လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ပညာရေးဝန်ထမ်းများ)

ဟင်္သာတမြို့ 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ် ပညာရေးမှူးရုံးမှ မူလတန်းပညာရေး
ဝန်ထမ်းတစ်ဦးလျှင် 100%နှုန်းဖြင့် 2010 ဇန်န၀ါရီလမှစပြီး လစဉ် ရုံးထောက်ပံ့ 
ငွေဖြတ်တောက်ခဲ့ ပါတယ်။

မူလတန်းပညာရေးဝန်ထမ်း 2000 ကျော်ရှိပါတယ်။ အငြိမ်းစားယူသွားသော
ရုံးအုပ်စာရေးကြီး၏ ကြွေးကျန် 6 သိန်းကိုလည်းဝန်ထမ်းများထံမှဖြတ်တောက်ခဲ့ 
ပါတယ်။

ရုံးကုန်ကျစရိတ်များဖြစ်သော တယ်လီဖုန်း ကွန်ပြူတာမှတ်တမ်းနှင့် ခရီးစရိတ်များ
လည်းကောက်ခံခဲ့ ပါတယ်။ 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်ပြောင်း
မည်ဖြစ်ရွေ့ ရုံးထောက်ပံငွေပုံမှန် 100%အပြင်အခြားဖြတ်တောက်မှူ့ များရပ်တန့် ရန်
စုပေါင်းတင်ပြသော်လည်း 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်မှ
တစ်ဦးလျှင်230 နှုန်းကောက်ခံခဲ့ ပါတယ်။ မတ်လတွင်300၊ကောက်ခံသည့် အပြင်
ဧပြီလတွင်700နှုန်းကောက်ခံခဲ့ ပါတယ်။

အဆိုပါ ရုံးထောက်ပံငွေ ကောက်ခံမှုတွေကို ရပ်ဆိုင်းပေးစေလိုကြောင်း ဟင်္သာတ
မြို့ မှ မူလတန်းပညာရေးဝန်ထမ်းများ က Myanmar News Now ကို ပြောဆိုထား
ပါတယ်။
လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ပညာရေးဝန်ထမ်းများ) လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ပညာရေးဝန်ထမ်းများ) Reviewed by သစ်ထူးလွင် on 06:49 Rating: 5

16 comments:

ချစ်ဖူး said...

သူများတောင်းတိုင်း ပေးရမှာလားကွယ်။

zinmin said...

၁၀၀% နှုန်း ဖြတ်တောက်ခဲ့တယ်ဆိုတာ ... လစ ရဲ. ၁၀၀% နှုန်းကို ပြောတာလား၊ ဘာကိုပြောတာလဲ ခင်ဗျ။

လစာရဲ. ၁၀၀% နှုန်းတော့ မဟုတ်လောက်ဘူး ထင်မိပါရဲ.။

zmt said...

100% ဆို ဘာကျန်တော့မလဲ ....ကုန်ပီးပေါ့

ဖိုးပွကြီး said...

ူဒီကိစတွေကပညာရေးမှာ တော်တော်ပေါ်ပေါက်နေပါတယ်.
အထူးသဖြင့် အခြေခံပညာေ၇းမှာပါ.
ပညာရေးဌာနရုံးတွေမှာ အပိုကိစတွေ အတွက်လုံလောက်တဲ့ ဘက်ဂျက်မရှိပါဘူး.
မ၀တ အပါဝင်ကျန်ဌာနတွေက ပညာရေးကိုသိပ်နှိပ်စက်ပါတယ်.
ဥပမာ လူကြီးလမ်းကြောင်းရှိတယ်. ဘာဖွင့်ပွဲညာဖွင့်ပွဲ နဲ့ လုံခြုံရေးကိစမှာတောင် ဆရာဆရာမတွေကို ဂျုတီချခိုင်း. ကျောင်းသားဘယ်နှစ်ယောက်နဲ့ ကြိုဆိုရေးလုပ်ရန်.ကိုယ်စရိတ်နဲ့ကိုယ်ပေါ့.မြင်ဘူးကြမှာပါ.
ကဲ စသည်ဖြင့်ကိစ တွေပေါ်လာရင် ပညာရေးရုံးက မရှိတဲ့ပိုက်ဆံကိုဘယ်ကရမလဲ
(လ၀က ကညန စသည်လို အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာကျတော့ ဘတ်ဂျက်မလောက်လဲ ၀န်ထမ်းတွေက လူတွေဆီက ...ကောက်ခံပြီးအဆင်ပြေသွားတယ်လေ)
ဒီတော့ ဆရာဆရာမ ၀န်ထမ်းကို ပြန်ကောက်တော့တာဘဲ.
ဆရာဆရာမရဲ့ လစာက ဘာရှိမှာလဲ.အပိုဝင်လေးရဖို့ ကိုယ်ခွန်အားနဲ့ ကိုယ်ကျူရှင်လေး သင်တော့ ပိတ်ပင်ပြန်ရော.ပြသနာရှာပြန်ရော.
ပညာရေးဌာန ရောက်လာတဲ့ ဗိုလ်ပြောင်းအရာရှိမင်းတွေကလဲ.လူကြားထဲ့ဆရာကြီး ဆရာမကြီးတွေ ကိုဟောက်နိမ်ချ.ဆက်ဆံ လူမလေးစားအောင်လုပ်.
ပညာရေးမှုးရော ပညာေ၇းဝန်ထမ်း အများစုေ၇ာဟာ ဆ၇ာဆရာမတွေပါ.
လူရိုသေမှုကို ခံယူပြီးသိခါရှိအောင်နေချင်ကြတာပါဘဲ.
ဒါပေမယ်..လေ
လွန်ခဲ့တဲ့ (၃)နှစ်လောက်က မူလတန်းကျောင်းအုပ်ဆရာကြီးတစ်ယောက်ဟာ ရတဲ့လစာလေးနဲ့
မိသားစုစားဝတ်နေရေးမလောက်လို့ လူမသိအောင် ညဘက်ဆိုက်ကားနင်းရင်း အအေးလိုင်းဖြတ်တဲ့ရာသီမှာရန်ကုန်ဆေးရုံကြီးနားဆိုက်ကားဂိတ်မှာသေဆုံးနေတဲ့ အဖြစ်ပျက်လေးရှိခဲ့ပါတယ်.
ပညာရေးဌာနမှာအလုပ်လုပ်နေကြတဲ့ ဆရာဆရာမ
ပညာရေးဝန်ထမ်းတွေက သနားဖို့ကောင်းပါတယ်.
မိဘတွေ အနေနဲ့ေ၇ာ အများပြည်သူအနေနဲ့ေ၇ာ ကိုယ်ချင်းစားပေးစေချင်ကြပါတယ်...
ကျောင်းတွေမှာ ကျတော့ရောဘာထူးလဲ.
အခုဆိုအခမဲ့စနစ်ဘာမှမကောက်ရလုပ် ဗလာစာအုပ်၎အုပ်နှုန်းကလွဲရင်နိုင်ငံတော်.ထောက်ပံကြေးကျတော့မရှိ.
သန့်ရှင်းရေးဝန်ထမ်းက၁ယောက်. တစ်နေ့တစ်နေ့ကျောင်းသား ရာချီရဲ့ အမှိုက်အိမ်သာ.သောက်ရေ.စာမေးဖြေရင်မေးခွန်းစာရွက်စာတမ်း.လိုအပ်ချက်တွေမှ အများကြီး...ဘာနဲ့လုပ်မလဲ ကောက်ရင် အေ၇းယူမယ်.
အလုပ်ဖြုတ်မယ် .ကဲဘယ်လိုလုပ်မလဲ.
လောဘကြီးတဲ့ ဆ၇ာဆရာမ တစ်ချို့ ရှိသလို.ကိုယ်ချင်းမစာတဲ့ ကျောင်းသားမိဘတွေလဲရှိတတ်ပါတယ်.
ကိုယ်ခလေးနာမည်ကြီးကျောင်းမှာ အပ်ဖို့ဘယ်လောက်ကုန်ကုန်.gameဆော့ဖို့ဘာလောက်ကုန်ကုန်.မနှောမြောပေမယ်. ဆရာကန့်တောပွဲကျေး ၁၀၀. ထည့်ပါဆိုတာနဲ့ ဆရာမကြီးလုပ်စားတယ် တိုင်မယ်ဆိုတာတွေချည်းပါဘဲ.
ယုတ်မာတဲ့ န၀တအစိုးရရဲ အနတောအနတ (၅)ပါး(ဗေဒင်ယတျာ သာသနာ.ဘန်းကြီးသတ်.လူတွေနှိပ်စက်. ပညာေ၇းပျက်သုန်း)ပျက်ဆီးနေချင်းကို အဖတ်ဆယ်နိုင်အောင်. ၀ိုင်းကြိုးစားပေးကျပါခင်ဗျာ.

National said...

သတင်းကို ဒိထက်ရှင်းလင်းအောင် ရေပေးပါလား၊ ဥပမာ- အငြိမ်းစားယူသွားသော စာရေးကြီး (အမည်ထည့်ပါ)
မြို့နယ်ပညာရေးမှူးအမည်တွေ ထည့်ရေးပေးပါလား။
တင်ပြတဲ့စာ မိတ္တူကို သတင်းထဲမှာ ပုံအနေနဲ့ ထည့်ပါလား။
ဖြတ်လေ၏၊ မဖြတ်လေ၏၊ မှန်/မမှန် လစာပေးစလစ် မရဘူးလား။
သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ တိုင်းရုံး၊ အခြေခံပညာဦးစီးတို့ကို မတိုင်ဘဲ ဘာဖြစ်လို့ သတင်းထဲ ထည့်ရေးရတာလဲ။
ဘာဖြစ်လို့ ပညာရေးမှူးရုံးပုံ မထည့်ဘဲ ဈေးပုံထည့်ရတာလဲ။

thar said...

အော် ....ကျောင်းသားတွေဆီကနေ ပြန်ဖြတ်လိုက်လေ....လွယ်လွယ်လေးပဲ.....

KhaungYan said...

ဟသ်ာတက မှုးတွေ တော်တော်ဆိုးနေပါလား အုပ်ချုပ်ေ၇းမှုးကတမျိုး ပညာရေးမှုးကတမျိုး မရိုးရဘူးနော် တာဝန်အရှိဆုံးနဲ့ အဆိုးဆုံးကတော့ တိုင်းမှုးဘဲထင်ပါရဲ့

honey said...

တကယ်လည်းဆရာမတွေရဲ့လစာနဲ့မလောက်မငဖြစ်၇တဲ့
ဆရာမတွေတပုံချည်းဆိုတာမှန်တယ်။နာမည်ကြီးကျောင်းက
ဆရာမတွေထောလိုက်တာတော့မပြောနဲ့။
ဘယ်လိုပြောရမလဲမသိတော့ဘူး။
ကျောင်းသားတိုင်းအလှူငွေအသင့်အတင့်ထည့်ကြတယ်။
ဆရာမတွေကလည်းစေတနာထားကြမယ်ဆိုရင်
တဖက်နဲ့တဖက်နားလည်မှုထားနိုင်ကြမှာပါ။
ဆရာမတွေကလည်းကောက်စရာရှိတာအပြတ်ကောက်တယ်။
ကျောင်းစာတွေကိုတော့တက်အောင်သင်ပေးလိုက်တဲ့
ဆရာမကလက်ချိုးရေလို့ရတယ်။ဒီအခါမိဘတွေကအပြင်မှာ
မတန်တဆကျူရှင်တွေထားရတယ်အတန်းပိုင်ကော
အပြင်ကျူရှင်တွေကောပလူပျံအောင်
အတန်းပိုင်ကကျူရှင်သင်တယ်သူ့ဆီမှာထားစေချင်လို့ထားပြန်တော့လည်း
တက်အောင်မသင်ပေးဘူး။အမှတ်တွေတိုးပြီးအဆင့်တွေပေးလိုပေး
အရမ်းညံ့နေတဲ့ခလေးဆိုရင်တခါတည်းသင်ပေးထားတယ်။
စာမေးပွဲစစ်ရင်ခိုးချဖို့.မိဘတွေကစိတ်ပူလို့ကျူရှင်လိုက်သွားရင်
မပူနဲ့အောင်မှာပါတဲ့..ကျောင်းတွေမှာမိဘတွေကိုအထဲပေးမ၀င်။
ခလေးတွေကစာလိုက်မရေးလို့စာအုပ်ထဲစာမပါတဲ့ခလေးတွေတပုံကြီး
စာအုပ်ထဲစာမရှိလို့လည်းအတန်းထဲကဆရာမကစာအုပ်ထဲ
စာရေးထည့်အောင်သေချာစစ်ဆေးပြီးပြန်ေ၇းခိုင်းခြင်းလည်းမရှိကြဘူး။
ကျူရှင်မထားနိုင်လို့အိမ်မှာပြန်သင်ပေးရမည့်မိဘဟာသားသမီး
စာအုပ်ထဲစာမပါလာလို့ဘာစာသင်ပေးရမလဲမသိဖြစ်ကြသေးတယ်။
တကယ်တော့လိုအပ်ချက်တွေအများကြီးဖြစ်နေတဲ့ပညာရေးစနစ်ဆိုးခပ်ညံ့
ညံ့အောက်မှာဆရာမ..မိဘ..ကျောင်းသားများ
အကျင့်ပျက်နေကြတာအဆင့်ဆင့်ပါပဲ။
အရင်တုန်းကဆရာမဆိုတာကျောင်းသားတိုင်းရဲ့
မျက်စိရှေ့မှာအရိုသေပေးခေါင်းငုံနေရမည့်ချစ်ကြောက်ရိုသေစရာကောင်း
သောဆရာဆရာမများအဖြစ်သာ..
ယခုခေတ်တွေမှာတော့လေးစားစရာချစ်ခင်စရာမကောင်းတော့ပဲ
ငွေပေးပြီးသင်ရတယ်ဆိုတဲ့အမြင်တွေနဲ့ကျောင်းသားတွေရဲ့
နှလုံးသားနုနုမှာဒဏ်ရာဒဏ်ချက်များနှင့်ဆရာမရှေ့ခေါင်းမော့ပြီး
လမ်းလျှောက်ရဲသောခေတ်ဖြစ်လာပြီ။။။။
ဒီလိုအဖြစ်ဆိုးကိုဘယ်လိုပပျောက်အောင်လုပ်ကြမလဲ
ပညာရေးဝန်ကြီးဌာနမှအမေစုနှင့်အတူပညာရေးစနစ်ကို
ဘယ်လိုကိုင်တွယ်မလဲဆိုတာစမ်းစစ်ကြစေချင်ပါတယ်။
အမှတ်ရစရာဘယ်တော့မှမမေ့နိုင်သောဆရာမတယောက်အကြောင်း
နဲနဲလေးတင်ပြချင်ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာနောက်ဆုံးနှစ်ဖိုင်နယ်စာမေးပွဲမဖြေခင်တလအလို
ကျမဟာကားအက်စီးဒင့်ဖြစ်လို့အာရုံကြောထိခိုက်သွားလို့
မျက်လုံးကိုအနားပေးရမယ်စာကျက်လို့မရဘူး။
ကျမလည်းနောက်ဆုံးနှစ်စာမေးပွဲကိုမဖြေတော့ဘူးနောက်နှစ်မှဖြေမယ်ဆိုပြီး
အိမ်မှာဒဏ်ရာနဲ့နားနေတယ်။ကျမသိပ်ချစ်ရတဲ့ဆ၇ာမက
လက်ထောက်ကထိကပါ။(သူမဟာအတန်းထဲမှာလည်းစာခဏခဏမေးတက်လို့
သူ့ဘာသာ၎ခုကိုအမြဲစာကျက်ထားရတယ်။သူမဆီမှာကျူရှင်တက်ချင်လို့
မေးတော့မလိုဘူးတဲ့နားမလည်ရင်ကျောင်းမှာမေးမအားရင်အိမ်မှာလာမေးတဲ့
အဲ့လိုဆရာမပါ...)
သူမကကြားကြားချင်းစာမေးပွဲမစစ်ခင်၂ပတ်အလို
အိမ်ကိုလိုက်လာတယ်။စာမေးပွဲကိုဖြေဖို့လာတိုက်တွန်းတယ်။
အခြေအနေပြောပြတော့အတင်းပဲအားတဲ့အချိန်အိမ်ကိုပြေးလာပြီး
သင်ခန်းစာတွေကိုဖတ်ပြတယ်။တခုချင်းနားထဲဝင်အောင်
ရှင်းပြတယ်။ပြီးရင်ပြန်မေးတယ်။
ဒီလိုနဲ့ကျမလည်းဆရာမကိုအားနာပြီးစာမေးပွဲအခန်းထဲဝင်ဖြစ်တယ်။
ကျမကနောက်ဆုံးနှစ်ကို..Q..၀င်ချင်လို့မဖြေချင်တာ
ဘွဲ့နှင်းသဘင်ခန်းမမှာဖြေရတယ်။
ဆ၇ာမကအင်ချာ့ပေါ့။ကျမကိုအားပေးတယ်။
ကျမလည်းအတော်အတန်ဖြေနိုင်ခဲ့ပါတယ်။
ဒါနဲ့ကျမလည်းမထင်မှတ်ပဲနောက်ဆုံးနှစ်ကိုရိုးရီုးအောင်ခဲ့တယ်။
ကျမဟာအင်မတန်ဆရာမပီသပြီးချစ်ရတဲ့
ဆရာမကိုအောင်စာရင်းထွက်တော့ကျမ၀တ်ထားတဲ့ဆြွဲ့ကိုးကို
ချွတ်ပြီးကန်တော့လိုက်တယ်။ဒါဟာဆရာမရဲ့ဖြူစင်တဲ့စေတနာကို
ကျေးဇူးတုန့်ပြန်လိုက်ပေမဲ့ဒီ့ထက်မကပေးစရာရှိရင်ပေးလိုက်ချင်တဲ့
စိတ်ကယနေ့အထိပါပဲ။
ပြောချင်တာစေတနာရောင်ပြန်ဟပ်ခြင်းပဲ။ကျမဘ၀မှာ
ဆရာမကိုဘယ်တော့မှမမေ့နိုင်ပါ။ယခုဆ၇ာမကပါမောက္ခဖြစ်နေပြီလေ။
ယနေ့ဆရာမများကိုအတုယူစေချင်တဲ့စံပြဆ၇ာမတဦးကိုတင်ပြလိုက်ခြင်းပါ။
ဆ၇ာမများစေတနာမှန်ရင်နေရာမှန်မည်။

Aung Soe Oo said...

ဘာတွေလဲကွာ မြန်မာနိုင်ငံမှာနှစ်စဉ်ပညာရေးဝန်ကြီးဋ္ဌာနအတွက်ချပေးတဲ့ဘတ်ဂျက်တွေဘယ်ရောက်သွားလဲ နေရာတော်တော်များများမှာဝန်ထမ်းတွေဆီကနေဒီလိုဖြတ်တောက်နေတာဟာလုံးဝကိုမရှိသင့်တော့ပါဘူးဗျာ......တိုင်းပြည်တပြည်မှာသူ့ဝန်ကြီးဋ္ဌာနအလိုက်ကုန်ကျစရိတ်ဆိုတာရှိပြီးသားပါ ဒါတွေကိုအထက်လူကြီးတွေကအဆင့်ဆင့်ကိုယ်ကျိုးအတွက်သုံးပြီးတကယ်လိုအပ်တဲ့ငွေကြေးကိုအောက်ခြေ၀န်ထမ်းတွေဆီကဖြတ်တာတော့တော်တော်ကိုလူပါးဝတာဘဲဗျာ

ဒီတော့ဒီလိုအရာရှိကြီးများကိုရှာဖွေဖေါ်ထုတ်ပြီး သေဒဏ်ပေးလိုက်မယ်ဆိုရင်တိုင်းပြည်အမှန်တကယ်သန့်ရှင်းသာယာလာပါလိမ့်မယ်ယုံကြည်ပါတယ်နိုင်ငံတော်သမ္မတကြီးခင်ဗျာ.......

Unknown said...

သတင်းတခုတင်ပြီဆိုတာနဲ့ဒီသတင်းရဲ.ကောင်းမွေဆိုးမွေကိုသတင်းတင်ပေးလိုက်တဲ့သတင်းဌာနကတာဝန်၇ှီသည်ဆိုတာကိုသတိပြု စေလိုပါသည်။ အထက်သတင်းတွင်ဖေါ်ပြပါရှီသော ၁ဝဝ% နုန်းရုံး ထောက်ပန့်ငွေဖြတ်တောက်သည်မှာ ၂၀၁၀ ဇန္နဝါရီလမှစတင်ခဲ့သည်ဟုရေးသားချက်ကိုဘယ်လိုနားလည်ပေး ရမည်လဲဟုသာပြန်မေးလိုပါသည်။တဖက်အဖွဲ့အစည်းထိခိုက်လျှင် ပြီးရောသတင်းမျိုးတင်ရဖို့သာဦးစားပေးပြီးရှေ့နောက်ဆင်ခြင်၊မှား မှန်မဝေခွဲခြင်းသည်ဤသတင်းဌာန၏ကျဆုံးရေးလမ်းစဉ်ဖြစ်နိုင်သည်ကိုသတိချပ်စေလိုပါသည်။ဤCOMMENTမဖေါ်ပြခဲ့လျှင် လည်းနားလည်နိုင်ပါသည်။

ထွန်းထွန်း မြန်မာပြည်သား said...

ဟင်္သာတမြို့  မှ ပညာရေးမှုး အငြီမ်းစားများ အလုပ်လက်မဲ့ ဖြစ်နေပါက မလေးရှား စင်္ကာပူ သို့ အသိဥာဏ်နဲပါးသော မိန်းခလေးများအား နည်းမျိုးစုံမြှုဆွယ်ပြောဆို ပြီး လူပွဲစားလုပ်ရင် ရနိုင်ပါတယ် ဒီ ပိုစ့်ဖတ်ရတဲ့  ဟင်္သာတက လူပွဲစားပညာရေးမှုး ဆင်ခြင်နိုင်ပါစေ.....

student said...

ပညာရေးကို နားလည်အောင်လုပ်ဖို့တော့ လိုပြီ၊ တခါတခါ လူတွေရဲ့အဖြစ်က ရယ်စရာတော့ကောင်းသား၊
တလကို ငွေတစ်ရာ( ၁၀၀ိ) အဖြတ်ခံထိတဲ့သူက ၁၀၀%ဖြတ်တယ်လို့ တင်တယ်ကွ ၊ ထားတော့ ( ပညာရေးက ချာတူးလှန်ဆရာမတစ်ယောက်ဖြစ်မယ်)
တလကို ၁၀၀ိ ပံ့ပိုးဖိုး မြို့နယ်ရုံးက ဖြတ်တာ အပြစ်မမြင်ပါ။
ဘာလို့လည်းဆိုတော့ အမှန်တကယ်ကုန်ကျတဲ့ မြို့နယ်ရုံးအသုံးစရိတ်ကို ပညာရေှးဘတ်ဂျက်က မပေးလို့ပဲ၊ ဒီတော့ ကုန်ကျစရိတ်တွေကို ဆရာတွေက မေတ္တာဖြင့် အချင်းချင်းကူညီရမယ်လေကွာ။
မြန်မာပြည်တလွားက ပညာရေးမှူးရုံးတိုင်း ၀န်ထမ်းတွေဆီက အကူအညီတောင်းခံနေရတာကို နားလည်ပေးရမဲ့ ပညာရေးဝန်ထမ်းတွေက သဘောထားသေးသိမ်လို့ ဒီသတင်းအပေါ်ရောက်လာတယ်လေ။ တကယ်တော့ တစ်နိုင်ငံလုံးမှာ ဖြစ်နေတာ။

များပြားလှသော ကုန်ကျစရိတ်တွေအတွက် ဌာနက မပေးနိုင်ဘူး၊ ပညာရေးမှူးဆိုတာ ဘာမှအဆောင်အယောင်ရှိတာမဟုတ်ဘူး။ လူကြီးလမ်းကြောင်းရှိယင် သူများကားကြုံသလိုစီးရတယ် ။ အစည်းအဝေးရှိယင် ဆိုင်ကယ်ငှားပြီး သွားရတယ် ၊ နောက်နယ်ကဆို ရန်ကုန်သွားဖို့ ကားနဲ့ပဲ့ခွင့်ပြုတယ် ။ အရေးပေါ်ခေါ်လို့ လေယာဉ်စီးရင် ပညာရေးဌာနက ကားခပဲ့ရှင်းပေးတယ်။ တိုင်းပညာရေးမှူးအဆင့်မှ လေယာဉ်စီးခွင့်ပြုတာ။ ခရီးသွားတိုင်း ခရီးစရိတ်ရတယ်လို့ မထင်နဲ့အုန်း။ တစ်နှစ်လုံးကုန်မှ ဟိုဖြတ်ဒီဖြတ်ဖြတ်ပြီး ကုန်ကျငွေရဲ့ ၁၀ ပုံ ၂ ပုံလောက် ပြန်ရတာ ။ တကယ်သိယင်တော့ ဒီပညာရေးမှူး ဆရာကြီး ဆရာမကြီးတွေ သွေးတိုးတက်ပီး ချမ်းသာလားသွားကြည့် တကယ်နားလည်ပေးတတ်ရင် ယခုလိုမျိုးတင်ပြမှာမဟုတ်ဘူး၊
အမေစုကိုလည်း ဒါတွေသြိ့ပီး နိုင်ငံတကာက လုပ်နေသလို အစည်းအဝေးခေါ်ယင် နေ့တွက် ၁၀၀၀၀ိလောက်ပေး၊ ဟိုတယ်မှာ အဆင့်အတန်းရှီရှိတည်းခို စားသောက်နိုင်အောင် လုပ်ပေးစေချင်တယ်။ ဆရာတွေရဲ့ဘ၀ကို ဆရာတွေက နားမလည်နိုင်လောက်အောင် လူကြီးများကလည်း မေတ္တာဖြင့် နားလည်အောင်ပြောပြရှင်းပြပြီးမှ ငွေကောက်စမ်းပါ။ မကြားချင်အဆုံး ဒီထက် ဆရာတွေဆီက ပြန်တောင်းနေရတဲ့အသုံးစရိတ်တွေ အများကြီးပါ။
မီတာခလိုပေါ့ ကိုယ် ၂၅ိလေး ၅၀ိဖြစ်မှာ များတယ်လို့ထင်သူတွေ ၊ အမေစုကိုလည်း ပြောလိုက်ပါ ၊ တောမှာနေတဲ့ဒို့တွေအတွက်လည်း မီတာခ ၂၅ိလေးမျီုးရရှီအောင်လုပ်ပေးပါအုန်းလို့။
မင့်တို့သိအောင် ပြောလိုက်အုန်းမယ် ။ ယိုးဒယားကသူဌေးတစ်ယောက်အိမ် ဗမာက ရောက်သွားတော့ ဦးနေ၀င်းပုံကြီးကို ခမ်းခမ်းနားနားလုပ်ြ့ပီး အမွေးတိုင်ထွန်ြး့ပီး ပူဇော်ထားသတဲံ့ကွ၊ ဗမာကတော့ ပြောတာပေါ့ ခင်ဗျားတို့လည်းဦးနေ၀င်းကို ကိုးကွယ်သလားတဲ့ကွ ၊ အဲဒီတော့ ယိုးဒယားသူဌေးက သူက သူကျေးဇူးရှငိတဲ့ကွ ၊ မြန်မာကို ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားတော့ သူတို့ ကြီးပွားကြသတဲ့ကွ။ အဲဒါပဲပေါ့ ဒို့တွေက သခင်စိတ်တွေမွေးဖို့လိုတယ်။ ထက်ကနဲဆို ကိုက်လိုက်မယ်ဆိုတဲ့ ကျွန်စိတ်ဓါတ်က အချင်းချင်း ထကိုက်ကြဖို့လား။အဖြစ်မှန်ကို သိအောင်မလုပ်ပဲ မဆင်ခြင်နိုင်ပဲ ထင်တိုင်းကြဲတဲ့သဘောလား။
သတင်းက ဒီနေ့ ကမ္ဘာမှာ ဘာဖြစ်နေလဲ။ တိုးတက်တဲ့ပညာရေးက ဘယ်လိုသွားနေလဲ။မိဘတွေဆီက ငွေလုံးဝမပေး ငွေလည်း မသုံးပဲ့နဲ့ ရနိုင်တဲ့ မြန်မာပြည် ပညာရေးခရီးကို အမေစု ဦးဆောင်ပီး လုပ်ပြပေးပါ။ ကျွန်တော်တို့ ကြိုဆိုပါတယ် ။ ကျွန်တော်တို့ မိဘတွေကလည်း အခမဲ့ဆို အခမဲ့ အားလုံးကိုလိုချင်တယ်။
အေး တစ်ခုတော့ ပြောလိုက်ချင်တယ် ။ ပညာရေးမှာ ငွေမသုံးနိုင်ယင် နလဖိန်းတုံးဘ၀နဲ့သာ နိဂုံးချုပ်လိုက်ပေတော့။ ပညာရေးမှာ ပညာရေးကိုလုပ်နေသူတွေ စံနစ်နဲ့လုပ်ဖို့ အခွင့်မရှိတဲ့တစ်နေ့ကသာ ပညာရေး ရေစုန်မျောတာ ။
အရေးယူယင်လည်း ပညာရေးဝန်ကြီးကပြောထားတာရှိတယ် ။ ကိုယ်ကျိုးအတွက် အမြတ်ထုတ်ဖို့ရှာတာမဟုတ်ယင် စေတနာအမှားကို ခွင့်လွတ်မယ် လိုအပ်ယင် သတိပေးမယ်ဆိုတာလေ။ ပညာရေးမှူးတွေကလည်း လိုအပ်တာကို ကိုယ်ပညာရေးအ၀န်းအ၀ိုင်းမှာ အကူအညီတောင်းခံပါ ။ အာဏာနဲ့ ဖြတ်တာမျိုးမလုပ်ပါနဲ့။ သူများငွေယူထားပီးယင်လည်း စာရင်းလေးတော့ သိုသိုသိပ်သိပ် ရှင်းပြဖို့ကောင်းတဲ့သူတွေကို ရှင်းပြပေးပါ။ ဘာမှမကောက်တော့ဘူး၊ ဘာမှမလုပ်တော့ဘူးဆိုပီး သွေးတိုးလည်းမတက်နေနဲ့အုန်းခင်ဗျား ။
ကျွန်တော်က ပညာရေးသုတေသီတစ်ဦးပါ ။ သိတတ်နားလည်စေချင်လို့ ဒီစာလေးရေးရတာပါ။



မကြာသောကာလမှာ ပညာရေးမှူးများ အမေစုကျေးဇူးကြောင့် နိုင်ငံတကာက ထောက်ပံ့ငွေဖြင့် သင်တန်းများတက်ရသလို သုံးနိုင်ကြပါစေ ။ပညာရေးလောကသားများကလည်း မင်းတို့ဌာနကို ခွေးတောင် အလေးမထားချင်အောင် မီဒီယာတွေက ထိုးနက်နေစဉ်မှာ ဒီငွေ ၁၀၀ိအတွက် ဒီလိုရေးမဲ့အစား ကိုယ်ဆရြာ့ကီးကို ဘာအတွက်အလှူခံရသလဲပြောင်ပြောင်တင်းတင်း ဒီမိုကရေစီစိတ်ဓါတ်နဲ့ မေးကြပါ။
အတွေးမမှားစေချင်သော စေတနာဖြင့် ဖြစ်ရပ်အမှန်ကို ရေးသားတင်ပြပါသည်။


ဆရာများ၏ လိုအပ်ချက်များအခက်အခဲများကို တတ်နိုင်သမျှကူညီဖြေရှင်းပေးရန် ဆန္ဒဖြင့် ဆရာများ၏ မေတ္တာကို အကြွင်းမဲ့ယုံကြည်က ရိုသေကန်တော့လျက်
ထာဝရကျောင်းသားကြီး

thiri said...

ဧရာဝတီတိုင်းမှာတင်မကပါဘူး။ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်ပညာရေးမှူးရုံးမှလစဉ်လစာငွေ(၃၀၀၀-၄၀၀၀)ခန့်ဖြတ်လေ့ရှိပါတယ်။

nandar said...

ထာဝရကြောင်းသာကြီးကိုမသိလို့မေပါရစေဦး။ မြန်မာနိုင်ငံမှာ လက်မစားတဲ့မြို့နယ်ပညာရေးမှူးရှိရင်နာမည်လေးသိပါရစေ။ စားထားတာတွေတော့ကိုယ့်အိတ်ထဲထည့်ပြီး အထက်ကငွေမချပေးလို့ ကူညီခိုင်းတာပါတဲ့။ ရီရတယ်။ ကိုယ်မခံစားရတိုင်းမပြောပါနဲ့။ ကျမကကျာင်းဆရာနဲ့ဆရာမသမီးပါ။ ကျမတို့မောင်နှမလေးယောက်ရှိပါတယ်။ ကျမကျောင်းတက်နေစဉ်က အဖေမေလစာကတစ်ယောက်မှ ၁၅၀၀၀ ပါ။ တလ ကို၃၀၀၀၀ပေါ့။ ကျမကGTC တက်တော့ ၁လ ၁၅၀၀၀ကုန်တယ်။ ကျမအောက်မှာ၃ယောက်ရှိသေးတယ်။ ဘယ်လိုလောက်မှာလဲ။ အမေအဖေလစာနဲ့ ဘယ်လိုလောက်မှာလဲ။ ကျမမိဘတွေက တောကပါ။ ကျမတို့တောမှာကျူရှင်တက်ဖို့မပြောနဲ့ ထမင်းနက်မှန်အောင်မနဲရှာစားရတာပါ။ ကျမအဖိုးက တောင်သူလုပ်ပြီးကျောင်းထားခဲ့ရတာပါ။ ဒါကြောင့်ဆရာ။ဆရာမတွေက တင်ပြတာပါ သုတေသီကြီးရှင့်။ အော်ဒါနဲ့ အမေစုက အခမဲ့ ပညာသင်ဖို့ပြောတာမဟုတ်ပါဘူး။ ပညာရေးတိုးတက်အောင်လုပ်ရမယ်ပြောတာပါ။ ပညာရေးဘယ်လောက်ပျက်စီးနေတယ်ဆိုတာလေးလေ့လာလိုက်ပါဦး။

ဖိုးပွကြီး said...

Nanderသို့.
အခု မင်းအဖေနဲ့ အမေက ဘယ်အဆင့်လဲ.
အထက်တန်းပြလား.
ဒါဆိုသိပ်မကြာတော့ပါဘူး.
ပညာရေးမှူးဖြစ်လာမှာပါ.
အဲကျ မင်းအဖေ ပညာရေးမှူးဘာလုပ်လဲ ကြည့်ပေါကွာ.
ပညာရေးမှူးဆိုတာ ဆရာဆရာမကဘဲဖြစ်လာတယ် ဆိုတာတော့မမေ့ပါနဲ့.

nandar said...

ဖိုးပွကြီးရေ
ကျမအမေနဲ့ အဖေက အလယ်တန်းပြနဲ့မူလတန်းပြတွေပါ။ ကျမအမေကိုရာထူးတိုးဖြေဖို့အကြိမ်ကြိမ်ခေါ်ခဲ့ပေမဲ့ မဖြေခဲ့ဘူး.ဘာလို့လဲသိလား။ မြို့နယ်ပညာရေးမှူးကြီးက ပိုက်ဆံတောင်းတယ်။ ပေးရင် နီးနီးနားနားရမယ်။ မပေးရင် နယ်စပ်တွေမှာကြမယ်တဲ့။ ပေးဖို့ နေနေသာသာစားဖို့တောင် အနီုင်နိုင်မို့ မဖြေခဲ့ဘူး။ ပြီးတော့ သူများမျက်ရေကြမှစားရမဲ့ အလုပ်ကို မလုပ်ချင်လို့အမေကမသွားခဲ့ဘူး။ မယုံရင်စုံစမ်းလိုက်ပါ။ စစ်ကိုင်တိုင်း၊ မြောင်မြို့နယ်၊မြစ်သာ အ.ထ.ကကျောင်းခွဲကဆရာ၊ ဆရာမတွေဟာ ဘယ်လောက်ခေတ်ဆိုးနေပေမဲ့ စေတနာ အပြည့်နဲ့ ကျောင်းသားတွေကိုသင်နေဆဲပါ။ မေးကြည့်လိုက်ပါ။ ပညာရေးမှူးတွေ ဘယ်လောက် လက်စားတယ်ဆိုတာ။ ဘယ်လောက်ဆင်းရဲသားဘ၀တွေ သားသမီးကျောင်းဆရာ ဖြစ်ဖို့ စုပ်ပြတ်သတ်နေတယ်ဆိုတာ။ ဆရာမ ၀င်ခွင့်လေးရဖို့ ၅၀၀၀၀၀ ပေးရတယ်ဆိုတာ ကြားဖူးလား။ ဒါကြောင့်စိတ်နာလို့ ဆရာအတတ်သင်မတတ်ဘဲ GTC တတ်တယ်။ ရှိတာနဲ့ လှအောင်ဝတ်တယ်။ ကျူရှင်မယူဘဲကျောင်း မှန်မှန်တတ်ပြီး B.E ဘွဲ့ယူခဲ့တယ်။ ဘယ် အစိုးရအလုပ်မှမလျောက်ဘဲ နိုင်ခံခြားထွက်ခဲ့တယ်။ အခု assistant engineer နဲ့ မိဘတွေကိုသမာအာဇီဝနဲ့ရှာကြွေးတယ်။ အမေက PSC ဖြေခိုင်းတိုင်း အမြဲပြောခဲ့တယ်။ သမာအာဇီသနဲ့ဘဲ ရှာကြွေးပါရစေလို့။ ဒါပေမဲ့ တစ်ခုတော့ ဖိုးပွကြီးကို ကျမသက်သေမပြနိုင်ဘူး။ဘာလဲဆိုတော့ ကျမမိဘတွေသာ ပညာရေးမှူးဖြစ်ခဲ့ရင် ဆိုတာပါ။ ဘာလို့လဲဆိုတော့ ကျမမိဘတွေက ၅၆နှစ်ဆိုတော့ ၄နှစ်လောက်ဆိုပင်စင်ယူတော့မှာ။ အာဏာရှငိကြီးတွေမဟုတ်တော့ ၆၀ဆိုပင်စင်ယူရမှာ။ ဒါတော့ရှင်းစရာမလိုလောက်ပါဘူးနော။ အနာပေါ်ဒုတ်ကျခဲ့ရင်တော့ sorry ပါ။

Powered by Blogger.