သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။

ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့ တင်ပြပေးထားပါတယ်။

အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေကို မေးကြည့်ပါတယ်။

"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာ ပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။

အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။"


မေး။ အခုလိုမျိုး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီ Stress သိပ်များတယ်ပေါ့လေ ဆရာပြောချင်တာကတော့၊ အဲဒီလို အခြေအနေမျိုးမှာ သမ္မတ အနေနဲ့ ရှေ့ဆက်ပြီးတော့ သူ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အလားအလာရော၊ ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့ရော ဖြစ်နိုင်သေးလား ဆရာ။

ဖြေ။ "ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့
ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။"


ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်န၀ါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့
သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။

သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီးတော့ - နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြန်ကြားခဲ့ပါတယ်။

"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။

 By VOA (မြန်မာပိုင်း)
သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ Reviewed by သစ်ထူးလွင် on 04:43 Rating: 5

98 comments:

Unknown said...

ထင်သားပဲ ကောင်းတဲ့သူတွေတက်လာရင် ပြုတ်ရင်ပြုတ်၊ မပြုတ်ရင် တစ်ခုခု ဖြစ်မယ်ဆိုတာ ငါတို့နိုင်ငံဟာ ကျိန်စာများ မိနေလေရော့သလားဗျာ..

zay said...

သမ္မတကြီးကျန်းမာပါစေ ...

u kyawkyaw said...

ပြည်သူအတွက်စဉ်းစားဆောင်ရွက်ပေးသောဦးသိန်းစိန်ကိုကျန်းမာပါစေကြောင်းဆုတောင်းပါသည်၊စံနစ်သစ်ကူးပြောင်းစကာလတွင်ဦးဆောင်သူ၏အရည်အချင်း၊လုပ်ရည်ကိုင်ရည်သည်နိုင်ငံ၏အနာဂတ်အတွက်မရှိမဖြစ်အရေးပါသည်။တိုင်းပြည်အတွက်ပြည်သူတိုးတက်အောင်စိတ်ကောင်းစေတနာဖြင့်ဆောင်မည့်သူများသက်တော်ရာကျော်ရှည်ပါစေကြောင်းဆုတောင်းပေးပါသည်။

Burma Python said...

သမ္မတကြီးကျန်းမာချမ်းသာပါစေနိုင်ငံတော်အကျိုးကိုဆထက်တိုးထမ်းဆောင်နိုင်
ပါစေ။စစ်တပ်ထဲမှာဦးသိန်းစိန်လိုအတွေ့အကြုံရင့်ကျက်သူ၊စိတ်နှလုံးနူးညံ့သိမ်
မွေ့သူ၊လောဘသက္ကာရမရှိသူ၊လက်အောက်ကိုမောက်မာဝင့်ကြွားမထောင်လွှား
တတ်သူ၊ပြည်သူလူထုကိုချမ်းသာစေချင်သူ(သူလိုလူ)မျိုးအင်မတန်ရှားနေပါပြီ။
သမ္မတကြီးကျန်းမာစေဖို့ဝိုင်းဝန်းဆုတောင်းပေးကြပါဗျာ........

srimingalar said...

အင်းးးးးးးးးးးးးသမတကြီးလည်းစိတ်ရောလူရောပင်ပန်းရှာမှာပေါ့။အများအတွက်
လုပ်ဆောင်တဲ့နေရာမှာသမိုင်းမော်ကွန်းတင်နိုင်ပါစေ

Top Gun said...

သမတကြီး ကျန်းမာပါစေ။

ratkhunswe said...

သမ္မတကြီးကို ချစ်တယ်။ အမြန်ကျန်းမာပါစေ။ NLD ကလည်း သမ္မတကြီး စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့တော့ အထူးတောင်းပန်ပါတယ်။ အပြုသဘောဆန်တဲ့ လုပ်ရပ်တွေ ဆက်လုပ်ပေးပါ။

Killer said...

သမ္မတကြီး ကျန်းမာပါစေဗျာ....

astun said...

သမ္မတကြီး ကျန်းမာပါစေ

Myochitmaung said...

Be healthy and happy foreever

patrioticburmese said...

သမ္မတကြီး ဦးသိန်းစိန် ကျန်းမာစွာ နဲ့ တိုင်းပြည်တာဝန်များကို ထမ်းစောင်နှိုင်ပါစေလို လှိုက်လှိုက်လဲလဲ စုတောင်းပေးပါတယ်။ တကယ်စိတ်ကောင်း ရှိတဲ့လူကို ဘုရားသခင် ကောင်းချီးပေမှာပါ။ May god bless you !!

garfieldnpt said...

သမ္မတကြီး ကျမ်းမာပါစေဗျာ

konamazu said...

သမ္မတကြီး ကျန်းမာပါစေဗျာ။တကယ်ကိုတော်တဲ့ လူတော်တယောက်ကို ဘာမှမဖြစ်စေချင်ပါဘူး။

mad dog said...

ဖွတ်တွေ ငါတို့ သမ္မတကြီး ကို မဟုတ်က ဟုတ်က နည်းတွေများ သုံး နေ လားမသိဘူး။ မာမီ ဆန်း က ဒါမျိုး အသိ တွေများတယ်တဲ့။

koko said...

သမ္မတကြီးကျမ်းမာပါစေ

မြန်မာပြည်သား said...

သမ္မတကြီး ကျန်းမာမှဖြစ်မယ်
သမ္မတကြီး ကျန်းမာပါစေ---

mon lay said...

Burma Pythonပြောသလိုပါပဲ..
သမ္မတကြီးကျန်းမာပါစေဗျာ အသက်ရာကျော်ပါစေ
လို့ဆုတောင်းပေးကြစို့

fairydaffodil said...

သမ္မတကြီး ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်
ဒါမှ နိုင်ငံ့အတွက် အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ပေးနိုင်မှာမို့ပါ။

Naing Lin said...

အင်း ကောင်းတဲ့သူကျတော့ဖြစ်ပြန်ပြီ အဲနေရာကိုလွတ်သွားရင် အဲလိုလူပြန်ရ
ဖို့ကမလွယ်ဘူးနော်...အမေစုကလဲ အဲနေရာနဲ့တော့မတန်သေးပါဘူး...
သမ္မတကြီးကျန်းပါစေ...အနာဂတ်မျိုးဆက်သစ်တွေအတွက် သမ္မတကြီး
ုရှိမှ တိုးတတ်နိုင်မှာ...

Naing Lin said...

အင်း ကောင်းတဲ့သူကျတော့ဖြစ်ပြန်ပြီ အဲနေရာကိုလွတ်သွားရင် အဲလိုလူပြန်ရ
ဖို့ကမလွယ်ဘူးနော်...အမေစုကလဲ အဲနေရာနဲ့တော့မတန်သေးပါဘူး...
သမ္မတကြီးကျန်းပါစေ...အနာဂတ်မျိုးဆက်သစ်တွေအတွက် သမ္မတကြီး
ုရှိမှ တိုးတတ်နိုင်မှာ...

Zaw Min Htann said...

သမ္မတကြီး ကျန်းမာပါစေ...........

mr.tinaungkhine said...

သမ္မတကြီးကျန်းမာပါစေ ...

သားကြီး said...

President ကြီးကျမ်းမာပါစေ မြန်မာပြည်ကြီး ဒီမိုကရေစီရပါစေ ညီညွတ်မှုတွေ မပျက်ပါစေနဲ့

pretty said...

သမတ ကြီး ကျန်းမာပါစေ။ နောင်နှစ်ပေါင်း ၁၀၀ တိုင်အောင် အသက်ရှည်ပါစေ။

luck said...

အဖြစ်မှန်မဟုတ်ဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူးက ထုန်ပြန်ခဲ့ပေမယ့် သမ္မတကြီးကျန်းမာရေးကိုတော့စိုးရိမ်မိပါတယ်.. နိုင်ငံအတွက်အားလုံးပူးပေါင်း
လုပ်ဆောင်နေကြတဲ့အခုအချိန်အခါမှာ အန်တီစုရော ၊ သမ္မတကြီးရော အကုန်လုံးကျန်းမာစွာနဲ့နိုင်ငံတော်ကို ခေါင်းဆောင်နိုင်ကြပါစေလိုဆုတောင်းပေးပါတယ်ခင်ဗျာ......

winmyanmarmg said...

အကယ်၍ သမ္မတကြီးသာ ကျန်းမာရေး အခြေအနေ မကောင်းခဲ့ရင် မြန်မာပြည်နဲ့ မြန်မာပြည်သူပြည်သားတွေ မကောင်းကြမ္မာငင်နိုင်တယ်။ သမ္မတကြီး ကျန်းမာချမ်းသာ၍ မူးလဲသည်ဆိုသည်မှာ သတင်းမှားဖြစ်ပါစေ။

P said...

ကျန်းမာပါစေ။။ဆုတောင်းပေးပါတရ်။။

zmt said...

သမ္မတ ကြီး ကောင်းတဲ့အလုပ်တွေ ဆက်လုပ်ဖို့အတွက် ကျန်းမာပါစေ။

မြောက်ကျွန်းသူ said...

သမ္မတကြီးအမြန်ကျန်းမာပြီး နိုင်ငံတော်တာဝန်များကို အမြန်ထမ်းဆောင်နိုင်ပါစေ

a said...

အလုပ်တွေကိုလူတစ်စုအတွက်ဦးတည်လုပ်နေရတဲ့အတွက်မလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရလို့စိတ်ဖိစီးပြီးဖြစ်သွားတာပါ၊လူအများအတွက်ဦးတည်ပြီးရဲရဲပြောင်းလုပ်ကြည့်လိုက်ပါ၊ပီတိဖြစ်စရာတွေတစ်ခုပြီးတစ်ခုရလာပြီးလန်းဆန်းပျော်ရွှင်ကျန်းမာလာမှာပါ၊တရားဥပဒေစိုးမိုးရေးဆိုတာလေးကို(ပထမဆုံး)တကယ်ဖြစ်အောင်လုပ်ကြည့်လိုက်ပါပျော်စရာတွေနောက်ကလိုက်လာပါလိမ့်မယ်။

Unknown said...

ငိုတောင် ငိုချင်တယ် .......:(

မောင်မောင်တုတ် said...

နိုင်ငံတောင်သမ္မတကြီး ကျန်းမာပါစေဗျာ....

ရွှေမိုးကြီး said...

သမ္မတကြီး ဦးသိန်းစိန် ကိုယ်စိတ်၂ပါး အမြန်ဆုံးကျန်းမာချမ်းသာပါစေ။
နိုင်ငံတာဝန်များ ၊အများပြည်သူ ကိုယ်စိတ်၂ပါးချမ်းမြေ့ဘို့အတွက်ဆောင်ရွက်နေသော မွန်မြတ်စိတ်ထားရှိ
သော သမ္မတကြီးသက်တော်ရာကျော်ရှည်ပါစေသော်............

ngaba said...

သမ္မတကြီးဦးသိန်းစိန် ကျန်းမာပါစေ၊ အသက်ရှည်ပါစေ...

tapaungthi said...

သတင်းမှားပဲဖြစ်ချင်ပါတယ်
ကျန်းမာပါစေ

KhaungYan said...

သမတကြီး အမြန်ဆုံးကျန်းမာပါစေ
ိနိုင်ငံနဲ့ပြည်သူလူထုအကျိုးကို စစ်စစ်မှန်မှန် ဆထက်ထမ်းပိုးတိုးပြီး ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်

မြန်မာပြည်သား said...

သမ္မတကြီး ကျန်းမာမှဖြစ်မယ်
သမ္မတကြီး ကျန်းမာပါစေ----

GuGu said...

သမ္မတကြီး ကျန်မာပါစေ..(ရင်ထဲက ဆုတောင်းပေးတာပါ (အဖေ)

001komgmg222@gmail.com said...

မင်းကဘာဖြစ်လို့(NLD)ကိုထဲ့ပြောတာလည်းကွသဘောထားတင်းမာနေတာကမင်းဘိုကေပြည်ခိုင်ဖြိုးတွေဆိုတာမင်းမသိဘူးလားတော်တော်အသုံးမကြတဲ့သူပါလားနော်

than said...

သမ္မတကြီး ကျမ္မာ ချမ်းသာပါစေ အသက်ရာကြော် ရှည်ပါစေ

ZORRO said...

တရားကို နတ်စောင့်ပါတယ်။ သမတကြီး ကျန်းမာချမ်းသာပါစေ။

waibanthu said...

သမ္မတကြီးအားဘုရားသခင်စောင့်ရှောက်ပါစေ။

Jasmin Han said...

သမ္မတကြီးကျန်းမာပါစေ..ပြည့်သူ့အကျိုးကိုစဉ်းစားပေးတဲ့ လူကောင်းတယောက်ဖြစ်တာမို့ အသက်ရှည်ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်.....

Anonymous said...

ကျွန်တော် မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို လေးစားပါတယ်ဗျာ
တသက်လုံး မုန်းလာခဲ့တဲ့သူ ခု ပြည်သူဘက်က ရပ်တည်လာတော့
အားလုံးလက်ခံလာတယ် အားလုံးဝိုင်း ပြီးချစ်လာကြတယ် အစိုးရ အဖွဲ့ဝင်
အားလုံးကို ပြည်သူချစ်သောအစိုးရဖြစ်စေချင်ပါတယ်

ဒီမိုကရေစီလိုလားသူ said...

NLD က ဘာတစ်ခုမှ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေတာမဟုတ်ပါ...လုပ်နေတဲ့အရာမှန်သမျှက ပြည်သူတွေအတွက် နိုင်ငံအတွက်ဘဲလုပ်နေတာပါ... စိတ်အနှောင့်အယှက်ပေးဖို့ စဉ်းစားဖို့တောင်အချိန်မရှိပါဘူး... အဓိပ္ပါယ်မရှိတဲ့အလုပ်တွေကိုဘယ်သူတွေလုပ်နေလည်းဆိုတာကိုစဉ်းစားပြီးပြောစေချင်ပါတယ်...

Anonymous said...

သမ္မတကြီး ကျန်းမာချမ်းသာစွာဖြင့် မြန်မာနိုင်ငံအား ဒီမိုကရေစီရရှိအောင် ဖော်ဆောင်နိုင်ပါစေ..လို့ ဆုတောင်းပေးပါတယ်ဗျာ....
သမ္မတကြီးကဲ့သို့ မြန်မာနိုင်ငံကို တိုးတက်အောင် ဖော်ဆောင်မယ့်သူ စစ်တပ်ထဲမှာ အလွန့်အလွန်မှ ရှားပါတယ်။

koko said...

သမ္မတကြီး ကျမ်းမာပါစေ ။ကံကောင်းပါစေ။မြန်မာနိုင်ငံမှာသမ္မတကြီးကို လိုအပ်တယ် ။

ဖိုးသားလေး said...

သမ္မတကြီး ကျန်းမာပါစေ။
လိုအပ်လျှင် မေတ္ကာပို့ပွဲများ ဦးဆောင်ပြုလုပ်ကြပါလို့ ဒီနေရာကနေ အထူးမေတ္တာရပ်ခံပါတယ်

Cinderella said...

သမတကြီးကျန်းမာပါ‌စေ..မြန်မာနိုင်ငြံကီးစစ်မှန်တဲ့ဒီမိုက‌ရေစီလမ်း
‌ေ ျကာင္း‌ေ ပါ္ကို‌ေ ရာက္တဲ့ထိ..အ‌ေ မစုနဲ့အတျူပည္သူ့အက်ိုးကိုလက္
တွဲ‌ဆောင်ရွက်နိုင်ပါ‌စေလို့လှိုက်လှဲစွာဆု‌တောင်းလိုက်ပါတယ်...။

winshein said...

ဒေါ်ပြည့်said
'ဒီနေ့ကစ၍ ဗမာပြည်သူပြည်သားတွေရဲ့ အားကိုးရာဖြစ်
သော သမတကြီး ကျန်းကျန်းမာမာနဲ့ ဗမာပြည်ကြီးကို ပြီးပြည့်
စုံအောင် လုပ်နိုင်အောင် လှိုက်လှိုက်လှဲလှဲ နေ့တိုင်း မေတ္တာပို့
ပေးပါ့မယ်၊

ဖိုးသားလေး said...

သမ္မတကြီးရယ်
ငြိမ်းချမ်းရေးအတွက် ကြောင့်များဒီလိုဖြစ်သွားတာလား
ကေအိုင်အေတွေ တော်တော်ဆိုးတယ်လို့များပြောရမလား
ဘယ်သူပဲဆိုးဆိုးပါ
သမ္မတကြီးကတော့အကောင်းဆုံးပါပဲ
ငြိမ်ချမ်းရေးကြောင့် သမ္မတကြီးတခုခုဖြစ်တယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကို နှောက်ယှက်နေတဲ့သူတွေကို ကျွန်တော်တို့ပြည်သူတွေက ခွင့်လွှတ်မှာမဟုတ်ပါဘူး

ကေအိုင်အေတို့ကိုလည်း ဒီကနေပြောလိုက်ပါဦးမယ်

သမ္မတကြီးကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့တော့
ဒီသမ္မတကြီးမျိုး အင်မတန်ရှားပါတယ်

Unknown said...

သမတကြီးနှင့်တကွသူတော်ကောင်းအပေါင်းကျမ္မားပါစေ။ ယ္ခုအချိန်ကစပြီးမသူတော်တွေလည်း သူတော်ကောင်းဖြစ်လာပါစေ။

Nwe Yin Win said...

သမ္မတကြီး ကျန်းမာပါစေရှင်။ တိုင်းပြည်နဲ့ လူမျိုးတိုးတက်အောင် ဆောင်ရွက်ပေးနေတဲ့ ကုသိုလ်ကြောင့် သက်ရှည်ကျန်းမာပါစေ။

အာကာ said...

ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ကို ကျွန်ဘဝက လွတ်မြောက်အောင် ကြိုးပမ်းနိုင်ခဲ့သလို၊ သမ္မတ ဦးသန်းစိန်ကလည်း မြန်မာပြည်ကို ဆင်းရဲ နွမ်းပါးမှု အပေါင်းမှ ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ပြီး အာဂ လူစွမ်းတွေအဖြစ် မြန်မာသာမက ကမ္ဘာကပါ အသိအမှတ် ပြုနိုင်ကြပါစေ.....

KMW said...

သမ္မတကြီး ကျန်းမာပါစေ

kokyi said...

ကျမ်းမာပါစေ။

kokyi said...

တရုတ်ကတို့နှိင်ငံ ကောင်းတဲ့လူတတ်လာရင် တခုခုဖြင့်အောင်ကျိန်စာတိုက်ထားတာဖြစ်မယ်။
ကျမ်းမာပါစေလိုဆုတောင်းပေးလိုက်ပါတယ်။တိုင်းပြည်ကိုဒီထက်တိုးတက်အောင်လုပ်ဆောင်နှိင်ပါစေ။

GuGu said...

သမ္မတကြီး သက်တော်ရာကျော်ရှည်ပါစေ... စမ်းစွေ့စမ်းစွေ့ စမ်းစမ်းစွေ့..

konayman said...

နိုင်ငံတော်သမ္မတကြီးကျန်းမာပါစေ
ဦးသိန်းစိန် အား နိုဗယ်ငြိမ်းချမ်းရေးဆုပေးသင့်သည်။

Unknown said...

လူအများအကျိုးအတွက် သမ္မတ ကြီး ဆက်လက်တာဝန်ထမ်း ဆောင်နိုင်ပါဆစ။

shine said...

သမတ ကြီးကျန်းမာပါစေ။ အတိုက်အခံလိုလို ၊nld လိုလို၊ ၈၈ လိုလို၊
ဟိုလိုလို ဒီလိုလို လူတွေ ၊ ဘုဂလန့် ပြောမှလူရာဝင်သလိုထင်နေသူတွေ၊
ထောင်ကျဘူးတာကို အရည်အချင်းလို့ထင်နေသူတွေ၊ အချင်းချင်း ပတ်ပြီး
ကြာကူလီရိုက်နေသူတွေ အားလုံး အပြောအဆို၊ အပြုအမူလေးတွေဆင်ခြင်
ပေးကြပါ။ အမတ်မင်း မ ကြီးတွေက အမတ်မင်းလုပ်မလို့ရှိသေးတယ်
ဖေါက်ပြန်နေကြတော့ သမတကြီးက ဘယ်လိုလုပ်စိတ်ချမ်းသာတော့မှာလဲ။
ဆင်ခြင်ပေးကြပါလို့ မေတာရပ်ခံပါရစေဗျာ။

ကျော်ထူး(ရေဆင်း) said...

အို ....အသင်လောက မကောင်းသူကိုပဲ ပယ်ပါ....ကောင်းသူကိုတော့ကယ်ပါ....

Thanlwin.usa said...

သမ္မတကြီးဆီးလမ်းကြောင်းမှာ ပိုးတွေ့ပီး အားနဲမူးသွားတာပါ......အခုတော့ သက်သာလာဘီလို့သတင်းရပါတယ်.....ကျန်းမာစေဖို့ လည်း ၀ိုင်းဆုတောင်းနေကြပါတယ်.....ရဲဘော်ရဲဘက်စိတ်မရှိလက် တွဲဖြုတ်သွားတဲ့ ၈လုံး ကြီးကြောင့်စိတ်ညစ်တာ မျိုးလည်းပါနိုင်ပါတယ်........နိုင်ငံတကာနဲ့ အဆင်ပြေနေချိန် အန်တီစုနဲ့လည်း အဆင်ပြေတာကြောင့် တိုင်းပြည်တိုးတက်ရေးအတွက် သမ္မတကြီးကျန်းမာရေးဟာ အရေးကြီးပါတယ်....Reform လုပ်မယ့် ကိစ္စတွေကလည်း ချက်ချင်းကြီး ထလုပ်လို့ မဖြစ်နိုင်သေးပါဘူး....ဖြေးဖြေး ချင်း ပြုပြင်သွား ရမှာ ဖြစ်မှာပါတယ်.......အပေါ်ကတစ်ယောက်ရေးသွားသလို NLD ကြောင့်စိတ်ညစ်တာ မဖြစ်နိုင်ပါဘူး.....အားလုံးဟာ တိုင်းပြည်တိုးတက်ရေးအတွက် လုပ်နေတာဖြစ်လို့ ခရီးလမ်းတခုကို အတူတူသွားနေတဲ့ မိတ်ဆွေတွေသာဖြစ်နိုင်ပါတယ်..............သေသွားရင်တော့ ဘယ်အရာမှ ကိုယ့်နောက်မပါတာတော့ သေချာပါတယ်....နာမည် မသေဖို့တော့ အရေးကြီးပါတယ်.......သမ္မတကြီးကျန်းမာဖို့ ပြည်ပရောက် ကျွန်တော်တို့သူငယ်ချင်းတစ်စု ကလည်း ဆုတောင်း မေတ္တာ ပို့ပါတယ်...........

Mg Aung said...

သမ္မတကြီး ကျန်းမာပါစေ။

myanmarpyithar said...

မြန်မာ့လွတ်လပ်ရေးဆို...ဒို့ဗိုလ်ချုပ်ကိုမမေ့ဘူး
ဒီမိုကရေစီဆို.....အန်တီစုကိုမမေ့ဘူး
မြန်မာ့သမိုင်းဆို...ပြည်သူတွေကသမ္မတကြီး(ဦးသိန်းစိန်)ကိုဘယ်တော့မှမေ့ နိုင်မှာမဟုတ်ပါဘူးဗျာ။
သမ္မတကြီးကျမ္မာရေးအမြန်ကောင်းပါစေ။
သူတော်ကောင်းကြီးအသက်ရှည်ပါစေ။
ဒါပြည်သူ့မေတ္တာပါ....သမ္မတကြီး

Mg Aung said...

သမ္မတကြီး ကျန်းမာပါစေ။

thida myo said...

ဘဘ သမ္မတကြီးကျန်းမာပါစေ ...

san said...

အကောင်းဆုံးတွေကိုလုပ်ပြီးပြီဆိုရင်အနားယူပါ။ကျန်တဲ့အချိန်တွေမှာကိုယ်အတွက်လုပ်နိုင်ဖို့။

RAIN said...
This comment has been removed by the author.
Anonymous said...

ကောင်းတဲ့လူကျမှဖြစ်ရတယ်လို့ကွာ။ အောင်သောင်းကြီးတို့ကတော့သမ္မတလုပ်ရချည်သေးရဲ့ဆိုပြီးအိပ်လို့တောင်မပျော်ဘူးကြားတယ်။

Tun Tun said...

တိုင်းပြည်အတွက် ကြိုးစားနေကြသော သမ္မတကြီးနှင့်တကွ ကူညီပံ့ပိုးနေကြသော သူတော်ကောင်းများအား..နတ်ကောင်း
နတ်မြတ်များစောင့်ရှောက်ပါစေသော်....သမ္မတကြီးသက်တော်
ရာကျော်ရှည်ပါစေသော်.....

com.ayemin said...

President ကြီးအမြန်ဆုံးကျန်းမာပါစေ

com.ayemin said...

President ကြီးအမြန်ဆုံးကျန်းမာပါစေ၊ Reform Strategy ကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ

Myo1 said...

President ကြီး အမြန်ဆုံး ပြန်လည်ကျမ်းမာလာစေဖို့ ဆုတောင်းပါတယ်..။

Dragon said...

ဟူး....comment တွေအားလုံးလိုက်ဖတ်တာ..ဟိုတစ်ယောက်အတွက်ဆုတောင်းပေးတာတစ်ခုမှမတွေ.ဘူးဂျ...ဟီး..

ဖိုးသား said...

တို့မြန်မာတွေရဲ့စိတ်ဓါတ် တော်လိုက်တာ တကယ်ကောင်းတဲ့သူဆိုရင် တကယ်ကို မေတ္တာထားကြတာပဲ ၊ တလျှောက်လုံးက ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက် ရိုင်းချင်တိုင်းရိုင်းလာတဲ့ စစ်တပ်ကလာသူမို့ အစက စိတ်ဓါတ်ဒီလောက်ကောင်းလိမ့်မယ်လို့မထင်ခဲ့မိဘူး ခုတော့ သူ့ရဲ့မှန်ကန်တဲ့လုပ်ရပ် မွန်မြတ်တဲ့စိတ်ဓါတ်တွေကြောင့် တိမ်းပါးသွားမှစိုးလို့ မေတ္တာတွေပို့နေလိုက်ကြတာ အင်မတန်မှကြည်နူးစရာပါ သမ္မတကြီးသာ ဒီ comment တွေဖက်ရရင် ပီတိတွေဖြန်းဖြန်းထပြီး အလိုလို ကျန်းမာလာမှာမလွဲသလို ရှေးကလူမိုက် စစ်အာဏာရှင်ကြီးတွေသာ ဒီ comment တွေကိုဖက်မိရင်တော့ သူတို့ရဲ့လုပ်ရပ် လုပ်ဇာတ်အမှားတွေအတွက် နောင်တရပြီး ရင်ထုမနာများဖြစ်လေမလား (သို့တည်းမဟုတ် )သူ သူကောင်းပြုခံရဘို့အတွက် တို့တွေမိုက်လုံးကြီးပေးခဲ့ရပါလားလို့ အတွေးတွေမှားပြီး နှလုံးခုန်တွေများရပ်သွားလေမလားပဲ ဘာပဲဖြစ်ဖြစ် ကောင်းသူမို့ကောင်းကျိုးတော့ပေးမှာပါ သတင်းမှားလို့ဆိုစေကာမူ မြန်မာပြည်အတွက် အစားထိုးမရနိုင်သူမို့ မေတ္တာတော့ပို့ကောင်းပါရဲ့ သမ္မတကြီး ကျန်းမာပါစေ ဒီ့ထက်မက နိုင်ငံ့အကျိုး ပြည်သူတို့အကျိုးကိုဆောင်ရွက်နိုင်ပါစေ

pusuuma said...

shine မင်းစကားကဘာစကားလည်းမင်းယောက်ျားဆိုရင် စကားကို၂ဘက်ချွန် မပြော နဲ့။ဘယ်သူဘာလုပ်တယ်ဆိုတာ လူတိုင်းသိတယ်။မင်းပထွေးတွေလုပ်နေတာကိုကျတော့ မင်းသာယာနေတာလား။စောက်ရူး။ငါတို့အားလုံး သမ္မတကြီးကျန်းမာဖို့ဆုတောင်းနေတာလေ။မင်းအနှောင့်အသွားမလွတ်တဲ့ဟာတွေပြော မနေနဲ့ဟေ့ကောင်။မင်းလိုဂရောင်တွေ နေရာမ၇ှိတော့ဘူး။မင်းဘာကောင်လဲဆိုတာ မင်းစာဖတ်ယုံနဲ့သိတယ်။မျက်နှာ လိုချင်ရင် ကောင်းတာလုပ်လေ။သူများကို တွန်းပီးမှတော့ယူတာကတော့ တာအောက်တန်းစားဆန်ပါတယ်။

RAIN said...

ကျွန်တော်ချစ်သောသမ္မတကြီးကျန်းမာေ၇း
အမြန်ဆုံးပြန်ကောင်းပါစေလို့ဆုမွန်ကောင်း
တောင်းပေးပါတယ်...........................

ပြည်သား said...

သမ္မတကြီးကျန်းမာပါစေဗျာ။

Ko San said...

သမ္မတကြီး... ကျန်းမာပါစေ....

လက်ျာ said...

ကွန်တော် ဒီစာကို ဖတ်ပြီး အောက်က ကွန့် မန့် တွေကို ဖတ်ကြည့် မိပါတယ် ။ ကျွန်တော်ထင်ထားထက်ကို အံ့သြဖို့ ကောင်းအောင် နိုင်ငံတော် သမ္မတကြီးအပေါ်မှာ ပြည်သူတွေ လေးစားချစ်ခင်ကြတာကို တွေ့ ရပါတယ် ။
ဒါဟာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကို အဓိကဦးဆောင်ခဲ့တဲ့ သမ္မတကြီးရဲ့ လုပ်ဆောင်မှုတွေ မှန်ကန်ခဲ့လို့ ဒီလိုပဲ ဖြစ်လာတာလို့ ထင်မိပါတယ် ။ ကျွန်တော်တို့ နိုင်ငံရဲ့ မြန်မာ့နွေဦးကို ဦးဆောင်ဦးရွက်ပြုဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး အမြန်ဆုံး စိတ်ကျန်းမာ ကိုယ်ကျန်းမာနဲ့  တာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ပါစေ ။

khay said...

သမ္မတကြီး အမြန်ဆုံးကျန်းမာပါစေ..

အလင်္ကာ said...

မြန်မာနိုင်ငံ ၊မြန်မာပြည်သူ နှင့် မြန်မာ့လူမှုအဖွဲ့ အစည်းအတွက် အသင့်မြတ်ဆုံး အလျော်ကန်ဆုံးသော နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါသည် ။ သမ္မတကြီး ဘေးရန်ကင်းဝေးပြီး
ကျန်းမာ အသက်ရှည်စွာဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအား မှန်ကန်တည်ငြိမ်သော လမ်းကြောင်းပေါ်သို့ ပို့ ဆောင်ပေးနိုင်ပါစေ ။

Tin Nwe Khin said...

စိတ်ချမ်းသာစွာနဲ့ မြန်မာနိုင်ငံ အကျိုး သာသနာအကျိုး ဆောင်ရွက်နိုင်ပါစေ.....

purewhite said...

ပြည်သူတို့ရဲ့ရောင်ခြည် သမ္မတကြီးကျန်းမာပါစေ။

honey said...

လူသားအချင်းချင်းစာနာသနားမိပါတယ်။
သို့သော်လည်းရောဂါလဏ္ခာအရ
စစ်အာဏာရှင်တွေအတွက်အာဏာတည်မြဲရေးကို
ကာကွယ်စောင့်ေ၇ှာက်နေရတဲ့စိတ်ဖိစီးမှုကပိုများလွန်းလို့
ရောဂါဖြစ်သွားတာပါ။ပြည်သူအတွက်အလုပ်လုပ်ခွင့်
သမ္မတကြီးကိုပေးအပ်ထားတာတနှစ်လောက်ပဲရှိပါသေးတယ်။
စစ်တပ်ကအရာထမ်းတွေလွတ်တော်ထဲလာတော့မယ်ဆိုရင်
ဝိပသနာတရားများများကျင့်ကြံပြီးမှလာစေချင်ပါတယ်။
ပြည်သူအတွက်စေတနာအရင်းခံရင်ဝေဒနာကို
သက်သာစေပါတယ်။တ၇ားသဘောကို
နားလည်သိတက်ပြီဆိုရင်အမှန်တရားတိုင်းက
စိတ်နှလုံးကိုကြည်လင်စေပါတယ်။
ရိုးရိုးကျင့်မှန်မှန်လုပ်ကြပါစိတ်ဖိစီးမှုကလျော့နည်းမည်။
မိမိကိုယ်ကျိုးအတွက်လောဘတက်နေမယ်ဆိုရင်ပူလောင်
မှုနဲ့ဝေဒနာတိုးစေမယ်။..............
အပေါ်ကကွန်မန်းမှာ(အမေစုနဲ့သမ္မတရာထူးမတန်သေးဘူး)လို့
ပြောရအောင်nainglinn..ဆိုတဲ့သူက
စွံအနားမကြားဦးနှောက်ကြပ်မပြည့်သူဖြစ်ရမယ်။
ထွီး.........စိန်ကောင်းကျောက်ကောင်းဝယ်နေရင်
ဆေးရိုးသယ်ကကန့်လန့်တိုက်နေသလိုပဲ
တူသလားတန်သလား...
နှီုင်းစရာလား...မြန်မာပြည်ကသမ္မတရာထူးနဲ့တောင်
မလိုက်ဖက်လို့ကမ္ဘာ့ကုလသမဂ္ဂကတောင်အတွင်းေ၇းမှူး
ခန့်ချင်လွန်းလို့အမေစုကို...
အရည်အသွေးဆိုတာသမိုင်းကြောင်းကောင်းဖို့နဲ့
့တကယ်အလုပ်လုပ်တက်ဖို့ပဲ..
ပေးလိုက်လေနိုင်ငံတော်ရဲ့လုပ်ဆောင်ချက်၇၅ရာခိုင်နှုန်းကို
နေရာ၇နေတာကလည်းလွတ်တော်ထဲဧည့်သွားဧည့်လာပုံစံ
ခွက်ထဲမှာသူတို့ကြံ့ဖွတ်အာဏာမြဲရေးအတွက်ပဲ
ပြင်ဆင်နေကြတာဘယ်မလဲမှန်ကန်တဲ့လုပ်ဆောင်ချက်တွေ
တိုင်းပြည်အတွက်တကယ်အလုပ်လုပ်သင့်တာကိုမလုပ်ပဲ
ကိုယ့်အတွက်ပဲကိုယ်လုပ်နေကြရင်
နှလုံးကတာရှည်ခံပါ့မလား။စိတ်ပူမိတယ်။
ကျန်းမာစေချင်ပါတယ်..ရရက်သားသမီးအပေါင်းကို
ကျောင်းသားသံဃာပြည်သူတွေကိုသတ်တုန်းက
အထက်ပါကွန်မန်းတွေလိုစစ်ခေါင်းဆောင်တို့က
သနားမိပါသလားလို့သိချင်လိုက်တာ..သမ္မတကြီးကိုယ်တိုင်လည်း
အဲ့အခါတုန်းကဘယ်လိုကိုယ်ချင်းစာသနားမိပါသလဲဆိုတာသိချင်မိတယ်။
နေမကောင်းတာလေးကိုပဲဆုတောင်းမေတ္တာပေးနေကြတဲ့
ကျမတို့ပြည်သူတွေရဲ့ဖြူစင်တဲ့စိတ်ရင်းစေတနာကို
ခန့်မှန်းနိုင်မယ်လို့ယုံကြည်ပါတယ်။
ဒီလိုဆိုရင်သမ္မတကြီး...
ပြည်သူတွေကိုတုန့်ပြန်မှုအနေနဲ့
တိုင်းပြည်အတွက်အကောင်းဆုံးနည်းလမ်းတွေကို
ကျင့်သုံးပေးပါလို့မေတ္တာရပ်ခံပါတယ်။
သမ္မတကြီးကျန်းမာပါစေ..
အမေစုအသက်ရာကျော်ရှည်ပါစေ..
ပြည်သူအတွက်အလုပ်လုပ်ပေးနိုင်မည့်
အခွင့်အရေးတွေကိုပိုင်ဆိုင်နိုင်ပါစေ...

cartoon said...

သမ္မတကြီး မရှိလို့မဖြစ်ပါဘူး..ကျွန်တော်တို့ တိုင်းပြည်မှာ ပြောင်းလဲဖို့တွေ အများကြီးလိုအပ်ပါသေးတယ်..သမ္မတကြီးမရှိလို့ကို မဖြစ်ပါဘူး..ကျန်းမာပါစေ..သမ္မတကြီး။

aye koko said...

သမ္မတကြီးကျန်းမာပါစေ... မြန်မာပြည်အတွက် သမ္မတကြီးလို လူတွအများကြီးလိုအပ်ပါတယ်

haymann said...

သမ္မတကြီးကို တင်ပြစရာကိစွတွေက တန်းစီနေတယ် ၊သမ္မတကြီးကျမ်းမာရေးကိုအဓိကထားပြီးဂဂုစိုက်လိုက်ပါနော် သမ္မတကြီးအလုပ်တွေများပြီးမှုးလဲတာဖြစ်၇မယ် ချက်ချင်းကြီး အပေါ်ကနေရဲ(စစစ)ထိ သမ္မတကြီးလဲ ချက်ချင်းဘယ်ကြည့်နိုင်မလဲနော်၊

shwenweyoo said...

မြန်မာပြည် တိုးတက်ပါစေ
သူတော်ကောင်းတွေ ကြာရှည်တည်မြဲပါစေ

ရနံ့စံအိမ် said...

ကျန်းမာပါစေ

Ebrahim said...

ကဲ သမ္မတကြီးရေ
မြင်တဲ့အတိုင်းပါပဲဗျာ။ ပြည်သူတွေက ဘယ်လောက်ချစ်ကြသလဲဆိုတာ
သမ္မတကြီးလဲ ကျွန်တော်တို့ကို ပြန်ချစ်ပါနော်။
ကျန်းကျန်းမာမာနဲ့နိုင်ငံအကျိုး ပြည်သူအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေ။
သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေကို ညှိုးနွမ်းစေမယ့် အနားက အဖျက်သမားတွေကို အောင်မြင်နိုင်ပါစေ။
အမေစုနဲ့ လက်တွဲပြီး တိုင်းပြည်ကြီးကို အမြင့်တနေရာ ဆွဲတင်ပြီး သမိုင်းသစ်ထူထောင်နိုင်ပါစေ

htaywinaung said...

သမတကြီး သက်တော်ရှည်ပါစေ။

the' said...

မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲမှုအသစ်အသစ်တွေဟာ သမ္မတကြီးလက်ထက်မှာမှ ပေါ်ပေါက်လာခဲ့ပါတယ် ....အရင်ကထက်စာရင် မြန်မာနိုင်ငံဟာ ရောင်ခြည်သစ်တွေသန်းလာပြိလို့ ပြောလို့ရတဲ့ အခြေအနေပါ ..ဒီလို ကောင်းမွန်မှုတွေဖြစ်ပေါ်လာအောင် ရှေ့ဆုံးကနေစွမ်းဆောင်ပေးခဲ့တဲ့ သမ္မတကြီးရဲ့ အားထုတ်မှုတွေကို မြန်မာပြည်သူတွေရဲ့ စိတ်နှလုံးမှာ အမြဲမှတ်တမ်းတင်ထားရှိနေကြပါတယ် ...နိုင်ငံကိုပြုပြင် ပြောင်းလဲမှုတွေဆောင်ရွက်နေတဲ့အချိန်မှာ ကောင်းမွန်တဲ့ ခေါင်းဆောင်ဆိုတာ အဓိက အခရာပါ ...ဒီလိုတာဝန်တွေဆက်လက်ထမ်းရွက်နိုင်ဖို့ သမ္မတကြီး ကျန်းမာနေမှ ဖြစ်ပါမယ် ...သမ္မတကြီးဟာ pacemaker တပ်ထားရတယ်ဆိုတာ ခု မှ သိလိုက်ရပါတယ် ...စိတ်မကောင်းခြင်းကြီးစွာလဲ ဖြစ်ရပါတယ် .... ပြည်သူတွေအားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါရစေ ...သမ္မတကြီးးးးးးးးးးးးးး ဘေးဘယာကင်းလို့ ကျန်းမာခြင်းကို အစဉ်ပိုင်ဆိုင်နိုင်ပါစေ ..... လို့

thanda said...

သမ္မတကြီး ကျန်းမာပါစေ၊ သမီးတို့အဖေ ဦးစိုးသိန်းနှင့်အတူ အမြဲတမ်း လက်တွဲနိုင်ပါစေ၊ တိုင်းပြည်အကျိုးသယ်ပိုးရင်း အသက်ရာကျော်ရှည်ပါစေ။

huailan said...

နိုင်လင်း နင်ကဘာကောင်မို့ အမေစု ကိုဒီနေရာနဲ့မတန်ဘူးလို့ပြောရတာလဲ။
နင်က ဘယ်လောက်အသိဥာဏ်ရှိလို့ တန်တယ်မတန်ဘူးဆုံးဖြတ်ရတာလဲ။

ဦးသိန်းစိန်တောင်လုပ်နိုင်ရင် ငါတို့အမေစုက ဒီထက် အဆ100 ပိုလုပ်နိုင်တယ်ဆိုတာသိထားပါ။

တိုင်းပြည်အတွက်ဘာမှမပေးဆပ်နိုင်ရင်နေပါ မဝေဖန်ပါနဲ့

ကိုယ့်အသိဥာဏ်နုံနဲ့တာကို လူတွေကိုမပြပါနဲ့

Zaw Latt said...

သမ္မတကြီး ကဘယ်ကလာတယ်ဆိုထက် ခု သူလုပ်နေတာတွေ အားလုံးက ကျွန်တော်တို့နိုင်ငံအတွတ် ခမ်းနားသလို တာဝန်လည်းကြီးပါတယ်။သမ္မတကြီး ကျန်းမာပါစေ။

ရွာသားကြီး said...

ကျွန်တော်သည် မည်သူမကောင်းတယ်ကောင်းတယ်တော့မဆိုလို ဒါပမေယ့် ဦးသိန်းစိတ်သာလျှင်အကောင်းဆဲုံးဖြစ်ကြောင်း ထောက်ခံအပ်သည် သမ္မတကြီး
ကို မည်သူနှင့်မျှ မယှဉ်စေလို ယှဉ်ဖို့လည်းမလိုအပ် ကျွန်တော်တို့အခြေခံလူတန်းစားတွေရဲ့ဘ၀ဟာ သမ္မတကြီးဆီမှာသာလျှင်ရှိတယ်လို့ ကျွန်တော်ယုံကြည်တယ် ခင်ဗျားတို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျွန်တော်မပြောလို လူတိုင်းဟာ ကိုယ့်စိတ်နဲ့ကိုယ်ပါ ဒီတော့ ကိုယ်ယုံကြည်ရာယုံကြည်ရာကိုပဲပြောကြပါ ပုတ်ခတ်ခြင်းသည် သဘောထားသေးသိမ်သော နိုင်ငံကြီးသားမပီသသော လူများဖြစ်ပါသည်

Powered by Blogger.