ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား

ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ညီနောင်တိုင်းရင်းသားပါတီများ စုပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား
" Nationalistic Brotherhood ပါတီဆိုပြီး ထွက်လာပါလိမ့်မယ်။ အဲဒီဟာကတော့ ရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့ဗျာ၊ ပါတီအသေးလေးတွေ အကုန်လုံးစုပေါင်းပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကို အဲဒီပါတီကြီးတစ်ခုအနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်ဖို့ရှိတယ်။ အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသား အရေးအရာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီကလည်း ဘာမှလုပ်မပေးနိုင်ဘူးပေါ့ဗျာ။ နောက်ရော NLD တို့၊ တစည တို့ဆိုတာကလည်း ကျွန်တော်တို့လောက် လုပ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသား အရေးအရာ ကိစ္စတွေ အားလုံးအတွက် တိုင်းရင်းသားတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ပါတီတွေကသာလျှင် ကျကျနနကိုင်တွယ်ပြီးမှ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်"
အဲဒီိညီနောင် တိုင်းရင်းသားပါတီကြီးဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
လောလောဆယ် ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ချင်းအမျိုးသားပါတီနဲ့ ချင်းတိုးတက်ရေးပါတီတို့ကို မေလ (၁၁) ရက်နေ့က ပူးပေါင်းလိုက်ပြီလို့ ဦးဇိုဇမ်က ပြောပါတယ်။
ဒီအတောအတွင်း တိုင်းရင်းသား ပါတီတွေအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့ဟာ အခုမေလ ၁၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ANU သြစတြေးနိုင်ငံ အမျိုးသား တက္ကသိုလ်မှာ နိုင်ငံရေးခေါင်းဆောင်မှုပညာ သင်တန်းသွားရောက် လေ့လာဆည်းပူးကြမယ်လို့ သိရပါတယ်။
အဲဒီ သြစတြေးလျနိုင်ငံက နိုင်ငံရေးသင်တန်း သွားတက်ကြမယ့်သူတွေထဲမှာ ချင်းအမျိုးသားပါတီက ဦးဇိုဇမ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဦးလှစော၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာသန်းငြိမ်း၊ ဒီမိုကရက်တစ်ပါတီ မြန်မာက ဒေါ်သန်းသန်းနုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဦးသိန်းထွန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
RFA-Burmese
ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခု တည်ထောင်ဖို့ စည်းရုံးလှုပ်ရှား Reviewed by သစ်ထူးလွင် on 04:32 Rating: 5

8 comments:

love storry said...

Nationalistic brotherhood ဆိုတဲ့ပါတီ ဘာတွေလုပ်နိုင်မလဲ ဘယ်လောက်ထိမျှမျှ တတရှိလဲ ငါဆိုတဲ့ အတ္တစွဲတွေကောကင်းရဲ့လား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ပေးပါမယ်........

ချစ်ဖူး said...

တိုင်းရင်းသားမှ တိုင်းရင်းသားအရေးလုပ်နိုင်မယ်ဆိုတာ ဖြစ်သင့်လားဗျာ

တြိရတနာ said...

ခင်ဗျားတို့ကလည်း စလာပြန်ပြီ၊ နောက် အနောက်ဘက် တိုင်းရင်သားပါတီ၊ အရှေ့ဘက်တိုင်းရင်ပါတီ တွေထောင်ကြအုံးမှာလား။ဗမာတွေက တိုင်းရင်းသားမဟုတ်တော့ဘူးလား။ကြည့်လုပ်ကြပါ နွားကွဲ ကျားကိုက် ဖြစ်နေမယ်။

minsoeaung said...

နဘဦးဇိုဇမ်ရေ
ကောင်းတယ် ဒီလိုပေါင်းလိုက်တော့အားကြီးသွားတာ
ပေါ့။ ကျန်တဲ့ပါတီတွေလဲ အခြေခံသဘောတရားတူကြ
ရင်ပေါင်းသင့်ပါတယ်။ ပါတီတွေက ၆၀ နီးပါးဆိုတော့
မဟုတ်သေးဘူးထင်ပါတယ်။ ၄ /၅ ခုလောက် သာရှိ
သင့်ပါကြောင်း။ ပါတီတွေများတဲ့အတွက် ဝေဝါးနေတယ်။ ဦးဇိုဇမ်ရေ အောင်မြငိပါစေ ။
NLD

Lwiekaungchan said...

ဒီမှတ်ချက်ရေးရင်တော့ ပြန်အပြောခံရမှာသေချာတယ်။ ဒါပေမယ့် ခံလာခဲ့ရတဲ့နာကျည်းချက်တွေများတော့ မျက်စုံမှိတ်ပြောရမှာပဲ။ ဗမာတွေကကောတိုင်းရင်းသားတွေအတွက်ဘာတွေလုပ်ပေးခဲ့လို့လဲ။ တန်းတူအခွင့်အရေးဘယ်လောက်ပေးခဲ့လို့လဲ။ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရနဲ့ပိတ်ပင်တားဆီးခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲ။ မဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးနဲ့ပိတ်မငြင်းပါနဲ့။ တခုပြောချင်တာက ဘယ်သူကမှ ကိုယ့်မိခင်လောက်စိတ်အားထက်ထက်သန်သန် နဲ့ ကိုယ့်ကိုကောင်းအောင်လုပ်ပေးချင်မှာမဟုတ်ဘူး။ တိုင်းရင်းသားမှ တိုင်းရင်းသားအရေးလုပ်နိုင်မယ်ဆိုတာ ဖြစ်သင့်လားဗျာ ဆိုတဲ့မေးခွန်းကိုမေးဖို့ထက် တိုင်းရင်းသားတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရထားတာလဲဆိုတာကိုပဲ အရင်နားလည်းထားစေချင်တယ်။ ရှည်ရှည်ဝေးဝေးတော့မပြောပါဘူး။ လက်ရှိကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်ပွဲကိုပဲ လက်ရှိလူထုထောက်ခံနေတဲ့ပါတီက၀င်ရောက်ဆောင်ရွက်မပေးတာကိုပဲ တိုင်းရင်းသားတွေအပေါ်ဘယ်လောက် မြတ်နိုး ဘယ်လောက်စေတနာ ထားသလဲလည်းဆိုတာ သိသာထင်ရှားသလောက်ရှိနေပြီ။

philosophermgmyathar said...

လာပြန်ပြီ ... မင်းတို့ကိုယ်တိုင်က ဘာမှ သောက်ဖြစ်မရှိလို့ .ဘာမှဖြစ်မ
လာတာ ..ဒါကို ဟိုပါတီက တို့လောက်လုပ်နိုင်မှာမဟုတ်ဘူး ..တို့ပဲ လုပ်
နိုင်မယ်..ဒါကြောင့် ညီနောင်ပါတီထောင်တယ်..ထောင်..ထောင်..မင်းတို့
တွေ အဲလို ဦးနင်း ပဲ့ကထောင်..ပဲ့နင်း ဦးကထောင် လုပ်နေ ..မင်းတို့ကို
ကြံ့ဖွတ် အစိမ်းလုပ်မယ်..နောက်မှ မအော်နဲ့...ဘာကောင်တွေမှန်းကိုမသိ
ဘူး..

pretty said...

ထောင်...ထောင်... ဘာတွေမှန်းလဲ မသိဘူး..ရှုတ်ရှက်ခတ်နေတာပဲ..သူတလူ ငါတမင်း နဲ့ ဟူး.....

Anonymous said...

ပထ၀ီ နိုင်ငံရေး အရ တိုင်းရင်းသားတွေ ရဲ. ရပိုင်ခွင်. ပါ။လူ မျိုးဆို တာ ရှိ တယ်။မမေ.ပါနဲ..

Powered by Blogger.