လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြားအတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံစဉ် ။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့နဲ့ ဒီကနေ့မနက် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က - ကျွန်မတို့ကတဲ့ မှန်ပါတယ်။ ရာခိုင်နှုန်းအနေနဲတော့ နည်းနည်းလေးပဲ၊ ဒါပေမဲ့ ကျွန်မတို့က အဓိက အတိုက်အခံပါတီဖြစ်သွားပြီ။ အတိုက်အခံပါတီတစ်ခု အနေနဲ့က အကြီးဆုံးပဲ။ အဲတော့ ၂၀၁၀ ခုနှစ်က ဘာကြောင့် မဝင်ခဲ့သလဲဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီတုန်းက ဝင်ခဲ့တဲ့ပါတီတွေရှိတယ်။ အဲဒီထဲက တိုင်းရင်းသားပါတီတွေနဲ့ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရှိနေတယ်။ တချို့သော တိုင်းရင်းသားပါတီများက ၁၉၉၀ ခုနှစ်ကစပြီးတော့ အခုထက်ထိ NLD နဲ့ဆိုလို့ရှိရင် အင်မတန်ကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ NLD အဖိနှိပ်ခံရနေရ ကတည်းက သူတို့က ထောက်ခံခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့ မခွဲမခွာ ခုထက်ထိ ရှိနေတယ်ဆိုတဲ့ အကြောင်း၊ သူတိုနဲ့လည်း လုပ်ဆောင်သွားမယ်။ အခု လွှတ်တော်ထဲမှာ ရှိနေပြီးသား၊ ရောက်နေပြီးသား တိုင်းရင်းသား ပါတီများနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားမယ် ဒါကို ပြောသွားတာပါ"
ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။
NLD ပါတီက လွှတ်တော်အတွင်း ဆောင်ရွက်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းကပဲ ဒေါက်တာအေးမောင်၊ ဦးစိုင်းအိုက်ပေါင်းစတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD အမတ်တွေ ဖြစ်ကြတဲ့ ဦးမင်းဦး၊ ဒေါက်တာ လှမြတ်သွေးတို့ ပါဝင်တဲ့ လွှတ်တော်အမတ် တချို့ဟာ မေလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဂျာမဏီနိုင်ငံက လွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။
RFA-Burmese
လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by သစ်ထူးလွင် on 00:11 Rating: 5

30 comments:

minsoeaung said...

လွတ်တော်တွင်းမှာအင်အားကြှီးဘို့လိုအပ်တာအမှန်ဖြစ်ပါ
သည်။စုနိုင် ရင်ကောင်းပါသည်။တိုင်ပြည်အတွက်နှုးညံ့
သိမ်မွေ့သောနည်းပညာများဖြင့်သာဆောင်ရွက်စေလို
ပါသည်။စိတ်ဓါတ်မရိုင်းမှသာ သမိုင်းကောင်းကိုဖေါ်ငေ်
ဆောင်တိုင်မည်ဖြစ်ပါသည်။

pheasant said...

အပေါ်က pyeitphyo က စစ်အာဏာရှင်တွေ ရဲ့ ချီးကို ဦးဏှောက်ထဲထည့်ထားခံရတဲ့ကောင်ပဲ အရူးချီးပန်း နိုင်ငံတွက် ဘာအရေးကြီးမှန်းသိပုံမရဘူး စောက်ရူး အာဏာရှင်တွေရဲ့ လေသံလိုက် အီးရူနေတဲ့ကောင်မျိုးပဲ မင်းလိုကောင်တွေများလာရင် တို့နိုင်ငံတော့ တရုတ်လက်အောက်ခံ ဒါမှမဟုတ် အီသီယိုပီးယား ဆိုမာလီရာတို့ထက် မွဲတေပျာလန်စုတ်တော့မယ် မင်းလိုကောင်မျိုးတွေကို နုတ်နုတ်စဥ်းခွေးကြွေးပစ်ချင်တယ်

Lion King said...

နှစ်ပေါင်းနှစ်ကျော်ကြာ အုပ်ချုပ်လာတဲ့ နယက အစိုးရကို အမျိုးမျိုးဖိအားပေး ကြိုးကိုင်နိုင်ဘို့ကျိုးစားခဲ့ပေမယ့် နိုင်ငံရေးခိုင်မာမှု(Political Might)ကို ယိုင်နဲ့အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူးလို့ မင်းကပြောတယ်။ မင်းတို့ က မင်းတို့အာဏာရှင်စစ်တပ်နဲ့ အပေါင်းအပါအုပ်ချုပ်သူလူတန်းစားပဲ ကောင်းစားနေတာ။ ငါတို့ပြည်သူတွေ ဆင်းရဲလွန်းလို့ မွဲပြာကျနေပြီ။ မင်းတို့ဆက်ပြီးအုပ်ချုပ်ရင်လည်း တိုင်းပြည်က အကျင့်စာရိတ္တတွေပျက်။ ကိုယ်ကျိုးရှာသမားတွေများ။ ကမ္ဘာ့အဆင်းရဲဆုံးအဆင့်ကနေ ဘယ်တော့မှ ထွက်နိုင်တော့မှာမဟုတ်ဘူး။ မင်းသာ မင်းရဲ့ ဖအေတွေကို ခေါင်းပေါ်တင်ပြီးကိုးကွယ်ထား။ ငါတို့ပြည်သူတွေကတော့ နအဖနဲ့ စစ်အုပ်ချုပ်ရေးကို လုံးဝအလိုမရှိတော့ဘူး။ မင်းတို့ အာဏာလက်မလွတ်ချင်တိုင်း အမေစုနဲ့ အနောက်အုပ်စုကို ပြောချင်ရာပြော။ ဒီလိုအပြောတွေက ရိုးနေပြီ။ ဒီခေတ်မှာ မရတော့ဘူး။ အားလုံးစာတတ်နေပြီ။
ပြီးတော့ အတိုက်အခံခေါင်းဆောင်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အဓိကပေးဆပ်သူ ပြည်သူ့ခေါင်းဆောင် အဖြစ် အရောင်တင် ခဲ့ကြတယ်။ ဘာကြောင့်ပေးမှန်းမသိတဲ့ ဆုပေါင်း (၁၀၀)ကျော် ကိုပေးအပ်ခဲ့တယ်လို့ မင်းပြောတယ်။ မင်းတို့စစ်ခေါင်းဆောင်တွေက ပြည်သူဆိုတဲ့စကား၊ ပြည်သူ့အကျိုးဆိုတဲ့စကား ဘယ်နှစ်ခါပြောခဲ့ဘူးသလဲ။ မင်းတို့ရဲ့ မူဝါဒက ငါနဲ့ ငါ့မိသားစု၊ ငါ့ဆွေမျိုးအသိုင်းအ၀ိုင်း ချမ်းသာရေး၊ အာဏာရရေး၊ အခွင့်အရေးရရေးပဲ။ မင်းတို့ စစ်တပ်ထဲမှာတောင် စစ်ပွဲတစ်ပွဲမှ မတိုက်ဘူးပဲ၊ သေနတ်ကို သင်တန်းကျောင်းမှာသာ ပစ်ဘူးပြီး တိုက်ပွဲမှာ တကယ်မတိုက်ဘူးဘဲနဲ့ ရာထူးအဆင့်ဆင့်တိုးယူနေတဲ့ ရေပေါ်ဆီတွေရှိနေတယ်။ စစ်တပ်ထဲက အရာရှိချင်းအတူတူ ဆရာသမား ကောင်းစားမှ နေရာရမှ အောက်ကတပည့်တွေပါ ရာထူးတိုးပေး။ အရပ်ဖက်ဆိုရင် ပိုက်ဆံရမယ့်ဌာနကို ပြောင်းပေး။ ပြည်သူကို နှိပ်စက်လို့ရမယ့်နေရာကိုပြောင်းပေး။ ဆရာသမားကောင်းမရှိရင် ရာထူးမတိုး၊ နေရာမရ၊ စစ်တပ်ထဲမှာတစ်သက်လုံးနေ။ ဒါအရာရှိအဆင့်ပြောတာနော်။ အခြားအဆင့်တွေဆိုရင် စားစရာမလောက်ငလို့ ပြင်ပထွက်အလုပ်လုပ်ရ။ မင်းတို့လောက် ကိုယ်ကျိုးကြည့်တဲ့သူ အကျင့်ဖောက်ပြန်တဲ့သူ ဒီနိုင်ငံမှာ မရှိဘူး။ မင်းတို့က နိုင်ငံနဲ့ ပြည်သူကို ချစ်လို့ လုပ်နေတာလား။ မြိုးမြိုးမြက်မြက် ရလို့လုပ်နေတာလား။ ငါတို့ပြည်သူအားလုံးသိတယ်။ မင်းတို့က ပြည်တွင်းငြိမ်းချမ်းရေးရအောင်လုပ်နေပါတယ် ဘယ်လောက်ပြောပြော အမှန်ကတော့ စိတ်ထဲကမပါဘူး။ မင်းတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တစ်ဖွဲ့မဟုတ် တစ်ဖွဲ့ မကျန်ကျန်အောင် ကို လုပ်နေတာ။ ဒါမှ မင်းတို့ စစ်တပ်အတွက် တိုက်ပွဲလေး ဘာလေးဖန်တီးလို့ရမယ်။ တိုင်းရင်းသားတွေကို သောင်းကျန်းသူလို့ သမုတ်မယ်၊ သောင်းကျန်းသူရန်က ကာကွယ်ပါတယ်ဆိုပြီး မင်းတို့ရဲ့ image ကို ပြည်သူတွေထဲမှာ မြှင့်ယူမယ်။ ပြည်သူတွေကို ကာကွယ်နေပါတယ်လို့ လိမ်ညာမယ်။ တိုင်းရင်းသားတွေ လက်နက်မကိုင်ရင် မင်းတို့မှာ အလုပ်မရှိတော့ါဘူးလေ။ မင်းတို့ တိုင်းပြည်ကို ကာကွယ်ပါတယ်ဆိုပြီး ၀ါဒဖြန့်လို့မရတော့ဘူးလေ။ တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍကနေပါရမယ်တဲ့ ။ အာဏာရူးတွေ။ စစ်တပ်လဲ ၀န်ထမ်းပဲ။ ပြည်သူတွေဆီက အခွန်အကောက်တွေနဲ့ရတဲ့ လစာငွေကို စားနေတာပဲ။ ငါတို့အရပ်ဖက်တွေလဲ ၀န်ထမ်းပဲ။ မင်းတို့မှာ နေစရာလိုင်းခန်းရှိသေးတယ်။ ငါတို့ပြည်သူ့ဝန်ထမ်းတွေ ၀န်ထမ်းတိုင်း အိမ်ခန်းမရဘူး။ မင်းတို့မှာ ရိက္ခာရှိသေးတယ်။ လစာအပြင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ၀င်ငွေတွေရှိသေးတယ်။ အရပ်ဖက်ရောက်ရင် စစ်တပ်က ပင်စင်လဲစားတယ်။ အရပ်ဖက်လစာလဲစားတယ်။ အရပ်ဖက်ရောက်လာတဲ့ စစ်တပ်ကအသွင် ပြောင်းအရာရှိတွေ လစာဝင်ငွေကျ တော့ ရှိနှင့်ပြီး အရပ်ဖက် ၀န်ထမ်းထက်ပိုများတယ်။ အလုပ်တော့ မလုပ်တတ်ဘူး။ အကျင့်ဖောက်ပြန်စရာရှိရင် စစ်တပ်က ပြောင်းလာတဲ့သူက ပိုဆိုးတယ်။ ရှိနှင့်ပြီး ၀န်ထမ်းက ကိုယ့်မိခင်ဌာန နံမည်ပျက်မှာစိုးရိမ်သေးတယ်။ စစ်တပ်အသွင်ပြောင်းတွေက ၀င်တာနဲ့ ချမ်းသာရေး၊ ကိုယ်ကျိုးရှာရေးပဲ။ မင်းတို့ အုပ်ချုပ်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း တိုင်းပြည်ကို ဖျက်ဆီးခဲ့တာ သစ်တောတွေ၊ ကျောက်မျက်ရတနာတွေလဲကုန်၊ သဘာဝဓာတ်ငွေ့တွေလဲ ကုန်။ မြန်မာပြည်က တရုတ် ကို သဘာဝဓာတ်ငွေ့ ရောင်းလို့ရမယ့် အနှစ်(၃၀)စာ ၀င်ငွေက မလေးရှားမှာ နှစ်လစာဝင်ငွေပဲရှိတယ်တဲ့။ ဦးမြင့်က ပြောသွားပြီ။ ဓာတ်ငွေ့ရောင်းဖို့ ကန်ထရိုက်စာချုပ်ချုပ်ရင်းနဲ့ မင်းတို့အိပ်ထဲ ဒေါ်လာတွေ ဘယ်လောက်ဝင်သွားပြီလဲ။ ပြည်သူတွေလဲ အကျင့်စာရိတ္တတွေပျက်စီး။ မြန်မာပြည်က ဘွဲ့ရဆိုရင် ဘယ်နိုင်ငံမှာမှ သုံးစားလို့မရ။ ပြည်တွင်းမှာတောင် နိုင်ငံခြားကုမ္ပဏီမှာ အလုပ်လုပ်လို့မရ။ ဘွဲ့ရအလုပ်လက်မဲ့တွေကများ။ တိုင်းပြည်မှာ အဖက်ဖက်ကယိုယွင်း။ ကမ္ဘာနဲ့ မယှဉ်ပါနဲ့ အိမ်နီးချင်းတွေနဲ့ပဲ ယှဉ်ပါဦး။ ခေတ်အဆက်ဆက် ကိုယ်နောက်ကရှိနေတဲ့ လာအိုတောင် ကိုယ်ထက်သာနေပြီ။ မင်းလဲ နအဖရဲ့ အပေါင်းအပါလက်ပါးစေဘဲဖြစ်ရမယ်။ ငါတို့ပြည်သူတွေကတော့ မင်းတို့ကို ကျေးဇူးမတင်ဘူး။ သမိုင်းကို မင်းတို့အာဏာရတုန်းက ရေးချင်သလို ရေးခဲ့ပေမယ်။ အခုတော့မရဘူးကိုယ့်လူ။

Lion King said...

ဘာကြောင့်ပေးမှန်းမသိတဲ့ ဆုပေါင်း(၁၀၀)ကျော်ကို ပေးအပ်ခဲ့တယ်တဲ့။
pyeitphyoေ-ာက်ရူးရဲ့။ မင်းရဲ့နအဖတွေ အမေစုလိုလဲ ပညာမတတ်။ စာလဲမဖတ်။ အတွေးအခေါ်လဲ ကမ္ဘာ့အဆင့်မရှိ။ ပြည်သူကိုအလေးမထား။ လူ့အခွင့်အရေးကို ဂရုမစိုက်။ မနာလိုတဲ့စကားတွေပြောနေတာလား။ မင်းတို့ နအဖခေါင်းဆောင်တွေ အာဏာမြဲရေးအတွက် ပြည်သူကို ဘယ်လိုချုပ်ချယ်ရမလဲ ၊ ကိုယ်ချမ်းသာရေးအတွက် ပြည်သူဆီက ဘယ်လို ညှစ်ထုတ်ယူရမလဲ ဆိုတာလောက်ပဲ ခေါင်းထဲမှာရှိတာ။ အမေစုကို အားကျပြီး ကိုယ့်ဘာသာတီထွင်ထားတဲ့ ဆုတံဆိပ်တွေပေး။ ဘယ်နိုင်ငံကမှ အသိအမှတ် မပြု။ အမေစုမှာ ဒေါက်တာဘွဲ့တပ်ချင်ရင် ဆယ်ထပ်ကွမ်းလောက်တပ်လို့ ရနေပြီ။ အမေစုရဲ့ ခေါင်းဆောင်မှုအဆင့်က နိုင်ငံတကာအဆင့်ကိုရောက်နေပြီ အာဏာရူးတွေရဲ့လက်ပါးစေ pyeitphyo ရဲ့။

patrioticburmese said...

ဟို အပေါ်ဆုံးက pheitphyo ဆိုတဲ့ သူတောင်းစားလေးရေ NLD က အစိုးရကို အမြဲမကောင်းမြင်ဘူး လို့ပြောရအောင် ခတ်အဆက်ဆက် အစိုးရဆိုသူတွေ က ပြည်သူအတွက် ဘာတွေ များကောင်းတာလုပ်ဘူးလို့လဲ။ သူတို့ အာဏာမြဲရေး အတွက် တရုတ်လီး ကို ပြေးပြေးစုပ်ကတာ အမော။ အဲဒီ အတွက်ပြည်သူတွေ ဘာအကြိုးအမြတ်များ တရုတ်ဆီကရခဲ့ ပါသလဲ။ အေး ဘယ်နိုင်ငံမှ သူတို့အကျိုးအမြတ် မရှိရင် မလုပ်ဘူးဆိုပေမယ့် ဒီတရုတ်တွေ ထက်စာရင် အနောက်နိုင်ငံတွေက သူအကျိုး ကိုယ့်အကျိုး မျှတမှူ့ရှိသေးတယ် ကွ။ အေး မင်းတို့လို ရေပေါ်ဆီ သူတောင်းစား နဲ့ အေးဓားမြ အကြီးစားတွေကတော့ အရင်ခတ်ကို ပြန်တမ်းတနေမှာပေါ့။

pretty said...

pyeitphyo စောက်ငတုံး။ မင်းမနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆုပေါင်း(၁၀၀) ကိုဘယ်လိုရမှန်း မသိတာ ဖြစ်နိုင်ပါတယ်..ငတုံးရဲ့။ငကြောင်တွေ၊ငတုံးတွေ ဒီလိုင်းပေါ် တက်တက်လာတာ တော်တော်ဆိုးတယ်..

huailan said...

ဟဲ့ပြည့်ဖြိုး စောက်ရူး။ နင်ကစစ်ဖိနပ်အောက်ကကျွန်မို့လို့ဒီစကားမျိုးပြောတာလား၊

နင့်ပထွေးတွေဒီလိုဆုမျိုးမရလို့မနာလိုဖြစ်မနေနဲ့။
အမေစုလိုမိသားစုစွန့်လွှတ်အနစ်နာခံဖို့မပြောနဲ့ နင်မယားတောင်နင်စွန့်လွှတ်နိုင်လို့လား
စောက်ကြီးစောက်ကျယ်တွေပြောနေရအောင် နင်ကိုယ်တိုင်လည်းပြည်သူတွေဆီက မတော်မတရားမျိုစို့နေရလို့ဖြစ်လိမ့်မယ်

Anonymous said...

pyeitphyo...ပြောတာသဘောမတူပါ..ပြည်သူအများစုကော နိုင်ငံအများစုပါသဘောတူကြမည်မထင်ပါ..တခါးပိတ်အရောင်ဆိုးသောခောတ်.....ကုန်သွားပါပြီ..ပြည်သူတွေကိုဆက်ပြီးအထင်မသေးပါနဲ့တော့..ဦးကိုကိုလိုင်နဲ့ ဆရာတူတပည့်ထင်တယ်နော်....

KO NAING said...

သြော်'ဒေါ်စုတို့ကိုမနာလိုပြီးတိုင်းပြည်ကောင်းစားလာမှာကိုမလိုလားသူတွေပါလား။
အံ့သြစရာနဲ့သနားစရာပါလားကွယ်ရို့။။။

sainyi said...

pyeitphyo ဆိုတဲ့ အပေါ်ကကောင်မင်းေ၇းထားတဲ့စာကိုကြည့်လိုက်၇င်မင်းဘယ်
သူလဲဆိုတာသိပါတယ်ကွာ မင်းဟာသန်းရွှေမွေးထားတဲ့ခြံစောင့်ခွေးအဆင့်ပဲရှိတဲ့ 
စစ်ခွေးတစ်ကောင်ပဲNLDပါတီက ပြည်သူကိုဒုက္ခပေးထားတာဘာမှမရှိဘူးကွစစ်အာဏာရှင်တွေဟာ မြန်မာပြည်ကိုကျွန်ပြုလာတာနှစ်ပေါင်းငါးဆယ်ကျော်လာပါပြီး
ဒို့ မြန်မာနိုင်ငံမှာလွတ်လပ်ေ၇းအသီးအပွင့်ကိုခုထိမခံစားကြ၇သေးတဲ့ ပြည်သူတွေကိုမင်းပြန်ကြည့်လိုက်ပါမင်းေ၇ာပြည်သူကမွေးဖွားလာတဲ့ပြည်သူတယောက်ဆို၇င်သိမှာပါဒါပေမယ့်စစ်အာဏာရှင်တွေကမွေးလာတာဆို၇င်တော့ပြည်သူတွေ၇ဲ့ ခံစား
ချက်ကိုမင်းသိမှာမဟုတ်ပါဘူးကွဒါ့ကြောင့်လဲ မင်းအဲစာကိုေ၇းတာပါအမြင်မှန်၇စေ
ချင်ပါတယ်

ရိုးရိုး said...

တပ်မတော်သားနဲ့ပြည်ခိုင်ြီဖုးကိုလည်းရသလောက်ခေါ်သင့်တယ်။

မောင်မှန် said...

ဘယ်သူပဲ ပြိုကွဲအောင်လုပ်လုပ် တိုင်းပြည်အပေါ်တကယ် စေတနာ၊ မေတ္တာသာရှိတဲ့သူတွေ အုပ်ချုပ်ရင် ဒီလောက်တောင် အဘက်ဘက်ကနှိမ့်ကျတဲ့ဘ၀မရောက်ပါဘူး၊ အမေရိကန် လက်ဝါးကြီးအုပ်ပြောရအောင် မြန်မာခေါင်းဆောင်တွေ ပထွေးတရုတ်ကို ဆရာတင်ပြီး တိုင်းပြည်ရောင်းစားနေတာ နှစ် ၂၀ ရှိပါပြီ၊ သူတို့လက်ပိုက်ကြည့်နေယုံပါ၊ တကယ်ဝင်ရောက်မစွတ်ဘက်ခဲ့ပါဘူး၊ ခေတ်နောက်ပြန်တဲ့ အတွေးအခေါ်တွေက လက်ရှိမြန်မာပြည်အပြောင်းအလဲမှာ အလွန်ညံ့ဖျင်းလွန်းပါတယ်ဗျာ

Anonymous said...

ကို pyeitphyo ရေ ......ရှင်ကနအဖ၊နအဖအ၀တ်လဲအစိုးရရဲ့အလိုတော်ရိ၊ကြံ့ဖွံ့တဦးဆိုရင်တော့၊ဒီလိုရေးတာသိပ်မဆန်းပါဘူးရှင်၊ရှင့်အခွင့်အရေးနဲ့ယှဉ်ပြီးဘယ်လိုရေးရေးပြည်သူကတော့သိပြီးသားပါ၊
ဒီနေု့ပြည်သူတွေဟာနအဖခေတ်ကပြည်သူတွေမဟုတ်
တော့ဘူး၊အသိဥာဏ်၊အတွေးအခေါ်ရှိပြီးအမှန်တရားကိုလိုလားတဲ့သူတွေ၊မတရားတာ၊ဖိနိပ်တာ၊ဥပဒေမဲ့လုပ်တာတွေကိုလစ်
လျူရှခေါင်းငုံ့ခံမယ့်လူတွေမဟုတ်တော့ဘူး၊စည်းကမ်းရှိရှိဥပ
ဒေနဲ့အညီမတရားတာကိုဆန့်ကျင်၊ပြည်သူတရပ်လုံးအကျိုးအတွက်ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်တောင်းဆိုမယ့်လူတွေဆိုတာရှင်သိ
သင့်ပြီထင်တယ်၊
NLDပါတီဘာလိုချင်လဲမေးရင်ရှင်းပါတယ်၊တိုင်းပြည်ဘဲ၊လို့ရှင်

ကပြောသေးတယ်၊ဒါဆိုရင်ရှင့်ကိုလဲပြန်မေးမယ်။တိုင်း
ုပြည်ကိုနှစ်လေးဆယ်ကျော်ကြာအောင်အခုထိလက်မလွှတ်
သေးတာဘယ်သူလဲ၊မူလေးနဲနဲပြောင်းပြပြီးလူမပြောင်း
သေးတာဘယ်သူတွေလဲ၊ဘာ့ကြောင့်လဲ၊ဘာရည်ရွယ်ချက်လဲ၊
ပြီးတော့ခင်ဗျားကအနောက်နိုင်ငံတွေက(အထူးသဖြင့်အမေရိကန်)သူတို့ကြိုးကိုင်နိုင်မယ့်အစိုးရကိုတင်မြှောက်နိုင်ရေးကြိုး
ပမ်းလာခြင်းရဲ့အကျိုးဆက်ပါဘဲလို့ပြောသေးတယ်၊အခုရော
ဒို့နိုင်ငံကိုတရုတ်ကကြိုးကိုင်ခဲ့တာမဟုတ်ဘူးလား၊၀ါးမြိုခဲ့တာ
မဟုတ်ဘူးလား၊ပြီးတော့ဘာ့ကြောင့်ပေးမှန်းမသိတဲ့ဆုပေါင်း
၁၀၀ကျော်ကိုပေးအပ်ခဲ့တယ်လို့ပြောသေးတယ်၊ရှင်အဲဒီ
လောက်တောင်ညံ့ရသလား၊တော်လို့ပေးတာပေါ့၊ရှင်အဲဒီဆု
မျိုးတစ်ဆုတောင်ရဘူးရဲ့လား၊သခင်အားရကျွှန်ပါးဝ
လျှောက်ပြီးပြောမနေပါနဲ့ဗျာ၊ပြည်သူတရပ်လုံးကအပြောင်းအလဲကိုလိုချင်နေပြီလို့သမ္မတကြီးကိုယ်တိုင်ပြောသွားခဲ့ပြီဘဲ၊ခင်
ဗျားလဲပြည်သူထဲကပြည်သူတယောက်ပါ၊စိတ်ဓါတ်၊အတွေး
အခေါ်၊အကျင့်တွေပြောင်းလဲပစ်လိုက်စမ်းပါ၊ခင်ဗျားအတ္တတစ်
ခုထဲငဲ့ပြီးပြည်သူနဲ့ပြည်သူတရပ်လုံးထောက်ခံတဲ့ပါတီကိုမ
စော်ကားပါနဲ့လို့ပြောပါရစေဗျာ။

lover7 said...

အစိုးရ ဆိုတာဘယ် စစ်အစိုးရ ဘဲမဟုတ်လား၊ ကြံ့ဖွတ် က ၂၀၁၀ မှာ ဘယ်လိုပုံစံ နဲ့အရွေးခံရတယ် ဆိုတာ ပြည်သူအားလုံးသိတယ်၊ နှစ်(၅၀)လုံးစိတ်စိတ်ဓာတ်ရိုင်းခဲ့တာ ဘယ်ကောင်တွေလဲ။

lover7 said...

အစိုးရ ဆိုတာဘယ် စစ်အစိုးရ ဘဲမဟုတ်လား၊ ကြံ့ဖွတ် က ၂၀၁၀ မှာ ဘယ်လိုပုံစံ နဲ့အရွေးခံရတယ် ဆိုတာ ပြည်သူအားလုံးသိတယ်၊ နှစ်(၅၀)လုံးစိတ်စိတ်ဓာတ်ရိုင်းခဲ့တာ ဘယ်ကောင်တွေလဲ။ အာဏာရှင် စနစ်ရဲ့အရသာကို ကောင်းကောင်းသိနေကြတဲ့မင်းတို့အတွက်တော့ လူထုခေါင်းဆောင် ဆိုတာကို ဘယ်လက်ခံနိုင်ပါ့မလဲ၊

kaungkinn said...

အော်... ဘယ်လောက် ကောင်းအောင်လုပ်လုပ် အဆိုးမြင်တဲ့သူတွေ ရှိနေဆဲပါလား.. pyeitphyo ကို ရည်ရွယ်သည်...

ရိုးရိုး said...

တပ်မတော်နဲ့ပြည်ခိုင်ဖြိုးကိုလဲရအောင်စည်းရုံးဈေခင်ပါတယ်။

ရိုးရိုး said...

တပ်မတော်နဲ့ပြည်ခိုင်ဖြိုးကိုလဲရအောင်စည်းရုံးဈေခင်ပါတယ်။

MYO MYINT said...

တိုင်းပြည်ကောင်းကျိုးအတွက်ပူးပေါင်းဆောင်ရွက်နိုင်ပါစေ၊အစိုးရပြုတ်ကျရေးကိုဘဲဦးတည်ပြီးအတိုက်အခံလုပ်ဘို့ပူးပေါင်းတာမျိုးမဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်

သက်မောင် said...

pyeitphyo ဆိုတဲ့သူရေ...
ဘာဖြစ်ဖြစ် ပြည်သူတွေက ရွေးချယ်ပိုင်ခွင့်ရှိပါတယ်...
ဘယ်သူမကောင်းဘူးကောင်းတယ်ဆိုတာ...
ပြည်သူတွေကလဲ ကိုယ်ရွေးချယ်တာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ကိုယ်လမ်းကိုယ်ရွေးရတာ ကျေနပ်ကြပါတယ်..
မင်းတို့ပဲ တိုင်းပြည်ချစ်တာမှ မဟုတ်တာ....
နိုင်ငံတစ်နိုင်ငံ စည်းလုံးညီညွတ်ဖို့ဆိုတာ ပြည်သူ့ဆန္ဒကို အခြေခံ မှ ဖြစ်မယ်.. ကိုယ်ကောင်းမယ်ထင်တာ လုပ်မယ်.. မင်းတို့နောက်က (မဖြစ်မနေ) လိုက်ခဲ့ဆိုတဲ့ ခေတ်က အောက်သွားပြီကွ သိလား.....
မြန်မာ့ရေ၊ မြန်မာ့မြေပေါ်မှာ ချက်မြှုပ်ရှင်သန်သူတိုင်း မြန်မာဆိုတဲ့ လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံဂုဏ် ဆောင်ချင်သူတွေပါပဲ...
ကိုယ်က ရှေ့ကဦးမဆောင်နိုင်တော့တဲ့အချိန်မှာ (ကိုယ်ဦးဆောင်လို့ အဆင်မပြေတော့တဲ့အချိန်) တခြားသူတစ်ဦးကို ဦးဆောင်ခွင့်ပေးလိုက်ပါ.... မင်းမျက်လုံးတွေ/နားတွေကို ပိတ်ပြီး ဘယ်တော့ တစ်ဖက်သတ်မငြင်းဆန်လိုက်ပါနဲ့... ပကတိအခြေအနေကို လက်ခံလိုက်စမ်းပါ... နောက်ကလိုက်ရတော့မယ့်အချိန်မှာ ကိုယ့်ရေဗူးကိုယ်ထမ်းသောက်လိုက်ရတာတဲ့စာရင် ကိုယ့်ကိုယ်ရေတိုက်ခေါ်မယ့် ခေါင်းဆောင်နောက်တော့ လိုက်ရမှာပဲမောင်.. ပေါက်ကရတွေ ရေးမနေပါနဲ့... မင်းစကားလုံးတွေက ပြည်သူတွေရဲ့ အမှန်မြင်တတ်တဲ့ ဥာဏ်စဉ်ကို မထိုးဖောက်နိုင်တော့ပါဘူးကွာ..... သိလား...

Mi Aung said...

pyeitphyo
ဘာတွေပြောနေတာလဲ.. NLD ရဲ့မူဝါဒမှာ လက်တွဲညီညီလုပ်ဆောင်သွားကြဖို့ပဲပါတယ် ။ ဆုရတာကတော့ ထိုက်တန်လို့ပေးတာပေါ့
မနာလိုမဖြစ်နဲ့။ စိတ်ကောင်းကောင်းထား နော် ။ ယခင် စစ်အစိုးရ လုပ်သွားလို့ မြန်မာပြည် အခွံပဲ ကျန်တာကို သူငယ်ချင်းလည်း သိသားပဲ။ စတ်ရော လူရော ပြုပြင်ရေးတွေလုပ်ဖို့ စဉ်းစားပါ ။

Shin Myochit said...

အမေစု သာလျှင်ပြည်သူတွေနဲ့တသားတည်းရှိတာပါ။
အမေစုသာလျှင်ကိုယ်ကျိုးမဖက်တဲ့ခေါင်းဆောင်ကောင်းပါ။
အမေစုသာလျှင်မေတာတရားပြည့်ဝသူပါ။ရင့်ကျက်တဲ့နှလုံးသားရှိသူပါ၊
အမေစုသာလျှင်ပြည်သူတွေအတွက်ရဲရဲဝံ့ဝံ့ရှေ.ကကာကွယ်ပေးသူပါ။
ဘယ်သူတွေကရောအမေစုလိုစွမ်းဆောင်နိုင်သလဲ။လက်တွေ့ကျကျဘယ်သူမှ
လုပ်မပြနိုင်ကြပါ။
အမေစုကိုချစ်တယ်။အမေစုကိုလေးစားတယ်
အမေစုကိုအကြွင်းမဲ့ယုံကြည်တယ်။အမေစုဘက်မှာအမြဲရှိနေတာပြည်သူပါ။
အမေစုအတွက်ဘုရားမှာအမြဲဆုတောင်းပေးနေတယ်။အမေစုကျန်းမာပါစေ။
အမေစုဦးဆောင်သောNLD နှင့်အတူပြည်သူအပေါင်းတို့သည်ဒီမိုကရေစီနိုင်ငံ
တော်ဆီသို့အောင်မြင်စွာေ၇ာက်ရှိရပါစေသား။

vamsanurakkhita said...

pyeitphyo သည် အရာရာတိုင်းကို အဆိုးမြင်တတ်ပုံပေါ်သည် လူဆိုသည်မှာ အကောင်းအဆိုး ဒွန်တွဲနေ၏ အဆိုးချီးကြည့်နေပါက အဆိုးမြင်သမားဖြစ်တတ်၏ အကောင်းချီးကြည့်ပါက အကောင်းမြင်သမားဖြစ်တတ်၏ အကောင်းမြင်သမားကို လောကက အထိုက်အလျောက် လက်ခံနိုင်၏ အဆိုးမြင်သမားကိုကား မည်သူမျှ လက်ခံလိမ်မည်မဟုတ် ကို့ကိုယ်ကို ပညာတတ်ဟု ယူဆပါက သမာသမတ်ကျသောအမြင်ကို မြင်နိုင်သူဖြစ်ပါစေ pyeitphyo လျှောက်သောလမ်း ချောမွေပါစေ

crusekoole said...

ဘယ်သူ့  ကို မှ အပြစ်မမြင်ပါ
ဒါပေမယ့်  အရင် စစ် အုပ်ချုပ်ရေးကာလ မှာ တိုးတက်ပြောင်းလဲခြင်းမရှိပဲ တနေ့  တခြား ဆုပ်ယုတ်လာမှု့  သာ တွေ့  မြင် ကြားသိနေရပါသည် တကယ်လည်း အမှန်တကယ် ဖြစ်နေလျက်ပါ ဦးနှောက် ဥာဏ်အမြော်အမြင်နှင့် ပြည့် စုံသော ခေါင်းဆောင်သာလျင် တိုင်းပြည်တပြည်လုံး အတွက် ပြည်သူများအတွက် စဉ်းစားပေးနိုင်မည် ဟု တွေးမိပါသည်
သို့် မဟုတ်ပါက ကိုယ်ကျိုး တစ်ခုတည်းသာကြည့် သော ခေါင်းကျက် ခေါင်းစား အမြီးကျက် အမြီး စား သော ခေါင်းဆောင် မဟုတ်ပဲ ခေါင်းစား ကြီးသာ ဖြစ်နေလိမ့် မည်
သို့ အတွက် NLD ပါတီ သည် တိုင်းပြည် ပြည်သူ အတွက် အားကိုးရသော ပါတီ ဟုတ်မဟုတ် စောင့် ကြည့် ရန်သာ ရှိပါသည်
ပြည်သူပြည်သား များအနေနှင့် လည်း တတ်နိုင်သည့် ဘက် မှာ ကူညီနားလည်ကြလျင် တိုးတက်မည်မှာ အမှန်ပင် ဖြစ်နိုင်ပါသည်
ကြိုတင်ကာဖြင့်  ဝေဖန်ပိုင်းခြား အပုတ်စကားများ ကို ဘေးမှာ ထားကာ စောင့် ကြည့်  ကြရအောင် နောင်တော် ကြီး တို့ 

အားလုံး ကို လေးစားစွာဖြင့် 

july said...

အမှန်မှာတော.အင်အားကြီးတဲ.နိင်ငံကြီးတွေရဲ.နိင်ငံရေးကျားကွက်အရွှေ.တွေမှာအတွေ.အကြုံနည်းတဲ.နိင်ငံလေးတွေကအစားခံခဲ.ကြတာပါ ။အခုလဲတီးလုံးသာပြောင်းခဲ.ပေမဲ.ကကြိုးကတော.အတူတူပါဘဲ။တရုတ်ကိုနိင်ချင်တော.တရုတ်နဲ.နယ်စပ်ချင်းထိနေတဲ.ဗမာပြည်ထဲကိုဝင်ဖို.လိုပြီလေ။နယ်စပ်ဒုတ်ခသယ်တွေကိုကူညီမယ်ဆိုတဲ.အကြောင်းပြချက်နဲ.ဝင်လာပြီးပြသာနာဖွမယ်။ဒါကသူတို.လုပ်နေကြဆိုတော.ငှက်ပျောသီးအခွံနွှာစားသလောက်ရှိတယ်။တရုတ်ကြီးကလဲလည်တော.ငါသိပါတယ်သာလိကာရယ်ဆိုပြီးအခုထဲကတရုတ်နဲ.မနီးနိင်အောင်ကချင်သူပုန်တွေကိုကြားခံနယ်မြေဖြစ်အောင်မြှေက်ပေးနေပြီ။အင်္ဂလိပ်ကလဲပညာတတ်လူညစ်ကြီးထုံးစံအတိုင်းရိုဟင်ဂျာကိုတိုင်းရင်းသားထဲပါအောင်လန်ကြုတ်ဒီပတီဖွင်.နေပြန်ပြီ။ဒါကြောင်.မြန်မာလူငယ်တွေစာများများဖတ်ပြီးအသိဥာဏ်ရင်.သန်အောင်လုပ်ကြပါ။ပညာတတ်တွေပေါများလာအောင်ကြိုးစားကြပါ။အင်္ဂလိပ်မြန်မာပထမစစ်ပွဲ ရခိုင်ပြည်ကိုစသိမ်းတဲ. ၁၈၂၅ ခုနစ်ထဲကစပြီးသူ.ကျွန်ဘဝရောက်ခဲ.တာဆိုတော.ဒို.များနိင်ငံပျက်ခဲ.တာ ၁၈၆ နှစ်ရှိပြီ။ဘာသာရေးကယ်နေလို.ဒီလောက်ထိခံနေသေးတာ။ဒါကြောင်.သတိလေးတော.ရှိကြပါ။ကျွှဲနစ်ကောင်ခတ်တဲ.ကြားကမြေဇာပင်မဖြစ်အောင် ။

myomin said...

လူတိုင်းရင်ထဲရှီနေတာဘာလို့ထင်လဲ။နှစ်ပေါင်းများစွာဒုက္ခခံရပြီးပြီဟ၊ဘာကောင်းတာတွေရှိလဲ၊မင်းအကျိုးစီးပွားရှိခဲ့လို့ဒီလိုပြောတာပါ။

nandar said...

pyeittphyo ဆိုသူ တစ်ခုလောက်မေးပါရစေ။ ဖွဲ့စည်းပုံရှိတယ်ပြောပြီးဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေတဲ့ လွတ်တော်ကိုကျဘာပြောမလဲ။ NLD က ပါတီတစ်ခုအနေအထားပဲရှိသေးတယ်။ လွတ်တော်ကနိုင်ငံပြရုပ်ဖြစ်ပါလျက်ဝင်လိုက်ထွက်လိုက်ဖြစ်နေတာတော့ဘာလို့မဝေဖန်တာလဲ။ နာယက အစိုးရက နှစ်၂၀အုပ်ချုပ်လို့ဘာတွေတိုးတက်ခဲ့ပါသလဲ။ အတိုက်အခံမရှိခဲ့ရင်ငါတို့မြန်မာနိုင်ငံ ဟာမြောက်ကိုရီးယားထက်ဆိုးနိုင်တယ်ဆိုတာတွေးမိရဲ့လား။ ဒါပေမဲ့ပျောလဲနားလည်မယ်မထင်ဘာဘူး။ ဒီမိုကရေစီနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုမကြိုက်တဲ့သူတွေဟာ ကိုယ့်အားကိုကိုးပြီး လုပ်မစားချင်သူတွေ၊ အချောင် တိုင်းပြည်ငွေနဲ့ ဇိမ်ကျကျနေချင်သူတွေလို့ ငါတော့ယူဆတယ်။ အနာပေါ်ဒုတ်ကျရင်တော့ sorry ပါ။ ငါတို့လို ဆင်းရဲသားပြည်သူတွေအတွက်တော့ ဒီမိုကရေစီဟာလိုအပ်တယ်။ အမေရိကန်ဘဲဖြစ်ဖြစ် ပြင်သစ်ဘဲဖြစ်ဖြစ် ကိုယ်အတွက်အကြိုးရှိရင်ပေါင်းရမှာဘဲ။ သာဓကပြရရင် ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရဖို့ ဂျပန်ရော အင်ဂလိပ်ကိုရော ပါးပါးလေးပေါင်းပြီးအရယူခဲ့တာ လူတိုင်းအသိပါ။ နင့်ရဲ့ ပုပ်ခတ်တဲ့စကားလုံးတွေကရိုးနေပြီ။ ရှာလိုက်ပါဦး။ အသစ်အဆန်လေးတွေ။ အခုလက်တွေ့ ဘယ်သူတွေပြည်ပအားကိုးနေတာလဲ။ ဘယ်သူတွေ ကပြည်ပအကူအညီတောင်းနေတာလဲ။ ခွေးအိမ်ဒရေမရ ကူပါကယ်ပါပြောနေတာလဲ။ ဒေါ်အောင်ဆန်းစုကြည်က သူများအားကိုးဖို့ပြည်သူကိုမသင်ပေးပါဘူ။ ကိုယ်အားကိုယ်ကိုးရမယ်။ ကိုယ့်ကိုယ်ကိုယ်ပိုင်ရမယ်လို့ဘဲပြောတာပါ။ ငါတို့လူငယ်တွေကလည်းမျက်လုံးဆုံမှိတ်ပြီးယုံနေတာမဟုတ်ဘူး။ စဉ်းစားပြီးမှယုံတာ။ ဒေါ်စုကလည်းစဉ်းစားပြီးမှယုံပါလို့ဘဲပြောတာပါ။ ဆုတွေဘာကြောင့်ရသလဲဆိုရင်ရထိုက်လို့ပေါ့။ မိန်းမတစ်ယောက်ပေမဲ့ ယောက်ကျားတွေရဲ့ထောင်ချ၊ မိသားစုနဲ့ခွဲ အမျိုးမျိုးနှိပ်စက်ပေမဲ့ အံတုရင်ဆိုင်ရဲတဲ့ ပြည်သူပေါ်မှာ ညှာတာတတ်တဲ့စိတ်ထားတွေကြောင့်ရနေတာပါ။မနာလိုမရှိပါနဲ့။သူမ,သာနိုင်ငံကိုလိုချင်ခဲ့ရင် အမေရိကန်ကိုအစောကြီးကတည်းကတိုက်ခိုင်းမှာပေါ့။လွယ်လွယ်လေးဘဲ။အီရတ်လိုလေ။ သူမကပြည်သူကိုတကယ်ချစ်တဲ့ပြည်သူ့မအမေ။ဒို့အမေဘဲ။ china နဲ့ ပေါင်းခဲ့တဲ့အစိုးရကြောင့် မြန်မာ့စီးပွားရေးပျက်ခဲ့ရတယ်။ သဘာဝအရင်းအမြစ်တွေဆုံးရှုံးခဲ့ရတယ်။ ဒါတွေကျဘာလို့မဝေဖန်လဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာဗိုလ်ချုပ်သမီးဖြစ်တာတစ်ခုထဲနဲ့တင် တိုင်းပြည်ကိုအုပ်ချုပ်သင့်နေပြီ.ဘာလို့လဲဆိုတော့သူ့အဖေဟာလွတ်လပ်ရေးရယူပေးခဲ့လို့။ ဘာမှလုပ်မပေးခဲ့တဲ့သူတွေတောင်ခိုးသွားတာကုန်လုကမန်းဘဲ။

wi wi said...

pyitpho ရဲcommentဖက်ရတော. စိတ်ပျက်တယ်ဗျာ.ဒီလိုလူမျိုးတွေ.ကြောင်.တိုင်းပြည်ဒီလိုဖြစ်နေတာ NLDက တိုင်းပြည်လိုချင်တယ် ရီစရာပဲနော် မင်းကိုမေးမယ်တိုင်းပြည်ကဘယ်သူ.ပိုင်လိုလဲနအဖ လား ၊ မဟုက်ဘူးကွ ပြည်သူတွေပိုင်တာ အမေစုက ပြည်သူပိုင်ကိုပြည်သူထံပြန်ရအောင်ကြိုးစားနေတာကွ နအဖတွေလိုအာနာရှုးမဟုပ်ဘူး စောက်ရှုးရဲ.

that said...

pyeitpyorင်းကစစါတပ်ဘက်ကလား ဒါမှမဟုတ်ခေတ်နောက်ပြန်ဆွဲနေတာလား

myomin said...

စစ်တပ်မီးဖိုဆောင်နားကခွေးကြီးတစ်ကောင်ဖြစ်ပါလိမ့်မယ်။မစားရတော့လို့ထဟောင်နေတာပါ။သူ့သခင်တွေလဲဘ်ယ်ရောက်လဲမသိဖြစ်နေရှာတယ်၊ရူးသွားရင်ပတ်ဝန်း်းးကျင်ဒုက္ခေေေေ

ရာက်လိမ့်မယ်မြန်မြန်န်မြန်ရှင်းရအောင်။

Powered by Blogger.