မေးခွန်း(၃)ခု ကို ပြန်လည်ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်)


မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLD မြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က
အောက်ပါ မေးခွန်းသုံးခုကို မေးမြန်းခဲ့သည်----

(၁) ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်
ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊
 ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် ?

(၂)လမ်းဘေးဈေးသည်များအား မြို့တော်စည်ပင်ရဲများက အခွင့်အာဏာသုံး ဆက်ဆံမှုများပြုကာ တာဝန်ထက်ပို၍ နှိပ်ကွက်ခြင်းများ၊ ယင်းကို ဆင်းရဲသားပပျောက်ရေး လား၊ ဆင်းရဲသား ဖိနှိပ်ရေးလား?

(၃)ဒီမိုကရေစီနိုင်ငံ အသီးသီးတွင် သိက္ခာရှိ ၀န်ကြီးများသည် ၄င်းတို့ တာဝန် ယူထားသော ဌာနတွင် ပြည်သူအတွက် ထိခိုက်နစ်နာသည့် အဖြစ်မျိုးပြုလုပ်မိခဲ့လျှင် အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်မှ နုတ်ထွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ၀န်ကြီးမျိုးရှိပါသလား?

 စသည်ဖြင့် မေးခွန်းသုံးခုမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်း သုံးခုကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ပြန်လည်
ဖြေကြားထားချက်အပြည့်အစုံကို အသံဖိုင် မှာ နားထောင်နိုင်ပါသည်။
Myanmar News Now
မေးခွန်း(၃)ခု ကို ပြန်လည်ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်) မေးခွန်း(၃)ခု ကို ပြန်လည်ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်) Reviewed by သစ်ထူးလွင် on 02:25 Rating: 5

14 comments:

နေခြည်ဖြာ said...

ကောင်းလိုက်တဲ့စကားလုံးတွေ။ မေးခွန်းတွေထဲကရတဲ့အဖြေတွေကိုလည်း ပြည်သူ့အတွက် အစိုးရနှင့်ပူးပေါင်းပြီး အမြန်ဆုံးဖြေရှင်းခွင့် ရစေရန် အားထုတ်ဆောင်ရွက်ပေးပါအုံးနော်။

001komgmg222@gmail.com said...

ကောင်းလိုက်တဲ့မေးခွန်း(၃)ခုပါပြည်သူများမှဝိုင်းဝန်းလုပ်ဆောင်ဘို့လိုနေပါပြီ။

Anonymous said...

မှတ်သားထိုက် လိုက်နာသင့်တဲ့ စကားတွေပါ ပညာရှိစကားတွေပါ အရမ်းတန်ဖိုးရှိပါတယ်

kyaw tun naing said...

ကိုင်း... တာဝန်ရှိသူတွေ ရှက်တတ်ရင် သေလို့ရတယ်နော်.... အမေစု အဖြေတွေအသာထားဦး ... ပြည်သူတွေရဲ့အမေးတွေနဲ့တင်သေလို့ရတယ်....
မင့်တိုကိုမေးရင်အဖြေမရှိတော့ဘူး.....

kyaw tun naing said...

ကိုင်း... တာဝန်ရှိသူတွေ ရှက်တတ်ရင် သေလို့ရတယ်နော်.... အမေစု အဖြေတွေအသာထားဦး ... ပြည်သူတွေရဲ့အမေးတွေနဲ့တင်သေလို့ရတယ်....
မင့်တိုကိုမေးရင်အဖြေမရှိတော့ဘူး.....

naingoo said...

အမေကို ချစ် တယ်
နွားတွေကို မုန်းတယ်..

ManU Lover said...

မေးသူက ဘယ်သူလဲဗျ တော်တော် တော် တာပဲ

လင်းလင်း said...

အ၇မ်းကောင်းတဲ့စကားလုံးတွေဗျာ အမေစုကိုအ၇မ်းကိုလေးပါတယ် ပြောလိုက်စကားလုံးတွေထဲမှာ အမှားလုံးဝမပါသလောက်ပဲ သည်းခံတယ်ဆိုတာအတိုင်းအတာတစ်ခုထိဘဲကောင်းတယ် အတိုင်းအတာတစ်ခုထိကျော်၇င် အညံ့ခံအ၇ှုံးပေးတာနှင့်အတူတူပဲတာဆိုတဲ့စကားဟာ ဘာနှင့်မှတန်ဖိုးဖြတ်လို့မ၇ပါဘူး အမေစုပြောတဲ့စကားတွေကို အာဏာ၇ူး၇ူးနေကျတဲ့ စစ်အုပ်စုတွေသဘောပေါက်နားလည်ကျမယ်လို့ထင်ပါတယ်ခင်ဗျာ တိုင်းပြည်ကိုအာဏာနှင့်အုပ်ချုပ်လို့မ၇ဘူးဆိုတာ ခင်ဗျားတို့အာဏာ၇ူးတွေသဘောပေါက်သင့်တာကြာပြီ

Unknown said...

ဘယ်အရာမဆို ဒေါသနဲ့မလုပ်ပဲ သွေးအေးအေးနဲ့ ပညာရှိရှိ အောင်မြင်အောင်လုပ်ဖို့ အရေးကြီးပါတယ် သူတို့လူမဆန်ပေမယ့် ကိုယ်ကလူဆန်ဖို့လိုတယ်

thawmyoh said...

စကားလုံးတိုင်းဟာ တန်ဘိုးကြီးပြီး အဘိုးမဖြတ်နိုင်ပါဘူး။ မိန့် ခွန်း အမြဲပြောနေတဲ့သူတွေ မိန့်ခွန်းပြောရမယ့်သူတွေ အတုယူသင့်ပါတယ်။ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကောင်းတဲ့ အချက်တွေကို တော့ အတုယူသင့်ပါတယ်။

stone said...

ကျနော် တို့  စမ်းချောင်းမြို့ နယ် မှာ တော့ ဆက် ကြေးပေးနေ ရ တုန်းပါဘဲ ခေတ်တွေပြောင်းနေပေမဲ့ ပေးရတဲ့ပိုက်ဆံတွေမပြောင်းလဲသေးပါအမေရေ သားတို.ဈေးသည်တွေကို နည်းမျိုးစုံနဲ.လည်ပင်းညစ်နေဆဲပါဘဲ။သူတို.ပြောတဲ့အတိုင်3းနာရီမှထွက်တာပါ စမ်းချောင်းမှာညနေ5နာရီမှဈေးထွက်ရမည်ဟုပြောပြန်ပါသည်။ပိုက်ဆံပေးမှသာအများသူငါလမ်းမကြီးမဟုတ်သော်လည်းလမ်းကြောင်းရှိသည်ဟုပြောပြန်ပါသည်။ဘာလမ်းကြောင်းလဲတော့မသိပါ။သားရောင်းတာရှမ်းလမ်းမပေါ်မှာပါ။သူတို.နဲ.အဆင်ပြေသောဆိုင်များမှာ မနက်မိုးလင်းကတည်းကထွက်ကာ ည11နာရီအထိရောင်းနေသော်လည်းပြသနာမ၇ှိပါ။အကုန်သုံးနာရီမှထွက်ပြီးည၈နာရီ တွင်သိမ်းပါဆိုလျှင်လည်းတပြေးညီတည်းကျွန်တော်တို.ရောင်းမည်ဖြစ်ပါသည်။ကျွန်တော်တို.စမ်းချောင်းမြို.နယ်တွင်လည်းညီမျှမှုရှိကာဈေးရောင်းရမည်ဆိုလျှင်အလွန်ပျော်စရာကောင်းပါလိမ့်မည်။ကျွန်တော်လမ်းဘေးဆင်းရဲသားဈေးသည်လေးပါခင်မျာ။အားကိုးပါရစေ တာဝန်ရှိသူများတို.ရယ်....

Anonymous said...

အော်အမေရယ်...
အမေ့ဦးနှောက်၁၀ပုံပုံလို့တပုံလောက်သာ
ရှိမယ်ဆိုရင်အနှစ်၂၀လုယူထားတဲ့အာဏာကို
တိုင်းပြည်တ၀က်လောက်တိုးတက်အောင်လုပ်နိုင်မှာ
သေချာတယ်။အဲ့သလောက်သာတိုးတက်ခဲ့မယ်ဆိုရင်
အမေ့အာဏာကိုလုယူခဲ့သူတွေကို
ဦးသုံးကြိမ်ချပေးလိုက်ပါ့မယ်။
ခုတော့နေ့စဉ်ပြည်သူတွေရဲ့စိတ်နှလုံးမချမ်းမြေ့ခဲ့ပါဘူး။
မြင်မြင်သမျှကြားကြားသမျှ
အ..ကုသိုလ်ဖြစ်ရတယ်။
အမုန်းတရားတွေပိုတိုးလာတယ်။
ပြည်သူတွေရဲ့သီးခံနိုင်စွမ်းအားကိုလည်း
စော်ကားနေတယ်။ကမ္ဘာမှာတုနှိုင်းစရာမ၇ှိတဲ့
မကောင်းဆိုးဝါးဘီလူးသရဲတွေကို
ဘယ်လိုတရားနဲ့အသိတ၇ားပေးရမလဲမသိတော့ဘူး။
အမေရေ...စိတ်ကုန်လှပြီမမြင်ချင်တဲ့
မျက်နှာတွေကိုအောင့်အီးပြီးမြင်နေရတယ်ပြည်သူတွေ
အရမ်းပူလောင်တယ်အမေရယ်...

SOE TINT said...

အမေသိပ်ပင်ပန်းမှာဘဲ အမေမှမကယ်ရင် ဗမာကမြောက်ကိုရီးယားဖြစ်တော့မယ် သူတို့ဆီကလက်နက်တွေတောင်
ကျနော်တို့အသက်တွေနဲ့စမ်းသပ်တော့မယ်လို့ကြားနေတယ်

SOE TINT said...

တာဝန်ရှိသူတွေမဟုတ်ပါဘူး တာဝန်ကိုတိုင်းပြည်ချစ်လို့ဇွတ်ယူထားတဲ့
ဇေကမ္ကာလို အမျိုးသားရေးကိုရှေ့ရှုသူများဖြစ်ပါလိမ့်မည်

Powered by Blogger.