ဆေးကုသပေးရန်ငြင်းဆန်ပြီးနောက် ကျန်းမာရေး ၀န်ထမ်း သေနတ်ပစ်ခံရ

မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဆိုင်းဆွတ် (YPI)

ယနေ့ မနက် ၈နာရီခန့် က ကချင်ပြည်နယ် ဆားမှော် အနောက်ဘက် ကျွန်းသုံးလုံးကျေးရွာ က NGO ၀န်ထမ်းတစ်ဦးကို ကေအိုင်အို တပ်ဖွဲ့မှဟု ယူဆရသော သေနတ်သမားနှစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်း၏ မိသားစုက ပြောသည်။

ငှက်ဖျားတိုက်ဖျက်ရေး အန်ဂျီအို ၀န်ထမ်း တစ်ဦးဖြစ်သည့် ကိုဇော်မိုးနိုင် ကို ကျွန်းသုံးလုံးကျေးရွာမှ မိုးကောင်းမြို့ အသွားတွင် အသက် ၂၀ ၀န်းကျင် အရပ်ဝတ် လူနှစ်ဦးက သေနတ်ဖြင့် ၅ချက် ပစ်ခတ်သွားကြောင်း ကိုဇော်မိုး ဖခင်ဖြစ်သူက YPI  ပြောသည်။

“သားကြီးကို အရပ်ဝတ်နဲ့လူနစ်ယောက်က ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ သေနတ်လည်း တစ်ယောက်တလက်ကိုင်ပြီး သူကို ပစ်သွားတာ ကျွန်တော်ရှေ့မှာ ဒီလူနှစ်ယောက်ကို တွေ့လိုက်သေးတယ် ဆိုင်ကယ်အရမ်းမောင်းသွားတာ” ဟု ၎င်းကပြောသည်။

ကေအိုင်အို အဖွဲ့ဟု ယူဆရသော လက်နက်ကိုင်နှစ်ဦးက လွန်ခဲ့သည် ၃ရက် ခန့်က ကိုဇော်မိုးနိုင်အား ဖျားနားသူ တစ်ယောက် ကို ဆေးလာကုပေးရန် တောင်းဆိုခဲ့သော်လည်း ကိုဇော်မိုးနိုင် အနေဖြင့် ဖမ်းဆီးထားမည်ကိုစိုးရိမ်သဖြင့် သွားရောက်ကုသပေးရန်ငြင်းဆိုခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောသည်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ သားကြီးကို ဆေးလာကုပေးဖို့ခေါ်တယ် သူကလည်း မအားဘူးလို့ပြောပြီး မသွားတာ သူကိုဖမ်းထားမည်ဆိုတာ သိလို့ မသွားတော့ အခုလိုဖြစ်တယ်လို့ထင်ပါတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။
လည်ပင်း ရင်ဘတ်နှင့် ပေါင်များတွင် ကျဉ်ဆံမှန်ထားသည့် ကိုဇော်မိုးနိုင်မှာ ယခုလောလောဆယ် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။ ၎င်းသည် ယခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွင်  စည်းရုံးရေးမှူး တစ်ဦးဖြစ်ခဲ့သည်။           ။
Yangon Press International
ဆေးကုသပေးရန်ငြင်းဆန်ပြီးနောက် ကျန်းမာရေး ၀န်ထမ်း သေနတ်ပစ်ခံရ ဆေးကုသပေးရန်ငြင်းဆန်ပြီးနောက် ကျန်းမာရေး ၀န်ထမ်း သေနတ်ပစ်ခံရ Reviewed by သစ်ထူးလွင် on 19:34 Rating: 5

11 comments:

ပုဂံစစ်သည် said...

ဒီအရိုင်းကောင်တွေကို အပြတ်ဖြတ်မှဖြစ်မယ်၊ နို့မို့ဆိုရင် ရွာသားတွေနဲ့ ကချင်ပြည်သူတွေ ဒုက္ခရောက်မှာအမှန်ပဲ။

zzmyoe said...

ဒီအဖြစ်ပျက်သာ တကယ်ဆိုရင်တော့ KIO ကိုလုံးဝရှုတ်ချပါတယ်၊လူတစ်ယောက် အသက်ကို ကြက်ငှက်လိုသဘောထား အင်မတန်အရုပ်ဆိုးပါတယ်၊အများတွက် လုပ်နေတာကို တန်ဘိုးမထားတတ်တော့ နောက်ဆိုမင်းတို့ဒေသကို ဘယ်သူလာတော့မလဲ၊ KIA တာဝန်ရှိသူတွေ ဒီဟာကိုအမြန်ဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်။

မောင်ဆင်ကြီး said...

ရွာနာမည် မှားယွင်းဖော်ပြမိသည် ထင်ပါသည်။ရွာနာမည် အမှန်မှာ ပြွန်သုံးလုံးဖြစ်ရမည် ဖြစ်သည်၊

Unknown said...

တော်တော်တော့ စည်းကမ်းမဲ့နေကြပြီဗျာ

natural man said...

ဆိုးတာကတော့ တော်တော်ဆိုးတယ်

ချစ်ဖူး said...

မင်းတို့ ပြည်နယ်အတွက်ဆိုလည်း ထိန်းထိန်းသိမ်းသိမ်းလေးတော့ လုပ်ကြပါ။ အရေးယူ အပြစ်ပေးဖို့ လိုတယ်။ ရဲတွေကလည်း ဖော်ထုတ်ပေးပါ

konamazu said...

ဒီလောက်ထိဖြစ်နေမယ်ဆိုရင် အဲဒီနယ်ခံတွေတော့ အရမ်းသနားဖို့ ကောင်းတယ်ဗျာ။ကိုယ်ချင်းစာပါတယ်။အမြန်ဆုံး ငြိမ်းချမ်းပါစေဗျာ။

မောင်မောင် said...

we are kachin..ဒါသတင်းရောဖတ်ပြီးပြီလား..

Michael neilian said...

နာမည်လေးတွေလှလှသုံးနေပြီးပြည်သူတွေအတွက်လည်းဆိုသေးတယ်။အားလုံး ကိုမဟုတ်ပေမယ့်အဲဒီလိုမျိုးလုပ်တာကိုတော့လုံးဝရှုတ်ချပါတယ်။ပြည်သူတွေအတွက်တကယ်လုပ်ဆောင်နိုင်တဲ့သူတွေ၊လုပ်ချင်တဲ့သူတွေဖြစ်နိုင်ပါစေ.....အပြောနဲ့အလုပ်မတူညီရင်....ဘယ်သူမှထောက်ခံမှာမဟုတ်ပါဘူး........

zaw zaw aung said...

KIA ဘာလည်း၊ ဘယ်လဲ။ ဒီအချိန်မှာ အစိုးရက ဘာလုပ်လုပ် ဘယ်သူမှအကောင်းမမြင်ကြတော့။ တိုက်ရင်လဲ တိုက်ပြန်ပြီ။ ရပ်လိုက်ပြန်တော့လဲ။ ပြည်သူတွေသေတာပဲ။ အဲဒီတော့ အဖြေကလွယ်လွယ်လေးပါ။ KIA အကြောင်း ကချင်လူမျိုးတွေပဲမေးကြည့်ရအောင်။ KIA ဘာလဲ၊ ဘယ်လဲ။ ကချင်ပြည်နယ် ဘာလဲ၊ ဘယ်လဲ။

ကဝေမင်းသား said...

ဒါကိုသာကြည့်တော့ဗျို့ ကချင်ပြည်သူတွေအတွက်လို့ပြောကြတာပဲ ...

Powered by Blogger.