လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် လူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပြန်လည်ပြုပြင်ရေးမှာ ဒီမိုကရေစီမူတွေနဲ့အညီ အမြန်ဆုံး စတင်ဆောင်ရွက်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
RFA
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် မဲအရေအတွက် ကြေညာချက်ကို စောင့်မျှော်နေကြသော ပရိသတ်ကို တွေ့ရစဉ်။
ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတရာ မ-တည်ပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်မှာ စတင်မှာ ဖြစ်ပေမယ့် တပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။ NLD အနေနဲ့အရင်က ပြောဆိုထားတဲ့အတိုင်း ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ဒီနေ့ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့တဲ့ ပြည်သူလူထု အပါအဝင်၊ နိုင်ငံတော်သမ္မတ၊ ပါတီတွေနဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာသမားတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း NLD က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်တွေကို ပြန်လှန် သုံးသပ်သလို၊ နောင်လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပြုပြင်စရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ မိတ္ထီလာ မဲဆန္ဒနယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။ အခု အနိုင်ရလိုက်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီလကုန်ပိုင်းလောက်မှာ လွှတ်တော်အစည်းဝေးတွေ စတင် တက်ရောက် နိုင်တော့မယ်လို့လည်း သိရပါတယ်။

RFA
လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ် လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ် Reviewed by သစ်ထူးလွင် on 21:05 Rating: 5

14 comments:

yarsuthit said...

good news

ဒီလူ said...

NLD ၏ တိုင်းပြည်အရေး နှင့်ပတ်သတ်ပြီး မှန်ကန်တက်ကြွ တဲ့လုပ်ဆောင်မှုများ အတွက်အားရ ကျေနပ်မိပါတယ်... ဆက်လက်ထောက်ခံ အားပေးသွားပါမယ် ...

Lu Hman Gyi said...

လွှတ်တော် မှာ မေစုရောက်တော့မယ် ဝမ်းသာလိုက်တာ အမေစုရယ်။
အမေစုမဟုတ်တာ မလုပ်ဘူးဆိုတာ လုံးဝယုံကြည်ပြီးသားပါ။

lwannaymie said...

(ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေ...ရုတ်တရက်သေဆုံးသွားကြောင်း) ဗိုလ်ချုပ်မှုးကြီးနဲ့နီးစပ်တဲ့အတိုင်းဝိုင်းမှသိရပါတယ်။

chusinmye said...

ko lwannaymie ရေဗိုလ်ချုပ်မှုးကြီးဟောင်းသန်ရွှေသေ မသေတော့မသိဘူးဗျာ သူ့မြေးဖိုးလပြည့်ကတော့ ခုထိပါဝါတွေပြနေတယ်ဗျာ ဒီတိုင်ပဲကြည့်နေကြတော့မှာလား ...

ဒီလူ said...

" လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ် "
NLD ရဲ့ ရှေ့ လုပ်ငန်းစဉ် များအတွက်အားပေး ထောက်ခံသွားမှာပါ...
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း သို့မည်သို့လှုဒါန်းရမည် ကိုလည်းသိလိုပါတယ်...

ကျော်ထိုက် said...

ဘာတွေပဲ ဖြစ်ဖြစ်...နေ ...အ မေစု ကို ယုံကြည်တယ်...လေးစားတယ်...အမေစု မှာ အဖေ့ သွေး တွေ အကုန်လုံး ပါတယ်ဆိုတာ ကို သိတယ်.....အမေစု အားလုံး ကိုကျော်ဖြတ် နိုင်မယ် ဆို တာ သားတို့ သိပြီးသားပါ အမေ....အမေစု နောက် မှာ ကျွန်တော်တို့ ပြည်သူလူထု ရှိပြီးသား အမေ....................We Believe Our Lady

Anonymous said...

၁၀၀% ယုံကြည်ပါတယ် . . .

David Henry said...

NLD ရဲ့ ရှေ့လုပ်ငန်းစဉ်များအတွက်အားပေး ထောက်ခံသွားမှာပါ...
"ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း" သို့မည်သို့လှုဒါန်းရမည် ကိုလည်းသိလိုပါတယ်...
အားလုံးသောနိုင်ငံသားအပေါင်းကလည်း ၀ိုင်းဝန်းပံ့ပိုးပေးကြပါ။

sanda said...

ဖိုးလပြည့်........ဘယ်အချိန်ထိ အခွင့်အရေးရဦးမလဲ၊ အချိန်ကုန်တော့မှာပါ

စိုးမင်းဦး said...

lwannaymie ရေ ခင်ဗျား တကယ်ပြောတာ လား ဗျ.. ခင်ဗျား ပြောတာ ဟုတ်မဟုတ် တော့ မသိဘူး အဲဒီစာသား လေး ရုတ်တရက် ဖတ်လိုက်ရတော့ ရင် ထဲမှာ နွေးခနဲ နေအောင် ဝမ်းသာ သွား တယ်... ခင်ဗျား ပြောတာ တကယ်ဖြစ်ပါစေ ဗျာ.. အဆစ် အနေတဲ့ သူတို့ တမျိုး လုံးပါ မျိုးကန်း ကြပါစေ ဗျာ...

မျိုးချစ်လူငယ် said...

(ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေ...ရုတ်တရက်သေဆုံးသွားကြောင်း) ဗိုလ်ချုပ်မှုးကြီးနဲ့နီးစပ်တဲ့အတိုင်းဝိုင်းမှသိရပါတယ်။
ဆိုတဲ့ lwannaymie comment တကယ် မှန်မမှန် ကိုသစ်ထူးလွင် ပြောပြပါအုံးဗျာ။
တကယ်တော့ ဒီဘဲကြီး မြန်မြန်ကြွမှ ကျူပ်တို့ရဲ့ အသစ်ချက်ချွတ် သမ္မတအလုပ်ကောင်းကောင်း လုပ်လို့ရမှာဗျ။

Unknown said...

ဗိုလ်ချုပ်မှူးကြီး မြန်မြန် သေမှ တိုင်းပြည် မြန်မြန် ကောင်းမယ်ဆိုတာ ကလေး က အစ အားလုံးလက်ခံ ပြီးသား ပါ။

pyaponthu said...

မြန်မာပြည်သူတွေ အတွက် ရောင်နီတွေ သန်းလာတာ မြင်ရပြီ။စိတ်ချမ်း သာစရာသတင်းတွေ ကြားရတာပြည်သူတွေအတွက်အားဆေးဘဲ

Powered by Blogger.