တောင်မြင့်သုသာန်မီးသဂြိုဟ်စက်အပြီးတိုင်ပိတ်သိမ်းသုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်းမှုများ ကြုံတွေ့ရဟုဆို

မန္တလေး၊ မေ-၎
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေးဌာနလက်အောက်ရှိ တောင်မြင့်သု သာန်နှင့်မီးသဂြိုဟ်စက်အား မေ ၁ ရက်တွင် အပြီးပိတ်သိမ်းပြီး အမရပူရမြို့နယ် တောင်အင်း/ မြောက်အင်းသုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်မှ စတင်၍ အသုံးပြုနေပြီဖြစ်ကြောင်း မြို့တော်စည်ပင်၏ တရားဝင်ထုတ်
ပြန်ချက်အရ သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ တောင်မြင့်သုသာန်အား ပိတ်သိမ်းရာတွင် ဘာသာရေးဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း သြ၀ါဒါစရိယဆရာတော် ဘဒန္တနေမိနက 7Day News သို့ မိန့်ကြားသည်။

တောင်မြင့်သုသာန်ပိတ် သိမ်းပွဲကို ဗုဒ္ဓဘာသာဓလေ့ထုံးထမ်းစဉ်လာအရ ပြုလုပ်ကြောင်း၊ ရှေးဦးစွာ မြို့တော်စည်ပင်သန့် ရှင်းရေးဌာနမှူးက တောင်မြင့်သု သာန်ပိတ်သိမ်းကြောင်း အမိန့်ပြန်တမ်းကိုဖတ်ကြားကြောင်း၊ ထို့နောက် တောင်မြင့်သုသာန်မှ ၀ိဉာဉ်များကို တောင်အင်းမြောက် အင်းရွှေ့ရန်အတွက် အသင့်စီစဉ် ထားသော Dump Truck ယာဉ် များပေါ်သို့ တက်ရောက်ရန်ဖိတ်ခေါ်ကြောင်း၊ ၀ိဉာဉ်များသုသာန် ပြောင်းရွှေ့ရေးအတွက် ယာဉ်ပေါ်တက်ရန် နာရီဝက်ခန့်အချိန် ပေးကြောင်း၊ တောင်မြင့်သုသာန်အား လေးဘက်လေးတန်စည်းခြားသတ်မှတ်ပြီး ၀ိဉာဉ်အားလုံးကို ဖိတ်ခေါ်ပြီးနေရာပြောင်းရွှေ့ရေးအတွက် အမိန့်ပြန်တမ်း ဖတ် ကြားကြောင်း၊ ထို့နောက် ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပြီး၊ ကားတစ်စီးလျှင်ဆရာတော်တစ်ပါး ဦးဆောင်ကာ တောင်
မြင့် သုသာန်မှ တောင်အင်း/မြောက်အင်း သုသာန်သို့ ၀ိဉာဉ်များ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့တော်စည်ပင် သန့်ရှင်းရေးဌာနဌာနမှူးဦးနေ၀င်းမြင့်က အတည်
ပြုပြောကြားသည်။

ထိုသို့ တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများကို မြို့ တော်စည်ပင်မှ အမိန့်ထုတ်ပြန်ပြီး ယာဉ်များပေါ်သို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တက်ရောက်ရန် နာရီဝက်အချိန်ပေးပြီး၊ ယာဉ်များ စတင်ထွက်ခွာရာ ကောင်းကင်တစ်ခုလုံးမှုန်မှိုင်းပြီး လေပြင်းမုန်တိုင်းများတိုက်ခတ်ကြောင်း၊ မိမိတို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တင်ဆောင်လာသော ကားများ တောင်မြင့်သုသာန်မှ ထွက်ခွာချိန်တွင် လေကြီး၊ မိုးကြီးကျပြီး လေပြင်းများ တိုက်ခိုက်လာကြောင်း၊ ယာဉ်မှူးတစ်ဦးက ၎င်း၏ အတွေ့ အကြုံကို ပြောသည်။ ၀ိဉာဉ်များ၊ နာနာဘာဝများ ကားပေါ်တက်ရောက်ရန် အမိန့်ထုတ်ပြန်ချိန်တွင် မိမိကားသည်လေးလာပြီး ကားမောင်းနှင်ရာတွင် ၀န်များပါလာသလို ခံစားရကြောင်းယာဉ်မောင်းတစ်ဦးက ပြောသည်။

တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများတင်ဆောင်လာသော ကားများသည် ဧပြီ ၃၀ ရက် ညနေ ၆ နာရီခန့် အသစ်ရွှေ့ပြောင်းသော တောင်အင်း/
မြောက်အင်းသုသာန်သို့ရောက်ရာတွင်၊ မြို့တော်စည်ပင်သန့်ရှင်းရေးဌာန ဌာနမှူးကသင်တို့အသစ်နေရမည့် နေရာသစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ယာဉ်ပေါ်မှ ဆင်းရန် နာရီဝက်အချိန်ပေးကြောင်း၊ မိမိတို့ကြိုက်နှစ်သက်သော နေရာတွင် သင့်သလို နေရာယူနေနိုင်ကြောင်း၊ အမိန့်ပြန်တမ်းထပ်မံဖတ်ကြားပြီး သုသာန်ရွှေ့ပြောင်းမှုကို ဘာသာရေးထုံးတမ်းစဉ်လာများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
7Day News Journal
တောင်မြင့်သုသာန်မီးသဂြိုဟ်စက်အပြီးတိုင်ပိတ်သိမ်းသုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်းမှုများ ကြုံတွေ့ရဟုဆို တောင်မြင့်သုသာန်မီးသဂြိုဟ်စက်အပြီးတိုင်ပိတ်သိမ်းသုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်းမှုများ ကြုံတွေ့ရဟုဆို Reviewed by သစ်ထူးလွင် on 20:15 Rating: 5

14 comments:

iban said...

သင်္ချိုင်းကုန်းမှာ ၀ိဥာဉ်(အတ္တကောင်)ဆိုတာ ဗုဒ်ဓဘာသာ အယူအဆမှာ မရှိပါဘူး။ အဲဒီအစား ပြိတ္တာ၊ အသူရကာယ်၊ အပယ်ဘုံသား နာနာဘာဝ၊ သရဲ၊ သစ္ဆေများ.. စသဖြင့် သုံးနှုန်းသင့်ပါတယ်။
ဲပြီးတော့ "ဘာသာရေးထုံးစံအရ" ဆိုတာအစား "ရိုးရာဓလေ့ထုံးစံ"လို့ သုံးနှုန်းမှ အမှန်ဖြစ်ပါတယ်။

ကိုကိုကြီး said...

ကို iban ပြောဆိုသည် အကြွင်းမဲ့ထောက်ခံပါတယ်...။ ဗုဒ္ဓဘာသာအယူအဆမှာ ၀ိဥာဉ် မရှိပါ..။ အဲဒီအစား ပြိတ္တာ၊ အသူရကာယ်၊ အပယ်ဘုံသား နာနာဘာဝ၊ သရဲ၊ သစ္ဆေများ.. စသဖြင့် သုံးနှုန်းသင့်ပါတယ်။

သျှင်ပညာပိ said...

ကားခတောင်းလို့ မရယင် ရန်ကုန် အဓိပတိ ယာဉ်လိုင်းက စပယ်ယာ တွေခေါ်လိုက်ပါ

blacknight said...

iban ပြောတာကို ထောက်ခံပါတယ်...ဗုဒ္ဒဘာသာ မှာ ၀ိဥာဉ်(အတ္တကောင်) ဆိုတာမရှိဘူး ဆိုတာတောင် မသိတဲ့ ဗုဒ္ဒဘာသာဝင် တော်တော်များပါတယ်...အဲလိုပြောမိရင်တောင် ကိုယ့်ကို ဒိတ္ထိ လို့ စွပ်စွဲလည်းခံရဘူးပေါင်းများပါပြီ..အများနဲ့တယောက်ဆိုတော့ ကိုယ်လည်းကြာတော့ ခံမငြင်းချင်တော့...သူတို့က မိရိုးဖလာဗုဒ္ဒဘာသာဝင်တွေဘဲလေ..."ရိုးရာဓလေ့ထုံးစံ" တွေက "ဘာသာရေးထုံးစံ" တွေထဲဝင်ပေါင်းတာက နိုင်ငံတိုင်းမှာရိုနေကြဘဲလေ...တချို့အယူအဆတွေက ခမ်းနားမြင့်မြတ်တဲ့ဗုဒ္ဒမြတ်စွာဘုရားရဲ့ မူရင်းအနှစ်သာရ ရည်ရွယ်ချက်တွေ ကိုတောင် ပြောင်းပြန်အကျိုးသက်ရောက်နေတာတွေတောင်တွေ့နေရတယ်...ဒါကြောင့်လည်း သာသနာဟာ မှေးမှိန်ကွယ်ပျောက်မယ်ဆိုတာပါ ဗုဒ္ဒမြတ်စွာဘုရား ကကြိုဟောခဲ့ဘူးတာဖြစ်မယ်...

zay said...

အမှန်ကတော့ လေကြီးမိုးကြီးကျတာတိုက်ဆိုင်တာပါ ကားလေးတယ်ဆိုတာလဲစိတ်အထင်သက်သက်ပါ ။

itintinwin said...

သျှင်ပညာပိ ပြောတာမှန်ပါတယ်- ဒီလိုရွှေ့ပြောင်းရာမှာ လိုအပ်တဲ့အကူအညီကိုတော့... ပါရမီ အဓိပတိ လိုင်းက အစဉ်လက်သီးသွေးနေတဲ့ ယာဉ်နောက်လိုက်တွေကိုခေါ်လိုက်ရင်တော့.. အိုကေသွားလောက်ပါရဲ့... :)

shingyi said...

ဌာနမှုးဆိုတာအသက်၅၀နှစ်လောက်၇ှိမယ်။iban,blacknight,ကိုကိုကြီး
တို့ အီး ကိုစားလေ။

ရာရာ said...

ထေရ်ဝါဒ မှာတော့ အဲ့ဒီလို ၀ိဥာဉ်(အတ္တကောင်)ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဇင်၊ မဟာရာန၊ ဂျိမ်း စတဲ့ အယူအဆတွေမှာတော့ ၀ိဥာဉ် ဆိုတာရှိပါတယ်။ ရီအင်ကာနေးရှင်းဆိုတဲ့ လူဝင်စားအယူအဆမှာ အဲ့ဒီဝိဥာဉ်ဟာ ရုပ်ခန္ဓာ တစ်ခုကနေတစ်ခု ကိုကူးလူးပြီးနောက်ဘ၀ အသစ်တစ်ခုကိုပြောင်းတယ်ဆိုတာ ဖတ်ဖူးပါတယ်။ မှန်တယ်၊မှားတယ်ဆိုတာ အတိုက်အခံမလုပ်လိုပါဘူး။ ဖတ်ဖူးတာကို ဗဟုသုတ အနေနဲ့ မျှဝေခြင်းသာဖြစ်ပါတယ်။

မင်းဝိုင်းကို said...

စုတိပြီးရင် ပဋိသန္ဓေစိတ် ကို စက္ကန့်မခြားသွားတာပါဗျာ..တခြားဘုံဘ၀ကို ရောက်သွားတာလေ
အင်း...တနည်းအားဖြင့်ပြောရရင် အပါယ် လေးဘုံကို ပေါ့...အဲ့အထဲမှာ တိရိစ္ဆာန် ၊ ပြိတ္တာ၊ အသူရကယ်တို့ဆိုတာတွေပါ... ငရဲကလည်း အပါယ်ထဲမှာပါတယ်နော်....ငရဲတောင် အမျိုးမျိုးရှိတာ....အင်း..ပြောချင်တာက ....ဒါတွေဟာ ...၀ိညာဉ်ကောင်လို့ ပြော၇င်ထက် ...အပါယ်လေးဘုံသားတွေလို့ ပြောရင် ပိုမှန်မယ် ထင်တယ်

မြတ်သုခ said...

တော်လိုက်ကြတာ... စာဖတ်ပရိတ်သတ်က ပိုတော်နေတယ်။
ကဲ...ရှေ့ရောက်နေတဲ့ မောင်လူကြီးမင်းတို့..ကိုယ့်အရည်အချင်း ကိုယ်
စစ်ကြလော့..။

ငြိမ်းချမ်း said...

ဗုဒ္ဓဘာသာမှာ ဝိညဉ်ဆိုတာမရှိပါဘူး။
ခန္ဒာငါးပါးပဲရှိပါတယ်။
ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ ဝိညာဉ်ဆိုပြီးရှိပါတယ်။
ဗုဒ္ဒဘာသာမှာ တဘဝကနေတဘဝကို ကူးတဲ့ ဝိညဉ် မရှိပါဘူး။
တဘဝကနေတဘဝကိုကူးတယ်ဆိုရင် သဿတဒိဌိဖြစ်သွားပါပြီ။
သေတယ်ဆိုတာ ခန္ဒာငါးပါးအစုအဖွဲ့ တစ်ခုချုပ်ငြိမ်းပြီး ကံအကျိုးဆက်ကြောင့်(ဘဝတဏှာကြောင့်) တနည်းအားဖြင့် ပုထုဇဉ်လူသားများဖြစ်နေသဖြင့် နောက်ထပ်ခန္ဒာအသစ်များဖြစ်တည်နေရခြင်းဖြစ်ပါတယ်။

AungNaingThu said...

အဲဒီနေ့ က သရဲ ၃ ကောင် နေရာ မရလို့ မလိုက်ရဘူး လို့သိရတယ်။
သူတို့ တွေ လိုင်းကားဌားတော့ လဲ ပိုက်ဆံမပါလို့ ပေးမတက်ဘူးတဲ့။
နောက်တော့ လမ်းကြုံ စစ်ကားတွေ့ တာနဲ့ လိုက်သွားတာ အခုထိပေါ်မလာတော့ဘူ။ ပေါ်တာ ဆွဲ ခံလိုက်ရပြီထင်တယ် ရှေ့တန်းများပို့လိုက်လာမသိ။ သက်ဆိုင်ရာ လောက ကိုလဲ အကြောင်းကြားထားတယ်။ ဘာမှမထူးဘူ။

Toe Htet Naing said...

ထေရ၀ါဒ ဗုဒ္ဓဘာသာ မှာ အတ္တ ကောင်(၀ိညဉ်) ဆိုတာ မရှိဘူး ဒါပေမယ့် ၀ိညာဏ် ဆိုတာတော့ ရှိတယ် သဘောကတော့ လုံးဝ မတူဘူး ၀ိညာဏ် က အာရုံကိုသိတတ်တဲ့ သဘောသက်သက် ပဲ အတ္တကောင်(၀ိညဉ်) နဲ့ ဘာမှ မဆိုင်ဘူး အတ္တကောင် ဆိုတာလည်း ဓမ္မစစ် တွက်ကြည့်တော့ မရှိဘူး ပြီးတော့ ထေရ၀ါဒမှာ ရီအင်ကနေးရှင်း ကို လက်မခံဘူး rebirth (ရီဘာ့းသ်)ကိုပဲ သုံးတယ် အတ္တကောင်(၀ိညာဉ်)က ရုပ်ခန္ဓာကိုယ် တစ်ခုကနေ တခြား ရုပ်ခန္ဓာကိုယ်တစ်ခုကို ကူးပြောင်းတယ် ဆိုတဲ့ ရီအင်ကာနေးရှုင်းကို လက်မခံဘူး ရုပ်နာမ်ခန္ဓာ အဟောင်းတစ်ခု ချုပ်ဆုံးပြီး အကြားမလပ်ပဲ နောက် ရုပ်နာမ်ခန္ဓာ အသစ်တစ်ခု ပြန်ဖြစ်တယ် အဲဒီဖြစ်တဲ့ ရုပ်ခနွာ ချုပ်ဆုံးပြီး နောက်ထပ် အသစ်ထပ်ဖြစ်တယ် အဲဒီလို နည်းနဲ့ ဖြစ်တဲ့ REBIRTH (ရီဘာ့းသ်)ပြန်လည်းမွေးဖွားခြင်း သို့ (anybody)၀င်စားခြင်း ကိုပဲ လက်ခံကျင့်သုံးတယ် အဲဒီလို ဘ၀ တစ်ခုခုကို အပြန်ပြန် ၀င်စားတယ်ဆိုတာလည်း ဘ၀တစ်ခု ရရှိခြင်းရဲ့ အပြစ်ကို မသိလို့ ဘ၀ကိုလိုချင်တယ် လိုချင်တော့ ဘ၀ထပ်ဖြစ်စရာ အကြောင်းတွေ ပြုလုပ်တယ် ပြုလုပ်တော့ ပြုလုပ်တဲ့ အတိုင်း ကောင်း(သို့)မကောင်းသော ဘ၀တွေကို ရရှိ ခံစား၊ စံစား ရတော့တာပေါ့ အဲဒီ rebirth နည်းကိုပဲ ထေရ၀ါဒမှာ လက်ခံ ယုံကြည်ကျင့်သုံးကြတယ် အတ္တကောင်(၀ိညဉ်)ဆိုတဲ့ အယူအဆဟာ ဟိန္ဒူ၊ဗြဟ္မဏ ၀ါဒက လာတဲ့ အယူအဆဖြစ်တယ် မြန်မာပြည်မှာလည်း အဲဒီဝါဒတွေက ထေရ၀ါဒ မတိုင်ခင် အရင်နေရာယူထားလို့ တော်တော်ကိုပြောင်းလဲ လိုက်ရသေးတယ်လေ ဥပမာ ပုဂံခေတ် က အရည်းကြီးရဲ့ အယူဝါဒလိုပေါ့ အဲဒါဗြဟ္မဏ ၀ါဒပဲ ရှိသေးတယ် အခုလည်း ဒီမှာကျင့်သုံးနေသေးတာတွေ ဥပမာ ရက်ရာဇာ ပြဿဒါး အယူပေါ့ ထေရ၀ါဒမှာ အဲဒါမရှိဘူး စနေ၊အင်္ဂါ မရွေးဘူး ကောင်းတာလုပ်တဲ့ နေ့ရက် ဟာ ရက်ရာဇာပဲ၊ နေ့ရက်တစ်ခုကို ဘာမှမလုပ်ရသေးပဲနဲ့ ရက်ရာဇာ၊ပြဿဒါး စသည်ဖြင့် မသတ်မှတ်ဘူး ကဲတော်မှဘဲ(မေတ္တာပို့ ခံနေရဦးမယ်) တော်တော်တောင်ရှည်သွားပြီ

varajin said...

မန္တလေးမှာ ရဟိုင်း သချိုင်း ရွှေ့တုန်းကတော့ ကားမနိုင်လို့ ပြန်ဆင်းကြအုန်းလို့ ပြောဘူးတယ် လေ ဖြစ်နိုင်ပါတယ် ..

Powered by Blogger.