သုံးခွမြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆို

ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်သဖြင့်သုံးခွလူထုမှလျှပ်စစ်ရုံးရှေ့တွင်
လူအင်အားနှစ်ရာကျော်ခန့်ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြပါသည်။


မီးရရှိချိန်အလွန်နည်းနေသဖြင့်ဖုန်းဆက်မေးမြန်းသောအခါ ၁၄ ရက်နေ့တွင် မြို့ပြည်သူလူထုမှလက်မှတ်ရေးထိုးဆန္ဒပြုသဖြင့် မီးပေးချိန်တစ်ဝက်ကိုလျှော့ချသည်ဟု
တာဝန်ရှိသူမှပြန်လည်ပြောကြားခဲ့ရာတွင် မြို့နေလူထုမှ ၁၇-၅-၂၀၁၂နေ့ ည၈နာရီကျော်ခန့်
တွင်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်၊


မြို့ နေ ပြည်သူလူထုပေါင်းများစွာ လာရောက်ပူးပေါင်း ခဲ့ သဖြင့် ၁ နာရီခန်
့အကြာတွင် လျှပ်စစ်မီး ပြန်လည်ပေးခဲ့ ကြောင်းသိရပါသည်။


Myanmar News Now
လျှပ်စစ်မီး ရရှိရေး ဆန္ဒပြနေတဲ့ သုံးခွမြို့ ပြည်သူများ


ဖရောင်းတိုင်မီးများထွန်းညှိ ဆန္ဒပြ


လျှပ်စစ်မီးပြတ်တောက်မှုကို ဆန္ဒပြနေကြစဉ်
သုံးခွမြို့ နယ် လျှပ်စစ်ရုံး

သုံးခွမြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆို သုံးခွမြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆို Reviewed by သစ်ထူးလွင် on 05:58 Rating: 5

17 comments:

ချစ်ဖူး said...

ဆန္ဒပြတာတော့ ကောင်းပါရဲ့ ဖယောင်းတိုင် ရောင်းကောင်းတာပေါ့

Naing Lin said...

ပြောတော့ လျှပ်စစ်တွေပို့လို့တောင် နိုင်ငံခြားကိုရောင်းစားတယ်ဆို အခုတော့
ဘယ်လိုဖြစ်တာလဲ မလောက်လောက်လို့ခွဲပေးနေတာလား အခုကျောင်းတွေက
စဖွင့်ပြီး စာကျက်ချင်တဲ့ကလေး မီးမလာလို့ပျင်းနေတာနဲ့စာမကျက်ရတော့ဘူး
ချွေတာချင်ရင်လဲ အခြားနေရာမှာ သွားချွေးတာပါ ဒီနေရာမှနဲ့ပညာရေးအသုံး
စရိတ်တော့ချွေတာပါ ဟိုအရင်ကလိုပြည်သူတွေ မီတာခတွေ အများကြီးကျမှာ
ဆိုးလို့ဆိုပြီး ဖွတ်အတွေအခေါ်တွေနဲ့တော့အလုပ်မလုပ်သင့်တော့ပါဘူး သူများနိုင်ငံတွေ မှာဘယ်အကျိုးရှိရှိအသုံးချနေတယ်ဆိုတာကိုလဲ လေ့လာ
လိုက်ပါအုံး လျှပ်စစ်ဝန်ကြီးရယ်....

nyimoon said...

မကွေးလည်းသုံးခွ ပြည်သူတွေလို ငြိမ်းချမ်းစွာ ဆန္ဒပြသင့်တယ် ခုချိန်ထိမီးမှန်အောင်မပေးဘဲ ဖြတ်ထားတုန်း ဒါဆိုဒီမိုကရေစီနိုင်ငံကိုကူးပြောင်းတဲ့ကာလရဲ့ စစ်မှန်တဲ့လမ်းစလား

Naing wai ag said...

အမေပြောတဲ့အကြောက်တရားကင်းလာကြပြီဗျာ
ကိုမကျေနပ်ရင်မကျေနပ်ချက်တွေကိုရဲဝံ့စွာဖော်ပြနိုင်ကြတာကောင်းတယ်ဗျာ
တို့ ဗမာတွေသွေးရဲရဲနီလာပြီ

Naing wai ag said...

အမေပြောတဲ့အကြောက်တရားကင်းလာကြပြီဗျာ
ကိုမကျေနပ်ရင်မကျေနပ်ချက်တွေကိုရဲဝံ့စွာဖော်ပြနိုင်ကြတာကောင်းတယ်ဗျာ
တို့ ဗမာတွေသွေးရဲရဲနီလာပြီ

001komgmg222@gmail.com said...

ဦးဇော်မင်းရေခင်ဗျာလည်းသေသင့်တယ်၊ခင်ဗျာ(EPC)ရှိလဒ်စားဝန်ထမ်းအားလုံးလည်းဖြုတ်သင်ပါတယ်။မီးတာမလာတာပါမီးတာခကတော့လတိုင်းတောင်းခံရပါတယ်လျှော့သွားတယ်လည်းမရှိပါဘူးခင်ဗျာ-တရုတ်ကြီးကိုများပေးနေရလားမသိပါဘူးခင်ဗျာ

66koaungaungtun@gmail.com said...

(EPC)မီးတော့ပြောမနေပါနဲ့မြန်မာတစ်နိုင်ငံလုံးစုတ်ပျက်သတ်နေတာကိုပြောလည်းလျှောက်ရှက်မရှိတော့နာရကောင်းမှန်မသိတာပါ။ပြည်သူအကျိုးလုပ်ပေးချင်တဲ့သူမှမဟုတ်တာ(ခိုးဘို့နဲ့ပွဲစားခမျှော်လုပ်)နေတဲ့သူကိုမပြောတော့ပါဘူးကွ။

ရာရာ said...

အဲ့ဒီ သုံးခွမြို့ က မြို့ နယ်တရားသူကြီး ဦးနေမျိုးဘို ဆိုတာ အလွန် လာဘ်စား တယ်ဆိုပဲ။ အဲ့ဒီသုံးခွ မြို့ ကို စစ်ကိုင်းတိုင်း ကောလင်းမြို့က လွန်ခဲ့တဲ့နှစ်က ပြောင်းလာတာတဲ့ဗျာ။ အဲ့ဒီကောလင်းမြို့ မှာလည်း အလွန်လာဘ်စားလွန်းလို့ သုံးခွမြို့ ကိုပြောင်းပို့လိုက်တာလို့လည်းကြားပါတယ်ဗျား..။

Linn Naing Tun said...

ဟုတ်တယ် ဒါမှ တို့သုံးခွသားတွေက
ဒီလိုလုပ်ပေးရမယ်

khant min said...

တိုက်ကြီးမြို့နယ်တွင် ညနေ(၆)နာရီမှမနက်(၆)နာရီအထိ(၁)ရက်။ ည(၁၂)နာရီမှမနက်(၆)နာရီအထိ(၁)ရက်။နေ့ဘက်ကတော့မီးလုံးဝကိုမလာပါ။epc ကိုမေးမြန်းကြည့်တော့အထက်ကခိုင်းလို့လုပ်ရတာပါတဲ့။ဟင်း....ရင်လေးတယ်။။။။။။

hlafamily.mawgyun078@gmail.com said...

ကျွန်တော်တို့မြို့လည်းထိုနည်း၎င်းပါဘဲခင်ဗျာ။

demo mg mg said...

ကောင်းပါ့ဗျာ.....လုပ်ကြပေါ့ ရှင်တို့ခောတ်ပဲ

Unknown said...

မန္တလေးလည်းဒီလိုလုပ်သင့်တာကြာပါပြီ။
လူတွေကလည်းဒါမျိုးကျတော့သတ္တိမရှိကြဘူး

Kachin Thar said...

နင်တို့ဘာမှလည်းမသိဘူး မဂ္ဂါဝပ် ၁၅၀၀ ပိုလို့ သူများနိုင်ငံတောင် ရောင်းစားနေရတာ မသိဘူးလား....ပြောမိတဲ့ပါးစပ် ချီးပုံဟပ်မိတော့မှာလည်း အရှက်တရားမရှိ ဟပ်မဲ့သဘောပဲ...ပြည်သူက စောက်ပေါကြီးပြောနေတာလဲ ဇော်မင်းတို့က သွားဖြဲပြီးထိုင်နေတုန်းပဲ....

ကောင်းကောင်း said...

မန္တလေးလည်းလုပ်ပြီး ပြီ ကွမင်းမသိဘဲလျှောက်မပြောနဲ့..

ကောင်းကောင်း said...

မန္တလေးလည်းလုပ်ပြီး ပြီ ကွမင်းမသိဘဲလျှောက်မပြောနဲ့..

mamamay said...

သုံးခွမြို.ဆိုတာအဖိုးအဖွားတွေရဲ.ဇာတိပါ
ကိုယ်.မြို.ဆိုလည်းမမှားပါဘူး......ဒါပေမဲ.သုံးခွမပြောနဲ.
ရန်ကုန်လိုမြို.ကြီးမှာတောင်..မီးမမှန်ဘဲနဲ..
ဖုယောင်းတိုင်ထွန်းပြီးဆန္ဒပြရင်..ဖယောင်းတိုင်ဖိုးထပ်
ကုန်မှာပေါ့....

Powered by Blogger.