လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
 
မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။
 
သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။

`` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူ ၊ မန္တလေးတိုင်းလျှပ်စစ်ရုံးမှ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့သည်။

ယခုကဲ့သို့ လျှပ်စစ်မီးများမပေးနိုင်ခြင်းသည် ကေအိုင်အေမှ ရွှေလီမှလာသော လျှပ်စစ်မီးတန်းများ သွယ်တန်းရာ တာဝါတိုင်များကို ဖျက်ဆီးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းတို့က ဖြေရှင်းချက် ပေးခဲ့သည်။
 
မန္တလေးမြို့လျှပ်စစ်မီးများ ယခုထက်ပိုမိုပေးဆောင်နိုင်ရန်အတွက် မီးစက်(၁၀)လုံး ရောက်ရှိလာမည်ဖြစ်ပြီး အရေးကြီး သည့်နေရာများတွင် သာ  တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။
 
``ရုံးချုပ်က ကျမတို့ဆီကိုပို့ပေးပါတယ် ၊ ရပ်ကွက်တွေက ထရန်စဖာမာတွေရဲ့ခြေရင်းမှာ ချပေးထား မယ် ၊ ကျမတို့လဲ ပေးချင်ပါတယ် ၊ အခြေအနေရက တစ်နိုင်ငံလုံးမှာဖြစ်နေတာပါ ၊ လုပ်ငန်းပဲ သုံးသုံး ဘာပဲသုံးသုံး အပြည့်ပေးချင်ပါတယ်။ ကြိုးစားပြီးမျှတအောင်   ဆောင်ရွက်သွားပါမယ် ´´ဟု ဒေါ်အေးအေးမင်းက ပြောသည်။
 
၂၀၁၂ခုနှစ် မေလ(၂၀)ရက်နေ့ ည(၇)နာရီအချိန်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး(၂၄)နာရီပြန်လည်ရရှိလိုမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို မြို့နေလူထုက စုပေါင်းဆန္ဒထုတ်ဖေါ်ပြသခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်ရှိ မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့တွင် စတင်ကျင်းခဲ့ပြီး ထိုမှတဆင့် ကျုံးဘေးတစ်လျှောက်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။
 
ထိုဆန္ဒပြပွဲတွင် လူဦးရေ(၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး အလွှာပေါင်းစုံ အရွယ်ပေါင်းစုံပါဝင်ပူးပေါင်းကာ ဖယောင်း တိုင်များကိုင်ဆောင်ပြီး   ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။
 
`` မန္တလေးမြို့ကြီးကို နှစ်ဆယ့်လေးနာရီမီးရချင်လို့ ခုလိုလာရောက်ပါဝင်တာပါ ´´ ဟု မန္တလေးမြို့ ဒေ၀န်း အရှေ့တွင်နေထိုင်သူ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်သင်္ကြန်နောက်ပိုင်းမှစတင်ကာ မီးပျက်မှုပိုမိုဆိုးရွားလျှက်ရှိပြီး ထိုကဲ့သို့ မီးပျက်မှု ကြောင့် လူအများ ရာသီဥတုဒဏ်ပိုမိုခံစားရခြင်း ရေလုံလောက်စွာမရရှိခြင်းများကို ကြုံတွေ့နေရခြင်းများ ကြောင့် ယခုကဲ့သို့  ဆန္ဒပြပွဲများ   ပေါ်ပေါက်လာခြင်းဖြစ်သည်။

`` အမှောင်ထဲမှာ နေနေရတာပါ ၊ မီးမလာလို့ ရေလဲမလာဘူး ၊ ရေမလာတဲ့အတွက် အဲဒီရေကို ညနက်သန်းခေါင်ထိ ထိုင်စောင့်ရတယ် ၊ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေ အရင်းအမြစ် တွေကို နိုင်ငံခြားရောင်းစားနေပြီး ကျနော်တို့မြန်မာနိုင်ငံ သားတွေကြတော့ ကိုယ့်ရဲ့ လူ့အစွမ်းအား အရင်းအမြစ်တွေက အလကားနေအလကား ဆုံးရှုံးနေရတယ် ´´ ဟု ရွှေလှံရပ်ကွက်တွင်   နေထိုင်သော အမျိုးသားတစ်ဦးက ကျုံးဘေးဆန္ဒပြပွဲတွင် ပြောပြသွားသည်။

မန္တလေးမြို့တွင် ခြောက်နာရီလာ ဆယ့်နှစ်နာရီပျက်စံနစ်ဖြင့် မီးများပေးလျှက်ရှိပြီး တောင်ကြီး ၊ နေပြည်တော် တို့တွင် မီးလုံးဝပျက်ခြင်းမရှိကြောင်းသိရသည်။

ဆန္ဒပြသူများသည် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့ ၊ ကျုံးဒေါင့်ဆီဒိုးနားဟိုတယ်ရှေ့နှင့် တရုတ်ကောင်စစ်ဝန် ရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး ယခုလိုဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်းမရှိကြောင်းကိုလည်း တွေ့ရသည်။


လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား Reviewed by သစ်ထူးလွင် on 13:01 Rating: 5

86 comments:

minminhtet said...

မရှိတာကိုဇွတ်မတောင်းဆိုပါဘူး....လာတဲအချိန်လေးတော့...မှန်အောင်ပေးစေချင်ပါတယ်....လာခဲ့တော့လဲ....5မိနစ်ခြားတစ်ခါလောက်ပျက်နေတာ...ဘယ်လိုလုပ်ရမလဲ...ပေးတော့လဲ6နာရီဘယ်လိုသုံရမလဲ...မီးအားက90..စဉ်းစားစရာပဲ...ပြောတုန်းကတော့18နာရီလို့ပြောတယ်...အခု့တော့6နာရီပဲပေးမယ်...6နာရီဆိုတာဘာမှလုပ်လို့မရပါဘူး....ရေကလဲအချိန်ပြည့်လာနေတာမဟုတ်တော့....မီးလာတဲ့အချိန်ရေတင်လို့မရပါဘူး...လာရင်လဲမှန်အောင်လာစေချင်ပါတယ်...မီအားလည်းပြည့်စေချင်ပါတယ်...

mad dog said...

ကြိုက်တယ်ဟေ့ ဒါမျိုးကို.... နောက်မှသာ ညိုမြ မလုပ်နဲ့။ ဇော်မင်း အချိုး မချိုးနဲ့ ။

Zay Yar Aung said...

ငယ်ငယ်ထဲက မြေအောက်ကြိုးပေါက်ရတာနဲ့၊ ထရန်စဖော်မာ ပေါက်ရတာနဲ့၊ နွေရာသီ ရေမရှိလို့ စက်မလယ်နိုင်တာနဲ့။
ခုခေတ်၊ ခုချိန် မှာတော့ ရေပုံးပေါက်တာလာမပြောပါနှင့်တော့ ရေပါလာတာဘဲကြားချင်ပါတော့တယ်။ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် ထွက်။ အချိန်တွေလဲ ကုန်လှပြီ။

minminhtet said...

မန်းလေးကတော့...မီးမလာရေပျက်တဲဘ၀ပါ....ရှက်စရာကြီးပါ....မြန်မာနိုင်ငံမှမြို့ ကြီးသုံးမြို့မှတစ်မြို့ က မီးမလာရေပျက်....ရှက်စရာကြီးစဉ်စားကြည့်ပါဦး...ရှက်တက်ရင်သေဖို့ကောင်းတယ်

shadow said...

တောင်ကြီး မီးမပျက်ဘူးလို့ ဘယ်သူပြောလဲ...တောင်ကြီးမှာ ရှိတဲ့ ကြိုက်တဲ့လူကို မေးကြည့်လို့ ရပါတယ်..ဒီမှာလဲ မန်းလေးလို လုပ်ဖို့ တိုင်ပင်နေကြပါတယ်...မီးအရမ်းပျက်လွန်းလို့...

JP said...

အခု ချက်ချင်းသာ နူတ်ထွက်လိုက်တော့ ဘာမှစဉ်းစားမနေနဲ့တော့ အဲဒါလေးပဲပြောချင်ပါတယ်

Phaygyikyaw.hopin said...

ကောင်းတယ်ဗျာ၊ ဒါမှာ မြန်မာပြည်သူတွေ သူတို့ ရဲ့ ရပိုင်ခွင့်ကို လွတ်လွတ်လပ်လပ်တောင်းဆိုရဲမှာပေါ့ဗျ၊ ပြည်သူက ခန့်ထားတဲ့ အစိုးရလေ၊ ပြည်သူလိုအပ်ချက်ကို စောင့်ကြည့်ပြီး ဖြည့်ဆည်း နိုင်ရမှာပေါ့။ အခု လို ကိုယ့်ရဲ့ ရပိုင်ခွင့်ကို လွတ်လွတ်လပ်လပ်တောင်းဆိုတတ်အောင်၊ လူအခွင့်အရေး၊ ရပိုင်ခွင့်ဆိုတာဘာလဲသိတတ်အောင် လမ်းညွှန်ပေးတဲ့ အမေစု ကို လည်း အများကြီးကျေးဇူးတင်ပါတယ်၊ ပြီးတော့ အခုလို ငြိမ်းချမ်းစွာ ရပိုင်ခွင့် တောင်းခံတဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုဖော်ထုတ်ခွင့်ပေးထားတဲ့လက်ရှိအစိုးရကို လည်း ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ။

ဖိုးဖိုးကြီး said...

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှု့လက်မှု့ဝန်ကြီး ဒေါက်တာ မြင့်ကြူ
နဲ့လျှပ်စစ်ရုံးမှတိုင်း အင်ဂျင်နီယာ ဒေါ်အေးအေးမင်း တို့ မီးမြန်မြန်လင်း
အောင် ဆောင်ရွက်ပေးကြပါဦး။ တော်ကြာမီးမလင်းရင် ၀န်ကြီးကရာထူးက
နှုတ်ထွက်နေပါဦးမယ်။

ကဝေမင်းသား said...

မန္တလေးပဲ မီးမမှန်ရင်ထွက်မယ်လို့ မပြောနဲ့ တစ်နိုင်ငံလုံးလို့များပြောကြည့် ခဏခဏ ထွက်လို့ကို ဆုံးမှာ မဟုတ်တော့ဘူး ငါတို့ ကလေးမြို့ကိုလာကြည့် မီး မမှန်လို့ ကိုယ်ထူကိုယ်ထ ဖွဲမီးကို သုံးနေရတယ် .. ဇီးချောင်းပြင်မယ်ပြောပြိး ပိုက်ဆံတွေကောက်တယ်နောက်လဲ ဒုံရင်းပဲ .. ပိုက်ဆံ ရှိတဲ့သူတွေကျတော့ မီးလင်းရေးအဖွဲ့ဆိုပြိး 24 နာရီ မီးရတယ် ..ကျန်တဲ့ပြည်သူတွေကျတော့ တစ်ပတ်မှ 4 နာရီလောက်ရယ် ကဲ အဲဒါလေးကိုလဲ ကြည့်ပြိးပြောပေးပါအုံး တာဝန်ရှိသူကြိးများရယ် လိုအပ်ရင် နာမည်စာရင်းနဲ့ တင်လို့ ရတယ်နော်

အောင် said...

တော်လိုက်တဲ့ ဒေါက်တာမြင့်ကြူ အဲ့ဒီလိုပျက်သားနေရမယ်
အားပေးပါတယ်

mamamay said...

အင်းပေါ.လေ...
သူလည်းမျက်နှာပူမှာပေါ့၊

AungSanKo said...

နုတ်ထွက်သွားတာ ကောင်းပါတယ် လုပ်နိုင်သူတွေသာ လုပ်တာကောင်းတယ် နိုင်ငံတော် အနေနဲ့ အလုံးစုံတာဝန်ယူရမှာပေါ့။

ရတနာပုံ မန္တလေး (သွေးမကြောင်ကြေး) said...

(ရလာတဲ့ လျှပ်စစ်မီးကို....) ပြောတာရှင်းပါတယ်နော် ရမှမရတာဗျာ ဘယ်လိုလုပ်ပြန်ပေးနိုင်မှာလဲ... အရင်ကတည်းက နိုင်ငံခြားကိုရောင်းစားလို့ ကုန်ပြီလေ...(ရောင်းလို့ရတဲ့ ပိုက်ဆံတွေက ဘယ်မှာလဲတော့ မသိဘူး လာမမေးနဲ့) နိုင်ငံတော်က အကြွေးတင်နေတာကတော့ အများကြီးပဲ... KIA မိုင်းခွဲလို့တဲ့ KIA က ဘယ်နေ့ကခွဲတာလဲ မီးမလာတာက ဘယ်နေ့ကတည်းကလည်း (ဆောရီးပါဗျာ...မီးမလာတာမဟုတ်ပါဘူး 5 မိနစ်လာ 2 နာရီ ပြတ်ဖြစ်နေတာ ဆိုတော့) မီးပြတ်တာလို့ပဲ သုံးရမှာပါပဲ....
ဝန်ကြီးကိုတော့ ကျေးဇူးတင်ချင်ပါတယ် အရင်ဆန္ဒမပြခင် ကတည်းက ကိုယ်ပိုင်အသိစိတ် (ဆောရီး ကိုယ်ချင်းစာ တရားလေးနဲ့) လုပ်ပေးမယ် ဆိုရင် ကျေးဇူးတင်ကောင်းတင်မှာပါဗျာ...
မဲလိုချင်တုန်းကတော့ နည်းပေါင်းစုံနဲ့ သူတောင်းစားလို ဓါးပြလို တောင်းခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ အခွင့်ထူးခံ လူကြီးမင်းများ ဘယ်မှာလဲ လွှတ်တော်နားနေတယ် ပြည်သူတွေထဲကို လာပါသလား? ပြည်သူတွေ ဘာဖြစ်နေသလဲ မြင်ပါသလား? ဒုတိယ သန်းရွှေတွေတော့ မဖြစ်စေချင်ပါဘူးဗျာ... အောက်ဆင်းကြည့်ကြပါဦးလို့ပဲ ပြောချင်တာပါ (ရှက်တတ်ရင်ပေါ့ဗျာ...)

myintkoko said...

ပြောနေ၇သေးတယ်လို့  ကိုယ်အကြောင်းကိုယ်သိ၇င်မောင်၇င်
စောစောစီးစီးအဆုံး စီရင်လိုက်ပါတော့လားကွာ

မန်းလေးသား said...

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှူ့ဝန်ကြီးကို လေးစားတယ်ဗျာ... ဝန်ကြီးဆိုတာ ကိုယ့်ရဲ့အလုပ်ကို တာဝန်ယူရဲရမှာ.... မပေးနိုင်ရင် နှုတ်ထွက် မလုပ်နိုင်ရင်ထွက်... အဲလိုမျိုးဖြစ်နေရမှာ... ဇော်ဖျင်းတို့ အောင်တောင်းတို့ အဲလိုမျိုး ကို့စကားကို တာဝန်ယူရဲတဲ့ သတ္တိရှိရင်တော်တော်ကောင်းမှာဗျ.....

pheasant said...

တစ်စုံတစ်ရာအရေးမယူဘူးဆိုလို့ အကယ်လို့ ဆန်ဒပြသူတွေကို အရေးယူခဲ့ရင် ဒီအစိုးရကို လက်နက်စွဲကိုင် တော်လှန်ဘို့ပဲရှိတော့တယ် ကို့ပြည်သူတွေကိုကျတော့ ပေါက်လွတ်ပဲစားဖြစ်ချင်တာဖြစ် စောက်တရုတ်အတွက်ကြတော့ မြန်မာပြည်ထဲမှာ လုပ်ချင်တာလုပ် မြန်မာပြည်ကြီးကို ဇောက်ထိုးပဲလုပ်လုပ် သူတို့ စားပေါက်ချောင်ပြီးရောဆို လွှတ်ထားတာ ကြာလေကြာလေ သီးမခံနိုင်လေ ဖြစ်လာပြီ

AungSanKo said...

ကောင်းပါတယ် မလုပ်နိုင် ထွက်တာ သိက္ခါရှိတာပေါ့
သိက္ခါမရှိဘဲ ရာထူးကြီးကြီးယူတာနဲ့စာရင်
သိက္ခါရှိရှိဆင်းရဲတာ သိက္ခါရှိ ၇ာထူးမရှိတာက ပိုကောင်းပါတယ်
ရာထူမရှိတာ ဆင်းရဲ့တာ အပြစ်မဟုတ်ဘူး
အပြစ်တွေလုပ်ပြီး ရာထူးတွေချမ်းသာမှုတွေယူထားတာ ဘာဖြစ်မလဲ ကိုယ်ဟာကိုယ်စဉ်းစား

Sugar Moon said...

ဘယ်မှာဘဲဖြစ်ဖြစ်မျှမျှတတ ပေးပါလို့တောင်းဆိုချင်ပါတယ်

Anonymous said...

မီးကရေရှိတဲ့နေရာကို၂၄နာရီအပြည့်လာတယ်....(ရေ=ငွေ)

AungNaingThu said...

KAI တွေကို ဆန်ကျင် တိုက်ခိုက်သင့်ပြီ ။ဒီကောင်တွေက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ကောင်တွေ ဗုံးခွဲ။ လူသတ်၊ မူးယစ်ဆေး၊မုဒိမ်း၊ လက်နက်၊လူကုန်ကူး၊ ဒါတွေဘဲလုပ်နေတာ ။ဒီကောင်တွေ ဘာများလုပ်ပေးခဲ့တာရှိလဲ ။ KIA တွေကို တိုင်ပြည်ကနေ တိုက်ထုတ်ပြစ်ကြပါ။

kyatyoe said...

ဂျပန်မှာဆိုရင် အလုပ်ထွက်ရုံတင်မကဘူး ကိုယ့်ကိုကိုယ်ပါသတ်သေတာ။ ဝန်ကြီးလည့်း့ 

ကိုမျိုး said...

ဒေါ်အေးအေးမင်းရယ်ဟုတ်ပါ့မလား ဗောဓိပင်ဘုရားတောင်မီးလင်းအောင်မပေးနိုင်ပဲအလကားလျှောက်ပြောနေတယ်

Unknown said...

သမ္မကြီးရေ....တည်ဆောက်တာတွေနောက်မှလုပ်ပါ...
မီးလေး..မှန်နေအောင်ပဲအရင်လုပ်ပေးပါလို့...တည်ဆောက်ရေးတွေမှာကုန်မဲ့ပိုက်ဆံနဲ့လေ...

learning how said...

မုံရွာမြို့သလာမြို့သစ်မှာတော့အခြားဒေသများနည်တူ လျှပ်စစ်မီးကမလာဘူး။လာပြန်သော်လည်း မီးအားက 60V/100V/150V/180V တွေကို အမြန်ခုန်ကူးနေလို့ TV/Handphone နှင့်လျှပ်စစ်ပစည်းတွေအပျက်များပြီး wireshock ကြောင့်မီးဘေးပါစိုးရိမ်နေရပါတယ်။လျှပ်စစ်မီးအဆင်မပြေလျှင်ထွက်မည်ဆိုတဲ့စိတ်ကိုတော့ချီးကြူးပါသည်။ကိုင်း-- ဘယ်လိုလဲ ၊ ကျုပ်တို့မုံရွာက လျှပ်စစ်ဦးဝင်းကြည်နှင်.တာဝန်ရှိလူကြီးမင်းများ

tl electrical engg; said...

သိပ်ကောင်းတယ်။ ငြိမ်းချမ်းစွာတောင်းဆိုတဲ့ပြည်သူတွေ ကိုထောက်ခံတယ်၊အားပေးတယ်။ ဒါနဲ မီးစက် က 10 လုံးပဲလား??? ဘယ်တော့လဲ၊ဘယ်အချိန်လဲ၊ဘယ်ရပ်ကွက်လဲ၊ဘယ်တော့ မီး24နာရီမှန်မှာလဲ။အရာမရောက်တဲ့သတင်းစာရှင်းလင်းပွဲနဲ့ ချွေးသိပ်မနေနဲ့တော့။ရှက်တတ်ရင် ရာထူးတင်မကဘူး ဓာတ်တိုင်ပါဆွဲနှုတ်သင့်ပြီ။ မျက်စိနောက်သက်သာတယ်။ကျွန်တော်တို့ မြန်မာပြည်သားတွေရေကာတာမွေးလိုက် တရုတ်စားလိုက် ဘ၀ ကနေလွတ်မြောက်သင့်ပါပြီ။

kiki said...

အပြောနဲ့ အလုပ်ညီပါစေ..။
တာဝန်အရှိဆုံးဖြစ်တဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း မှ ဦးဆောင်ပြီး နှုတ်ထွက်ပေးသင့်ပါတယ်။

pyisoe said...

ဆန္ဒပြတဲ့သူတွေကို အရေးမယူပါစေနဲ့လို့ ဆုတောင်းပါတယ်။ လျှပ်စစ်မီးပြဿနာ ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမှာလဲ။ တရုပ်ဆီကပြန်ဝယ်မယ်ဆိုရင်လည်း မြန်မြန်သာဝယ်ကြ။ ဒါလောက်တောင်ရောင်းချင်ရင်လည်း လူပါရောင်းလိုက်ပါတော့ကွာ။

Unknown said...

ကောင်းတယ်....အဲလို ကိုယ်အသုံးမကျတာကို..ရင်ဆိုင်ပြီး...ထွက်ပြမှ..နောက်ထပ်အသုံးမကျတဲ့သူတွေလဲ...ရှက်တတ်လာမှာလေ..သြော်...ပြောတဲ့အတိုင်းတော့ တကယ်လုပ်ဗျ...

linn said...

ဝန်ကြီးဒေါက်တာမြင့်ကြူရဲ့စကားမှာ တာဝန်ခံမှုပါတာမို့ ကျေးဇူးတင်ပါတယ်။ ပြည်သူတွေအတွက်လည်း ၀မ်းသာပါတယ်။ တစ်ခုပဲစိုးရိမ်မိတာက တလောကလေးတင် သုံးခွမှာထင်တယ်၊ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတယ်။ အခုမန္တလေးမှာ ဖယောင်းတိုင် ထွန်းပြီး ဆန္ဒပြတယ်။ ပြည်သူက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်တယ်၊ အထက်ကလည်း ညတွင်းချင်း အရေးပေါ် သတင်းစာရှင်းလင်းပွဲလုပ်ပြီး အရေးယူဆောင်ရွက်ပေးပါတယ်။ ကျွန်တော့အထင် တရားဝင် ဆန္ဒပြဘို့ စာမတင်ပဲလုပ်တာထင်ပါတယ်။ ဒါပေမဲ့ ရဲကလည်း မဖမ်းခဲ့ပါဘူး။ ကျွန်တော်စိုးရိမ်တာက အဆင်မပြေတာက နေရာတိုင်းမှာဆိုတော့ နေရာတိုင်းက ဆန္ဒပြကြရင် ဘယ်လိုလုပ်မလဲ။ ပြီးနောက်တစ်ခုက ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်လာတယ်။ လူနဲနဲနဲ့စပြီး လူများလာတယ်ပေါ့ဗျာ။ အဲလိုလူများလာတဲ့အထဲမှာ တောကြောင်တွေပါလာပြီး လုမယ်ယက်မယ်၊ အကြမ်းဖက်မယ်၊ ကြမ်းတမ်းတဲ့၊ ရန်စတဲ့ ကြွေးကြော်သံတွေ တိုင်မယ် ဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတွေ နာမည်ပျက်မယ်။ အဆင်မသင့်ရင် ဆန္ဒထုတ်ဖေါ်ခြင်းနဲ့ ပက်သက်တဲ့ဥပဒေတွေ ပိုတင်းကျပ်လာနိုင်တယ်။ ပြည်သူက ဖေါက်ဖျက်လို့အရေးယူရရင် ပြည်သူနဲ့အစိုးရကြားတင်းမာလာနိုင်တယ်။ သူတို့ကိုဘယ်လိုတားဆီးမလဲ ကြိုစဉ်းစားပေးကြပါ။ ကောင်းတာတစ်ခုက ဆန္ဒပြပွဲလုပ်မယ်တို ဖြစ်နိုင်ရင် တရားဝင်ခွင့်ပြုချက်ယူပါ။ ကြီးကြပ်ရေးအဖွဲ့ ထားပေးပါ။ သည်လူတွေက ကိုယ့်လူကို သိနေရပါမယ်။ လူများလို့ ဆူလာရင် ထိမ်းရပါမယ်။ အပြင်လူဆိုလည်း သေချာ ကျပ်ရပါမယ်။ ပြီးရင် လျှို့ဝှက်ပြီး လူတစ်စုက ဆိုးသူတွေကို ကင်မရာနဲ့ သေချာ မှတ်တမ်းတင်ရပါမယ်။ ပြီးရုံးတင်ရပါမယ်။ ဒါမှနောင်ကျဉ်မှာပါ။ ပြီးဆန္ဒထုတ်ဖေါ်ရာမှာ မျက်နှာမစည်းစေရပါ။ အစိုးရကလည်း ပြဿနာရှိလျှင် ကြီးကြပ်ရေးအဖွဲ့ကို ခေါ်သတိပေး တာလောက်နဲ့ စထိမ်းသင့်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့က သူမနိုင်လျှင် လူစုခွဲဘို့၊ မရလျှင် ရဲအကူခေါ်သင့်ပါတယ်(ဟန်းဖုန်း)။ဆန္ဒထုတ်ဖေါ်တာ ကောင်းပါတယ်။ စနစ်ကကျဆိုလျှင် တန်ပြန်ဆိုးကျိုးများကို ကာကွယ်ပြီး ဖြစ်သွားပါမယ်။ အမိမြန်မာပြည်ကိုချစ်လို့ပါ။ ကျွန်တော်တို့ နောက်ထပ်မစောင့်ချင်တော့ပါ။ မစောင့်နိုင်တော့ပါ။

Justice lover said...

မြန်မာနိုင်ငံမှာ မီးတွေသည်လို ဖြစ်နေတာဟာ အစိုးရ၂ဆက်၏ နှစ်ပေါင်းများစွာ မှားယွင်းသော ပေါ်လစီများကြောင့် ဖြစ်ပါတယ်။ အခြားသော ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ လမ်းပန်း အစရှိသည့်ဏ္ဍများနှင့်အတူ ချွတ်ချုံကျခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အားပမာဏဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် လူဦးရည် သိပ်မကွာသော်လည်း ၎င်းတို့ မီးအား၏ ၁ဝပုံတစ်ပုံသာ ရှိပါတယ်။ ရတနာနှင့် ရဲတခွန်မှ ဝယ်သော gas ကို သုံးသော ဓာတ်အားပေး စက်ရုံတစ်ခုတည်းကပင် မြန်မာနိုင်ငံတစ်ခုလုံး၏ လျှပ်စစ်ဓာတ်အား ပမာဏထက်များပါသည်။ ရှက်ဖို့တောင် ကောင်းပါသည်။ သူများတိုင်းပြည်ကိုရောင်းဖို့ gas ရှိပြီး ကိုယ်တိုင်သုံးဖို့ မရှိလို့၊ ရေအားလျှပ်စစ်တွေ စွတ်လုပ်ပါသည်။ ကျွန်တော်တို့တွေလည်း BOC ရေနံကုမ္ပဏီမှာ အလုပ်လုပ်ပြီး အိမ်မှာ မီးထွန်းစရာမရှိကြသည့် ရေနံမြေအလုပ်သမားများလို သခင်ဖိုးလှကြီး လက်သစ်တွေ ဖြစ်ကြရပါတော့သည်။ EPC ကို တာဝန်ယူခဲ့ကြသည့် ဝန်ကြီးအသီးသီးကတော့ millionaire ကြီးတွေ ဖြစ်ကုန်ကြပါပြီ။ ဗိုလ်ချုပ်တင်ထွတ်၊ ဗိုလ်ချုပ်ခင်မောင်မြင့်၊ လက်ရှိ ဗိုလ်မှုးကြီးခင်မောင်စိုး အားလုံး အားလုံး၊ နေသည့်အိမ်တွေ၊ ပိုင်သည့်အိမ်တွေ၊ စီးသည့်ကားတွေ၊ နိုင်ငံခြားမှာ ဆေးကုတာတွေ၊ သားသမီးတွေ ကျောင်းထားတာတွေ အားလုံး အားလုံး တကယ့်ကို စိတ်မကောင်းစရာ ကောင်းလောက်အောင် တရားမရှိကြတာ တွေ့ရပါတယ်။ သမ္မတကြီးကလည်း အဂတိလိုက်စားတာ တိုက်ဖျက်မယ်ဆိုတာ လေထဲမှာပဲရှိနေတယ်။ တကယ်ဆို ဒီလူတွေရဲ့ မိသားစု ပိုင်ဆိုင်တာတွေ ကြည့်လိုက်တာနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်ချမ်းသာ လာရသလဲ သိနိုင်ပါတယ်။ ဒီဆရာသမားတွေက တိုင်းပြည်ကိုသာ ထိမ်လင်းနေအောင် မလုပ်နိုင်တာ သူတို့ဘဝတွေကျတော့ ရွှေရောင်ပြောင်ပြောင်ဖြစ်အောင် တတ်နိုင်ကျတာကလား။

garry said...

တချို့မြို့တွေမှာတောင်မီးမှန်နေတာပဲ။ဘာလို့လဲအနာပေါ်တုပ်ကျလို့လား။

garry said...

တချို့မြို့တွေမှာတောင်မီးမှန်နေတာပဲ။ဘာလို့လဲအနာပေါ်တုပ်ကျလို့လား။

National said...

`` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင်
ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြော//////////
မထွက်ပါနဲ့ဗျာ၊ မြန်မာပြည်၊ မြန်မာလူမျိုးအတွက်လုပ်နေတာပဲ၊
အရိုးကျေကျေ အရေခမ်းခမ်း ပေးအပ်ထားတဲ့တာဝန်ကို ဦးဆွေးဆံမြေ့ ထမ်းဆောင်တာဟာ သူရဲကောင်းပဲလေ၊
အောင်မြင်သွားလို့် ပီတိကိုခံစားမိရင် ဖော်မပြတတ်အောင် ဖြစ်လာပါလိမ့်မည်၊ (ဣန္ဒြိယပစ္စယော- အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၊
တစ်နည်း၊ တစ်နိုင်ငံ၊ တစ်တိုင်းပြည်တည်းတွင် အသီးအသီးဆိုင်ရာကိစ္စတာဝန်ကို ပေးအပ်ခံရသော လက်အောက်ခံမင်းတို့သည်
(အချင်းချင်း ထိုအစိုးရသော သတ္တိတို့ကို မမြင်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့်
ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား (ပဋ္ဌာန်းတရားများကို သတိရပါ။/ရွတ်ပါ၊ ကူညီမည့်သူ ပေါ်လာပါလိမ့်မည်)

shingyi said...

ပိုလို့ေ၇ာင်းစားတာဆို။နေပြည်တော်မှာပိုတာလာူ။

ှဲKaung said...

လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်မယ်ဆိုတော့ တလကို ၀န်ကြီးတစ်ယောက်... အင်း တနှစ်ကို ၀န်ကြီး ၁၂ ယောက်။ မန္တလေးတိုင်းမှာ လူ ၄သန်းလောက် ရှိတာပဲ။

hlawgyi said...

ကောင်းတယ်ဗျာ...ကျနော်တို့ ကတော့ အားပေးပါတယ်...လိုချင်တာကိုပွင့် ပွင့် လင်းလင်းဒီလိုပြောတာမှန်တယ်လို့ ထင်ပါတယ်.....ဖြစ်နိုင်ရင်ရန်ကုန်မှာလည်းအဲလိုမျိုးတွေ...တောင်းဆိုစေချင်တယ်ဗျာ....ကိုယ့် တိုင်းပြည်ထဲ က..ပြည်သူတွေကိုတော့ လုံလောက်အောင်မလုပ်ပေးနိုင်ဘူး......နိုင်ငံခြားငွေရအောင်ဆိုပြီး...ရောင်းစားတယ်...ပြီးတော့ ...ရတဲ့ ပိုက်ဆံတွေကလည်းဘယ်ရောက်သွားလည်း....ပြည်သူတွေမှာ...ဘာမှခံစားခွင့် မရရှိဘူး.......အဲဒါတွေကိုလည်းပြောသင့် တယ်ဗျာ...

sandar said...

တားတားမသိလို့မေးပါရစေ.. မိုးရွှာမှရေရ.. ရေရမှမီးရမယ်ဆိုတော့...
ဟိုဝိုင်းဝိုင်း ပိုက်လုံးတဲထည့်ပြီး တရုပ်ပြည်ပို့ဘို့လုပ်နေတာကဘာလဲဟင်....
မိုးရွာတာနဲ့မီးရရင်ထည့်ရအောင် ready လုပ်တာလားဟင်... တားတားတို့ကတုံးလို့မေးတာနော်...

hasi said...

အဆင်ပြေအောင်ဆိုတာဘာကိုပြောတာပါလဲ၊မီးအလှည့်ကျရမှာလား၊အမြဲရမှာလား၊ရလာတဲ့မီးကိုအရေးကြီးတဲ့နေရာတွေမှာပေးနေရလို့ဆိုတာတွေထပ်ကြားရအုံးမယ်၊အဆင်ပြေအောင်ဆိုတာပြည်နယ်တိုင်းဝန်ကြီးတွေအဆင်ပြေအောင်လား လား လား

hlawgyi said...

အောင်မြင်ပါစေဗျာ...အားပေးပါတယ်

winshein said...

ဒေါ်ကြီးပြည့် said
လျှပ်စစ်မီး ၂၄ နာရီလာဘို့ မိုးနတ်မင်းကို အားကိုးရမယ်ဆိုရင် တိုင်းအဆင့်မမ အဲဒီကုလားထိုင်က အမြန်
ဖယ်ပေးပါ မိုးနတ်မင်း (သို့မဟုတ်) မိုးနတ်မင်းနဲ့တူသော ပုဂ္ဂိုလ်
ကို အမြန်နေရာပေးချင်ပါတယ် မီးဒုက္ခ ရေဒုက္ခက လူနဲ့မတူ
အောင် ဆင်းရဲလှပါတယ်။

amm said...

ကဲ...မောင်ဇော်မင်းလေးကိုယ်ပြောတဲစကားကို ကိုယ်တိုင်တာဝန်ယူရဲရတယ်နော်။ပြည်သူ့အသံကိုကြားပြီမို့လား။

minsoeaung said...

ကြိုက်တယ်ဗျ drမြင့်ကြူ
ဒီလိုဖြစ်သ်င့်ပါသည်။မိမိတာဝန်ယူတာမအောင်မြင်ရင်ထွက်
မယ်ပြောရဲတာကိုဂုဏ်ယူပါတယ်။ကြိုဆိုပါတယ်။
ဟဲ ဟဲ ပြောတဲ့အတိုင်းဖြစ်အောင်လုပ်နော် ။
စိတ်ချမယ်နော်။ ယုံလိုက်မယ်ေ်နာ်။

မျိုးမြန်မာ said...

ပြည်သူကတော့ အဆင်မပြေဘူး ထွက်ပေါက်ပိတ်ရင် ဆန္ဒပြ ကြမည်ကိုလည်းကိုချင်းစာပါသည်။ ဘာလုပ်ပိုင်ခွင့်မှ မရှိပဲ ပြည်ထောင်စု ၀န်ကြီးများမှ ၄င်းတို့၏ လုပ်ပိုင်ခွင့်များကို သိမ်းယူထားသော ပြည်နယ်/တိုင်း ဒေသကြီး ၀န်ကြီးများထဲ ဓားစာခံ အဖြစ် ရာထူးမှ နုတ်ထွက်မည်ဆိုသော လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူ ကို လေးစားပါသည်။
Power System Development ကို စိတ်ဝင်တစား မည်သည့် အရာရှိကြီး များမှ စိတ်ဝင်းစားခြင်း မရှိပါ။ စည်းဝေးတိုင်ပင်ခြင်းလည်း မရှိပါ။ မည်သို့တိုးတက်အောင် လုပ်မည်ဆိုင် technical plan လည်း မရှိသည်မှာ ထင်ရှားပါသည်။ လူကြီးများသည်လည်း ခရီးထွက်ခြင်းဖြင့်သာ အချိန်ကုန် ဌာနငွေများကုန်နေသည်ကများပါသည်။ လူကြီးသွားရာလိုက်ရသော နောက်လိုက်နောက်ပါများကို ပြုစုရခြင်းမှာလည်း တော်တော်စိုးသော အလုပ်ဖြစ်သည်။ ကျားလည်းကြောက်ရ ကျားချီးလည်း ကြောက်ရသော အနေအထားဖြစ်သည်။ အုပ်ချုပ်မှု စီမံခြင်း အထူးပင် လေးကွေး ပါသည်။ ဌာနမှာလည်း မီးမထွက်သော အင်ဂျင်နီယာလုပ်ငန်းမပါ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း များဖြင့်သာ အချိန်ကုန် နေရသူများပါသည်။ ကောင်းမွန်သော ဓာတ်အားစနစ် တည်ဆောက်ရာတွင် အတွေ့အကြုံရှိသော အင်ဂျင်နီယာ ဖြစ်ရန်လိုပါသည်။ ရုံးချုပ်မှ လွဲပြီး တိုင်းရုံး။ ခရိုင်ရုံး။ မြို့နယ်ပါမကျန် နေဖူးသော အတွေ့အကြုံ မရှိသည့်အပြင် ဓာတ်အားခွဲရုံ နှင့် GT စက်ရုံများ ဆိုလျှင် မဆိုင်သလိုနေသော အင်ဂျင်နီယာများ အများအပြား ဌာန အတွင်းတွင် ရှိကြသည်။ ၄င်း အင်ဂျင်နီယာများကို Operation level အထိ ကွင်းဆင်းစေကာ အတွေ့အကြုံရ.ယူစေသင့်သည်။ ရုံးချုပ်မှာနေပြီး လူကြီးကောင်းမှုကြောင့် ရာထူးကြီးကြီး ယူပြီး ရုံးချုပ်မှာ ပါဝါတွေ နင်ကန်ပြနေသော အင်ဂျင်နီယာများကို စိစစ်သင့်ပါပြီ။

မျိုးမြန်မာ said...

ပြည်နယ်/တိုင်းဒေသကြီးမှာ ရှိသော မည်သည့်ဝန်ကြီး သည်လည်းကောင်း မည်သည့်တိုင်း/ပြည်နယ် အင်ဂျင်နီယာမှလည်းကောင်း အဆိုပါအရာရြှိ ကီး များအောက်ရှိ ၀န်ထမ်းများသည်လည်း မစွမ်းသာပါ မီးမှန်အောင် မလုပ်နိုင်ပါ။ နှစ်စဉ်နှစ်တိုင် နွေရာသီ နှစ်လသုံးလကို ဗရုတ်သုတ်ခ ဖြတ်သန်းနေကြသည် မှာလုပ်ရိုးလုပ်စဉ် မောင်ဖိုးခင်ဆိုသလိုဖြစ်နေပါသည်။ အမှန်ကတယ် လုပ်ဆောင်သင့်သည်မှာ နိုင်ငံတော်အဆင့်မှ လျှပ်စစ်ဓာတ်အား အမှန်တကယ် တိုးတက်အောင် ထုတ်လုပ်နိုင်မည့် Master Plan များ ရှိရန်နှင့် ထိုစီမံချက် များအတိုင်း အမှန်တကယ် တိုးတက်အောင်လုပ်ဆောင်သင့်သော အချိန်ကောင်းများကို ကျော်ခဲ့သော်လည်း ရှေ့အလားအလားများ ကောင်းနိုင်ရန် ယခုမှစပြီး အကောင်အထည်ဖေါ်ဆောင်သင့်နေပြီဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် အစည်းအဝေးခန်းများကို on paper data များဖြင့် မလုပ်ဘဲ မှန်ကန်သော အချက်အလက်များဖြင့်သာ တရားဝင်လုပ်ဆောင်သင့်ပေသည်။ လူကြီး လက်မခံလို့ ကိန်းဂဏန်းပြင်ခြင်း။ အဆူခံ၇မည်ဆိုသဖြင့် တပွဲတိုးပြီးပြီးရော လုပ်ခြင်းများကို ရပ်တန်းက ရပ်သင့်ပါကြောင်း ရေးသားရပါသည်။ အမှန်တကယ် တိုးတက်သော လုပ်ငန်းများကို လုပ်ဆောင်ရန်သင့် ပါပြီ.

Ebrahim said...

မဂ္ဂါဝပ် ၁၅၀၀ ကို သုံးလို့ မကုန်နိုင်လို့ တရုတ်ကို ရောင်းစားရတာပါတဲ့
လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းရဲ့ သမိုင်းဝင်စကားလေးကို မမေ့ကြနဲ့နော်။ အဟက် အဟက်။
အထက်ကိုဖား၊ အောက်ကို ဖိတတ်တဲ့ ဒီလို ၀န်ကြီးမျိုး အစိုးရအဖွဲ့ထဲမှာ မရှက်မကြောက် အခုထိ နေနေတာ အံ့သြမိပါတယ်။
မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဒေါက်တာ မြင့်ကြူကို လေးစားပါတယ်။ ပညာတတ်ဆိုတော့လဲ လူကြီးစိတ် ခေါင်းဆောင်စိတ် ရှိတယ်လို့ ခံစားမိပါတယ်။ နှုတ်မထွက်ပါနဲ့ ဒေါက်တာ။ ဒေါက်တာ့ချီးကို ဇော်မင်းကို တစ်နေ့ တစ်ပုံလောက် ကျွေးပေးပါ

mr naung said...

ပိုလျှံနေလို့ ဓာတ်အားတွေ ထုတ်ရောင်း နေရပါတယ်ဆိုပြီး ပေါ့ပျက်ပျက် စကားလုံးတွေနဲ့ စော်ကားခဲ့တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ အစိုးရ အဖွဲ့တခုလုံးမှာ တာဝန်ရှိပါတယ်..။ အဓိကတာဝန်ရှိတဲ့ နေရာယူပြီး တာဝန်မယူနိုင်တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးဆိုရင်တော့ ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုအပ်ပါတယ်..။

Unknown said...

ဝန်ကြီး မထွက်ပါနဲ့ ၊ ၁၂ထပ်တိုက်ပေါ်က ခုန်ချပါ ( ခုံ= ကုလားထိုင်)

Your sister said...

ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဦးဇော်မင်း.. ခင်ဗျား....တိုင်းလျှပ်စစ်ဝန်ကြီးတောင် ..နုတ်ထွက်မယ်လို့ကြေညာသွားပါပြီ...ပြည်ထောင်စုဝန်ကြီး ..အနေနဲ့ကိုယ်ပြောခဲ့တဲ့..စကားအတွက်..ကိုယ်တာဝန်ယူပြီး.. လူကြီးလူကောင်းတစ်ယောက်အဖြစ်..ဆက်လက်ပြီးလူ့အသိုင်း အ၀ိုင်းတွင်ရပ်တည်လိုလျှင်...၀န်ကြီးအဖြစ်မှနုတ်ထွက်မည်ဟု.....ကြေညာလိုက်ပါ..ခင်ဗျား..

Your sister said...

ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဦးဇော်မင်း.. ခင်ဗျား....တိုင်းလျှပ်စစ်ဝန်ကြီးတောင် ..နုတ်ထွက်မယ်လို့ကြေညာသွားပါပြီ...ပြည်ထောင်စုဝန်ကြီး ..အနေနဲ့ကိုယ်ပြောခဲ့တဲ့..စကားအတွက်..ကိုယ်တာဝန်ယူပြီး.. လူကြီးလူကောင်းတစ်ယောက်အဖြစ်..ဆက်လက်ပြီးလူ့အသိုင်း အ၀ိုင်းတွင်ရပ်တည်လိုလျှင်...၀န်ကြီးအဖြစ်မှနုတ်ထွက်မည်ဟု.....ကြေညာလိုက်ပါ..ခင်ဗျား..

Unknown said...

2014အ တွက်ရင်လေးတယ်။သယံဇာတပေါဒယ်ဆို။ဒီတသက်မီးလာဘာ့မလား

pudo said...

ဆင်ခြေတွေမလိုချင်ဘူးဗျာ...
ဓာတ်အားမရှိ၇င်.. ပြန်ဝယ်ပေါ့...နိုင်ငံခြားကနေ...
ပိုနေလို့ေ၇ာင်းထားတဲ့ဓာတ်အားတွေဆို...
ေ၇ာင်းလို့၇တဲ့ပိုက်ဆံနဲ့ပြန်ဝယ်ပေါ့

အောင် said...

သတ္တိရှိတယ်ပေါ့

Kyae Sin Oo said...

လတ်တလောပြဿနာများကိုလည်းဖြေရှင်းပါ။ ရေရှည်အတွက်နိုင်ငံတစ်ဝှမ်းလုံး
ပြဿနာလည်းစဉ်းစားပါ။ ငါးပွက်ရာငါးစာချသလိုမီးစက်တွေလိုက်မောင်းပေးပြီး
တွေ့သမျှအပေါက်တွေလျှောက်ဖါထေးနေလည်း ဖါရတွေဗလဗွပဲအဖတ်တင်
မှာပါ။ ဒါရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းတင်ဖြေရှင်းလို့ပြီးမယ့်ပြဿနာမဟုတ်ပါ
ဘူး။လျှပ်စစ်မီးဟာနိုင်ငံတစ်ဝှမ်းလုံးအတွက်လိုအပ်တာပါ။မီတာစောင့်ရှောက်
ခတစ်လတစ်ထောင်နဲ့ ကောက်ခံထားတာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာမီတာ
ဘယ်နှလုံးရှိတယ်ဆိုတာမသိဘူးလား။ အဲဒီမီတာတွေအတွက် ၀ပ်ဘယ်
လောက်လိုအပ်တယ်ဆိုတာမသိလောက်စရာလား။ လေးတန်းကလေးတောင်
တွက်တတ်မယ်။ တိုင်းပြည်ကိုနှစ်ပေါင်းများစွာစီမံခန့်ခွဲခဲ့တဲ့စစ်အစိုးရလျှပ်စစ်
ဝန်ကြီးတွေမတွက်တတ်ဘူးလား။ လျှပ်စစ်ဟာလူနေမှုအဆင့်အတန်းမြင့်မား
ရေးနဲ့စက်မှုလက်မှုဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်တယ်ဆိုတာ ဘာလို့မ
သိချင်ယောင်ဆောင်ခဲ့ကြတာလဲ။ ပြည်ပနိုင်ငံတွေက သူတို့နိုင်ငံသားတွေ
လူနေမှုအဆင့်အတန်းမြင့်မားရေးနဲ့စက်မှုထွန်းကားအတွက်သူတို့နိုင်ငံအတွင်း
ထုတ်လုပ်နိုင်တဲ့လျှပ်စစ်ပမာဏနဲ့မလုံလောက်လို့သူများနိုင်ငံကတောင်လိုက်
ဝယ်ရတယ်။ ကျုပ်တို့နိုင်ငံကဘယ်လိုသုံးရမှန်းမသိလို့ရောင်းစားတာလား။ ခေတ်အဆက်ဆက်စစ်အစိုးရနဲ့လျှပ်စစ်ဝန်ကြီးတွေ
ရှက်ရမှန်းသိကြရဲ့လား။ လျှပ်စစ်မီးလုံလုံလောက်လောက်ရရင် အိမ်ထောင်စု
တစ်စုစီရဲ့ကုန်ကျစရိတ်လည်းသက်သာမယ်၊လူနေမှုအဆင့်အတန်းလဲမြင့်လာ
မယ်။ တစ်နိုင်တစ်ပိုင်စက်မှုလုပ်ငန်းတွေကအစ ပုဂ္ဂလိကစက်မှုလုပ်ငန်း
အကြီးစားတွေ၊ နိုင်ငံတော်အဆင့်စက်မှုလုပ်ငန်းတွေ ၀န်ဆောင်စရိတ်နည်း
နည်းနဲ့ကုန်ပစ္စည်းတွေထုတ်လုပ်နိုင်မယ်။ ကုန်ဈေးနှုန်းတွေသက်သာမယ်။
ဆင်းရဲသားတွေအတွက်ကုန်ကျစရိတ်နည်းသွားတော့ ဆင်းရဲနွမ်းပါးမှုလျော့
ပါးမယ်။ လျှပ်စစ်မီးလုံလောက်အောင်ပေးနိုင်ရေးဟာ မဟာဗျူဟာပါပဲ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်သူ့လွှတ်တော်မှာအလေးအနက်
ထားပြီးတင်ပြပေးပါ။ အသံကျယ်ကျယ်အော်ပေးပါ။

မိုးတိမ် said...

မနေနိုင်လို့ထပ်ပြောလိုက်ပြန်ပြီဗျာ .... မီးရအောင်လုပ်ပေးတာတော့ဟုတ်ပါပြီ ... ၂၄ နာရီလည်းရပါစေ့မယ် ..... ဒါပေမဲ့မီးအားနည်းတာ အတက်အကျမမှန်တာကိုကော ဘယ်လိုလုပ်ပေးမလဲ .... ကျနော်ငယ်ငယ်ကမြောက်ဒဂုံမှာနေရပါတယ် ... မီးအားနည်းလွန်းလို့ ၆၀ ဝပ်မီးသီးတောင် ခရမ်းချဉ်သီးသာသာပဲလင်းပါတယ် .... အင်ဗာတာတွဲသုံးရတယ် .... ကျန်တဲ့အဖိုးတန်ပစ္စည်းတွေဆိုတာ ဆေ့ဖ်ဂတ်ခံသုံးရတယ် ..... မီးအားကနည်းလွန်းတော့ တီဗီကြည့်ရတာအလွန်ပဲကသိကအောက်ဖြစ်လွန်းလို့ လျှပ်စစ်ဌာနမှာလုပ်တဲ့သူငယ်ချင်းရဲ့အဖေကိုမကျေမနပ်ပြောမိပါတယ် .... အဲ့ဒီတုန်းကကျနော်က ကလေးဆိုတော့ သူငယ်ချင်းရဲ့အဖေက ကလေးနားလည်လောက်တဲ့ စကားလုံးလွယ်လွယ်လေးတွေနဲ့ပဲရှင်းပြပါတယ် .... ဦးတို့ကလည်းရတဲ့ခွဲတမ်းကို လောက်ငအောင်အားလုံးကိုခွဲပေးရတာသားရယ် ... ပြီးတော့ရပ်ကွက်ထဲကမီးကြိုးတွေကဟောင်းနေပြီ .... နောက်ပြီး မီးခိုးသုံးတဲ့စီးပွားရေးလုပ်ငန်းရှင်တွေက မတရားဆွဲသုံးတော့ သားတို့ဆီကိုမီးအားကဒီလောက်ပဲရောက်တော့မှာပေါ့ ... သားတို့ရေဝယ်တဲ့အခါပိုက်ကလာတဲ့ရေလိုပဲသားရဲ့ .... ဆိုပြိးတော့ရှင်းပြပါတယ် ..... ခုလည်းအဲလိုပါပဲ .... လျှပ်စစ်နဲ့ပတ်သက်တဲ့အခြေခံအဆောက်အအုံတွေကို စနစ်တကျအဆင့်မြင့်ရမယ် .... ခွဲဝေပေးတဲ့မီးအားကို စနစ်တကျ စည်းကမ်းနဲ့သုံးစွဲကြရမယ် ဒါမှသာ အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ် ....

စိုးဇေယျထွန်း said...

မီးစက်ဆယ်လုံး ချပေးထားတာတော့ ဟုတ်ပါပြီ။ အဲဒီ မီးစက်ဆယ်လုံးကို ဘယ်က ဆီနဲ့ မောင်းကြမှာလဲ။ ရန်ကုန်မှာ ဂက်စ်တာဘိုင်နဲ့ လည်တဲ့ စက်တွေတောင် ဂက်စ်မလောက်လို့ မမောင်းရတဲ့ အဖြစ်တွေအများကြီး။ တော်တော်လဲ ရွှေဥာဏ်တော်စူးရောက်တဲ့ အစိုးရ တိုင်းပြည်က ဂက်စ်ကို နိုင်ငံခြားကို ဈေးပေါပေါနဲ့ ရောင်းပြီး။ ပြည်တွင်း လျှပ်စစ်ဓာတ်အားပေးဖို့ နိုင်ငံခြားက ဈေးဈေးကြီးနဲ့ သွင်းလာတဲ့ ဒီဇယ်နဲ့ နိုးပေးဦးမယ်တဲ့.......

မြန်မာနိုင်ငံသား said...

အေဘေးကြီးတွေ
သူတို့ ပထွေး(တရုတ်)ကျတော့ မီးရောင်းပေးထားတယ်
တိုင်းပြည်မှာနေတဲ့သူတွေကျတော့ ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်ဘူး.....
မင်းတို့တွေနောက်ဘ၀ ပိတ္တာထက်ဆိုးတဲ့ဘ၀ကိုရောက်အုံးမှာ...
မင်းတို့အိမ်တွေကျတော့ မီးစက်ကြီးတွေနဲ့မီရောင်ကိုအပြည့်သုံးနိုင်ပေမယ့်ငါတို့သာမန်လူတန်းစားတွေမှာ ဒါတွေမသုံးနိုင်ဘူးကွ...
မင်းတို့ခွေးဖြစ်မယ့်အချိန်ကို မြင်ချင်နေပီ....
မင်းတို့နဲ့နှစ်ယောက်တည်းအခန်းထဲမှာတွေ့ရင် အကုန်လည်လှီးဖြစ်တယ်..သတိထားကြ...(ရင်ဖွင့်သံပါ)

သကြားလုံး said...

ဒေါက်တာမြင့်ကြူက နှုတ်ထွက်စာတင်မယ်ဆိုတာ သက်သက် ခေါင်းရှောင်တာပါ ။ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့်ဒေါက်တာမြင့်ကြူ ပေါင်းပြီး စားခဲ့တာလဲ တော်တော်များပါပြီ ။ မီးပျက်တယ်ဆို တာကလအခုမှပျက်တာမဟုတ်ပါဘူး ။ ဒါကို ရွှေလီဓါတ်အားတိုင် ဗုံးခွဲခံရတာကို အခွင့်ကောင်းယူပြီး ကပစ်ပုံချတာပါ ။ ရွှေလီဓါတ်အားတိုင် ဗုံးခွဲခံရတော့ သတင်းစာရှင်းလင်းပွဲ ကလဲ ဒီတစ်ခွန်းထဲနဲ့ ပဲ ပြီးသွားတာပေါ့ ။ ဒေါက်တာမြင့်ကြူစားလို့လဲ ၀ပြီဆိုတော့ နှုတ်ထွက်စာတင်ပြီ ပေါ့ ။ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်း နှုတ်ထွက်စာတင် ဖို့ စဉ်းစားနေလောက်ပြီ ။ မီးစက်ရောက်တော့ကော သူတို့လူကြီး ဆိုတဲ့ဟာတွေရှိတဲ့ ရက်ကွက်လောက်ပဲရောက်တော့မပေါ့။ မန်းသူ ၊ မန်းသားများ အလိမ်မခံ ရဖို့သတိပေးချင်ပါတယ် ။ ကျန်းမာရေးရှုဒေါင့်ကပြောရမယ်ဆိုရင် မီးပျက်တော့ သက်ကြီးရွယ်အိုရှိတဲ့အိမ်တွေ ၊ လူနာရှိတဲ့အိမ်တွေ ၊ ဆေးရုံ ၊ ဆေးခန်းတွေ တော်တော်လေးကိုဒုက်ခရောက်ရပါတယ် ။ မီးရရှိရေးအတွက်ဆက်လက်တိုက်ပွဲ ၀င်ကြပါလို့ တိုက်တွန်းချင်ပါတယ် ။ အောင်မြင်ပါစေ ။

Anonymous said...

လက်ရှိလျှပ်စစ်ကကောင်တွေ အကုန်ဖြုတ်ပစ်ပါ
ဆန်ကုန်မြေလေး သောက်သုံးမကျတဲ့ကောင်တွေ

သကြားလုံး said...

လျှပ်စစ်မီးရဖို့အတွက် မိုးနတ်မင်းကိုတိုင်တည်ပါလို့ အရှက်မရှိတဲ့ စကားကပြောထားသေးတယ် ။ ဒါကိုပဲသတင်းစာက အရှက်မရှိ ရေးပေးထားသေးတယ် ။ ရှက်တက်ရင်သေဖို့တောင်ကောင်းတယ် ။ ရာထူးကနှုတ်ထွက်ရုံနဲ့ မလုံလောက်သေးဘူး ။

ဒေးအောင်ဘို said...

တကယ်ပြောတာလား။အဲဒီလိုအပြောတွေနဲ့ ပြည်သူတွေအလိမ်ခံ၇ပေါင်းများလှပါပြီးdr.ကြီး၇ယ်..အဘစာမတတ်တော့ ငါမြေးပြောသမျှပေါ့ ကွယ်။

OoMinn said...

ကလင်...ကလင်....
ကိုကိုဖုံးလာနေတယ်
ဟလိုဟုတ်ကဲ့
လူ့ပြည်က မြန်မာနိုင်ငံပါလားခင်ဗျာ
စေတန် စကားပြောနေပါတယ်
35လုပ်ပါ
မအာပါနဲ့ အဲလေ
လျှပ်စစ်ဌာနကိုပေးပါ
ညွှန်ကြားရေးမှူးချုပ်လားခင်ဗျာ
ဟုတ်ကဲ့
တစ်နေ့ကရောက်လာတဲ့ ငရဲဆီထဲမှာ
ထရန်ဖာဆီတွေရောပါနေလို့ပါ
ဗျာ....
နောက်မဖြစ်စေရပါဘူး
မလုပ်ပါနဲ့ဗျာ
စေတန် တို့ထရန်ဖာဆီစစ်စစ်လိုချင်လို့ပါ
ဗျာ..ခွဲတမ်းမထုတ်ရသေးဘူး
အော် ရပါတယ်ရပါတယ်
အခုမဟုတ်သေးပါဘူးခင်ဗျာ
လူကြိးမင်းတို့လာမှ
တစ်ပါတည်းယူလာခဲ့ပေးပါ
သယ်ယူစရိတ်အပိုဆောင်းပေးပါ့မယ်
ဗျာ..အော်ဟုတ်ကဲ့
စေတန်တို့ ငရဲဆီမှာလာကြမဲ့
လျှပ်စစ်ဌာနကသူတွေအတွက်
ငရဲဆီအစား ထရန်စဖာဆီလှောင်ထားမှာပါ၊
ဗျာ
အပိုဆောင်းအနေနဲ့ဒီဇယ်ပါပါလာရင်ပိုကောင်းပါတယ်
ဂက်(စ်)တွေတော့သယ်မလာပါနဲ့
အငွေမပြန်ခင်
တရုတ်တွေဆီသာရောင်းစားခဲ့ပါ
ဟုတ်ကဲ့ကျေးဇူးပါ
ဂွပ်.....

စေတန်

Kyae Sin Oo said...

"ငါးပွက်ရာငါးစာချဟူသော" ပုံခိုင်းနှိုင်းမှုအစား "ဆန်စင်ရာကျည်ပွေ့လိုက်"
ဟုပြင်ဆင်ဖတ်ရှုပေးပါရန်

toke kyi said...

ပရော်ဖက်ဆာဇော်မင်း ဘယ်မှာသေနေပြီလဲ.... လျှပ်စစ်တွေ ပိုနေလို့ ပြည်ပရောင်းတာပါဆို.... တာဝန်သိတဲ့လူကတော့ ပြောနေပြီ တာဝန်မကျေရင်ထွက်မယ်တဲ့... ထွက်သင့်တာက ပြည်ထောင်စုဝန်ကြီးက လုပ်သင်တာပေါ့... အမေကျော် ဒွေးတော်လွမ်းပြီး တရုပ်ကို ပထွေးတော်ချင်တဲ့ လျှပ်စစ်နဲ့ ပတ်သက်ရင် အရာရာသိပါတယ်ဆိုတဲ့ သူလောက်တတ်တဲ့သူမရှိပါဘူးဆိုတဲ့ ပရော်ဖက်ဆာဇော်မင်း... ကဲ အခုလျှပ်စစ်မီး ဖြေရှင်းလေ.. အသက်မှရှိသေးရဲ့လား... မေးကြပါအုံး...

ကိုပေါက်စ said...

ဒေါက်တာမြင့်ကြူ က “ ရတဲ့ခွဲတမ်းကို ညီမျှအောင် မလုပ်ပေးနိုင်ရင် အလုပ်ထွက်မယ်” လို့ပဲပြောတာပါ။
မီးမရရင် အလုပ်ထွက်ပေးမယ်လို့ပြောတာမှမဟုတ်တာ....၊
( မလွမ်းလောက်ပါဘူး...)

နတ်ဆိုး said...

အော် ပိုလျှံလို ရောင်းစားတယ်ဆိုတာကကေား

တန`င်္လာကိုကို said...

အထက်ကထောင်းလို.ထွက်ရမှာလား။ တကယ်ထွက်ရမှာကအထက်ပိုင်းက
တာဝန်ရှိပြီးတာဝန်မသိတဲ.လူကြီးတွေပါ။ အရှက်မရှိဝန်ကြီးနေရာကို
ကုတ်တွယ်နေတဲ.သူတွေပါ။
2020 ထိကျွန်တော်တို.ကိုဒုက္ခပေးဘို.ကြံနေကြတုန်း။

ရွှေပြည်စိုး said...

ခွဲခွဲခြားခြားသိဘို့တော့လိုမယ်ထင်တယ်။ တစ်စိတ်ရှိရောင်းစားတာကစနေတော့တာပဲနော်။ ကျွန်တော်သိတာတစ်ခုကတော့ လျှပ်စစ်(၁)နဲ့(၂)ခွဲထားတယ်။ ၀န်ကြိးဌာန၉၂)ခုပေါ့။ လျှပ်စစ်(၁)က ရေအားလျှပ်စစ်စက်ရုံကြီးတွေတည်ဆောက်အကောင်အထည်ဖော်ရတယ်။ ဓာတ်အားထုတ်တယ်။ ပြန်ရောင်းတယ်။ လျှပ်စစ်(၂)ကလဲ လျှပ်စစ်(၁)ကနေ ပြန်ဝယ်ရတယ်။ ပြီးမှပြည်သူတွေဆီကိုပြန်ရောင်းရတယ်။ လျှပ်စစ်(၂)ကဓာတ်အားကိုပြည်ပရောင်းစားနိုင်တဲ့အနေအထားမဟုတ်ဘူး။သူလဲဝယ်ရတာ။ ရောင်းတာကဓာတ်အားထုတ်တဲ့ဌာနကရောင်းတာ။ဒါလေးတော့သေသေချာချာသိထားဘို့လိုလိမ့်မယ်။ လျှပ်စစ်(၂)ကလဲ ၀ယ်လို့ရသလောက်ပဲ ဖြန့်နေရတော့ အခုလိုမလိုလားအပ်တာတွေဖြစ်လာရတာပေါ့။ ထိရောက်ဖို့လိုတယ်နော်။ လျှပ်စစ်(၂)ကတော့ သူတို့ပြောသလိုပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့တော့မီးရအောင်လုပ်ပေးမှာပဲ။ တာဝါတိုင်တွေဆိုတာ လျှပ်စစ်(၂)ကပိုင်တာ ဒါတွေကိုမိုင်းထောင်ဖောက်ခွဲတာကျတော့ရော လျှပ်စစ်(၂)ကပဲပြင်ရတယ် ။ အသက်နဲ့ရင်းပြီးသွားလုပ်ရမှာပါ။ ခွဲခြားနားလည်နိုင်ပါစေလို့ ပဲပြောချင်ပါတယ်ဗျာ။

ရွှေပြည်စိုး said...

ခွဲခွဲခြားခြားသိဘို့တော့လိုမယ်ထင်တယ်။ တစ်စိတ်ရှိရောင်းစားတာကစနေတော့တာပဲနော်။ ကျွန်တော်သိတာတစ်ခုကတော့ လျှပ်စစ်(၁)နဲ့(၂)ခွဲထားတယ်။ ၀န်ကြိးဌာန၉၂)ခုပေါ့။ လျှပ်စစ်(၁)က ရေအားလျှပ်စစ်စက်ရုံကြီးတွေတည်ဆောက်အကောင်အထည်ဖော်ရတယ်။ ဓာတ်အားထုတ်တယ်။ ပြန်ရောင်းတယ်။ လျှပ်စစ်(၂)ကလဲ လျှပ်စစ်(၁)ကနေ ပြန်ဝယ်ရတယ်။ ပြီးမှပြည်သူတွေဆီကိုပြန်ရောင်းရတယ်။ လျှပ်စစ်(၂)ကဓာတ်အားကိုပြည်ပရောင်းစားနိုင်တဲ့အနေအထားမဟုတ်ဘူး။သူလဲဝယ်ရတာ။ ရောင်းတာကဓာတ်အားထုတ်တဲ့ဌာနကရောင်းတာ။ဒါလေးတော့သေသေချာချာသိထားဘို့လိုလိမ့်မယ်။ လျှပ်စစ်(၂)ကလဲ ၀ယ်လို့ရသလောက်ပဲ ဖြန့်နေရတော့ အခုလိုမလိုလားအပ်တာတွေဖြစ်လာရတာပေါ့။ ထိရောက်ဖို့လိုတယ်နော်။ လျှပ်စစ်(၂)ကတော့ သူတို့ပြောသလိုပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့တော့မီးရအောင်လုပ်ပေးမှာပဲ။ တာဝါတိုင်တွေဆိုတာ လျှပ်စစ်(၂)ကပိုင်တာ ဒါတွေကိုမိုင်းထောင်ဖောက်ခွဲတာကျတော့ရော လျှပ်စစ်(၂)ကပဲပြင်ရတယ် ။ အသက်နဲ့ရင်းပြီးသွားလုပ်ရမှာပါ။ ခွဲခြားနားလည်နိုင်ပါစေလို့ ပဲပြောချင်ပါတယ်ဗျာ။

မြတ်နိုး said...

ကောင်းတယ်ကွာ
ငါတို့ရန်ကုန်လည်း
အဲလိုလုပ်ရမယ်

minmyozeya said...

“ဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်းမရှိကြောင်းကိုလည်း တွေ့ရ” ဆိုတာ တကယ်လား ? တစ်ရက်တည်းထွက်လာတဲ့ သတင်းနှစ်ပုဒ်က ရှေ့နောက်မညီပါ

မျိုးမြန်မာ said...

အပေါ်က ရေးသားချက်များ ကောင်းပါတယ်
အနည်းငယ်တင်ပြလိုတာက ၀န်ကြီးဌာန နှစ်ခုရဲ့ အဓိက တာဝန်ပိုင်း များကိုပါ
လျှပ်စစ်(၁)
=======
၁။ လျှပ်စစ်စက်ရုံများတည်ဆောက်ပြီး လျှပ်စစ်(၂)ကိုရောင်းခြင်း
လျှပ်စစ်(၂)
=======
၂။ လျှပ်စစ်(၁)ဆီက ရတဲ့ဓာတ်အားကို ပြန်ဖြန့်ခြင်း

သူတို့၏လုပ်ဆောင်ချက်
================
၁။ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ဖို့စိတ်မ၀င်စားသော်လည်း ဓာတ်အားပေး စက်ရုံ/ဓာတ်အားခွဲရုံ/လိုင်း စသော စီမံကိန်းများ လုပ်ဆောင်ရန်သာ စိတ်ဝင်စားသည်။ သို့သော် အရည်အသွေး ရှိသော စီမံကိန်းဖြစ်ဖို့ ပစည်း ကောင်းဖို့ ရေရှည်အသုံးခံဖြစ်ဖို့ စိတ်မ၀င်းစားပါ။
၂။ နိုင်ငံခြားသို့ အကြိမ်ကြိမ် သွားကြသော်လည်း သွားသူတို့သား ကြွားစရာ ဖြစ်နေပြီး ဌာနကောင်းကျိုး လုံးဝ(လုံးဝ)ဖြစ်မလားခြင်း
၃။ ငါးပွက်ရာငါးစာချ အုပ်ချုပ်မှုကိစ (လွယ်ကူသော ခေါင်းမသုံးရသော) များသာ လုပ်လိုသော အရာရှိများ များနေခြင်း (၄င်းအလုပ်များကို Administration ဟူ ထင်နေကာ သွေးနထင်ရောက်နေ အရာရှိများက များပါသည်)
၎။ အင်ဂျင်နီယာများ ခါးဆက်ပျက်နေခြင်း (ပင်စင်ရရှိပြီး ဖြစ်သော်လည်း ကျွမ်းကျင် ရာထူးများ ရယူကာ ဌာနအခွင့်အရေးများကို ဂုတ်သွေး စုတ်နေခြင်း) အဆိုပါ လူများ မလိုအပ်ပါ.

အထက်ပါကိစများကို အရှင်းသင့်ပါသည်။

aristhteinwin said...

လျှစ်စစ် တစ် ဖြစ်ဖြစ် နှစ်ဖြစ်ဖြစ် ဓါတ်အားပေးဌာနကဘဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက် လုံလောက်အောင် မချိန် ရောင်းလို့ ရတာ အကုန်ရောင်းနေတာ အစိုးရ တဖွဲ့ တာဝန်ရှိတယ်။ ဟို ဇော် မင်း ဆိုတဲ့ လူ စကားပြောက မဆင်ခြင်ဘူး- ငါသိ ငါတတ်- ဘာသိတာလဲ- ဘာတတ်လဲ- စားဘို့  ၀ါးဘို့ ဘဲ သိတာမဟုတ်လား-သောက်လကား ဆန်ကုန်မြေလေး---ပေးတွေ-

herry2882 said...

မီးမလာတာက ငါတို့ ငယ်ငယ်ထဲကပါကွာ ...ခုမှ တာဝါတိုင် ဗုံးခွဲခံရလို့ဆိုပြီးလျှောက်ပြောမနေစမ်းပါနဲ့ ...
ပြောကြေးဆို ငါလဲ ငါ့ဘကြီးဆုံးထားလို့ မီတာခ မဆောင်နိုင်ဘူးဆို ဖြစ်မလား ....
တာဝါတိုင်ဗုံးခွဲတာဘယ်သူလဲ မေးနေတာမဟုတ်ဘူး .. မီးမှန်မှန်လာတာပဲလိုချင်တယ် ...
သောက်ပိုတွေ လျှောက်ပြောမနေနဲ့ ...

ZORRO said...

ဒေါက်တာမြင့်ကြူ.... ၀န်ကြီးကိုလေးစားပါတယ်။ မိမိရဲ့တာဝန်ယူမှု အပိုင်းမှာ ပြတ်သားစွာ ပြောကြား သွား ခြင်းပါ။ တိုင်းပြည်မှာဒီလိုလူတွေ အများကြီးလိုအပ်ပါ တယ်။ ကျန်တဲ့လူများ နမူနာ ယူနိုင်ပါစေ။ မလုပ်၊မရှုပ်၊မပြုတ်...တတ်ယောင်ကားများ အတွက် တိုင်းပြည်ဥသျှောင်အဖွဲ့တွင်နေရာမရှိတော့ပါ။ ပြည်သူက စောင့်ကြည့်နေပါပြီ။ မလုပ်နိုင်ပါက ကျန်းမာရေး အကြောင်းပြပြီး ထွက်ကြပါတော့။ သမ္မတကြီးကို ၀ဋ်မပေးပါနဲ့တော့၊ ပြည်ထောင်စုဝန်ကြီးအရည်အချင်းမရှိ သူများ၊ပြည်သူပညာတတ်နေပြီ။မြင်နေကြပါပြီ၊မပြင်နိုင် ကြရင် နားနိုင်ကြမှာပါ။

devil said...

linn ပြောတာ သဘာဝကျတယ်။ ဖြစ်လာမဲ့ အခြေအနေတွေးတတ်တယ်။ ညပီးတော့ မျှတတယ်ထင်တယ်

thuthu said...

ဘုမသိ ဘမသိနဲ့ ဝေဖန်ရေးလေကန်ရေးတွေ လုပ်မနေကြနဲ့။ အခုဟာကလူတွေနေလို့ထိုင်လို့ မရတော့လောက်အောင် ရေရော မီးရောပျက်နေလို့ ဆန္ဒဖေါ်ထုတ်ကြတာ။ ပြီးခဲ့တဲ့ အနှစ်(၂၀)နဲ့ မနှိုင်းယှဉ်နဲ့လေ။ ခင်ဗျားတို့နှိုင်းယှဉ်ရမှာ နိုင်ငံရေးခေတ် နှစ်ခုဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီလားဆိုတာ ဒီအဖြစ်ကနေ တွက်ထုတ်ရမှာ။ဖမ်းရဆီးရလောက်တဲ့အခြေအနေဘာမှ မရှိဘူး။ ပြသနာကို ဖြေရှင်းပေးရမယ့်အစား မိုးနတ်မင်းကို ရှိခိုးပါ တို့ညာတို့ နတ်ကတော်ဆန်ဆန် အပြောမျိုးတွေပြောပြီး မစွမ်းဆောင်နိုင်တာထင်ရှားနေရင် ရာထူးကဆင်းပေးလိုက်ပေါ့။ မိုးနတ်မင်းက ပျဉ်းမနားမှာနေတာလားတော့မသိဘူး အဲဒီမှာမီးမပျက်ဘူး။ရေနဲ့ မီးဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို မှမဖြည့်ဆည်းပေးနိုင်ရင် ကားတစ်စီး (၁၀) သိန်းဖြစ်သွားလဲ အပိုပါပဲ။

Ebrahim said...

kohtuite ဆိုတဲ့လူ ပြောတာ မကြိုက်ဘူး။
လျှပ်စစ် ၁ ၊ ၂ ဆိုတာကရော ဘယ်သူ့လက်အောက်က ၀န်ကြီးဌာနတွေလဲ။ အလကား အဓိပ္ပာယ်မရှိ ပြည်သူ့ငွေကို ဂုတ်သွေးစုပ်လို့ကောင်းအောင်၊ သူ့စစ်ဗိုလ်တွေကို နေရာများများပေးနိုင်အောင် ဌာနတွေ လျှောက်ခွဲထားတာပါ။ ဒီလို ၀န်ကြီးဌာန နှစ်ခု ခွဲထားတော့ရော တိုင်းပြည်အတွက် ဘာတွေများ ကောင်းလာလို့လဲ။ မကောင်းလို့ပဲ ခုလို ဆန္ဒပြရတာလေ။ ခေါင်းမရှောင်ချင်ကြပါနဲ့။ စနစ်မကောင်းလို့ ဒီလို ဖြစ်ရတာ။
ဆန္ဒတွေလဲ သိပ်မပြကြပါနဲ့။ ဆန္ဒပြလွန်းလို့ဆိုပြီး စစ်စုတ် စစ်ပြတ်တွေက အာဏာသိမ်းသွားရင် ပို ဒုက္ခရောက်လိမ့်မယ်

m a w k o e said...

အဆင်မပြေဘူးဗျာ၊ ကြာပြီ၊ ကြာပြီဆို နှစ်၂၀ နှစ်၂၀ နဲ့ နှစ်ပေါင်း၄၀ ကျော်ပြီ၊ ငါတို့ဟာအရင်ဘ၀က ဘယ်လိုအကုသိုလ်တွေလုပ်မိခဲ့လို့ ဒီလို စီမံအုပ်ချုပ်သူအမျိုးအစားတွေရဲ့အောက်မှာ လူလာဖြစ်ကြရတာလဲ
ဘာတစ်ခုမှ အဆင်မပြေဘူး၊ မီးအဆင်မပြေဘူး၊ ရေမသန့်ဘူး၊ လိုင်းကားတွေစုတ်ပြတ်သပ်ပြီး ကျပ်သပ်ညှပ်ပိတ်နေတယ်၊ အစားအသောက်တွေမသန့်ရှုင်းဘူး၊ လမ်းတွေမကောင်းဘူး။ အလိမ်အညာတွေလည်းမကြားချင်တော့ဘူး။

m a w k o e said...

ဦးဇော်မင်းကိုပြောပါရစေ ၊ ခိုးထားတာတွေ၊ တောင်းထားတာတွေယူပြီးမြန်မြန်လစ်ပါတော့ ခင်ဗျားမျက်နှာလည်းမမြင်ချင်ဘူး၊ ခင်ဗျားအသံလည်းမကြားချင်ဘူးဗျာ

kowin said...

ပေးတဲ့ အချိန်လေးတွေတော့မှန်စေချင်တယ်.......နားတော့လည်ပေးချင်တယ်.....ပြည်သူတွေရဲ့ ဒုက္ခကို...ကိုယ်တိုင်ခံစားစေချင်တာပဲ၇ှိတယ်.....ကိုယ်တိုင်းကွင်းဆင်းပြီးဆင်းရဲတဲ့ရပ်ကွက်ထဲမှာ..မီးမလာပဲ.....၁ပတ်လောက်နေစေချင်တယ်ဗျာ......အပြောနဲ့ မလုပ်ပဲ...လက်တွေလုပ်စေချင်တယ်။......အပြောတမျိုး...အလုပ်တမျိုးတော့မလုပ်စေချင်ဘူး။ပြည်သူထဲကပြည်သူဆိုရင်....ပြည်သူတွေရဲ့ ခံစားချက်ကို.....................................နားလည်မယ်ထင်တယ်။

kokomg said...

ထိုင်ရာမှထဘို.လဲစွင်းအင်ဘိုသည်။စွင်းအင်မရှိလျွှင်ထရပ်နိုင်မည်မဟုတ်။
ဘာဘဲလုပ်လုပ်စွမ်းအင်မရှိဘဲ မဖြစ်န်ုင်။ တိုင်းပြည်တိုးတက်ကြီးပွားဘို.ရာ
စွမ်းအင်သည်အရေးကြီးဆုံးနေရာမှာရှနေသည်။ နိုင်ငံတော်စီင်္မကိန်းများချမှတ်ရာတွင် စွမ်းအင် ကိစ္စကိုအလေးအနက်ထားပြီးဆောင်ရွက်သင့်ပါသည်။ ဆေးမြီးတိုနှင့်မကုသသင့်
တော့ပါ ။

NewGနတ်ရှင်နောင် said...

ဟုတ်ပါတယ်။ မရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပြီး ရှင်းပြရင် ပြည်သူတွေလည်း လက်ခံပါတယ်။ အတင်း မတောင်းဆိုသင့်ပါဘူး။ လျှပ်စစ်မီး ပိုလို့ ရောင်းစားတာတို့ ။ အိမ်မှာ ဖယောင်းတိုင် ထွန်းပြီး မီးပိတ်နေပါ လို့ တော့ လျှောက်မပြောနဲ့ပေါ့။ တောင်ငူ မြို့ ပတ်ဝန်းကျင်မှာ ရေအားလျှပ်စစ်တွေ အများကြီးပါ ဒါပေမယ့် မီးလုံးဝမမှန်ပါဘူး။ တစ်ချို့ ရေအားလျှပ်စစ်တွေက မိုးတွင်းတောင် မီးမထွက်ဘူးလို့ ကြားပါတယ်။ အဲ့လိုတော့ မဖြစ်သင့်ပါဘူး။ ပြည်သူ့ ပိုက်ဆံတွေ ကို အလကားဖြုန်းတီး နေတာပါ။ စီမံကိန်းကို ဘန်းပြပြီး ပြည်သူ့ ပိုက်ဆံကို လိမ်ယူနေတာကို ရပ်သင့်ပါပြီ။ လျှပ်စစ်မထွက်တဲ့ ရေအားလျှပ်စစ်စက်ရုံတွေကို ပိတ်သင့်တာပိတ် ပြင်သင့်တာပြင်မယ်ဆို အခုထက်လျှပ်စစ်ပို ရလိမ့်မယ်လို့ ထင်ပါတယ်။

မောင် said...

မြန်မာပြည်ရဲ့လူချစ်အများဆုံးဆုကို
ဒေါ်အောင်ဆန်းစုကြည် (၇၀%)
ဦးသိန်းစိန် (၂၅% ၊ ပထမလူနှင့် တော်တော်ကွာသည်)၊
ဦးရွှေမန်း (၅%၊ ဒုတိယလူနှင့် အလွန်ကွာသောအမှတ်ဖြင့်
တတိယနေရာမရှိမှာစိုးလို့)
တို့က အစဉ်အလိုက်ရရှိသွားပြီး

လူမုန်းအများဆုံး အဆဲအခံရဆုံးဆုကို
ဦးဇော်မင်း (ဇော်ဖျင်း)၊
ဦးအောင်သောင်း (အောင်တောင်း)၊
ဦးကျော်ဆန်း (ဂျပု)
တို့က အမှတ်များမတိမ်းမယိမ်းဖြင့်
အစဉ်အတိုင်း တညီတညွှတ်တည်း သတ်မှတ်လိုက်ကြောင်း။

မြန်မာပြည်ချစ်တဲ့ ပြည်သူများ

Unknown said...

ပခုက္ကူလဲဖယောင်းတိုင်ကိုင်တော့မည်။

Unknown said...

ငါ့တို့ပခုက္ကူအတွက်ကဘာလုပ်ပေးမှာလဲ

ငါတို့ပခုက္ကူကရော ပြည်သူတွေပဲမဟုတ်ဘူးလား

ငါတို့ပခုက္ကူကရော စီပွားရေးလုပ်ငန်းမရှိလို့လား

ဖယောင်းတိုင်ကိုင်မှ မီးမှန်အောင်လုပ်ပေးမှာလား

ManU Lover said...

ပြောတဲ. စကားနဲ. အလုပ်နဲ. မညီလို.ကတော. လစ်လိုက်တော. အဲ.ဒါမှ မင်း ချီးကျူးခံရဦးမယ် နို.မို.ဆို မင်းလည်း ဇော်မင်းလို လိပ်ကလေးလို ခေါင်းတောင် မဖော်နိုင်ပဲ ဖြစ်မယ်နော်

Powered by Blogger.