NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့်

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ပထမ အကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို တက်ရောက်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရေးအတွက် အခြေခံဥပဒေ ဇယား ၄ ပါ စာသားကို ပြင်ဆင်ပေးဖို့ တင်ပြချက်ကို နိုင်ငံတော်သမ္မတအနေနဲ့ ဒီရက်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဆိုရတာဖြစ်ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ရောက်ခင် ကျမ်းသစ္စာကျိန်ဆိုရမဲ့ အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို " ကာကွယ်စောင့်ရှောက်ပါမည် " ဆိုတဲ့ စာသားကို NLD က သဘောမတူနိုင်တာကြောင့် " လေးစားလိုက်နာ ပါမည် " ဆိုတဲ့ စာသားနဲ့ ပြင်ဆင်ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ် တာကြောင့် အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ပြောကြား ထားပါတယ်။
RFA (မြန်မာပိုင်း)
NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့် NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့် Reviewed by သစ်ထူးလွင် on 05:45 Rating: 5

8 comments:

tapaungthi said...

အစပဲရှိသေးတယ် ဇွဲမလျော့ပါနဲ့ အမေစုနဲ့NLD ..။
နောင်အများကြီးရှိပါသေးတယ်..။
အစမှာ အလျော့ပေးရင် နောင်မှာ အမေစုအနေနဲ့ ဒီမိုကရေစီပီပီ ပြည်သူတွေရဲ့တောင်းဆိုမှုအများအပြားကို လုပ်ဆောင်ပေးရာမှာလည်း အစိုးရဘက်က လက်မခံမှုတွေ သွေးတိုးစမ်းမှုတွေနဲ့ စမ်းကြည့်လာနိုင်တာမို့
တင်းထားပါ..။
ဇွဲရှိရင်အောင်မြင်မှာ အသေအချာပါပဲ..။
နှစ်၂၀ကျော်ကြာစောင့်ခဲ့ရပြီးပြီ ဒီလောက်လေးတော့ပြည်သူတွေကအပျော့ပေါ့..။

aung naing said...

ဒီစာသားမပြင်ဘဲလွှတ်တော်ထဲNLDရောက်သွားရင်အထဲရောက်ရင်NLDကိုကြံဖွတ်အမတ်အများစုက၀ိုင်းနိပ်ကွပ်မှာပါ၊ငြင်ရန်အာမခံချက်ရမှတက်သင့်ပါတယ်၊သမ္မတတွေကျတော့လေးစားလိုက်နာပါမယ်တဲ့၊ဒါဟာသံသယတစ်ခုပါ။ဒီ၂၀၀၈အခြေခံဥပဒေရေးဆွဲထားတာပြည်သူ့ကိုယ်စားလှယ်တွေနဲ့မဟုတ်တော့အသစ်ပြန်ဆွဲရန်ပြည်သူဆန္ဒတောင်းခံသင့်တယ်၊၇၄ဥပဒေတုံးကလဲတိုင်းပြည်ဆင်းရဲသွားတယ်။

mad dog said...

လူတချို့က စကားလုံးပြင်ဆင်ေ၇းကို အေ၇းမကြီးဘူး လို့ပြောကြပေမယ့် တကယ်တော့ ဒါဟာ NLD ကို မလိမ့်တပတ်လုပ် တာ လူတွေက ကလေးဆိုး ကြီးလို့မြင် အောင် လုပ်တယ်ဆိုတာ သိသာပါတယ်။သမ္မတကြီးကခုမှ ခေါင်းေ၇ှာင် သွားတာပါ။ ဒါဟာ လွှတ်တော်၇ဲ့ NLD ကို ပထမဆုံးစိန်ခေါ်မှုပါ။

devil said...

တစ်ကယ်တော့ အပေါ်ယံ ကြည့်ရင် သာမန်လို့ထင်ရပေမဲ့ ပြသနာကြီးပါတယ်။ နှစ်ဘက်လုံးအတွက် အခက်အခဲ တစ်ခုအသွင်ဖြစ်သွားပြီ။ NLD ဘက်ကလည်း တောင်းဆိုထားတာ မရတော့လို့ လွှတ်တော်ထဲ မဖြစ်မနေ၀င်ရတော့မယ်ဆိုရင် သိက္ခာကျမှုနဲ့ စရပြီ။ လက်ရှိအစိုးရဘက်ကလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော် လမ်းကြောင်းအတိုင်းသာ ပြင်ရမယ်ဆိုပြီး တောင်းဆိုမှုကို လျှော့ပေးမှာ မဟုတ်ဘူး။ လက်ရှိလွှတ်တော်တက်နေတဲ့ အဖွဲ့က ဆောင်ရွက်နေပေမဲ့ အဆိုတင်နိုင်တဲ့အထိလောက်ပဲရမယ်ထင်တယ်။ တကယ်တော့ အခုလို မစပဲ လွှတ်တော်ဝင်ပြီး စည်းရုံးမှု လုပ်သင့်တယ်ထင်တယ်။ နှစ်ဘက်တင်းမာမှုဟာ အနှစ် 20 ကျော် ပြည်သူတွေခံခဲ့ရတာ ကို ထဲ့စဉ်ဒစားပြီး အကောင်းဆုံးဆောင်ရွက်နိုင်ကြပါစေ။

De mo said...

ထောက်ခံပါတယ်အမေရေ
လွှတ်တော်ထဲကိုခေါင်းမော့ရင်ကော့ပြီးအမေတို့ဝင်သွားတာကို
သားတို့ဝမ်းမြောက်ဝမ်းသာမြင်ပါရစေ

minsoeaung said...

အားလုံးအဆင်ပြေစေချင်တယ်ဗျာ။မလိုတာတွေတင်း
နေချင်းကမဖြစ်သင့်ဘူး။မိဘနှစ်ဦးရန်ဖြစ်တော့သား
သမီးတွေစိတ်ညစ်ရတယ်။ကျေအေးကြပါတော့နော်။

ကိုကို said...

သမတကခုထိမပြန်လာသေးတာဘာတွေလုပ်နေလဲ.
မသွားခင်ထဲကမှာလိုက်တယ်.နောက်ကကောင်တွေကိုသေသေချာချာ
မှာခဲ့ပါလို့.

Anonymous said...

ဘပြောင် လည်း သူ့လူတွေ သူ မနိုင်ပါဘူး....
သူ့လူတွေဖက် က နာတယ်ပေါ့လေ....
ပြည်သူတွေ မျက်နှာ ကြည့်ဖို့ပဲ ဘပြောင် ကို ပြောချင်တယ်....

Powered by Blogger.