The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ

သတင်းရေးသားသူ အမည်အား ဖော်ထုတ်ခွင့်မရှိဟု The Voice Weeklyက တရားရုံးသို့ လျှောက်ထား

ရန်ကုန်၊ ဧပြီ ၉

သတ္ထုတွင်း ဝန်ကြီးဌာနက The Voice Weekly သတင်းစာစောင်မှ အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသား သူတို့အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ နှင့် တရားစွဲ ဆိုမှုကို ဧပြီလ ၉ရက်နေ့က ဆက်လက် စစ်ဆေးခဲ့ရာ The Voice Weekly အနေဖြင့် သတင်း ရေးသားသူ အမည်ကို စာနယ်ဇင်း ကျင့်ဝတ်အရ ဖော်ထုတ် သွားရန် တာဝန် မရှိကြောင်း၊ ဝန်ကြီးဌာနသည် သတင်းရေးသားသူ အမည်ကို အတိအကျ ဖော်ပြပြီး တရား စွဲဆို ရမည် ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဒဂုံမြို့ နယ် တရားရုံးသို့ စာဖြင့် ရေးသား လျှောက်ထား ခဲ့ကြောင်း The Voice Weekly ဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်က ပြောကြားသည်။

The Voice Weekly အယ်ဒီတာချုပ်၏ တရားရုံး သို့ တင်ပြလျှောက်ထား လွှာတွင် “သတင်း ရေးသား သူသည် မည်သူ မည်ဝါ ဖြစ်နေ စေကာမူ ထိုသတင်းကို ဖော်ပြရန် ရွေးချယ်ခဲ့သည့် သက်ဆိုင်ရာ တာဝန်ခံ အယ်ဒီတာ သို့မဟုတ် အယ်ဒီတာချုပ် ပေါ်တွင်သာ တာဝန်ရှိပြီး သမိုင်းအစဉ်အလာ တင်ပြရလျှင် ၁၉၃၆ ခုနှစ်က ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်း ( အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း) အယ်ဒီတာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော အိုးဝေ ဂျာနယ်တွင် ‘ငရဲ ခွေးကြီး လွတ်နေသည်’ ဟူသော ဆောင်းပါး ရေးသားသူ အား တက္ကသိုလ် ဗြိတိသျှ အာဏာပိုင် တို့က ဖော်ထုတ် ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းကို ပြောရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ် အရ ဖော်ထုတ်ရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်းခဲ့သည်” ဟု ပါရှိသည်။

သတ္ထုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly ၏ ယနေ့ ပြုလုပ်သော တရားခွင်သို့ Eleven Media Group မှ သတင်းထောက် နှစ်ဦးနှင့် ဥပဒေ အထူးပြု ဘာသာရပ် သင်ယူနေသော ကျောင်းသားများ တက်ရောက်ခဲ့ပြီး ဧပြီလ ၄ရက်နေ့က ပြုလုပ်ခဲ့သော တရားခွင် သို့လည်း ပြည်ပ သတင်း မီဒီယာမှ သတင်းထောက် သုံးဦး တက်ရောက်ခဲ့ဟု အဆိုပါ တရားခွင်သို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။


 The Voice Weekly
The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ The Voice Weekly မှ တရားရုံးသို့ တင်ပြလွှာ Reviewed by သစ်ထူးလွင် on 15:42 Rating: 5

7 comments:

supergunner said...

ကဲ..ပြောမပြောလိုက်ချင်ဘူးအရပ်ကတို့ ..
သူခိုးကိုခိုးတယ်ပြောလို့ ..သူခိုးကလူဟစ်တယ်ဆိုတာဒါပေါ့ဗျာ..
မုံရွာတစ်ဖက်ကမ်းမှာကြေးစင်တောင်ဆိုတာရှိပါ့..အခုတော့ကုန်ပေါ့..
တောင်ကြီးတစ်လုံးလုံးပျောက်သွားတယ်ဗျို့ ...၈ နှစ်အတွင်းသိသိသာသာ
ကိုပျောက်သွားတာ..စိတ်မကောင်းဘူး..ဒီပိုက်ဆံတွေက..တရုတ်တွေနဲ့ 
အကျင့်ပျက်ဝန်ထမ်းတွေဆီပါသွားတာ..အသိဆုံးက.ကာယကံရှင်တွေပါ.
တရားကိုနတ်စောင့်ပါတယ်.. အဲ.သက်သေခိုင်လုံယုံနဲ့ .ဟိုတစ်ခါ..
လင်များရှင်ထက်ထက်မိုးဦးလို ဒဏ်ငွေ ၁၀၀၀ များသတ္တုတွင်းကိုရိုက်မလားမသိဘူး

Bravo said...

ချီကျူးပါတယ်၊ အာဂသတ္တိပါပဲ။
အဲဒီလို သတင်းအမှန်ရေးမှပဲ ခိုးထားတွေ ရော့မှာ။ အခုခေတ်ကတော့ တရားဝင် ပေါ်ပေါ်တင်တင်ကိုတောင်းနေတော့တာပဲ။ ဝန်ကြီး၊ ဝန်လေးတွေကအစ ရှိရှိသမျှ အစိုးရဝန်ထမ်းအားလုံးပါပဲ။ ဆောရီးပါဗျာ..ဒီအထဲ ဒို့များရဲ့ ဆွေမျိုးညာတကာများရောနှောပါခဲ့ရင်ပေါ့။ ခြေမ မကောင်းခြေမ၊ လက်မ မကောင်းလက်မ ကျုပ်တို့ကတော့ ပြတ်ပြတ်သားသားပဲပြောမယ်။
အစိုးရအရာရှိချင်းမို့၊ ဆွေမျိုးညာတကာမို့ တရားဥပဒေနှစ်မျိုးမရှိစေချင်ဘူး။
ဒီအမှုကိုစစ်တဲ့ တရားသူကြီးမင်းခင်ဗျား...ကျနော်ရှင်းရှင်းပဲပြောမယ်။ THE VOICE WEEKLY အယ်ဒီတာကိုအရေးယူရင် မညှာနဲ့နော်။ ထက်ထက်မိုးဦးကိုအရေးယူသလိုယူပါ။ ဘာလဲ..ဒဏ်ငွေ တစ်ထောင်(၁၀၀၀)ကျပ်နော်။ လျှော့မပေးနဲ့။

shwe man thar said...

ကိုကျော်မင်းဆွေမှန်တယ်ဗျို.။....ဆက်လုပ်။..
အဓိကက"ဒီသတင်းဘယ်ကောင်ပေးတာလဲမမေးနဲ."။တ၇ားသူကြီးကလဲ
မေ၇ာင်၇ာဆီလူးခံမနေနဲ.။
"မင်းတို.ကောင်တွေခိုးသလားမခိုးဘူးလား၊ဒါဘဲဖြေ" လို.သာဒဲ.မေး။
သခိုးလူဟစ်ကြံဖွတ်ခေတ်မဟုတ်ဖူး။အမှန်ချစ်မြည်NLDခေတ်။မှတ်ထား
ကိုပေါင်ချိန်ကြီး၇ဲ.။

မုဒိတာ said...

အင်..ဘယ်သူမှား..ဘယ်သူမှန်လဲဆိုတာတော့ တရားရုံးက ဥပဒေအရ ဆုံးဖြတ်နိုင်ပါစေဗျာ...

Phoe Pain said...

ဒီနေ့တော့ ဒဂုံမြို့နယ်တရားရုံးက လုပ်ချလိုက်ပြန်ပြီ
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်ကို ပုဒ်မ( ၅၀၀ )နဲ့တရားစွဲ ထားဒါ လေ့လာနေသူ တစ်ဦးပါ။ Voice ဂျာနယ်က ၀န်ကြီးဌာနအချို့ သိန်းထောင်ချီ အလွှဲသုံးစားလုပ်မှု စစ်ဆေးတွေ့ရှိ ဆိုပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် ပြည်ထောင်စုဝန်ကြီးဌာနများကငွေအလွှဲသုံးစားလုပ်မှု ၊ငွေစာရင်းမမှန်မကန်ဖေါ်ပြမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှစစ်ဆေးတွေ့ရှိခဲ့ကြောင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားတယ်ဆိုပြီးရေးတာနဲ့ပတ်သတ်လို သတ္တုတွင်းဝန်ကြီးဌာန က The Voice ဂျာနယ်ကို ပုဒ်မ( ၅၀၀ )နဲ့တရားစွဲခဲ့တဲ့ အမှုပါ၊ အဲ့ဒီအမှုကိုဒဂုံမြို့နယ်တရားရုံးမှာ တရား စွဲတာ သတ္တုတွင်းဝန်ကြီးဌာနက သူတို့မှန်လို့၊ခိုင်လုံလို့တရားစွဲတယ်လို့ ယူဆရတယ်၊ ဒီမိုကရေစီခေတ်ရောက်ပြီဆိုပြီး သတင်းဂျာနယ်တွေက စည်းလွတ်ဝါးလွတ် ရေးချင်တိုင်းရေးတာ ထုံးစံမရှိပါ။ ဒီလိုသတင်းမခိုင်လုံဘဲ မမှန်မကန် မစိစစ်ဘဲ ရေးလို့ မှန်ကန်တဲ့ဘက်က ပြန်တရားစွဲရင် ဥပဒေအရ ပြစ်ဒဏ်ခံသွားရတာတွေ၊လျှော်ကြေးဒဏ်ဆောင်သွားရတာတွေ၊ ဖြစ်စဉ်တွေအများကြီးပါ။ စတ္ထုမဏ္ဍိုင်ဆိုပြီး အလေးပေးအားထားလာတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲလာတဲ့ဖြစ်စဉ်မှာ ခုလိုအလောတကြီးနဲ့ သတင်းဦးရင်ပြီးရောဆိုပြီး မဆင်မခြင်အပြုသဘောမဆောင်တဲ့ ရေးသား မှုကြောင့် Voice ဂျာနယ် တရားစွဲခံရတယ်ဆိုပြီးစောင့်ကြည့်နေတဲ့ သူတွေအများကြီးဘဲ။ ကျုပ်တို့ ရှေ့နေတွေ၊ ဥပဒေသမားတွေကလည်းစောင့်ကြည့်နေတာ။ အုပ်ချုပ်ရေးအပိုင်း၊ စီးပွါးရေး အပိုင်းက ပုဂ္ဂိုလ်တွေသာမက ကျုပ်တို့လိုရှေ့နေဟောင်းတွေရော စာနယ်ဇင်းသမားတွေပါပါတယ်။ တစ်ဖက်က ဒီလို သတင်းမမှန်မကန်ရေးတာနဲ့ ပတ်သက်ပြီးထုတ်ဝေသူ၊အယ်ဒီတာချုပ် ၊သတင်းရေးသားသူတွေ ကို ပုဒ်မ (၅၀၀) နဲ့စွဲတာ။ တရားရုံးမှာ အယ်ဒီတာချုပ် ကျော်မင်းဆွေကသတင်းရေးသူကို သတင်း ရေးတာနဲ့ပတ်သက်ပြီး သူမှာတာဝန်ရှိကြောင်း၊ ဒီသတင်းကိုသူထည့်တာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ကြောင်းသိရတယ်။ ရှင်းနေတာဘဲဗျာ သူမှာတာဝန်ရှိတယ်ပြောတဲ့အတွက် သတင်းရေး တာကို တာဝန်ခံရတာဟာ ကျော်မင်းဆွေ ဘဲပေါ့။ ဒဂုံမြို့နယ်တရားသူကြီးက ဆန်ပြုတ်ဖြစ်သွားကြောင်းသိရတယ်။ ဥပမာဗျာ ဦးသိန်းညွှန့်ကြီးသည် သူ့ဝင်ငွေနဲ့သူနေတာကိုအခြားလူတစ်ယောက်က ဒီလူကြီးတော့ ပါတီက ရန်ပုံငွေတွေကိုအလွှဲသုံးစားလုပ်နေပြီ၊ ငွေစာရင်းတွေမမှန်မကန် ဖေါ်ပြနေပြီဆိုပြီးပြောသံ ကြား သတင်းရေးသားသူကို ပလပ်တယ်ဆိုတာရယ်စရာကြီးဗျာ၊ မူလ သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲ ကတည်းက သတင်းရေး သားသူကိုဖော်ထုတ်ပေးပါလို့ မပါဘူး၊တရားစွဲတဲ့ရှေ့နေတွေက ပြောတယ်လို့သိရတယ်။သတင်းရေး သားသူကိုဖေါ်ထုတ်ဖို့လည်း မလိုဘူးဗျ၊ ကျော်မင်းဆွေက သူမှာတာဝန်ရှိတယ်ဆိုတော့ သူ့တာဝန် ဘဲပေါ့။တရားသူကြီးက ဘယ်လိုတွေးပြီးဆုံးဖြတ်တယ်မသိပါ၊ အဲ့ဒီကြားမှာ ရှေ့နေအို တစ်ယောက် လည်းပေါ်လာပြန်ပြီ။´ သမားဆိုအိုမှ ရှေ့နေဆိုပျိုမှ` ရှေ့နေအိုကြီး ဦးသိန်းညွှန့်က Voice ဂျာနယ် ဘက်ရှေ့နေလိုက်တယ်လို့သိရတယ်၊ ခြံခဏခဏ ခုန်တက်တဲ့သူဘဲ ရှေ့နေလောကမှာတော့ ခြံများ တဲ့သူကြီးလို့ သတင်းကြီးသူပေါ့၊ (၂၃)ရက်နေ့ သတင်းထဲမှာဖတ်ရတယ်၊ ပုဒ်မ(၅၀၀)က အခြေခံ ဥပဒေ ပုဒ်မ (၃၅၄)(က)နဲ့ ထိပါးသလိုဖြစ်နေတယ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ကိုပို့မယ်လို့ ပြောတယ်၊ ဦးသိန်းညွှန့်အသက်ကြီးလို့လား၊ အလုပ်များလို့လား၊ပြီးခဲ့တဲ့ပြည်သူလွှတ်တော်မှာလည်း ပုဒ်မ(၅၀၀)ကိုဖျက်ဖို့တင်တယ်လို့ သိရတယ်၊ခွက်ခွက်လန် တာနဲ့ ထုတ်ဝေဆဲ ဂျာနယ်တစ်ခုက ´ဦးသိန်းညွှန့်ကြီး ရန်ပုံငွေတွေ အလွှဲသုံးစားလုပ်နေပြီ ဆိုပြီး၊ ငွေစာရင်းတွေ မမှန်မကန် ဖေါ်ပြနေပြီဆိုပြီး ရေးသားရင် သူဘယ်လိုစဉ်းစားမလဲ။

Phoe Pain said...

အသက်ကြီး ခေါင်းဖြူလို့ဘာမှမတုံ့ပြန်ဘဲငြိမ်နေမလား ၊ ဒါဆိုမှန်တယ် ဖြစ်သွားမှာပေါ့ ၊ သူ့အဆင့်နဲ့သူပေါ့၊ ဒါမှ မဟုတ် သတင်းစာရှင်းလင်းပွဲလုပ်ပြီး မဟုတ်မမှန်ကြောင်း တုန့်ပြန်မလား ၊ ပုဒ်မ(၅၀၀)နဲ့ တရားရုံး မှာ တရားစွဲမလား၊ အဲ့ဒီတော့ပုဒ်မ(၅၀၀)ဆိုတာ မလိုအပ်ဘူးလား။ ပုဒ်မ(၅၀၀)ဆိုတာအကြမ်းအားဖြင့် ´ မဟုတ်မမှန်၊ မမှန်မကန် အသရေပျက်အောင် ၊ ပြည်သူလူထုအကြည်ညိုပျက်အောင်၊ပြောဆိုတာ၊ ရေးသားတာ ၊ ကြေငြာတာ၊စွပ်စွဲတာ၊ ဒါတွေမလုပ်နိုင်၊ မရေးနိုင်အောင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ၊ပြည်သူ တွေတစ်ဦးချင်းစီကို ကာကွယ်ပေးတဲ့ဥပဒေဘဲ။ ပြည်သူတွေအတွက်ရှိသင့်တဲ့ဥပဒေ မဟုတ်ဘူးလား။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၃၅၄)(က)တခြားစီဘဲ၊ ရှေ့နေုကြီး ဦးသိန်းညွှန့်ကနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာဥပဒေခုံရုံး ကိုပို့မယ်လို့ပြောတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆိုင်တဲ့အချက် တွေကို သက်ဆိုင်ရာလွှတ်တော်မှာသာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး အများစု သဘောတူညီချက်ရမှ သက်ဆိုင်ရာလွှတ်တော်ဥက္ကဌက ဆက်လုပ်ရတာဘဲ။ ဥပဒေ အဖတ်များလို့ ကြေသွားပြီလား၊ ကျုပ်တို့ရှေ့နေတွေကတော့ ဒဂုံတရားရုံးက ဘယ်လို့ဆုံးဖြတ်မလဲလို့ စောင့် ကြည့်နေတယ်။ နောက်ရုံးချိန်းက ဇွန်လ( ၆ )ရက်တဲ့။ ဒဂုံမြို့နယ်တရားသူကြီးက သူရုံးမှာ လူစည် ကားအောင်လုပ်နေတယ်နဲ့တူတယ်၊ ကျုပ်တို့ရှေ့နေတွေ ဥပဒေသမားတွေကတောစောင့် ကြည့်  နေတယ်။

ဗဟိုတရားရုံး ရှေ့နေတစ်ဦး

Phoe Pain said...

သတင်းသမားတွေကို လွတ်လပ်ခွင့်ပေးလိုက်တာကို အရမ်းကျေးဇူးတင်ပါတယ်။ အခုလို့တိုက်တိုက်ဆိုင်ဆိုင်မြှောက်ပေးလိုက်တာကိုလည်း အားရတယ်။ တနေ့တော့ကြားရတော့မယ်၊ သတင်းထုတ်ဝေတဲ့ သတင်းတိုက်တို့ သတင်းသမားတို့အရိုက်ခံရတာ၊ အသတ်ခံရတာ၊အိမ်ရှေ့မှာလာပြီးအော်ဆဲတာတို့ချောင်းရိုက်ခံရတာတို့ အင်း.........အဲ့ဒီအခါကြရင်တော့ အရိုက်ခံ၊အသတ်ခံ၊ အဆဲခံရတဲ့ သတင်းသမားကို ဖေါ်ပေးကြပါဗျာ၊ တကယ်သိချင်လို့ပါ။ စောင့်မယ်နော်.........

Powered by Blogger.