းနစ်နာလှပါပြီ။

Anonymous said...

ပုသိမ်ရဲတွေကတော.လစာလေးကိုအထက်ကဖြတ်တာအော်နေတယ်။ အမှတ်(၈)၇ဲတပ်၇င်းကတော.၇ပ်ကွက်ထဲဝင်ပြီးသောင်းကျန်းကြတယ်.... ဘာတွေတုန်းဟ။

police said...

အထက်လူကြီးတွေမသိဘူးများထင်နေလားသိတယ်ပြောရင်သူတို့ငတ်သွားပေါ့ဖြစ်ထောင်ချလို့ရနေတာပဲဟာ

KMW said...

သူခိုးလက်က သူဝှက်လုဆိုတဲ့ စကားပုံပဲ ကြားဖူးပါတယ် ရဲဘော်ထံမှ ရဲမှူးဖြတ်စားတာကိုတော့ ယခုမှ သိရှိပေါ်ပေါက်လာပါတယ် ပြည်သူတွေ ခံစားလာရသည်မှာ ကြာပါပြီ။ ကိုယ်တိုင်ခံစားဖူးမှ မတရားမှုရဲ့ ခံစားမှုစိတ်ဝေဒနာကို သိမှာပါ။ အခုတော့ ကိုယ်တိုင်ခံစားရလို့ သိပြီမဟုတ်လား။ ပြည်သူတွေအပေါ်ကို မင်း ဘယ်နှစ်ခါလောက် ကလိန်ကကျစ်လုပ်ခဲ့ပြီးပြီလဲ

KMW said...

ပြက္ခဒိန် တစ်မျိုးလောက် ရောင်းခိုင်းတာ မကုန်တဲ့အတွက် လစာထဲက အဖြတ်ခံရတာကို ငိုပြမနေပါနဲ့။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူတွေမှာတော့ စည်ပင်ပြက္ခဒိန် အခွန်ဦးစီးဌာနပြက္ခဒိန် ရဲတပ်ဖွဲ့ပြက္ခဒိန် ကြက်ခြေနီပြက္ခဒိန် မီးသတ်ပြက္ခဒိန် အလုပ်သမား ဝန်ကြီးဌာနပြက္ခဒိန် လူမှုဖူလုံရေးပြက္ခဒိန် စသည်ဖြင့့်  လူအများစု စိတ်မဝင်စားသော ဘောလုံးပွဲ လက်ဝှေ့ပွဲ စတိတ်ရှိုး လက်မှတ်များကို အတင်းအဓ္ဓမ ရောင်းချခဲ့တာ ကြာပါပြီ။

မှတ်ချက်။ ။ လူအများ စိတ်ဝင်စားသောပွဲများဆိုလျှင် ထိုပွဲစဉ်များ၏ လက်မှတ်များကို ပြင်ပမှ မှောင်ခိုဈေး အဆမတန်ပေး၍ဝယ်ယူကြည့်ရှုရပါသည်။

Ko San said...

နေပြည်တော်မှာ တပ်မတော်တပ်ထိန်းတွေ ၀တ်စုံပြည့်နဲ့ စပယ်ပန်းရောင်းနေတာကိုလဲ မြင်စေချင်ပါတယ်....

Ko San said...

နေပြည်တော်မှာ တပ်မတော်တပ်ထိန်းတွေ ၀တ်စုံပြည့်နဲ့ စပယ်ပန်းရောင်းနေတာကိုလဲ မြင်စေချင်ပါတယ်....

Myanmar man said...

အထက်မှရေထားသောညီအကိုမောင်နှစ်မများ ဘယ်ရဲမှသူတောင်း စားလိုပိုက်စံလိုက်တောင်းချင်တာကိုဝါသနာ ပါသူမရှိပါ။စည်းကမ်းတွေနည်းဥပဒေတွေကြောင့်လုပ်ချင်တာလည်းလုပ်လို့မရပါ။လစာငွေသာလောက်ပါကဘယ်ရဲမှတောင်းမည် မဟုတ်ပါ။ရဲတွေငွေတောင်းတာထမင်းစားဖို့ပါ။ချမ်းသာဖို့မဟုတ်ပါ။ဒီထက်ဆိုးတဲ့ငှာနတွေကိုကြားဘူးပါလိမ့်မည်။သူတို့ကျတော့အပြစ် မမြင်ပဲထမင်းစားရုံလောက်တောင်းတဲ့ရဲကိုဘာလို့အပြစ် မြင်တာလည်း။လက်မှတ်ရောင်းတယ်ဆိုတာလည်း မကုန်လျှင် လစာထဲကအဖြတ်ခံရတဲ့အတွက် ရောင်းနေရတာပါ။စီးပွားရေးမပါ တာကိုတော့နားလည်ပေးစေချင်ပါသည်။

pphyo thu34 said...

အလုပ်သမားပဋိပက္ခဖြေရှင်းရေးဥပဒေသစ်ပါ အလုပ်သမား၏ အဓိပါယ်ဖွင့်ဆိုချက်တွင် ရဲနှင့်စစ်သားမပါရှိပါ။အလုပ်သမားများလိုဆန္နပြနိုင်ဦးမည်မထင်ပါ

N Minn said...

ရဲတွေလဲလူပါဘဲ။ဘယ်အဖွဲ့မဆိုစုံးပြူးဆိုတာရှိတာပဲ၊နားလည်မှုပေးနိုင်ရမှာပေါ့ ပြောနေတဲ့လှုတွေကကောအပြစ်ကင်းကြပါသလား။ကောင်တာလုပ်ကောင်း တာဖြစ်မယ်မကောင်းတာလုပ်မကောင်းတာဖြစ်မယ် ။သူများအကုသိုလ်ကို့ယ်ဆီကူးဆက်မခံကြပါနဲ့၊ခပ်ရိုင်ရိုင်ပုံနှိုင်းရရင်ခွေးဖြစ်နေမှတော့မစင်ကြောက်မနေနဲ့တော့

mmforlove said...

မြန်မာ စကားတစ်ခုလိုပေါ့.....******အူမတောင့်မှ သီလစောင့်မယ်******....အူမမတောင့်တော့လည်း သီလကို ဘယ်လိုစောင့်နိုင်မှာလည်း....အားလုံးဟာ လူတန်းစား အတူတူပါပဲ...သင်္ခါရတရားလိုသာ မှတ်ကြပါ...လူတိုင်းကို အပြစ်ပြောလို့ မရပါဘူး ...သံသရာဆိုတာ လည်နေတာပါ

Powered by Blogger.