သတင်းမီဒီယာသမားတွေကို ထပ်စော်ကားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်

လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် (ဓါတ်ပုံ-Hot News)
    အများသိပြီးသားဖြစ်တဲ့ Hot news Journal မှာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကကောင်တွေ ဆယ်တန်းမအောင်ပါဘူးလို့ အစချီကာ မိုက်မိုက်ရိုင်းရိုင်းပြောထားခဲ့တဲ့ လယ်/ဆယ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ် (232)ယောက်ကနေ တောင်းဆိုချက်အရ လွှတ်တော်အခွင့်အရေးကော်မတီမှာ  ၂၉.၄.၂၀၁၂ ရက်စွဲပါ အစီအရင်ခံစာအတိုင်း ဧပြီလ ၃၀ ရက်နေ့ မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ရှင်းလင်းပါတယ် ။သူ့ရဲ့ ပြန်လည်ဖြေကြားချက်မှာ ဟိုပုတ်ခတ်ဒီပုတ်ခတ် (သူ့နဂိုရ် အကျင့်အတိုင်း)ပေါ့။ 

    လွှတ်တော်အခွင့်အရေးပူးပေါင်းမှုကော်မတီက ``အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်လုပ်တယ်ဆိုတာက လွှတ်တော်ကို ဆိုလိုတာပါလား တစ်ခြားဘယ်သူကို ရည်ရွယ်ပါသေးသလဲ´´ဟုမေးမြန်းရာ----


 ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ``ကျနော်က လွှတ်တော်ကို မရည်ရွယ်ပါဘူး ကျနော်တို့ ပြည်တွင်ပြည်ပ မီဒီယာတွေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်၊ စည်းလုံးမှုတွေ ပြိုကွဲအောင် ဖန်တီးလိုတဲ့ အသံတွေ၊ စာနယ်ဇင်းတွေ ဂျာနယ်တွေ--- အဲဒီထဲမှာ ကောင်းတဲ့ ဂျာနယ်တွေရှိသလို မကောင်းတဲ့ စာနယ်ဇင်းတွေလည်းရှိပါတယ်။ မကောင်းတာတွေကများပါတယ်။ အမျိုးမျိုးဝေဖန်ကြ၊ ပြစ်တင်ရှုတ်ချကြ နဲ့ ကျနောတို့ကို တစ်ခုဟုတ် မဟုတ်  ကြားလေသွေးဆွေးမယ်လို့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတယ်လို့ ဖြေကြားခြင်းသာဖြစ်ပြီး လွှတ်တော်ကို ရည်ရွယ်ခြင်းလုံးဝမဟုတ်ပါဘူး´´ လို့ မီဒီယာသမားစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ဖြေကြားခဲ့ပါတယ်။
  
    ထိုပြင် `` ဥပဒေပြုလွှတ်တော်က တည့်တည့်မတ်မတ်ကလေး ဖြစ်အောင်လုပ်ရမယ်။ ဥပဒေက ကမောက်ကမဖြစ်နေရင် အစိုးရကိုဝေဖန်နေရင် မီဒီယာသမားတွေရဲ့ကဏ္ဍကလည်း ၀ိုင်းသမနေရင် ကမောက်ကမဖြစ်ပြီး လှေကြီးနစ်သွားရင် ဘယ်သူနစ်နာမလဲ။ ပြည်သူပဲ အရင်နစ်နာလိမ့်မယ်။ လှော်တဲ့ကောင်ကလဲလှော်ရမယ်။ ထိုင်တဲ့ကောင်ကလဲ ထိုင်နေရမယ်။ အသက်ကြီးသွားရင် ငြိမ်နေရမယ်။ အငြိမ်မနေပဲ ထိုင်နေရင် ဘုန်းကြီးရူးနဲ့လှေလူး ဖြစ်လိမ့်မယ်´´ဟုသော စကားရဲ့ အဓိပါယ်အား ရှင်းခိုင်းရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က `` ကျနော်ဂျာနယ်တွေ အတော်များများဖတ်ပါတယ်ခင်ဗျား။ဖတ်ရင် မကောင်းတာတွေချည့်ပဲ။ စိတ်မချမ်းသာဘူးပေါ့ဗျာ။ အမှန်ကတော့ အဲဒိဟာတွေပဲ။ ကျနော်ဂျာနယ်တွေနဲ့တွေ့တဲ့အခါ သူတို့ဂျာနယ်တွေထဲမှာ ကျနော်တို့လွှတ်တော်၊ ကျနော်တို့နိုင်ငံတော်ကိုယ်စားပြုမယ့် ဂျာနယ်လေးတစ်ဆောင်လောက် ပေါ်လာမလားလို့ အားကိုးမိတာပါ´´ဟု ဂျာနယ်တွေမကောင်းကြောင်း၊  မကောင်းတာတွေ့ချည့် ဂျာနယ်များမှ ရေးသားကြောင်း၊ ဂျာနယ်များသည် လွှတ်တော်နှင့်အစိုးရအား ကိုယ်စားမပြုကြောင်း အတင်းတုတ်ခဲ့ပြန်သည်။


 နေပြည်တော်သတင်းထောက် (Myanmar News Now)
သတင်းမီဒီယာသမားတွေကို ထပ်စော်ကားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သတင်းမီဒီယာသမားတွေကို ထပ်စော်ကားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် Reviewed by သစ်ထူးလွင် on 11:03 Rating: 5

59 comments:

သုတမောင် said...

ဂျာနယ်တွေမီဒီယာတွေကိုတော့အပြစ်ပြောပြီးကိုယ့်တွေဘက်ကတော့မှန်နေတယ်ပေါ့လေဟင်းဟင်း....ဟင်း....ဟင်း...ဟင်း

shingyi said...

ကိုယ့်သမိုင်းကြောင်းကိုယ်ကြည့်ပါညီလေးေ၇။

Anonymous said...

ပင်ကိုယ်ဗီဇကိုက တစ်သက်လုံး အမိန့်ပေးဗိုလ်ကျခဲ့သူပီပီ ကိုယ်အပစ်လုပ်ရင် ငယ်သားကို လွှဲချတတ်တဲ့ အကျင့်က အရိုးစွဲပြီး ဒါကိုပဲ ရှိရမယ့် အရည်အချင်းတစ်ခုလို့ ယုံကြည်နေပုံရပါတယ်။
တကယ်တော့ ကိုယ့်အပြစ်ကို ရဲရဲရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိဆိုတာ.. တာဝန်ယူလိုစိတ်နဲ့ ကိုယ့်အရည်အချင်းကို အကြွင်းမဲ့ ယုံကြည်သူတွေသာ လုပ်နိုင်.. ပြောနိုင်ပါတယ်..
ဦးမြင့်လှိုင်က မီဒီယာကို လွှဲချပြီး ရုန်းထွက်တယ်..
ဒေါ်အောင်ဆန်းစုကြည်က ပါတီတစ်ခုလုံးနဲ့ ဥပဒေအကြံပေးတွေ ရှိနေပေမယ့်.. တစ်ဖက်က ညစ်ပတ်ထားတာ သိရက်နဲ့... ဘယ်သူ့ကိုမှ အပစ်မပုံချပဲ.. သူ့ရဲ့ပေါ့လျော့မှုပါလို့ ခေါင်းခံ ဖေါ်ထုတ်သွားတယ်....
ကိုယ်ရည်ကိုယ်သွေး တွေကို ရိုးရှင်းစွာ နှိုင်းယှဉ်ကြည့်မိတယ်....

ရှားလော့ ငတက် said...

ခက်တော့နေ ပြီ ဒေါင်းယောင် ဆောင်တဲ့ ကျီး အချင်းချင်း ဗျူး တော့ ..... သတင်းဖြစ်သွားတယ်....ခြားက ငါ့တို့အရူးဖြစ်တော့မယ်....တစ်ယောက်မှ မကောင်းဘူး....

ကိုထွေး(စစ်ကိုင်းသားလေး) said...

မသိရင်ဘာမှမပြောနဲ့။ သိမှပြော နိုင်ငံရေးကို

Maunglusoe said...

ကောင်းတာမ မလုပ်တာ ကို ဒါတောင်သက်သက်ညှာညှာရေးထားတာ

Maung Pho Thar said...

သတင်းသမား တို့ရဲ့ စာနယ်ဇင်းကျင့်ဝတ်ထဲမှာ မည်သည့်ဘက်မှမလိုက်ပဲ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်းသာ ပြည်သူများသိရှိရန် ရေးသားဖော်ပြရန်သာဖြစ်ပါသည်။ ကောင်းတာတွေလုပ်မှကောင်းတာပါမှာပေါ့ မြင့်လှိုင်ရ။

လင်းယုန် said...

မင်းတို့ကကော ကောင်းတာဘာလုပ်ပြနေလို့လဲ
ဂျာနယ်တို့ မီဒီယာတို့ဆိုတာ မမှန်ဘဲနဲ့ မီဒီယာ နာမည်ပျက်ခံပြီး
မရေးဘူးကွ

မင်းတို့ဘဲ မင်းတို့ စောက်ကျင့်တွေကို အရင်ပြင်ကွ
အမေစုဆို ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်နေတော့
မီဒီယာတွေအားလုံးက ကောင်းတာဘဲ ရေးနေတာလေ

saw 00 said...

ဟိုတယောက် နဲ့ တွေ့ ရင် ဒီ တယောက်မကောင်း ကြောင်း ၊ ဒီတယောက် နဲ့ တွေ့ ရင် ဟိုတယောက် မကောင်း ကြောင်း ၊ ပါးစပ်ထဲ တွေ့ ရာ လျှောက် ပြော တတ်တဲ့ လူတယောက် က တိုင်းပြည်အုပ်ချုပ် တဲ့ အဖွဲ့အစည်း ထဲ ပါနေတာ ဘယ်ကောင်းတော့မှာလဲ ၊ဒီလိုလူမျိုးတွေ ကို ဒီလိုနေရာ တွေ မှာ ဆက်ထားနေရင် တိုင်းပြည် အကျိုး မရှိနိုင် ဘူး ၊

Irrawaddy Myanmar said...

၁) သူလှော်တဲ့လှေက သွားသွားမသွားသွား၊ သွားရင်တောင်ရောက်ချင်ရာရောက် ငါကတော့လှော်တဲ့နေရာက မဆင်းဘူး၊ သေတဲ့အထိလှော်နေမယ်ဆိုတာ.. ပြည်သူခေါင်းဆောင်မဖြစ်ထိုက်တဲ့စိတ်ဓါတ်ပါ။ ( လူတစ်စုရဲ့ common interest ကို take care လုပ်တဲ့ organization တစ်ခုရဲ့ ခေါင်းဆောင်တော့ဖြစ်နိုင်ပါတယ်။)

၂) ပြည်ထောင်စုဝန်ကြီးတစ်ယောက်ရဲ့ ရာထူးနှင့် တာဝန်ကိုယူပြီး"လှေကြီးနစ်သွားရင် ဘယ်သူနစ်နာမလဲ။ ပြည်သူပဲ အရင်နစ်နာလိမ့်မယ်။" ဆိုတဲ့စကားမျိုးပြောထွက်လောက်အောင် တာဝန်မဲ့သဘောထားက အလွန်ရှက်စရာကောင်းပါတယ်။ ပြည်သူ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်စွမ်းမရှိတာကိုပြပါတယ်။ ကာကွယ်နိုင်စွမ်းမရှိသလို ကာကွယ်ချင်တဲ့စိတ်ဓါတ် လည်းမရှိပါဘူး။

၃) ဂျာနယ်တွေက မကောင်းတာများများရေးပြီး ကောင်းတာနည်းနည်းရေးရတဲ့အကြောင်းက အန်ကယ်တို့က မဟုတ်တာများများလုပ်ပြီး ဟုတ်တာ၊ကောင်းတာတွေ မရှိသလောက်ရှားတာ လူတိုင်းအသိပါ။ အန်ကယ်တစ်ယောက်တည်းကြောင့်ပဲ လွတ်တော်တွေကော၊ မီဒီယာတွေကော တော်တော်အလုပ်ရှုပ်နေရတာ။ (လယ်တွေ ကောတဲ့ကိစ္စ၊ ဆည်တွေပျက်တဲ့ကိစ္စ တွေလို ပိုအရေးကြီးတဲ့ကိစ္စတွေများကြီးရှိပါတယ်။)

၎) လယ်/ဆည်ဝန်ကြီး ၊ ပြန်ကြားဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး ၃ယောက်နှင့်တင် မီဒီယာတွေ ရေးစရာမကုန်ဘူး။ သူဌေးဖြစ်နိုင်တယ်။ (အခုသမ္မတကြီးကို စပြီးအကောင်းပြောနေကြပြီး၊ နောက်ဦးရွှေမန်းကိုလည်းလေးစားလာကြပြီ)

၅) အန်ကယ်စဖြစ်တဲ့ကိစ္စက မှားတယ်လိုမဆိုနိုင်ပါ။ ပြောဘို့နေရာမှားတာ၊ အချိန်မှားတာ၊ပြောနည်းလိုတာ၊ ရွှေးထားတဲ့ အကြောင်းအရာမမှားပါဘူး၊ ရည်ရွယ်ချက်သို့ရောက်အောင်သာမပို့ဆောင်နိုင်တာ။

၆) နောက်ဆုံးတစ်ခုအနေနှင့် လွှတ်တော်အမတ် (၂၃၂)ယောက်ကနေ တောင်းဆိုလို့ စကားလုံးတွေနှင့် ကိုယ်၊နှုတ်အပြုအမူတွေက စိတ်မပါပဲ ရာထူး၊နေရာတည်မြဲရေးအတွက် တောင်းပန်တဲ့ပုံစံမရောက်စေအောင် ပြုမူသင့်တယ်။
ရ) ပျော်တမ်းဘောလုံးသမားနှင့် ကြေးစား (Professional) ဘောလုံးသမားဘာကွာလဲဆိုရင် အမှားကို recover လုပ်တာကွာပါတယ်။ နှစ်ယောက်စလုံးက အမှားလုပ်ပါတယ်။ ဒါပေမဲ့ ကြေးစား (Professional) ဘောလုံးသမားက သူ့ မှားကို ပြန်ပြီး recover လုပ်နိုင်တယ်။
Professional ဝန်ကြီးတွေ ရှိမည့် လွတ်တော်ကြီးကိုမျှော်လင့်ရင်း …

pyeitphyo said...

အားလုံးဘယ်သူမှကောင်းတာမဟုတ်ဘူး၊ အစိုးရလည်းမကောင်းဘူး ပြည်သူတွေလည်းမကောင်းးဘူး NLD လည်းမကောင်းဘူး. အားလုံးမကောင်းဘူးကွားဘယ်ကောင်ကိုမှလည်းထောက်မခံဘူး ရှင်းပြီလား

aye min said...

စိုင် ကော်လို့ ခြုံပေါရောက်လာတဲ့သူက သောင်စဉ်ရေမရစကား တွေပြောပီး သွေးရူးသွေးတန်းနဲ့ ရှောက်ပြောနေတာပါ အရေးလုပ်မနေကြပါနဲ့ စကားတွေကျွံ ပီး ရှေ့ကဖုံး နောက်ပေါ် နေတဲ့ သူ့ အကျင့်စရိုက်နဲ့ သူ့နေရာ နဲ့တာက်မတန်လိုက်တာ၊ ဘာလဲသူကလဲ နိုင်ငံကြော်ခြင်လို့ထင်ပါရဲ့ ဟီးးး၊
ဂျာနယ် စာမျက်နှာတောက်ကုန်တယ်ကွာ

serrano said...

လူကြီးလူကောင်းဖြစ်ဖို့အတွက်ဗဟုသုတတွေအများကြီးလေ့လာပါအုံးလို့အကြံပေးပရစေ..

cthu said...

မကောင်းသာကို မကောင်းဘူးေုပာနေသာ . . .အားနေလို့ပြောနေသာမဟူတ်ဘူးလို့ ထင်တယ်။ မကောင်းဘူးပြောနေသာကို မကောင်းဘူးလို့ထင်ရင် ကောင်းသာ ပြင်လိုက်ဖို့။ ကျွန်တော်တို့ ပြည်သူတွေလည်း မကောင်းဘူးပြောနေသာကို ဈေးကြီးပေးပြီး ၀ယ်ဖတ်နေရသာလေ၊ တစ်ပတ်ကို ဂျာနယ်ဖိုးက နည်းမှမနည်းသာ တော်ရူံ လစာနဲ့ ဆို ဘယ်ဝယ်ဖတ်နိုင်မလဲ (ကျွန်တော် ကိုယ်တိုင် မတတ်နိုင်လို့ ၀ယ်မဖတ်ပါဘူး။ ငှာဖတ်ပါတယ်။ online မှာဖတ်ပါတယ်)။ အပြစ်ပြောစရာ မရှိရင် ဘယ်သူမှပြောမှာ မဟုတ်ပါဘူး၊ အားအားယားယား ပြောနေရင်လည်း ဘယ်သူမှ ငွေကုံ ခံပြီး ဖတ်မှာမဟုတ်ပါဘူး။ လက်တလော အချေအနေက ပြုပြင် ပြောင်းလဲရေကောင်းကောင် လုပ်ရမည့် အခြေအနေပါ၊ မပြောမသိ ဆိုသလို ခုလို ပြောနေသာတောင် လို အပ်ချက်တွေက အများကြီးလေ။ လက်ပေးလက်ယူ မူမလုပ်ရလို့ ငွေပေးစရာမလို ဘူးတဲ့ passport ရူံးမှာ ကျွန်တော် passport တက်တန်း သွားတိုးတော့ မင်းအရင်က မလုပ်ဖူးဘူးလားတဲ့ ဘယ်နေရာ ၀င်ဝင် တစ်ထောင်ပေးရတယ်တဲ့ . . .မပေးရင် မလုပ်ပေးတော့ဘူးလား ၊ ပေးရင်လဲ အဆိပ်ပင်ရေလောင်းဖြစ်မယ်၊ ဒါပေမယ့် အဆင်ပြေအောင် ပေးရသားပဲလေ . .တစ်ခေါက် တစ်ခေါက် သွားရလာရတာလဲ လွယ်မှမလွယ်သာ . . .ပုံစံ ၁၇ လုပ်တော့လည် ဒီအတိုင်းပဲ နိုင်ငံခြားတောင် သွားနိုင်သေးသာ အကိုတို့ကို နည်းနည်းပါးပါးလုပ်လေ ပြောတော့ သုံးထောင်ပေးတော့ နည်းတယ် ငါးထောင်လောက် လုပ်ပါတဲ့ အရင်တုံးက တစ်သောင်းလောက် ပေးရသာလေတဲ့ . . .အဲ့ဒါမျိုးကိစ္စတွေကို ကျူပ်တို့ ကမပြောရင် ဘယ်သူသိမှာလဲ . . .လုပ်လဲ ခဏပဲ အရှည် မခံဘူး၊ ရေရှည်ခံအောင် ဘယ်လိုလုပ်ရမလဲ။ ပြည်သူတွေနဲ့ များများထိတွေ့ပေးပါ။ ရှိသေးတယ် တရှတ်တန်းက လူများတယ်၊ လမ်းကြောင်းရှိလို့ လမ်းရှင်းထာတော့ အဲဒီအရသာ သူခံစားနိုင်ပမလား . . .မလိုဘူးထင်လို့ပဲလား ? ဒါတွေကို မလိုဘူးထင်ရင် သူတို့ စိတ်ထဲမှာ ပြည်သူဆိုသာမရှိလို့ပါဘဲ . . . media က ပြည်သူရဲ့ အသံချဲ့စက်ပါပဲ ပြည်သူတွေပြောချင်းသာ ပြောလို့ရတယ်၊ media ကလည်း အများစကားတွေကို စုပြီး အနည်းနဲ့အများ လိုတိုရှင်းဖော်ပြရသာပဲ သူလဲသူတတ်နိုင်သလို စွမ်းသလို လုပ်ရသာ အနည်းနဲ့ အများတော့ အမှားပါမှာပဲ . .အမှားကို မှားမှန်းသိပြီး ပြင်ဆင်မှ လူတော်ဖြစ်မှာပါ၊ ဘယ်သူမှားလဲ မှန်တယ်မပြောပဲ မှားသာတွေအားလုံး ပြင်လိုက်ပါ၊ အားလုံး အဆင်ပြေသွားပါလိမ့်မယ်

tunhlaingwin said...

မီဒီယာတွေက ကောင်းတာကိုကောင်းတယ်လို့ ရေးချင်ကြပါတယ်။ ဒါပေမယ့် မကောင်းတာတွေများ လို့ မကောင်းဘူးလို့ရေးတာ အမှန်ပဲလေ။ ကောင်းတာတွေရေးစေချင်ရင် ကောင်းတာတွေလုပ်

zzmyoe said...

လယ်/ဆည် ၀န်ကြီးရေ ခင်ဗျားကောင်းတာဖတ်ချင်ရင် ကောင်းတာတွေလုပ်ပြပါ ခင်ဗျားတိုင်းပြည်ကိုဘယ်လောက်ချစ်တယ်ဆိုတာ ခင်ဗျားပိုင်ဆိုင်မှု့တွေကြည့်ရင်သိနိုင်ပါတယ်၊ဒီလောက်ဆို သဘောပေါက်လောက်ရောပေါ့။စကားကို ရှေ့နောက်ဆင်ခြင်ပြောဆိုပါလို့၊ခဏ ခဏတောင်းပန်နေရရင်မကောင်းဘူးနော်။

hlaingthuya said...

ဘယ်သူ့ဖက်မှ ဘက်လိုက်မပြောချင်ပါဘူး၊ ဦးမြင့်လှိုင်လည်း အများနဲ့ပတ်သက်ပြီးပြောတဲ့ နေရာမှာ လေးစားမှုရှိပြီး တန်းတူရည်တူမှု စိတ်မျိုးထားသင့်ပါတယ် ။ ဒါပေမယ့် စာနယ်ဇင်းတွေ ဂျာနယ်တွေနဲ့ ပတ်သက်လို့ကတော့ စိတ်ထဲလုံးဝဘ၀င်မကျပါဘူး၊ ကျွန်တော်တို့က ကြားထဲက ပြည်သူတွေဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက သတင်းတွေဖတ်ချင်ပါတယ် ၊ ဂျာနယ်တွေအကုန်လုံးနီးပါက တခြမ်းကပ်နေသလိုပဲ့ ၊ လက်ရှိအစိုးရနဲ့ပတ်သက်တဲ့ သတင်းတွေ ၊ ဦးသိန်းစိန်ရဲ့ နိုင်ငံခြားသွားခရီးသတင်းတွေ ၊ နိုင်ငံတကာ စီးပွါးရေးသမားတွေနဲ့ အစိုးရ ဘာတွေဆွေးနွေးတယ် ဘာအကြောင်းဆွေးနွေးတယ် ၊ဘယ်လိုအလားအလာတွေရှိတယ် ဆိုတာမျိုး ကျွန်တော်တို့ ဖတ်ချင်ပါတယ် ၊ လက်ရှိအစိုးရရဲ့ ကောင်းတဲ့သတင်းတွေရော မကောင်းတဲ့သတင်းတွေရော မျှမျှတတလေး ရေးပေးကြဖို့ တိုက်တွန်းပါတယ်၊ ကောင်းရင်ကောင်းကြောင်း ရဲရဲသာရေးပြီး အားပေးထောက်ခံရမယ် ၊ မကောင်းတဲ့သူတွေကိုလဲ မကောင်းကြောင်း ရဲရဲဝေဖန်ရေးသားပေးရမယ် ၊ ဒါမှ ကောင်းတဲ့လူအုပ်စုက မကောင်းတဲ့လူတစ်စုရဲ့ လုပ်ရပ်တွေကိုသိရမှာ မဟုတ်လား ၊အရေးယူတာ မယူတာက လက်ရှိအစိုးရအဖွဲ့ ခေါင်းဆောင်ရဲ့ တာဝန်ပဲ့ ၊သူ့လူအချို့ မဟုတ်တာလုပ်ကြတာကို သူသိသွားပြီး သူအရေးမယူရင် အဲဒီအကျိုးဆက်အားလုံးကို သူတာဝန်ယူလိုက်သလိုဖြစ်ပြီပဲ့ တိုင်းပြည်အကျိုးအတွက် မျက်စိမှိတ် လွတ်ထားလို့မရပါဘူး သန်းခြောက်ဆယ်သော ပြည်သူတွေမျက်နှာ ကို ကြည့်ပါ။

Unknown said...

ပြည်သူတွေအဓိကပြောချင်နေကြတာ
အားလုံးကပြောချင်နေကြတာကောမသိချင်ဘူးလား....ကောင်းသတင်းတော့မဟုတ်လောက်ပါဘူး....ခင်ဗျားတို့လို ဘာမှနားမလည်ဘဲ..ဟိုယောင်ယောင်သည်ယောင်နဲ့ တတ်သလိုလို နဲ့ လူတတ်ကြီးလုပ်ကြတာရပ်လိုက်ပြီး ထိုက်တန်တဲ့သူတွေကို နားလည်တဲ့သူတွေကိုလွှဲပေးလိုက်ဖို့ဆိုတာကိုကော အခုထိနားမလည်သေးလို့ ပြည်သူတွေကတိုးတိုးတစ်မျိုးကျယ်ကျယ်တစ်ဖုံ ပြောနေကြတာပါ....ရှင်းပြီလား ငရဲပြည်မှာအုပ်ချုပ်နေတဲ့ ငရဲမင်း ထက်စာရင် လူ့ပြည်ကတောင်းစားနေတဲ့သူတွေကိုလူတွေက ပိုပြီးချစ်တတ်ကြပါတယ်...အဲဒါကောသဘောပေါက်လားမသိဘူး...

သုခ said...

တောင်ပြော မြောက်ပြော တွေ လုပ်မနေပါနဲ့၊ကိုယ့်သိက်ခါ ကိုရှက်၇င် ရာထူးကထွက်လိုက်ပါတော့။

moeko said...

pyeitphyo ဆိုတဲ့ကောင် မင်းဆိုတဲ့ ကောင်တွေရှိနေလို့ နိုင်ငံတော် မတိုးတက်တာကွ၊၊ မင်းကိုမင်းကော ကောင်းလားလို့ ပြန်မေးကြည့်အုံး အရူးရဲ့ မင်းကို ဘယ်သူ က ဘာလုပ်တယ် ဘာမလုပ်ဘူး ဆိုတာကို ပြန်မေးကြည့်အုံး၊၊ အစိုးရလည်း မကောင်းဘူး၊ NLD လည်းမကောင်းဘူး၊ ပြည်သူတွေလည်း မကောင်းဘူးလို့ ပြောရအောင် မင်းကိုယ်မင်း အရင်ကောင်းအောင် ကြိုးစားကွ၊ မင်းက ဘယ်နိင်ငံသားက မွေးထားလို့ ကိုယ်သခင်လက် ကိုယ်ပြန်ကိုက်တဲ့ စကားလုံးတွေ ပြောရတာလဲ၊၊ မြန်မာနိုင်ငံမှာ မင်းလို ကောင်တွေ မြန်မြန် ပပျောက်ပါစေ၊၊ နိုင်ငံကောင်းဖို့ ဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်ကွ၊ လူဘိန်းရ၊၊ နောက် COMMENT ရေးချင်ရင် အဲလို ပရမ်းပတာမရေးပါနဲ့၊၊

la min said...

ကောင်းမှမကောင်းပဲ မကောင်းတာပဲ ရေးမှာပေါ့...ဘယ်လိုလူမှန်းမသိဘူး..ကြောင်တောင်တောင်နဲ့....ရူးနေတာလား..ရူးချင်ယောင်ဆောင်နေတာလားမသိပါဘူးဗျာ....စိတ်ပျက်စရာပဲ....

Myo1 said...

မင်းတို့ကို ဘယ်ဂျာနယ်ကမှ အကောင်းမရေးဘူး....ကောင်းတာဆိုလို့ တစ်ခုမှမလုပ်ခဲ့ပဲကိုး..

သုခ said...

ရှက်တတ်ရင် ရာထူးက ထွက်လိုက်ပါ၊ကိုယ်ကျင့်တရားကြောင့် ရာထူး က နေ နုတ်ထွက်သွားကြသော သာဓက အများကြီးပါ

အိုးဝေ said...

ဟေ.ကောင် မြင့်လှိုင် မင်းတာဝန်ယူထားတာ လယ်/ဆည် နော်
လယ်ယာစိုက်ပျိုးရေးက မင်းပထွေး လယ်သမားတွေရှိမှ မင်းဌာနရှိမှာ
လယ်သမားတွေက အများအားဖြင်.ဆယ်တန်းမအောင်ဘူး
မင်းနားမလည်ဘူးလား
ဆယ်တန်းအောင်မှလူရာဝင်တယ်ထင်ရင် မင်းထမင်းငတ်သွားမှာပေါ့
လူလိုနားလည် ငါသိပ်မပြောချင်ဘူးနော်
ဟင်းဟင်း

lwannaymie said...

သူလဲသဘောပေါက်သွားပြီ၊ ဟားဟားဟား။ (စောက်ရူးပါကွာ)။
မီဒီယာတွေထဲမှာ ဗိုလ်ချုပ်ကြီးတွေမှမပါဘဲ။ လွှတ်တော်ထဲမှာက
ဘာကောင်တွေလဲဆိုတာ သူသိသွားပြီ။ ဒီလိုဘဲ အဓိပ္ပါယ်မရှိတဲ့ဘက်ကို ပုံရမယ်လေ။ (ခွင့်လွှတ်တယ်။ ပုံ--ဘဘကြီး။)

Anonymous said...

မြန်မာနိုင်ငံမှာ အားအကောင်းဆုံး မီဒီယာများ...
၁။ နိုင်ငံတော်မှ ထုတ်ဝေသော နေ့စဉ်သတင်းစာများ (အစောင်ရေအမြင့်ဆုံး)
၂။ MRTV, MRTY4 နှင့် ၄င်း၏ချယ်နယ်များ (လူကြည့်အများဆုံး)
၃။ MWD နှင့် ၄င်း၏ချယ်နယ်များ (လူကြည့်အများဆုံး)
၎။ အခွန်၊ ကညန ကဲ့သို့ ဌာနမျာ့းမှ ထုတ်ဝေသော မ၀ယ်မနေရ ဂျာနယ်များ.. (အစောင်ရေအများဆုံး)
၅။ အစိုးရကောင်းသတင်း အာဘော် ထုတ်ပြန်ရန်နှင့် အတိုက်ခံများအား နှိပ်ကွယ်ရန် တာဝန်ပေးထားသော ၀ဘ်ဆိုက်များ၊ ၀န်ကြီးဌာန ၀ဘ်ဆိုက်များ။
အထက်ပါ.. မီဒီယာများအားလုံးသည် အုပ်ချုပ်သည့် အစိုးရ၏ကောင်းကွက်များကိုသာ ရေးသားကြသည်။ ဆိုးသည့်အချက်မှား လုံးဝ မရေးပါ။
ဒီလောက်..ခိုင် နေတာတောင် ဦးမြင့်လှိုင်က မီဒီယာက သူတို့ကို အဆိုးပဲရေးတယ်၊ ၀ိုင်းတွယ်နေတယ်လို့ ပြောတာ အံ့သြမိပါရဲ့...။

ပုဂံစစ်သည် said...

ဂျာနယ်မကောင်းတာလား၊ မင်းတို့အဖွဲ့တွေမကောင်းတာလား၊ သေချာစမ်းစစ်ပါ။

တိပံင်ကောံ said...

လွတ်တော်အမတ်တွေကိုဆယ်တန်းမအောင်ပါဘူးလို့ပြောကတည်းက မှတ်ချက်ပေးချင်နေတာ။ နိုင်ငံတော်လွတ်တော်ထဲမှာတောင် ဒီစကားပြောထွက်ကတည်းကိုက ဒီလူအဆင့်အတန်းဘယ်လောက်ရှိလဲဆိုသာ တွေးမကြည့်ရင်တောင်နားလည်နိုင်တယ်။ မိုက်ရူးရဲတဲ့အကျင့်ရှိလို့သာ ပြည်ထောင်စုဝန်ကြီးနေရာရထားတာပါ။ တကယ်တန်း ဒီလူရဲ့စကားက ဒီလူရဲ့အဆင့်အတန်းကို သတ်မှတ်ထားပြီးသားပါ။

TAIL LAMP said...

ကျနော်တို့ကအညာသားတွေဗျ၊တောမှာထန်းနို့မထွက်တော့ရင် ချိုင့်မှထန်းနို့အကောင်း ပြန်ထွက်တာ၊ သဘာဝအတိုင်းလုပ်ရင်
မကောင်းဘူးလား

ShweboThar said...

အဲဒီဝန်ကြီး စိုက်ပျိုးရေးအကြောင်းဘာမှနားမလည်ဘူး ကျန်တာတော့မသိဘူး အဲတာတော့သေးချာတယ်...

cherish said...

သင်္ကြန်မှာ သင်ဇာဝင့်ကျော်က ပုံစံတစ်မျိုးနဲ့ နံမည်ကြီးအောင်ကြိုးစားတယ်။ အပေါ်က ပုဂ္ဂိုလ်ကတော့ နောက်ပုံစံတစ်မျိုးနဲ့ အားထုတ်နေပြန်ပြီ။

Stronger Boy said...

တကယ်ဆိုရင် မီဒီယာ ဆိုတာက ပြည်သူတွေရဲ့ အသံပါ၊မြန်မာ့အသံ၊မြန်မာ့ရုပ်မြင်သံကြား၊မြ၀တီ စသောမီဒီယာများမပါပါ။
မီဒီယာ တွေမှာ တဖက်ဆောင်းနင်း ဖေါ်ပြတာကလဲ ပြည်သူတွေ ရဲ့ ရင်ထဲမှာဘာရှိနေလဲဆိုတာကိုဖေါ်ပြနေတာပါ၊ဒီတော့ ၀န်ကြီးတွေ လဲသိသင့်ပြီး၊ပြည်သူတွေရင်ထဲမှာဘာရှိတယ်ဆိုတာကို၊မီဒီယာတွေကကောင်းတာရေးစေခြင်ရင် မင်းတို့ ပြည်သူအတွက်ကောင်းတာလုပ်ထားတာလေးတစ်ကွက်လောက်ပြပါလား၊မင်းတို့ ကမင်းတို့ အတွက်ဘဲမင်းတို့ လုပ်နေတာကို၊ဒီတော့မင်းတို့ ရဲ့ ကောင်းကွက်ကိုဘယ်လို ရှာပြီးရေးပေးရမှာလဲ

လွင့်မောင်မောင် said...

ဟ မကောင်းတာလုပ်နေမှတော့ မကောင်းကြောင်းဘဲ့ပြောမှာပေါ့ ။
မကောင်းတာမရေးစေချင်ရင်မကောင်းတာမလုပ်နဲ့ပေါ့။ဟုတ်တယ်မှုတ်လား
ရဲဘော်တို့

bobo said...

ကိုမြင့်လှိုင်ရေ..
သမိုင်းကြောင်းကတော့ ကိုယ့်လူအတွက် သိပ်မကောင်းဘူး
နိုင်ငံတော်အကြီးအကဲတွေကို ခေါင်းမစားစေချင်ဘူး.
ခင်ဗျားကြောင့်............

Unknown said...

တောင်ပြောမြောက်ပြောနဲ့ ရှက်တက်ရင် နှုတ်ထွက်သင့်တယ်

pyaponthu said...

အရင်အုပ်ချုပ်သူတွေကောင်းရင်နိုင်ငံကောင်းမယ်။အုပ်ချူပ်သူတွေမကောင်းခဲ့လို့နိုင်ငံမကောင်းခဲ့တာကို အုပ်ချူပ်သူတွေကောင်းတယ်လို့ရေးရမှာလား

Anonymous said...

အရူးကြီး.....အချင်းချင်းဖဲ့တုံးက ဖဲ့ပြီး တိုင်လို့ပြန်ရှင်းခိုင်းတော့ မေးခွန်းနဲ့မဆိုင်တာတွေအရူးချီးပန်းလျှောက်ပြောနေတယ်..ရုပ်ကိုက .. သူကကော ဘယ်လောက်ပညာတွေတတ်နေလို့လဲ ..တိုက်ပုံဝတ်ထားတာကို က အဆင့်အတန်းမရှိတဲ့ ပုံနဲ့.....ဟွန်း...

Anonymous said...

နိုင်ငံပိုင်သတင်းစာတွေရှိနေတာပဲ... ပြောချင်တာပြောခဲ့ကြပြီးမှများ....

blessing said...

ကောင်းမှမကောင်းတာ

peacefullbuilding.com said...

ထူးပြီးတောင်ပြောစရာမလိုဘူး
မြင့်လှိုင်ဘယ်တော်သလဲဆိုတာ လယ်ဆည် ၀န်ကြီးဌာနက ၀န်ထမ်းတွေနဲ့
လယ်သမားတွေဘ၀ကို ဘယ်လောက်တိုးတက်သလဲဆိုတာ ကြည့်တာနဲ့
သိတာနေတာဘဲ မကြည့်ဘူးရင် ကြည့်ကြဟေ့
သူစည်းစိမ်တွေကိုကြည့်ရင် ပိုတောင်သိသာသွားမယ်
သမ္မတဆိုတဲ့သူက ဒါမျိုးလူကို ဘာလို့ ဆက်ထားနေတာလဲ
သူ့အကြောင်းနဲ့ သူတော့ ရှိလို့နေမှာထင်တယ်နော်
ဒါ့မဟုတ်ရင်
လယ်သမားတွေ ကောင်းစားတာကို မမြင်ချင်လို့လဲမသိဘူးနော်
ဒါ့မဟုတ် ဟုတ်ရင်
လယ်သမားကြောင်းပြပြီး မြေအပိုင်ရအောင်ကြံ၊ စီးပွားရှာတာများ
ရှယ်ယာပါထားလို့လာမသိ
သမ္မတ ကြောက်ရမှာ ပြည်သူတွေလိုဘဲထင်တယ်
မဟုတ်လောက်ဘူး
ဒါမျိုးဝန်ကြီးကို ဖြုတ်မပြစ်တာ
သမ္မတက တစ်ခုခုတော့ တစ်ခုခုဘဲ ကြောက်တာလား၊ ရှယ်ယာရတာလား၊
လယ်သမားတွေ၊ ပြည်သူတွေကို မကြည့်တာလား၊
ပြည်သူကိုယ်စား လွှတ်တော်အမှတ်များ စစ်ဆေးအရေးယူသင့်နေပါပြီ
လယ်သမားကောင်းစားဘို့ တိုက်သွန်းတောင်းဆိုလိုက်ပါတယ်
ပြည်သူတစ်ယောက်အနေနဲ့ လွှတ်တော်ထဲမှာ မေးလို့ရရင် မေးလိုက်ချင်
ပါတယ်

ruralpoorfarmer said...

ဟေ မီဒီယာသမားတွေ မင်းတို့ကို ဒီလောက်စော်ကားနေတာ
တရားဆွဲကြပါလားကွ၊ မင်းတို့မှန်တယ်ဆိုရင်
မင်းတို့မှန်တယ်ထင်လို့ မခံနိုင်လို့ပြောတာ
မင်းတို့မှန်ဘူးဆိုရင်တော့ မင်းတို့သဘောပေါ့ကွ
မှန်တယ်ဆိုရင်တော့ ဒီလိုနဲ့ အဆုံးမသတ်သင့်ဘူး
မင်းတို့ဘက်မှာ အမေစုနဲ့ ပြည်သူတွေရှိပါတယ်ကွ မင်းတို့တာမှန်တယ်ဆိုရင်
ကြောက်စရာမလိုပါဘူး တရားစွဲကွာ
ပြောလို့တာပြောတ ထက်ထက်မိုးက ပါးရိုက်တဲ့ တရားသူကြီးနဲ့လဲတွေ့
အုံးမယ် သတိလဲထားအုံး

sayargyi said...

မီဒီယာဆိုတာ အဖြစ်အပျက်အမှန်ကိုဖော်ပြတာပါ၊ ကောင်းတာကိုရေး မကောင်းတာကိုဖုံး၊ ဒါဟာမီဒီယာမဟုတ်ပါဘူး၊ ၀ါဒဖြန့်တာပါ၊ ၀ါဒဖြန့်တဲ့ ဂျာနယ် တွေ့ချင်ရင်တော့ ကိုယ့်ဟာကို ဂျာနယ်ထုတ်ပါလား ၀န်ကြီးရယ် ဘယ်သူမှ ၀ယ်ဖတ်မှာ မဟုတ်ပါဘူး၊ လွှတ်တော်အမတ်တွေ ဆယ်တန်းတောင်မအောင်ဘူး လို့ပြောပြီး ဒါလေးတောင်မသိဘူးလား၊ ကိုယ့်ဟာကို ရှက်တတ်ရင် သေချင်းဆိုးနဲ့ သေလို့ရတယ်၊ သန်း(၆၀) ပြည်သူတွေကို နှစ်နှစ်ဆယ်ကျော်လိမ်လာတာ အားမရသေးဘူးလား၊

honey said...

pyeitpyo က ငပိန်းပဲနော်...
ဘယ်သူ့မှမကောင်းဘူးလို့ထင်ရင်ရွာသာကြီး
မှာရာသက်ပန်သွားနေဖို့ဆေးစာတင်လိုက်တော့။
လူဖြစ်ပြီးအူကြောင်ကြောင်အတွေးနဲ့
အဲ့ဒါလူကောင်းတယောက်မဟုတ်ဘူး။
အရူးကြီး..
မီဒီယာတွေရေးနေတာအမှန်တရားပဲ..
ဘာမှားလို့လဲ...အမှန်တရားတွေရေးဖို့
အနှစ်၂၀ကျော်စောင့်စားခဲ့ရတဲ့မီဒီယာဘ၀ပါ။
လွတ်တော်ကလူကြီးတွေကိုပြည်သူအပါအ၀င်တကမ္ဘာလုံးက
သိနေတာပဲ...နာမည်ဆိုးနဲ့ကျော်ကြားနေတာ
အရှိကိုအရှိအတိုင်းရေးခွင့်ရလို့ရေးလိုက်တာ
အဆိုးတွေချည်းပဲရေးနေရသလိုဖြစ်နေပြီ။
အဆိုးတွေပဲလုပ်ခဲ့တာကိုမြင်အောင်ကြည့်
စိတ်နှလုံးသားတွေပြုပြင်
ခံယူချက်ကအမေစုလိုပြည်သူကိုသာ
နံ့ပါတ်(၁)...
ပြင်ကြလေ...ခုထိဘာမှပြင်တာမတွေ့လို့
ကောင်းပါတယ်လို့ဘယ်လိုရေးရပါ့မလဲ...
အမှန်ကိုအမှန်ရေးတာပဲအပြစ်တဲ့..
မြန်မာသတင်းစာကိုကိုယ့်ငါးချဉ်ကိုယ်ချဉ်ရေးစေချင်ရအောင်
ဒိမိုကရေစီဘယ်သူ့ကိုမှကိုယ်စားမပြုပဲ
လက်ရှိအခြေအနေကိုအမှန်အတိုင်းတင်ပြနိုင်မှမီဒီယာပဲ
မီဒီယာကိုထောက်ခံတယ်။

တိုးတက်အောင် said...

အရင်ကတော့တိုက်ပုံဟပြဲနဲ့ လယ်ကန်သင်းနားက အော်လံမင်းသားပေါ့…
အခုတော့ ပြည်သူနဲ့ မီဒီယာက အော့ကြောလံတဲ့ အော့ကြောလံမင်းသားဖြစ်ပြန်ပြီ…
အပြောမတတ်တော့ ဆဲသလိုဆိုတာမျိုးလေ…
အရင်ကသင်ခဲ့သမျှ တုံးလွန်းလို့ သင်တုန်းဓားအလားပဲ…
တံဇင်နဲ့လည်ပင်းဖြတ်… ဗွက်ထဲနစ်ပြီး…ထွန်စက်နဲ့ကြိတ်ဖို့ကောင်းတဲ့လူပဲ….
ဒင်းကြောင့်၂၀၁၅ သေချာပေါက်ရှုံးမယ်..စိတ်ချ..ဗေဒင်မေးရင်ဆန်ကုန်မယ်.အော့ကြောလံရေ….
သူများတွေလိုတော့ နှုတ်ထွက်ပါလို့မတိုက်တွန်းချင်ဘူး…မင်းရှိနေမှ တို့လူတွေ… ၂၀၁၅မှာသေချာပေါက် နိုင်မှာ…..

su said...

နောက်ထပ် မီဒီယာတွေကို ထပ် မစော်ကားရဲအောင် ပြည်တွင်း ပြည်ပ မီဒီယာအားလုံး ပူးပေါင်းပါဝင်ပြီး ဥပဒေကြောင်းအရ အဲဒီ ငနဲကို တရားစွဲ အရေးယူလိုက်ရင် ပို ထိရောက်မယ်။

popmyitta said...

အပေါ်က Comment ရေးတဲ့ပုဂ္ဂိုလ်တွေအားလုံး လေးစားပါတယ်။
ဒီလူတွေကတော့ ခင်ဗျားတို့တွေ ဘယ်လောက်ပြောပြော
ဘယ်လောက်ရေးရေး ..သူတို့ဆရာအားကိုနဲ့ဆိုတော့
သင်္ကြန်စကားနဲ့ပြောရရင် ခွက်စုပ်လေးနဲ့ ပက်တာလောက်တော့
ရီတာပေါ့ ရီတာပေါ့ ဆိုပြိး စိတ်ထဲက ကြိတ်ရီနေမှာ သေချာပါတယ်ဗျာ။
ပြည်သူပဲ ဒုက္ခရောက်မှာ ဆိုတာ ထည့်ပြောသွားရဲကတည်းက
သူတို့တွေတစ်ဖွဲ့လုံးကတော့ ဒုက္ခရောက်စရာ မရှိဘူးဆိုတဲ့
သဘောပေါ့ဗျာ....
တော်တော် အားကိုးလောက်တဲ့လူတွေပါကလား။
သူတို့ကို စာစီကုံးပေးတဲ့ အောက်ကလူတွေ ပေးတဲ့ စာစီစာကုံးကို
ရွတ်ပြနေကြတဲ့ အဆင့်ပဲရှိပါသေးတယ်ဗျာ
ကိုယ်ကျိုးစွန့်ပြီး ဘာမှ လုပ်ပြကြတာ မရှိသေးပါဘူး။
ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်မဲ့လူကျတော့
အင်တင်တင်နဲ့ အပါမခံချင်ကြဘူး။ အဓိက ကတော့ သူတို့ကို
ထိုးနက်မှာစိုးလို့ပဲလို့ ထင်ပါတယ်။

angry boy said...

ဘလိုကောင်တွေ့ ၀န်ကြီးထဖြစ်နေပါလိပ်...

မြင်ရတွေ့ရသမျှ said...

လွှတ်တော်မှ အမတ်များ (၁၀)တန်းမအောင်ဘူး
ပာသော တစ်ချိန်က ဒု-ဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်
ခင်ဗျာ။ လွှတ်တော်ထဲမှာ နိုဗယ်ဆုရှင်တစ်ယောက်
ရာက်နေပါပြီ။ ဘာများ ထပ်ပြီးပြောချင်ပါသေးလဲ။
ဘာများမကောင်းကြံချင်ပါသေးလဲ။
မကောင်းတာလုပ်ချင်ရင် လယ်/ဆည် ၀န်ကြီးဌာန
အတွင်းမှာပဲ လုပ်ပါ။ အပြင်ကို ထွက်မလုပ်ပါနဲ့။
အပြင်ထွက်ပြီး တော်ပြော/တောင်ပြော အဆင့်မမီတဲ့
စကားလုံးတွေသုံးပြီးပြောတော့ အောက်က
လယ်/ဆည် ၀န်ထမ်းတွေ ရှက်စရာကောင်းလို့ပါ။
အပြင်မှာ ခေါင်းမဖေါ်နိုင်လောက်အောင်
ရှက်နေရပါပြီ။
နားလည်ပေးပါ။ ကလေး(ကလေးဦးနှောက်)ရယ်။

su said...

ရုပ်ကိုက ကြက်သရေ နည်းနည်းမှ မရှိဘူး။ သူတော်ကောင်းရုပ်လည်း မပေါက်ဘူး။ သတင်းလေးတင် ဖတ်ရ အကောင်းသား။ ဓာတ်ပုံပါ ကြည့်လိုက်တော့ အကုသိုလ် များလိုက်တာ။

stone said...

ရုပ်ဆင်းအဂါင်္ကြည့်ရတာမိန်းမထမိန်လျှော်၇တဲ့ရုပ် ထမိန်နံ့ မျွှန်ပြီးဘာတွေပြောနေတာလည်းငပေါကြီးရဲ့ ဘယ်လိုအတွေးမျိုးနဲ့ ဒီစကားတွေပြောနေတာလဲသတင်းဆိုတာမမှန်ဘဲေေ၇းလို့ မရဘူးကွနားလည်လား လူဖြစ်လာပြီးထမင်းစားတာဘယ်လောက်ကြာပြီလဲ ခေါင်းထဲမှာဦးနောက်လားချီးလားဆိုတာဓါတ်မှန်ရိုက်ကြည့်ပါဦး။

nyan.winthet1@gmail.com said...

နအဖစစ်အာဏာရှင်ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးမြင်.လှိုင်ကပြည်သူ.မဲ၊မတ၇ားခိုးဝှက်၇ယူ၍ ကြံ့ဖွတ်ရွှေေ၇စိန်ဒီမိုကေ၇စီ၊ပြည်သူ.ကိုယ်စားလှယ်အတု၊ခိုးလုတိုက်-အင်ဝန်ကြီး မ၇ မီ ၁၀ တန်းစာမေးပွဲ မှာ၊ စာမေးပွဲစောင့်ဆ ၇ာမ ကို၊စာမေးပွဲဝင်ဖြေမဲ့ မြင့်လှိုင်တို.က ပိုက်ဆံ လ္ဘက်၇ည်ဖိုး နှုတ်ပိတ်ခ ရိုက်ကြေး ဂွင်ကြေးပေး စုပေါင်း ခိုးချ ကူးချ ပြီး ၁၀ တန်းအောင်လာကြတာလေ။မယုံ၇င် လောလောလတ်လတ် ၁၀ တန်းအောင်လာသူတွေမေးကြည်.ပါလား။မြင့်လှိုင်အချစ်တော် တူတူမမြေးတွေ ဆို ၁၀တန်း အဖြေလွှာ အလွတ် အိမ်အထိ စိတ်ကြိုက် ဖြည်.ကူးခိုးချဖို.သွားပို.ယူပေး၇တာ ကို မြင့်လှိုင်တောင် မသိစေ၇ဘူးတဲ.၊အချမ်းသာဆုံးကျောင်းသားတွေ အများဆုံးစုနေတဲ့ ကျောင်းတွေက နအဖစစ်အာဏာရှင် vip သားသမီး အများဆုံးရှိလို.ဆ၇ာ/မ လဲ စစ်အာဏာရှင် ဆွေမျိုး၇င်း မိတ်ဆွေ၇င်း တွေ နဲ. ငွေ အချမ်းသာဆုံး ဆွေမျိုး၇င်း မိတ်ဆွေ၇င်း တွေ သာပို.ထား လို.၊ ၁၀ တန်းစာမေးပွဲ တ၇ားဝင် ထင်၇လောက်အောင် ခိုး ကူးချ ခွင့် အပြည်.၇ကြသတဲ.။ဒါ.ကြောင့်အချမ်းသာဆုံးကျောင်းတွေ၊အချမ်းသာဆုံး ကျောင်းသားတွေ အများဆုံးစုနေတဲ့ ကျောင်းတွေ၊ နအဖစစ်အာဏာရှင် vip သားသမီး အများဆုံး စုနေတဲ့ ကျောင်းတွေ က- ၁၀ တန်းစာမေးပွဲ ဂုဏ်ထူးအများဆုံး၊၇မှတ် အများဆုံးနဲ.အောင်ကြတာ။ဒီနေ.အထိ လူတိုင်းအသိပဲလေ။ဒါကိုအမှန်ပြော၇င် မြန်မာစစ်အာဏာရှင်က နှိတ်စက်မဲ့အပြင် အသက်အန္တ၇ယ်ပါပေးမှာမို.မြန်မာပြည်တွင်းထဲမှာဘယ်သူမှ မဖွင့်`ဟ မ ပြော၇ဲကြဘူးတဲ. စစ်အာဏာရှင် က အခု အမည်သစ် ကြံ့ခိုင်ေ၇း/ကြံ့ဖွတ်ဆိုတဲ့`ဟာ အတူတူဘဲ၊တဖွဲ.တည်းစစ်အာဏာရှင်ဘဲံတဲ့၊။

မြင်ရတွေ့ရသမျှ said...

ဟုတ်ပါ့။ ဦးမြင့်လှိုင်ရယ် ။ ကိုယ့်ဘာသာကိုယ်
အလုပ်က နှုတ်ထွက်ပြီး ။ ပုလဲသွယ် ဘာညာ
ပုလဲသွယ် မျိုးတွေ ကြီးကြီးကျယ်ကျယ်
လုပ်လိုက်ပါ။ ဘယ်ကုမ်ပဏီတွေကများ
ရှယ်ယာဝင်မလဲ။ စမ်းကြည့်လိုက်လေ။
ပတ်ဝန်းကျင်ကိုလည်း အဆင်ပြေအောင်
မနေတတ်ဘဲနဲ့။ စည်းဝိုင်းအပြင်ထွက်ကြည့်လိုက်ပါ။
ဦးမြင့်လှိုင်ကို ဘာတွေပြောမလဲ သိတယ်
မဟုတ်လား။ စိန်တွေစုထားတာ ကုန်သွားမယ်။
အပြင်မှာ အဆင့်မမီတဲ့ စကားလုံးတွေကို
ပရမ်းပတာ မပြောမိစေနဲ့နော်။
လယ်/ဆည် ၀န်ထမ်းတွေ
ရှက်စရာကောင်းလို့ပါ။

မြင်ရတွေ့ရသမျှ said...

သမ္မတကြီးကိုယ်တိုင် ကြံရာပါဖြစ်သွားပြီလား။
နိုင်ငံတော်သမ္မရုံးမှ အင်တာနက်တွင်သတင်း
ပြန့်နေသော ပြည်ထောင်စုဝန်ကြီးများထံ
သတိပေးအကြောင်းကြားစာများကို
ဧပြီလအတွင်းက ပေးပို့ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးအဆင့် နာမည်များကို
သုံးပြီး တိုက်ရိုက်ပေးပို့ခဲ့ခြင်းဖြစ်ပါသည်။
ပြည်သူ့အမြင်ကို အရေးတယူဆောင်ရွက်
သည်ဟု ထင်ရသော်လည်း ယခုလက်ရှိမှာမူ
လယ်/ဆည်ဝန်ကြီးဌာနကို ကမောက်ကမ
လုပ်နေသော ၊ အစိုးရအဖွဲ့အစည်းကို ပမာမခန့်
ပြုမူသော၊ စတုတ္ထမဏ္ဍိုင် မီဒီယာကို ထပ်ဆင့်
စော်ကားသော၊ လူသားအရင်းအမြစ်-
ပညာတတ်အရင်းအမြစ်ကို ချိုးလှန်နေသော၊
နိုင်ငံတကာနှင့် protocol ဆက်ဆံရေး
ပျက်ပြားစေသော ဦးမြင့်လှိုင်ကို လက်ရှိအားဖြင့်
သမ္မတ နှင့် အစိုးရအဖွဲ့ တို့သည် လွန်စာ
လျော့လျဲစွာ စိစစ်နေသည်ဟု တိတိပပ ပြောဆိုလိုက်ပါသည်။

Aung San said...

အကြံပေးချင်ပါတယ် ပြည်သူများခင်ဗျား.............ယခုလက်ရှိလက်တော်ကြီးတစ်ခုလုံးကို အစုံလိုက်အသစ်လဲစေချင်ပါတယ်ခင်ဗျား.........
ဒါမှပိုကောင်းမယ်ထင်ပါတယ်

goldentiger.mhs said...

ဟုတ်ပါပြီ
အားလုံးက၀ိုင်းအုံချစ်နေတဲ့အချစ်တုံးကြီး
အကောင်းဆုံးက
နောက်ထပ်မကွဲခင်
မြန်မြန်လေးထွက်ပေးလိုက်တာပဲကောင်းလိမ့်မယ်

stone said...

ကျောင်းနဲ့ ပါတ်သက် လို့ ဆက် ဆပ် ပြီးတော့  အ ထ က (6)ဗိုလ်တထောင်အကြောင်းလေးရင်ဖွင့် ပါရစေဗျာခံစားရလွန်းလို့ ပါ(3)တန်းမှ(4)တန်းသို့ တက်မည့် ကျောင်းသားမိဘများကြိုတင်ပြင် ဆင်နိုင်ရန်ဖြစ်ပါသည်ထိုဆရာမမှားသည်ကျောင်းစိမ်းဝတ်စုံနှင့်လုံးဝမထိုက်တန်သောလမ်းဘေးပြည့်တန်ဆာနှင့် အဆင့် အတန်းတူသောသူများဟုဆိုလျှင်မှားမည်မဟုတ်ပါမိဘများ စိတ်ဆင်းရဲအောင်တနှစ်ပါတ်လုံးလုပ်ပါလိမ့် မည်အကြောင်းမရှိအကြောင်းရှာပြီးရိုက်ပါသည်သူဆီမှာကျု၇ှင်ထါး၇န်ခေါ်ပြောပါလိပ်မည် မတတ်နိုင်လို့မထားလျှင်ကလေးကိုမဲပြီးရိုက်ပါသည် သူ့ ဆီမှာထားသောကျောင်းသားများကိုအရေးပေးပါသည်စာမေးပွဲဖြေဆိုလျှင်သူ့ ဆီမှာကကျုရှင်ထားသောကလေးများကိုသာအအောင်ပေးပါသည်ဒါတွေကိုကျောင်းအုပ်ကိုတိုင်တန်းသော်လည်းထိရောက်စွာအရေးယူမှုမရှိခဲ့ ပါ။အကြောင်းမရှိအကြောင်းရှာကာတနှစ်ပါတ်လုံးပိုက်ဆံကောက်ပါလိမ့်မည်။ရေးစရာတွေကျန်ပါသေးသည်ကျောင်းမိဘများဆီမှာသေချာစုံစမ်းပါကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မည်။ မိဘချင်းကိုယ်ချင်းစာလို့ ပါခင်ဗျာ။

stone said...

ကျောင်းနဲ့ ပါတ်သက် လို့ ဆက် ဆပ် ပြီးတော့  အ ထ က (6)ဗိုလ်တထောင်အကြောင်းလေးရင်ဖွင့် ပါရစေဗျာခံစားရလွန်းလို့ ပါ(3)တန်းမှ(4)တန်းသို့ တက်မည့် ကျောင်းသားမိဘများကြိုတင်ပြင် ဆင်နိုင်ရန်ဖြစ်ပါသည်ထိုဆရာမမှားသည်ကျောင်းစိမ်းဝတ်စုံနှင့်လုံးဝမထိုက်တန်သောလမ်းဘေးပြည့်တန်ဆာနှင့် အဆင့် အတန်းတူသောသူများဟုဆိုလျှင်မှားမည်မဟုတ်ပါမိဘများ စိတ်ဆင်းရဲအောင်တနှစ်ပါတ်လုံးလုပ်ပါလိမ့် မည်အကြောင်းမရှိအကြောင်းရှာပြီးရိုက်ပါသည်သူဆီမှာကျု၇ှင်ထါး၇န်ခေါ်ပြောပါလိပ်မည် မတတ်နိုင်လို့မထားလျှင်ကလေးကိုမဲပြီးရိုက်ပါသည် သူ့ ဆီမှာထားသောကျောင်းသားများကိုအရေးပေးပါသည်စာမေးပွဲဖြေဆိုလျှင်သူ့ ဆီမှာကကျုရှင်ထားသောကလေးများကိုသာအအောင်ပေးပါသည်ဒါတွေကိုကျောင်းအုပ်ကိုတိုင်တန်းသော်လည်းထိရောက်စွာအရေးယူမှုမရှိခဲ့ ပါ။အကြောင်းမရှိအကြောင်းရှာကာတနှစ်ပါတ်လုံးပိုက်ဆံကောက်ပါလိမ့်မည်။ရေးစရာတွေကျန်ပါသေးသည်ကျောင်းမိဘများဆီမှာသေချာစုံစမ်းပါကြိုတင်ပြင်ဆင်နိုင်ပါလိမ့်မည်။ မိဘချင်းကိုယ်ချင်းစာလို့ ပါခင်ဗျာ။

မြင်ရတွေ့ရသမျှ said...

ဟုတ်ပါတယ်။ အင်တာနက်စာမျက်နှာများတွင် ဖေါ်ပြခံနေရသော
ပြည်ထောင်စုဝန်ကြီးအဆင့်များအား အစိုးရအဖွဲ့ရုံးမှ တိုက်ရိုက်
သတိပေးစာများ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ သို့သော် ယခုအခါ
အစိုးရအဖွဲ့သည် ၄င်းအစိုးရအဖွဲ့ ရွေးကောက်ခံလွှတ်တော်အဖွဲ့ဝင်များအား
နှိမ်ချစော်ကားသော၊ ဒု-ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ရုံမျှဖြင့် လူရာဝင်/အဆင့်မီဟု
ထင်နေသော၊ ၀န်ကြီးဌာနအတွင်း ဘဏ္ဍာငွေဘတ်ဂျတ်အား ၄င်းပိုင် ကုမ္ပဏီလုပ်ငန်းများတွင် တရားမ၀င်ငွေများ ဖြုန်းတီးနေသော ၊
နိုင်ငံသားဧည့်ကတ်အဆင့် ကိုင်ဆောင်ထားသူများကိုပင် နိုင်ငံတော်ပိုင် စိန်တစ်လုံးသရက်မြေများအား အလွဲသုံးစား ခွင့်ပြုမိန့်များ ထုတ်ပေးနေခြင်း၊ ၀န်ကြီးဌာနအတွင်း ပညာတတ်အရင်းအမြစ်ပျက်သုဉ်းစေရန် ပညာတော်သင်များအား လုံးဝ
ရပ်ဆိုင်းထားစေခြင်း၊ ပုလဲသွယ်စပ်မျိုးလုပ်မှသာ ဌာနအတွင်း ရာထူးတိုးခြင်း၊ အဂတိလိုက်စား ဆောင်ရွက်ခြင်း၊ နိုင်ငံခြားအကူအညီ/
ဆက်ဆံရေးများကို ပုလဲသွယ်စပါးစိုက်ပျိုးရေး မပါဝင်လျှင် လုံးဝရပ်ဆိုင်း
စေခြင်း၊ မကောင်းသည့်အချက်မှန်သမျှကို ပြောင်ပြောင်တင်းတင်း
ဆောင်ရွက်နေသော အဆိုပါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီး ဦးမြင့်လှိုင် (ခေါ်) မြင့်ဇေယျာ (Sun Moon Star
Co.Ltd တစ်ဖြစ်လဲ) ကုမ္ပဏီပိုင်ရှင် အား ဘယ်အတွက်ကြောင့်
စောင့်ကြည့်နေပါသလဲ၊

aye said...

လွှတ်တော် ထဲမှာပညာနတတ်တဲ့ လူတွေပါတယ်ဆိုတာ
ဒီဝန်ကြီးပြောစကားကို ဖတ်လိုက်တော့မှရှင်းသွားတယ်၊
လွတ်တော်က ဟာကြီးတွေက တော်တော့်ကိုအောက်တတန်း
ကျပါပေးတယ်။

Powered by Blogger.