နေပြည်တော်နှင့် ရှမ်းမြောက်တွင် စက်မှုဇုန်သစ် ထပ်ဖေါ်ဆောင်မည်

မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ် -ပိုင်ပိုင် (YPI)

အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ နေပြည်တော်နှင့် တပ်ကုန်းအကြားနှင့် မူဆယ်နှင့် ကွတ်ခိုင်မြို့အကြား ဧက ၅၀၀ စီအကျယ်အ၀န်းရှိ စက်မှုဇုန်တခုဖေါ်ဆောင်မည်ဟု နေပြည်တော်ကောင်စီ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

ယင်းစက်မှုဇုန်မှာ ပြည်တွင်းလုပ်ငန်းရှင်များကို အတွက်ရည်ရွယ်ထားကာ လုပ်ငန်းအမျိုးအစား သတ်မှတ်ချက် မရှိပဲ လုပ်ငန်းတခုချင်း အကျယ်အ၀န်း ကန့်သတ်ချက်လည်း လောလောဆယ် မရှိကြောင်း စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက YPI သို့ပြောသည်။

ပတ်ဝန်းကျင်ကို မထိခိုက်စေသော လုပ်ငန်းများ ဖြစ်ပါက နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း စက်မှုဇုန်များတည်ထောင်ရာတွင် လျှောက်ထားနိုင်ကြောင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဒုညွှန်မှူး ဒေါ်အေးအေးဝင်းကပြောသည်။

"ရန်ကုန်စက်မှုဇုန်လိုပါပဲ။ ဘယ်လုပ်ငန်းရယ်လို့ ကန့်သတ်မထားဘူး။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘူးဆိုရင် လျှောက်လို့ရတယ်" ဟု ၎င်းကဆိုသည်။

ယင်းစက်မှုဇုန်များတွင် လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ရက်အကန့်အသတ်မရှိ ဟု သိရသည်။
လျှောက်ထားလိုသူများသည် လုပ်ငန်းရှင်အသစ်ဖြစ်ပါက လုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအမည်၊ မြေအကျယ်အ၀န်းတို့ကို တင်ပြရမည်ဖြစ်သည်။  လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ပါက လုပ်ငန်းမှတ်ပုံတင်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ယင်းလျှောက်လွှာများကို စိစစ်ခွင့်ပြုသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ယင်းသို့စက်မှုဇုန်အသစ်များ တည်ထောင်ရာတွင် ဈေးကွက်ရရေးသည် အဓိကဖြစ်သောကြောင့် တရုတ်နိုင်ငံ ယူနန်နယ်ရှိ အထည်ချုပ်လုပ်ငန်းများနှင့် ချိတ်ဆက်နိုင်လျှင် ယခုတည်ထောင်မည့် စက်မှုဇုန်များတွင် လုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိကြောင်း ပြောသည်။

"ပုံစံကတော့မတူဘူးပေါ့။ ဒီမှာက ဆိပ်ကမ်းဖက်က သွားပေမယ့် အဲဒီနေရာတွေကျတော့ နယ်စပ်ဘက်ကနေပဲ သွားရမယ်။ ဈေးကွက်သာရှိရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်"ဟုဦးမြင့်စိုးက ပြောသည်။
ယမန်နှစ်ကုန်ပိုင်းအထိ စာရင်းများအရ မြန်မာနိုင်ငံတွင် စက်မှုဇုန်စုစုပေါင်း ၂၄ ဇုန်ရှိသည်။          ။
Yangon Press International
နေပြည်တော်နှင့် ရှမ်းမြောက်တွင် စက်မှုဇုန်သစ် ထပ်ဖေါ်ဆောင်မည် နေပြည်တော်နှင့် ရှမ်းမြောက်တွင် စက်မှုဇုန်သစ် ထပ်ဖေါ်ဆောင်မည် Reviewed by သစ်ထူးလွင် on 04:45 Rating: 5

9 comments:

aye aye moe said...

မူစယ်မှာစက်မှုဇုန်လုပ်ရင်တရုတ်နယ်စပ်နဲ့နီးတဲ့အတွက်ကြောင့်ဝန်ထမ်းလစာမြင့်မယ်၊ သယ်ယူပို့ဆောင်စရိတ်နည်းသွားမယ်၊ နေပြည်တော်မှာဆိုဝန်ထမ်းလစာနည်းမယ်သယ်ယူပို့ဆောင်စရိတ်မြင့်မယ်

kotunaung164@gmail.com said...

မင်းတို့တတွေစောက်မှတ်ကိုမရှိဘူး၊တရုတ်ဘဲစီးပွားရေးလုပ်မှရမလားပြော၊တစ်ခြားရင်နှီးလုပ်ကိုင်သူနဲ့လက်တွဲလုပ်လို့ရပါတယ်။တရုတ်တော့မပါစေနဲ့ငါတို့ကတော့ကန်ကွက်မှာဘဲ။

သူရအောင် said...

လုပ်ချင်တာတာ လုပ်ပါကွာ.

Soe said...

မြန်မာစစ်တပ်ကြေင့် တ၇ုပ်တွေ မတ၇ားချမ်းသာ ကုန်ကြတာလဲ လူတိုင်းအသိပါမြန်မာပြည်မှာ၇ှိတဲ့ မြေပေါ်မြေအောက်
သယံဇာတတွေလည်း စစ်တပ်၇ဲ့မိုက်မဲမှူ့
ကြောင့် နောင်လာနောက်သားတွေအတွက် ကုန်သလောက် ဖြစ်နေပါပြီ
ပြည်သူလူထုတွေဘဝကတော့ မြန်မာစစ်တပ်၇ဲ့ အာဏာ၇ှင် လက်အောက်မှာ ကျေ၇ာက်ပြီးကတည်းက ဆင်း၇ဲ မွဲတေ ခဲ့၇တာ ၁၉၈၈ နောက်ပိုင်းကတည်းကပါ
တ၇ုတ်က မြန်မာစစ်တပ်နဲ့ပေါင်းပြီး ၇သလောက်ယူသွား ကြလို့ တ၇ုပ်တွေ မတ၇ား ကြီးပွားနေတာ ပြည်သူတွေအသိပါ အခုဆို တ၇ုပ်က မြန်နာပြည်ထဲ အထိ အခြေ ချပြီး ဝင်ေ၇ာက်နေထိုင် နေပါပြီ မြန်မာပြည်သားတွေ၇ဲ့ ဘဝက
လက်ချည်းဗလာ ဘဝ ဖြစ်နေပါပြီ မြန်မာပြည်က မြန်မာ ပြည်သူတွေ အတွက် ကတော့ စစ်ကျွန် ဘဝကနေ တ၇ုပ်ကျွန် ပါထပ်ဖြစ်နေပါပြီ

Anonymous said...

တယုတ် နားသွားပြီးစက်မှု့ဇုံထောင်လို့ကတော့
စီးပွါးရေးလုပ်ငန်းအကြောင်းပြပြီး ဝင်လာလိုက်မယ့်ကောင်တွေ
အခုလိုလမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ကြားထဲက
ဘယ်ခွေးတိုးပေါက်က ဝင်နေမှန်းကိုမသိတာ
ယူနန်ပြည်နယ်ထဲ ပြန်ရောင်းချမယ်ဟုတ်လား
ခင်ဗျားတို့က ၁ကျပ်နဲ့ရောင်းရင်
ဟိုက ပြား၂၀နဲ့ ယူမလားပြန်မေးလိမ့်မယ်
ဘယ်ပညာရှိက အခါတော်ပေးနေသလဲမသိဘူး
လုပ်လိုက်ရင် တလွဲတွေပဲ

Aung Kaung Kyaw said...

ဗမာလူမျိုးတွေဟာ ကိုယ်တိုင်အလုပ် လုပ်ဖို့မစဉ်းစားဘူး။
ထစ်ကနဲဆို တရုပ်ကို ဆဲလိုက် မွတ်စလင် ဆဲလိုက်နဲ့ဘဲ
မနာလြို­ဖစ်၊တစ်သက်လုံး ငပိစားဘဝနဲ့ဘဲနေရတော့မှာ။
ကိုယ်တိုင်အလုပ်လုပ်ကြပါ။ အဲဒါမှ သူဆင်းရဲဘဝက ကြွပ်မှာ။
ရှိတဲ့ ဗမာသူဌေး ဆိုသူတွေကလည်း ( ကိုဇော်ဇော် တို့ ကိုနေအောင် တို့ ကိုတေဇ တို့ )
စသြ­ဖင့်ပေါ့လေ ၊ ကလည်း ကိုယ့်အစွမ်းအစနဲ့ ချမ်းသာလာတာမှမဟုတ်တာ။
တိုင်ြး­ပည်ရဲ့ Natural Resource သယံဇာတ အရင်းအြ­မစ် တွေကို
အာဏာပိုင်တွေနဲ့ပေါင်ြး­ပီး ထုတ်ရောင်ြး­ပီး ချမ်းသာလာတာ။
ဗမာလူမျိုးထဲက( Entrepreneur ) စီးပွားရေး၌စွန့်စားသူ၊ စီးပွားရေးစွမ်းဆောင်ရှင်
ဘယ်နှယ်ယောက် ရှိလို့လဲ ???

lwannaymie said...

ဖေါ်ကြဟေ့...မြေများများဖေါ်ပြီးတာရောင်းစားသိလား။ လျှပ်စစ်မီးနဲ့ သုံးဖိုရေဖြစ်မလောက်ဘူး ဖြစ်နေပြီ။ မြေတွေဖေါ်ပြီး အိပ်ထဲထည့်ဖို့ဘဲသိ တယ်။ ရှေအစိုးရတုံးကလဲ မြို့တွေ၊မြို့နယ်တွေဖေါ် ဂွင်ရိုက်သွား၊ နောက်တက်လာတဲ့အစိုးရသေ ဒီပုံစံဘဲ။ မြို့သစ်တွေ၊စက်မှုဇုံတွေ အများကြီး ပေါ်လာပြီးနောက်ပိုင်း၊ ဘယ်သူခေါင်းခံပြီး (မီး၊ရေ၊ဆက်သွယ်ရေး)စသောအခြေခံကိစ္စများ တာဝန်ယူပါသလဲ။ (ရာထူးရတုံး ဆူလွယ်၊နပ်လွယ်တွေလုပ်။ ပြီးရင် နောက်လူနဲ့၊တစ်ခြားဌာနတာဝန်ဆိုပြီး ပြော ဒီအကွက်ကြီးဘဲ)။ နောက်တော့လဲမြေအရောင်းဝယ်လုပ်တဲ့သူတွေ ခိုင်သွားတယ်။ (သေခြာစဉ်းစားပေးပါ...သမ္မတကြီးကိုယုံကြည်တယ်။)
(မှတ်ချက်...ငါ့ဦးလေး...လှိုင်သာယာစက်မှုဇုံမြေကွက်မှာ သိန်း၅၀၀ ရင်းပြီး မနှစ်က သိန်း၂၇၀၀ နဲ့ရောင်းလိုက်တယ်။ ဒါပေမဲ့ ဒါဟာအလုပ်မှ မဟုတ်ဘဲ။)

linn said...

ဒီလိုခေါင်တဲ့ဒေသတွေမှာ စက်မှုဇုံဆောက်တာ ဒေသခံတွေအလုပ်ရဘို့ (ဒေသဖွံဖြိုးဘို့)ရည်ရွယ်တာဖြစ်နိုင်ပါတယ်။(ပြီးတော့ တလောကလေးကတင် သစ်ထူးလွင်မှာပဲ ချင်းကိုယ်စားလှယ်တွေက သူတို့ဒေသမှာ စက်မှုဇုန်လာဆောက်ဘို့ အစိုးရကိုတောင်းဆိုနေတာ ဖတ်မိပါတယ်။ ချင်းပြည်နယ်ဆို လမ်းပမ်းဆက်သွယ်ရေးမကောင်းလို့ သယ်ယူစရိတ် အရမ်းကြီးမှာပါ။ ဘင်းဂလားနဲ့ အိန္ဒိယဈေးကွက်ဆိုနဲနဲနီးပေမဲ့ အိန္ဒိယ ကအနီးပြည်နယ်တွေက လူနေကျဲလို့ဈေးကွက်ကသိပ်မကြီးပါ။ ဒီလိုဒေသကတောင် စက်မှုဇုန်တောင်းပါတယ်။) ပြီးတော့ ဒီဒေသမှာ ဘယ်လို စက်ရုံတွေဆောက်ရင်အဆင်ပြေမလဲ၊ ။ အထည်ချုပ်၊ ဒေသထွက် fOOD PROCRSSING လိုမျိုးလုပ်နိုင်မလား။ ဒေသထွက် RESOURSES တွေနဲ့ လူအင်အားများများလိုတဲ့လုပ်ငန်း၊ ပြီးတော့ Finished producr က သိပ်ဝန်မကျယ်ဘူး၊ အလေးချိန်မများဘူးဆိုရင် ဖြစ်နိုင်ပါတယ်။ ရန်ကုန်၊ (သို့) သီလ၀ါ ဆိပ်ကမ်းကနေ Export လုပ်လို့တောင်ရပါတယ်။ အစိုးရက လာလုပ်ချင်အောင် မက်လုံးပေးဘို့လိုပါတယ်။ လျှပ်စစ်မီး၊ အခွန်၊ နှစ်ရှည်ချေးငွေ (DEVOLEMENT AID လို့သဘောထားပြီးပေးတာမျိုး)။ ပဲခူးထက် သာမှသည်ကိုလာမှာပေါ့။ ဒါတွေက POLICY TOOLS တွေ၊ INCENTIVE တွေနဲ့လုပ်ယူလို့ရပါတယ်။ အိမ်နီးချင်းနိင်ငံတွေမှာ စီးပွားရေးဖွံဖြိုးလာတာနဲ့ လုပ်ခလစာတွေတက်လာလို့ (ထိုင်းနဲ့ မလေးက သူတိုလုပ်သားတွေရဲ့ Minimum wages တွေကိုမကြာခင်က တိုးပေးခဲ့တာ တွေ့ရပါတယ်။)။ အစိုးရက policy ကောင်းကောင်းနဲ့ ဆိပ်ကမ်းကောင်းကောင်းတွေရှိရင် လုပ်ခသက်သာတဲ့ အားသာချက်ကြောင့် လုပ်အားများများလိုတဲ့ (labor intensive)လုပ်ငန်းတွေ မြန်မာပြည်ကို ရွှေ့လာနိုင်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံသားတွေ မလေးတို့ ထိုင်းတို့မသွားတော့ပဲ မလေးက၊ထိုင်းကစက်ရုံတွေ မြန်မာပြည်ရွှေ့မယ့်သဘောပေါ့။ သေချာလုပ်ရင်ဖြစ်နိုင်ပါတယ်။ ကံကောင်းပါစေ။ (နယ်မြေငြိမ်းချမ်းဘို့တော့လိုတယ်ဗျ။)

chartake mglay said...

ဘာပြောပြောတရုတ်မပါရင်ရင်္ပြီးတရုတ်လားရင်တောသတိထားတောနော်

Powered by Blogger.