တန်ပိုကြေးများ အဆမတန်ကောက်ခံမှုကြောင့် ကားသမားများ ဒုက္ခရောက်နေ


ဧပြီလ ၃၀ ရက်နေ့  ၂၀၁၂ က တန်ပိုကြေးကောက်ခံထားသည့် ဖြတ်ပိုင်း
မေလ ၁ ရက်နေ့ ၂၀၁၂
အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူထားသော မွန်ပြည်နယ်
 မော်လမြိုင် - ရေး -သံဖြူဇရပ် လမ်းအပိုင်းတွင် တန်ပိုတင်ဆောင်လာသော
 မော်တော်ယာဉ်များကို တန်ပိုကြေးလိုအပ်သည်ထက် ပိုမိုကောက်ခံနေပါသဖြင့် 
ကားသမားများအတွက် အခက်အခဲဖြစ်နေပါသည်။

မော်လမြိုင် - ရေး - သံဖြူဇရပ်လမ်းတွင်ပြေးဆွဲမောင်း
နှင်လျက်ရှိသော
ဟိုင်းလပ်မော်တော်ကားများကို ၂ တန် အထိသာ တင်ခွင့်ပြုပြီး
တန်ပိုတင်ဆောင်လာသော မော်တော်ကားများကို တန်ပိုကြေးကောက်ခံနေပါသည်။

 
လိုင်းကားများသည် လူစီးရန်နှင့် ကုန်ပစ္စည်းတင်ဆောင်ရန်အတွက်ပြေး

ဆွဲကြသော ကားများဖြစ်သောကြောင့် စက်သုံးဆီနှင့်အခွန်အခစရိတ်အတွက်
ဝန်ပိုတင်ဆောင်ကြရပါသည်။

မော်လမြိုင် ကြာအင်းဂိတ်တွင် ကတ္တားချိန်သောအခါ ကား၏ အရှေ့ဘီး၂
ဘီးသာချိန်ပြီး တန်ပိုကြေးများကို အဆမတန်ကောက်ခံနေသောကြောင့်
ကားသမားများအတွက် အဆင်မပြေမှုများဖြစ်နေ၍ သက်ဆိုင်ရာလူကြီးမင်းများမှ
အဆင်ပြေအောင် လုပ်ဆောင်ပေးစေလိုကြောင်း
  ဒေသခံ ကားသမားများက
 ပြောပါသည်။
Myanmar News Now

တန်ပိုကြေးများ အဆမတန်ကောက်ခံမှုကြောင့် ကားသမားများ ဒုက္ခရောက်နေ တန်ပိုကြေးများ အဆမတန်ကောက်ခံမှုကြောင့် ကားသမားများ ဒုက္ခရောက်နေ Reviewed by သစ်ထူးလွင် on 07:59 Rating: 5

2 comments:

Irrawaddy Myanmar said...

၁) မော်လမြိုင် ကြာအင်းဂိတ်တွင် ကတ္တားချိန်သောအခါ ကား၏ အရှေ့ဘီး၂
ဘီးသာချိန်ပြီး ---
အရှေ့ဘီး၂ ဘီးသာချိန်ပြီးကားတစ်စီလုံး၏ အလေးချိန်ကို သိနိုင်ပါသလား။

၂)တံတားခ ကောက်ခံသည့် ပြေစာမှာ တံတားခ ကောက်ခံခွင့်ပြုထားသည့် - ဝန်ကြီးဌာ သို့မဟုတ် စည်ပင်၊ အာဏာပိုင်အဖွဲ့ အစည်း တစ်ခုခုနှင့် အကြောင်းတစ်ခုခုကြောင့် ဆက်သွယ်မေးမြန်း တိုင်တန်းရန် ဖုန်းနံပါတ် (အေးကို မိသားစု နံပါတ်မဖြစ်ရ)ကို ဖော်ပြထားသင့်သည်။

Pyait Phyo Aung said...

အေးကိုမိသားစု ကတော့လမ်းလဲမပြင်ဘဲနဲ့ ပိုက်ဆ့သက်သက်ကောက်နေတာ
မော်လမြိုင်ကလူတွေအားလုံးသိတယ်

Powered by Blogger.